အခန်း (၁၃၇) ရူရုန် ကြောင်အသွားခြင်း
နောက်တစ်နေ့၊ မနက်စောစော....
ချင်းလန် ကိုင်ယွမ် ဟိုတယ်ကနေ ထွက်သွားပြီး မကြာခင်မှာပဲ၊ ဟိုအဘွားကြီး အာ မှားလို့၊ ရူရုန် က နှစ်ယောက်အိပ် ခန်းထဲ အခြေအနေ ကြည့်ဖို့ အလျင်အမြန် ဝင်ရောက်လာလေသည်။
မနေ့ညက သူမ ခိုးနားထောင်နေရင်း၊ ဘာအသံမှ မကြားရဘဲ သတိမထားမိလိုက်ချိန်မှာ အိပ်ပျော်သွားခဲ့တာပင်။
ဒါတွေ အားလုံးက ဟိုအခန်းတွင်း အလှဆင်တဲ့ သူတွေအပြစ်ပဲ ဘာလို့ အသံလုံအောင် ဒီလောက် တင်းတင်းကျပ်ကျပ် လုပ်ထားရတာလဲ။
ရလဒ် အနေနဲ့၊ သူမ အခြေအနေကို သိရဖို့ ကိုယ်တိုင် သွားကြည့်ရတော့တာပေါ့။
ရူရုန် အခန်းထဲ ခြေချလိုက်တာနဲ့၊ သူမ အံ့ဩမှင်သက်သွားလေသည်။ သူမ နောက်က တံခါးကို အမြန် ပိတ်လိုက်ပြီး၊ သမီးဖြစ်သူ ဘေးနား ယိုင်နဲ့နဲ့ လျှောက်သွားကာ၊ သူမလက်ကို ဆုပ်ကိုင်ပြီး နာကျင်တဲ့ မျက်နှာထားနဲ့ ပြောလိုက်လေသည်။
“ယိုချူ ဒါတွေ အားလုံးက အမေ့အပြစ်ပါ၊ အားလုံး အမေ့အပြစ်ပါ အမေ မှားသွားပါတယ်”
ဟုတ်ပါတယ်....
ရူရုန် က ချင်း မိသားစုကို သေချာပေါက် တွယ်ကပ်ချင်ပါတယ်၊ မှီခိုအားထားစရာ သစ်ပင်ကြီး တစ်ပင် ရှိတာ ကောင်းတယ်လေ။
မနေ့ညက သူမ လုပ်ခဲ့တဲ့ ကိစ္စတချို့၊ ဥပမာ အထဲ ဝင်ခိုင်းတာမျိုးတွေက သူမသမီးကို အခန်းထဲ ဝင်ဖို့ တမင်တကာ ဖိအားပေးခဲ့တဲ့ နည်းလမ်းတွေပါပဲ။
ဒါပေမဲ့ သူမ အဂရုစိုက်ဆုံးက သူမသမီးပါ
ကိုယ့်သမီးကို မချစ်တဲ့ အမေ ဘယ်မှာ ရှိလို့လဲ။
အခု သူမရဲ့ ချစ်လှစွာသော ယိုချူ ဒီလို အခြေအနေ ပြောင်းလဲသွားတာ မြင်လိုက်ရတော့ သူမ မျက်လုံးထဲမှာ ဝေ့သီလာတဲ့ မျက်ရည်တွေကို ဘယ်လိုလုပ် ထိန်းထားနိုင်မှာလဲ။
မျက်ရည်တွေက လင်းယိုချူ ရဲ့ လက်မောင်းပေါ် ဘုတ်ခနဲ ကျရောက်သွားလေသည်။
လင်းယိုချူ ကို တွေဝေငေးမောနေတာကနေ သတိပြန်ဝင်လာစေတာက မိသားစု သံယောဇဉ်ကြိုး ကြောင့်များ ဖြစ်မလား။ သူမ ပါးစပ်ဟပြီး ပြောလိုက်လေသည်။
“မေမေ၊ သမီး ရေနည်းနည်း သောက်ချင်တယ်...”
ရူရုန် ရေတစ်ခွက် အမြန် ငှဲ့လိုက်ပေမယ့်၊ လင်းယိုချူ ကို ကမ်းပေးတော့မယ့် ဆဲဆဲမှာ၊ ကြမ်းပြင်ပေါ် လွတ်ကျသွားလေသည်။ သူမ ဧည့်ကြိုကို အမြန် ဖုန်းဆက်ပြီး ရေသန့်တစ်ဘူး ယူလာပေးဖို့ ပြောလိုက်လေသည်။
ဂလု ဂလု ဂလု...
လင်းယိုချူ က ရေသန့်ကို လောဘတကြီး သောက်လိုက်ပြီး၊ သူမရဲ့ ခန္ဓာကိုယ် သေးသေးလေးထဲမှာ ကြီးမားတဲ့ စွမ်းအင်တွေ ဖုံးကွယ်ထားသလို၊ တစ်ဘူးလုံး ကုန်အောင် တစ်ငုံတည်း မော့သောက်လိုက်လေသည်။
ရူရုန် ရဲ့ နှလုံးသား ကွဲကြေမတတ် ခံစားရလေသည်။
သမီးဖြစ်သူရဲ့ လက်သေးသေးလေးကို ကိုင်ပြီး ပြောလိုက်လေသည်။
“ယိုချူ၊ အမေက အရမ်း အရည်အချင်း မရှိပါဘူး အမေ တကယ် မသိခဲ့ဘူး...”
ချင်းလန် က ဒီလောက် နှလုံးသား မရှိဘဲ ကောက်ကျစ်တဲ့ ကောင် ဖြစ်လိမ့်မယ်လို့။
တကယ်လို့ အခြေအနေက ဒီလို ဖြစ်လာမယ်လို့သာ သိခဲ့ရင်၊ သမီးကို ဒီလို ဒုက္ခမျိုး ဘယ်တော့မှ ပေးမှာ မဟုတ်ဘူး။
အသက်ပေးရရင်တောင်၊ အမေ ဒီလို ကိစ္စမျိုး လုပ်မှာ မဟုတ်ဘူး။
ဝမ်းနည်းလိုက်တာ....
ငါ အပြစ်ရှိသလို ခံစားရတယ်.....
ရူရုန် ရဲ့ ရင်ထဲမှာ ခံစားချက်တွေ ရောပြွမ်းနေလေသည်။ သမီးဖြစ်သူကို ဒီလို အခြေအနေနဲ့ မြင်တွေ့ရတာ တကယ်ပဲ ရင်ကွဲစရာ ကောင်းလွန်းလှသည်။
သူမ မူလက ထင်ထားတာ ချင်းလန် က အများဆုံး ရှိလှ သူမယောကျ်ားနဲ့ တူရုံလောက်ပဲ ရှိမယ်လို့၊ ဒါပေမဲ့ လူတစ်ယောက်နဲ့ တစ်ယောက် ကြားက ကွာခြားချက်က ဒီလောက် ကြီးမားလိမ့်မယ်လို့ ဘယ်သူ သိမှာလဲ။
“မဖြစ်ဘူး ချင်း မျိုးရိုးနဲ့ အဲ့ဒီ ကောင်စုတ်လေး ဒီအတိုင်း ထွက်သွားလို့ မရဘူး။ တကယ်လို့ အမေသာ သူ့ကို သင်ခန်းစာ မပေးရင် ဒီဒေါသကို ဖယ်ရှားနိုင်မှာ မဟုတ်ဘူး”
ရူရုန် မကျေမနပ် ပြောလိုက်လေသည်။
သူမသမီး ဒီလို ဖြစ်သွားတာ မြင်ရတော့၊ ရူရုန် မထိန်းချုပ်နိုင်တဲ့ ဒေါသတွေ ပြည့်နှက်လာလေသည်။
သူမဟာ အရည်အချင်း မရှိတဲ့ အမေတစ်ယောက် ဖြစ်တယ်လို့ ခံစားရပြီး၊ သူမရဲ့ တာဝန်ကို ရှောင်လွှဲလို့ မရပါဘူး။ အနာဂတ်မှာ သူမသမီးကို အကောင်းဆုံး ပြန်လည် ပေးဆပ်ဖို့ ကြိုးစားရုံသာ တတ်နိုင်တော့လေသည်။
ဒါပေမဲ့ ချင်းလန်၊ တကယ်လို့ သူတို့ သင့်တော်တဲ့ ရှင်းပြချက် တစ်ခု မရရင်၊ ဒီဒေါသကို သူဘယ်လို မျိုသိပ်ထားနိုင်မှာလဲ။
သူမ ချင်းလန် နဲ့ စာရင်းရှင်းဖို့ အပြင်မထွက်ခင်မှာပဲ၊ ရေသန့်တစ်ဘူး ကုန်အောင် သောက်ပြီးသွားတဲ့ လင်းယိုချူ က လက်လှမ်းပြီး သူမအမေရဲ့ လက်မောင်းကို ဆွဲကာ၊ နာကြည်းတဲ့ အကြည့်နဲ့ ကြည့်လိုက်လေသည်။
“မေမေ၊ အစ်ကို ချင်းလန် ကို အနိုင်ကျင့်ဖို့ သမီး ခွင့်မပြုနိုင်ဘူး”
ရူရုန် လှည့်ကြည့်လိုက်ပြီး၊ ချင်းလန် ထိခိုက်မှာ စိုးရိမ်ပြီး ပူပန်နေတဲ့ သမီးဖြစ်သူကို ကြည့်ကာ၊ လက်လှမ်းပြီး သူမခေါင်းကို စမ်းလိုက်လေသည်။
“ယိုချူ၊ နင် ရူးသွားပြီလား နင် ဟို ချင်း ဆိုတဲ့ ကောင်ရဲ့ ခြိမ်းခြောက်တာ ခံထားရတာလား”
ဒီအချိန်မှာ သူမသမီးက ဘာလို့ ဟိုကောင်စုတ် ချင်းလန် ဘက်က ကာကွယ်ပေးနေလဲ ဆိုတာ သူမ နားမလည်နိုင်အောင် ဖြစ်နေလေသည်။
ခြိမ်းခြောက်ခံရတာကလွဲပြီး တခြား အကြောင်းပြချက် စဉ်းစားလို့ မရဘူး။
လင်းယိုချူ နှုတ်ခမ်းစူပြီး ပါးဖောင်းလိုက်လေသည်။
“မေမေ၊ ဘာပေါက်ကရတွေ လျှောက်ပြောနေတာလဲ”
“အစ်ကို ချင်းလန် က သမီးကို ဘယ်လိုလုပ် ခြိမ်းခြောက်မှာလဲ သူက သမီးကို စိတ်ပူလွန်းလို့ ဂရုတောင် မစိုက်နိုင် ဖြစ်နေတာ အို၊ မေမေ ဒီကိစ္စထဲ ဝင်မပါသင့်ဘူး။”
“သွားပါတော့ သမီး ခဏလောက် အနားယူဖို့ လိုတယ်၊ မနေ့ညက တစ်မှေးမှ မအိပ်ရသေးဘူး”
လင်းယိုချူ ရူရုန် ကို တွန်းထုတ်လိုက်ပြီး၊ သိသိသာသာ စိတ်အနှောင့်အယှက် ဖြစ်နေလေသည်။
ရူရုန် သမီးဖြစ်သူကို ကြည့်ပြီး နှုတ်ခမ်းတွေ မထိန်းချုပ်နိုင်အောင် တုန်ယင်လာကာ၊ တစ်ခုခု လွဲနေပြီလို့ ခံစားလိုက်ရလေသည်။
ဖြစ်နိုင်တာက......
ရှူး...
ဒီလို ဖြစ်နိုင်ခြေကို တွေးမိလိုက်တော့ ရူရုန် ကြောက်လန့်သွားလေသည်။
ငါတို့ သွားပြီ။
သူမ တွေးထားတာ သေချာပေါက် မှန်နေပြီ။ သူမသမီး ဒီလောက် ထိခိုက်ဒဏ်ရာ ရထားတာတောင်၊ နာကြည်းစိတ် လုံးဝ မရှိတဲ့အပြင်၊ သူ့အပေါ် နည်းနည်း မှီခိုချင်စိတ်တောင် ဖြစ်ပေါ်နေတာများလား။
ရူရုန် ရဲ့ စိတ်အစဉ် ဗလာ ဖြစ်သွားလေသည်။ သူမ တကယ်ပဲ ဒီလို ကိစ္စမျိုး စိတ်ကူးမယဉ်နိုင်ဘူး။
သူမ ငြင်းဆန်နေတဲ့ သမီးဖြစ်သူရဲ့ မျက်နှာကို ငုံ့ကြည့်ပြီး တွန့်ဆုတ်စွာ မေးလိုက်လေသည်။
“ယိုချူ၊ နင် တကယ်ကြီး ချင်းလန် က တော်တော် ကောင်းတယ်လို့ ထင်နေတာတော့ မဟုတ်ပါဘူးနော်”
“အာ၊ မေမေ၊ ကျေးဇူးပြုပြီး သမီးကို စိတ်အနှောင့်အယှက် မပေးဘဲ နေလို့ မရဘူးလား မနေ့ညက သမီးကို အထဲဝင်ခိုင်းတာ မေမေပဲလေ အခုကျမှ ဘာလို့ ဒီလောက် ညည်းညူနေရတာလဲ”
လင်းယိုချူ စိတ်ပျက်တဲ့ အကြည့်နဲ့ ပြောလိုက်လေသည်။
သူမရဲ့ မိခင်အရင်းဘာဖြစ်နေလဲ သူမ တကယ် မသိတော့ဘူး။ သူမ အခု ဘယ်လို အခြေအနေ ဖြစ်နေလဲ ဆိုတာ သူ မမြင်ဘူးလား။
သမီးကို အနားယူဖို့ အချိန်နည်းနည်းလောက် ပေးလို့ မရဘူးလား။
“အမေ သွားပါပြီ၊ အမေ အခု သွားပါပြီ။”
ရူရုန် မျက်နှာပေါ်မှာ ခါးသက်သက် အပြုံးနဲ့ အခန်းထဲက ထွက်သွားပြီး၊ ခြေလှမ်းတိုင်းမှာ သမီးဖြစ်သူကို လှည့်ကြည့်နေလေသည်။
တံခါး ပိတ်လိုက်တာနဲ့၊ သူမ ကြမ်းပြင်ပေါ် ခြေပစ်လက်ပစ် လဲကျသွားပြီး၊ မျှော်လင့်ချက် ကင်းမဲ့နေတဲ့ ပုံစံ ဖြစ်နေလေသည်။ သူမ ရင်ထဲမှာတော့ ကိုယ့်ကိုယ်ကို အကြိမ်တစ်ထောင်လောက် ကျိန်ဆဲလိုက်မိလေသည်။
…
“အစ်ကို ချင်းလန် ကို ဘယ်တော့များမှ ပြန်တွေ့ရမလဲ မသိဘူး”
“နောက်တစ်ခါ ယွီယန်နဲ့ တွေ့ရင် ဘယ်လို ရှင်းပြရမလဲ မသိဘူး”
လင်းယိုချူ တစ်ယောက်တည်း ရေရွတ်လိုက်လေသည်။
အခန်း တိတ်ဆိတ်သွားတာနဲ့၊ လင်းယိုချူ ခေါင်းအုံးကို ဖက်လိုက်ပြီး၊ ကိုယ်ကို ရွှေ့ကာ၊ နွေးထွေးနေဆဲ ဖြစ်တဲ့ စောင်တွေထဲ ကွေးလိုက်လေသည်။ ချိုမြိန်တဲ့ လေထုကို ရှူရှိုက်ပြီး၊ သူမရဲ့ လှပတဲ့ မျက်လုံးလေးတွေ မှေးစင်းလျက် အိပ်ပျော်သွားလေသည်။
ရံဖန်ရံခါ သူမရဲ့ နှုတ်ခမ်းထောင့်လေးတွေ ကွေးတက်သွားပြီး၊ ပျော်ရွှင်တဲ့ အပြုံးတစ်ခုကို ပုံဖော်နေလေသည်။