အခန်း (၁၅၇) ချူမုန်ယောင် ၏ မာနကို ရိုက်ချိုးလိုက်ခြင်း
ချင်းလန် ခဏလောက် နားနေရမှာ ဖြစ်ပေမယ့်၊ ချူကျူအာ ရေချိုးခန်းထဲ ဝင်သွားပြီးနောက်၊ ပြန်ထွက်လာမယ့် အရိပ်အယောင် မပြတော့ပေ။
သူမ သူ့ကို လုံးဝ ဂရုမစိုက်တော့ပေ။
ချင်းလန် က တော်တော် နားလည်ပေးတတ်သူတစ်ယောက်ပင်။
ချူကျူအာ အလုပ်ရှုပ်နေပြီး သူမခန္ဓာကိုယ်ထဲမှာ အညစ်အကြေးတွေ အများကြီး ရှိနေတယ် ဆိုတာ သူ သိပါတယ်။ နေရာတွေ ကွဲပြားပေမယ့်၊ အရောင်တွေက အမည်းနဲ့ အဖြူ ဖြစ်နေဆဲပါပဲ။
သူ သူမကို ဆက်ပြီး အနှောင့်အယှက် မပေးချင်တော့လို့၊ နှုတ်ဆက်ပြီး ထွက်ခွာလာခဲ့လေသည်။
ကျွင်းဇီ ရဲ့ တည်ငြိမ်တဲ့ ကားမောင်းကျွမ်းကျင်မှုနဲ့၊ ချင်းလန် သူ့ဗီလာဆီ ပြန်ရောက်လာခဲ့လေသည်။
တံခါးဝတောင် မဝင်ခင် ချူမုန်ယောင် အပြင်မှာ ရပ်နေတာ တွေ့လိုက်ရလေသည်။
အလွန် ရိုးရှင်းတဲ့ ဝတ်စုံ၊ ကုတ်အင်္ကျီရှည်နဲ့ ဘောင်းဘီရှည် ဝတ်ဆင်ထားပြီး၊ သူမရဲ့ အသားအရေ တစ်လက်မလောက်တောင် မြင်ရမှာ ကြောက်တဲ့ အတိုင်း၊ တစ်ကိုယ်လုံး လုံခြုံအောင် ဖုံးအုပ်ထားလေသည်။
“သခင်လေး ချင်း... ပြန်ရောက်လာပြီလား”
ချင်းလန် ကားပေါ်က ဆင်းလာတာ မြင်လိုက်ရတော့ ချူမုန်ယောင် သူ့ဆီ တန်းတန်းမတ်မတ် လျှောက်လာပြီး ခါးသီးတဲ့ မျက်နှာထားနဲ့ ပြောလိုက်လေသည်။
“သခင်လေး ချင်း၊ ချူ လုပ်ငန်းစုကိစ္စနဲ့ ပတ်သက်ပြီး ကျေးဇူးပြုပြီး ကျွန်မအဖေကို နောက်ထပ် အခွင့်အရေး တစ်ခုလောက် ပေးလို့ ရမလား”
ချင်းလန် က ချူမုန်ယောင် ကို မမြင်သလို ဟန်ဆောင်ပြီး၊ တစ်ချက်တောင် လှည့်မကြည့်ဘဲ အိမ်ထဲ တန်းဝင်သွားလေသည်။
ချူမုန်ယောင် ကြောင်အပြီး ရပ်ကျန်ရစ်ခဲ့ကာ၊ ချင်းလန် ရဲ့ ကျောခိုင်းထွက်ခွာသွားတဲ့ ပုံရိပ်ကို စိုက်ကြည့်နေမိလေသည်။ သူမ ရင်ခုန်သံတွေ ရပ်တန့်သွားပြီး၊ ချက်ချင်း ထိတ်လန့်သွားလေသည်။
ဘာတွေ ဖြစ်နေတာလဲ။
သူတို့ကုမ္ပဏီ အဆောက်အအုံ ရှေ့မှာတုန်းက ဒီလို မပြောခဲ့ကြပါဘူး။ ဒီည အသေးစိတ် ဆွေးနွေးဖို့ သူမကို ဖိတ်ခေါ်ခဲ့တာ ချင်းလန် လေ။ ဒါဆို ဘာလို့ အခု သူမ ရောက်လာတော့မှ ချင်းလန် ရဲ့ သဘောထား ရုတ်တရက် ပြောင်းလဲသွားရတာလဲ။
ဖြစ်နိုင်တာက နေ့လယ်ခင်း တစ်ခုတည်းနဲ့ ချင်းလန် စိတ်ပြောင်းသွားတာလား။ သူ သူမနဲ့ ထပ်ပြီး ပတ်သက်ဖို့ ရည်ရွယ်ချက် မရှိတော့တာလား။
“ဦးလေး..... သခင်လေး ချင်း ဒီနေ့ နေ့လယ် ဘယ်သွားခဲ့တာလဲ ဘာလို့ သူ ရုတ်တရက်...”
ချူမုန်ယောင် ကျွင်းဇီ ကို ကြည့်လိုက်ပေမယ့်၊
“စိတ်ပြောင်းသွားတာလဲ”
ဆိုတဲ့ စကားလုံးက နှုတ်ခမ်းဖျားမှာတင် တင်ကျန်နေပြီး ထွက်မလာတော့ပေ။
သူ့သက်တော်စောင့်တွေ ရှေ့မှာ ချင်းလန် မကောင်းကြောင်း ပြောတာ ပညာရှိရာ မကျဘူးလို့ တွေးမိပြီး၊ သူမ လေသံပြောင်းလိုက်လေသည်။
“ဘာလို့ သခင်လေး ချင်း က ရုတ်တရက် တခြားလူတစ်ယောက်လို ဖြစ်သွားရတာလဲ”
ကျွင်းဇီ က အရပ် ၁.၈ မီတာကျော်၊ ၁.၉ မီတာ နီးပါး ရှိသည်။ လက်ပိုက်ပြီး ရပ်နေတဲ့အခါ၊ ချူမုန်ယောင် နဲ့ ယှဉ်လိုက်ရင် နံရံကြီး တစ်ခုလိုပင်။
သူ ဘေးတိုက် တစ်ချက် ကြည့်လိုက်ပြီး၊ အမြန် အကြည့်လွှဲလိုက်လေသည်။
“ကျွန်တော်တို့လို အစေခံတွေက သခင်လေး ဘာတွေးနေလဲ ဆိုတာ ဘယ်လိုလုပ် ခန့်မှန်းရဲမှာလဲ”
“ဒါက မစ္စ ချူ ဖြစ်နေလို့ပါ။ တကယ်လို့ တခြားသူသာ ဆိုရင်၊ ကျွန်တော် ကန်ထုတ်လိုက်တာ ကြာလှပြီ”
“ကျေးဇူးတင်ပါတယ်၊ ကြင်နာပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် အစ်ကိုကြီး။ ဒါပေမဲ့ ရှင် ကျွန်မ မေးခွန်းကို မဖြေရသေးဘူး”
လို့ ချူမုန်ယောင် နည်းနည်း နားမလည်စွာ ပြောလိုက်လေသည်။
ကြည့်ရတာ သူမ ကျွင်းဇီ ကို ရုတ်တရက် ကျေးဇူးကြွေး တင်သွားသလိုပါပဲလား။
ကျွင်းဇီ လှည့်ထွက်သွားပြီး နောက်ပြန်မကြည့်ဘဲ၊ အလွန် တိုးညှင်းတဲ့ စကားတစ်ခွန်းတည်း ချန်ထားရစ်ခဲ့လေသည်။
“အဝတ်အစားတွေက အရမ်း ရိုးစင်းလွန်းနေတယ်”
ချူမုန်ယောင် သူမရဲ့ ဝတ်စုံကို ငုံ့ကြည့်လိုက်ပြီး၊ မျက်နှာပေါ်မှာ ခါးသီးတဲ့ အမူအရာ ပေါ်လာလေသည်။ ပြီးတော့ ဧည့်ခန်း ဆိုဖာပေါ်မှာ ထိုင်နေတဲ့ ချင်းလန် ကို ကြည့်ပြီး၊ အံကြိတ်ကာ ဗီလာထဲ ဝင်သွားလိုက်လေသည်။
သူမ ချင်းလန် အနား ကပ်သွားပြီး၊ အနည်းငယ် ဦးညွှတ်ကာ၊ လေးလေးနက်နက် တောင်းပန်လိုက်လေသည်။
“သခင်လေး ချင်း၊ အဖေက ချူ လုပ်ငန်းစု အတွက် ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့တာပါ၊ ဒီလို အဆုံးသတ်မျိုး မရောက်သင့်ပါဘူး။”
“ချူ လုပ်ငန်းစု ရဲ့ အနာဂတ် အတွက် ဆိုရင်တောင်၊ ရှင် အဖေရဲ့ ရာထူးကို ထည့်သွင်းစဉ်းစားပေးသင့်တယ်။ တကယ်လို့ သူ ဘုတ်အဖွဲ့ ခေါင်းဆောင် အဖြစ် မထမ်းဆောင်နိုင်ရင်တောင်၊ သူ့အရည်အချင်းတွေကို ပြသခွင့်ရမယ့် အခွင့်အရေး တစ်ခု ပေးဖို့ တောင်းပန်ပါတယ်။”
မတရားဘူး......
ချူမုန်ယောင် အရင်က ဘယ်သူ့ကိုမှ ဒီလောက် နှိမ့်ချပြီး မတောင်းပန်ခဲ့ဖူးပေ။
ဒါပေမဲ့ ချင်းလန် ပေါ်လာပြီးနောက်၊ အခြေအနေတွေ လုံးဝ ပြောင်းလဲသွားခဲ့လေသည်။ ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက၊ ရိုးတွင်းခြင်ဆီ သန့်စင်ဆေးလုံး အတွက် ဒူးထောက် တောင်းပန်ခဲ့ရတယ်။ ဒီတစ်ခေါက်၊ သူမ ချင်းလန် အိမ်ကို တစ်ယောက်တည်း စွန့်စွန့်စားစား လာခဲ့ပြီး၊ သူမအဖေ ချူ လုပ်ငန်းစုမှာ ဆက်ပြီး တောက်ပခွင့် ရဖို့ ရာထူးတစ်ခု ပေးဖို့ တောင်းပန်နေရတယ်။
ချင်းလန် ခေါင်းမော့လိုက်ပြီး သူမကို ဘေးတိုက် တစ်ချက် ကြည့်လိုက်လေသည်။
“မစ္စ ချူ၊ မင်း တစ်ခုခု နားလည်မှု လွဲနေတယ်လို့ ထင်တယ်။”
“ပြီးခဲ့တဲ့ တစ်ခေါက် ရိုးတွင်းခြင်ဆီ သန့်စင်ဆေးလုံး ကိစ္စတုန်းကလည်း ဒီအတိုင်းပဲ။ တကယ်လို့ ယွင်ယွင် သာ မင်းကို မပြောပေးခဲ့ရင်၊ မင်း ဒူးထောက်ရုံနဲ့ ရနိုင်မယ်လို့ ထင်နေတာလား”
“ပြီးတော့ ဒီတစ်ခေါက်၊ မင်းအဖေကို ချူ လုပ်ငန်းစု ကနေ မောင်းထုတ်ခဲ့တာ လီကွမ်ကျူး လေ။ ကိုယ်က မင်းအဖေရဲ့ ရန်သူကို ထောင်ထဲ ပို့ပေးခဲ့တာ၊ ကျေးဇူးတင်မယ့်အစား၊ မင်းက အရှက်မရှိဘဲ မင်းအဖေကို အခွင့်အရေး ပေးဖို့ လာတောင်းဆိုနေတယ်ပေါ့”
ဒါ ချူမုန်ယောင် ဟုတ်ရဲ့လား။
သူမရဲ့ လေသံက ရိုးသားပါတယ်၊ ဒါပေမဲ့ ရင်ထဲမှာတော့ သူမကိုယ်သူမ သခင်မလေး တစ်ယောက်လို့ သတ်မှတ်နေတုန်းပဲလား။
ဒါ အကူအညီ တောင်းတဲ့ ပုံစံလား။
ဒါ အထိန်းတော် တစ်ယောက် ပြုမူသင့်တဲ့ ပုံစံလား။
သူမ တော်တော် အသိတရား ခေါင်းပါးတာပဲ။ ဒီသခင်မလေးကို ဖြည်းဖြည်းချင်း သင်ပေးမှ ရမယ်။
အမြဲတမ်း မာနကြီးပြီး၊ ကိုယ့်ကိုယ်ကို သခင်မလေး နေရာမှာ ထားနေတာ၊ တကယ်လို့ သူမ ရာထူးရရင်တောင်၊ အနာဂတ်မှာ ပြဿနာတွေ အများကြီး ရှာလာနိုင်တယ်။
သူ ထုတ်ပြောပြီး သတိပေးဖို့ လိုအပ်လာပြီ။
“မင်း မလာခင် ဒီဝတ်စုံကို သီးသန့် ပြင်ဆင်လာတာ မဟုတ်လား ကိုယ် လုံးဝ မကြိုက်ဘူး။ တခြား တစ်စုံ သွားလဲလိုက်။ ဒုတိယထပ်က လက်ဖက်ရည်သောက်ခန်း ညာဘက်ခြမ်းက ဗီဒိုအသေးလေးရဲ့ ဒုတိယ အံဆွဲထဲမှာ ရှိတယ်။”
“ရှင်!”
ချူမုန်ယောင် ရုတ်တရက် ရပ်တန့်သွားပြီး
“ရှင် အရမ်း လွန်လွန်းနေပြီ မဟုတ်ဘူးလား”
“တကယ်လို့ ရှင် ကျွန်မရဲ့ ခံစားချက်ကို ဂရုမစိုက်ရင်တောင်၊ အနည်းဆုံး အစ်မရူယွီ နဲ့ ယွင်ယွင် ကို ထည့်စဉ်းစားပေးသင့်တယ် မဟုတ်လား”
“ကျွန်မကို အနိုင်ကျင့်တာက အစ်မ ရူယွီ နဲ့ ယွင်ယွင် ကို စိတ်ဆိုးစေမှာ မကြောက်ဘူးလား”
ချင်းလန် က ဒီလောက် တဲ့တိုးဆန်တဲ့ စကားမျိုး ပြောထွက်လိမ့်မယ်လို့ သူမ လုံးဝ မမျှော်လင့်ထားခဲ့ဘူး။ သူမ မလာခင် အဝတ်အစားတွေ သီးသန့် လဲလာခဲ့တာလေ။ သူ သူမ ဘာတွေးနေလဲ ဆိုတာ မမြင်ဘူးလား။
ဟုတ်ပါတယ်.....
ချင်းလန် က ချောမောပြီး ဆွဲဆောင်မှု ရှိပါတယ် ဒါပေမဲ့ အဲ့ဒါက သူမကိုယ်သူမ အလကား ပေးအပ်လိုက်ဖို့ ဆင်ခြေ တစ်ခုတော့ သေချာပေါက် မဟုတ်ပါဘူး။
တစ်နေ့ကျရင် သူမ လုံးဝ မရင်းနှီးတဲ့ သူစိမ်းတစ်ယောက်ဆီ ရုတ်တရက် ကိုယ့်ကိုယ်ကို ပုံအပ်လိုက်ရမယ်လို့ သူမ ဘယ်တုန်းကမှ စိတ်ကူးမယဉ်ခဲ့မိဘူး။
အဲ့ဒါ မဖြစ်နိုင်ဘူး.......
တကယ်လို့ ချူမုန်ယောင် ငတ်သေသွားရင် ဒါမှမဟုတ် ဗီလာ ဒုတိယထပ်ကနေ ခုန်ချလိုက်ရရင်တောင်၊ ချင်းလန် ရဲ့ ယုတ်မာပြီး အရှက်မရှိတဲ့ တောင်းဆိုမှုတွေကို ဘယ်တော့မှ သဘောတူမှာ မဟုတ်ဘူး။
“အဲ့ဒါ အဓိပ္ပာယ် ရှိသားပဲ”
ချင်းလန် လေးလေးနက်နက် ခေါင်းညိတ်လိုက်လေသည်။
“ရူယွီ နဲ့ ယွင်ယွင် ကြား နားလည်မှုလွဲတာတွေ ရှောင်ရှားဖို့၊ မစ္စ ချူ၊ အခုက စပြီး မင်း ကိုယ်နဲ့ ခပ်ဝေးဝေး နေရင် ပိုကောင်းလိမ့်မယ်။”
“ချူ လုပ်ငန်းစု ကိုပဲ ဥပမာ ထားကြည့်။ မင်းအဖေက ဘေးဖယ်ခံထားရပြီးသား၊ ဒါမှမဟုတ် ပွင့်ပွင့်လင်းလင်း ပြောရရင် ထုတ်ပယ်ခံလိုက်ရပြီ။ ကိုယ်က အခုမှ ရာထူးယူထားတာ၊ တကယ်လို့ မင်းအဖေကို ဆက်ထားရင်၊ ရူယွီ နဲ့ ယွင်ယွင် အတွက် နားလည်မှုလွဲစရာ တချို့ ဖြစ်လာနိုင်တယ်။”
“ကုမ္ပဏီရဲ့ လက်ရှိ အခြေအနေနဲ့ ပတ်သက်လို့ကတော့၊ မင်း စိတ်ပူစရာ မလိုပါဘူး။ မင်းအဖေက
ရူယွီ ရဲ့ စီးပွားရေး ဉာဏ်ရည်ကို သိလောက်မှာပါ။ သူဝင်ပါစရာ မလိုပါဘူး၊ ချူ လုပ်ငန်းစု က သူ့ဘာသာ တည်ငြိမ်သွားပါလိမ့်မယ်။”
“ရိုးတွင်းခြင်ဆီ သန့်စင်ဆေးလုံး ကိစ္စကတော့၊ ဒီဆေးလုံးက အရမ်း ဈေးကြီးတယ်၊ ပြီးတော့ ကိုယ့်လက်ထဲမှာနည်းနည်းပဲ ရှိတော့တယ်။ ကိုယ် သူစိမ်းတစ်ယောက်ကို လွယ်လွယ်နဲ့ ပေးလိုက်လို့ လုံးဝ မဖြစ်နိုင်ဘူး။”
ခြိမ်းခြောက်တာ.....
ဗြောင်ကျကျ ခြိမ်းခြောက်တာ.....
ချင်းလန် ဆိုဖာပေါ်မှာ မလှုပ်မယှက် ထိုင်နေပြီး၊ လက်နှစ်ဖက်ကို နောက်မှီပေါ် တင်ကာ၊ ဒေါသကြောင့် တုန်ယင်နေတဲ့ ချူမုန်ယောင် ကို တင်းမာစွာ စိုက်ကြည့်ကာ အေးစက်စွာ တိုက်တွန်းလိုက်လေသည်။
“မင်း ဘာလို့ ဒီမှာ ရပ်နေသေးတာလဲ သူစိမ်းတစ်ယောက် အိမ်မှာ ဆက်နေပြီး ပြန်မသွားဘဲ နေမလို့လား”
မာနကြီးတယ်.....
ရပါတယ်......
ပျော်စရာ သက်သက်ပဲ မဟုတ်လား.....
ချူမုန်ယောင် ဘယ်လောက်ထိ မာနကြီးနိုင်လဲ ဆိုတာ ချင်းလန် မြင်ချင်နေပြီ။
သူမကိုယ်သူမ အလိုလိုက်ခံထားရတဲ့ သခင်မလေး တစ်ယောက်လို့ ထင်နေတာလား။ အဲ့ဒီ အလိုလိုက်ခံထားရတဲ့ သခင်မလေး မျက်နှာဖုံးကို အစိတ်စိတ်အမွှာမွှာ ဆွဲဖြဲပစ်ဖို့ သူ ဆုံးဖြတ်ထားပြီးပြီ။
အဲ့ဒါနဲ့ မလုံလောက်သေးဘူး။ သူ ချူမုန်ယောင် ကို ကျက်သရေ ရှိမှုကနေ ပြုတ်ကျစေပြီး၊ အစေခံရတာနဲ့ အစေခံလုပ်ရတာ ကြားက ကြီးမားတဲ့ ကွာခြားချက်ကို သူမ ကိုယ်တိုင် တွေ့ကြုံခံစားစေချင်တယ်။
“ကျွန်မ...”
ချူမုန်ယောင် အဲ့ဒီမှာ ရပ်နေပြီး၊ တစ်ကိုယ်လုံး တုန်ယင်နေကာ၊ မျက်လုံးထဲမှာ မျက်ရည်တွေ ပြည့်လာပြီး၊ ဒေါသတကြီး ငိုကြွေးလိုက်လေသည်။
“ငိုချင်ရင် မင်းနေရာ ပြန်ပြီး သွားငို”
ချင်းလန် အေးစက်စွာ ဆူပူကြိမ်းမောင်းလိုက်ရာ၊ သူ့ဒေါသတွေ မြင့်တက်လာလေသည်။
ငရဲကို သွားလိုက်......
ချူမုန်ယောင် က ချန်ဖျင်အန်း အပေါ် သုံးခဲ့တဲ့ လှည့်ကွက်တွေကို သူ့အပေါ် သုံးလို့ရမယ်လို့ တကယ် ထင်နေတာလား။
အိပ်မက် မက်နေလိုက်.....
“ကျွန်မ လဲမယ်၊ ကျွန်မ လဲလိုက်မယ်၊ ဟုတ်ပြီလား”
ချူမုန်ယောင် ဒေါသတကြီး လှည့်ထွက်သွားပြီး အပေါ်ထပ်ကို ပြေးတက်သွားလေသည်။
“နေပါဦး”
ချင်းလန် သူမကို တားဖို့ အေးစက်စွာ လှမ်းခေါ်လိုက်လေသည်။
ချူမုန်ယောင် လှည့်ကြည့်လိုက်ရာ၊ ကြည်လင်တဲ့ မျက်ရည်စီးကြောင်း တစ်ခုက ငွေရောင် မျှင်တန်းလေးလို သူမရဲ့ ပါးပြင်ပေါ် စီးကျလာလေသည်။
သူမ အံကြိတ်ပြီး မကျေမနပ် ပြောလိုက်လေသည်။
“ရှင် အခု ဘာလုပ်ချင်ပြန်ပြီလဲ”
“ပန်းရောင် တစ်ထည်လေ၊ ယုန်နားရွက် နှစ်ဖက် ပါတယ်၊ မုန်လာဥနီ ကျောပိုးအိတ်လေး ပါတယ်၊ ဪ ပြီးတော့၊ အဖြူရောင် ခြေအိတ်ရှည် တစ်စုံလည်း ပါသေးတယ်။”