အခန်း (၁၉၅) အသည်းယားစရာကောင်းအောင် အူကြောင်ကြောင်နိုင်လွန်းတဲ့ ရှီယာ
သူတို့နှစ်ဦးသည် လမ်းမကျယ်ကြီးပေါ်သို့ ရောက်ရှိလာပြီး သူတို့ကို စောင့်ကြိုနေသည့် မာစီးဒီးကားကြီးပေါ်သို့ တက်လိုက်ကြလေသည်။
နောက်ခန်းတွင် ထိုင်နေသည့် ရှီယာမှာ ချင်းလန်၏ လက်မောင်းကို မလွှတ်တမ်း ဆုပ်ကိုင်ထားပြီး သူ၏ ဘေးတွင် ကပ်မှီနေဆဲပင် ဖြစ်သည်။ သူမ၏ ခွဲမရနိုင်အောင် ဖြစ်နေသည့် ပုံစံကို ကြည့်ပြီး ကားမောင်းနေသည့် ကျွင်းဇီပင်လျှင် သူ၏ သခင်လေးကို စိတ်ထဲမှနေ၍ လက်မထောင်ပြလိုက်မိသည်။
ဝါး တကယ်ကို အံ့ဩစရာပဲ။
သူ ဘာကို မြင်လိုက်ရတာလဲ။
ဖျော်ဖြေရေးလောက၏ ဧကရီ ရှီယာသည် အချစ်တက်နေသည့် မိန်းကလေးငယ်တစ်ဦးကဲ့သို့ သူ၏ သခင်လေး ရင်ခွင်ထဲတွင် မှီတွယ်နေလေသည်။
တကယ်လို့ ဒီသတင်းသာ အပြင်ထွက်သွားရင် တရုတ်ပြည်ရဲ့ ဖျော်ဖြေရေးလောက တစ်ခုလုံး မနက်ဖြန်မှာ တုန်လှုပ်သွားလိမ့်မှာ ဖြစ်သလို ဘယ်သတင်းစာရဲ့ မျက်နှာဖုံးမှာမှ တခြားသတင်းတွေကို မြင်ရတော့မှာ မဟုတ်ပါဘူး။
“ကားဆရာ ဒီနေ့ မြင်ခဲ့တာတွေကို အပြင်မှာ မပြောပါနဲ့လို့ တောင်းဆိုပါရစေ”
“လေဆိပ်ကို ရောက်တဲ့အခါ ကျွန်မရဲ့ လက်ထောက်က ရှင့်ကို လျှို့ဝှက်ချက် ထိန်းသိမ်းခြင်း ဆိုင်ရာ စာချုပ်မှာ လက်မှတ်ထိုးခိုင်းပါလိမ့်မယ်။ အဲ့ဒါအတွက် ပေးရမယ့် ဈေးနှုန်းကိုတော့ ညှိနှိုင်းလို့ ရပါတယ်”
ရှီယာသည် ကျွင်းဇီနှင့် ယဉ်ယဉ်ကျေးကျေး စတင် ဆွေးနွေးလိုက်လေသည်။
သူမ၏ ပြုမူပုံမှာ စိတ်အားထက်သန်လွန်းနေပြီး အပြင်လူ ရှိနေသည့်နေရာတွင် မသင့်တော်မှန်း သူမ သိပါသည်။
သို့သော် လေဆိပ်တွင် ချင်းလန်နှင့် ခွဲခွာရတော့မည်ကို တွေးလိုက်မိသည်နှင့် သူမ၏ စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်သွားရသည်။
ထိုခံစားချက်မှာ သူမ၏ နှလုံးသား ဘယ်ဘက်ခြမ်းကို တစ်စုံတစ်ယောက်က အပ်နှင့် ထိုးလိုက်သလိုမျိုး စူးစူးရှရှ နာကျင်မှုကို ခံစားလိုက်ရခြင်း ဖြစ်လေသည်။
ဤအခိုက်အတန့်တွင် ချင်းလန်နှင့် နီးနီးကပ်ကပ် နေနိုင်မှသာ ထိုနာကျင်မှုကို အနည်းငယ် သက်သာစေမည် မဟုတ်ပါလား။
တကယ်လို့ သူမ၏ အလုပ်ဇယားများကို ကြိုတင် သတ်မှတ်ထားခြင်း မရှိခဲ့လျှင် သို့မဟုတ် စာချုပ်ဖျက်သိမ်းကြေးများက အဆမတန် မများခဲ့လျှင် သူမသည် ယခုကဲ့သို့ စိတ်မကောင်းစရာ အခြေအနေမျိုးကို ရင်ဆိုင်ရမည် မဟုတ်ပေ။
ခွဲခွာရတော့မည့် အချိန်ရောက်မှသာ ချင်းလန်၏ အရေးပါမှုကို သူမ သိရှိလိုက်ရပြီး ဤလူလည်လေးက သူမ၏ နှလုံးသား တစ်ခုလုံးကို သိမ်းပိုက်သွားခဲ့ပြီ ဖြစ်လေသည်။
“မင်းက လျှို့ဝှက်ချက် ထိန်းသိမ်းဖို့ စာချုပ်တွေ ဘာတွေတောင် လုပ်ပြီး လူပါ ပိတ်ချင်နေတာလား။ အဲ့ဒီလောက်အထိ အုတ်အော်သောင်းနင်း လုပ်နေမှတော့ ကားဆရာက ကတိတည်ပါ့မလားလို့ မင်း မစိုးရိမ်ဘူးလား”
“တကယ်လို့ တစ်စုံတစ်ယောက်က စာချုပ်ဖောက်ဖျက်ဖို့ လုံလောက်တဲ့ ပိုက်ဆံ ပေးလာရင် ဘယ်လိုလုပ်မလဲ”
ချင်းလန်က သူ၏ လက်ညှိုးလေးဖြင့် ရှီယာ၏ ချောမွေ့သော နဖူးလေးကို ညင်သာစွာ ခေါက်လိုက်လေသည်။
ရှီယာက ညည်းတွားလိုက်ကာ “အင်းလေ ကျွန်မလည်း မတတ်နိုင်ဘူး။ ကျွန်မက ရှင့်ကို ဖက်ထားချင်လို့ပါဆို အဲ့ဒါ ဘာဖြစ်လဲ”
“ကျွန်မ ရှင့်ဆီက အခွင့်အရေး ယူချင်လို့ပါဆို အဲ့ဒါ ဘာဖြစ်လဲ”
ချင်းလန်က သဘောကျသွားပြီး “ကျွန်တော်ကတော့ ဘာမှ မဖြစ်ပါဘူး။ တကယ်တော့ မင်း ဒီထက်တောင် ပိုပြီး ရဲရင့်သင့်တယ်လို့ ကျွန်တော် ထင်တယ်”
“ဒါပေမဲ့ ဒါက မင်းရဲ့ နာမည်ကျော်ကြားမှုကို စိုးရိမ်လို့ ပြောတာပါ။ မင်းလို စူပါစတားမျိုးက ဖျော်ဖြေရေးလောကမှာ တစ်ခါမှ နာမည်ပျက် သတင်းတွေ မထွက်ခဲ့ဖူးဘူးလေ။ မင်းရဲ့ ပရိသတ်တွေ ဘယ်လောက်များများက မင်းရဲ့ အချစ်ကို ရရှိဖို့ အိပ်မက်မက်နေကြလဲဆိုတာ စဉ်းစားကြည့်ဦး”
“တကယ်လို့ ဒီသတင်းသာ ပေါက်ကြားသွားရင် ပရိသတ်တွေ လျော့သွားမှာကို မင်း မကြောက်ဘူးလား”
“ကြောက်တာပေါ့” ရှီယာ၏ လှပသော မျက်ဝန်းများတွင် ကြောက်ရွံ့မှုများ ပေါ်လာပြီး သူမ၏ အသံမှာ တိုးညှင်းသွားကာ “ဒါပေမဲ့ နာမည်ပျက်မှာထက် ရှင့်နဲ့ ခွဲခွာရမှာကို ကျွန်မ ပိုကြောက်တယ်”
ထိုတိုးညှင်းသော ရေရွတ်သံကို သာမန်လူတစ်ယောက်ဆိုလျှင် သေချာ ကြားရလိမ့်မည် မဟုတ်ပေ။
သို့သော် ချင်းလန်ရော ကျွင်းဇီပါ သာမန်လူများ မဟုတ်ကြပါချေ။
သူတို့၏ ခန္ဓာကိုယ် အရည်အချင်းများမှာ အလွန် မြင့်မားလှပေသည်။ ချင်းလန်ကို ထားလိုက်ဦး၊ ကျွင်းဇီ၏ အရည်အချင်းမှာပင် ၁၀၀ နားသို့ ရောက်ရှိနေပြီ ဖြစ်လေသည်။
ရှီယာ၏ ရေရွတ်သံကို ကြားလိုက်ရသည့်အခါ ကျွင်းဇီ၏ စိတ်ထဲတွင် ကြည်နူးသွားရသည်။
သခင်လေးကတော့ တကယ်ကို တော်တာပဲ။
ဒါက တကယ်ကို အံ့ဩစရာပဲ။
ရှီယာနဲ့ သိခဲ့တာ တစ်လတောင် မပြည့်သေးဘူး မဟုတ်လား။
သူတို့ နှစ်ယောက် အတူတူရှိခဲ့တာ ရက်အနည်းငယ်ပဲ ရှိသေးတယ်၊ ခွဲရမယ့် အချိန်ရောက်တဲ့အခါ ရှီယာလို စူပါစတားတစ်ယောက်က နာမည်ပျက်မှာကိုတောင် ဂရုမစိုက်တော့ဘဲ သူစိမ်းတစ်ယောက်နဲ့ လျှို့ဝှက်ချက် ထိန်းသိမ်းဖို့ စာချုပ်ချုပ်ဖို့တောင် ပြင်ဆင်နေတယ်လေ။
ကားပေါ်မှာ ရှိနေတဲ့ ဒီအချိန်လေးအတွင်း သခင်လေးရဲ့ ရင်ခွင်ထဲမှာ တိုးဝှေ့နေနိုင်ဖို့ အတွက်နဲ့ပေါ့။
ဒါက တကယ်ကို မယုံနိုင်စရာပဲ။
ကျွင်းဇီသည် ယခင်က သူသည် သခင်လေး၏ အဆုံးအမများကို အပြည့်အဝ ရရှိထားပြီဟု ထင်မှတ်ခဲ့သော်လည်း ယခုကြည့်ရသည်မှာ
သူက သခင်လေး၏ ခြေဖျားတောင် မမှီသေးပါချေ။
တကယ်လို့ သခင်လေးသာ တက္ကသိုလ်တစ်ခုမှာ ဒီပညာရပ်တွေအကြောင်း သင်တန်းပေးမယ်ဆိုရင် ကျွင်းဇီကတော့ ပထမဆုံး တက်မယ့်သူ ဖြစ်လိမ့်မည်။
ဒူးထောက်ပြီးတော့တောင် သင်ခန်းစာတွေကို နားထောင်မိမှာပင်။
“ကောင်းပြီ၊ ကန့်လန့်ကာ ချလိုက်တော့။ မင်းက ဒါကို ဆက်ပြီး နားထောင်ချင်နေတာလား” ချင်းလန်က ရှေ့မှ ကျွင်းဇီကို မျက်စောင်းထိုးလိုက်လေသည်။
ကျွင်းဇီက အားနာဟန်ဖြင့် သူ၏ ခေါင်းကို ကုတ်ကာ ခလုတ်တစ်ခုကို နှိပ်လိုက်ရာ အသံတစ်ခုနှင့်အတူ အနက်ရောင် ကန့်လန့်ကာကြီးက ရှေ့ခန်းနှင့် နောက်ခန်းကို လုံးဝ ခွဲခြားလိုက်တော့သည်။
ရှီယာသည် ဤထူးဆန်းသည့် မြင်ကွင်းကို အံ့ဩစွာ ကြည့်နေမိသည်။ ချင်းလန်က သူမ၏ ချောမွေ့သော ပါးပြင်လေးကို ဆွဲညှစ်လိုက်ကာ “ဒါက ကျွန်တော့်ရဲ့ ကိုယ်ရံတော်ပါ။ ဘာစာချုပ်မှ ချုပ်နေစရာ မလိုသလို သတင်းပေါက်ကြားမှာကိုလည်း စိုးရိမ်စရာ မလိုဘူး”
“ကျွန်တော် ပြောခဲ့သလိုပဲ မင်း အခွင့်အရေး ယူချင်တယ်ဆိုရင် ပိုပြီး ရဲရဲဝံ့ဝံ့ လုပ်လို့ ရတယ်၊ အားနာမနေနဲ့၊ မကြောက်နဲ့”
“ ဒါဆို ချင်းလန် ရှင်က ကျွန်မကို ခြောက်လှန့်နေတာပေါ့လေ”
ရှီယာသည် ချင်းလန်ကို အတင်း လှမ်းဖက်လိုက်ပြီး စိတ်ဆိုးနေသည့် တောကြောင်လေးတစ်ကောင်ကဲ့သို့ သူ၏ ရင်ခွင်ထဲသို့ အတင်း တိုးဝင်လိုက်ရာ သူ၏ ရှပ်အင်္ကျီ အဖြူလေးပင် ပြဲအက်သွားရလေသည်။
ခဏမျှ ရုန်းရင်းဆန်ခတ် ဖြစ်ပြီးနောက် ရှီယာသည် အမောတကောနှင့် ရပ်လိုက်တော့သည်။ သူမသည် ချင်းလန်၏ မျက်လုံးများကို စိုက်ကြည့်နေမိသည်။
နှစ်ယောက်သားမှာ အလွန် နီးကပ်နေပြီး ချင်းလန်၏ အသက်ရှုသံများကို သူမ ခံစားနေရသလို သူ၏ မျက်နှာပေါ်ရှိ ချွေးပေါက်ကလေးများမှအစ မျက်ဝန်းထဲက နက်ရှိုင်းမှုများကိုပါ ရှင်းလင်းစွာ မြင်တွေ့နေရလေသည်။
ရှူး…
ရှူး…
အသက်ရှုသံများမှာ မမှန်တော့ဘဲ ကမောက်ကမ ဖြစ်လာရသည်။
ရှီယာသည် သူမကိုယ်သူမ တစ်မျိုးကြီး ဖြစ်နေသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
အမှန်အတိုင်း ပြောရလျှင် ယောကျ်ားလေးတစ်ယောက်နှင့် သူမ၏ ဆက်ဆံရေးမှာ ဤမျှအထိ လျင်မြန်စွာ တိုးတက်လာလိမ့်မည်ဟု သူမ တစ်ခါမှ မထင်မှတ်ထားခဲ့ပေ။
သူမသည် ဖျော်ဖြေရေးလောကတွင် အလုပ်လုပ်နေပြီး သူမ၏ မျက်နှာပေါ်တွင် အမြဲ အပြုံးများ ရှိနေသော်လည်း သူမ၏ နှလုံးသားကိုမူ ခိုင်ခံ့သော တံတိုင်းများဖြင့် ကာရံထားခဲ့သူ ဖြစ်လေသည်။
ချင်းလန်နှင့် ထျန်ဟိုင်မြို့တွင် ပထမဆုံးအကြိမ် ပြန်တွေ့ခဲ့စဉ်ကပင် သူမသည် ထိုတံတိုင်းများကို မဖွင့်ပေးခဲ့ပါချေ။
ဘယ်အချိန်မှာ ဘာတွေ ဖြစ်သွားခဲ့မှန်း ဘယ်သူမှ မသိသော်လည်း တစ်နည်းနည်းဖြင့် ချင်းလန်သည် ထိုတံတိုင်းပေါ်တွင် တံခါးတစ်ခု တပ်ဆင်လိုက်နိုင်ပြီး ရှီယာကိုယ်တိုင်ကပင် ထိုတံခါးသော့ကို ချင်းလန်အား ပေးအပ်ခဲ့ခြင်း ဖြစ်လေသည်။
“လေဆိပ်ကို ရောက်တော့မယ်၊ နောက်မနေနဲ့တော့” ချင်းလန်သည် ထိုင်ခုံကို အားပြုကာ ထရန် ကြိုးစားလိုက်လေသည်။
သို့သော် ရှီယာသည် သူမ၌ ရှိမှန်းမသိသည့် အင်အားများဖြင့် ထရန် ကြိုးစားနေသည့် ချင်းလန်ကို အောက်သို့ ပြန်ဖိချလိုက်လေသည်။
ချင်းလန်၏ မျက်စိအိမ်များ ကျယ်သွားပြီး ၎င်းသည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ကာ “ယာယာ… မင်း ဘာလုပ်မလို့လဲ။ ငါ့ကို နမ်းမလို့တော့ မဟုတ်ပါဘူးနော်” ဟု ထစ်ထစ်ငေါ့ငေါ့ မေးလိုက်သည်။
ဤစကားကို ကြားလိုက်ရသည့်အခါ ရှီယာသည် ဒေါသထွက်နေသည့်အပေါ်ကို ဆီလောင်းလိုက်သလို ခံစားလိုက်ရသည်။
ဘာအဓိပ္ပာယ်လဲ။
သူမက သူ့ကို နမ်းလို့ မရဘူးလို့ ဆိုလိုတာလား။
မပျော်ဘူးလား။ သူမကို မကြိုက်ဘူးလား။
သူက မလုပ်နဲ့လို့ ပြောလေလေ သူမက ပိုလုပ်ချင်လေလေ ဖြစ်နေသည်။
သူမသည် သူမဘာသာ ရေရွတ်လိုက်ပြီးနောက် ခေါင်းငုံ့ကာ ချင်းလန်၏ နှုတ်ခမ်းများကို သူမ၏ နှုတ်ခမ်းများဖြင့် ပိတ်လိုက်တော့သည်။ သူမသည် အတွေ့အကြုံ မရှိဘဲ ချင်းလန်၏ နှုတ်ခမ်းများကို အတင်း ငုံ့နမ်းရင်း သူမ၏ မကျေနပ်မှုများကို ဖွင့်ထုတ်နေမိတော့သည်။
တစ်ချိန်တည်းမှာပင် ရှီယာသည် ချင်းလန်ကို နမ်းလိုက်ခြင်းက သူမ၏ နှလုံးသား ဘယ်ဘက်ခြမ်းမှ စူးရှသော နာကျင်မှုကို သက်သာစေရန် ပို၍ ထိရောက်ကြောင်း အံ့ဩဖွယ် တွေ့ရှိလိုက်ရလေသည်။
ထို့ကြောင့် သူမသည် သူမ၏ လှပသော မျက်ဝန်းများကို မှိတ်လိုက်ပြီး ပို၍ ရဲရဲဝံ့ဝံ့ပင် ဆက်လက် နမ်းရှိုက်နေတော့သည်။
ချင်းလန်သည် လက်တစ်ဖက်ကို သူမ၏ ကိုယ်ကျပ် စကတ်ပေါ်သို့ တင်လိုက်ပြီး နောက်လက်တစ်ဖက်ကမူ သူမ၏ ခေါင်းလေးကို ထိန်းကိုင်ထားလိုက်လေသည်။
သင်ပေးရမလား။
ဤကဲ့သို့ အချိန်မျိုးမှာ နမ်းနည်းကို သင်ကြားပေးဖို့ ကြိုးစားတဲ့သူဟာ ငတုံးပဲ ဖြစ်မှာပေါ့။
အဲ့ဒါက ချင်းလန်မှာ ဒီနယ်ပယ်နဲ့ ပတ်သက်လို့ အတွေ့အကြုံတွေ အများကြီး ရှိတယ်ဆိုတာကို ရှီယာကို ပွင့်ပွင့်လင်းလင်း ပြောပြနေသလို ဖြစ်သွားမှာ မဟုတ်ပါလား။
သင်ကြားမပေးသည့်အပြင် သူက ရှီယာထက်ပင် ပို၍ စိတ်အားထက်သန်စွာ တုံ့ပြန်နေမိတော့သည်။
အတော်ကြာပြီးနောက်…
ရှီယာသည် ချင်းလန်၏ အင်္ကျီကော်လာတွင် တောက်ပသော နှုတ်ခမ်းနီရာကြီး တစ်ခု ကျန်ရစ်အောင် နမ်းလိုက်ပြီးနောက် သူ၏ ရင်ခွင်ထဲတွင် ကျေနပ်စွာ မှီတွယ်နေလိုက်တော့သည်။ သူမ၏ အသံမှာ နူးညံ့ပြီး ကလေးဆန်သော ညည်းတွားသံလေး ဖြစ်လေသည်။
“ရှင် အပြင်မှာ လျှောက်မရှုပ်အောင် ကျွန်မ အမှတ်အသား လုပ်ထားတာ။ တခြား မိန်းကလေးတွေ မြင်ရင် ရှင်က… ရှင်က… ရည်းစားရှိပြီးသား ဆိုတာ သိသွားအောင်လို့”