အခန်း (၁၅၉) သည်းခံနိုင်စွမ်းကို စမ်းသပ်ခြင်း
“ကျွန်မ မုန်လာဥနီ စားရတာ အမုန်းဆုံးပဲ”
ချူမုန်ယောင် မျက်မှောင်ကြုတ်လိုက်ပြီး၊ သူမမျက်နှာမှာ ငြင်းဆန်မှုတွေ ပြည့်နှက်နေလေသည်။
ခန့်မှန်းထားသည့် အတိုင်း၊ ချူမုန်ယောင် တွင် ပုံမှန် အလိုလိုက်ခံထားရသော ကလေးဆိုး တစ်ယောက်၏ စရိုက်လက္ခဏာ အားလုံးနီးပါး ရှိနေပြီး၊ အထူးသဖြင့် အစားအသောက် ရွေးချယ်မှုအပိုင်းတွင် ပိုဆိုးလေသည်။
တကယ်လို့ ဟင်းပွဲတစ်ပွဲထဲမှာ မုန်လာဥနီ နည်းနည်းလေး ပါရင်တောင်၊ သူမ လုံးဝ မြည်းစမ်းကြည့်မှာ မဟုတ်ဘူး။
အစားအသောက် ရွေးတာ မကောင်းဘူးလေ။
ချင်းလန် လေးလေးနက်နက် သက်ပြင်းချလိုက်ပြီး ယုန်ကလေးကို တစ်ချက် လှမ်းကြည့်လိုက်လေသည်။
“မင်းရဲ့ သေးငယ်တဲ့ ခန္ဓာကိုယ်နဲ့ မဖွံ့ဖြိုးသေးတဲ့ ရင်ဘတ်ကြွက်သားတွေနဲ့ ဆိုရင်၊ ကိုယ်သာ မင်းကို တစ်ချက်လောက် ထိုးလိုက်ရင်၊ မင်း အချိန်အကြာကြီး ငိုနေလောက်တယ်။”
“ဗီတာမင်စီ ဖြည့်ဆည်းဖို့နဲ့ ရင်ဘတ်ကြွက်သားတွေ ကြီးထွားလာဖို့ မုန်လာဥနီ များများစား”
ပြောရင်းနဲ့၊ သူ မသိမသာ သူမ၏ တင်ပါးကို ဆွဲဆိတ်လိုက်လေသည်။
ချူမုန်ယောင် ချက်ချင်း ခုန်ထလိုက်ပြီး၊ ကြောက်ရွံ့စိုးရိမ်စွာ ရေရွတ်လိုက်လေသည်။
“ကျွန်မ... ကျွန်မ ရှင့်အတွက် ရေတစ်ခွက် သွားယူလိုက်ဦးမယ်”
သူမ ချင်းလန် ရဲ့ လက်သည်းတွေ ကြားကနေ ထွက်ပြေးလွတ်မြောက်သွားသလိုမျိုး ထွက်ပြေးသွားလေသည်။
ဂါဝန်ရှည် ဝတ်ဆင်ထားပြီး၊ ယုန်နားရွက် နှစ်ဖက် တုန်ခါနေသော ပုံရိပ်ကို ကြည့်ရင်း၊ ချင်းလန် ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားပြီး၊ ယုတ်မာသော အပြုံးတစ်ခု ပေါ်လာလေသည်။
ချူမုန်ယောင် မီးဖိုချောင်ထဲကနေ ရေတစ်ခွက် ကိုင်ပြီး ထွက်လာကာ၊ ချင်းလန် ကို ကမ်းပေးရင်း ပြောလိုက်လေသည်။
“မီးဖိုချောင်ထဲမှာ ဖုန်တွေ နည်းနည်း ကျန်နေသေးတာ တွေ့လို့၊ ကျွန်မ သွားရှင်းလိုက်ဦးမယ်။”
ပြီးတော့ သူမ မီးဖိုချောင်ထဲ အမြန် ပြေးဝင်သွားပြီး ချင်းလန် နဲ့ နှစ်ယောက်တည်း အချိန်ကုန်ဆုံးဖို့ ရည်ရွယ်ချက် မရှိကြောင်း ပြသလိုက်လေသည်။
တမင်တကာ အကွာအဝေး တစ်ခု ဖန်တီးနေတာလား။
ချင်းလန် သည် ဉာဏ်များရန် ကြိုးစားနေသော ချူမုန်ယောင် ကို နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခုဖြင့်၊ မထီမဲ့မြင် ပြုသော အကြည့်ဖြင့် ကြည့်လိုက်လေသည်။
သူနဲ့ လာကစားနေတာလား။
မင်း အရမ်း နုနေပါသေးတယ်။
သူက တိတ်တဆိတ် ရမ္မက်ကြီးနေပေမယ့် အပြင်ပန်းမှာ လေးနက်သလို ဟန်ဆောင်နေတဲ့ ဟိုလူမိုက် ရွေးချယ်ခံ လိုမျိုး ဖြစ်ဖို့ ရည်ရွယ်ချက် မရှိပေ။
ငါးမျှားတာ အဲ့ဒီလို မဟုတ်ဘူးလေ။
တကယ်လို့ မူရင်း ဇာတ်လမ်းအတိုင်း သွားမယ် ဆိုရင်၊ အခန်းပေါင်း ၁၀၀၀၀ ကျော်နေပြီးတောင် ဆက်ဆံရေးကတော့ ဘာမှ တိုးတက်လာမှာ မဟုတ်ဘူး။
သူ အခု လုပ်ဖို့ လိုအပ်တာက တည်ငြိမ်စွာနဲ့ သတိထားပြီး ရှေ့ဆက်ဖို့၊ ချူမုန်ယောင် ရဲ့ သည်းခံနိုင်စွမ်း ကို တစ်ဆင့်ပြီး တစ်ဆင့် စမ်းသပ်ဖို့ပဲ။
နောက်ဆုံး အချောသပ် ကတော့ ငါးက ငါးစာကို ဟပ်တော့မယ့် အချိန်ကျမှ ရောက်လာမှာ။
…
မျက်စိတစ်မှိတ် အတွင်းမှာပဲ နှစ်ရက် ကုန်ဆုံးသွားလေသည်။
ထျန်ဟိုင် တက္ကသိုလ်မှာ တစ်နေ့ကုန် အချိန်ဖြုန်းနေခဲ့သော ချင်းလန် သည် လင်းရှီးအာ ကို အပ်စိုက်ကုထုံး ပေးပြီးနောက် အိမ်သို့ ပြန်ရောက်လာလေသည်။
မီးဖိုချောင်ထဲမှ သင်းပျံ့သော အစားအသောက် ရနံ့များ ထွက်ပေါ်နေလေသည်။
ချူမုန်ယောင် သည် ကော့စ်ပလေး ဝတ်စုံကို ဝတ်ဆင်ထားဆဲ ဖြစ်သော်လည်း၊ ယခုအခါ ရှေ့ခါးစည်း တစ်ခု ဝတ်ဆင်ထားလေသည်။
သူမသည် အသားဟင်း လေးပွဲ၊ ဟင်းသီးဟင်းရွက် လေးပွဲနှင့် ဟင်းရည် နှစ်ပွဲ ပါဝင်သော ညစာကို ပြင်ဆင်ထားပြီး၊ အားလုံးကို စားပွဲပေါ် တင်ထားလေသည်။
ထိုင်ခုံပေါ်တွင် ဖော်ရွေမှု မရှိသော မျက်နှာထားဖြင့် ထိုင်နေသော ချင်းလန် ကို မြင်လိုက်ရသောအခါ၊ ချူမုန်ယောင် ၏ ရင်ခုန်သံ မြန်သွားလေသည်။
“ဘာဖြစ်ပြန်ပြီလဲ ကျွန်မ တစ်ခုခု မှားလုပ်မိလို့လား”
ဒီဟင်းပွဲတွေ အားလုံးက စားသောက်ဆိုင်က စားဖိုမှူးက သီးသန့် ချက်ပြုတ်ပေးထားတာ ဖြစ်ပြီး၊ ပြန်ယူလာပြီး နွှေးထားတာမို့ အရသာက အာမခံချက် ရှိလေသည်။
“ကြည့်ရတာ မင်း ကိုယ့်ကိုယ်ကို ဘယ်သူလဲ ဆိုတာ သဘောမပေါက်သေးဘူး ထင်တယ်”
“နေ့လယ်တုန်းက မင်းနဲ့ အတူရှိနေတဲ့ ထူးဆန်းတဲ့ လူက ဘယ်သူလဲ သူက ရဲတွေနဲ့တောင် ပတ်သက်နေသေးတယ်။ ဘာတွေ ဖြစ်နေတာလဲ”
ချင်းလန် သည် မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး၊ သူ့ချစ်သူကောင်မလေး တခြားကောင်လေး တစ်ယောက်နဲ့ မရေမရာ ဖြစ်နေတာကို မြင်လိုက်ရလို့ သဝန်တိုနေတဲ့ ပုံစံမျိုး လုပ်ပြလိုက်လေသည်။
တကယ်တမ်းကျတော့၊ သူ ဒီမြင်ကွင်းကို မြင်လိုက်ရတုန်းက၊ သူက လင်းရှီးအာ ရဲ့ ဝှီးချဲကို တွန်းပေးနေပြီး၊ ရင်သပ်ရှုမောဖွယ် လှပတဲ့ ပါမောက္ခ ကျိုးဇယ်ချင်း က သူ့ဘေးနားမှာ ရပ်ပြီး ရယ်မော စကားပြောနေတာလေ။
ချူမုန်ယောင် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ခါးသီးသော မျက်နှာထားဖြင့် ရှင်းပြလိုက်လေသည်။
“ရှင် နားလည်မှု လွဲနေတာ အဲ့ဒီလူက ပြီးခဲ့တဲ့ တစ်ခေါက် အဖေ ပြောတဲ့ သမားတော်လေးလေ၊ ပြီးတော့ သူက ကျွန်မတို့ အတန်းထဲက ချန်ဖျင်အန်းပါ။ ဒါပေမဲ့၊ လွန်ခဲ့တဲ့ ရက်ပိုင်းက သူ ပြဿနာတချို့ တက်ပြီး ထိန်းသိမ်းရေး စခန်းမှာ ထိန်းသိမ်းခံလိုက်ရတယ်။ သူ ဒီနေ့မှ ပြန်လွတ်လာတာ။”
“ဒီကိစ္စကြောင့်၊ သူ ကျောင်းသားရေးရာ ရုံးခန်းက ဆင့်ခေါ်တာ ခံရတယ်။ တနည်းနည်းနဲ့၊ သူ ကျောင်းသားရေးရာ ဌာနမှူးနဲ့ ထပ်ပြီး ပတ်သက်မိသွားပြီး၊ သူ့ကို ဆေးကုသပေးဖို့ ကြိုးစားရင်း ဌာနမှူးကို ဒဏ်ရာရစေခဲ့တယ်... ကဲ၊ ရှင် သိတဲ့ အတိုင်းပါပဲ။”
တကယ်ပဲ.....
ချန်ဖျင်အန်း ဒီလောက် ပြဿနာတွေ အများကြီး ရှာနိုင်မယ်လို့ ချူမုန်ယောင် တကယ် မမျှော်လင့်ထားခဲ့မိဘူး။
သူ ထိန်းသိမ်းရေး စခန်းကနေ နောက်ဆုံးတော့ လွတ်လာပြီ၊ ဒါပေမဲ့ ကျောင်းသားရေးရာ ရုံးခန်းကို ခဏလေး သွားပြီးနောက်၊ သူ ပြဿနာ ထပ်ရှာပြီး အခု ပြန်ဝင်သွားရပြန်ပြီ။
ချင်းလန် အေးစက်စွာ နှာမှုတ်လိုက်လေသည်။
“ချန်ဖျင်အန်း က ဘယ်သူလဲ ဆိုတာ၊ ဒါမှမဟုတ် အရင်တုန်းက ချူ မိသားစုနဲ့ သူ့ရဲ့ ဆက်ဆံရေးက ဘယ်လိုလဲ ဆိုတာ ကိုယ် ဂရုမစိုက်ဘူး။”
“မင်း ဒါကို မှတ်ထားဖို့ လိုတယ် လွန်ခဲ့တဲ့ နှစ်ရက် ကတည်းက၊ မင်းက ကိုယ့်တစ်ယောက်တည်း ပိုင်တဲ့ ယုန်ပဲ၊ ဘယ်သူမှ မင်းကို လုယူသွားလို့ မရဘူး၊ နားလည်လား”
သူက တမင်သက်သက် ပြဿနာ ရှာနေတာပင်။ ချန်ဖျင်အန်း နဲ့ ပတ်သက်ပြီး ဘာတွေ ဖြစ်နေလဲ ဆိုတာ သူ ဘယ်လိုလုပ် မသိဘဲ နေမှာလဲ။
အဖြစ်အပျက်က ဒီလိုပင် သူ အစီရင်ခံဖို့နဲ့ အခြေအနေကို ရှင်းပြဖို့ ကျောင်းသားရေးရာ ရုံးခန်းကို သွားတုန်းက ချန်ဖျင်အန်းက ဌာနမှူးမှာ ပြဿနာ တစ်ခုခု ရှိနေတယ် ဆိုတာ သဘောပေါက်သွားတယ်၊ အဲ့ဒါက ပန်းသေပန်းညှိုး ဖြစ်နေတာလေ။
နောက်ပိုင်းမှာ၊ ချန်ဖျင်အန်း က ဌာနမှူးကို ရောဂါပျောက်ကင်းအောင် ကုသပေးပြီး သူ့ရဲ့ ယခင် ဂုဏ်ကျက်သရေကို ပြန်ရအောင် ကူညီပေးခဲ့တယ်။
နောက်ဆုံးတော့၊ ဌာနမှူးက အလွန် ကျေးဇူးတင်သွားပြီး ထျန်ဟိုင် တက္ကသိုလ်မှာ ချန်ဖျင်အန်း ရဲ့ အကာအကွယ်ပေးသူ ဖြစ်လာခဲ့တယ်။
အဖြစ်အပျက်တွေက ဒီလို တဖြည်းဖြည်းနဲ့ ခန့်မှန်းရလွယ်တဲ့ ပုံစံအတိုင်း ဖြစ်ပျက်ခဲ့တာပင်။
ကံမကောင်းစွာနဲ့၊ ချန်ဖျင်အန်း ဒီအခွင့်အရေးကို မဆုပ်ကိုင်နိုင်ခင်မှာပဲ၊ ချင်းလန် က သွေးနီရောင် မန်ဒါလာကို အသုံးပြုပြီး ဇာတ်ပို့ ဇာတ်ကောင် အများစုကို အချိန်အကြာကြီး ကြိုတင်ပြီး ဆေးခတ်ခိုင်းထားပြီးပြီလေ။
ကျိုး မိသားစုက လူအိုကြီးလည်း ဒီအတိုင်းပဲ၊ ထျန်ဟိုင် တက္ကသိုလ်က ကျောင်းသားရေးရာ ဌာနမှူးလည်း ခြွင်းချက် မဟုတ်ပေ။
သနားစရာ ကောင်းတာက အောက်ပိုင်း ပေါက်ကွဲသွားတဲ့ ကျောင်းသားရေးရာ ဌာနမှူးလား။
မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး......
သနားစရာ အကောင်းဆုံးက ချန်ဖျင်အန်း ပင်။
မူရင်း ဇာတ်လမ်းထဲက ရွေးချယ်ခံတွေတောင် သူတို့ အရင်က သင်ယူခဲ့တဲ့ ဆေးပညာ စွမ်းရည်တွေမှာ တစ်ခုခု မှားယွင်းနေသလားလို့ သံသယ ဝင်လာကြပြီ။
ဘာလို့ သူ လူတွေကို ကုသပေးတိုင်း၊ ကယ်တင်ပေးတိုင်း မတော်တဆမှုတွေ အမြဲ ဖြစ်နေရတာလဲ။
ဒါ့အပြင် သူတို့က ဒီကိစ္စကို သီးသန့် ဖြေရှင်းဖို့ အခွင့်အရေးတောင် မပေးကြဘူး။
နည်းနည်းလေး ဆိုတာနဲ့ ရဲခေါ်တော့တာပဲ။
ထျန်ဟိုင် မြို့ကို ရောက်နေတာ ရက်အနည်းငယ်လောက်ပဲ ရှိသေးပေမယ့် အချိန် တစ်ဝက်ကျော်ကို ထိန်းသိမ်းရေး စခန်းထဲမှာပဲ ကုန်ဆုံးနေရတယ်။
ထောင်စောင့်တွေတောင် သူနဲ့ ရင်းနှီးနေကြပြီ။
“ကျွန်မ နားလည်ပါတယ်။ ကျွန်မ ချန်ဖျင်အန်း ကို ကူညီဖို့ တတ်နိုင်သမျှ လုပ်ပေးခဲ့ပြီးပါပြီ။ သူက တာဝန်မယူနိုင်တာ ဖြစ်ပြီး၊ ကျွန်မ လုပ်နိုင်တာ ဘာမှ မရှိတော့ပါဘူး။”
ချူမုန်ယောင် တိုးတိုးလေး သက်ပြင်းချလိုက်ပြီး ချင်းလန် ရှေ့မှာ ရပ်ကာ ကတိပေးလိုက်လေသည်။
“ကျွန်မ အခုကစပြီး သူနဲ့ ခပ်ဝေးဝေး နေပါ့မယ်။”
ချူမုန်ယောင် ဟင်းရည် တစ်ပန်းကန် ခပ်လိုက်ပြီး ချင်းလန် ဘေးနား ယူလာခဲ့လေသည်။ သူမ သူ့ပေါင်ပေါ် ဝင်ထိုင်လိုက်ပြီး၊ ဟင်းရည် တစ်ဇွန်း ခပ်ကာ၊ သိပ်မပူကြောင်း သေချာစေဖို့ နှုတ်ခမ်းနား ကပ်ပြီး စမ်းကြည့်လိုက်ပြီးနောက်၊ ချင်းလန် ရဲ့ ပါးစပ်နား တေ့ပေးလိုက်လေသည်။
ချင်းလန် ဟင်းရည် တစ်ပန်းကန် ကုန်အောင် သောက်ပြီးနောက်၊ ချူမုန်ယောင် ပန်းကန်လုံးကို စားပွဲပေါ် တင်လိုက်ပြီး၊ မျက်နှာ ရဲသွားကာ၊ ရှေ့ကို ကိုင်းပြီး ဟင်းရည်တွေ ပေကျန်နေသေးတဲ့ သူ့နှုတ်ခမ်းတွေကို ရှင်းလင်းသွားအောင် အကြိမ်အနည်းငယ် လျှာနဲ့ ယက်ပေးလိုက်လေသည်။
နှစ်ရက်တောင် မပြည့်သေးခင်မှာပဲ၊ ချူမုန်ယောင် က ဒီလို ရင်းနှီးတဲ့ အပြုအမူတွေကို သိပ်ပြီး ငြင်းဆန်ခြင်း မရှိတော့တဲ့အပြင်၊ စိတ်သက်သာရာ ရမှု တစ်ခုတောင် ခံစားနေရလေသည်။
သူမမှာ ဖုံးကွယ်ထားတဲ့ အရည်အသွေးတွေ ရှိနေလို့ မဟုတ်ပါဘူး၊ ချင်းလန် ရဲ့ စရိုက်ကို သူမ သေချာ သဘောပေါက်သွားလို့ပင်။
တကယ်လို့ သူ့ကို အခွင့်အရေး နည်းနည်း ပေးလိုက်ရင်၊ သူက ပိုတောင်းဆိုမှာ မဟုတ်တော့ဘူး။
မဟုတ်ရင်၊ ချင်းလန် က ယုန်မလေးကို မုန်လာဥနီ စားဖို့ မကြာခဏ ပြောလာမလား ဘယ်သူ သိနိုင်မလဲ။
အနမ်း အနည်းငယ် ပေးရုံ၊ ဖက်ထားခံရရုံလောက်ပါပဲ။
မုန်လာဥနီ ရိုးတံတွေ ထက်တော့ ပိုကောင်းတယ် မဟုတ်လား။
စိတ်သက်သာရာ ရသွားတဲ့ ချူမုန်ယောင်၊ သူမ ကိုယ်တိုင်ရဲ့ စံချိန်စံညွှန်းတွေ ကို မသိမသာ လျှော့ချလိုက်မိမှန်း သတိမထားမိလိုက်ပေ