အခန်း(၂)ကံစမ်းမဲလှည့်ခြင်း!ဆွဲဆောင်မှုအမှတ်များမြင့်တက်လာခြင်း
မူယွီယန်ရဲ့ လှပတဲ့ မျက်လုံးတွေထဲမှာ
စိတ်မသက်မသာဖြစ်တဲ့ အမူအရာတွေ ပေါ်လာလေသည်။
ရုံးခန်းတံခါးဖွင့်လိုက်တော့ မူယွီယန်ရဲ့ အမျိုးသမီးကိုယ်ရံတော်က နှစ်ယောက်သား လက်ချင်းချိတ်ပြီး ထွက်လာတာကို မြင်လိုက်ရပြီး သံသယဖြစ်စွာ မေးလိုက်သည် “သခင်မလေး... ဒါဘာတွေလဲ”
ချင်းလန် ကထိုအခြေအနေကို အခွင့်ကောင်းယူပြီး မူယွီယန် ရဲ့သေးသွယ် တဲ့ခါးကို ဖက်လိုက်သည်။
“ချစ်သူတွေ ရင်းရင်းနှီးနှီးရှိတာက
အံ့သြစရာကောင်းလို့လား”
မူယွီယန် ရဲ့ ခန္ဓာကိုယ်ဟာ ပြင်းထန်စွာ တုန်ယင်သွားသည်။ခွေးတစ်ကောင်က
ခုန်အုပ်လိုက်တယ်လို့သာမှတ်ပြီး
ဘာမှမဖြစ်သလိုသာ ဟန်ဆောင်နေရုံ တတ်နိုင်လေသည်။
“ဒင်! အမျိုးသမီး ဇာတ်လိုက်မူယွီယန် သည် ပြင်းထန်သော စိတ်ခံစားမှုကို ကြုံတွေ့ခဲ့ရသည်။အိမ်ရှင် အနေဖြင့်
ဗီလိန်အမှတ် 600 ရရှိသည့်အတွက် ဂုဏ်ယူပါသည်။”
နောက်နေ့တစ်ဝက်လုံး ချင်းလန်က
မူယွီယန် ရဲ့ခါးကို ဖက်ထားပြီးကုမ္ပဏီ
တစ်ခုလုံးကို လျှောက်သွားခဲ့တယ်။
သူ အခွင့်အရေးများစွာကို ယူခဲ့သလို
တစ်ချိန်တည်းမှာပင် ဗီလိန်အမှတ်
6800 ကျော်ကိုရရှိခဲ့လေသည်။
မူယွီယန် ကိုအခွင့်ကောင်းယူနေတဲ့
သူ့ရဲ့ အပြုအမူဟာ ညစာစားပြီး
နောက်မှသာ ပြီးဆုံးသွားခဲ့သည်။
မူရန် အင်တာနေရှင်နယ်ရှေ့မှာနှုတ်ဆက်ပြီးတဲ့နောက် မူယွီယန်ကရှက်ရွံ့စွာ ပြေးထွက်သွားခဲ့လေသည်။
ချင်းလန်ကလှည့်ထွက်လာပြီး သူ့ရဲ့
ကားထဲ ဝင်လိုက်ကာ မာစီဒီး
ကားလေးစီး ဝန်းရံလျက်သူ့ရဲ့
ဗီလာဆီကို ခန့်ညားထည်ဝါစွာ
မောင်းထွက်သွားခဲ့တယ်။
ကားနောက်ခန်းမှာ ထိုင်နေရင်း
ချင်းလန်ကစိတ်လှုပ်ရှားစွာ
သက်ပြင်းချလိုက်သည်။
မူယွီယန် ကမူလပိုင်ရှင်ကို အရမ်းမုန်းနေလေသည်။ပြီးတော့သူက အရမ်းဂရုစိုက်လွန်းသည်။အခွင့်အရေးအနည်းငယ်က
လွဲပြီးပိုယူလို့မရပေ။
ပြီးတော့သူမက တကယ်ပဲရှက်လွန်းလို့ ပြေးသွားတာလား။
သူမက သူ့ကို ဒီလောက်အထိ အလွယ်တကူ လက်ခံသွားတာလား။
သူမက သူတို့ ပြန်လည်သင့်မြတ်သွားပြီဆိုတဲ့ အထင်အမြင်ကို ဖန်တီးဖို့ ဟန်ဆောင်နေခြင်းဖြစ်လေသည်။
ချင်းလန်က အလျင်စလိုမဖြစ်ပေ။
တဖြေးဖြေးခြင်း လုပ်ဆောင်မှာဖြစ်သည်။
မူရင်းဇာတ်လမ်းထဲက ကံကြမ္မာ
သမီးတော်တစ်ဦးအနေနဲ့ မူယွီရန်ရဲ့ အဆင့်အတန်းဟာ တော်တော်လေး
မြင့်မားလေသည်။
သူမက သူ့ရဲ့ အစီအစဉ်အတွက် အလွန်အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပင်။
“အခြေအနေက အနည်းဆုံးတော့
ဖိနပ်ယက်နေတဲ့ အမြင်ကိုရှင်းနိုင်ခဲ့တာပဲ
တဖြည်းဖြည်း ကြိုးစားရမှာပေါ့”
ချင်လန်ဟာ သက်ပြင်းချပြီး စနစ်ကို
ဖွင့်ဖို့ စဉ်းစားလိုက်သည်။
စနစ်အချက်အလက်
ဇာတ်ကောင်: ချင်းလန်
အသက်: ၂၅
ခန္ဓာကိုယ်: ၆ (ကျောက်ကပ် အားနည်း)
ဆွဲဆောင်မှု : ၈၅
ဗီလိန်အမှတ် : ၆၈၀၀
ကျွမ်းကျင်မှုများ : မရှိ
စျေးဆိုင်: မဖွင့်ရသေး
ကံစမ်းမဲလှည့်ခြင်း : ဖွင့်ပြီး (တစ်ခါလှည့်တိုင်း ဗီလိန်အမှတ် 100)
ချင်းလန်ဟာ ဇာတ်ကောင် မိတ်ဆက်ကို ကြည့်ပြီး ညည်းညူလိုက်လေသည်။
“စနစ် ဒါ မလွန်လွန်းဘူးလား။
ကူးပြောင်းလာတဲ့သူတစ်ယောက်အနေနဲ့
ကျောက်ကပ်အားနည်းတယ်တဲ့လား။
ဒါကို မပြင်ပေးသင့်ဘူးလား”
စနစ်ရဲ့အသံက ဘာခံစားချက်မှမပါဘဲ ထပ်မံ ထွက်ပေါ်လာသည်။
“အိမ်ရှင်သည် ရုပ်ပိုင်းဆိုင်ရာ
ကူးပြောင်းလာခြင်း ဖြစ်ပြီး မူလခန္ဓာကိုယ်
နှင့်မသက်ဆိုင်ပေ။အိမ်ရှင်၏ကျောက်ကပ်အားနည်းခြင်းအတွက် ဖြစ်နိုင်ခြေများစွာ ရှိသည် ၎င်းတို့တွင် ဖွံ့ဖြိုးမှု အားနည်းခြင်း အလုပ်ပင်ပန်းလွန်ခြင်းတို့.....”
“တော်ပြီ တော်ပြီထပ်မပြော
နဲ့တော့။ငါ့ကို အရင်ဆုံး လူသစ် လက်ဆောင်ကိုပေး။” ချင်းလန်က
စနစ်ရဲ့ သတိပေးချက်ကို အမြန်
တားလိုက်သည်။
သူက ဆက်ပြောလာရင် ကြောက်စရာကောင်းတဲ့ တစ်ခုခု ဖြစ်လာမှာဆိုး
လို့ အမြန်ဖြတ်ပြောလိုက်လေသည်။
“ဒင်! လူသစ် လက်ဆောင်
အသင့်ဖြစ်ပါပြီ။ လက်ခံလိုပါသလား။”
“လက်ခံမယ်”
“ဒင်! အိမ်ရှင်အား ခင်မင်ရင်းနှီးမှု LV1 (အဖွဲ့လိုက် ခင်မင်ရင်းနှီးမှု +10) ရရှိသည့်အတွက် ဂုဏ်ယူပါသည်။ LV2 သို့ အဆင့်မြှင့်တင်ရန် ဗီလိန်အမှတ် 100 လိုအပ်ပြီး အဆင့်တိုင်း မြှင့်တင်ရန်
အတွက် ဗီလိန်အမှတ် နှစ်ဆ လိုအပ်ပါသည်”
“ဒင်! အိမ်ရှင်အား ခန္ဓာကိုယ် တိုးတက်စေသော ဆေးလုံးများ +10 (ဆေးလုံးတစ်လုံးစီသည် လက်ခံသူ၏ ခန္ဓာကိုယ်
ကို 1မှတ် တိုးစေနိုင်သည်) ရရှိသည့်အတွက် ဂုဏ်ယူပါသည်။”
“ဒင်! အိမ်ရှင်အား ဆွဲဆောင်မှုတန်ဖိုး
+13 ရရှိသည့်အတွက် ဂုဏ်ယူပါသည်။”
“ဒါတွေအားလုံး ကောင်းတဲ့အရာတွေပဲ” ချင်းလန်ရဲ့ မျက်လုံးတွေ လင်းလက်လာသည်။ ခင်မင်ရင်းနှီးမှုနဲ့ဆိုရင် သူအပြင်ထွက်တဲ့အခါ လူတွေရဲ့ နှစ်သက်မှုကို
တိုးထားသလို မဖြစ်ဘူးလား။
သူ လက်ဝှေ့ယမ်းလိုက်ပြီး ဗီလိန်အမှတ် 3100 ကို သုံးပြီး ခင်မင်ရင်းနှီးမှုကို LV6 အထိ မြှင့်တင်လိုက်လေသည်။
တစ်ချိန်တည်းမှာပင် သူဆေးလုံးငယ် ဆယ်လုံးကို သောက်လိုက်ပြီး သူ့ရဲ့ ခန္ဓာကိုယ်ကို ဆယ်မှတ်တိုးစေလိုက်လေသည်။
ပုံမှန်လူတစ်ဦးရဲ့ ခန္ဓာကိုယ်က 10
ဝန်းကျင်ဖြစ်ပြီး 16 မှတ်နဲ့ဆိုရင် ချင်းလန်ဟာ ကျောက်ကပ် အားနည်းခြင်းကိုလုံးဝ
ပျောက်ကင်းသွားပြီဖြစ်သည်။
ဆွဲဆောင်မှုတန်ဖိုး ဆိုတာကတော့
ရုပ်ရည်ပိုင်းဆိုင်ရာတိုးတက်မှု
ပင်ဖြစ်လေသည်။
ဒီဆွဲဆောင်မှုတန်ဖိုး 98 မှတ်နဲ့ဆိုရင်
ချင်းလန်ရဲ့ နောက်ပိုင်း အစီအစဉ်
တွေကို အကောင်အထည်ဖော်ဖို့
ပိုမိုလွယ်ကူလာမှာအသေချာပင်။
“ကျန်တဲ့ ဗီလိန်အမှတ်အားလုံးကို
ကံစမ်းမဲလှည့် မယ်”
“ဒင်! အိမ်ရှင်အား ခန္ဓာကိုယ် +10 ရရှိသည့်အတွက် ဂုဏ်ယူပါသည်။”
“ဒင်! အိမ်ရှင်အား စန္ဒယားတီးခတ်ခြင်း အခြေခံ ကျွမ်းကျင်မှုများ ရရှိသည့်အတွက် ဂုဏ်ယူပါသည်။”
“ဒင်! အိမ်ရှင်အား စန္ဒယားတီးခတ်ခြင်း အလယ်အလတ် ကျွမ်းကျင်မှုများ ရရှိသည့်အတွက် ဂုဏ်ယူပါသည်။”
“ဒင်! အိမ်ရှင်အား ချူအာယိ
ဓာတ်ပုံအယ်လ်ဘမ် တစ်ခု ရရှိသည့်အတွက် ဂုဏ်ယူပါသည်။”
“…”
ဗီလိန်အမှတ် ကုန်ဆုံးသွားပြီးနောက်
ချင်းလန်ရဲ့ အရည်အချင်းတွေက
လုံးဝအသစ်ဖြစ်သွားခဲ့လေသည်။
စနစ်အချက်အလက်
ဇာတ်ကောင်: ချင်းလန်။
အသက်: ၂၅
ခန္ဓာကိုယ်:၂၆
ဆွဲဆောင်မှု: ၉၈
ဗီလိန်အမှတ် : ၀
ကျွမ်းကျင်မှုများ : ခင်မင်ရင်းနှီးမှု LV6 (အဖွဲ့လိုက် ခင်မင်ရင်းနှီးမှု +၆၀)၊စန္ဒယားတီးခတ်ခြင်း အဆင့်မြင့်ကျွမ်းကျင်မှု၊ လက်ဖက်ရည် ပြုလုပ်ခြင်း အဆင့်မြင့် ကျွမ်းကျင်မှု။
စျေးဆိုင်: မဖွင့်ရသေး
ကံစမ်းမဲလှည့်ခြင်း : ဖွင့်ပြီး (တစ်ခါ
လှည့်တိုင်း ဗီလိန်အမှတ် ၁၀၀ သုံးစွဲသည်)
စနစ်သိုလှောင်ခန်း: ချူအာယိ ဓာတ်ပုံအယ်လ်ဘမ် တစ်ခု၊ လေပြေ တစ်ရှူးများ +၃...
မဆိုးပါဘူး။ တစ်ချို့ထူးဆန်းတဲ့
ပစ္စည်းတွေကလွဲရင် ကျန်တာတွေက အသုံးဝင်ပါတယ်။
အချက်အလက် ဖန်သားပြင်
ကို ပိတ်ပြီးနောက် ချင်းလန်က သူ့ရဲ့ ယာဉ်မောင်းနဲ့ ကိုယ်ရံတော်ဖြစ်တဲ့
ကျွင်းဇီ ကိုညွှန်ကြားလိုက်သည် “မင်းလူတစ်ချို့လွှတ်ပြီး တစ်ယောက်ယောက်
ကိုစောင့်ကြည့်ထားလိုက်”
ချင်းလန်ဟာ အသေးစိတ်ညွှန်ကြားချက်တွေ ပေးခဲ့လေသည်။သူကဇာတ်လမ်း
ကို သိပေမယ့် တစ်ချို့ ဇာတ်ကွက်တွေက အချိန်နဲ့အလိုက်အချက်အလက်တွေ
ချက်ချင်းရဖို့ လိုလေသည်။
“နားလည်ပါပြီ” နောက်ကြည့်မှန်ထဲမှာ
ကျွင်းဇီရဲ့ ပြုံးနေတဲ့ မျက်နှာပေါ်နေသည်။
“သခင်လေး စိတ်မပူပါနဲ့။ ဒီလိုမျိုး ထောက်လှမ်းရေးနဲ့ လျှို့ဝှက်စောင့်ကြည့်ရေးကိစ္စတွေမှာ ကျွန်တော်ကကျွမ်းကျင်ပါတယ်”
ပုံမှန်ဆိုရင် ကျွင်းဇီဟာ ချင်းလန်နဲ့
ဒီလိုမျိုးမစရဲပါဘူး။ဘာလို့လဲဆိုတော့ သခင်လေးက ခန့်မှန်းရခက်ပြီးသူ
ဘယ်အချိန် ရူးသွပ်စွာပြုမူမလဲဆိုတာ ဘယ်သူမှ မသိပါဘူး။
ဒါပေမယ့် ဒီနေ့ကတော့ မတူပါဘူး။ ယောက်ျားချင်းပင် ကျွင်းဇီက
သခင်လေးဟာ ပိုပြီးတော့ ချောမော
လာတယ်လို့ ခံစားရပြီး အထူးသဖြင့်
သူ့ရဲ့ မျက်နှာဟာအလွန်ဖော်ရွေ
နေပါတယ်။
“ကောင်းပြီ “ ချင်းလန်ဟာငြင်းပယ်ခြင်း
မပြုခဲ့ပေ။
သူဖတ်ခဲ့တဲ့ဇာတ်လမ်းအရ ဒီကမ္ဘာမှာ ကြေးစားဘုရင် ရဲ့ဖန်း မလာခင်
အချိန်အနည်းငယ် ရှိပါသေးတယ်။
ရဲ့ဖန်း မလာခင်မှာ သူသိတဲ့ဇာတ်လမ်း အချက်အလက်အားလုံးကိုသေချာ
အောင် ဒီအချိန်ကို အသုံးပြုရမှာပါ။
ရဲ့ဖန်း ကိုခွန်အားသက်သက်နဲ့ အနိုင်ယူဖို့ဆိုတာ မဖြစ်နိုင်ပေ။သူက အခွင့်အလမ်းတွေအားလုံး ကိုသိမ်းပိုက်ခြင်းနဲ့ စတင်ရပေလိမ့်မည်။
ဘာပဲဖြစ်ဖြစ် ရဲ့ဖန်းကကံကြမ္မာသား
တော်ပင်။သူ့ရဲ့ နှလုံးကိုသေနတ်နဲ့
ပစ်ခံရပြီး ချောက်ထဲကနေ ပြုတ်ကျရင်တောင် လမ်းဖြတ်သွားတဲ့ အမျိုးသမီး NPC တစ်ယောက်က ကယ်တင်တာမျိုး ဖြစ်နိုင်ပြီးအချစ်ဇာတ်လမ်းတစ်ခုပင် ဖြစ်လာနိုင်သေးသည်။
သူ ဇာတ်လိုက်ရဲ့ ကံကြမ္မာကို
အနိုင်ယူနိုင်တဲ့ ခွန်အားကို
မရသေးခင်အထိ သူ့ကို အနိုင်ယူနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းကတော့
သူ ကြိုတင်သိထားတဲ့ အခွင့်အလမ်းတွေ
ကို အသုံးပြုခြင်းပါပဲ။
ယာဉ်တန်းက လမ်းမပေါ် ရောက်လာတဲ့အခါ ချင်းလန်ရဲ့ အမူအရာဟာလည်း
ပြုံးစစ ဖြစ်လာပါတယ်။
“ကြေးစားဘုရင်လား သွေးဝံပုလွေ ကြေးစားအဖွဲ့ ရဲ့ ခေါင်းဆောင်လား”
“ဟဲဟဲ မင်းလို ကံကြမ္မာသားတော်
ကငါ့ကို ဗီလိန်အမှတ် ဘယ်လောက်
ပေးနိုင်မလဲ မသိဘူး။”
“ငါတို့ တွေ့မယ့် အချိန်ကို တကယ်
မျှော်လင့်မိနေပြီ...”