အခန်း (၁၄၄) လင်းရှီးအာ ၏ မျှော်မှန်းချက်
စုရှောင်းရှောင်း တောင်မှ ဒီလို နက်နဲတဲ့ စကားကို ကြားလိုက်ရတဲ့အခါ နည်းနည်း ရှုပ်ထွေးသွားလေသည်။
အချိန်အတော်ကြာမှ၊ ချင်းလန် ရဲ့ ကောက်ကျစ်တဲ့ မျက်လုံးတွေကတဆင့် အဲ့ဒီစကားလုံးတွေရဲ့ အဓိပ္ပာယ်ကို သူမ နားလည်သွားပြီး၊ အပြစ်တင်တဲ့ အနေနဲ့ နှာမှုတ်လိုက်ကာ၊ မသိစိတ်ကနေ ထိုင်ချလိုက်မိလေသည်။
သူမရဲ့ မူလ ရည်ရွယ်ချက်က ချင်းလန် ကို ချစ်စရာကောင်းအောင် လုပ်ပြဖို့ပါ၊ ဒါပေမဲ့ မမျှော်လင့်ဘဲ သူမ ထိုင်ချလိုက်ခြင်းက ကမ္ဘာကြီး ပူနွေးလာမှုကို အနည်းငယ် အထောက်အကူ ပြုလိုက်သလို ဖြစ်သွားလေသည်။
ဘယ်လို ပြောရမလဲ။
သူမ နစ်နာသလို ခံစားရပြီး အားနည်းစွာ ရေရွတ်လိုက်လေသည်။
“သခင်လေး၊ နောက်ကျရင် ရှောင်းရှောင်း ကို မကြိုက်တော့ရင်တောင်၊ ကျေးဇူးပြုပြီး ရှောင်းရှောင်း ကို မောင်းမထုတ်ပါနဲ့နော်၊ ဟုတ်ပြီလား”
“မင်း ဘာတွေ တွေးနေတာလဲ ငါက ဘယ်လိုလုပ် မင်းကို မောင်းထုတ်နိုင်မှာလဲ”
ချင်းလန် ခါးသက်သက် ပြုံးလိုက်ပြီး သူမရဲ့ ပါးပြင်ကို အကြိမ်ကြိမ် နမ်းလိုက်လေသည်။
“ငါက မင်းအတွက် အရမ်း စိတ်ပူနေရတာ။ တကယ်လို့ မင်း ကလေးလိုချင်ရင်၊ ယူကြတာပေါ့။ ငါ မကန့်ကွက်ပါဘူး။”
စုရှောင်းရှောင်း သူ့ရင်ခွင်ထဲ ခေါင်းတိုးဝင်ပြီး၊ အချိန်အကြာကြီး ငြိမ်သက်နေကာ၊ ပြီးမှ သူမရဲ့ ပါးပြင်ကို သူ့ရင်ဘတ်နဲ့ ပွတ်သပ်ပြီး၊ ကြောက်ရွံ့မှု တချို့ ပါဝင်တဲ့ အားနည်းသော အသံနဲ့ ပြောလိုက်လေသည်။
“လောလောဆယ်တော့ မယူကြစို့။”
သူမက ချင်းလန် ရဲ့ နောက်ပြောင်မှုကို အတည်ယူလိုက်လေသည်။
“ရိုင်းစိုင်းတဲ့ အတွေးတွေ တွေးနေတုန်းပဲလား”
ချင်းလန် လက်လှမ်းပြီး သူမရဲ့ နဖူးကို ဖွဖွလေး တောက်လိုက်လေသည်။
စုရှောင်းရှောင်း နှုတ်ခမ်းစူပြီး ခေါင်းခါလိုက်လေသည်။
“ဟင့်အင်း၊ မတွေးတော့ပါဘူး။”
“မင်းက တခြားတစ်မျိုး ပြောပြီး တခြားတစ်မျိုး ဆိုလိုနေတာပဲ”
ချင်းလန် သဘောကျသွားလေသည်။
တကယ်လို့ စုရှောင်းရှောင်း သာ အတွေးမလွန်ဘဲ၊ သူ့ကို လွှတ်ပေးဖို့ ငြင်းဆန်ခဲ့ရင် ဘယ်လို လုပ်မလဲ။
…
နေဝင်ချိန် နေရောင်ခြည်အောက်မှာ ရေချိုးနေတဲ့ ထျန်ဟိုင်မြို့ ရဲ့ ကန်ကြီးက အေးချမ်းဆိတ်ငြိမ်တဲ့ မြင်ကွင်းကို ဖော်ဆောင်နေလေသည်။
ကမ်းစပ်အနီး ရေထဲမှာ သစ်သားလှေငယ်လေး တစ်စင်းက သိသိသာသာ ပေါလောပေါ်နေလေသည်။
လင်းရှီးအာ က သစ်သားလှေရဲ့ တစ်ဖက်စွန်းမှာ ထိုင်နေပြီး၊ ရှက်ရွံ့စွာ ခေါင်းငုံ့ထားလေသည်။ စောစောက ချင်းလန် သူမကို ပွေ့ချီပြီး လှေပေါ် တင်ပေးတုန်းက၊ သူ တမင်သက်သက် လုပ်တာများလားလို့ သူမ တွေးမိလိုက်တယ်။ သူ့လက်ဖဝါးက သူမရဲ့ ပေါင်ကို ခဏခဏ လာထိနေတာကိုး။
တမင်ရည်ရွယ်ပြီး လုပ်တာတော့ မဖြစ်နိုင်ပါဘူးနော်
ချင်းလန် လို ဖြောင့်မတ်တဲ့ လူတစ်ယောက်က အခွင့်အရေး အသေးအဖွဲလေး ယူဖို့ ဒီလို ကိစ္စမျိုး ဘယ်လိုလုပ် လုပ်မှာလဲ။
ဒါ့အပြင်၊ ချင်းလန် အနေနဲ့ ဒီလို အခွင့်ကောင်းယူစရာ မလိုပါဘူး။ တကယ်လို့ သူ သူမကို ထိချင်ရင်၊ သူ ဖွင့်ပြောလိုက်ရုံပင်။
သူမက သဘောမတူဘူးလို့ ပြောမှာမှ မဟုတ်တာ။
“ချင်းလန်၊ ရှင် ဘာကြည့်နေတာလဲ”
အချိန်အတော်ကြာမှ၊ လင်းရှီးအာ ခေါင်းမော့ပြီး ကန်ရေပြင်ကို လှမ်းမျှော်ကြည့်နေတဲ့ ချင်းလန် ကို ကြည့်ကာ စပ်စုချင်စိတ်နဲ့ မေးလိုက်လေသည်။
“ရှင် အလုပ်ရှုပ်နေလို့ ကျွန်မကို ကားမောင်းပြီး လိုက်မပို့အားလို့လား တကယ်လို့ ရှင် လုပ်စရာ ရှိရင်၊ အရင်ပြန်နှင့်လို့ ရပါတယ်။ ကျွန်မဘာသာ ဝှီးချဲနဲ့ အိမ်ပြန်လို့ ရပါတယ်။”
“အမေက ရှင်နဲ့ အပြင်ထွက်ဖို့ အတင်းတိုက်တွန်းနေလို့သာ ဒီလို ဖြစ်ရတာ။ ရှင် နေ့တိုင်း အပ်စိုက်ကုသဖို့ လာကူညီပေးတာကိုပဲ ကျွန်မ အရမ်း ကျေးဇူးတင်နေပါပြီ။”
ချင်းလန် ကန်ရေပြင်ကနေ အကြည့်လွှဲလိုက်ပြီး ပြုံးလိုက်လေသည်။
“အဲ့လို မဟုတ်ပါဘူး။ အန်တီက ကျွန်တော့်ကို ယုံကြည်လို့ ကျွန်တော်တို့ နှစ်ယောက်တည်း အပြင်ထွက်ဖို့ ခွင့်ပြုတာလေ။ ကျွန်တော်က ဝမ်းတောင် ဝမ်းသာပါသေးတယ်။”
သူ လင်းရှီးအာ ကို ဒီကန်ဆီ ခေါ်လာပြီး လှေစီးရတဲ့ အကြောင်းရင်းက၊ ဇာတ်လမ်းထဲမှာ နောက်ပိုင်း ဒီနေရာမှာ တစ်ခုခု ဖြစ်ပျက်လိမ့်မယ် ဆိုတာ သူ သိထားလို့ပင်။
ခဏလောက် စောင့်ကြည့်ပြီးပေမယ့်၊ ကျိုးဇယ်ချင်း ကို ဘယ်နေရာမှာမှ မတွေ့ရပေ။
သူ မှတ်မိတာ မှားနေလို့များလား။
နေပါဦး၊ ကျိုးသခင်ကြီး ရဲ့ မွေးနေ့ပွဲက ဒီနေ့လေ။
စုရှောင်းရှောင်း ကို မိဘမဲ့ဂေဟာ ကျောင်းအုပ်ကြီးက ခေါ်သွားတာနဲ့၊ သူ ထွက်လာခဲ့ပြီး ဒီနေရာမှာ သစ်သားလှေ တစ်စင်း စီစဉ်ပေးဖို့ ကျွင်းဇီ ကို အထူးတလည် ခိုင်းစေခဲ့တာ။
သူ့ရဲ့ ကြိုးစားမှုတွေ အားလုံးက ဘာမှ မရဘဲ သဲထဲရေသွန် ဖြစ်သွားနိုင်မလား။
ချင်းလန် စဉ်းစားနေရင်း၊ တဖက်ကို လှမ်းကြည့်လိုက်တော့ သူ့မျက်နှာချင်းဆိုင်က လင်းရှီးအာ က စိတ်ပျက်လက်ပျက်နဲ့ ခေါင်းငုံ့ထားတာကို သတိထားမိလိုက်လေသည်။
အဲ့ဒါနဲ့ သူက စကားစမြည် ပြောဖို့ ဦးဆောင်ပြီး မေးလိုက်လေသည်။
“ဒီရက်ပိုင်း ခေါက်ဆွဲဆိုင် နေရာသစ် အတွက် သတင်း ဘာကြားသေးလဲ”
လင်းရှီးအာ ခေါင်းမော့လာပြီး၊ သူမရဲ့ မျက်လုံးတွေ တောက်ပနေလေသည်။
“အဖေနဲ့ အမေက ဈေးဝယ်စင်တာကြီး အနီးမှာ ဆိုင်နေရာသစ် တွေ့ထားပြီးပြီ။ အဲ့ဒီမှာ လုပ်ငန်း ပိတ်သိမ်းသွားတဲ့ သရေစာဆိုင် တစ်ဆိုင် ရှိနေလို့လေ။”
“ဒါပေမဲ့၊ ကျွန်မတို့ အဲ့ဒီကို သွားကြည့်ပြီးပြီ။ အဲ့ဒီ နေရာက လူသွားလူလာ များပေမယ့်၊ စားသောက်ဆိုင်ကြီးတွေပဲ ရှိပြီး၊ ခေါက်ဆွဲဆိုင် မရှိဘူး။ အဲ့ဒီမှာ ခေါက်ဆွဲဆိုင် ဖွင့်ရင် သေချာပေါက် ဈေးကွက် ရှိလိမ့်မယ်။”
“ဒါဆိုရင်တော့ မင်း ပိုက်ဆံတွေ အများကြီး ရတော့မှာပေါ့”
ချင်းလန် က လင်းရှီးအာ ဘေးနားမှာ ဝင်ထိုင်လိုက်ပြီး နောက်ပြောင်သလို ပြောကာ၊ လက်လှမ်းပြီး သူမရဲ့ ရှုပ်ပွနေတဲ့ ဆံပင်ကို ဖယ်ပေးလိုက်လေသည်။
“ဒါဆို ကိုယ်မင်းကို သေချာ ဂရုစိုက်ရတော့မယ်၊ ကိုယ့်ရဲ့ အနာဂတ် သူဌေးမလေး။”
လင်းရှီးအာ မျက်နှာ ရဲသွားပြီး ပြောလိုက်လေသည်။
“ရှင် ပြောသလောက်ကြီး မဟုတ်ပါဘူး ချင်းလန် ရယ်။ ခေါက်ဆွဲဆိုင်တွေက တကယ်တမ်းကျတော့ အဲ့လောက် ပိုက်ဆံ အများကြီး မရပါဘူး။ ဒါ့အပြင်၊ ကျွန်မတို့ မိသားစုရဲ့ ခေါက်ဆွဲဆိုင်က ဈေးနှုန်း အရမ်း သက်သာတယ်။ ဆိုင်ခန်းငှားခနဲ့ ဝန်ထမ်း စရိတ်တွေ နှုတ်လိုက်ရင်၊ သိပ်အများကြီး မကျန်ပါဘူး။”
“ဒါပေမဲ့ သေချာတာပေါ့၊ အစားအသောက်တန်းမှာ ဖွင့်တာထက်စာရင်တော့ ပိုပြီး ဝင်ငွေ ကောင်းမှာ သေချာတယ်”
ချင်းလန် ကုန်းပတ်ကို မှီလိုက်ပြီး၊ လက်နှစ်ဖက်ကို ခေါင်းနောက်မှာ ယှက်ကာ၊ သဘောကျစွာ ပြောလိုက်လေသည်။
“ဦးလေးနဲ့ အန်တီကလည်း မငယ်တော့ဘူး၊ ပြီးတော့ မင်းက ကျောင်းတောင် မပြီးသေးဘူး၊ ဒါပေမဲ့ အနာဂတ် သူဌေးကတော် နေရာကို ကြိုတင် ဦးထားပြီးပြီပဲ။”
“ရှင် ပြောမှပဲ၊ အဲ့ဒါ အဓိပ္ပာယ် ရှိသားပဲ”
“ကျွန်မ ငယ်ငယ်တုန်းက မှတ်မိတယ်၊ အဖေက ပိုကြီးတဲ့ ခေါက်ဆွဲဆိုင် ဖွင့်ချင်ခဲ့တာ၊ ဒါပေမဲ့ နောက်ပိုင်း ကျွန်မ ခြေထောက် ကုသစရိတ် အတွက် ပိုက်ဆံတွေ အများကြီး ကုန်သွားခဲ့တယ်။ မိသားစုက ဝင်ငွေ အရမ်း လိုအပ်နေတဲ့ အခြေအနေ မဟုတ်ပေမယ့်၊ တခြား ဆိုင်တွေကို လွှဲပြောင်းယူဖို့ အတွက် ပိုလျှံတဲ့ ငွေကြေး ရှိဖို့ဆိုတာ မဖြစ်နိုင်ခဲ့ဘူး။”
“ရှင် ကျေးဇူးကြောင့်ပါ ချင်းလန်၊ မဟုတ်ရင် အဖေ့ရဲ့ ဆန္ဒ ဘယ်တော့မှ ပြည့်ဝလာမလဲ ဆိုတာ ကျွန်မ မသိဘူး။”
လင်းရှီးအာ ပြောနေရင်းနဲ့၊ သူမရဲ့ လှပတဲ့ မျက်လုံးတွေက အနာဂတ် အတွက် မျှော်လင့်ချက်တွေနဲ့ တောက်ပနေလေသည်။
“တကယ်တော့၊ ကျွန်မမှာ ကြီးကျယ်တဲ့ ရည်မှန်းချက်တွေ မရှိပါဘူး။ ကျွန်မ တွေးမိတာက ကျောင်းပြီးရင်၊ ကိုယ်ပိုင် ခေါက်ဆွဲဆိုင်လေး တစ်ဆိုင် ပိုင်ဆိုင်ပြီး၊ နေ့တိုင်း အလုပ်ရှုပ်နေတဲ့ ဖောက်သည်တွေ အတွက် ပူပူနွေးနွေး ခေါက်ဆွဲတစ်ပန်းကန် ပြင်ဆင်ပေးနိုင်ရင်၊ ကျွန်မ ရောင့်ရဲတင်းတိမ် ပါပြီ။”
သူမ ချင်းလန် ရှိရာဘက်ကို တစ်ချက် လှမ်းကြည့်ပြီး တိုးတိုးလေး မေးလိုက်လေသည်။
“ချင်းလန်၊ ကျွန်မ ပြန်လမ်းလျှောက်နိုင်ဖို့ အချိန်ဘယ်လောက် ကြာဦးမယ်လို့ ရှင် ထင်လဲ”
“အပ်စိုက်ကုသမှု နည်းနည်း ထပ်လုပ်ဖို့ လိုသေးတယ်၊ ဒါပေမဲ့ မကြာခင် ပြီးတော့မှာပါ၊ မင်း သေချာပေါက် ပြန်ကောင်းလာမှာပါ”
လို့ ချင်းလန် ညင်သာစွာ နှစ်သိမ့်ပေးလိုက်လေသည်။
“မင်းက ပြန်မတ်တပ်ရပ်နိုင်ဖို့ ဘာလို့ ဒီလောက် စိတ်လောနေရတာလဲ”
ပြန်ကောင်းချင်တာက သဘာဝကျပါတယ်၊ ဒါပေမဲ့ နေ့တိုင်း ဒီအကြောင်း မေးနေတာက နည်းနည်း ထူးဆန်းနေတယ်။
လင်းရှီးအာ ကန်ရေပြင်က လေပြည်ကြောင့် ရှုပ်ပွသွားတဲ့ ဆံပင်တွေကို နားရွက်နောက် သပ်တင်လိုက်လေသည်။
သူမရဲ့ လှပတဲ့ မျက်လုံးတွေက ငြိမ်သက်နေတဲ့ ရေကန်ပေါ်က လှိုင်းဂယက်တွေလို ဖြစ်ပေါ်နေပြီး၊ ချင်းလန် ရဲ့ မျက်နှာကို ငေးကြည့်နေလေသည်။
သူမ စကားမပြောပေမယ့်၊ စိတ်ထဲမှာ တိတ်တဆိတ် တွေးလိုက်မိလေသည်။
“ဘာလို့လဲ ဆိုတော့ ခေါက်ဆွဲဆိုင်မှာ ပိုင်ရှင် လိုနေသေးလို့လေ...”