အခန်း(၁၆) မူယွီယန်ရဲ့ အပြောင်းအလဲ
ပတ်ဝန်းကျင်က ပိုပြီးတော့ဆွဲဆောင်မှုရှိလာတာနဲ့အမျှ ချင်းလန်ရဲ့လက်တွေက ပိုရဲတင်းလာပြီး သူမရဲ့ သွယ်လျတဲ့ ခါးလေးကနေတဆင့် တဖြည်းဖြည်း အပေါ်ကို
တက်လာလေသည်။
“တော်တော့”
မူယွီယန်က ချင်းလန်ရဲ့ ဂနာမငြိမ်တဲ့လက်ကို ပုတ်ထုတ်လိုက်ပြီး သူ့ပေါင်ပေါ်ကနေ ထရပ်လိုက်ကာ သူမရဲ့ ဖရိုဖရဲဖြစ်နေတဲ့ အဝတ်အစားတွေကို ပြန်ပြင်လိုက်သည်။
သူမက ချင်းလန်ဟာတဖြည်းဖြည်း ပိုရဲတင်းလာပြီး သူ့အပြုအမူတွေက ပိုပိုပြီး ပေါ့ပျက်ပျက်နိုင်လာတယ်လို့ ခံစားလိုက်ရလေသည်။ ဒီလိုအခြေအနေမှာ အချိန်မီမတားဆီးလိုက်ရင်...
ဒီကောင် မလုပ်ရဲတာဘာမှ ရှိမယ်မထင်ဘူး။
“ကျွန်မအမေရဲ့ကိစ္စတွေအတွက် ရှင့်အကူအညီလိုတယ်။ ဒါကြောင့်မလို့ ရှင့်ဆီမှာ အကြွေးတင်သွားပြီလို့ပဲမှတ်ထားလိုက်။”
မူယွီယန်က သူမရဲ့ ပျော့ပြောင်းတဲ့ မျက်နှာလေးကနေ အရင်ကလို အေးစက်ပြီး မာနကြီးတဲ့ ပုံစံကို ပြန်ပြောင်းလိုက်ကာ အေးစက်ပြီး ဆွဲဆောင်မှုရှိတဲ့ CEO မလေး ပြန်ဖြစ်သွားလေသည်။
ချင်းလန်က ပခုံးတွန့်လိုက်ပြီး
“မင်းက ငါ့ကို ပေါ်တင်ကြီး အသုံးချပြီး
ပစ်သွားတာပဲ။ မင်းလိုမှ ငါ့ကိုခေါ်ပြီး မလိုတော့တဲ့အခါကျ ကန်ထုတ်လိုက်တယ်။”
မူယွီယန်က ပြန်တုံ့ပြန်ချင်ပေမယ့် စကားလုံးတွေကသူမရဲ့ လည်ချောင်းထဲမှာရပ်သွားလေသည်။ထို့နောက် သူမက အေးစက်စွာ နှာမှုတ်လိုက်ပြီး
“ရှင် အဲ့လို ထင်နေရင်တော့ ကျွန်မလည်း ဘာမှမတတ်နိုင်ဘူး။ တခြား ဘာမှမရှိတော့ဘူးဆိုရင် ရှင်အခု ပြန်လို့ရပြီ။”
“ကောင်းပြီလေ ဒါဆို ငါသွားပြီ”
ချင်းလန်က စိတ်မဆိုးပေ။
သူက မူယွီယန်ကို အဓိပ္ပာယ်ပါပါနဲ့ တစ်ချက်ကြည့်လိုက်ပြီး လှည့်ထွက်သွားသည်။
မာနကြီးနေလိုက်! ဆက်ပြီး မာနကြီးနေ!
နောက်မှ ငါ့ဆီလာပြီး ပြန်တောင်းပန်ရတာ ဘယ်လိုလဲသိအောင်ပြဦးမယ်။
မူယွီယန်က ဗီလာရဲ့ ရှေ့တံခါးဝအထိ
ချင်းလန်ကို လိုက်ပို့ပြီး လက်ပြနှုတ်ဆက်လိုက်ကာ
“လမ်းမှာ ဂရုစိုက်သွားနော်၊ အိမ်ရောက်ရင် စာပို့လိုက်ဦး” လို့ ပြောလိုက်လေသည်။
သူတို့နှစ်ယောက်ရဲ့ ရင်းနှီးတဲ့ ပုံစံကကားကို မောင်းနေတဲ့ ကျွင်းဇီကို လေးစားသွား
စေသည်။
ကားက ကျန်းနန် နံပါတ် ၁ ဗီလာ
ကနေ ထွက်လာချိန်မှာ ကျွင်းဇီက
“သခင်လေး၊ သခင်လေးက တကယ့်ကို အရည်အချင်းရှိပြီး အရမ်း အရမ်းမိုက်တာပဲ”
အရင်က မစ္စမူ က ဘယ်လောက်တောင် မာနကြီးခဲ့လဲ။ သူက သခင်လေးကိုမြင်တိုင်း အေးစက်စက် ဆက်ဆံခဲ့တာလေ။အခုတော့ ရက်အနည်းငယ်အတွင်းမှာ အရာအားလုံးက လုံးဝ ပြောင်းလဲသွားတယ်။ သခင်လေးကအရမ်းမိုက်တာပဲ ဟုပြောရင်းနဲ့ မျက်လုံးတစ်ဖက် မှိတ်ပြလိုက်သည်။
“ဘာကို မိုက်ရမှာလဲ” ဟု ချင်းလန်က တိုးတိုးလေး ရေရွတ်လိုက်သည်။
မူယွီယန်ရဲ့ မျက်နှာပြောင်းလဲနိုင်စွမ်းကတော့ တကယ့်ကို ဆရာကျလေသည်။ ဧည့်ခန်းထဲမှာ တုန်းကအေးစက်နေပြီး
ကျွင်းဇီကို မြင်လိုက်တာနဲ့ သူမရဲ့ အပြုံးက နတ်ဘုရားမတစ်ပါးလိုပင်။ သူမက မွေးရာပါ သရုပ်ဆောင်ကောင်းတစ်ယောက်ပဲ။
တကယ်ကို သရုပ်ဆောင်ကောင်းလွန်းတဲ့ မိန်းမ။
သူက အဲ့ဒီကိစ္စကို ခေါင်းထဲထည့်မနေတော့ဘဲ
“စနစ် ကိုဖွင့်လိုက်”
လို့ တိတ်တဆိတ် ပြောလိုက်သည်။
နာမည် : ချင်းလန်
အသက်: 25
ခန္ဓာကိုယ်: 26
ဆွဲဆောင်မှု: 98
ဗီလိန်အမှတ် : 36200
စွမ်းရည်များ : ရင်းနှီးမှု LV6 (အဖွဲ့လိုက် ရင်းနှီးမှု +60)။ အဆင့်မြင့် စန္ဒရားတီးခတ်မှု၊ အဆင့်မြင့် လက်ဖက်ရည်ဖျော်စပ်မှု
စတိုး : ဖွင့်ထားသည် (ဗီလိန်အမှတ် 30,000 ရောက်ရှိသောအခါ Level 1 ဖွင့်လှစ်လို့ရပါမည်)
ကံစမ်းမဲ: ဖွင့်ထားသည် (တစ်ကြိမ် ကံစမ်းတိုင်း ဗီလိန်အမှတ် ၁၀၀ သုံးစွဲရမည်)
သိုလှောင်ခန်း : မစ္စချိုးရဲ့ ဓာတ်ပုံစာအုပ်၊ +2 ချင်ဖုန်း တစ်ရှူး...
လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ
ချင်းလန်က မူယွီယန်တို့ သားအမိနှစ်ယောက်နဲ့ အချိန်ဖြုန်းခဲ့တာ အလကားမဖြစ်ခဲ့ပေ။
သူ့တို့ရဲ့ နှစ်သက်မှုအဆင့်က တဟုန်ထိုး တက်လာခဲ့ပြီး ဗီလိန်အမှတ်တွေလည်း အများကြီးလည်း ရရှိခဲ့လေသည်။
ဒါ့အပြင် သူ့အိမ်မှာ စုရှောင်းရှောင်းလို ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်လည်း ရှိသေးသည်။ သူက သူမရဲ့ လက်ကလေးကို ကိုင်လိုက်တာ ဒါမှမဟုတ် မတော်တဆလိုလိုနဲ့ သူမကို ပွတ်သပ်လိုက်တာမျိုး လုပ်လိုက်ရုံနဲ့ ကို
ဗီလိန်အမှတ် တွေ အများကြီး အလွယ်တကူ ရနိုင်လေသည်။
ဗီလိန်အမှတ် စုစုပေါင်း ၃၀၀၀၀ ကျော်သွားပြီဆိုတော့ စနစ်စျေးဆိုင်ကို ဖွင့်ဖို့ လိုအပ်ချက်ပြည့်မီသွားပြီဖြစ်သည်။
“စတိုးကို ဖွင့်လိုက်”
ချင်းလန်ရဲ့ရှေ့မှာ မျက်နှာပြင် တစ်ခုပေါ် လာပြီး ကုန်ပစ္စည်းအမျိုးမျိုးနဲ့ ဝယ်ယူဖို့ လိုအပ်တဲ့ ဗီလိန်အမှတ်တွေကို ပြလာလေသည်။
ခွန်အား +1 (ခွန်အား 60 အောက်): ဗီလိန်အမှတ် 500
ခွန်အား +1 (ခွန်အား 100 အောက်): ဗီလိန်အမှတ် 1000
ဆွဲဆောင်မှု +1: ဗီလိန်အမှတ် 50000
အဆင့်မြင့် အလှအပဆိုင်ရာ စွမ်းရည်: ဗီလိန်အမှတ် 30000
အခြေခံ ဆေးပညာ စွမ်းရည်: ဗီလိန်အမှတ် 100000
“…”
စျေးနှုန်းတွေကို ကြည့်ပြီ၏တော့ ချင်းလန်ရဲ့ မျက်လုံးတွေ ဝေဝါးသွားလေသည်။
ဒီ စနစ်စတိုးက ဘာကြီးလဲ။
ဒါက ရှင်းရှင်းလင်းလင်းကို ငွေညှစ်နေတာပဲ။
သူ ရက်ပေါင်းများစွာ ကြိုးစားခဲ့ပြီး ဗီလိန်အမှတ် ၃၀၀၀၀ ကျော်ရခဲ့လေသည်။ ဒါတောင် စနစ်စတိုးထဲ မှာသူဝယ်နိုင်တဲ့ ပစ္စည်းက သိပ်မရှိပေ။
သူ့ရဲ့ ကာယခွန်အားကို ၆၀ အထိ တိုးမြှင့်ဖို့ ဗီလိန်အမှတ် ၁၇၀၀၀ သုံးလိုက်ပြီး သူ့ရဲ့ ရင်းနှီးမှု စွမ်းရည်ကို LV8 အထိ အဆင့်မြှင့်ဖို့ နောက်ထပ် အမှတ် ၉၆၀၀ သုံးလိုက်သည်။
တခြား ဘာမှထပ်မဝယ်တော့ဘဲ ကျန်တဲ့အမှတ်တွေအားလုံးကို ကံစမ်းမဲလှည့်လိုက်သည်။
“ဒင်! ဂုဏ်ယူပါတယ် အိမ်ရှင်သည် မစ္စပိုင် ရဲ့ ဓာတ်ပုံစာအုပ်တစ်အုပ် ရရှိသွားပါပြီ။”
“ဒင်! ဂုဏ်ယူပါတယ် အိမ်ရှင်သည် အဆင့်မြင့် ဆေးဘက်ဆိုင်ရာ ကိရိယာတစ်ခု ရရှိသွားပါပြီ။”
“ဒင်! ဂုဏ်ယူပါတယ် အိမ်ရှင်သည် ခွန်အား +1 ရရှိသွားပါပြီ။”
“ဒင်! ဂုဏ်ယူပါတယ် အိမ်ရှင်သည် အဆင့်မြင့် အလှအပဆိုင်ရာ စွမ်းရည်ကို ရရှိသွားပါပြီ။”
“…”
ကံစမ်းမဲလှည့် ပြီးသွားတဲ့အခါ
စနစ်
ဇာတ်ကောင် : ချင်းလန်။
အသက်: 25
ခန္ဓာကိုယ် : 68
ဆွဲဆောင်မှု : 98
ဗီလိန်အမှတ် : 0
စွမ်းရည်များ : ရင်းနှီးမှု LV8 (အဖွဲ့လိုက် ရင်းနှီးမှု +80)။ အဆင့်မြင့် စန္ဒရားတီးခတ်မှု၊ အဆင့်မြင့် လက်ဖက်ရည်ဖျော်စပ်မှု၊ အဆင့်မြင့် အလှအပအာရုံခံစားမှု
စတိုး : ဖွင့်ထားသည်
ကံစမ်းမဲ : ဖွင့်ထားသည် (တစ်ကြိမ် ကံစမ်းတိုင်း ဗီလိန်အမှတ် ၁၀၀ သုံးစွဲရမည်)
သိုလှောင်ခန်း : မစ္စချိုးရဲ့ ဓာတ်ပုံစာအုပ်၊ +2 ချင်ဖုန်း တစ်ရှူး၊ မစ္စပိုင် ရဲ့ ဓာတ်ပုံစာအုပ်၊ +1 အဆင့်မြင့် ဆေးဘက်ဆိုင်ရာ ကိရိယာ...
သူ့ရဲ့ ခွန်အား ၆၈ ကို ရောက်သွားပြီးနောက် ချင်းလန်က အချိန်ခဏလောက် ထူးဆန်းတဲ့ ခံစားချက်တစ်ခု ရလိုက်သည်။
သူ့ရှေ့မှာ ဧရာမ ဆင်ကြီးတစ်ကောင် ရပ်နေရင်တောင် လက်သီးတစ်ချက်တည်းနဲ့ အမှုန့်ဖြစ်အောင် ထိုးပစ်နိုင်တယ်လို့ ခံစားနေရလေသည်။
ဟုတ်ပါတယ်၊ ဒါက ခွန်အား ရုတ်တရက် တိုးတက်လာမှုကြောင့် ကိုယ့်ကိုယ်ကို ခံစားမှုက ထူးဆန်းနေတာဖြစ်လေသည်။
ခန္ဓာကိုယ်က ဒီစွမ်းအားကို ကျင့်သားရသွားတာနဲ့ ဒါက ပုံမှန်ဖြစ်သွားမှာပင်။
ဆင်ကြီးကို ထားလိုက်ဦး၊ သူ့ရှေ့က ကားမောင်းနေတဲ့ ကျွင်းဇီကိုတောင်မှ ချင်းလန်ယှဉ်နိုင်မှာ မဟုတ်ပေ။
ဒါပေမဲ့ အလျင်လိုစရာမရှိပါဘူး၊ ရက်အနည်းငယ်ပဲ ရှိသေးတာပဲ။
သူက ကျောက်ကပ်အားနည်းတဲ့သူတစ်ယောက်ကနေ တစ်ညကို ခုနစ်ခါ ဒချိနိုင်တဲ့ ခွန်အား ၆၈ ရှိတဲ့သူ ဖြစ်လာခဲ့လေပြီ။
မကြာခင်မှာပဲ သူက ကျွင်းဇီကို ကျော်လွန်သွားတော့မှာဖြစ်ပြီး ရဲ့ဖန် မပြန်လာခင် အမှတ် ၁၀၀ ကျော်သွားဖို့က မဖြစ်နိုင်တဲ့ ကိစ္စ မဟုတ်တော့ပေ။
ကားက သူ့ရဲ့ဗီလာရှေ့မှာ ရပ်လိုက်တာနဲ့ အထဲမှာရှိနေတဲ့ စုရှောင်းရှောင်းက အသံကြားပြီး ပြေးထွက်လာသည်။
သူမက တံခါးဘေးက ထောင့်လေးမှာ ခေါင်းလေးငုံ့ပြီး ရှက်ကိုးရှက်ကန်းနဲ့ ရပ်နေရင်း
“သခင်လေး၊ အိမ်ပြန်လာတာကို ကြိုဆိုပါတယ်” လို့ တိုးတိုးလေး ရေရွတ်လိုက်သည်။
“ဒီလိုအကျင့်တွေ ဘယ်ကသင်လာတာလဲ မင်းကို ဒီမှာ ကိုယ့်အိမ်လိုနေလို့ မပြောထားဘူးလား၊ မင်းဘာသာ ကိုယ်လုပ်ချင်တာကိုလုပ်လို့ရတယ် အားနာမနေနဲ့ နားလည်လား”
ချင်းလန်က စုရှောင်းရှောင်းရဲ့ အရိုးမရှိသလို နူးညံ့တဲ့ လက်ကလေးကို ကိုင်လိုက်ပြီးပြောလိုက်လေသည်။
စုရှောင်းရှောင်းက သူမရဲ့ လက်ကို ပြန်ဆွဲပေမယ့် မအောင်မြင်ခဲ့ပေ။
သူမ မော့ကြည့်လိုက်တော့ ချင်းလန်ရဲ့ ပြုံးတစ်ဝက် မပြုံးတစ်ဝက် မျက်နှာကို တွေ့လိုက်တာနဲ့ ချက်ချင်းပင် မျက်နှာနီလာပြီး ခေါင်းငုံ့ကာ မရုန်းနိုင်တော့ပေ။
သူမကိုယ်သူမ မိုက်မဲမိနေမှန်း သိလေသည်။ သခင်လေးက သူမကို မြင်တိုင်း တစ်ခုခု လုပ်တတ်မှန်း သူမသိပေမယ့် သူ့ရဲ့ ရင်းနှီးတဲ့ အသံကို ကြားလိုက်တာနဲ့ သူမက တံခါးဝဆီကို ပြေးလာမိတုန်းဖြစ်သည်။
ဒါ့အပြင် သူမကဒါကို သဘောကျနေမိလေသည်။
ဒါက မသိစိတ်က လုပ်မိနေတာလား ဒါမှမဟုတ် သူမက သခင်လေးနဲ့ ပိုနီးစပ်လာအောင် တမင်တကာ လုပ်နေမိတာလားဆိုတာတောင် သူမ မသိတော့ပေ။