အခန်း (၁၂၉) ချင်း မိသားစု စည်းမျဉ်းများ၊ မိသားစု စည်းကမ်းကို ပထမဆုံး လိုက်နာရသူ ပိုင်ရူယွီ
“သရုပ်ဆောင်နေတာ ရပ်ပြီး စားကြရအောင်၊ ဟုတ်ပြီလား တကယ်ပါပဲ၊ အသက်ကြီးနေပြီကို ကလေးလေးလို လုပ်နေတုန်း”
ပိုင်ရူယွီ က ချင်းလန် ရဲ့ သရုပ်ဆောင်မှုကို အလွယ်တကူ ထွင်းဖောက်မြင်နိုင်လေသည်။
ဟန်ဆောင်နေမှန်း အရမ်း သိသာလွန်းတယ်။
သူမတင် မကပါဘူး၊ ချင်းလန် ကိုယ်တိုင်လည်း အမှန်တရားကို သိတာပေါ့။
ဒါပေမဲ့ ဘာဖြစ်လဲ သူက ဒီ ရိုးတွင်းခြင်ဆီ သန့်စင်ဆေးလုံးတွေကို တကယ် ပေးချင်တယ် ဆိုတာ ပိုင်ရူယွီ နားလည်စေဖို့ တမင်တကာ ဟန်ဆောင်နေတာပင်။
ပိုင်ရူယွီ ဆေးလုံး သုံးလုံးကို ယူလိုက်ပြီး၊ သူမရဲ့ လှပတဲ့ မျက်လုံးတွေ တောက်ပလျက် ခဏလောက် စိုက်ကြည့်နေမိလေသည်။
ရံဖန်ရံခါ သူမက မျက်လုံးထောင့်ကနေ ချင်းလန် ရဲ့ တုံ့ပြန်မှုကို အကဲခတ်နေတတ်လေသည်။ သူက သူမကို လုံးဝ သတိမထားမိဘဲ၊ သူမညီမကို စနောက်နေတာ တွေ့ရတော့၊ သူမရင်ထဲမှာ ထူးဆန်းတဲ့ ခံစားချက် တစ်ခု ဖြစ်ပေါ်လာလေသည်။
သူမနဲ့ ချင်းလန် က တကယ့် မိသားစုလို ဖြစ်နေပြီ ထင်တယ်။
သူတို့ကြားမှာ သံသယတွေ မရှိတော့ဘူး၊ ဒီလောက် တန်ဖိုးရှိတဲ့ အရာကို တွန့်ဆုတ်မနေဘဲ ပေးလိုက်တာလေ။
ဒီကောင်က တစ်ခါတလေ ယုံနိုင်စရာ မရှိလောက်အောင် ဆိုးသွမ်းတတ်ပေမယ့်၊ အချိန်အများစုမှာတော့ သူက သူမအပေါ် အရမ်း စာနာပြီး နွေးထွေးလေသည်။
“တကယ်လို့ ချင်းလန် သာ သာမန် မိသားစုက ဖြစ်ခဲ့ရင်...”
ဘာကြောင့်မှန်း မသိဘဲ၊ ပိုင်ရူယွီ ရဲ့ စိတ်ထဲမှာ သူ့ကို ပိုင်ဆိုင်ချင်တဲ့ အတွေးတစ်ခု ဝင်ရောက်လာလေသည်။ သူမ ဆက်မတွေးမိခင်မှာပဲ၊ ကိုယ့်အတွေးကို ကိုယ် ရှက်သွားပြီး စိတ်ထဲကနေ အမြန် ဆူပူကြိမ်းမောင်းလိုက်မိလေသည်။
သူမ ဒီအတွေး ပျောက်သွားအောင် ခေါင်းကို ပြင်းပြင်းထန်ထန် ခါရမ်းလိုက်လေသည်။
သူမ အတွေးလွန်နေတာကနေ သတိပြန်ဝင်လာပြီး ချင်းလန် နဲ့ အတူ ရှိနေတဲ့ သူမညီမလေးကို ကြည့်လိုက်သည်။ သူမ နည်းနည်း မျက်နှာနီသွားပြီး၊ ကောင်မလေးက မရည်ရွယ်ဘဲ လုပ်တာလား၊ တမင်တကာ လုပ်တာလား ဆိုတာ တွေးမိလိုက်လေသည်။
“အစ်ကိုကြီး၊ ညီမလေး စားလိုက်တော့မယ်နော်”
ပိုင်ရှောက်ယွင် က ချင်းလန် လက်ချောင်းနှစ်ချောင်း ကြားမှာ ကိုင်ထားတဲ့ ရိုးတွင်းခြင်ဆီ သန့်စင်ဆေးလုံး ကို စိုက်ကြည့်နေလေသည်။
သူမ စမ်းတဝါးဝါး ရှေ့တိုးသွားပြီး လျှာသေးသေးလေးနဲ့ ပတ်ရစ်လိုက်ကာ၊ သူ့လက်ချောင်းတွေကို မသိမသာ ချိုမြိန်စေလိုက်လေသည်။
ရှူး...
ချင်းလန် အသက်ရှူမှားသွားပြီး၊ ပိုင်ရှောင်ယွင် ရဲ့ အပြစ်ကင်းတဲ့ မျက်နှာလေးကို အံ့ဩမှင်သက်စွာ စိုက်ကြည့်နေမိလေသည်။
ဆရာကြီး...
ဒီကောင်မလေးက သေချာပေါက် ကျွမ်းကျင်သူ တစ်ယောက်ပဲ.....
သူမရဲ့စွမ်းရည်က ထိပ်တန်းပဲ၊ လှည့်ပတ်တဲ့ လှုပ်ရှားမှု တချို့တောင် လုပ်လိုက်သေးတယ်။
ဘယ်သူ သင်ပေးတာလဲ။
“အရမ်း ချိုတာပဲ”
ပိုင်ရှောင်ယွင် နှုတ်ခမ်းသပ်လိုက်ပြီး၊ ရှေ့ကို ထပ်မတိုးဘဲ မနေနိုင်တော့ပေ။ ချင်းလန် ရဲ့ ရင်ခွင်ထဲ မှီလိုက်ပြီး၊ သူ့လက်မောင်း တစ်ဖက်ကို ဖက်ကာ၊ သူ့လက်ထဲက ရိုးတွင်းခြင်ဆီ သန့်စင်ဆေးလုံး က ဘယ်လောက် ချိုမြိန်ကြောင်း အာမေဋိတ်သံ ပြုလိုက်လေသည်။
သူမက တပြွတ်ပြွတ်နဲ့ စုပ်နေပေမယ့်၊ လုံးဝ မစားပေ။
“အာ၊ ဒါက...”
ချင်းလန် နည်းနည်း ကြောင်တောင်တောင် ဖြစ်သွားပြီး၊ သူ့ရင်ခွင်ထဲက ပိုင်ရှောင်ယွင် ကို ကြည့်ရတာ သူမ အကြိုက်ဆုံး အရုပ်ကို တွေ့သွားတဲ့ ကလေးလေးလို ဖြစ်နေကာ၊ သူ့ခေါင်းထဲမှာ ထူးဆန်းတဲ့ အတွေးတစ်ခု ဝင်ရောက်လာလေသသည်။
အဲ့ဒါ တော်တော် ဆိုးရွားမှာပဲ....
“လျှောက်လုပ်မနေနဲ့တော့၊ စားချင်ရင် စားလိုက်၊ ရွံစရာကြီး”
ပိုင်ရူယွီ မျက်လုံး လှန်ကြည့်လိုက်ပြီး၊ ရှေ့တိုးကာ ချင်းလန် လက်ထဲက ဆေးလုံး ၃ လုံးစလုံးကို ယူပြီး၊ သူမညီမ ပါးစပ်ထဲ ထိုးထည့်လိုက်လေသည်။
“အာ အစ်မကြီးက အရမ်း စိတ်ပျက်စရာ ကောင်းတာပဲ”
ပိုင်ရှောက်ယွင် နှုတ်ခမ်းစူပြီး မပျော်မရွှင် ရေရွတ်လိုက်လေသည်။
သူမ အစ်ကိုကြီးနဲ့ ကြည်နူးဖို့ အကြောင်းပြချက် ရှာတွေ့ခါမှ၊ သူမအစ်မက ဖြတ်ပြောလိုက်တာကိုး။
“အစ်မကြီးကို မခေါ်တော့ဘူး ဟွန်း”
ပြောပြီးတာနဲ့၊ ပိုင်ရှောင်ယွင် အပေါ်ထပ်ကို ပြေးတက်သွားလေသည်။
ရိုးတွင်းခြင်ဆီ သန့်စင်ဆေးလုံး သောက်ပြီးနောက် ချူထျန်ဖုန်း ရဲ့ အခြေအနေကို မြင်တွေ့ခဲ့ရတာကြောင့်၊ သူမအစ်ကိုကြီး ရှေ့မှာ အရှက်မကွဲချင်လို့ ကြိုပြီး ရေချိုးခန်းထဲ သွားပုန်းဖို့ ပြေးသွားတာပင်။
“မင်း ဘာလို့ မစားသေးတာလဲ”
ချင်းလန် က ဆေးလုံးတွေကို သိမ်းဆည်းနေတဲ့ ပိုင်ရူယွီ ကို ကြည့်ပြီး စိတ်ဝင်တစား မေးလိုက်လေသည်။
ပိုင်ရူယွီ စိတ်တိုတိုနဲ့ ပြောလိုက်လေသည်။
“အလောတကြီး လုပ်စရာ မလိုပါဘူး။”
သူမ ရှေ့တိုးလာပြီး သူမညီမ ရှုပ်ပွအောင် လုပ်သွားတဲ့ ချင်းလန် ရဲ့ အင်္ကျီကို ကူညီသပ်ရပ်ပေးလိုက်လေသည်။
“ယွင်ယွင် က ဘယ်လို လူစားမျိုးလဲ ရှင် မသိဘူးလား ရှင် ကိုယ့်ကိုယ်ကို ဘယ်လို ကာကွယ်ရမလဲ မသိဘူးလား”
ကာကွယ်မယ်....
ဘာလို့ ခုခံရမှာလဲ......
ချင်းလန် နားမလည် ဖြစ်သွားလေသည်။
“ယွင်ယွင် ကိုယ့်ကို ဘာမှ မလုပ်ပါဘူး။ တကယ်တော့၊ သူ ဒီနည်းလမ်းကို တကယ် ကြိုက်နေသလို ကိုယ် ခံစားရတယ်။ ကိစ္စမရှိပါဘူး၊ သူ ပျော်နေသရွေ့၊ သူ ဘာလိုချင်ချင် ကိုယ် အဆင်ပြေပါတယ်။ ကိုယ် ကိုင်တွယ်နိုင်ပါတယ်”
ပိုင်ရူယွီ သူ့ရင်ဘတ်ကို စိတ်တိုတိုနဲ့ ရိုက်လိုက်လေသည်။
“ရှင် အခွင့်အရေး ရနေတာတောင် အပြစ်ကင်းသလို ဟန်ဆောင်နေသေးတယ်”
ချင်းလန် ပခုံးတွန့်လိုက်လေသည်။
“ကိုယ် ဒီလောက် အဝေးကြီး ရောက်လာတာ၊ ပြီးတော့ မင်းက ကိုယ့်ရှေ့မှာ ထိုင်နေတယ်။ ယွင်ယွင် က အရမ်း ချိုမြိန်ပြီး၊ ကိုယ့်ရင်ခွင်ထဲ တိုးဝင်လာတာ။ ကိုယ် သူ့ကို အလိုမလိုက်ရင်၊ ဘယ်သူ့ကို အလိုလိုက်ရမှာလဲ”
သူ့စကားတွေထဲမှာ လျှို့ဝှက် အဓိပ္ပါယ် ရှိနေတယ်
သူက ဒီပုံစံကို ကြိုက်တယ်လို့ ပြောချင်တာလား။
သူမရဲ့ လှပတဲ့ ကျောက်စိမ်းရောင် မျက်လုံးတွေ တောက်ပလာပြီး ချင်းလန် ကို အချိန်အကြာကြီး စိုက်ကြည့်နေမိကာ၊ ပြီးမှ အပေါ်ထပ် တက်သွားပြီး ပြန်ဆင်းမလာသေးတဲ့ သူမညီမလေးကို တစ်ချက် လှမ်းကြည့်လိုက်လေသည်။
သူမ စိတ်ကို တင်းထားပြီး ချင်းလန် ရဲ့ ပေါင်ပေါ် ထိုင်လိုက်ကာ၊ သူမခေါင်းကို သူ့ရင်ဘတ်ပေါ် ဖြည်းညှင်းစွာ မှီလိုက်လေသည်။
“ဒါ ရှင် ကြိုက်တဲ့ ပုံစံလား”
“နားလည်မှု မလွဲနဲ့ ကျွန်မ ရှင့်ကို တစ်ခုခု လုပ်ချင်လို့ မဟုတ်ပါဘူး ကျွန်မက ယွင်ယွင် ရှင့်နဲ့ အရမ်း နီးကပ်နေတာကို မလိုချင်လို့ပါ။ သူက ငယ်ပါသေးတယ်။ ရှင် တစ်ခုခု လုပ်ချင်ရင်၊ ကျွန်မဆီပဲ လာခဲ့။”
အိုးဟိုး.....
ညီမလေး ခံရမယ့် အစား အစ်မကြီးက ဝင်ခံပေးတာလား။
ဒါက လွန်လွန်းတယ် ဘယ်လိုလုပ် ညီမလေးအတွက် ဒီလို အပြစ်ခံပေးနိုင်ရတာလဲ။
ပါးပြင်တွေ နီရဲနေတဲ့ ပိုင်ရူယွီ က ဘာလို့ ငါ့ရင်ခွင်ထဲမှာ ဒီလောက် ပျော်မွေ့နေပုံ ရနေတာလဲ။
အနာဂတ် စီးပွားရေး ဘုရင်မက တကယ်ပဲ ဆွဲဆောင်မှု ရှိသလို မာနလည်း ကြီးတာပဲ။
“ရှင် ဘာလို့ အမြဲတမ်း ရှပ်အင်္ကျီဝတ်ထားတာလဲ ခေါင်းအုံးလုပ်ရတာ မသက်မသာ ဖြစ်လိုက်တာ။”
ပိုင်ရူယွီ သူမရဲ့ နားထင်နားက ဆံပင်တွေကို သပ်တင်လိုက်ပြီး၊ ချင်းလန် ဝတ်ထားတဲ့ အောက်ခံအင်္ကျီ ကို မော့ကြည့်လိုက်လေသည်။
သပ်ရပ်ပေမယ့်၊ ပြီးတော့ သူ့ခန္ဓာကိုယ် အချိုးအစားကို ပေါ်လွင်စေပေမယ့်၊ ခေါင်းအုံးရတာ ထူးဆန်းစွာ မသက်မသာ ဖြစ်နေလေသည်။
“ကိုယ် ထင်တာတော့ မင်း ဒီဝတ်စုံနဲ့ တော်တော် ကြည့်ကောင်းတယ်လို့ ထင်တယ်။ နောက်တစ်ခါ ကိုယ် တခြား တစ်ခုခု လဲဝတ်ပေးရမလား”
ချင်းလန် ရဲ့ နှုတ်ခမ်းတွေ အနည်းငယ် တွန့်ကွေးသွားလေသည်။
“ဒါဆို မင်း ကိုယ့်တောင်းဆိုမှု တစ်ခုကို လိုက်လျောပေးရမယ်။”
“ဘာအခြေအနေတွေလဲ”
ပိုင်ရူယွီ အပြင်ပန်းမှာ အရမ်း သဘောကျသလို ပုံပေါက်နေပေမယ့်၊ အတွင်းစိတ်ထဲမှာတော့ ချင်းလန် ကို မှီခိုရတဲ့ ခံစားချက်ကို အထူး စွဲလမ်းနေမိလေသည်။
သူမ ငယ်စဉ်ကတည်းက ပိုင်ရှောက်ချွမ် ဆီက အဆုံးမရှိတဲ့ ရှုတ်ချမှုတွေကို ခံစားခဲ့ရပြီး၊ သူမ ဘယ်လောက်ပဲ ကြိုးစားပါစေ၊ သူမရဲ့ တရားမဝင် မောင်လေးက ယောကျ်ားလေး ဖြစ်နေတယ် ဆိုတဲ့ အချက်ကို မကျော်လွှားနိုင်ခဲ့ပေ။
ကြိုးစားမှု အားလုံးက ရေပွက်ပမာ အချည်းနှီး ဖြစ်ခဲ့လေသည်။
ချင်းလန် ရဲ့ ရင်ခွင်ထဲမှာမှ သူမရဲ့ ဖြစ်တည်မှုကို သူမ ခံစားရတယ်။ ဒီအခိုက်အတန့်မှာ၊ သူမ ချင်းလန် ပိုင်ဆိုင်သူ ဖြစ်ပေမယ့်၊ သူမ ကိုယ့်နှလုံးသား ဆန္ဒအတိုင်း လိုက်နာနေတာလည်း ဖြစ်လေသည်။
ချင်းလန် ဖုန်းထုတ်လိုက်ပြီး ပြောလိုက်လေသည်။
“မင်းအတွက် မိသားစု စည်းမျဉ်းတစ်ခု ကိုယ် သတ်မှတ်လိုက်ပြီ အခုက စပြီး၊ မင်းနေ့တိုင်း ဝတ်ဆင်တဲ့ အရာတွေမှာ ယေဘုယျ ပုံစံတစ်ခု ရှိရမယ်။”
ပိုင်ရူယွီ သံသယဖြင့် ချင်းလန် ရဲ့ ဖုန်းမျက်နှာပြင်ပေါ်က ဓာတ်ပုံတွေကို စိုက်ကြည့်ပြီး၊ တစ်ပုံချင်းစီ ပွတ်ဆွဲကြည့်နေလေသည်။
“ဒါက တစ်ပတ်စာ ပမာဏပဲ။ ဒီအတိုင်း သံသရာလည်ပြီး ဆက်လုပ်သွားရုံပဲ။ နားလည်လား”
ချင်းလန် စိတ်ရှည်စွာ မေးလိုက်လေသည်။
ပိုင်ရူယွီ ရဲ့ လှပတဲ့ နှုတ်ခမ်းလေး အနည်းငယ် တွန့်သွားလေသည်။
“ရှင် တကယ်ပဲ အသားကပ်တွေကို အဲ့လောက် ကြိုက်လား”
အဲ့ဒီ ဓာတ်ပုံ တစ်ပုံချင်းစီမှာ အဝတ်အစားတွေက အတိအကျ တူညီနေလေသည်။
ကွာခြားချက်က ခြေအိတ်ရှည်တွေ သက်သက်ပင်။
ပိုင်ရူယွီ ရုတ်တရက် တစ်ခု ပျောက်နေတာ သတိထားမိပြီး စိတ်ဝင်တစား မေးလိုက်လေသည်။
“တနင်္ဂနွေနေ့ရော ရှင်က တနင်္လာကနေ စနေ အထိပဲ ပြထားတာ၊ တနင်္ဂနွေနေ့ရော ဘယ်လိုလဲ”
ချင်းလန် သူမနဖူးကို ဖွဖွလေး တောက်လိုက်လေသည်။
“မင်းနော်၊ ပုံမှန်ဆိုရင် အရမ်း ဉာဏ်ကောင်းပေမယ့်၊ ဒီတစ်ခါတော့ ကိုယ့်ကိုယ်ကို အရူးလုပ်လိုက်ပြီ ဒါလေးတောင် မခန့်မှန်းနိုင်ဘူးလား”