အခန်း (၁၃၃) ငါ ဘယ်လိုလုပ် ဒီလောက် တုံးအတဲ့ သမီးကို မွေးခဲ့မိပါလိမ့်
“မစ္စစ် ကျန်း၊ ကျေးဇူးပြုပြီး စိတ်အေးအေးထားပြီး ကျွန်မ ရှင်းပြတာ နားထောင်ပါဦး။ ကျွန်မလည်း ဒီကိစ္စ ဘာမှ မသိရပါဘူး...”
ရူရုန် အားလုံးကို စိတ်အေးအောင် အမြန် ကြိုးစား ပြောဆိုလိုက်ပြီး၊ သူမသမီး ခေါ်လာတဲ့ ရည်းစားကို တကယ် သဘောကျကြောင်း ပြောလိုက်လေသည်။
ဟုတ်ပါတယ်၊ သူမ သဘောကျတာက သူ့မျက်နှာပင်။
ရူရုန် က ငယ်ငယ်လေး ကတည်းက ရုပ်ချောရင် အကုန် ခွင့်လွှတ်တတ်တဲ့ သူလေ။
ဒါပေမဲ့ တချို့ကိစ္စတွေက သူမ ထိန်းချုပ်နိုင်တဲ့ အတိုင်းအတာထက် ကျော်လွန်နေလေသည်။ ဘာပဲဖြစ်ဖြစ်၊ မိသားစုက လက်ထပ်ထိမ်းမြားပြီး မဟာမိတ်ဖွဲ့ဖို့ ရည်ရွယ်ပြီး ဒီတွေ့ဆုံပွဲကို စီစဉ်ခဲ့တာကိုး။
ကျန်း မိသားစုက ထျန်ဟိုင်မြို့ မှာ ဒီလောက် ဩဇာအာဏာ ကြီးမားလာအောင် ဘယ်သူ လုပ်ပေးခဲ့တာလဲ။
ဒါ့အပြင် သူတို့က ပြည်နယ်အဆင့်ကို တက်လှမ်းဖို့ နီးစပ်နေပြီ ဆိုတဲ့ သတင်းတွေလည်း ထွက်နေတယ်။
ဒီလို သတင်းမျိုးက ဒီအတိုင်း လျှောက်ပြောနေတာ မဟုတ်ပေ။ သေချာပေါက် ကောလာဟလ တချို့ ရှိနေလို့ပင်။
မဟုတ်ရင် လင်း မိသားစုက ပထမ ရွေးချယ်မှုကို လျစ်လျူရှုပြီး၊ လင်းယိုချူ ကို ကျန်း မိသားစုနဲ့တွေ့ဆုံဖို့ ဒီလောက် စိတ်အားထက်သန်စွာ စီစဉ်ပေးခဲ့မှာ မဟုတ်ဘူး။
“ဘာရှင်းပြစရာ ရှိသေးလို့လဲ ရှင့်သမီးက ဘယ်ကမှန်းမသိတဲ့ ယောကျ်ားတွေကို ခေါ်လာတာလေ”
ကျန်းကျစ်လင် ခွင့်လွှတ်ခြင်း မရှိဘဲ ပြန်ပြောလိုက်လေသည်။
သူမက ရူရုန် ဆိုတဲ့ မြေခွေးမကို မကြိုက်တာ ကြာပြီလေ။
အခု သူ့မှာ အကြောင်းပြချက် ရသွားပြီ၊ ပြီးတော့ သူတို့က ကိုယ်ကျင့်တရား မြင့်မားတဲ့ နေရာကနေ ရပ်ပြီး ဝေဖန်နိုင်ပြီလေ။
ခဏတာတော့ ရူရုန် တစ်ယောက် အရေးနိမ့်နေလေသည်။
လင်းယိုချူ က ဘေးကနေ ကြည့်နေပြီး၊ အခြေအနေ ပိုဆိုးသွားအောင် တမင်တကာ ကြိုးစားနေလေသည်။
အချိန်ကိုက်ပြီလို့ ယူဆပြီး သူမ ရူရုန် ရဲ့ နားနားကပ်ပြီး တိုးတိုးလေး ပြောလိုက်လေသည်။
“မေမေ၊ မကြောက်ပါနဲ့။ သမီးရည်းစားက မြို့တော် ယန်ကျင်း က ချင်း မိသားစုဝင်လေ။ သူ့မိသားစုက ဒီသောက် ကျန်း မိသားစုထက် အဆပေါင်းများစွာ ပိုအင်အားကြီးတယ်။”
အမ်.......
ရူရုန် အမြန် လှည့်ကြည့်လိုက်ပြီး၊ ချင်းလန် ကို စိုက်ကြည့်ကာ သံသယဖြင့် မေးလိုက်လေသည်။
“ရှင်က ချင်း မိသားစုကလား”
ချင်းလန် ပြုံးပြီး ခေါင်းညိတ်လိုက်လေသည်။
“ဟုတ်ပါတယ် အန်တီ”
သူ ပြောပြီးတာနဲ့၊ ရူရုန် ရှေ့တိုးလာပြီး၊ သူမရဲ့ ရင်သပ်ရှုမောဖွယ် ကိုယ်လုံးကိုယ်ပေါက်ကို ချင်းလန် မြင်သာအောင် ပြသလိုက်လေသည်။
သူမ လက်လှမ်းပြီး သူ့နဖူးကို စမ်းလိုက်ကာ၊ ပြီးတော့ သူ့မျက်ခွံတွေကို သေချာ စစ်ဆေးကြည့်ရှုလိုက်လေသည်။
“မေမေ၊ ဘာလုပ်နေတာလဲ”
လင်းယိုချူ ထူးဆန်းတဲ့ အကြည့်နဲ့ မေးလိုက်လေသည်။
ရူရုန် သူမကို မကြားသလိုပဲ၊ တစ်ယောက်တည်း ရေရွတ်နေလေသည်။
“တစ်ခုခု မှားနေပြီ။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ သူ ကိုယ်လည်း မပူပါဘူး၊ ပြီးတော့ သူ့မျက်လုံးတွေ ကြည့်ရတာလည်း မျက်စိရောဂါ အကြီးအကျယ် ဖြစ်နေပုံ မရပါဘူး။ ဘာလို့ သူက ငါ့သမီးကို ကြိုက်ရတာလဲ”
ဖူး.......
သူမအမေရဲ့ ရေရွတ်သံကို နားထောင်ပြီး၊ လင်းယိုချူ သွေးအန်ချင်သလို ခံစားလိုက်ရလေသည်။
ဘာတွေ ဖြစ်ကုန်တာလဲ။
ဘယ်လို အမေမျိုးက ကိုယ့်သမီးအရင်းကို ဒီလို စော်ကားရတာလဲ။
ချင်းလန် က သူ့မှာရောဂါအကြီးအကျယ် ဖြစ်နေမှ သူမကို ကြည့်မယ် ဆိုလောက်အောင် သူမက ဘာများ မထိုက်တန်လို့လဲ။
နာကျင်ရတယ် မေမေရယ်......
“ဘာလုပ်နေတာလဲ လှည့်ကွက်တွေ သုံးနေတာလား ဒီလို လူရှုပ်လူပွေ ကောင်နဲ့ ပတ်သက်နေတာ၊ အာဟယ်၊ သွားကြစို့”
ကျန်းကျစ်လင် မျက်လုံး လှန်ကြည့်လိုက်ပြီး၊ သူမသားကို ဆွဲကာ ထွက်ခွာဖို့ ပြင်လိုက်လေသည်။
အမြဲတမ်း အဖိနှိပ်ခံခဲ့ရတဲ့ ရူရုန် ရုတ်တရက် မတ်မတ် ရပ်လိုက်လေသည်။
သူမ ကျန်းကျစ်လင် ရဲ့ လမ်းကို ပိတ်လိုက်ပြီး အေးစက်စွာ ပြောလိုက်လေသည်။
“ရှင် ကျွန်မကို ဆဲလို့ ရတယ်၊ ကျွန်မသမီး အကြောင်း မကောင်း ပြောလို့ ရတယ်၊ အဲ့ဒါ ကျွန်မ သည်းခံနိုင်တယ်။ ဒါပေမဲ့ ရှင်က ကျွန်မသားမက်ကို ဂုဏ်သိက္ခာ မရှိဘူးလို့ ပြောတာတော့၊ ကျွန်မ သည်းမခံနိုင်ဘူး”
“တောင်းပန် ရှင် ဒီနေ့ တောင်းပန်ကို တောင်းပန်ရမယ်၊ မဟုတ်ရင် ဒီနေ့ ရှင်တို့ ဘယ်သူမှ ဒီကနေ ထွက်မသွားရဘူး”
ဟွန်း.....
သူမ ဂုဏ်ယူဝင့်ကြွားစွာ ကျောကို မတ်လိုက်လေသည်။ သူမ ကျန်းကျစ်လင် ဆိုတဲ့ မိန်းမကို မကြိုက်တာ ကြာပြီလေ။
ဘာကြီးလဲဟ။
သူမက တမင်တကာ အသံကို နှိမ့်ပြီး၊ နွဲ့နှောင်းပြီး စူးရှတဲ့ လေသံ နဲ့ ပြောနေတာ၊ ပြီးတော့ ဝင်လာကတည်းက အခုချိန်ထိ သူမ ကျောကို မတ်နေအောင် တမင် လုပ်ထားတာ။
ဘာလုပ်နေတာလဲ။
သူမ နဲ့ ယှဉ်မလို့လား။
ဘာယှဉ်စရာ ရှိလို့လဲ တကယ်လို့ ကျန်းကျစ်လင် ကို ရေတစ်ပေါင်လောက် ထပ်ထည့်လိုက်ရင်တောင်၊ သူမလောက် ရှိလာမှာ မဟုတ်ဘူး။
“ရှင်က ရှင့်သမီးကိုတွေ့ဆုံပွဲတောင် စီစဉ်ပေးပြီးတော့ သူ အပြင်မှာ ရည်းစား ရှိနေတာတောင် ရှင် မသိဘူးလား ရှင်က လူရှုပ်လူပွေ မဟုတ်လို့ ဘာဖြစ်မလဲ ရှင် မပြန်ဘူးပေါ့လေ၊ ဟုတ်လား ကောင်းပြီ ဒီနေ့ ရှင် ထျန်ဟိုင်မြို့ မှာ ဘယ်လို သောင်းကျန်းမလဲ ဆိုတာ ကျွန်မ ကြည့်ရသေးတာပေါ့”
ကျန်းကျစ်လင် အလောတကြီး ထွက်မသွားတော့ပေ။ အစား၊ သူမ ဖုန်းထုတ်ပြီး တစ်နေရာကို ဖုန်းဆက်လိုက်ကာ၊ တစ်ဖက်လူကို ချိုချိုသာသာနဲ့ မြှောက်ပင့် ပြောဆိုနေလေသည်။
ဘာလုပ်နိုင်သေးလို့လဲ။
စစ်ကူ ကို ရှာတာပေါ့။
ရူရုန် က သမီးဖြစ်သူရဲ့ လက်ကို ကိုင်ပြီး လေးနက်တဲ့ မျက်နှာထားနဲ့ ပြောလိုက်လေသည်။
“နင် အမေကို လိမ်မနေပါဘူးနော် တကယ်ပဲ ဟို ချင်း မိသားစု ဟုတ်ရဲ့လား တကယ်လို့ တစ်ခုခု လွဲသွားရင်၊ ဒီနေ့ ငါတို့ သေပြီပဲ”
ဟိုမိန်းမရဲ့ နောက်ခံကို သိထားတာကြောင့်၊ ရူရုန် အလွန် သတိထားနေလေသည်။
“သမီး မေမေ့ကို မလိမ်ပါဘူး။”
လင်းယိုချူ နည်းနည်း မပျော်မရွှင် ဖြစ်နေလေသည်။
အဲ့ဒီတုန်းက သူမအမေက သူမကို မွေးစားခဲ့တာ ဖြစ်မယ်၊ သူမက သမီးအရင်းနဲ့ လုံးဝ မတူဘူးလို့ ခံစားနေရလေသည်။
သူမကို ဝေဖန်တာ အဆင်ပြေတယ်၊ ဒါပေမဲ့ ချင်းလန် ကို ဝေဖန်တာ အဆင်မပြေဘူး ဆိုတာ ဘာသဘောလဲ။
ဒါက အမေတစ်ယောက်ရဲ့ အပြုအမူလား။
“အမေ့ကို ပြောပြ၊ ဘယ်အဆင့်ထိ ရောက်နေပြီလဲ”
ရူရုန် ကောင်မလေးရဲ့ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားရင်း စိုးရိမ်တကြီး မေးလိုက်လေသည်။
လင်းယိုချူ ကြောင်တောင်တောင် ဖြစ်နေပြီး၊ စိတ်က ဒီအပေါ်မှာ မရှိပေ။ သူမ တကယ်ပဲ မွေးစားသမီးလား ဆိုတာကို စတင် သံသယ ဝင်လာလေသည်။
ငါ အခွင့်အရေး ရှာပြီး အမေ့ဆံပင် တစ်ချောင်းလောက် ဆွဲနှုတ်ကာ DNA စစ်ဆေးချက်လုပ်သင့်လား။
စဉ်းစားပြီးနောက်၊ သူမ နည်းနည်း ကြောက်သွားမိသည်။ တကယ်လို့ သူက ငါ့အမေအရင်း မဟုတ်ခဲ့ရင်ကော။
သူမက ကောင်းမွန်တဲ့ ဘဝမှာ နေသားကျနေပြီလေ။ တကယ်လို့ လင်း မိသားစုထဲက ကန်ထုတ်ခံရရင်၊ အနာဂတ်မှာ သူမ ဘယ်လို နေထိုင်ရမလဲ။
“ငါ နင့်ကို မေးနေတယ်လေ”
ရူရုန် က လင်းယိုချူ ရဲ့ လက်ကို စိုးရိမ်စိတ်နဲ့ ညှစ်လိုက်လေသည်။
လင်းယိုချူ အဲ့ဒီတော့မှ သတိဝင်လာပြီး နားမလည်စွာ မေးလိုက်လေသည်။
“ဘယ်ဟာလဲ မေမေက ရှင်းရှင်းလင်းလင်းမှ မပြောတာ၊ သမီး နားမလည်ဘူး။”
“နင် ဘာလို့ ဒီလောက် တုံးအတာလဲ တခြား ဘာရှိဦးမှာလဲ”
ရူရုန် မျက်လုံး လှန်ကြည့်လိုက်ပြီး၊ ချင်းလန် ရှိရာဘက်ကို တစ်ချက်ကြည့်ကာ၊ သူမ နားနားကပ်ပြီး တိုက်ရိုက် တိုးတိုးလေး မေးလိုက်လေသည်။
“ဟိုကိစ္စလေ၊ ဟို... အား နင် အရမ်း တုံးတာပဲ၊ ငါ ဘယ်လိုလုပ် ဒီလောက် တုံးအတဲ့ သမီးကို မွေးခဲ့မိပါလိမ့် နင်တို့နှစ်ယောက် အတူအိပ်ပြီးပြီလား လို့ မေးနေတာ၊ ချင်းလန် နင့်ကို ထိပြီးပြီလား”
“သမီး......”
လင်းယိုချူ သူမကိုယ်သူမ တော်တော်လေး ပွင့်လင်းတယ်လို့ ထင်ထားခဲ့ပေမယ့်၊ သူမအမေ ဒီလောက် ကြမ်းတမ်းလိမ့်မယ်လို့ တကယ် မမျှော်လင့်ထားခဲ့မိဘူး။
သူမ နှုတ်ခမ်းကို တင်းတင်း စေ့လိုက်ပြီး၊ လှပတဲ့ မျက်လုံးတွေ ပြူးကျယ်သွားကာ၊ အချိန်အကြာကြီး နေမှ ခေါင်းခါပြီး တစ်လုံးချင်း ပြောလိုက်လေသည်။
“အဲ့ဒီ အဆင့်ထိ မရောက်သေးပါဘူး”
“တုံးလိုက်တဲ့ ကောင်မလေး၊ နင် ဘယ်လိုလုပ် ဒီလောက် မိုက်မဲရတာလဲ ဒီလောက် ကောင်းတဲ့ သမက်လောင်းကို၊ နင် ဘယ်လိုလုပ် အခွင့်အရေး အရမယူဘဲ နေနိုင်ရတာလဲ ချင်းလန် ရဲ့ အထောက်အထားသာ ပေါက်ကြားသွားရင်၊ ငါတို့ လင်း မိသားစုထက် အဆပေါင်းများစွာ ကြီးမားတဲ့ မိသားစု ဘယ်နှစုလောက်က သူတို့သမီးတွေကို ပူဇော်သက္ကာပြုလုပ်ဖို့ စိတ်အားထက်သန်နေကြမလဲ ဆိုတာ နင် သိလား”
ရူရုန် စိတ်ပျက်လက်ပျက်နဲ့ လင်းယိုချူ ရဲ့ လက်မောင်းကို ဆွဲဆိတ်လိုက်လေသည်။
လင်းယိုချူ သွေးအန်ချင်သလို ခံစားလိုက်ရသည်။ သူမကို ရေဆေးကြောပြီး ချင်းလန် လက်ထဲ ထည့်ပေးချင်နေတဲ့ သူမအမေရဲ့ မျက်နှာထားကို ကြည့်ပြီး၊ သူမ မကျေနပ်မှုကို မြိုသိပ်ကာ လိမ်ပြောလိုက်ရလေသည်။
“သမီး စနောက်နေတာပါ။ တကယ်လို့ အဲ့ဒီ အဆင့်ထိ မရောက်သေးရင်၊ ဘာကိစ္စ ချင်းလန် က ဒီအထိ လိုက်လာမှာလဲ”
“တကယ်လား”
အရာရာကို ဖြတ်သန်းဖူးတဲ့ ရူရုန် က လင်းယိုချူ ကို ခေါင်းအစ ခြေအဆုံး သေချာ စကန်ဖတ် ကြည့်လိုက်လေသည်။
တစ်ခုခု လွဲနေသလို ခံစားရပေမယ့်၊ သူမ ကြင်နာစွာ သတိပေးလိုက်လေသည်။
“နောက်တစ်ခါကျရင် ပိုသတိထား။ ယောကျ်ားတစ်ယောက်ရဲ့ နှလုံးသားကို သိမ်းပိုက်ချင်ရင်၊ သူ့ကလေးကို ကိုယ်ဝန်ဆောင်ထားမှ ရမယ်။ နင်လည်း မငယ်တော့ဘူး၊ နင်တို့ အတူတူ အချိန်ပိုဖြုန်းသင့်တယ်”
လင်းယိုချူ မျက်နှာ ရှုံ့မဲ့သွားလေသည်။ သူမက ချင်းလန် ကို ဒိုင်းကာအဖြစ်ပဲ ခေါ်လာခဲ့တာလေ၊ ဒီလောက် အဝေးကြီးထိ တွေးမထားခဲ့ပါဘူး။
ကလေး ကိစ္စကို အတုလုပ်လို့မှ မရတာ
သူမ လိမ်ညာပြီး ပြောလိုက်ရလေသည်။
“မဟုတ်ဘူး၊ ချင်းလန် ရဲ့ လုံခြုံရေး အစီအမံတွေ က ဒီကိစ္စမှာ တော်တော် စေ့စပ်သေချာတယ်”
ဒါကို ပြောပြီးနောက်၊ လင်းယိုချူ သူမကိုယ်သူမ ဒီလောက် ဉာဏ်ကောင်းလို့ တိတ်တဆိတ် ချီးကျူးလိုက်မိလေသည်။
အခုတော့၊ မေမေ သမီးကို အပြစ်တင်လို့ မရတော့ဘူး မဟုတ်လား။
ဒါ ချင်းလန် ကြောင့်လေ.....
သူမအမေရဲ့ စရိုက်နဲ့၊ ချင်းလန် ကို ပြဿနာ ရှာရဲဦးမလား ရယ်စရာတွေ မပြောနဲ့။
လူတိုင်း အံ့ဩသွားအောင်၊ ရူရုန် က ချင်းလန် ကို ပြဿနာ မရှာတဲ့အပြင်၊ သူမကို မျက်လုံး လှန်ကြည့်ကာ၊ နှုတ်ခမ်း တွန့်ပြီး ရွံရှာတဲ့ ပုံစံ ပြလိုက်လေသည်။
“နင် အရမ်း တုံးတာပဲ။ သူ့မှာ သူ့ရဲ့ ပြောင်မြောက်တဲ့ အစီအစဉ် ရှိပေမယ့်၊ နင်က ရှောင်သွားနိုင်မယ့် နည်းလမ်း ရှာမတွေ့ဘူးလား”