အခန်း (၁၅)အေးစက်နေတဲ့အလှလေးကို သိမ်းသွင်းခြင်း
ကျန်းနန် နံပါတ် ၁ ဗီလာ
ကို ပြန်ရောက်တဲ့အခါ မူယွီယန် သည် လင်းဝမ်ချင်း ၏ ဘေးတွင် အချိန်တိုင်းနေနေပြီး အခြေအနေကို
အမြဲ မေးနေခဲ့လေသည်။
ဒါက လင်းဝမ်ချင်း ကို နွေးထွေးမှုနှင့်အတူသရော်
တော်တော်အပြုံးကို ဖြစ်ပေါ်စေပြီး
“ကလေးဆိုးလေး မင်းရဲ့ အမေက အသက် ခုနစ်ဆယ်၊ ရှစ်ဆယ်လောက်ရှိတဲ့ အဖွားကြီးဖြစ်နေပြီလား။ လမ်းတောင် ကောင်းကောင်းမလျှောက်နိုင်တော့ဘူးလား”
ဟု ပြောလိုက်လေသည်။
မူယွီယန် က ခေါင်းခါလိုက်ပြီး သူမ၏ လှပသော မျက်နှာ တွင် ထိတ်လန့်မှု အရိပ်အယောင်များ ရှိနေဆဲ ဖြစ်သည်။
“သမီး ကြောက်နေလို့ပါ အမေ ရယ်။ မနက်ဖြန်
ယန်ကျင်း ကို အမေနဲ့အတူ ပြန်ကြမယ်လေ။ အဲဒီက ဆေးရုံတွေကထိပ်တန်းအဆင့် တွေဆိုတော့ ဒီနှလုံးသွေးကြောကျဉ်းရောဂါ ကိုသေချာပေါက် ကုသနိုင်မှာပါ။”
“ဟူး...”
လင်းဝမ်ချင်း က သက်ပြင်း ချလိုက်သည်။
“နှလုံးသွေးကြောကျဉ်းရောဂါ ကို ဒီလောက် လွယ်လွယ်နဲ့ ကုသဖို့ မလွယ်ပါဘူး။ မရေမတွက်နိုင်တဲ့ ချမ်းသာတဲ့သူတွေတောင် မကုသနိုင်ပဲသေသွားကြတာတွေရှိတယ်လေ အမေ့ဆီမှာမှ ဒီလိုရောဂါဖြစ်မယ်လို့ မတွေးမိခဲ့ဖူးဘူး။”
“အမေ...”
မူယွီယန် ၏ မျက်လုံးများ နီရဲလာပြန်သည်။ သူမ အမေ မရှိရင် သူမ၏ဘဝသည် ဘယ်လိုဖြစ်လာမည်ကို သူမ တကယ် မတွေးရဲပေ။
အမေ နှင့် သမီးတို့သည် ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင် ပူးကပ်ထိုင်နေကြပြီး တစ်ယောက်က ရင့်ကျတ်တည်ငြိမ်တဲ့ အလှရှိကာ နောက်တစ်ယောက်က
တတ်ကြွလန်းဆန်းတဲ့ အလှရှိလေသည်။ဒီလို အလှမယ်နှစ်ယောက်ကိုတစ်နေရာထဲမြင်တွေ့ရသည့်မြင်ကွင်းမှာ ရင်သပ်ရှုမောစရာပင်။
ချင်းလန်ကစားပွဲတွင် သူတို့၏ တစ်ဖက်မှာ ထိုင်ပြီး ချောင်းဆိုး လိုက်သည်။
“အန်တီ၊ယွီယန် အန်တီတို့ အရမ်း စိုးရိမ်ပြီး ကြောက်နေစရာ မလိုပါဘူး။ ဒီရောဂါကို ဆေးဝါးနဲ့ ကုသနိုင်သလို ပိုအရေးကြီးတာက သေချာဂရုစိုက်ပြီး ပြန်နေကောင်းလာနိုင်ပါတယ် “
“ကျွန်တော်တို့ ဒီလိုလုပ်ကြရအောင်၊ အန်တီ ယန်ကျင်း ကို ပြန်ရောက်တာနဲ့ ကျွန်တော် မိသားစုနဲ့ စကားပြောပြီး ရှန်းရှန် အပန်းဖြေစခန်း မှာခဏနေဖို့ စီစဉ်ပေးပါ့မယ်။ ဆေးကုသမှု အနေနဲ့ကတော့
ရှန်းရှန် အပန်းဖြေစခန်း က တရုတ်နိုင်ငံ မှာ အကောင်းဆုံးဆိုတာ သေချာပါတယ်။”
“အန်တီက ဆရာဝန် ရဲ့ညွှန်ကြားချက်ကို လိုက်နာပြီး ကိုယ့်ကိုယ်ကို ကောင်းကောင်း ဂရုစိုက်ရင် ပြဿနာကြီးကြီးမားမား ဘာမှရှိမှာ မဟုတ်ဘူး။”
ရှန်းရှန် အပန်းဖြေစခန်း။
လင်းဝမ်ချင်း ၏ မျက်လုံးများ အံ့သြစွာ ပြူးကျယ်လာသည်။
“အန်တီ အဲဒီမှာနေလို့ရ လို့လား”
ရှန်းရှန် အပန်းဖြေစခန်း အကြောင်းကို တရုတ်နိုင်ငံ မှာ လူနည်းစုကသာ သိကြရခြင်းမှာ ၎င်းသည်
လူအများအတွက် ဖွင့်လှစ်ထားခြင်း မရှိ သောကြောင့် ဖြစ်လေသည်။
ထိုနေရာတွင် နေထိုင်သူများမှာ တရုတ်နိုင်ငံရေးလောက ၏ အထင်ကရ ပုဂ္ဂိုလ်ကြီးများသာဖြစ်ကြလေသည်။
ထိုနေရာတွင် ခေတ်အမီဆုံး ဆေးဘက်ဆိုင်ရာ ကိရိယာများ သာမက ကမ္ဘာကျော် ဆရာဝန်များ လည်း ရှိသည်။
ရိုးရိုးသားသား ပြောရရင် ရှန်းရှန် အပန်းဖြေစခန်းက ရှေးခေတ်က နန်းတွင်းက ရာထူးကြီးတွေအတွက်
ဆေးကုပေးတဲ့နေရာနဲ့ နဲ့ တူညီလေသည်။
ချင်းလန် က ပြုံးပြီး ဖြေလိုက်သည်။
“တခြားသူတွေအတွက်တော့ ကျွန်တော် မသိဘူး၊ ဒါပေမယ့် အန်တီ့ အတွက်ကတော့...”
သူ စကားကို ရပ်လိုက်ပြီး မျက်လုံးများ နီရဲနေဆဲဖြစ်သော မူယွီယန် ကို ကြည့်ကာ ဆက်ပြောလိုက်သည်။
“ယွီယန် ဒီလိုစိတ်မချမ်းသာဖြစ် နေတာကို မြင်ရတာ ကျွန်တော်မနေနိုင်ဘူး။ ဘာပဲဖြစ်ဖြစ် အန်တီ ဒီကိစ္စအတွက် စိုးရိမ်ဖို့ မလိုပါဘူး။ တကယ်လို့ အဆင်မပြေရင် အဘိုး ကို ရှန်းရှန် အပန်းဖြေစခန်း ရဲ့ ဒါရိုက်တာ နဲ့ စကားပြောဖို့ ခိုင်းလိုက်ပါ့မယ်။”
“ရှောင်ချင်း၊ မင်းက တကယ် စဉ်းစားတတ် တာပဲ...”
လင်းဝမ်ချင်း က သူမသမီးကို ဒီလောက် ဂရုစိုက် တဲ့ အနာဂတ်သားမက်လောင်းလေး ကိုကြည့်ပြီး သူ့ကို အလွန် သဘောကျ သွားလေသည်။
“ဒါပေမယ့် ချင်းသခင်ကြီး ကတော့...”
ချင်းလန်ကြောင့်သာ မဟုတ်ရင် သူမဟာ တစ်နေ့
နှလုံးရှော့ဖြစ်ပြီး ရုတ်တရက် သေဆုံးသွားနိုင်ကာ ဘာဖြစ်သွားမှန်းတောင် သိလိုက်မှာ မဟုတ်ပေ။
ကျေးဇူးတင်စကား တွေက မလိုအပ်ပေမယ့်
လင်းဝမ်ချင်း က ချင်းသခင်ကြီး ဝင်ရောက် စွက်ဖက်မှာကို နည်းနည်းတော့ စိုးရိမ် နေသည်။
ဘာပဲဖြစ်ဖြစ် ရှန်းရှန် အပန်းဖြေစခန်း ဟာ နန်းတွင်း ဆေးရုံ နဲ့ တူညီပြီး ဘယ်သူမဆို အဲဒီမှာ နေခွင့်ရတာ မဟုတ်ပေ။ သူမက ချင်း သခင်ကြီးရဲ့ အဆင့်အတန်း ကို မယုံကြည်လို့တော့ မဟုတ်ပေ။
ချင်းသခင်ကြီးက တိုင်းပြည် တည်ထောင်ချိန်ကတည်းက ကျန်ရှိနေတဲ့ တရုတ်နိုင်ငံ ရဲ့ စစ်မှုထမ်းဟောင်း အနည်းငယ်ထဲက တစ်ဦးဖြစ်ပြီး အလွန်ကိုထင်ပေါ်ကျော်ကြားတဲ့ ပုဂ္ဂိုလ်ဖြစ်ကာ နိုင်ငံတော်ရဲ့ အဓိက မှီခိုရာလဲဖြစ်လေသည်။
သူမအတွက် ဒီကိစ္စမှာ ဝင်ရောက် စွက်ဖက်ရင်၊ သူမနဲ့ မတည့်တဲ့ အာဏာရှိတဲ့ ပုဂ္ဂိုလ် အချို့ကမကောင်းပြောမှာကို သူမ စိုးရိမ်မိသည်။
မူယွီယန် က သူမအမေရဲ့ လက်ကို ကိုင်ပြီး
“အမေ၊ မငြင်းပါနဲ့။ ဒါက ချင်းလန်က
ကူညီချင်လို့ပါ။”
ဟု ပြောလိုက်သည်။
သူမသည် သူမအမေနဲ့အတူ ယန်ကျင်း ကို ပြန်ပြီး ကုသမှု ခံယူချင်သော်လည်း တရုတ်နိုင်ငံ ရှိ ဘယ်ဆေးရုံမှ ရှန်းရှန် အပန်းဖြေစခန်း နဲ့ ယှဉ်နိုင်မည် မဟုတ်ပေ။
“ကောင်းပါပြီ... ကောင်းပါပြီ၊ အမေ ဒီထျန်ဟိုင်မြို့ ကို ရောက်လာပြီး ဒီလိုအလျင်စလို ပြန်သွားချင်စိတ် မရှိဘူး။နောက်ထပ် ရက်အနည်းငယ် နေဦးမယ်၊ ပြီးတော့ ပြန်ရောက်တဲ့အခါမှ ရှောင်ချင်း ကို ဒုက္ခ ပေးရတော့မယ်။”
လင်းဝမ်ချင်း သည် ထျန်ဟိုင်မြို့ တွင် သုံးရက် သာ နေပြီးနောက် ပြန်သွားခဲ့လေသည်။
ဗီလာ၏ ဧည့်ခန်းထဲတွင် မူယွီယန် သည် ချင်းလန် ၏ ဘေးတွင် ထိုင်နေသည်။ သူမ၏ အမေ မရှိတော့တာကြောင့် သူတို့ နှစ်ယောက်၏ လေထုကအတော်လေး ထူးဆန်း နေသည်။
“ကျွန်မအမေ အဆင်ပြေရဲ့လား။ ရှန်းရှန် အပန်းဖြေစခန်း ထဲကို ဝင်ခွင့်ရပြီလား။”
သူမ ခေါင်းကို လှည့်ကာ ချင်းလန် ၏ ခန့်ညားသော ပုံစံ ကို ကြည့်ပြီး တိုးတိုးလေး မေးလိုက်သည်။
“အားလုံး စီစဉ်ပြီးပါပြီ။ အန်တီ လေယာဉ်ပေါ်က ဆင်းတာနဲ့ တစ်ယောက်ယောက်က သူ့ကိုတန်းခေါ် သွားလိမ့်မယ်။ စိတ်မပူပါနဲ့”
ဟု ချင်းလန် က ဖြေလိုက်ပြီး သူ၏ လက်ကို
မူယွီယန် ၏သွယ်လျပြီး ချောမွေ့သော လက်ပေါ် တင်လိုက်သည်။
မူယွီယန်မှာ သတိမထားမိသလို ဖြစ်နေလေသည်။ သို့မဟုတ် သူတို့ သုံးရက်တာ အတူနေထိုင်စဉ်အတွင်း ဒီလို သေးငယ်တဲ့ အမူအရာ တွေနဲ့ အကျွမ်းတဝင် ဖြစ်နေသည်လည်း ဖြစ်နိုင်သည်။
သူမ စိတ်ထဲတွင် ခွေးတစ်ကောင် ကိုက်ခံရသလိုမျိုး ကိုယ့်ကိုယ်ကို နှစ်သိမ့် နေသော အတွေးမျိုးပင် တစ်ခါမှ ထပ်မပေါ်လာတော့ပေ။
“ဘယ်လိုလဲ။ ဒီရက်ပိုင်းမှာကိုယ် မင်းရဲ့အနာဂတ်ယောကျ်ား အဖြစ်ကောင်းကောင်း ပြုမူခဲ့တယ်မလား။”
ချင်းလန် က သတ္တိကို မွေးပြီး မူယွီယန် ၏ လက်ကောက်ဝတ် ကို ဆွဲယူကာ ခပ်ဖွဖွ အားစိုက်ထုတ် ပြီး သူမကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။
မူယွီယန် သည် ကျယ်ပြန့်သော ရင်အုံကို ခံစားမိပြီးနောက် ခဏတာ ရုန်းကန်လိုက်ကာ လက်လျှော့လိုက်လေသည်။
သူမ၏ မျက်နှာမှာ နီရဲ နေလေသည်။
သူမ ဘာဖြစ်သွားမှန်း မသိပေ။ ဖြစ်နိုင်သည်မှာ သူမသည် ချင်းလန် ၏ ကျေးဇူး ကို ဆပ်ချင်သောကြောင့်ဖြစ်ပေလိမ့်မည်။
သို့မဟုတ် ချင်းလန်ရဲ့ ဒီရက်ပိုင်းအတွင်း ပြုမူပုံ
က သူမရဲ့ အမြင်တွေ ကို လုံးဝ ပြောင်းလဲ ပစ်လိုက်ခြင်းလဲ ဖြစ်နိုင်သည်။
မူယွီယန် သည် ချင်းလန် ကသူမအမေရှေ့တွင် ဒီလောက် ယဉ်ကျေးစွာ ပြုမူလိမ့်မည်ဟု တစ်ခါမှ မမျှော်လင့်ခဲ့ပေ။
ချင်းလန် ရဲ့ အသုံးမကျတဲ့ ဆိုးသွမ်းတဲ့ သူဌေးသားအမူအရာအားလုံးက ဟန်ဆောင်မှု သက်သက် ဖြစ်နေတာလား။ မဟုတ်ရင် ချင်းလန် ကဘယ်လိုလုပ် ဒီလောက် တိုတောင်းတဲ့ အချိန် အတွင်းမှာ လက်ဖက်ရည်ဖျော်တာကို ဒီလောက်ကျွမ်းကျင်မှာလဲ။
လွန်ခဲ့သော သုံးရက် လုံးလုံး ချင်းလန် သည် နေ့တိုင်း ဗီလာသို့ လာရောက်ပြီး သူမအမေနှင့် စကားပြောဆိုကာ လက်ဖက်ရည်ကိုပင် ဖျော်ပေးခဲ့သည်။
သူက လက်ဖက်ရည် ဖျော်နည်းရဲ့ အဆင့်အားလုံးကိုကျွမ်းကျင်စွာပြုလုပ်ခဲ့လေသည်။
သူမ၏ အမေကဲ့သို့ ထင်ရှားသော မိသားစု မှ အမျိုးသမီး တစ်ဦးပင်လျှင် ချီးမွမ်း ပြီးလေးစားခဲ့ရလေသည်။
ဒါ့အပြင် သူတို့၏ ရောဂါအကြောင်း သိပြီးနောက်
မူယွီယန် နှင့် လင်းဝမ်ချင်း တို့သည် ညဘက်တွင်လုံးဝကို အိပ်မပျော်နိုင်ခဲ့ကြပေ။
ဒီအခြေအနေကို သိလိုက်ရသောအခါ ချင်းလန် မှာသူတို့အတွက် စိတ်ငြိမ်အောင်လို့ စန္ဒယား တီးပေးခဲ့လေသည်။
ထိုစန္ဒယားသံသည် တောင်ပေါ်မှ စမ်းချောင်းကလေးစီးဆင်းနေသကဲ့သို့ နှလုံးသား ကိုငြိမ်းချမ်းစေခဲ့လေသည်။
မူယွီယန် သည် တိတ်တဆိတ် အောက်ထပ်သို့ ဆင်းကာ ချင်းလန် စန္ဒယားတီးခတ်နေတာကို ခိုးမကြည့်ခဲ့လျှင် ချင်းလန် သည် ဒီလို စန္ဒယား တီးခတ်နိုင်တဲ့ ကျွမ်းကျင်မှု မျိုး ပိုင်ဆိုင်သည်ကို သူမ လုံးဝ ယုံကြည်မည် မဟုတ်ပေ။
“မဆိုးပါဘူး၊ ဆက်ကြိုးစားပေါ့”
မူယွီယန် သည် ချင်းလန် ၏ ရင်ခွင်ထဲတွင် တကယ့် စုံတွဲ တစ်တွဲကဲ့သို့ မှီနေခဲ့ပြီး သူမ၏ လက်က သူ၏ ဝမ်းဗိုက် ကို ညင်သာစွာ ထိမိလိုက်သည်။ သူမ အံ့အားသင့်စွာဖြင့်
“ရှင်မှာ ဒီလို ကောင်းမွန်တဲ့ကိုယ်ခန္ဓာ ရှိတယ်ဆိုတာ ကျွန်မ သတိမထားမိခဲ့ဘူး၊ ဗိုက်ကြွက်သားတွေ တောင် ရှိတယ်” ဟု ပြောလိုက်သည်။
ချင်းလန် က ရယ်လိုက်ပြီး
“မင်း သတိမထားမိသေးတဲ့ အရာတွေ အများကြီး ရှိပါသေးတယ်။”
ဟုပြောလိုက်သည်။
သူတို့၏ မျက်လုံးချင်း ဆုံသွားပြီးနောက် မူယွီယန် က လင်းဝမ်ချင်းရောက်လာသည့်နေ့က ဝတ်ခဲ့တဲ့ အဝတ်အစားတွေအတိုင်း ဝတ်ထားလေသည်။ ပန်းရောင် လက်ရှည် ရှပ်အင်္ကျီ ကို အပြာရောင်
ရင့်ရင့်ဂျင်းဘောင်းဘီ နှင့်တွဲဝတ်ထားလေသည်။
သူမရဲ့ သွယ်လျတဲ့ကိုယ်လုံးလေးကတစ်ဖက်လူကို ပိုမိုဆွဲဆောင်နေလေသည်။
ချင်းလန် က မချီးကျူးဘဲ မနေနိုင်တော့ဘဲ
“မင်းရဲ့ ကိုယ်လုံးလေးကလည်း အရမ်းလှတာပဲ”
ဟု ပြောလိုက်သည်။