အခန်း (၁၂၁) အစားတွေ အရမ်းများနေတယ်
မှန်ပေသည် ဒါက ယာယီစိတ်ကူးတစ်ခုပင်ဖြစ်ပြီး
လင်းရှီးအာ က မတ်တပ်ရပ်ပြီးလမ်းမလျှောက်နိုင်သေးပေ။
သူမရဲ့ ခြေထောက်တွေကို ခွဲစိတ်ကုသပြီး ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းတွေကို အချိန်အတိုင်းအတာ တစ်ခုထိ သေချာပေါက် လုပ်ဆောင်ရမှာ ဖြစ်သည်။
ချင်းလန် က သူ စိတ်ကူးပုံဖော်ထားတဲ့ ဇာတ်ကွက်တွေက ခြေထောက်တွေကိုပြန်ကောက်းလာဖို့ အရမ်း သင့်တော်တယ်လို့ ခံစားမိလေသည်။
လင်းရှီးအာ လို နားလည်မှု ရှိတဲ့ ကောင်မလေးက တခြားသူတွေကိုလည်း ပျော်ရွှင်မှု ပေးနိုင်တာမို့လို့၊ ဘာလို့ သူ့ကို ပျော်ရွှင်အောင် မလုပ်ဘဲ နေမှာလဲ။
ခဏလောက် စကားပြောပြီးနောက်၊ ချင်းလန် က သူမမိသားစုရဲ့ စောင့်ကြည့်မှုအောက်ကနေ ထွက်ခွာသွားလေသည်။
ကျောက်မင်ယွဲ့ တံခါးဝမှာ ရပ်နေပြီး၊ သူမခင်ပွန်းရဲ့ လက်မောင်းကို တို့လိုက်ကာ မျက်ခုံးပင့်ပြလိုက်လေသည်။
“ချင်းလန် က ငါတို့ ရှီးအာ ကို ကြိုက်နေတာ ဖြစ်မယ်လို့ ငါ ပြောသားပဲ။ မဟုတ်ရင် သူက ဘာကိစ္စ ရှီးအာ အတွက်နဲ့ ဒီလောက် ဒုက္ခခံပြီး၊ ခြေထောက် ကုပေးဖို့ ကူညီပေးပြီး ဟိုသူဌေးသားတွေကို သင်ခန်းစာ ပေးရမှာလဲ”
“အမေ၊ ပေါက်ကရတွေ ပြောမနေပါနဲ့။ အစ်ကို ချင်း က အဲ့လိုမျိုး ဘယ်တုန်းကမှ မပြောဖူးပါဘူး။ တကယ်လို့ သူ ဒါကို ကြားသွားရင်၊ နောက်တစ်ခါ တွေ့ရင် သမီး ဘယ်လို မျက်နှာပြရမလဲ”
“အစ်ကို ချင်း... အစ်ကို ချင်း က ကြင်နာတတ်တဲ့ သူတစ်ယောက်ပါ၊ သမီး အနိုင်ကျင့်ခံရတာကို မကြည့်ရက်လို့ပါ။”
လင်းရှီးအာ က အလွန် ရှက်ရွံ့နေတဲ့ ပုံစံနဲ့ ကျောက်မင်ယွဲ့ ကို နွဲ့နှောင်းစွာ ပြောလိုက်လေသည်။
လင်းထျန်လင်း သဘောတူကြောင်း ခေါင်းညိတ်လိုက်လေသည်။
“အဖေ ထင်တာတော့ ရှီးအာ ပြောတာ မှန်တယ်။ ချင်းလန် ရဲ့ နောက်ခံက ကြောက်စရာ ကောင်းပေမယ့်၊ သူ့ရဲ့ စရိုက်က အပြစ်ပြောစရာ မရှိသလို သူ့ရဲ့ ပြုစုပျိုးထောင်ခံရမှုကလည်း အရမ်း ကောင်းမွန်တယ်။ သူက ဆရာမ ကျိုး ရဲ့ တောင်းဆိုမှုကို သဘောတူလိုက်လို့ ငါတို့သမီးကို အထူး ဂရုစိုက်ပေးနေတာ ဖြစ်ဖို့ များတယ်။”
ချင်းလန် လို ထူးချွန်တဲ့ ကောင်လေး တစ်ယောက်က သူ လိုချင်တဲ့ ကောင်မလေးကို ရနိုင်တာပဲ၊ ဒါကို သူက ဘာကိစ္စ ငါတို့ ရှီးအာ အတွက်နဲ့ ဒီလောက် အများကြီး လုပ်ပေးနေမှာလဲ။
ဒါက တိုက်ဆိုင်မှု တစ်ခုပါပဲ၊ ဘာမှ မဟုတ်ဘူး။ လျှောက်မတွေးပါနဲ့၊ ရှီးအာ စိတ်မကောင်း ဖြစ်သွားရင် မကောင်းဘူး။
ကျောက်မင်ယွဲ့ မျက်လုံး လှန်ကြည့်လိုက်ပြီး သူမ ခင်ပွန်းကို ဘာမှ ဆက်မပြောချင်တော့ပေ။
အလကားပဲ......
ဒီလူကြီးက အရမ်း ကျဉ်းမြောင်းလွန်းတယ်၊ အချစ်ရေး ကိစ္စတွေကို လုံးဝ နားမလည်ဘူး။
သူမ နောက်လှည့်ပြီး အိမ်ထဲ ဝင်သွားလိုက်လေသည်။
“မင်း ဘာလို့ ထွက်ပြေးတာလဲ မင်း ငါနဲ့ မငြင်းနိုင်လို့ ထွက်ပြေးတာ မဟုတ်လား”
လင်းထျန်လင်း ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။
ကျောက်မင်ယွဲ့ စကားတစ်ခွန်းမှ မပြောဘဲ နောက်လှည့်ကြည့်လိုက်ပေမယ့်၊ သူမ နှုတ်ခမ်းတွေက စကားလုံး နှစ်လုံးတည်းကိုပဲ ပုံဖော်လိုက်လေသည်။
“အရူး”
“ကျောက်မင်ယွဲ့၊ မင်း နည်းနည်း လွန်လာပြီနော် မင်း ဘာမှ အသံမထွက်လို့ ငါ မမြင်ဘူး မထင်နဲ့။ မင်း ငါ့ကို အရူး လို့ ခေါ်လိုက်တာလား ရှီးအာ ဒီမှာ ရှိနေတယ်လေ။ ရှီးအာ ရှေ့မှာ ငါ့ကို မစော်ကားဖို့ မင်း ပြောထားတယ် မဟုတ်လား။ မင်း မေ့သွားပြီလား”
လင်းထျန်လင်း နည်းနည်း ဒေါသထွက်ပြီး ညည်းညူလိုက်ကာ၊ သမီးဖြစ်သူဘက် လှည့်ပြီး လေးလေးနက်နက် ပြောလိုက်လေသည်။
“ရှီးအာ၊ သမီး အနာဂတ်မှာ သမီးအမေလို မဖြစ်စေနဲ့နော်။ ပေါက်ကရတွေ လျှောက်မပြောရဘူး၊ ပြီးတော့ လုံးဝ မဆဲရဘူး၊ နားလည်လား”
လင်းရှီးအာ ရဲ့ လှပတဲ့ နှုတ်ခမ်းလေး တွန့်သွားလေသည်။ သူမအမေ လုပ်သလို သူ့ကို ပြန်ဆဲချင်ပေမယ့်၊ နှစ်တွေကြာအောင် မွေးမြူလာခဲ့တဲ့ အကျင့်ကြောင့် အတင်းအကျပ် ထိန်းချုပ်လိုက်ရလေသည်။
စကားတစ်ခွန်းမှ မပြောဘဲ၊ သူမရဲ့ လှပတဲ့ မျက်လုံးတွေကို မှိတ်လိုက်ပြီး အဖေဖြစ်သူကို ကြည့်ကာ၊ စိတ်ပျက်လက်ပျက်နဲ့ မျက်နှာလွှဲလိုက်ပြီး လျှပ်စစ် ဘီးတပ်ကုလားထိုင်နဲ့ ထွက်ခွာသွားလေသည်။
“ဟေး ဒီနေ့ မင်းတို့သားအမိ နှစ်ယောက် ဘာဖြစ်နေကြတာလဲ နှစ်ယောက်စလုံး ထူးဆန်းနေကြတယ်။ ငါ့ကို သည်းမခံနိုင်ကြတော့ဘူးလား ငါက ဒီအိမ်မှာ အပိုလူ ဖြစ်နေတယ် ထင်နေတာလား ကောင်းပြီလေ၊ ငါ ထွက်သွားပေးမယ်၊ ငါ ထွက်သွားပေးမယ်၊ ဟုတ်ပြီလား”
လင်းထျန်လင်း နည်းနည်း ဝမ်းနည်းပြီး မပျော်မရွှင် ပြောလိုက်လေသည်။
ကျွီ ကျွီ ကျွီ.....
လင်းရှီးအာ လျှပ်စစ် ဘီးတပ်ကုလားထိုင်နဲ့ ပြန်ထွက်လာပြီး၊ လက်ထဲမှာ စောင်တစ်ထည် ကိုင်ကာ အဖေဖြစ်သူကို ကမ်းပေးလိုက်လေသည်။
“ညဘက် အပြင်မှာ အေးတယ် အဖေ။ တကယ်လို့ ပန်းခြံထဲက ခုံတန်းလျားပေါ် အိပ်ရင်၊ စောင်ခြုံထားမှ အေးမှာ မဟုတ်ဘူး။”
“ငါ......”
လင်းထျန်လင်း ပါးစပ်ဟလိုက်ပေမယ့်၊ စကားတစ်ခွန်းမှ မထွက်တော့ပေ။
သူ့သမီးရဲ့ မိဘအပေါ် ရိုသေကိုင်းရှိုင်းမှု ကို အပြခံလိုက်ရတယ်လို့ သူ ခံစားလိုက်ရသည်။
……….
ဗီလာတွင်.......
ချင်းလန် ဆိုဖာရှေ့မှာ ရပ်ပြီး ချီးကျူးလိုက်လေသည်။
“မင်းရဲ့ စွမ်းရည်တွေ တိုးတက်လာပြီ၊ ဒါပေမဲ့ မင်း နေ့တိုင်း ဝီရိယရှိရှိ လေ့ကျင့်ဖို့ လိုသေးတယ်။”
“သဲလွန်စ ဘယ်မှာလဲ ငါ့ကိုပေး။”
ချန်ဇီချီ သဲလွန်စ ရဖို့ လက်လှမ်းလိုက်လေသည်။
တကယ်လို့ ချင်းလန် သာ အဲ့ဒါတွေ သုံးပြီး သူမကို ခြိမ်းခြောက်မထားရင် အကြောင်းပြချက် မရှိဘဲ ဘာလို့ သူ့ဆီ လာမှာလဲ။
“ထားလိုက်ပါတော့၊ ငါ မိတ္တူ ကူးထားပြီးပြီ၊ မင်း ကြည့်လိုက်ရုံပဲ။”
ချင်းလန် ဆိုဖာ ကူရှင်အောက်က စာရွက်စာတမ်း အထပ်လိုက်ကို ယူပြီး ချန်ဇီချီ ဆီ ပစ်ပေးလိုက်လေသည်။
ချန်ဇီချီ မတ်တပ်ရပ်လျက် စာရွက်စာတမ်းတွေကို သေချာ ကြည့်ရှုနေလေသည်။
ဓာတ်ပုံတွေ များများ လှန်ကြည့်လေ၊ သူမ မျက်နှာ ပိုပျက်လာလေ ဖြစ်သည်။ နောက်ဆုံး သူမ မှတ်မိနေတဲ့ ဓာတ်ပုံကို မြင်လိုက်ရတဲ့အခါ၊ သူမ မျက်လုံးတွေ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားလေသည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ သူက ဘယ်လိုလုပ် အသက်ရှင်နေသေးတာလဲ ဒါတွေအားလုံး သူ လုပ်ခဲ့တာလား”
ချန်ဇီချီ မယုံကြည်နိုင်ဘဲ ရေရွတ်လိုက်လေသည်။
သူမဦးလေးအသက်ရှင်နေသေးတယ် ဆိုတာနဲ့၊ သဲလွန်စ အားလုံးက သူ့ဆီ ညွှန်ပြနေတယ် ဆိုတာ သူမ လုံးဝ စိတ်ကူးမယဉ်ဖူးခဲ့ပေ။
ချမ်းသာတဲ့ မိသားစုထဲ ဝင်ရောက်နိုင်ဖို့ အတွက် ကိုယ့်မိသားစုကို အတင်းအကျပ် ဖြိုခွဲခဲ့တာ သူမဦးလေးလား။
“ဒီသဲလွန်စ မမှန်နိုင်လောက်ဘူး သေချာပေါက် နားလည်မှုလွဲတာ တစ်ခုခု ရှိမှာပါ”
ချန်ဇီချီ မော့ကြည့်ပြီး ခေါင်းကို ပြင်းပြင်းထန်ထန် ခါရမ်းလိုက်ကာ၊ စာရွက်ပေါ်က အကြောင်းအရာတွေကို မယုံကြည်လိုပေ။
ချင်းလန် ပခုံးတွန့်လိုက်ပြီး နောက်ထပ် ဂန္ထဝင် စာကြောင်း တစ်ကြောင်း ပြောလိုက်လေသည်။
“မင်း အဲ့လို ထင်တယ် ဆိုရင်လည်း၊ ငါ တတ်နိုင်တာ ဘာမှ မရှိတော့ဘူး။”
“ငါ မင်းကို သဲလွန်စတွေ ပေးပြီးပြီ၊ ယုံတာ မယုံတာ မင်းအပိုင်းပဲ။ ဒါ့အပြင် ငါ မင်းကို အကြံပေးရဦးမယ် ပြဿနာ သွားမရှာနဲ့။ မင်း သူတို့ကို သတိပေးလိုက်သလိုပဲ ဖြစ်လိမ့်မယ်။ မင်းဦးလေး တွယ်ကပ်နေတဲ့ မိသားစုက ရှန်ဟိုင်း မြို့ တစ်ခုလုံးမှာတောင် တော်တော် ဩဇာအာဏာ ကြီးမားတယ်။ မင်းရဲ့ လက်ရှိ အဆင့်အတန်းနဲ့ သွားပြီး ပြဿနာ ရှာရင်၊ နောက်တစ်နေ့ မင်း ပျောက်သွားလိမ့်မယ်။”
သူ ချန်ဇီချီ ကို တမင်တကာ ခြိမ်းခြောက်နေတာ မဟုတ်ပေ။ ချမ်းသာတဲ့ မိသားစုတွေမှာ အဲ့ဒီလို ဖြစ်လေ့ရှိတာပင်။
ချန်ဇီချီ ရဲ့ ဦးလေးက ဒီလို ယုတ်မာတဲ့ ကိစ္စ လုပ်ခဲ့တယ် ဆိုတာ သူတို့ သိရင်တောင်၊ အများဆုံး မိသားစု အတွင်းမှာပဲ ဖြေရှင်းကြမှာပင်။ ချန်ဇီချီ လို စရိုက်မျိုး ရှိတဲ့သူက သူတို့အိမ်တံခါးဝ လာပြီး ပြဿနာ ရှာရင်၊ သတင်းမပြန့်အောင် သူမကို သေချာပေါက် သတ်ပစ်ကြမှာ။
“တကယ်ပဲ သူ ဖြစ်နေတာလား ဘာလို့လဲ ဘာလို့ သူ ဖြစ်နေရတာလဲ”
ချန်ဇီချီ ရဲ့ လှပတဲ့ မျက်လုံးတွေထဲမှာ မျက်ရည်တွေ ဝေ့သီလာလေသည်။
သူမ အဒေါ်နဲ့ ဦးလေး မိသားစု အားလုံးက သူမအပေါ် အရမ်း ကောင်းခဲ့ကြတာ။
အဲ့ဒီတုန်းက ဖြစ်ပျက်ခဲ့တဲ့ ကပ်ဘေးဆိုးကြီးက သူမကို ကိုယ့်ကိုယ်ကို သတ်သေလုနီးပါး ဖြစ်စေခဲ့တာဖြစ်လေသည်။
သူမဦးလေးကို မသံသယ ဝင်ချင်ပေမယ့်၊ အဲ့ဒီတုန်းက အခင်းဖြစ်ပွားရာ နေရာမှာ၊ အပျက်အစီးတွေ ကြားထဲ မီးကျွမ်းနေတဲ့ အလောင်းတစ်လောင်း ရှိခဲ့ပြီး၊ စစ်ဆေးချက် ရလဒ်တွေအရ အဲ့ဒါက သူမဦးလေးရဲ့ အလောင်းလို့ ဖော်ပြခဲ့တယ်လေ။
ဒါပေမဲ့ အခု၊ သူမဦးလေးက အသက်ရှင်နေသေးတာလား။
ဒါ့အပြင် သူက ထျန်ဟိုင်မြို့ မှာ မပေါ်လာတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။
အဲ့ဒါ တကယ်ပဲ ငါ့ဦးလေးရဲ့ အလောင်းလား ဒါမှမဟုတ် အပြစ်ကနေ လွတ်မြောက်ဖို့ သူ အသုံးပြုခဲ့တဲ့ အစားထိုး အလောင်းလား။