အခန်း (၁၉၈) ချူမုန်ယောင်၏ ပုံမှန်မဟုတ်သော အပြုအမူများ
နာတာရှည် ဖျားနာသူသည် ဆရာဝန် ဖြစ်လာတတ်သည်ဟု ဆိုရိုးရှိလေသည်။
ချင်းလန်သည် ထိုစကားကို အရင်က သိပ်မယုံကြည်ခဲ့ပါချေ။
သို့သော် ယခု လက်တွေ့ကြုံလိုက်ရသည့် အခါတွင်မူ ရှေးလူကြီးများ၏ စကားမှာ တကယ်ကို မှန်ကန်လှသည်ဟု ဝန်ခံရတော့မည် ဖြစ်လေသည်။
သွေးနီရောင် မန်ဒါလာသည် ငယ်စဉ်ကတည်းက ကျန်းမာရေး ပြဿနာ အချို့ ရှိခဲ့သူ ဖြစ်သဖြင့် သူမကိုယ်သူမ ပြန်လည် ဆင်ခြင်ရင်းနှင့်ပင် လူနာများကို ကုသပေးနိုင်သည့် အဆင့်အထိ ကျွမ်းကျင်လာခဲ့ခြင်း ဖြစ်လေသည်။
သူမသည် မည်မျှပင် အလုပ်ရှုပ်နေပါစေ၊ မည်မျှပင် အံ့အားသင့်နေပါစေ၊ ချင်းလန်ကို ပစ်မထားဘဲ သူ၏ ကျန်းမာရေးကို အမြဲ ဂရုစိုက်ပေးခဲ့သည်။
နောက်ဆုံးတွင်တော့ အချိန်အတော်ကြာ ကုသပေးပြီးနောက် ချင်းလန်၏ အရိုးထုထည်မှာ သာမန်လူတစ်ယောက်ကဲ့သို့ ပြန်လည် ကောင်းမွန်လာခဲ့ပြီ ဖြစ်လေသည်။
“မင်း ပင်ပန်းသွားပြီ၊ ဒါပေမဲ့လည်း မတတ်နိုင်ဘူးလေ။ ငါတို့က လေယာဉ်ပေါ်မှာဆိုတော့ တခြားဟာတွေ လုပ်ဖို့က သိပ်အဆင်မပြေဘူး မဟုတ်လား။ နည်းနည်းတော့ အနေရခက်မှာပဲနော်”
ချင်းလန်က ခါးသက်သက် ပြုံးလျက် သွေးနီရောင် မန်ဒါလာ၏ ခေါင်းကို ပုတ်ပေးလိုက်လေသည်။
သွေးနီရောင် မန်ဒါလာသည် တစ်ခုခုကို ရှာဖွေနေသလို ဝဲယာကို ကြည့်လိုက်သော်လည်း ဘာမှ ရှာမတွေ့သဖြင့် စိတ်ထဲမှ သက်ပြင်းချကာ တံတွေးကို မျိုချလိုက်ပြီး မျက်စောင်းထိုးလျက်
“ဒါဆို ရှင်က ဒီလိုလုပ်တာက ပိုပြီး အနေရသက်သာစေမယ်လို့ ထင်နေတာလား”
ဟု မကျေမနပ် ပြောလိုက်လေသည်။
သူမက နှုတ်ကသာ မကျေမနပ် ပြောနေသော်လည်း ရင်ထဲမှာတော့ တကယ်ကို ပျော်နေမိသည်။
အနည်းဆုံးတော့ ချင်းလန်၏ စိတ်ထဲတွင် သူမကို အမျိုးသမီးတစ်ယောက်အဖြစ် သတ်မှတ်ထားသလို ရှေ့ခန်းနှင့် နောက်ခန်းကို ခွဲခြားထားသော်လည်း ဤအခြေအနေမျိုးတွင် သူမကို အလွန်အကျွံ ဖြစ်သွားမည့် အရာမျိုး မလုပ်စေချင်သောကြောင့် ဖြစ်လေသည်။
ဤအခြေအနေမျိုးတွင် ချင်းလန်သည် သွေးနီရောင် မန်ဒါလာနှင့် အခြေအတင် ငြင်းခုံနေမည် မဟုတ်ပါချေ။
ပထမအချက်မှာ သူတို့တွင် ယုံကြည်မှု အားနည်းနေခြင်း ဖြစ်ပြီး၊ ဒုတိယအချက်မှာ အနိုင်ရခဲ့လျှင်ပင် အကျိုးထူး ရှိမည် မဟုတ်သောကြောင့် ဖြစ်သည်။
သူ ဆေးရုံတက်ရသည့် အချိန်မှ မှိုအိမ်ကလေးတွင် နေခဲ့သည့် အချိန်အထိ နှစ်ပတ်ကျော် ကြာမြင့်ခဲ့သည်။ ထိုအချိန်အတွင်း သူသည် နေ့တိုင်း သက်သတ်လွတ် စားခဲ့ရသလို ခံစားနေရခြင်း ဖြစ်သည်။ ယခုမှ သူ၏ ကျော့ကွင်းထဲသို့ အလိုအလျောက် ဝင်လာသည့် သွေးနီရောင် မန်ဒါလာနှင့် တွေ့ရသဖြင့် သူသည် ပုံမှန်ထက် ပို၍ စိတ်အားထက်သန်နေမိခြင်း ဖြစ်လေသည်။
သူမကို သနားစိတ် ဝင်လာသဖြင့် ချင်းလန်သည် လက်လှမ်းကာ သူမ၏ မျက်ဝန်းမှ နီရဲနေမှုများကို သုတ်ပေးလိုက်ပြီး
“ရှန်ဟိုင်းက အခြေအနေတွေ ဘယ်လိုရှိလဲ။ ငါ မင်းကို ကတိပေးခဲ့သလိုပဲ ချန်ဖျင်အန်း နဲ့ သူ့ဆရာတို့ကတော့ ပြာဖြစ်သွားကြပြီ။ မင်းရော ဘာတွေ ဆက်လုပ်မလို့လဲ”
ဟု အကြောင်းအရာ ပြောင်းလိုက်လေသည်။
သွေးနီရောင် မန်ဒါလာသည် သူမ၏ နီရဲနေသော နှုတ်ခမ်းလေးကို ကိုက်လိုက်၏။
သူမ၏ မျက်နှာမှာ မကျေမနပ် ဖြစ်မှုများဖြင့် ပြည့်နှက်နေလေသည်။
“အဲ့ဒီလူက အပြင်မှာ လူအများကြီးကို ရန်စထားတာလေ။ သူ့မှာ ရန်သူတွေ နေရာအနှံ့ ရှိတယ်လို့ ပြောရင်တောင် မမှားဘူး။ ဒါကြောင့် သူ့ဘေးမှာ လုံခြုံရေးတွေ အများကြီး ရှိသလို အဲ့ဒီထဲမှာ ပညာရှင်တွေလည်း ပါတယ်”
“ကျွန်မလို လူသတ်သမား တစ်ယောက်အတွက်တောင် ခဏလေးအတွင်းမှာ သူ့ကို လုပ်ကြံဖို့ အခွင့်အလမ်း ရှာဖို့ဆိုတာ လုံးဝ မလွယ်ဘူး”
အတိအကျပင် ဖြစ်လေသည်။
အရင်ကဆိုလျှင် သွေးနီရောင် မန်ဒါလာသည် အခွင့်အရေးကို ဘယ်လို ဆုပ်ကိုင်ရမလဲ ဆိုသည်ကိုသာ အမြဲ စဉ်းစားနေပြီး လုပ်ကြံရန် အမြဲ ပြင်ဆင်နေသူ ဖြစ်သည်။ သူမသည် ပစ်မှတ်တစ်ခုကို နောက်ယောင်ခံ လိုက်ရန်အတွက် နှစ်ပတ်ခန့် အချိန်ယူကာ သူတို့၏ လှုပ်ရှားမှုများကို စောင့်ကြည့်ပြီး အစီအစဉ် ဆွဲလေ့ရှိသည်။
သို့သော် ယခုမူ။
သူမသည် အလုပ်တွင် အာရုံ လုံးဝ မစိုက်နိုင်တော့ပါချေ။ သူမ၏ စိတ်ထဲတွင် ရုတ်တရက် ပေါ်ပေါ်လာတတ်သည့် ပုံရိပ်များကြောင့် အာရုံများ လွင့်ပျံ့နေရသည်။
အာရုံ မစိုက်နိုင်ခြင်းနှင့် စိတ်လိုက်မာန်ပါ လုပ်ဆောင်ခြင်းတို့မှာ လူသတ်သမားများအတွက် အကြောက်ရဆုံး အရာများ မဟုတ်ပါလား။
“ငါ မင်းကို အတည်မေးနေတာနော်။ မင်း သူ့ကို တကယ် သတ်ချင်တာလား၊ ဒါမှမဟုတ် မင်းဘက်က ဘာမှ မပြင်ဆင်ရသေးဘဲ စိတ်ကူးပေါက်လို့ ပြောနေတာလား”
ချင်းလန်က သွေးနီရောင် မန်ဒါလာ၏ ပါးလေးကို ဆွဲညှစ်လိုက်လေသည်။
သွေးနီရောင် မန်ဒါလာက နှာခေါင်းရှုံ့လိုက်ကာ
“သူ့ကို အပိုင်းပိုင်း ဆုတ်ဖြတ်ပစ်ချင်တာပေါ့။ ကျွန်မဘက်က ဘာလို့ မပြင်ဆင်ရသေးဘဲ နေမှာလဲ”
“မွေးပြီးတော့ မကျွေးတာက ကျေးဇူးတရား မရှိတာပဲ။ အထူးသဖြင့် သူ့ရဲ့ လောဘနဲ့ အတ္တကြောင့် ကျွန်မရဲ့ အမေက ရက်ရက်စက်စက် အသတ်ခံခဲ့ရတာလေ။ ဒီလိုလူစားမျိုးက အမှိုက်ပဲ။ ကျွန်မသာ အခွင့်အရေး ရရင် သူ့ကို တကယ့် ငရဲ ခံစားချက်မျိုး သိအောင် နည်းမျိုးစုံနဲ့ လုပ်မှာ”
“ငါ မင်းကို ကူညီပါ့မယ်” ချင်းလန်က နွေးထွေးစွာ ပြုံးလျက် ဆိုလိုက်လေသည်။ “အမြန်ကြီးတော့ မငြင်းလိုက်ပါနဲ့ဦး။ အခုက အခြေအနေတွေ ပြောင်းသွားပြီလေ။ မင်းရဲ့ ရန်သူက ငါ့ရဲ့ ရန်သူပဲ မဟုတ်လား”
သွေးနီရောင် မန်ဒါလာ၏ ဝါသနာအရ သူမသည် မိမိကိစ္စအတွက် တခြားလူကို ဘယ်တော့မှ ဒုက္ခမပေးတတ်ပါချေ။
သို့သော် ယခုမူ ချင်းလန်က သူမ၏ လူဖြစ်နေပြီ မဟုတ်ပါလား။
သွေးနီရောင် မန်ဒါလာသည် အတော်ကြာအောင် စဉ်းစားနေမိသည်။ သူမသည် ချင်းလန်၏ မျက်လုံးများကို မကြည့်ဘဲ ခေါင်းငုံ့ကာ
“ကျွန်မလည်း ရှင့်ကို ပြန်ကူညီပါ့မယ်”
ဟု တိုးတိုးလေး ပြောလိုက်လေသည်။
…
ညနေခင်း၊
ထျန်ဟိုင်မြို့၊ ဗီလာဧရိယာ၊ ဧည့်ခန်း။
ချင်းလန်သည် ခြေထောက်ချိတ်လျက် ဆိုဖာပေါ်တွင် မှီထိုင်ကာ အသက်ကို ပြင်းပြင်း ရှူလိုက်လေသည်။
အမှန်အတိုင်း ပြောရလျှင် ဤကမ္ဘာသို့ ရောက်လာပြီး ဤဗီလာတွင် နေထိုင်ခဲ့သည့် အချိန်မှစ၍ သူသည် ဤနေရာကို နေသားကျသွားခဲ့ပြီး အိမ်ကဲ့သို့ပင် ခံစားနေရခြင်း ဖြစ်လေသည်။
“လက်ဖက်ရည် သောက်ပါဦး”
အနောက်တိုင်း နယ်ခြားဒေသမှ ကချေသည်လေး တစ်ဦးကဲ့သို့ ဝတ်ဆင်ထားသည့် ချူမုန်ယောင်သည် ခရမ်းရောင် ပိတ်ပါးလေးကို ခြုံထားသဖြင့် ထူးခြားသည့် အလှမျိုး ပေါ်လွင်နေလေသည်။
သူမ လမ်းလျှောက်လာသည့်အခါ ခါးတွင် ချည်နှောင်ထားသည့် ဆည်းလည်းသံလေးများက သူမ၏ ကိုယ်ဟန်နှင့်အတူ သာယာစွာ မြည်ဟည်းနေတော့သည်။
ချင်းလန် အိမ်မှာ မရှိသည့် အချိန်အတွင်း သူတို့သည် ဖုန်းနှင့် အမြဲ အဆက်အသွယ် ရှိခဲ့ကြသည်။
အထူးသဖြင့် ချူမုန်ယောင်နှင့် ဖြစ်လေသည်။ စုရှောင်းရှောင်းသည် မိဘမဲ့ဂေဟာတွင် အလုပ်များနေသဖြင့် အိမ်အလုပ်များကို မကူညီနိုင်သည့် အခါမျိုးတွင် ချင်းလန်က ချူမုန်ယောင်ကို အိမ်သို့ လာခိုင်းပြီး အိမ်အလုပ်များ ကူခိုင်းလေ့ရှိသည်။
အိမ်မှာ လူရှိရှိ မရှိရှိ အရေးမကြီးပါချေ။ အိမ်အလုပ်များမှာ လုပ်စရာ ရှိသည်ကို လုပ်ရမည် ဖြစ်သလို သူ နေ့တိုင်း ဝတ်မည့် အဝတ်အစားများကိုလည်း သူမက သေချာ ရွေးချယ်ပေးရခြင်း ဖြစ်လေသည်။
ဒီနေ့၏ အဓိက အကြောင်းအရာမှာတော့ အနောက်တိုင်း နယ်ခြားဒေသမှ ကချေသည်လေးအဖြစ် ဝတ်ဆင်ထားခြင်း ဖြစ်လေသည်။
ချင်းလန်က လက်လှမ်းကာ ချူမုန်ယောင်ကို သူ၏ ပေါင်ပေါ်သို့ ဆွဲတင်လိုက်လေသည်။
ငွေရောင် ဆည်းလည်းသံလေးက မြည်သွားပြီး ချူမုန်ယောင်မှာ အနည်းငယ် တွန့်ဆုတ်နေသလို ခံစားရကာ သူမက ငြင်းဆန်ချင်သည့် ပုံစံမျိုး ပြသနေလေသည်။
ချင်းလန်က ခပ်ဖွဖွ ရယ်မောလိုက်ပြီး
“ဘာဖြစ်လို့လဲ။ ခဏလေး မတွေ့ရရုံနဲ့ ငါတို့ကြားက နားလည်မှုတွေက ဒီအတိုင်းပဲ ပျောက်ကွယ်သွားတာလား”
ဟု မေးလိုက်လေသည်။
ချူမုန်ယောင်က ဘာမှမသိသလို ဟန်ဆောင်ကာ
“ဘာကို ဆိုလိုတာလဲ။ ဘာနားလည်မှုလဲ”
ဟု ထစ်ထစ်ငေါ့ငေါ့ ပြန်ပြောလိုက်၏။
ချင်းလန်က စားပွဲပေါ်က ခွက်ကို မေးဖြင့် ညွှန်ပြလိုက်လေသည်။
အဲ့ဒါက ဘာကို ဆိုလိုတာ ဖြစ်မလဲ။
လက်ဖက်ရည်ကို ယူလာပြီးပြီလေ၊ အဲ့ဒါကို ဘယ်လို တိုက်ရမလဲ ဆိုတာတောင် မင်း မသိတော့ဘူးလား။
ချူမုန်ယောင်သည် ထလိုက်ကာ လက်ဖက်ရည်ခွက်ကို ယူပြီး ချင်းလန်အား ဘာစကားမှ မပြောဘဲ ကမ်းပေးလိုက်လေသည်။ ချင်းလန်က သူမကို ပြန်ထိုင်ရန် ဆွဲလိုက်သည့် အချိန်မှာပင် သူမဘက်မှ ငြင်းဆန်သည့် အင်အားကို ခံစားလိုက်ရသဖြင့် သူမသည် သူ့ကို တကယ်ပင် ငြင်းပယ်နေခြင်း ဖြစ်လေသည်။
ဘာတွေ ဖြစ်နေတာလဲ။
ဤအခြေအနေကြောင့် ချင်းလန်ပင်လျှင် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရသည်။
သုံးရက်လောက် ဆုံးမ မပေးလိုက်တာနဲ့ သူတို့က ခေါင်းပေါ်တက်ချင်နေကြတာလား။
ဒါမှမဟုတ် ယုန်နတ်သမီးလေးလို ဝတ်ဆင်ရတာကို ဝါသနာပါသွားပြီး အခု အဝတ်အစားတွေ ပြောင်းလိုက်ပေမဲ့ မုန်လာဥနီကို စိတ်မပါတပါနဲ့ ကိုက်ချင်နေသေးတာလား။
“ကျွန်မ အိမ်အလုပ်တွေ အကုန် ပြီးပြီ၊ အိပ်ခန်းကိုလည်း သေချာ ရှင်းလင်းပေးထားတယ်။ အခု ပြန်လို့ ရပြီလား”
ချူမုန်ယောင်က ချင်းလန်နှင့် အနည်းငယ် ဝေးရာတွင် ရပ်လျက် အေးစက်သော လေသံဖြင့် မေးမြန်းလိုက်လေသည်။
“မရဘူး”
ချူမုန်ယောင်က မျက်မှောင်ကြုတ်လိုက်ကာ
“ဘာလို့လဲ။ ရှင် အိမ်မှာ ရှိတုန်းကလည်း ရှင် ခိုင်းတာမှန်သမျှ ကျွန်မ လုပ်ပေးရတယ်။ ရှင် အိမ်မှာ မရှိတဲ့ အချိန်ကျမှ ကျွန်မကို သတိရပြီး ခိုင်းချင်သလို ခိုင်းတယ်။ ရှင် သတိမရတဲ့ အချိန်ကျရင်တော့ ကျွန်မကို ပစ်ထားတယ်”
“ရှင် ကျွန်မကို ဘာလို့ မှတ်ထားတာလဲ”
“အလိုရှိတဲ့ အချိန်မှ သုံးရမယ့် ကိရိယာ တစ်ခုလို့ ထင်နေတာလား”
သူမ၏ အသံမှာ ပို၍ ကျယ်လာပြီး နောက်ဆုံးတွင် တစ်စုံတစ်ယောက်ကို မေးခွန်းထုတ်နေသည့် ပုံစံမျိုး ဖြစ်လာတော့သည်။
ဟုတ်ပါသည်
သူမသည် ချင်းလန်၏ အကူအညီကို လိုအပ်သော်လည်း ချင်းလန်က သူမအပေါ် အလေးမထားလွန်းဘူး မဟုတ်ပါလား။
သူ အိမ်မှာ ရှိသည့် အချိန်တွင် သူမကို ခိုင်းချင်သလို ခိုင်းပြီး ကစားချင်သလို ကစားခဲ့သော်လည်း သူ သတိမရသည့် အခါမျိုးတွင် သူမကို လုံးဝ လျစ်လျူရှုထားပြီး ပစ်ထားခဲ့သည်။ အချိန်အတော်ကြာအောင် သူမက မေးခွန်းတွေ မေးသော်လည်း သူက ဘာမှ ပြန်မဖြေခဲ့ဘဲ စွန့်ပစ်ခံလိုက်ရသလို ဖြစ်နေခဲ့သည်။
ဤခံစားချက်မျိုးမှာ ချူမုန်ယောင် တစ်ခါမှ မခံစားခဲ့ဖူးသည့် ခံစားချက် ဖြစ်လေသည်။
ဒါဟာ ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်မှုထက် ပိုပြီး ရက်စက်တဲ့ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှု တစ်ခု မဟုတ်ပါလား။
“အဲ့လို မဟုတ်ရင် မင်းက ကိုယ့်ကိုယ်ကိုယ် ဘယ်သူလို့ ထင်နေတာလဲ။ ချူမိသားစုရဲ့ သမီးကြီးလား။ မင်းရဲ့ မူလ အဆင့်အတန်းကို မေ့သွားပြီလား”
ချင်းလန်က နှာခေါင်းရှုံ့လျက် ပြန်မေးလိုက်သော်လည်း သူသည် တစ်ခုခုကို ရုတ်တရက် သတိပြုမိသွားလေသည်။
ချူမုန်ယောင် ဘာကြောင့် ပုံမှန်မဟုတ်ဘဲ ပြုမူနေရသလဲ ဆိုသည့် အကြောင်းအရင်းကို သူ သိသွားခဲ့ပြီ ဖြစ်လေသည်။
ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူတတ်တဲ့ သူဌေးသမီးလေး ဖြစ်သည့်အတိုင်း သူမသည် စကားအနည်းငယ် ပြောလိုက်ရုံနှင့် သူမ၏ စိတ်ထဲတွင် ရှိနေသမျှကို အကုန် ဖွင့်ဟ ပြောဆိုလိုက်ခြင်း ဖြစ်လေသည်။
ချင်းလန်ကတော့ ချူမုန်ယောင် မနာလို ဖြစ်နေသည်ဟု မထင်ပါချေ။
သူ့ကိုယ်သူ ထိုမျှအထိတော့ နားလည်လေသည်။
အခုအချိန်အထိ သူ လုပ်ဆောင်ခဲ့သမျှသည် ထိုအဆင့်အထိ မရောက်သေးပါချေ။ ချူမုန်ယောင် ဤမျှအထိ ဒေါသထွက်နေရခြင်းမှာ သူမ၏ စိတ်ထဲတွင် ခံစားနေရသည့် ကွာဟချက်ကြောင့်သာ ဖြစ်လေသည်။
ဒါဟာ လှပတဲ့ အမျိုးသမီးတစ်ယောက်ကို နေ့တိုင်း ချစ်စာတွေ ပို့နေတဲ့ သူတစ်ယောက်က သူမ ငြင်းပယ်နေသည့် ကြားကပင် ဆက်လက် ပို့နေခဲ့သလိုပါပဲ။
ဒါပေမဲ့ တစ်နေ့မှာတော့ ထိုသူက လက်လျှော့လိုက်တဲ့ အခါမျိုးပေါ့။
ဒေါသထွက်ပြီး ခုန်ပေါက်နေရမှာက ထိုသူလား။
မဟုတ်ပါဘူး။
သူမက လှပတာလေ။
ဒီအလေ့အကျင့်က သူမ၏ စိတ်ထဲတွင် စွဲမြဲနေခဲ့ပြီ ဖြစ်သဖြင့် ထိုသူက ရုတ်တရက် ချစ်စာတွေ မပို့တော့သည့် အခါတွင် သူမအနေနှင့် အဆင်မပြေ ဖြစ်သွားရခြင်း ဖြစ်လေသည်။
အခြေအနေချင်း ကွဲပြားသော်လည်း အနှစ်သာရကတော့ အတူတူပါပင်။
သို့သော် အချို့သော အမျိုးသမီးများသည် သူမတို့၏ မကျေနပ်မှုများကို ဖုံးကွယ်ထားတတ်ကြသော်လည်း အချို့ကမူ တွန့်ဆုတ်မနေဘဲ ပြန်လည် မေးခွန်းထုတ်တတ်ကြသည်။
ချူမုန်ယောင်က ထိုသို့သော အမျိုးသမီးမျိုး ဖြစ်လေသည်။
“မင်း ဘယ်သူလဲ ဆိုတာကို သေချာ မှတ်ထားပါ။ ငါ လာခိုင်းရင် မင်း လာရမယ်”
“ငါ ခွင့်ပြုမှသာ မင်း ပြန်လို့ ရမယ်”
“မကျေနပ်ဘူးလား။ အဲ့ဒါကို မင်းဘာသာ သိမ်းထားလိုက်”
“ဒါ ပထမဆုံး အကြိမ်ပဲ။ နောက်တစ်ခါ ထပ်ဖြစ်ရင်တော့ မင်း နောက်ထပ် ပြန်လာစရာ မလိုတော့ဘူး”
ချင်းလန်သည် ချူမုန်ယောင်ကို အေးစက်စွာ ကြည့်လိုက်ပြီး ဘာသနားစိတ်မှ မပြခဲ့ပါချေ။
စိတ်ထဲမှာ ကွာဟချက်တွေ ဖြစ်နေတာလား။
ချူမုန်ယောင်က ဒီပုံစံမျိုးကို ကြိုက်တယ် ဆိုမှတော့ အဲ့ဒီအတိုင်းပဲ ဆက်သွားကြတာပေါ့။
ဒါက ကစားပွဲ တစ်ခုပဲ မဟုတ်လား။
ဘယ်သူကမှ မကစားတတ်ဘဲ ရှိမလဲ။