အခန်း(၁၈၆) ကြွယ်ဝချမ်းသာတဲ့ ဘီလီယံနာ ပုံရိပ်ကောင်းတစ်ခု တည်ဆောက်ရမယ်
“ငွေဖြည့်တုန်းက သုည အပို သုံးလုံးလောက် နှိပ်မိသွားတယ် ဟုတ်လား”
လူတွေ အဲ့လို ပြောကြလား။
တကယ်လို့ ငါ သုညတွေ အများကြီး နှိပ်မိရင်၊ ပိုက်ဆံက ဝင်လို့ မရဘဲ နေမှာ မဟုတ်ဘူးလား။
ငါ့အကောင့်ထဲမှာ လက်ကျန်ငွေ မလောက်ဘူးလေ။
သုည အများကြီး နှိပ်ပြီးတာတောင် အောင်မြင်စွာ ငွေဖြည့်လို့ ရတယ် ဆိုတာ ဘယ်လို စက်မျိုးလဲ။
ဒါက ကိုယ်ကျင့်တရား ပျက်ပြားမှုလား။
ဒါမှမဟုတ် လူ့သဘာဝရဲ့ ပုံပျက်ပန်းပျက် ဖြစ်မှုလား။
ကျေးဇူးပြုပြီး “လယ်ကွင်းသို့ ပြန်သွားခြင်း” ရာသီသစ်ကို စောင့်ကြည့်ကြပါ၊ ဧည့်သည် ချင်းလန် က အဖြစ်အပျက်တွေ နောက်ကွယ်က အမှန်တရားကို ဖော်ထုတ်ပေးပါလိမ့်မယ်။
တိုက်ရိုက်ထုတ်လွှင့်မှု အခန်း ထဲမှာ၊ နောက်ပြောင်တဲ့ မှတ်ချက်တွေ တစ်ခုပြီး တစ်ခု တက်လာလေသည်။
“ဂိမ်းရဲ့ သဘောသဘာဝ အရ၊ ငွေအများကြီး သုံးတဲ့ ကစားသမားတွေ ဂိမ်းက ထွက်မသွားအောင် တားဆီးဖို့ အတွက် သူတို့ကို လူသစ်တွေနဲ့ တမင် တွဲပေးတာ ဖြစ်နိုင်ခြေ တော်တော် များတယ်”
“ဂိမ်းကို ဒီအဆင့်ထိ ရောက်သွားအောင် လုပ်ဖို့ ပိုက်ဆံ ဘယ်လောက်တောင် လိုမလဲ
သူက ဖားတဲ့ကောင်တောင် ဖြစ်သွားပြီလား။”
“ရှက်စရာ ကောင်းလိုက်တာ မင်းလို သူဌေးကောင်စုတ် ပိုက်ဆံက လူ့စိတ်ဝိညာဉ်ကို ပျက်စီးစေနိုင်တယ် ငါတို့က ဒီလိုလူတွေနဲ့ ပတ်သက်ရတာကို ရွံရှာတယ်”
“ဟုတ်တယ် ယောကျ်ားကောင်း ဆိုတာ ဖြောင့်မတ်ပြီး ရိုးသားရမယ်။ ခုနစ်ပေ မြင့်တဲ့ ယောကျ်ား တစ်ယောက်က ဘယ်လိုလုပ် ပိုက်ဆံ ရှေ့မှာ ဒူးထောက်နိုင်မှာလဲ အဲ့ဒါ မဖြစ်နိုင်ဘူး”
မှိုအိမ်ကလေး ထဲမှာ ရှိနေတဲ့ ချင်းလန် စကားပြောလိုက်လေသည်။
“ဒါရိုက်တာ၊ တိုက်ရိုက်ထုတ်လွှင့်မှု ရဲ့ ရည်ရွယ်ချက်က ကြည့်ရှုသူတွေကို ဆွဲဆောင်ဖို့နဲ့ စကားပြောခန်း မှာ စည်ကားစေဖို့ မဟုတ်ဘူးလား ဒီလို လုပ်ရင်ရော အခုကနေ ဒီတိုက်ရိုက်ထုတ်လွှင့်မှု ပြီးတဲ့ အထိ၊ မှတ်ချက် အများဆုံး ပေးတဲ့ ထိပ်တန်း ကြည့်ရှုသူ ၁၀၀ ကို ဂိမ်းရဲ့ စကင်အစုံအလင်အခု ၁၀၀ လက်ဆောင် ပေးမယ်။ အဆင်ပြေမလား”
သူက အခုမှ ပွဲဦးထွက်တာ ဆိုတော့၊ သူပုံရိပ်ကောင်း တစ်ခု မွေးမြူဖို့ လိုသေးတယ်လေ။ ဘာပဲဖြစ်ဖြစ်၊ ကံကောင်းတဲ့ အမျိုးသမီး တချို့က ရုပ်ဝတ္ထုပစ္စည်း မက်မောကြတယ် မဟုတ်လား။
အနာဂတ် ဖွံ့ဖြိုးတိုးတက်မှု အတွက် ခိုင်မာတဲ့ အုတ်မြစ် တစ်ခု အခုကတည်းက ချထားလိုက်ကြစို့။
“ဒါက...”
ဒါရိုက်တာချန် တွန့်ဆုတ်သွားလေသည်။ ဒါပေါ့၊ ဖြစ်နိုင်တာပေါ့၊ ဒါပေမဲ့ သူလည်း အရင်က ဂိမ်းကစားဖူးတာပဲ။ တကယ်လို့ စကင် အစုံအလင် ဆိုရင်၊ အနည်းဆုံး ယွမ် တစ်သောင်းလောက် ကျသင့်မှာ။ စကင် တစ်ရာ အတွက် ဆိုရင်၊ အဲ့ဒါက တစ်သန်းကျော်တောင် ကျလိမ့်မယ်။
ချင်းလန် က ဒီလောက် ပိုက်ဆံ အများကြီး တတ်နိုင်လို့လား။
ချင်းလန် ပြုံးလိုက်ပြီး ဂိမ်း မျက်နှာပြင်ကို ကင်မရာ ဘက်သို့ ဝှေ့ယမ်းပြလိုက်လေသည်။
တိုက်ရိုက်ထုတ်လွှင့်မှုထဲက များပြားလှတဲ့ ပရိသတ်တွေ ကြားမှာ၊ အဲ့ဒီ အခိုက်အတန့်လေးမှာ ဖုန်းမျက်နှာပြင် ဓာတ်ပုံရိုက်ယူနိုင်ခဲ့တဲ့ ဉာဏ်ကောင်းတဲ့ လူတချို့ ရှိနေပါသေးတယ်။ ဝါးတားတား ဖြစ်နေပေမယ့်၊ အမှတ် အရေအတွက်ကို မြင်နေရတုန်းပါပဲ။
ခု၊ ဆယ်၊ ရာ၊ ထောင်၊ သောင်း၊ သိန်း၊ သန်း၊ အဖေ၊ အဘိုး.....
ချီး......
အမှတ်တွေက ဂဏန်း ကိုးလုံးတောင်.....
တနည်းအားဖြင့် ပြောရရင်၊ ချင်းလန် က ဂိမ်းထဲမှာ ယွမ် ဆယ်သန်းပေါင်းများစွာ သုံးခဲ့တာ၊ ဂိမ်းတစ်ခုတည်းမှာ တရုတ်ငွေ ယွမ် ဆယ်သန်းကျော်
မင်း ရူးနေလား။
ဂိမ်း နောက်ကွယ်က တရားဝင် အဖွဲ့က ချင်းလန် ရဲ့ ဂုဏ်သိက္ခာကို ဒီလောက် ကာကွယ်ပေးနေတာ အံ့ဩစရာ မဟုတ်တော့ပါဘူး။ သူက ဖောက်သည်ကြီး လေ။ စူပါအဆင့် ဖောက်သည်။
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှာ၊ မရေမတွက်နိုင်တဲ့ မှတ်ချက်တွေ ချက်ချင်း မျက်နှာပြင်ပေါ်မှာ လွှမ်းမိုးသွားလေသည်။
“အဖေ!”
“အဖေ!”
“ကျွန်တော် သူ့ကို ပထမဆုံး မြင်လိုက်ကတည်းက အဖေမှန်း သိခဲ့ပါတယ်”
“ကျွန်တော့် အဖေရဲ့ ရက်ရောမှုက ကျွန်တော်တို့ မျိုးဆက်သစ်တွေ အတွက် စံပြပါပဲ။”
“အဖေက မိုက်တယ်”
မှိုအိမ်ကလေး ထဲမှာ၊ တူညီတဲ့ မှတ်ချက်တွေနဲ့ ပြည့်နှက်နေတဲ့ မျက်နှာပြင်ကို ကြည့်ပြီး၊ အဖွဲ့သားတွေ အချင်းချင်း ခါးသက်သက် ပြုံးပြလိုက်ကြပြီး လူစုခွဲလိုက်ကြလေသည်။
ရှီယာ ရဲ့ ဂျူနီယာ မောင်လေးက တကယ် ထူးခြားလေသည်။ သူ့ရဲ့ ကြွယ်ဝချမ်းသာမှုက တကယ် အံ့ဩစရာပါပဲ။
“ဖုန်ဖုန် ၊ ထင်း နည်းနည်းလောက် ခွဲလိုက်ပါဦး ငါတို့ ထင်းကုန်တော့မယ်။”
စားဖိုမှူးဟွမ် ခေါင်းစဉ် အမြန် ပြောင်းလိုက်ပြီး၊ မီးဖိုချောင် ဘက် ထွက်ခွာမသွားခင် လှမ်းအော်လိုက်လေသည်။
ဆရာဟယ် နားလည်သွားပြီး ရှီယာ ကို ခြံဝင်း အပြင်ဘက်က သစ်သား တဲလေး ထဲမှာ စကားသွားပြောဖို့ ခေါ်လိုက်လေသည်။
ဇီဖုန်း နဲ့ ချင်းလန် တို့လည်း တရုတ်နံနံ ခူးဖို့ တာဝန်ကျလေသည်။ သူတို့အတွက်တော့ ဒါက တော်တော်လေး လွယ်ကူလေသည်။
ဖုန်ဖုန် တစ်ယောက်တည်းသာ ချွေးတွေ ရွှဲပြီး ဒုက္ခရောက်နေတာပင်။
ခဏကြာတော့၊ ညီမငယ်လေးက ဖုန်ဖုန် အတွက် လက်ဖက်ရည် တစ်ခွက် ယူလာပြီး ကြင်နာစွာ ပြောလိုက်လေသည်။
“အစ်ကို၊ လက်ဖက်ရည် သောက်ပါဦး။”
ဖုန်ဖုန် ပုဆိန်ပေါက်တာ ရပ်လိုက်ပြီး၊ လက်ဖက်ရည်ကို ယူကာ၊ တစ်ငုံတည်း မော့သောက်လိုက်ပြီး အာမေဋိတ် ပြုလိုက်လေသည်။
“ဟီးဟီး၊ ညီမလေး ဖျော်ပေးတဲ့ လက်ဖက်ရည်က တကယ် အရသာ ရှိတာပဲ၊ ကျေးဇူးပါ ညီမလေး”
ဇီဖုန်း ခေါင်းခါလိုက်လေသည်။
“ကိစ္စမရှိပါဘူး၊ ချင်းလန် က လက်ဖက်ရည်ကြမ်း မသောက်လို့လေ။”
ပြောပြီးတာနဲ့၊ သူမ လှည့်ထွက်သွားပြီး တစ်ချိန်လုံး တရုတ်နံနံ အရွက်တွေနဲ့ ကစားနေတဲ့ ချင်းလန် ကို ရှက်ရွံ့စွာ လှည့်ကြည့်လိုက်လေသည်။
ဖုန်ဖုန် သူ့လက်ထဲက ပုဆိန်ကို ငုံ့ကြည့်လိုက်ပြီး၊ ခါးသက်သက် ခံစားလိုက်ရသည် ဒီနေ့၊ ပုဆိန်က ပုံမှန်ထက် ပိုပူနေသလိုပါပဲ။
ဟွမ်ရှောင်ချူ မီးဖိုချောင်ထဲက ထွက်လာပြီး၊ မြေကြီးပေါ်က ထင်းတွေကို တစ်ချက် ကြည့်ကာ ပြောလိုက်လေသည်။
“ဖုန်ဖုန်၊ ကောင်းတယ်၊ ဆက်လုပ်ထား။ ကျန်တာတွေကို မနက်ဖြန်မှ ခွဲမယ်။ အခု အဓိက အစီအစဉ် လာပြီ။”
ဒါကို မြင်တော့၊ သစ်သား တဲလေးထဲမှာ ရှိနေတဲ့ ဆရာ ဟယ် လည်း ခါးထောက်လိုက်ပြီး၊ ဂုဏ်ယူဝင့်ကြွားတဲ့ အမူအရာနဲ့ ဝင်လာလေသည်။
ခွေးလေးအပါအဝင် မှိုအိမ်ကလေး ရဲ့ အမြဲတမ်း နေထိုင်သူ လေးယောက်၊ ဒါရိုက်တာ ချန် ဦးဆောင်တဲ့ ဒါရိုက်တာ အဖွဲ့ကို ရင်ဆိုင်ဖို့ ဈေးဆစ် မဟာမိတ် အဖွဲ့ ဖွဲ့လိုက်ကြလေသည်။
အနောက်ဘက်မှာ ရပ်နေတဲ့ ရှီယာ၊ သူမရဲ့ နေရာက ကွယ်နေတာမို့၊ သူမရဲ့ သွယ်လျတဲ့ လက်ကို ဆန့်ထုတ်ပြီး ချင်းလန် ရဲ့ လက်ဖဝါးကို ညင်သာစွာ ပွတ်သပ်လိုက်လေသည်။ ခေါင်းလွှဲလိုက်ပြီး၊ သူမရဲ့ မက်မွန်ပွင့် မျက်လုံးတွေ မှာ စိတ်ခံစားမှုတွေ လှုပ်ရှားနေကာ၊ ဒီနေ့အတွက် ပထမဆုံး အကြိမ် ဆွဲဆောင်မှု ရှိတဲ့ အမူအရာကို ထုတ်ဖော်ပြသလိုက်လေသည်။
ချင်းလန် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး၊ ဆက်မကြည့်ရဲတော့ဘဲ၊ သူ့အကြည့်ကို ဈေးဆစ် မဟာမိတ် အဖွဲ့ဆီ အမြန် ပြောင်းလိုက်လေသည်။
စားဖိုမှူးဟွမ် လိုရင်းကို မေးလိုက်လေသည်။
“အဘိုးချန် အသားဈေး ဘယ်လောက်လဲ”
ဒါရိုက်တာ ချန် တခစ်ခစ် ရယ်မောလိုက်လေသည်။
“ခင်ဗျားတို့ တန်ဖိုးတူညီတဲ့ စပါးခင်းငါး တွေနဲ့ လဲလို့ ရပါတယ်။ မှိုအိမ်ကလေး နဲ့ မဝေးတဲ့ နေရာမှာ လယ်သမားတွေ ငါး မွေးထားတဲ့ စပါးခင်း တစ်ခု ရှိတယ်။ စပါးခင်း ငါး အကောင် ၂၀ ကို ဝက်သား တစ်ပေါင် နဲ့ လဲလို့ ရပြီး၊ စပါးခင်း ငါး အကောင် ၃၀ ကို သိုးသား တစ်ပေါင် နဲ့ လဲလို့ ရတယ်...”
ဟွမ်ရှောင်ချူ အနောက်က ဆရာ ဟယ် ကို လှည့်ကြည့်လိုက်ပြီး၊ ဆရာ ဟယ် က ဖုန်ဖုန် ကို ကြည့်လိုက်လေသည်။ ဖုန်ဖုန် ချက်ချင်း သူ့ခြေညှပ်ဖိနပ် တစ်ဖက်ကို ချွတ်ပြီး ဟွမ်ရှောင်ချူ ကို ကမ်းပေးလိုက်လေသည်။
ခြေညှပ်ဖိနပ်ကို ကိုင်ထားရင်း၊ စားဖိုမှူးဟွမ် ဒါရိုက်တာချန် ဆီ လက်ဟန်ပြလိုက်လေသည်။
“ဝက်သား တစ်ပေါင်နဲ့ စပါးခင်းငါး ၅ ကောင် ရောင်းမလား မရောင်းဘူးလား”
ဒါရိုက်တာ ချန် ခေါင်းခါလိုက်လေသည်။
“မဖြစ်နိုင်ဘူး”
ဖြောင်း!
ခြေညှပ်ဖိနပ်က ဟွမ်ရှောင်ချူ လက်ထဲကနေ လွင့်ထွက်သွားပြီး ဒါရိုက်တာ ချန် ရှေ့က ကျောက်ပြား ပေါ် ကျသွားလေသည်။
မှတ်ချက် ကဏ္ဍ ပြန်လည် စတင်လာလေသည်။
“လာပါပြီ၊ နည်းပြ ဟွမ် ရဲ့ လည်ပတ် ရိုက်ချက်”
တကယ်လို့ ပြောင်းပြန် လည်သွားရင်၊ ဒါရိုက်တာ ချန် သေချာပေါက် ဖမ်းမိမှာ မဟုတ်ဘူး။
ဒါရိုက်တာ ချန် ရှောင်တိမ်းဖို့ ခြေထောက်တစ်ဖက် မမြှောက်လိုက်ပြီး ဖုန်ဖုန် ရဲ့ ခြေညှပ်ဖိနပ်ကို ဒါရိုက်တာ အဖွဲ့ရဲ့ နောက်ဘက်မှာ ဝှက်ထားလိုက်လေသည်။
သနားစရာ ဖုန်ဖုန်၊ ခြေထောက်တစ်ဖက်တည်းနဲ့ ရပ်နေပြီး ခါးသက်သက် မျက်နှာထားနဲ့ အော်ဟစ်လိုက်လေသည်။
“ဒါရိုက်တာ၊ ကျွန်တော့် ဖိနပ် ပြန်ပေး”
ဒါရိုက်တာ ချန် သူ့ကို လျစ်လျူရှုပြီး စားဖိုမှူး ဟွမ် ကို ကြည့်လိုက်လေသည်။
“ဆရာ ဟွမ်၊ ဒီတစ်ခါ ဈေးနှုန်းက အရမ်း သင့်လျော်နေပါပြီ၊ ထပ်လျှော့ပေးလို့ မရတော့ပါဘူး။”
ဟွမ်ရှောင်ချူ ခါးသက်သက် အပြုံးနဲ့ ဆရာ ဟယ် ကို ကြည့်လိုက်လေသည်။
“ဆရာ ဟယ်၊ ခင်ဗျား ဝင်ပါရမယ့် အလှည့် ရောက်ပြီ။”
နွေးထွေးတဲ့ အပြုံးနဲ့ အတူ၊ ဆရာ ဟယ် ပြောလိုက်လေသည်။
“အဘိုးချန်၊ ငါတို့က မိတ်ဟောင်းတွေပဲလေ၊ ပြီးတော့ ရှီယာ က ဒီနေ့ လာလည်တာ။ ငါ့ကို ကူညီပေးလို့ ရမလား။ ဒီနွေရာသီမှာ မင်းရဲ့ ရုပ်ရှင် ထွက်ဖို့ ရှိတယ် မဟုတ်လား။ ငါ ရုပ်ရှင်ပြပွဲတစ်ခုလုံးကို ကြိုတင်မှာလိုက်မယ်။ငါတို့ကို ၅၀% လျှော့ဈေး ပေးလို့ ရမလား”
ဒါရိုက်တာ ချန် ထပ်မံ ခေါင်းခါလိုက်လေသည်။
“ဆရာ ဟယ်၊ ကျွန်တော်က အဲ့လို လူမျိုး မဟုတ်ပါဘူး။ ခင်ဗျား ဒီမှာ ကြော်ငြာပေးရင်တောင်၊ ကျွန်တော် လုပ်စရာ ရှိတာ လုပ်ရမှာပါပဲ။ ဘာပဲဖြစ်ဖြစ်၊ ကျွန်တော့် ဈေးနှုန်းက အရမ်း သင့်လျော်နေပါပြီ၊ ပြီးတော့ ဧည့်သည်တွေ အပါအဝင် စုစုပေါင်း လူခြောက်ယောက် ရှိတယ်လေ။”
ဖုန်းကို ငုံ့ကြည့်နေတဲ့ ချင်းလန်၊ မော့ကြည့်လိုက်ပြီး ပြောလိုက်လေသည်။
“ဒါရိုက်တာ၊ ဒီလို လုပ်ရင်ရော၊ ကျွန်တော်လည်း ရုပ်ရှင်ရုံ တစ်ခုလုံးကို ကြိုတင်မှာလိုက်မယ်။”
“ခင်ဗျားလည်း...”
ဒါရိုက်တာ ချန် စကားမဆုံးခင်မှာပဲ၊ သူ့နောက်က ထုတ်လုပ်ရေး အဖွဲ့ ဖုန်းတစ်လုံး လက်ခံရရှိလိုက်ပြီး၊ သူတို့ရဲ့ ဈေးဆစ် ညှိနှိုင်းမှုကို နှောင့်ယှက်လိုက်လေသည်။
ဖုန်းချပြီး မကြာမီမှာပဲ၊ ဒါရိုက်တာ အဖွဲ့ထဲက လက်ထောက်က ဒါရိုက်တာ ချန် ကို လှမ်းအော်လိုက်လေသည်။
“ဒါရိုက်တာ ချန်၊ ယန်ကျင်းမှာ ပြမယ့် ဆရာ့ရဲ့ ရုပ်ရှင် ပွဲဦးထွက်လက်မှတ်တွေ အကုန်လုံး တစ်မိနစ် အတွင်း ရောင်းကုန်သွားပြီ။ ကြိုတင်ရောင်းချတဲ့ ရုံဝင်ငွေက သန်း ၃၀ ကျော်သွားပြီ။အသားတင် တိုးတက်မှု သန်း ၂၀ ကျော်တယ်”
ရှူး...
မှိုအိမ်ကလေး ထဲက လူတိုင်း၊ ထုတ်လုပ်ရေး အဖွဲ့ တစ်ဖွဲ့လုံး အပါအဝင်၊ သူတို့ရဲ့ အာရုံကို ချင်းလန် ဆီ လှည့်လိုက်ကြလေသည်။
သူတို့က နေရာတစ်ခုလုံးကို ဒီအတိုင်း ကြိုတင်မှာယူလိုက်တာ။
ထို့ပြင်၊ ယန်ကျင်း ထဲက ရုပ်ရှင်ရုံ အားလုံးကို တစ်ရက်လုံးစာ ကြိုတင်မှာယူလိုက်တာ။
ဒါရိုက်တာ ချန် ကြောင်အအ ဖြစ်သွားလေသည်။
စကားလုံးတွေ သူ့လည်ချောင်းမှာ တစ်ဆို့နေပြီး၊ သူ လှည့်ထွက်သွားကာ၊ စကားတစ်ခွန်းတည်း ထားရစ်ခဲ့လေသည်။
“ဈေးနှုန်း ပြောင်းလဲမှာ မဟုတ်ဘူး”
တိုက်ရိုက်ထုတ်လွှင့်မှု ပေါက်ကွဲသွားလေသည်။
“ငါ့အဖေက အမြဲတမ်း ကြင်နာပြီး ခင်မင်စရာ ကောင်းတယ်”
“ငါ့အဖေရဲ့ ရက်ရောမှုက လူတိုင်း အသိပါပဲ”
“ဒါရိုက်တာ ချန် ဒီတစ်ခါ ပြတ်သားရမယ်၊ မဟုတ်ရင် ငါ့အဖေရဲ့ အာဏာရှင်ဆန်မှုက မှိုအိမ်ကလေး တစ်ခုလုံးကို ဖျက်ဆီးပစ်လိမ့်မယ်”
“ဒါရိုက်တာချန် က မှိုအိမ်ကလေး ရဲ့ နောက်ဆုံး ခံတပ်ပဲ။ တကယ်လို့ ဒါရိုက်တာ ချန် တောင် အရှုံးပေးလိုက်ရင်၊ ငါ့အဖေက တကယ် အံ့ဩစရာပဲ။”
“ဒါရိုက်တာ ချန် ပိုက်ဆံကြောင့် မပျက်စီးသွားတာကို ငါ လေးစားတယ်။ ငါ သူ့ဆီကနေ သင်ယူဖို့ ဆုံးဖြတ်ထားတယ်။ အဖေ... သားရဲ့ ရည်မှန်းချက် ဘယ်လောက် မြင့်မားလဲ ဆိုတာ အဖေ မြင်လား”