အခန်း (၁၆၃) ရိုးသားသူတွေက သူများ ပြဿနာကို ဘယ်တော့မှ ခေါင်းမခံကြဘူး
“မဖြစ်နိုင်ဘူး၊ ရှင် ဘာပေါက်ကရတွေ ပြောနေတာလဲ”
ကောင်မလေး က ဝမ်းနည်းနေပုံရလေသည်။
ချန်ဖျင်အန်း ဒေါသထွက်လာပြီး၊ သူ့တစ်ကိုယ်လုံး အပူချိန်တွေ မြင့်တက်လာကာ ပုံမှန် မဟုတ်လောက်အောင် စိတ်ဆတ်နေလေသည်။
“မင်း ငါ့ကို လှည့်စားရဲတယ်ပေါ့”
သောက်ကျိုးနည်း......
သူ အလိမ်ခံလိုက်ရပြီ......
သူ ချုံခိုတိုက်ခိုက်ခံလိုက်ရတာ၊ ပြီးတော့ ဒီလောက် ကောက်ကျစ်တဲ့ နည်းလမ်းတွေ သုံးပြီးတော့လေ၊ သူ ဘယ်လိုလုပ် အဆိပ်မမိဘဲ နေမှာလဲ။
သူ့အင်အားတွေ လျင်မြန်စွာ ကျဆင်းလာရတဲ့ အရင်းအမြစ်က အောက်ပိုင်းကနေ စတင် မြင့်တက်လာနေတာကိုး။
ဘားက ကောင်မလေး မြေကြီးပေါ် လဲကျသွားပြီး၊ မျက်လုံးထဲမှာ မျက်ရည်တွေ ပြည့်လာကာ၊ နွဲ့ဆိုးဆိုး အသံနဲ့ ဆူပူကြိမ်းမောင်းလိုက်လေသည်။
“ချန်ဖျင်အန်း၊ ကျွန်မ ထင်ခဲ့တာ ရှင်က လူကောင်း တစ်ယောက်လို့၊ ရှင်က ကျွန်မအပေါ် တကယ် ကောင်းချင်ခဲ့တာလို့၊ ဒါပေမဲ့ ရှင်က ကျွန်မကို ဒီလို စွပ်စွဲပြောဆိုလိမ့်မယ်လို့ လုံးဝ မမျှော်လင့်ထားခဲ့ဘူး”
“ဟုတ်တယ်၊ ကျွန်မ ရှင့်ကို လိမ်ခဲ့တယ်။ ကျွန်မမှာ ပထမဆုံး အကြိမ် ဆိုတာ မရှိခဲ့ဘူး ဒါပေမဲ့ ကုသပြီးသားပါ၊ အဆိပ်အတောက် မရှိတော့ပါဘူး”
“ရှင်က ဘာလို့ သူများရဲ့ အပြစ်ကင်းစင်မှုကို ဘာအခြေအမြစ်မှ မရှိဘဲ စွပ်စွဲနေရတာလဲ”
“အချစ်စစ်နဲ့ ချစ်မိသွားရင် ပထမဆုံး အကြိမ် ဖြစ်ဖို့ လိုအပ်လို့လား ခုနက ကုတင်ပေါ်မှာတုန်းက ရှင် ကျွန်မကို အဲ့လို မပြောခဲ့ပါဘူး။ ရှင် ပြောခဲ့တာက ကျွန်မကို တသက်လုံး ကောင်းကောင်း ဆက်ဆံပါ့မယ်၊ ကျွန်မကို တသက်လုံး စောင့်ရှောက်ပါ့မယ် ဆို
သောက်ကျိုးနည်း၊ ရှင်တို့လို အနံ့အသက်ဆိုးတဲ့ ယောကျ်ားတွေ၊ ကုတင်ပေါ်မှာ ပြောတဲ့ စကား ဘာတစ်ခုမှ ယုံလို့ မရဘူး”
“ကျွန်မ မူလက ထင်ထားတာ ရှင်က ထောင်ပေါင်းများစွာထဲက တစ်ယောက်သော ရိုးသားတဲ့ လူသားလို့”
“ရှင်က အရင်က ကြုံခဲ့ဖူးတဲ့ ကိုးရာကိုးဆယ့်ကိုးယောက်သော ယောကျ်ားတွေနဲ့ ထပ်တူထပ်မျှ တူညီနေလိမ့်မယ်လို့ ကျွန်မ လုံးဝ မမျှော်လင့်ထားခဲ့ဘူး”
ဆဲဆိုနေသော အမျိုးသမီးက မြေကြီးပေါ်ကနေ ထလာပြီး လျင်မြန်စွာ ထွက်ပြေးသွားလေသည်။
တစ်ခုခုတော့ မှားနေပြီ။ သူမရဲ့ရောဂါက အရှင်းပျောက်သွားပြီ မဟုတ်ဘူးလား သူမ ပြည့်တန်ဆာ လုပ်ပြီး ရှာထားတဲ့ ငွေအမြောက်အမြား သုံးပြီး ကုသခဲ့တာလေ။
ရောဂါပြန်ထတာ ဖြစ်နိုင်မလား။
မနက်ဖြန် သွားစစ်ဆေးကြည့်လိုက်မယ်။
ရှုပ်ထွေးတဲ့ အတွေးတွေ အားလုံးကို နောက်မှာ ထားခဲ့ပြီး ခြေလှမ်းကျဲကျဲနဲ့ တတ်နိုင်သမျှ မြန်မြန် ပြေးထွက်သွားလေသည်။
အရိပ်ထဲကနေ ဒီမြင်ကွင်းကို ကြည့်နေတဲ့ ချင်းလန် စပ်စုချင်စိတ် ဖြစ်ပေါ်လာတာကို တားဆီးမရနိုင်ပေ။
ဟုတ်ပါတယ်....
ချန်ဖျင်အန်း မိသွားတဲ့ အဆိပ်က တကယ်ပဲ တော်တော်လေး ထူးခြားလေသည်။ အရောင်အဆင်း၊ အနံ့အရသာ မရှိဘဲ၊ ရှာဖွေတွေ့ရှိနိုင်တဲ့ လမ်းကြောင်းတွေလည်း မရှိပေမယ့်၊ သိုင်းပညာရှင်တွေကို အာရုံခံစားမှု ငါးမျိုး နဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်တွေ ဆုံးရှုံးသွားစေနိုင်တယ်။
သာမန်လူတွေ ဖြစ်တဲ့ မိန်းကလေးတွေအပေါ် ကြီးမားတဲ့ သက်ရောက်မှု မရှိပေမယ့်၊ သူတို့မှာ ရုပ်ပိုင်းဆိုင်ရာ ကျဆင်းမှု လုံးဝ မရှိဘူး ဆိုတာတော့ မဖြစ်နိုင်ဘူး မဟုတ်လား။
ဒါမှမဟုတ် အဲ့မိန်းကလေးတွေက ဖျားနာနေရင်းနဲ့ ပိုက်ဆံရဖို့ ကြိုးစားလုပ်ကိုင်နေခဲ့ကြလို့၊ ဆေးဝါးကို ခုခံနိုင်စွမ်းတချို့ ဖြစ်ပေါ်လာတာများလား။
ချင်းလန် စဉ်းစားနေတုန်းမှာပဲ၊ မလှမ်းမကမ်းဆီက ဟိန်းဟောက်သံ တစ်ခု ထွက်ပေါ်လာလေသည်။
“သေလမ်းရှာနေတာပဲ”
ချန်ဖျင်အန်း လက်သီး ဆုပ်လိုက်ပြီး၊ ကျောက်ခဲတစ်လုံး ကောက်ကာ၊ ထွက်ပြေးနေတဲ့ အမျိုးသမီးရဲ့ ကျောဘက်ကို ပစ်ပေါက်လိုက်လေသည်။
အသားကို ဖောက်ထွင်းသွားတဲ့ အသံ ထွက်ပေါ်လာပြီး၊ အမျိုးသမီးက နေရာတင် ရှေ့ကို မှောက်လျက် လဲကျသွားလေသည်။ သူမ ခေါင်းနောက်ဘက်မှာ သွေးသံရဲရဲနဲ့ ကြေမွနေတဲ့ အပေါက်ကြီး တစ်ခု ဖြစ်ပေါ်နေပြီး၊ သူမ လုံးဝ သေဆုံးသွားလေသည်။
“မင်းလည်း သေရမယ်”
ချန်ဖျင်အန်း ရဲ့ မျက်လုံးတွေ နီရဲလာလေသည်။ သူ့ကို လှည့်စားခဲ့တဲ့ စုန်းမ ကို ရှင်းပစ်ပြီးနောက်၊ သူ သွေးနီရောင် မန်ဒါလာ ကို ပစ်မှတ်ထားလိုက်လေသည်။
နဂါးတွေမှာ ထိလို့မရတဲ့ အကြေးခွံတွေ ရှိတယ်၊ အဲ့ဒါကို ထိလိုက်ရင် သေချာပေါက် သေလမ်းပဲ။
သွေးနီရောင် မန်ဒါလာ ရဲ့ ထပ်ခါတလဲလဲ ရန်စမှုတွေ ရှိနေပေမယ့်၊ ချန်ဖျင်အန်း တခြား ဘာအတွေးမှ မဝင်နိုင်တော့ပေ။ သူ့ခန္ဓာကိုယ်က ဝေဝါးသွားပြီး သွေးနီရောင် မန်ဒါလာ ကို လျင်မြန်စွာ တိုက်ခိုက်လိုက်လေသည်။
ရွှီး ရွှီး!
ငွေအပ်တွေ တစ်ချောင်းပြီး တစ်ချောင်း ပစ်လွှတ်လိုက်ရာ၊ လျှပ်စီးလက်သလို လျင်မြန်တဲ့ နှုန်းနဲ့ ကျည်ဆန်တွေလို ပျံသန်းသွားလေသည်။
သွေးနီရောင် မန်ဒါလာ ရုန်းကန်နေရပြီး ကမန်းကတန်း ရှောင်တိမ်းလိုက်ရလေသည်။ လုပ်ကြံသတ်ဖြတ်သူ တစ်ယောက် အနေနဲ့၊ သူမရဲ့ အကြီးမားဆုံး စွမ်းရည်က ချက်ချင်း လုပ်ကြံသတ်ဖြတ်ခြင်းပင်။
သို့သော်၊ တိုက်ရိုက် တိုက်ခိုက်မှုအပိုင်းမှာတော့၊ သူမ အင်အား နည်းနည်း လိုအပ်နေသေးလေသည်။
အဆိပ်မိထားလို့ ချန်ဖျင်အန်း ရဲ့ အင်အားတွေ အများကြီး လျော့နည်းနေပေမယ့်၊ သွေးနီရောင် မန်ဒါလာ ပျံဝဲလာတဲ့ ငွေအပ်တွေရဲ့ ထိုးဖောက်တာကို အကြိမ်အနည်းငယ် ခံလိုက်ရလေသည်။
သူမ အမြန် နောက်ဆုတ်လိုက်ပြီး၊ သူမလက်မောင်းက ငွေအပ် နှစ်ချောင်းကို ဆွဲထုတ်ကာ၊ မျက်နှာဖုံးအောက်မှာ နှုတ်ခမ်းကို တင်းတင်းကျပ်ကျပ် စေ့ထားပြီး၊ မျက်နှာထား လေးနက်နေလေသည်။
“သောက်ကျိုးနည်း၊ မင်း မလွတ်မြောက်နိုင်ဘူး”
ချန်ဖျင်အန်း က သွေးနီရောင် မန်ဒါလာ နောက်ကို လိုက်သွားလေသည်။
သူ ဒေါသထွက်နေလေသည်။ တကယ်လို့ သူ အဆိပ်မမိခဲ့ရင်၊ အဲ့ဒီ အပ်အနည်းငယ်က အမျိုးသမီး လုပ်ကြံသတ်ဖြတ်သူရဲ့ သွေးကြော အများအပြားကို ပိတ်ဆို့သွားစေပြီး၊ သူမကို လွယ်လွယ်ကူကူ ဖြိုခွင်းနိုင်မှာ ဖြစ်လေသည်။
သူ့အင်အားတွေ လျော့နည်းနေရင်တောင်၊ သူ ဆုတ်ခွာမယ့် အရိပ်အယောင် လုံးဝ မပြပေ။
တကယ်လို့ ငါ သွေးနီရောင် မန်ဒါလာ ကို မသတ်ရရင်၊ ငါ့ရင်ထဲက အမုန်းတရားတွေကို ငြိမ်းသတ်နိုင်မှာ မဟုတ်ဘူး။
မျက်စိတစ်မှိတ် အတွင်းမှာပဲ၊ အခြေအနေတွေ သိသိသာသာ ပြောင်းလဲသွားလေသည်။
ချန်ဖျင်အန်း က လုပ်ကြံခံရသူ အဖြစ်ကနေ လက်စားချေသူ အဖြစ် ပြောင်းလဲသွားပြီး၊ တိုက်ခိုက်သူရဲ့ နောက်ကနေ လျင်မြန်စွာ လိုက်လံ တိုက်ခိုက်နေလေသည်။
သွေးနီရောင် မန်ဒါလာ က သူ့ကို လူသူကင်းမဲ့တဲ့ ဝေးလံခေါင်သီတဲ့ နေရာဆီ တမင် မျှားခေါ်သွားလေသည်။
သူတို့ နှစ်ယောက် ထပ်မံ ထိပ်တိုက်တွေ့ကြပြီး
မြှားတို နဲ့ ငွေအပ်တွေ သတ္တုချင်း ရိုက်ခတ်သံတွေ ထွက်ပေါ်လာလေသည်။
အချိန်ကြာလာတာနဲ့အမျှ၊ အဆိပ်အတောက်တွေ ပိုမို နက်ရှိုင်းစွာ ပျံ့နှံ့လာပြီး၊ ချန်ဖျင်အန်း ရဲ့ အင်အားတွေလည်း လျင်မြန်စွာ ကျဆင်းလာလေသည်။
သို့သော်၊ ဒါက ချန်ဖျင်အန်း ကို နောက်ဆုတ်သွားစေခြင်း မရှိဘဲ၊ ပိုပြီးတောင် သွေးဆာလာစေလေသည်။
အစပိုင်းမှာ တည်ငြိမ်မှု အတွက် ကြိုးစားရာကနေ၊ နောက်ပိုင်းမှာ သူတို့ရဲ့ အသက်တွေကို တိုက်ရိုက် စွန့်စားလာကြလေသည်။
ချန်ဖျင်အန်း ရဲ့ လက်မောင်းကို မြှားတိုနဲ့ ခုတ်မိသွားပြီး၊ အရိုးပေါ်တဲ့အထိ နက်ရှိုင်းတဲ့ ဒဏ်ရာ တစ်ခု ဖြစ်ပေါ်လာလေသည်။
သွေးနီရောင် မန်ဒါလာ အမြန် နောက်ဆုတ်လိုက်ပေမယ့်၊ ရှောင်တိမ်းဖို့ နောက်ကျသွားပြီး၊ သူမရဲ့ ပခုံးကို လက်ဝါးရိုက်ချက် ထိမှန်သွားကာ၊ ကျိုးပဲ့သံ ထွက်ပေါ်လာလေသည်။
“ဟူး...”
လေထုထဲမှာ၊ လေးလံတဲ့ အသက်ရှူသံ နှစ်ခုသာ ထူးခြားစွာ ရှင်းလင်းပြတ်သားနေလေသည်။
နှစ်ဖက်စလုံး ပြင်းထန်စွာ ဒဏ်ရာရထားကြပြီး၊ နောက်ထပ် တိုက်ပွဲအတွက် အင်အားတွေ စုဆောင်းနေကြလေသည်။
ချန်ဖျင်အန်း ရဲ့ ခြေလက်တွေ မြှားတိုဒဏ်ချက်ကြောင့် အတိုင်းအတာ အမျိုးမျိုး ပြတ်ရှနေလေသည်။ အဆိုးရွားဆုံး အချက်က သွေးနီရောင် မန်ဒါလာ ရဲ့ မြှားတိုမှာလည်း အဆိပ်သုတ်ထားပြီး၊ ဒါက သူ့ရဲ့ အတွင်းအား ဆုံးရှုံးမှုကို ပိုမို မြန်ဆန်စေလေသည်။
ဟူး...
ချန်ဖျင်အန်း အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး၊ သူ့အသက်ရှူနှုန်းကို တည်ငြိမ်အောင် ကြိုးစားလိုက်လေသည်။ သူ့အသက်ရှူသံက လိပ်တစ်ကောင်လို နှေးကွေးသွားလေသည်။
ဒါက သူ့ဆရာ သင်ပေးခဲ့တဲ့ လိပ်အသက်ရှူ နည်းစနစ် ပင်။
ရုပ်ပိုင်းဆိုင်ရာ အင်အားကို စုဆောင်းပြီး ချက်ချင်း ထုတ်လွှတ်နိုင်တဲ့ ထူးခြားတဲ့ လျှို့ဝှက် နည်းစနစ် တစ်ခုဖြစ်လေသည်။
ချန်ဖျင်အန်း သူ့အသက်ရှူနှုန်းကို ညှိပြီး နောက်ဆုံး တိုက်ခိုက်မှု စတင်ဖို့ ပြင်ဆင်နေချိန်မှာပဲ၊ ထျန်ကျီဇီ ရဲ့ လူသားအရေခွံ မျက်နှာဖုံး ဝတ်ဆင်ထားတဲ့ ချင်းလန် မာန်ပါပါ လျှောက်လာလေသည်။
“ဟေ့ကောင်လေး၊ မင်း မိန်းမတစ်ယောက်ကို တိုက်ခိုက်ဖို့ ကြိုးစားရင်း ဒီလောက် ဒဏ်ရာရသွားတာလား။ မင်း ငါ့ကို တကယ် အရှက်ခွဲလိုက်တာပဲ။ တကယ်လို့ ငါ ဒီနေ့ မလာခဲ့ရင်၊ မင်း သေနေလောက်ပြီ။”
ချင်းလန် အေးစက်စွာ နှာမှုတ်လိုက်ပြီး၊ သူ့အိတ်ကပ်ထဲက ဈေးကွက်မှာ ဝယ်လို့ရတဲ့ ဖြေဆေးတစ်လုံး ထုတ်ကာ ချန်ဖျင်အန်း ပါးစပ်ထဲ ထိုးထည့်လိုက်လေသည်။
ချန်ဖျင်အန်း ဆေးလုံး မျိုချပြီးနောက်၊ သွေးနီရောင် မန်ဒါလာ ရဲ့ မြှားတိုပေါ်က အဆိပ်အတောက်တွေ လျင်မြန်စွာ လျော့ပါးသွားတာကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရလေသည်။
အေးစက်တဲ့ မျက်နှာထားနဲ့ အံကြိတ်ပြီး၊ သူ ပြောလိုက်လေသည်။
“ဆရာအိုကြီး၊ ခင်ဗျားမှာ ဖြေဆေး နောက်ထပ် ရှိသေးလား ကျွန်တော့် ခန္ဓာကိုယ်ထဲမှာ တခြား အဆိပ်တစ်မျိုး ရှိနေသေးတယ်”
သောက်ကျိုးနည်း၊ ငါတို့ ဒီတစ်ခါ ဒုက္ခရောက်ပြီ။ ဒီကိစ္စ နောက်ကွယ်မှာ ဟိုကောင် ချင်းလန် ရှိနေတာ သေချာတယ်။ ဒီအမျိုးသမီး လုပ်ကြံသတ်ဖြတ်သူတောင်မှ ချင်းလန် နဲ့ ခွဲခြားမရတဲ့ ဆက်နွယ်မှု ရှိနေတယ်။
“ဒီကိစ္စ ပြီးရင်၊ ကျွန်တော် ချင်းလန် ကို သေချင်စိတ် ပေါက်သွားအောင် လုပ်ပစ်မယ်”
ချင်းလန် မျက်လုံး လှန်ကြည့်လိုက်လေသည်။
“ဖြေဆေးလုံးလို တန်ဖိုးရှိတဲ့ အရာကို မင်း ဘယ်လိုလုပ် လွယ်လွယ်လေး ထပ်ထုတ်ပေးနိုင်မှာလဲ ငါ့မှာ အိန္ဒိယက ရလာတဲ့ တခြား သွေးဖောက် ကုထုံး တစ်ခု ရှိတယ်။ ငါ မင်းကို ပေးမယ်။”
ချင်းလန် မြှားတို တစ်ချောင်းကို ဆွဲထုတ်လိုက်ပြီး၊ အဖြူရောင် ဓားဖြင့်ထိုးချလိုက်ကာ ချန်ဖျင်အန်း ရဲ့ နှလုံးသားက သွေးတွေကို စတင် ဖောက်ထုတ်လိုက်လေသည်။
“ခင်ဗျား....”
ချန်ဖျင်အန်း ကြောက်လန့်တကြား ဖြစ်သွားပြီး စကားမပြောနိုင်တော့ပေ။ သူ ချင်းလန် ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေပြီး၊ သွေးတွေ ပန်းထွက်နေတဲ့ သူ့ရင်ဘတ်ကို ငုံ့ကြည့်လိုက်လေသည်။
ငါ့ဆရာ ငါ့ကျောကို ဓားနဲ့ ထိုးလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ စိတ်ကူးမယဉ်ခဲ့မိဘူး။
“သောက်ကျိုးနည်း၊ မင်းကို နေရာမှားပြီး ထိုးလိုက်တာပဲ သွေးတွေ အရမ်း ထွက်နေပြီ၊ ငါ မင်းအတွက် ပြန်ပိတ်ပေးမယ်”
စကားတစ်ခွန်းမှ မပြောဘဲ၊ ချင်းလန် မြှားတိုကို မူလနေရာအတိုင်း ပြန်ထိုးထည့်လိုက်လေသည်။