အခန်း (၁၇) ငတုံးမလေး စုရှောင်းရှောင်း
ဧည့်ခန်းထဲမှာ ချင်းလန်က ဆိုဖာပေါ်မှာ ထိုင်ရင်း စုရှောင်းရှောင်းရဲ့ လက်ကို လွှတ်ပေးလိုက်ပြီး သံသယဖြစ်သလို မေးလိုက်သည်။
“ရှောင်းရှောင်း၊ ငါ မင်းလက်ကို ကိုင်ထားတာမကြိုက်လို့လား၊ မဟုတ်ရင် မင်းက ဘာလို့ အမြဲတမ်း အတင်း ရုန်းထွက်ဖို့ ကြိုးစားနေရတာလဲ”
“ဒါမှမဟုတ် မင်းနှလုံးသားထဲမှာ တခြားတစ်ယောက် ရှိနေလို့လား”
“အာ”
စုရှောင်းရှောင်း လန့်သွားပြီး မျက်နှာလေး ဖြူဖျော့သွားလေသည်။
“သခင်လေး ဘယ်လိုပြောလိုက်တာလဲ”
သူမရဲ့ နှလုံးသားက အရမ်းကို တုန်လှုပ်
သွားလေသည်။ သူမက ဆိုဖာပေါ်မှာ ထိုင်နေတဲ့ ချင်းလန်ကို မသိမသာ ခိုးကြည့်လိုက်ပြီး သူမရဲ့စိတ်တွေက လုံးဝ ရှုပ်ထွေးသွားသည်။
သခင်လေးက ဘာသဘောနဲ့ ဒီလိုမေးခွန်းတွေ မေးနေတာလဲ၊ ဖြစ်နိုင်တာက...
အခုက စုရှောင်းရှောင်းအတွက် အချစ်နဲ့ပတ်သက်တဲ့ ခံစားချက်တွေကို စတင်ခံစားနေရတဲ့ အရွယ်ဖြစ်ပြီး ယောက်ျားနဲ့ မိန်းမကြားက ဆက်ဆံရေးတွေနဲ့ ပတ်သက်ပြီး ထူးထူးခြားခြား ဖြစ်နေလေသည်။
အထူးသဖြင့် ချင်းလန်လို လူမျိုးနဲ့ဆို ပိုဆိုးလေသည်။ သူ့ရဲ့ အပြုံးတစ်ခုတည်းကတောင် သူမကို ညပေါင်းများစွာ လှပတဲ့ အိပ်မက်တွေ မက်စေနိုင်တာကြောင့် သူမရဲ့ စိတ်ကူးတွေကို မထိန်းချုပ်နိုင်တော့ပေ။
ဒါက သာမန်ကောင်လေးတစ်ယောက် စာသင်ခန်းထဲမှာရှိနေတုန်း အမြဲတမ်းအေးစက်စက် နေတတ်တဲ့ စာသင်ခန်းရဲ့ အလှဘုရင်မလေးက ရုတ်တရက် လှည့်ကြည့်လိုက်ရင် “ဒီကောင်မလေး ငါ့ကို ကြိုက်နေတာလား” လို့ တွေးမိတာနဲ့ တူလေသည်။
ဘာလို့လဲ၊ ဘာလို့ ငါ့ကို လှည့်လှည့်ကြည့်နေတာလဲ။ ငါ့ကို ချစ်ကြောင်း လာပြောတော့မလို့လား။
ဒါဆို ငါက ငြင်းသင့်လား လက်ခံသင့်လား။
မြီးကောင်ပေါက်အရွယ်ဆိုတာ ယောက်ျားလေးတွေပဲ ဖြစ်တာမဟုတ် မိန်းကလေးတွေလည်း ဖြစ်တတ်တာပင်။
စုရှောင်းရှောင်းက လက်ရှိအဲ့လို ဖြစ်နေတာပင်ဖြစ်သည်။
သူမရဲ့ ဖြူဖွေးတဲ့ လက်ချောင်းလေးတွေကို တင်းတင်းဆုပ်ထားရင်း ဘယ်လိုပြောရမလဲ မစဥ်းစားတတ်တော့ပေ။
သခင်လေးက အထင်လွဲပြီး စိတ်ဆိုးသွား ပြီးတော့ နောက်ဘယ်တော့မှ သူ့လက်ကို မကိုင်တော့ရင် ဘယ်လိုလုပ်မလဲ။
ဒါပေမဲ့ မရှိဘူးလို့ ပြောလိုက်ရင်လည်း သခင်လေးက ပိုပိုပြီး ရဲတင်းလာမှာကို သူမက နည်းနည်း ကြောက်နေမိသည်။
ခဏတာတော့ သူမက အကျပ်ရိုက်သွားလေသည်။
ကောင်မလေးရဲ့ တုံ့ဆိုင်းနေတဲ့ အမူအရာကို မြင်တော့ ချင်းလန်က ရယ်လိုက်ပြီး
“မင်း အရမ်းကြီး စိတ်ပူနေစရာ မလိုပါဘူး အဆင်ပြေပါတယ်။ မင်းကြိုက်တဲ့သူရှိရင် ငါ့ကိုပြော အနာဂတ်မှာ မင်းကို ငါ လုံးဝ လက်ဖျားနဲ့တောင် မထိတော့ဘူး။”
“အဲ့ကောင်လေး နာမည်က ရဲ့ဖန် မဟုတ်လား၊ သူက မင်းနဲ့အတူ မိဘမဲ့ဂေဟာမှာ ကြီးပြင်းလာပြီး မင်းတို့က ငယ်သူငယ်ချင်းတွေလေ ဒါပေမဲ့ အခု သူက ပျောက်နေတယ် ဟုတ်တယ်မလား”
“စိတ်မပူပါနဲ့၊ လူကောင်းတွေက ကံကောင်းကြတယ်လို့ ငါယုံတယ်။ သူ တစ်နေ့နေ့တော့ သေချာပေါက် ပြန်လာမှာပါ၊ အဲ့ဒီနေ့က သိပ်မဝေးလောက်တော့ပါဘူး။”
စကားလုံးတိုင်းက စုရှောင်းရှောင်းရဲ့ နူးညံ့တဲ့ အသားအရေကို ဓားနဲ့ လှီးဖြတ်နေသလိုခံစားရလေသည်။
နောက်ဆုံးမှာတော့ ချင်းလန်က စုရှောင်းရှောင်းရဲ့ နှလုံးသားထဲကို ထက်မြက်တဲ့ ဓားတစ်ချောင်းနဲ့ စိုက်ချလိုက်သလို
“မင်းတို့ ချစ်သူတွေ ပေါင်းဖက်နိုင်ပါစေ”
လို့ ပြောလိုက်လေသည်။
“မဟုတ်ဘူး၊ အဲ့လိုမဟုတ်ဘူး သခင်လေး ရှင်အထင်လွဲနေပြီ”
စုရှောင်းရှောင်းက ထိတ်လန့်တကြားနဲ့ ပြောလိုက်ပြီး သူမရဲ့ အသံက တုန်ယင်နေသည်။
ငယ်ငယ်တုန်းကတော့ သူနဲ့
ရဲ့ဖန်က တကယ်ပဲ ငယ်သူငယ်ချင်းတွေ ဖြစ်ခဲ့ကြသည်။ ဒါပေမဲ့ ဒီလောက် ငယ်ငယ်လေးရှိသေးတာကို ယောက်ျားနဲ့ မိန်းမကြားက ခံစားချက်ကို ဘယ်လို နားလည်နိုင်မှာလဲ။
ဒါ့အပြင် စုရှောင်းရှောင်းက မိဘမဲ့ဂေဟာမှာ ရဲ့ဖန်ကို အနိုင်ကျင့်တဲ့ ကလေးဆိုးတွေကို အမြဲတမ်း ကူပြီး ရန်ဖြစ်ပေးခဲ့ရသည်။ ရဲ့ဖန်ကြောင့်ပင် သူမက ခဏခဏ အရိုက်ခံခဲ့ရလေသည်။သူတို့နှစ်ယောက်က အတူတူ အခက်အခဲတွေကို ဖြတ်ကျော်ခဲ့ကြတဲ့ မောင်နှမတွေလို ပဲခံစားရလေသည်။
“ဘာလို့ ငိုနေတာလဲ” ချင်းလန်က လက်လှမ်းပြီး စုရှောင်းရှောင်းရဲ့ နူးညံ့တဲ့ ခန္ဓာကိုယ်လေးကို သူ့ရင်ခွင်ထဲ ဆွဲယူလိုက်ကာ သူမရဲ့ မျက်ရည်တွေကို သုတ်ပေးလိုက်သည်။
“ငါ မှားပြောမိလို့လား”
“ဟင့်...”
စုရှောင်းရှောင်းက သူမရဲ့ နှုတ်ခမ်းလေးကို ဝမ်းနည်းစွာ စူလိုက်ပြီး နှာခေါင်းကနေ
“ဟင့်” ဆိုတဲ့ အသံလေး ပျော့ပျော့လေး ထွက်လာလေသည်။
ချင်းလန်က စပ်စုသလို မေးလိုက်သည်။
“ရဲ့ဖန် ပြန်လာတဲ့အခါ မင်းကို ဖွင့်ပြောရင်ကော”
“မဖြစ်နိုင်တာ၊ ရှောင်ဖန်က ကျွန်မကို အစ်မတစ်ယောက်လိုပဲ အမြဲ ဆက်ဆံတာ။”
စုရှောင်းရှောင်းက ခေါင်းခါလိုက်သည်။
ဒါပေမဲ့ ချင်းလန်မျက်မှောင်ကြုတ်နေတာကို မြင်တော့ သူမက ထပ်ဖြည့်ပြောလိုက်သည်။
“တကယ်လို့ ရှောင်ဖန်က သခင်လေး ပြောသလို တကယ်ဖြစ်လာရင်တောင်... ကျွန်မ... ကျွန်မ သူ့ကို လက်ခံမှာ မဟုတ်ဘူး။ ကျွန်မ သူ့ကို မောင်လေးတစ်ယောက်လိုပဲ သဘောထားတာ။”
“ဒင်! ဇာတ်လိုက် ရဲ့ဖန်၏ ကံကောင်းခြင်းအမှတ် ၁၀၀၀ ဆုံးရှုံးသွားပါပြီ။ ဂုဏ်ယူပါတယ် အိမ်ရှင်သည် ဗီလိန်အမှတ် +10000 ရရှိသွားပါပြီ”
စနစ်ရဲ့ အသိပေးချက်ကို ကြားလိုက်ရတော့ ချင်းလန်က စိတ်သက်သာရာရသွားသလို ခံစားလိုက်ရသည်။
သူက စုရှောင်းရှောင်းကို ကြိုတင် သတိပေးရုံလေးတင်၊ ဒါပေမဲ့ ဒီလို မမျှော်လင့်ထားတဲ့ ဆုလာဘ် ရလိမ့်မယ်လို့ မထင်ထားပေ။
သူ့ရင်ခွင်ထဲမှာ တုန်ယင်နေတဲ့ စုရှောင်းရှောင်းကို ပွေ့ဖက်ထားရင်း ချင်းလန်က စိတ်လှုပ်ရှားလာလေသည်။
သူမရဲ့ အသားအရေက ချောမွေ့ပြီး နူးညံ့နေသည်။ အထူးသဖြင့် သူမရဲ့ ရှည်လျားပြီး နူးညံ့တဲ့ ခြေတံလေးတွေကို အဖြူရောင် ခြေအိတ်ရှည်တွေနဲ့ ဖုံးအုပ်ထားပြီး သူ့ကို ဖိကပ်ထားတော့ အားကောင်းတဲ့ ဆွဲဆောင်မှုကိုဖြစ်စေလေသည်။
“သခင်လေး...” စုရှောင်းရှောင်းက ခေါင်းငုံ့နေကာ တိုးတိုးလေးခေါ်လိုက်လေသည်။
ချင်းလန်က စကားလမ်းကြောင်းကို အမြန်ပြောင်းလိုက်ပြီး စုရှောင်းရှောင်းရဲ့ ပေါင်တံလေးကို ဆွဲညှစ်လိုက်ကာ
“ဒီလောက် ရက်တွေကြာနေပြီ၊ ဘာလို့ မင်းက ဒီလောက် ပိန်နေရတာလဲ၊ ဒီသခင်လေး မရှိတုန်း မင်း အစားမှန်မှန် မစားဘူးလား”
ဟုမေးလိုက်လေသည်။
“ကျွန်မ စားပြီးပါပြီ” စုရှောင်းရှောင်းက မျက်နှာလေး နီရဲနေပြီး တိုးတိုးလေး ပြောလိုက်သည်။
သခင်လေးက ရှောင်ဖန်ရဲ့ ကိစ္စကို ဆက်မပြောတော့ဘူးဆိုတာ သူမ သိလိုက်ရတော့ စိတ်ထဲမှာ အများကြီး ပေါ့ပါးသွားသည်။
ရိုးရိုးသားသားပြောရရင် သခင်လေးက ဘာလို့ အတွေးလွန်နေတာလဲ မသိပေ။ ဘယ်လိုဖြစ်ပြီး သူမနဲ့ ရှောင်ဖန်ကို တွဲပေးလိုက်ရတာလဲ။
သူမက ရှောင်ဖန်ကို ကိုယ့်မောင်လေးအရင်းတစ်ယောက်လို သဘောထားတာဖြစ်သည်။
ပြီးတော့ ရှောင်ဖန် ပျောက်နေတာ ဒီလောက်ကြာပြီဆိုတော့ သူကသူ့အစ်မဖြစ်တဲ့ သူမကို မေ့နေပြီလားတောင် မသိပေ။
“ဒီည ဟင်းတစ်ခွက်ထပ်ချက်လိုက်။ ပုံမှန်အတိုင်း ဟင်း ၈ မျိုးနဲ့ ဟင်းချို ၂ မျိုး လုပ်မယ်၊ နောက်ပြီး သင်္ဘောသီးနဲ့ ဝက်နံရိုးဟင်းချို တစ်ခွက်ထပ်ထည့်လိုက်။”
စုရှောင်းရှောင်းက မသိစိတ်နဲ့
“အိုး”
လို့ ပြန်ဖြေလိုက်ပြီး ဘာလို့ ဝက်နံရိုးဟင်းချို တစ်ခွက် အပိုထည့်ခိုင်းမှန်း တွေးနေတုန်းမှာပဲ ချင်းလန်ရဲ့ အကြည့်တွေက သူမရဲ့ ရင်ဘတ်ပေါ်မှာ ဝဲနေတာကို မြင်လိုက်ရတော့ မျက်နှာလေး ပိုရဲသွားလေသည်။
သူမက ချင်းလန်ရဲ့ ရင်ခွင်ထဲကနေ အမြန်ဆုံးရုန်းထွက်လိုက်လေသည်။
“ဘာဖြစ်လို့လဲ”
ချင်းလန်က ခြေထောက်ချိတ်ထိုင်ရင်း မျက်တောင်မခတ်ဘဲ မေးလိုက်သည်။
စုရှောင်းရှောင်းက ရှက်ရွံ့စွာ ဒုတိယထပ်က အိမ်ဖော်အခန်းဆီကို ငှက်လေးတစ်ကောင်လို ပေါ့ပါးစွာ ပြေးတက်သွားလေသည်။
ဒုန်း!
တံခါးပိတ်ပြီးနောက် စုရှောင်းရှောင်းရဲ့ မျက်နှာလေးနီရဲနေကာ နူးညံ့တဲ့ ကုတင်ပေါ်ကို ပစ်လဲချလိုက်ပြီး ခေါင်းအုံးထဲ မျက်နှာအပ်လိုက်ကာ
“လူဆိုး”
ဆိုတဲ့ စကားလုံးကိုပဲ ထပ်ခါထပ်ခါ ရေရွတ်နေလေသည်။
ခဏကြာတော့ ထထိုင်လိုက်ပေမယ့် ခုနက ဖြစ်ခဲ့တာတွေကို မတွေးဘဲ မနေနိုင်ပေ။
သူမက လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့မှာ ထားပြီး သေချာ ချိန်ဆကြည့်ရင်း ကိုယ့်ကိုယ်ကိုပြောလိုက် လေသည်။
တကယ်ပဲ သေးနေလို့လား။
သခင်လေးက ရင်သားကြီးကြီးနဲ့ ပုံစံမျိုးကို ကြိုက်တာလား။
သင်္ဘောသီးနဲ့ ဝက်နံရိုးဟင်းချို သောက်ရင် တကယ်ပဲ နည်းနည်း ပိုကြီးလာမှာလား။
တွေးရင်း တွေးရင်းနဲ့ စုရှောင်းရှောင်းက ကိုယ့်ကိုယ်ကို အရှက်မရှိဘူးလို့ ကျိန်ဆဲလိုက်မိသည်။
သူမက လက်နှစ်ဖက်နဲ့ ပါးပြင်ကို
ဒေါသတကြီး ပွတ်လိုက်ပြီး
“အား! စုရှောင်းရှောင်း၊ ဘာလို့ နင်က အမြဲတမ်း ဒီလို အရူးအနှမ်း အတွေးတွေ တွေးနေရတာလဲ၊ သခင်လေးက အကြီးကြီးတွေ ကြိုက်တာနဲ့ နင်နဲ့ ဘာဆိုင်လို့လဲ အဓိပ္ပာယ်မရှိတာတွေ မတွေးနဲ့တော့၊ သခင်လေးက သောက်ခိုင်းပေမယ့် ငါမသောက်ဘူး။ ဘာပဲဖြစ်ဖြစ် သူက အကြီးကြီးတွေ ကြိုက်တာပဲ။”
“သေးသေးလေး ဖြစ်နေရင် သခင်လေးက နောက်ဆို လက်ကို ခဏခဏ လာမကိုင်တော့ဘူးလား”
ဟုတစ်ယောက်ထဲရေရွတ်နေလေသည်။