အခန်း(၁၄)ဒေါသထွက်အောင်လုပ်ပြီးမှ အပြစ်ရှိစိတ်ခံစားရအောင်လုပ်မယ်
မူယွီယန် ကို လျစ်လျူရှုထားရင်း အဖြူရောင် ဝတ်စုံဝတ်ထားသော ဆရာဝန် သည် လင်းဝမ်ချင်း ကို မျက်မှောင်ကြုတ်ကြည့်ကာ
“ခင်ဗျားက ကိုယ့်ကျန်းမာရေး အခြေအနေကိုတောင် မသိဘူးလား” ဟု မေးလိုက်သည်။
လင်းဝမ်ချင်း မှာ အာရုံထွေပြားနေဆဲဖြစ်ပြီး ခေါင်းခါလိုက်ကာ တုန်ယင်စွာဖြင့်
“ကျွန်မလည်း မသိဘူး ဒေါက်တာ၊ ဒါမှားတာရော ဖြစ်နိုင်မလား”
ဟု ပြောလိုက်သည်။
ဆရာဝန် က မျက်လုံးလှန်ကြည့်လိုက်ပြီး
“ခင်ဗျားနဲ့အတူ ကျန်းမာရေး စစ်ဆေးမှု ခံယူတဲ့
လူဆယ်ဂဏန်းကျော် ရှိတယ်။ တခြားသူတွေ အားလုံးက ပုံမှန် ဖြစ်နေချိန်မှာ ခင်ဗျား တစ်ယောက်တည်းပဲ ဘာလို့ ပြဿနာ ဖြစ်နေမှာလဲ”
“ဒါ ထူးဆန်းတယ်။ ခင်ဗျားတို့ နှစ်ယောက်က ပုံမှန်ဆို အရမ်း ဂရုမစိုက်တတ်ကြဘဲ ဘာလို့ ရုတ်တရက် ကျန်းမာရေး စစ်ဆေးဖို့ ဆုံးဖြတ်လိုက်တာလဲ။”
အမေ နှင့် သမီးတို့သည် တံခါးအပြင်ဘက်မှာရှိနေတဲ့ ချင်းလန် ကို မသိစိတ် ဖြင့် ကြည့်လိုက်ကြသည်။
“ရှောင်ချင်း၊ မြန်မြန် ဝင်လာ၊ အပြင်မှာ ဘာရပ်လုပ်နေတာလဲ”
လင်းဝမ်ချင်း က အလျင်အမြန် လက်ဝှေ့ယမ်းလိုက်ပြီး သူမထံ လျှောက်လာသော ချင်းလန် ကို ကြည့်ရင်း အားငယ်သောအပြုံးဖြင့် ပြောလိုက်သည်
“ဒီတစ်ခါ၊ ငါ မင်းကိုကျေးဇူးတင်ရတော့မယ်၊ မဟုတ်ရင် အန်တီ တစ်နေ့ ရုတ်တရက် သေသွားရင်တောင် ဘာဖြစ်လို့သေသွားမှန်း သိမှာမဟုတ်ဘူး။”
နှလုံးသွေးကြောကျဉ်းရောဂါ
ပြီးတော့ အဆင့်သုံး တဲ့
လင်းဝမ်ချင်း ကိုယ်တိုင်က မယုံနိုင်သေးဘဲ အခုထိ ထိတ်လန့် နေခဲ့သည်။
“မင်း တစ်ခုခု သတိထားမိလို့လား၊ မဟုတ်ရင် ဘာလို့ အန်တီ့ကို အိမ်မှာနေရင်း စစ်ဆေးမှု ခံယူဖို့ ဒီလောက်ထိ ဇွတ်တောင်းဆိုနေရတာလဲ”
လင်းဝမ်ချင်း က စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။
ချင်းလန် ခေါင်းညိတ်လိုက်ပြီး
“ကျွန်တော် တစ်ခုခု မှားယွင်းနေတာ သတိထားမိတယ်။ အန်တီ စကားပြောနေချိန်မှာ ရည်ရွယ်ချက်ရှိရှိ ဒါမှမဟုတ် မတော်တဆလည်ပင်း ကို ခဏခဏ
ထိနေတယ်၊ ပြီးတော့ ဒေါသထွက်တဲ့အခါမှာလဲ လည်ပင်း ကို ပိုပြီးထိထိနေတာက ပုံမှန် မဟုတ် ဘူး။”
အဖြူရောင် ဝတ်စုံ ဝတ်ထားသော ဆရာဝန် က အချိန်ကိုက် လက်မထောင် လိုက်ပြီး
“လူငယ်လေး၊ မင်းက ဆေးပညာလေ့လာနေတာလား၊ နှလုံးသွေးကြောကျဉ်းရောဂါက နှလုံးသွေးကြော တွေမှာ ပြင်းထန်တဲ့ သွေးလွှတ်ကြောမာကျစ်မှု ကြောင့် ဖြစ်ပြီးတော့ ဒါက နှလုံးကြွက်သား ကို သွေးထောက်ပံ့မှု မလုံလောက်ဘဲ နှလုံးကြွက်သား
တွေကို သွေးကြောပိတ်ဆို့မှု ကို ဖြစ်စေပြီး ရင်ဘတ်အောင့်တာ ကိုဖြစ်စေတယ်။”
အဆင့် ၃ နှလုံးသွေးကြောကျဉ်းရောဂါ ခံစားနေရတဲ့ လူနာတွေက ရင်ဘတ်အောင့် တဲ့အခါ လည်ပင်းနာ တာကိုပါ ခံစားရနိုင်ပြီး မသိစိတ်နဲ့ လည်ပင်းကို ထိတွေ့ ခြင်းက ထင်ရှားတဲ့ လက္ခဏာ တစ်ခု ဖြစ်လေသည်။
ကံကောင်းတာက လူနာ က အချိန်မီ ရောက် လာတာ
ကြောင့် သေချာ ဂရုစိုက်ရင် ပြန်လည်ကောင်းမွန် ဖို့ အခွင့်အရေး အလွန် မြင့်မားလေသည်။
နောက်ပိုင်း လူနာကပင်ပန်းတဲ့ အလုပ်တွေဆက်လုပ်နေမယ်ဆိုရင် နှလုံးကိုရှော့ဖြစ်စေပြီး ရုတ်တရက် သေဆုံးခြင်းကိုဖြစ်စေနိုင်လေသည်။
“အမေ...”
မူယွီယန် အခုမှ သတိပြန်ဝင်လာလေသည်။ ဆရာဝန် စကားကို ကြားပြီးတော့ သူမချွေးအေး တွေကျလာကာ သူမရဲ့ နှလုံးသားက ဟိုးအောက်ဆုံးထိကျသွားသလို ခံစားလိုက်ရသည်။
သူမ ထိတ်လန့်နေပြီးသူမအမေကိုကိုင်ထားတဲ့ သူမရဲ့လက်တွေက တုန်ယင်နေသည်။ သူမမျက်လုံးထဲမှာ မျက်ရည် တွေ ပြည့်နှက်နေပြီး မျက်လုံးတွေ နီရဲကာ ငိုတော့မလို ဖြစ်နေသည်။
“ကလေး၊ အမေ ရပါတယ်၊ အမေ ဘာမှ မဖြစ်ဘူး။အမေ တို့စောစော သိလိုက်ပြီ မဟုတ်လား၊ အမေက အနားယူပြီးရင် ပြန်ကောင်းလာမှာပါ။”
လင်းဝမ်ချင်း က သူမသမီးရဲ့ လက်ကို ပုတ်ပြီး
နှစ်သိမ့်လိုက်ကာ ချင်းလန် ကို ကျေးဇူးတင်စွာ ကြည့်လိုက်သည်။
“ရှောင်ချင်း မင်း တစ်ခုခု မှားနေတာကို သတိထားမိရင် ဘာလို့ အိမ်မှာ ဘာမှ မပြောခဲ့တာလဲ။ ယွီယန် တောင် ဒေါသထွက်ပြီး မင်းကိုအော်ခဲ့တာလေ။ မင်းစိတ်မဆိုးဘူးလား”
ချင်းလန် ခေါင်းကို ခါလိုက်ပြီး
“ကျွန်တော် မပြောရဲသေးဘူး၊ ဘာလို့ဆို အန်တီလင်းက ယွီယန် ရဲ့ နှလုံးသား ထဲမှာဘယ်လိုနေရာယူထားလဲဆိုတာ ကျွန်တော်သိတယ်။ပြီးတော့ ကျွန်တော်နည်းနည်းပဲခန့်မှန်းမိတာ သိပ်မသေချာသေးဘူး၊ ကျွန်တော်ရဲ့ ထင်မြင်ချက် တွေကို ပေါ့ပေါ့ဆဆပြောလိုက်ပြီး တော့မှ အန်တီက ကျန်းမာနေပြီး ကျွန်တော်က မှားသွားရင် ဘယ်လိုလုပ်မလဲ”
“ဒါဆို ယွီယန်က အန်တီ့ကိုမကောင်းပြောတယ်ဆိုပြီးကျွန်တော့ကို အရမ်း ဒေါသထွက်မှာ မဟုတ်ဘူးလား”
“ပြီးတော့ ကျွန်တော်က ရပါတယ်။ အန်တီ ဘာမှမဖြစ်ရင် ပြီးတာပါပဲ။”
“ဒါ့အပြင် ကျွန်တော်က လူကြီးလူကောင်းတစ်ယောက်ပါ၊ ယွီယန်လို မိန်းကလေး တစ်ယောက်ကို ဘယ်လိုလုပ်ဒေါသထွက်နိုင်မှာလဲ”
“မင်း လိမ္မာလိုက်တဲ့ကလေး”
လင်းဝမ်ချင်း စိတ်ထဲမှာ ခံစားချက်မျိုးစုံ ဖြင့် တွေးလိုက်သည်။ ချင်းလန်က ဘယ်လိုလုပ် ဒီလောက်တောင် လိမ္မာရေးခြားရှိပြီး အကောင်းမြင်တတ်ရတာလဲ။
သူ့က သူမသမီးအပေါ်မှာလဲ အရမ်းဂရုစိုက်ပြီး နည်းနည်းလေးမှ စိတ်မဆိုးပဲနဲ့လည်း သည်းခံနိုင်လေသည်။
လင်းဝမ်ချင်း စိတ်ထဲမှ ဆုံးဖြတ်လိုက်သည်၊ သူမရဲ့ သားမက် အကြောင်း နောက်ကွယ်ကနေ မကောင်းပြောတာကို ထပ်ကြားရင် သူမ ဘယ်တော့မှဒီတိုင်းကြည့်နေမှာ မဟုတ်တော့ပေ။
သူမ သေချာပေါက် သူတို့ကို ရှာပြီးကောင်းကောင်း ဆူပူ လိမ့်မည်ဖြစ်သည်။
သူမရဲ့ သားမက်လို သဘောကောင်းတဲ့ လူငယ်တစ်ယောက်က ကောလာဟလထဲကလိုမျိုး ယုတ်မာပြီး မျက်နှာပြောင် တဲ့သူဌေးသားလူဆိုး ဘယ်လို ဖြစ်နိုင်မှာလဲ။
ဆရာဝန် က ရယ်မောကာ
“လူငယ်လေး၊ မင်းက အရမ်းချောမော ပြီးခန့်ညား
ပေမယ့် မင်းနောင်တချိန်မှာ မိန်းမကြောက်တဲ့ ယောက်ျား သေချာပေါက် ဖြစ်လာမှာပဲ”
ဟုစလိုက်လေသည်။
သူ ပြောနေရင်း မူယွီယန်ကို တစ်ချက်ကြည့်လိုက်လေသည်။ ဒါက မူယွီယန် ကို ရှက်ရွံ့ စေပြီးခေါင်းငုံ့ သွားစေခဲ့သည်။
သူမ နှုတ်ခမ်းကို ကိုက်ပြီး တိုးညှင်းစွာပြောလိုက်လေသည်။
“တောင်းပန်ပါတယ်၊ ဒါက... ကျွန်မ နားလည်မှု
လွဲသွားတာပါ။ ကျွန်မ တောင်းပန်ပါတယ်ချင်းလန်။”
“ကျေးဇူးတင်ပါတယ်နော်။ ရှင် သာမပြောရင် အမေ ရဲ့ ကျန်းမာရေး အခြေအနေ ကို ကျွန်မ သိမှာ မဟုတ်ဘူး။ ကျွန်မကတကယ့်ကို ဆိုးတဲ့ သမီးတစ်ယောက်ပဲ။ အရမ်း ကျေးဇူးတင်ပါတယ်၊ မဟုတ်ရင်... ကျွန်မ တကယ် ဘာလုပ်ရမှန်း သိမှာ မဟုတ်ဘူး။ ကျေးဇူးတင်ပါတယ်၊တကယ် ကျေးဇူးတင်ပါတယ်...”
ဒီအချိန်မှာ မူယွီယန် ရဲ့ ခံစားချက် တွေဟာ အလွန် ရှုပ်ထွေး နေသည်။ ချင်းလန် ကဆေးစစ်ဖို့ အကြံပြုတုန်းက သူမ ဒေါသထွက်ခဲ့တာကြောင့် ၊ အခုတော့ သူမ ပိုပြီးအပြစ်ရှိသလို ခံစားနေရလေသည်။
ချင်းလန် က သူမအမေရဲ့ ကျန်းမာရေး ကိုစိုးရိမ်တာကြောင့် သူမဒေါသတကြီးပြောဆိုနေတာကို
သည်းခံပေးခဲ့သည်။
ဒါတွေအားလုံးကို တွေးလိုက်တော့ မူယွီယန် ကသူမရဲ့ အရင်က ပြုမူပုံက ပိုပြီးအပြစ်ရှိ တယ်လို့ခံစားလိုက်ရသည်။
သူမက သမီး အဖြစ်နဲ့ တောင်နေဖို့ မထိုက်တန်ပေ။
သူမ ဘယ်လိုလုပ်ဒီလောက်တောင် မဆင်မခြင်ဖြစ်ပြီး ချင်းလန် ရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက် တွေကို ဒီလောက် လွယ်လွယ်နဲ့ စွပ်စွဲ ခဲ့တာလဲ။
တခြားနည်းနဲ့ ပြောရရင်သူက ချင်းလန်
ဖြစ်နေလို့သာ တခြား တစ်ယောက်ယောက်သာဆိုရင် လက်ညှိုးထိုးပြီး သူမကို အရှက်မရှိတဲ့သူ လို့ဆဲဆိုရင်တောင် သူမမှာ ပြန်ချေပစရာ စကားတစ်လုံးမှ ရှိမှာ မဟုတ်ပေ။
“အမိုက်လေး ဘာလို့ ကိုယ့်ကို တောင်းပန် နေတာလဲ ကိုယ်က မင်းရဲ့ ကောင်လေးပဲလေ ပြီးတော့ မင်းရဲ့
အမေကလဲကိုယ့် မိသားစု ပဲလေ။ ကိုယ့်မိသားစု နေမကောင်းဖြစ်တာကို ကိုယ်ဘယ်လိုလုပ် ဒီတိုင်းနေနိုင်မှာလဲ”
“မင်းရဲ့မျက်လုံးတွေရဲနေပြီ မငိုနဲ့တော့ မသိတဲ့လူတွေက ကိုယ်မင်းကို အနိုင်ကျင့်နေတယ်လို့ ထင်နေဦးမယ်”
“ကျေးဇူးပြုပြီး မငိုပါနဲ့ကွာ၊ မင်းကို ဒီလိုမြင်ရတာ
ကိုယ်မခံစားနိုင် ဘူး။”
ချင်းလန် က မူယွီယန် ရဲ့ ခေါင်း ကို ပုတ်ပြီးပြောလိုက်လေသည်။
ဒါကသူနဲ့ ချစ်သူလိုမျိုး ရင်းနှီးတဲ့ အမူအရာမျိုးကို ပထမဆုံး စလုပ်တာဖြစ်ပြီး ဆန့်ကျင်မှု တစ်စုံတစ်ရာမှ မတွေ့ရပေ။
“ဒင်! ဇာတ်လိုက်မင်းသမီး မူယွီယန် က အိမ်ရှင် အပေါ် နှစ်သက်မှု တိုးလာသည်။ ဗီလိန်အမှတ် +၈၀၀ ရရှိသည့်အတွက် အိမ်ရှင် ကိုဂုဏ်ပြုပါသည်။”
“ဒင်! ဇာတ်လိုက်မင်းသမီး မူယွီယန် က အိမ်ရှင် အပေါ် နှစ်သက်မှု ဆက်လက် တိုးမြှင့်နေသည်။
ဗီလိန်အမှတ် +၁၀၀၀ ရရှိသည့်အတွက် အိမ်ရှင် ကို ဂုဏ်ပြုပါသည်။”
“…”
“ဒင်! အဓိကဇာတ်လိုက် ရဲ့ဖန်း ၏ ကံကြမ္မာအမှတ် ၅၀၀ လျော့နည်းသွားသည်။ ဗီလိန်အမှတ် +၅၀၀၀ ရရှိသည့်အတွက် အိမ်ရှင် ကို ဂုဏ်ပြုပါသည်။”
ဆရာဝန် က လင်းဝမ်ချင်း အတွက် ဆေးဝါးများ ထုတ်ပေးပြီး ကြိုတင်ကာကွယ်မှုနည်းလမ်း များကို ညွှန်ကြားနေစဉ် ချင်းလန် သည် သူ၏ စိတ်ထဲတွင် စနစ်၏အကြောင်းကြားသံ ကို ကြားလိုက်ရသည်။
အံ့သြစရာပဲ!
သူကရဲ့ဖန်း လုပ်မယ့်ဟာကိုအရင်လုပ်လိုက်
တာကြောင့် မူယွီယန် ဆီကနေ ဗီလိန်အမှတ် အများအပြား ရရှိခဲ့ရုံသာမက ရဲ့ဖန်း ရဲ့ ကံကြမ္မာအမှတ်ကို ၅၀၀ လျော့ကျသွားအောင် လုပ်ဆောင်နိုင်ခဲ့ပြီး သူ ကိုယ်တိုင်က ဗီလိန်အမှတ် ၅၀၀၀ ရရှိခဲ့လေသည်။
ဒါဆို ရဲ့ဖုန်း ရဲ့ ကံကြမ္မာအခွင့်အလမ်းတွေကို သိမ်းပိုက်တာက သူ့ရဲ့ ကံကြမ္မာအမှတ် ကိုလျော့စေရုံသာမကငါ့ကိုပါ အဲ့တာရဲ့ ဗီလိန်အမှတ်
ဆယ်ဆ ကိုပေးတာလား။
ဟဲဟဲ......
အဲ့လိုတွေးမိပြီးနောက် ချင်းလန်စိတ်ထဲတွင်
ဗီလိန် ဖြစ်ရတာကို ပိုပိုပြီးစိတ်လှုပ်ရှား လာခဲ့ တော့လေသည်။