အခန်း (၁၃၀) ကျိုးသခင်ကြီး၏ မွေးနေ့၊ ပိုင်ရှောင်ယွင်၏ ဇဝေဇဝါဖြစ်မှု
“ရှင်က ဘယ်တော့မှ အတည်မပြောဘူး”
ပိုင်ရူယွီ မျက်မှောင်ကြုတ်ပြီး နဖူးကို အုပ်ကာ၊ ချင်းလန် ကို မကျေမနပ် ကြည့်လိုက်လေသည်။
“ကျွန်မ ရှင့်ကို အလေးအနက် ပြောစရာ ရှိတယ်။ ဒီသီတင်းပတ်ကုန်ကျရင် ထျန်ဟိုင်မြို့ က ကျိုး မိသားစုရဲ့ သခင်ကြီး အသက် ၇၀ ပြည့် မွေးနေ့ပွဲ ကျင်းပမှာ။ ကျွန်မတို့ ကုမ္ပဏီနာမည် အနေနဲ့ သွားပြီး ဂါရဝပြုသင့်တယ် မဟုတ်လား”
ကျိုး မိသားစုက ထျန်ဟိုင်မြို့ မှာ အရေးပါတဲ့ နေရာတစ်ခုကို ရယူထားလေသည်။
အထူးသဖြင့် ကျိုးသခင်ကြီး က အစောဆုံး စီးပွားရေး လုပ်ငန်းရှင် ဝါရင့်ကြီးတွေထဲက တစ်ဦး ဖြစ်ပြီး၊ မရေမတွက်နိုင်တဲ့ တပည့်တွေနဲ့ လမ်းညွှန်မှု ခံယူခဲ့သူတွေ ရှိလေသည်။
သူက ထျန်ဟိုင်မြို့ တစ်ခုလုံးမှာ ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်ကြီး တစ်ဦးပင်။
ဒါ့အပြင် ကျိုးသခင်ကြီး က တော်တော်လေး ခေါင်းမာလေသည်။ အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်ပေမယ့်၊ ကျိုး မိသားစုရဲ့ စီးပွားရေး ကြိုးကိုင်မှုကို သူ့လက်ထဲမှာပဲ ထိန်းချုပ်ထားဆဲ ဖြစ်ပြီး၊ သူ့အာဏာ အားလုံးနီးပါးကို ဘယ်သူ့ကိုမှ လွှဲမပေးသေးပေ။
မိသားစုထဲက မျိုးဆက်သစ် လူငယ်တွေကိုတော့ အသက်မွေးဝမ်းကျောင်း ပြုဖို့ လမ်းကြောင်းအသေးလေးတွေလောက်ပဲ ပေးထားတာဖြစ်လေသည်။
“တကယ်လို့ ကျွန်မတို့က ဒီအခွင့်အရေးကို အသုံးချပြီး ကျိုး မိသားစုနဲ့ အဆက်အသွယ် တစ်ခု တည်ဆောက်နိုင်ရင်၊ အနာဂတ်မှာ အလှအပဆိုင်ရာ ဆေးလုံးတွေ ရောင်းချဖို့ လမ်းကြောင်းတွေ အတွက် စိုးရိမ်စရာ မလိုသလောက် ဖြစ်သွားမှာ ဖြစ်ပြီး၊ ထျန်ဟိုင်မြို့ တစ်ခုလုံးကို ချက်ချင်း ဖြန့်ဖြူးနိုင်မှာ။”
စီးပွားရေး ဆိုတာ ဒီလိုပါပဲ၊ ကြိုတင် စီမံကိန်း ချထားဖို့ လိုတတ်လေသည်။
အလှအပဆိုင်ရာ ဆေးလုံး တွေကို မူယွီယန်က စီမံခန့်ခွဲနေပေမယ့်၊ ရှယ်ယာ အချို့ကို ပိုင်ဆိုင်ထားတဲ့ မဟာချင်း အင်ပါယာ အနေနဲ့ လက်ပိုက်ကြည့်နေလို့ မရဘဲ၊ အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်မှု ရှိနေဖို့ လိုအပ်ပေသည်။
“ဟုတ်တာပေါ့၊ သေချာပေါက် သွားရမှာပေါ့ ဒါပေမဲ့ ဒီလို ရှုပ်ထွေးတဲ့ ကိစ္စမျိုးကို ကိုယ်ပဲ ကိုင်တွယ်လိုက်မယ်။ မင်း ကုမ္ပဏီမှာပဲ နေပြီး မင်းအလုပ် မင်းလုပ်နေလိုက်။”
ချင်းလန် ပြုံးလိုက်လေသည်။
ကျိုးမိသားစု ခေါင်းဆောင်ကြီးရဲ့ မွေးနေ့ပွဲလေ၊ ဒီလောက် ကြီးကျယ်တဲ့ ပွဲမျိုးကို သူ ဘယ်လိုလုပ် မသွားဘဲ နေမလဲ။
ဒါက ရွေးချယ်ခံ ရဲ့ အခွင့်အရေးကို လုယူဖို့ ရွှေရောင် အခွင့်အရေးပင်။
ကျိုးဇယ်ချင်း လို ကံတရားအမျိုးသမီး အတွက် ဆိုရင်လည်း၊ ဒါက သူမရဲ့ နှလုံးသားထဲမှာ အရေးပါတဲ့ နေရာတစ်ခု ရယူဖို့ အကောင်းဆုံး အခွင့်အရေးပင်။
“ရှင် ရယ်နေတာက ရှင်းပြလို့ မရနိုင်အောင် ထူးဆန်းနေတယ်။ ရှင် ကောင်းတာ တစ်ခုမှ တွေးမနေဘူး ဆိုတာ သိသာနေတယ်၊”
ပိုင်ရူယွီ ညည်းညူလိုက်ပြီး၊ ချင်းလန် ရဲ့ ရင်ခွင်ထဲကနေ ထရပ်ကာ အပေါ်ထပ်ကို တန်းတန်းမတ်မတ် လျှောက်သွားလေသည်။
အချိန်အတော်ကြာတဲ့ အထိ သူမ ပြန်ဆင်းမလာပေ။
ဒါက ချင်းလန် ရဲ့ စပ်စုချင်စိတ်ကို နိုးဆွလိုက်တာကြောင့်၊ သူ အခြေအနေ ကြည့်ဖို့ အပေါ်ထပ် တက်သွားလိုက်လေသည်။
တံခါး ပွင့်သွားတာနဲ့၊ ပိုင်ရူယွီ က ကုတင်အစွန်းမှာ ထိုင်ပြီး ခါးကို ကုန်းလျက်၊ ဒေါက်ဖိနပ်ထဲ ခြေထောက် ဝင်အောင် ကြိုးစားနေတာ တွေ့လိုက်ရသည်။
တချိန်တည်းမှာပဲ သူမလက်တွေက ပေါင်တွေကို ပတ်ထားပြီး၊ အနည်းငယ် တွန့်ကြေနေတဲ့ အဖြူရောင် ခြေအိတ်ရှည် တွေကို သပ်ရပ်အောင် ဆွဲဆန့်နေလေသည်။
သူမရဲ့ နှင်းလို ဖြူဝင်းတဲ့ အသားအရေက အဖြူရောင် ခြေအိတ်ရှည်ရဲ့ နောက်ခံကြောင့် ပိုမို နူးညံ့ပြီး ပုံကျနေသလို ထင်ရကာ၊ ယောကျ်ားပေါင်းများစွာ အိပ်မက်မက်စေနိုင်တဲ့ ရင်သပ်ရှုမောဖွယ် ခြေတံတွေကို ပြီးပြည့်စုံစွာ ဖော်ပြနေလေသည်။
“ဘာကြည့်နေတာလဲ ကျွန်မက ကတိတည်တဲ့သူပါ။ ရှင့်ရဲ့ တောင်းဆိုမှုကို သဘောတူထားပြီးပြီ ဆိုတော့၊ သဘာဝကျကျ ကတိကို တည်ရမှာပေါ့။ ဒီနေ့ အင်္ဂါနေ့လေ၊ အဖြူရောင် ပိုးသား ဝတ်မယ်လို့ သဘောတူထားတယ် မဟုတ်လား။”
ပိုင်ရူယွီ နှာမှုတ်လိုက်ပြီး၊ သူမရဲ့ အတွင်းစိတ် ရှက်ရွံ့မှုကို ဖုံးကွယ်ဖို့ လေသံမာမာနဲ့ ပြောလိုက်လေသည်။
ချင်းလန် သံသယနဲ့ မေးလိုက်လေသည်။
“အဲ့ဒါတော့ မှန်ပါတယ်၊ ဒါပေမဲ့ မင်း အရင်က အဖြူရောင် ခြေအိတ်ရှည် ဝတ်တာ ကိုယ် တစ်ခါမှ မမြင်ဖူးဘူး။ ဘယ်က ရတာလဲ”
အသစ်စက်စက် ဝယ်လာတာတော့ မဖြစ်နိုင်ဘူး မဟုတ်လား။
အဲ့ဒါ လုံးဝ မဖြစ်နိုင်ဘူး။
ပိုင်ရူယွီ က သူမညီမလေး ပိုင်ရှောင်ယွင် ရဲ့ ဗီရိုထဲကနေ ယူလာတာ မဟုတ်ရင်ပေါ့။
ဒီအခြေအနေက ချင်းလန် ကိုတောင် စိတ်လှုပ်ရှားသွားစေလေသည်။
အစ်မကြီးက ညီမလေး ဝတ်တဲ့ အဖြူရောင် ခြေအိတ်ရှည်ကို ယူဝတ်ထားတာလား ဒါက အပိုဆောင်း အားဖြည့်မှုတစ်ခု ရလိုက်သလိုပဲ မဟုတ်ဘူးလား။
“ယွင်ယွင် ရေချိုးနေတုန်း၊ ရှင် ဘာမှ မဆင်မခြင် မလုပ်ရဘူးနော်။”
ပိုင်ရူယွီ သူမဘေးနားမှာ လာထိုင်တဲ့ ချင်းလန် ကို လက်နဲ့ တွန်းထုတ်လိုက်လေသည်။
သူမ ဘာဖြစ်သွားမှန်း မသိပေမယ့်၊ ချင်းလန် ရဲ့ ပေါက်ကရ စကားတွေကို တကယ် နားထောင်မိသွားသေည်။
သူမဆီမှာ အဖြူရောင် ပိုးသား ခြေအိတ် မရှိတာကြောင့်၊ သူမညီမ အခန်းထဲသွားပြီး တစ်စုံ ယူခဲ့မိပြီး အခု ပြန်စဉ်းစားကြည့်မှ သူမ ရှက်သလို ခံစားနေရလေသည်။
ချင်းလန် အားလုံးကို လျစ်လျူရှုပြီး၊ ပိုင်ရူယွီ ရဲ့ ခေါင်းကို ကိုင်ကာ နှုတ်ခမ်းချင်း တေ့ပြီး နမ်းလိုက်လေသည်။
ပိုင်ရူယွီ ရဲ့ မျက်နှာပေါ်မှာ ထိတ်လန့်မှုနဲ့ စိုးရိမ်မှုတွေ ပြည့်နှက်နေလေသည်။ သူမ တံခါးပေါက်ဝ ဆီကို မကြာခဏ လှမ်းကြည့်နေမိသည်။ သူမ လက်နဲ့ ချင်းလန် ရဲ့ ရင်ဘတ်ကို တွန်းပြီး တုန်လှုပ်နေတဲ့ အသံနဲ့ ပြောလိုက်လေသည်။
“ကျွန်မကို မစပါနဲ့တော့ ရှင် ကျွန်မကို နမ်းချင်တာလား”
ချင်းလန် သူမပခုံးပေါ် လက်တင်လိုက်ပြီး သဘောကျစွာ ခေါင်းညိတ်ပြလိုက်လေသည်။
ပိုင်ရူယွီ တွန့်ဆုတ်နေပြီး ဂနာမငြိမ် ဖြစ်နေလေသည်။
“ဟင့်အင်း၊ မနမ်းနဲ့ ရှင် နမ်းရင် ကျွန်မ စိတ်ဆိုးမှာနော်”
တကယ်လို့ ယွင်ယွင် သာ သိသွားရင်၊ ကျွန်မ ဘယ်လို မျက်နှာပြရမလဲ။
ပိုင်ရူယွီ ရဲ့ စိတ်အခြေအနေက ဒီအချိန်မှာ တည်ငြိမ်မှု မရှိတာကြောင့်၊ သူမ မဆင်မခြင် မလုပ်ရဲဘဲ၊ စိတ်ငြိမ်သွားမယ့် အချိန်ကို စောင့်ဖို့ လိုအပ်နေလေသည်။
ချင်းလန် ဘာမှ မပြောဘဲ တိတ်ဆိတ်စွာ ကြည့်နေပြီး၊ အဲ့ဒီ လှပတဲ့ မျက်လုံးတွေကို စိုက်ကြည့်နေလေသည်။
နောက်မှာတော့...
“ယွင်ယွင် က သန့်ရှင်းရေး အရမ်း ကြိုက်တာ။ ရိုးတွင်းခြင်ဆီ သန့်စင်ဆေးလုံး က ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကို ဖယ်ရှားပေးတာလေ။ အချိန်ဘယ်လောက် ကြာမလဲ မသိဘူး။ ယွင်ယွင် သေချာပေါက် ရေချိုးခန်းထဲ အကြာကြီး နေမှာ။”
“ကောင်းပြီလေ နမ်းလိုက် မနမ်းရင် ကျွန်မ စိတ်ဆိုးမှာနော်”
ပိုင်ရူယွီ ရဲ့ နှလုံးခုန်သံတွေ မြန်ဆန်လာလေသည်။
သူမ ချင်းလန် ရဲ့ အကြည့်ကို မလွန်ဆန်နိုင်ဘဲ၊ ရင်ထဲမှာ ယားကျိကျိ ခံစားမှု တစ်ခု ဖြစ်ပေါ်လာလေသည်။ သူမ သူ့လည်ပင်းကို ဖက်ပြီး ကိုယ်ကို ရှေ့တိုးလိုက်လေသည်။
“ဒင်! ဂုဏ်ယူပါတယ် သင်ဟာ ဗီလိန်အမှတ် +1000 ရရှိသွားပါပြီ!”
…
ညနေစောင်းမှာတော့၊ ပိုင်ရှောင်ယွင် သန့်စင်အောင် ဆေးကြောပြီးနောက် မွှေးကြိုင်နေပြီး၊ သူမကိုယ်ပေါ်မှာ မည်းနက်တဲ့ ချွေးကွက်တွေ မရှိတော့တာကို တွေ့ရလို့ ကျေနပ်စွာနဲ့ ရေချိုးခန်းထဲက ထွက်လာလေသည်။
သူမ လှေကားပေါ် ရပ်ပြီး၊ လူမရှိတဲ့ ဧည့်ခန်းကို ကြည့်လိုက်ကာ၊ နောက်လှည့်ပြီး သူမအစ်မရဲ့ အိပ်ခန်းထဲ ဝင်သွားလေသည်။ သူမမျက်နှာမှာ မျှော်လင့်ချက်တွေ ပြည့်နှက်လျက် မေးလိုက်လေသည်။
“အစ်မကြီး၊ အစ်ကိုကြီးရော သူ ဘယ်သွားပြီလဲ”
စောင်ခြုံထားတဲ့ ပိုင်ရူယွီ က အိပ်ရာပေါ် လှဲနေသည်။ ပိုင်ရှောင်ယွင် ဝင်လာတာ မြင်တော့၊ ချက်ချင်း မတ်မတ် ထထိုင်လိုက်လေသည်။ သူမ နည်းနည်း ဂနာမငြိမ် ဖြစ်နေပြီး မျက်နှာ နီရဲနေလေသည်။
“နင် ရေချိုးခန်းထဲမှာ အကြာကြီး နေတာကိုး။ အစ်မ နင့်ကို ခေါ်တယ်၊ နင်မှ မထူးတာ။ သူ အခုလေးတင် ပြန်သွားပြီ။”
“ညီမလေးလည်း မြန်မြန် ထွက်ချင်တာပေါ့၊ ဒါပေမဲ့ ဟို ရိုးတွင်းခြင်ဆီ သန့်စင်ဆေးလုံး သောက်ပြီးတော့၊ ချွေးတွေက ဆက်တိုက် ထွက်နေတာ၊ ပြီးတော့ မည်းနက်နေတာပဲ၊ ရွံစရာကြီး။ အစ်ကိုကြီး ညီမလေးကို အဲ့လိုပုံစံနဲ့ မမြင်စေချင်ပါဘူး။”
အခု ပြန်စဉ်းစားကြည့်လိုက်ရင်၊ ပိုင်ရှောင်ယွင် နည်းနည်း ကြောက်လန့်နေတုန်းပင် သူမကိုယ်ထဲမှာ ဒီလောက် အညစ်အကြေးတွေ အများကြီး ရှိနေလိမ့်မယ်လို့ ဘယ်သူ ထင်ထားမှာလဲ။
“ယွင်ယွင်၊ နင့်အသားအရေက ပိုချောမွေ့လာသလိုပဲ။”
ပိုင်ရူယွီ လက်လှမ်းပြီး ပိုင်ရှောင်ယွင် ရဲ့ ပါးပြင်ကို ဆွဲလိုက်လေသည်။ နို့ရည်လို ချောမွေ့နေပြီး၊ အနည်းငယ် တောက်ပတဲ့ အရောင်သမ်းနေကာ၊ မိတ်ကပ် လိမ်းထားသလို နူးညံ့နေလေသည်။
“ဟီးဟီး၊ ညီမလေးလည်း အဲ့လို ထင်တယ်။ ထိလိုက်ရင် အရမ်း ကောင်းတာပဲ။”
ပိုင်ရှောင်ယွင် အလွန် ဝမ်းသာသွားပြီး စောင်ကို လှန်ကာ၊ သူမအစ်မနဲ့ အတူအိပ်ပြီး သူမအသားလေးတွေကို ပေးထိဖို့ ကြိုးစားလိုက်လေသည်။
ဒါပေမဲ့ သူမ စောင်ကို မ,လိုက်တာနဲ့၊ အထဲက ရှုပ်ပွနေတဲ့ အခြေအနေက ပိုင်ရှောင်ယွင် ကို ထိတ်လန့်သွားစေလေသည်။
ဘာတွေ ဖြစ်နေတာလဲ။
ပိုင်ရူယွီ ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်ပြီး၊ စိတ်ထဲကနေ ချင်းလန် ကို အကြိမ်တစ်ထောင်လောက် ကျိန်ဆဲလိုက်မိလေသည်။