အခန်း (၁၂) - ဘယ်သူက တကယ့်ကလေးအရင်းလဲ
ချင်းလန်က ဒေါသတကြီး ဖြစ်နေမယ်၊ ဒါမှမဟုတ် အနည်းဆုံးတော့ သူ့မျက်နှာ ပျက်နေမယ်လို့ မူယွီယန် ထင်ထားခဲ့လေသည်။
သူမရဲ့စကားတွေက ချင်းလန်ကိုဒေါသမထွက်စေ
ရုံသာမက သူ့ကိုပါပြန်စ လိမ့်မယ်လို့ မူယွီယန်
မမျှော်လင့်ခဲ့ပေ။
လူတစ်ယောက်က ဘယ်လိုလုပ် ဒီလောက်တောင် မျက်နှာပြောင် နိုင်တာလဲ။
သူ့ကို မိသားစုကို အားကိုးတယ်လို့ ဝေဖန်တာက
သူ့ကိုမိဘနားကပ်စားနေတဲ့ကောင်လို့ ပြောတာနဲ့တူတူပဲဟာကို ဒီလူက ပြုံးပြီး လက်ခံနေတာလား။
“ရှင်”
သူမက ချင်းလန် ရဲ့ နှာခေါင်းကို လက်ညှိုးထိုးလိုက်ပြီး
“ရှင်လို မျက်နှာပြောင်တဲ့လူ ကို ကျွန်မ တစ်ခါမှ မတွေ့ဖူးဘူး”
“ယွီယန်၊ ဘယ်လိုလုပ် ဒီလို စကားမျိုးပြောနေ
တာလဲ။ ချင်းလန် ကို အခုချက်ချင်း တောင်းပန် လိုက်”
လင်းဝမ်ချင်း မနေနိုင်တော့ပေ။
သူမရဲ့ သားမက်ကိုဒီလိုမျိုး အကြိမ်ကြိမ်ပြော
နေတာကို နားထောင်ရတာ ကိုယ့်အမေ တောင်စိတ်မသက်မသာ ဖြစ်နေတာ၊ အပြင်လူ တွေဆိုရင် ပြောစရာတောင် မလိုတော့ပေ။
မူယွီယန် က ခေါင်းမာစွာ ခေါင်းခါလိုက်ပြီး
“မတောင်းပန်နိုင်ဘူး၊ သမီးဘာမှ မှားတာမှမပြောခဲ့တာ၊ ဘာလို့ တောင်းပန်ရမှာလဲ။”
သူမက ချင်းလန် ရဲ့တုံ့ပြန်မှုကိုကြည့်လိုက်တော့
စိတ်အနှောင့်အယှက်ဖြစ်နေတဲ့ ပုံမပေါ်တဲ့အခါ သံသယ ပိုဝင်လာမိသည်။
ဒီနေ့ ဘာဖြစ်နေတာလဲ။
သူမ ချင်းလန်ကို ပထမဆုံးမြင်လိုက်ကတည်းက တစ်ခုခု မှားယွင်း နေတယ်လို့ ခံစားနေရလေသည်။
သူတို့ တစ်ရက်လောက်ပဲ မတွေ့ရသေးတာ၊ ဒါပေမယ့် ချင်းလန်က အရမ်းချောမော လာပုံရသည်။
ဒါ့အပြင် ချင်းလန်ရဲ့ အရင်ကစိတ်နေစိတ်ထား အရ၊ နည်းနည်းလေး ဆွပေးရုံနဲ့ သူကဒေါသထွက် လာတာ ဒါမှမဟုတ် ပစ္စည်းတွေ ရိုက်ခွဲ တာမျိုး လုပ်တတ်သည်။
အခုလို ရုတ်တရက် တိတ်ဆိတ်နေတော့ သူမကို တော်တော်လေး စိတ်မသက်မသာ ဖြစ်စေသည်။
ချင်းလန် ဒေါသထွက်လား မထွက်လား၊ မသိပေမယ့် လင်းဝမ်ချင်း ကိုယ်တိုင်ကတော့ တော်တော် ဒေါသထွက် နေပြီး သူမရဲ့ရင်ဘတ်ကပြင်းထန်စွာနိမ့်လိုက် မြင့်လိုက် ဖြစ်နေလေသည်။
“မူယွီယန်၊ မင်းကို တောင်းပန်ခိုင်းနေတယ်၊ မင်းငါ့စကားကို ကြားလား၊မင်း အမေ့ စကားတောင် နားမထောင်တော့ဘူးလား”
“အမေ့...”
မူယွီယန်က ဒေါသအိုးပေါက်ကွဲမတတ် ဖြစ်နေပေမယ့် သူမအမေရဲ့ ဒေါသထွက်နေတဲ့ အမူအရာ ကိုမြင်တော့ သူမရဲ့မသိစိတ်က အားလျော့သွားလေသည်။
သူမ ဘယ်လောက်ပဲ ခေါင်းမာပါစေ၊ သူမအမေ နောက်ကိုလိုက်ပြီး ကြီးပြင်းလာခဲ့တာ ဖြစ်သည်။ သူမအမေရဲ့ မျက်လုံးထဲမှာ သူမဟာ ဘယ်တော့မှ
မကြီးပြင်းနိုင်တဲ့ ကလေးတစ်ယောက်ဖြစ်လေသည်။
သူမဘဝမှာ သူမအမေရဲ့ ဒီလိုမျိုး ဆူပူခြင်း ကို ခံရတာ ဒါ ပထမဆုံးအကြိမ် ဖြစ်သည်။
ကြောက်ရွံ့မှု နဲ့ ခံပြင်းမှု နှစ်မျိုးလုံး ခံစားရပြီးမကြာခင်မှာပင် သူမရဲ့ မျက်လုံးတွေ နီရဲ လာတော့သည်။
ဒီလို မြင်တော့ ချင်းလန်က အဲဒီမှာဆက်ရပ်မနေတော့ဘဲ ရှေ့ကိုတိုးလာပြီး မူယွီယန်ရဲ့သွယ်လျတဲ့ လက်ကလေး ကို ဆုပ်ကိုင်လိုက်ရာ နူးညံ့ပြီးဖောင်းဖောင်းအိအိလေး ဖြစ်နေပေသည်။
သူက ပြုံးပြီး ပြောလိုက်သည်။
“အန်တီလင်း၊ ဒီလောက်ထိ ဒေါသ မထွက်ပါနဲ့။ ကြည့်ပါဦး၊ ယွီယန်လန့်သွားပြီ။”
“အန်တီလင်း မသိသေးတာက ယွီယန် နဲ့ ကျွန်တော်တွဲနေတာကြာပါပြီ။ ဒါကကျွန်တော်တို့ ပုံမှန်အပြန်အလှန် ဆက်ဆံတဲ့ပုံပါ၊ ကျွန်တော်သူပြောတဲ့ စကားတွေကို စိတ်ထဲ မထားပါဘူး။”
“ကျွန်တော်တို့ နှစ်ယောက်လုံး ငယ်သေးတော့ ခေတ်ရေစီးကြောင်းအတိုင်း လိုက်နေကြတာပါ။”
“တကယ်လား”
လင်းဝမ်ချင်း မျက်မှောင်ကြုတ်သည်။
မူယွီယန် က သဘောတူကြောင်း ခေါင်းညိတ်ပြီး ချင်းလန် ရဲ့ ကျောပြင် ကိုနောက်လက်တစ်ဖက်နဲ့
ဖက်လိုက်မှဘဲ မတူချင်တူချင် သဘောတူလိုက်လေသည်။
“မယုံရင် အန်နင် ကိုမေးကြည့်လိုရတယ်”
အန်နင်က မူယွီယန် ရဲ့ကိုယ်ရံတော် ဖြစ်ပြီးသူမဘေးမှာ အမြဲရှိနေကာ ဖြစ်ပျက်သမျှကိစ္စတွေအားလုံးသိသူ ဖြစ်သည်။
လင်းဝမ်ချင်း ဒေါသပြေသွားပြီး သူ့ရဲ့အနာဂတ်သားမက်လေးကို ယောက္ခမတစ်ယောက်အမြင်နဲ့ ကြည့်လိုက်တော့ ပို၍ ပို၍ မျက်စိပဒေသာ ရှိလာလေ
သည်။ပြီးတော့ သူမက ပြုံးပြီး ပြောလိုက်သည်။
“အန်တီ ကအသက်ကြီးလာပြီးမင်းတို့ ခေတ်ရေစီးကြောင်း ကို မလိုက်နိုင်တော့ဘူး။ မင်းတို့ လူငယ်တွေ အဆင်ပြေရင်ပြီးတာပါပဲ။”
ချင်းလန် က လေးနက်စွာ ပြောလိုက်သည်။
“အန်တီလင်း ဘာတွေ ပြောနေတာလဲ၊ အန်တီလင်း အသက်ကြီးတယ်ဆိုတာရော ဘာကို ဆိုလိုတာလဲ။
အန်တီလင်း နဲ့ ယွီယန်တို့နှစ်ယောက်အတူတူ လမ်းလမ်းလျှောက်ရင်တောင်မသိတဲ့သူတွေက အန်တီတို့ နှစ်ယောက်ကို ညီအစ်မ တွေလို့ ထင်ကြမှာ။”
အမှန်ပြောရရင် ဒီစကားကအနည်းငယ်မြှောက်ပင့်နေတယ်ဆိုပေမယ့် အသက်လေးဆယ်ကျော် အရွယ်ရှိတဲ့ လင်းဝမ်ချင်းရဲ့ မျက်နှာကမိန်းမငယ်လေး လိုပဲ ထိန်းသိမ်းမှု ကောင်းတယ်လို့ ပြောရမှာပင်ဖြစ်သည်။
သူမရဲ့ ဝတ်စားဆင်ယင်မှုက ထူးခြားစွာအေးမြနေ
ပြီးလိုက်ဖက်ပေသည်။သူမက ပန်းရောင်ဖျော့ဖျော့ လက်ရှည် တီရှပ်ပါးပါးကို ဝတ်ထားပြီး သူမရဲ့သွယ်လျသော ဝမ်းဗိုက်လေးရဲ့ပုံသဏ္ဌာန် ကို တစ်ချက်တစ်ချက် မြင်တွေ့နေရသည်။
သူမသည် အပြာရောင်ဂျင်းဘောင်းဘီ ကိုဝတ်ထားပြီး သူမရဲ့ ခြေထောက်တွေဟာ ဖြောင့်စင်း ရှည်လျား နေကာ မြင်ရသူအဖို့ တကယ်ကို
နှစ်သက်စရာပင် ဖြစ်သည်။
ရုပ်ရည်သွင်ပြင် အနေနဲ့ သူမဟာ မူယွီယန်ထက် အနည်းငယ်သာ နိမ့်ကျနိုင်ပေမယ့် ခြားနားချက်ကတော့ သိပ်မရှိပေ။ တကယ်တော့ သူမကပိုပြီး ရင့်ကျက်ကာ ဆွဲဆောင်မှု ရှိတဲ့ ပုံပေါ်နေသည်။
လင်းဝမ်ချင်း ရဲ့ မျက်နှာကကျေနပ်တဲ့ အပြုံး နဲ့ ပြည့်နှက်နေပြီး သူမက ရယ်မောကာ ဆူပူလိုက်သည်၊
“မင်း ကလေးဆိုးလေး၊ မင်းကို နောက်ဆုံးအကြိမ် မြင်တုန်းကထက် ပိုပြီး စကားတတ် လာပြီ။ အန်တီက အသက်ကြီးလာပါပြီ၊ လူငယ်တွေကို မမှီတော့ပါဘူး။ ဒီအဝတ်အစားတွေက ယွီယန် ရဲ့ဟာတွေလေ
ဒါတွေကသူနဲ့ပိုပြီး လိုက်တယ်။”
ချင်းလန် နားလည်လိုက်ပြီး ချက်ချင်းပင်ထပ်ပြီး ချီးကျူးလိုက်သည်။
“အာ မဖြစ်နိုင်ဘူး၊ ဒီဝတ်စုံက ယွီယန် ရဲ့ဟာလား။ ကျွန်တော်သူတစ်ခါမှ ဝတ်တာမမြင်ဖူးဘူး။ ယွီယန် ရဲ့ ကိုယ်လုံးကိုယ်ထည်ကို ကျွန်တော် သိတယ်၊ ရွှေအချိုးအစား အတိုင်းပဲ။ အန်တီက ယွီယန် ရဲ့ အဝတ်အစားတွေနဲ့ ဒီလောက်တောင် ကြည့်ကောင်း နေလိမ့်မယ်လို့ မထင်ထားဘူး။ အန်တီ့ရဲ့ကိုယ်လုံးကတကယ့်ကို အားကျစရာပဲ။”
“အာ မင်းကစကားကို ချိုချိုသာသာ ပြောတတ်လိုက်တာ၊ အန်တီ က မင်းရဲ့ ချီးကျူးစကားတွေကြောင့် ရှက်တောင်ရှက်လာပြီ”
လင်းဝမ်ချင်း သူမရဲ့နှုတ်ခမ်း နီရဲရဲလေးတွေကို
ဟကာပြုံးလိုက်ပြီးချစ်ခင်စွာချင်းလန်
ရဲ့ လက်ကို ကိုင်လိုက်သည်။
“မင်း ရောက်လာတာ အချိန်ကိုက်ပဲ။ အန်တီမင်းအတွက် အိမ်ချက်ထမင်းဟင်းကို အထူးချက်ထားတယ်။ မြည်းကြည့်ပြီး ဘယ်လို အရသာရှိလဲစားကြည့်လိုက်ဦး။”
“ဒါဆို ဒီနေ့ကျွန်တော် တကယ်ပဲကံကောင်းတာပဲ။”
ချင်းလန် နဲ့ သူ့အမေ ချစ်ခင်စွာ လက်တွဲပြီးစားသောက်ခန်းထဲကို ဝင်သွားတာကို ကြည့်နေရင်း
မူယွီယန် ရဲ့ လှပတဲ့နှုတ်ခမ်းတွေ လှုပ်ရှားသွားလေ
သည်။ သူမဟာ စွန့်ပစ်ခံ ကလေးငယ် တစ်ယောက်လို ခံစားနေရလေသည်။
“သူပြောင်းလဲ သွားပြီ၊ သူ တကယ်ပြောင်းလဲ သွားပြီ။ ဒီလူက အရင်က မောက်မာပြီး အနိုင်ယူ တတ်ပေမယ့် အခုတော့ စကားတတ်ပြီးယဥ်ကျေးနေတာပဲ။ဒါပေမယ့်သူကလူကောင်း တစ်ယောက်လုံးဝမဟုတ်ဘူး”
သူမ ဒေါသတကြီး နှာမှုတ်လိုက်ပြီးဝက်ဝံငယ်ပုံ
ထိုးထားတဲ့ သူမရဲ့ အိမ်နေရင်းဝတ်စုံ ကို ငုံ့ကြည့်လိုက်သည်။
သူမက ချင်းလန်ရဲ့ ချီးကျူးမှုကို မရခဲ့ရင်တောင် သူမ အဝတ်လဲဖို့ စိတ်ကူးမရှိခဲ့ဘူး။ ဒါက ထမင်းစားတာ သက်သက်ပဲ၊ ဒီလောက်ထိ လုပ်ဖို့ လိုအပ်လို့လား။
စားပွဲမှာ လင်းဝမ်ချင်းကထိပ်မှာ ထိုင်ပြီး ချင်းလန် နဲ့ မူယွီယန် က တစ်ဖက်တစ်ချက်စီမှာထိုင်နေကြသည်။
ထမင်းစားနေစဉ်မှာ ချင်းလန် ရဲ့ ပန်းကန်ထဲမှာ အစားအသောက်တွေ ပြည့်နေပြီး သူက ကိုယ့်သဘောနဲ့ကိုယ် အစားအသောက်ကို တစ်ခါမှ မယူခဲ့ရပေ။
တစ်ဖက်မှာတော့ မူယွီယန် ကလင်းဝမ်ချင်းရဲ့
ထမင်းဟင်းခူးပေးတာကို မခံရတဲ့အပြင် နောက်ဆုံး ကြက်တောင်ပံကိုပါ သူ့အမေက ချင်းလန်အတွက်ယူသွားလေသည်။
လင်းဝမ်ချင်း က မျက်လုံးလှန်ကြည့်ပြီး
“မိန်းကလေးက ဘာလို့ ဒီလောက် အများကြီး စားရတာလဲ”
သူမ ပြောနေရင်းကြက်တောင်ပံ နောက်ဆုံးတစ်ဖက်ကို ချင်းလန် ရဲ့ပန်းကန်ထဲထည့်ပေးလိုက်လေသည်။
မူယွီယန် မျက်ရည်ကျလုနီးပါး သွားပြီး
“အမေ့ ဘယ်သူက အမေ့ရဲ့ ကလေးအရင်းလဲ၊ သူလား သမီးလား။”
“မင်းက အမေ့ရဲ့သမီးလေ”
လို့ လင်းဝမ်ချင်း က မကျေမနပ် ဆူပူလိုက်သည်။
“ဘာလဲ မင်းက အမေက သားမက်လေးကို ပိုပြီးဂရုစိုက်နေလို့ သဝန်တိုနေတာလား”
မူယွီယန် နှုတ်ခမ်းဆူပြီး
“အမေကမှ မဟုတ်တာကို”
ဟု ကိုယ့်ဘာသာ ရေရွတ်လိုက်သည်။
ဒါက သိသိသာသာကို ဘက်လိုက်တာပင်။
သူမဟာ DNA စစ်ဖို့တောင် စိတ်ကူးနေပေသည်။
ချင်းလန် က သူမအမေအပေါ် ဘယ်လို မှော်အတတ် တွေ သုံးလိုက်မှန်း မသိပေ။ သူမအမေကတော့ သူ့ကို လုံးဝ ယုံကြည် နေသည်။
“ယွီယန်၊ မင်းစားချင်ရင် ဒီ ကြက်တောင်ပံကို
ယူလိုက်လေ။ အရသာ အရမ်းကောင်းပေမယ့် မင်းကို ကိုယ်ပေးလိုက်ပါ့မယ်။”
ချင်းလန် က ထရပ်ပြီး ကြက်တောင်ပံကို မူယွီယန် ရဲ့ ပန်းကန်ထဲ ထည့်ပေးလိုက်သည်။
သူ့ရဲ့ရင်ထဲကိုလှိုင်းထန်စေတဲ့ နွေးထွေး နူးညံ့တဲ့
အပြုံး က မူယွီယန် ရဲ့မျက်လုံးထဲမှာအံ့အားသင့်မှု တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
ချင်းလန် ကို အမြဲ မုန်းတီးခဲ့တဲ့ မူယွီယန် အတွက်ပင် ထိုအချိန်၌ မမျှော်လင့်တဲ့ အံ့အားသင့်မှု တစ်ခုရှိခဲ့လေသည်။