အခန်း (၁၁၄) တိုင်ကြားမှု ကျွမ်းကျင်သူ ချင်းလန် နှင့် သတင်းပေး သူလျှို ကျန်းမင်ချန်
ထို့နောက် သူ ကျန်းမင်ချန် ကို ကြည့်ပြီး တည်ငြိမ်စွာ မေးလိုက်လေသည်။
“မင်း သူ့ကို အခုထိ ကြိုက်နေတုန်းလား”
ဖန်ယွမ်ယွမ် က ပြည့်တန်ဆာ တစ်ယောက်ပင် အဲ့ဒါက ယုံမှားသံသယ ဖြစ်စရာ မလိုပေ။ သူမ ဒီမှာလုပ်တာက မူရင်း ဝတ္ထုထဲက ဇာတ်လမ်းရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်လေသည်။
သို့သော် ကျန်းမင်ချန် ရဲ့ ဖော်ပြချက်အရ၊ သူမ တက္ကသိုလ် မတက်ခင်ကတည်းက ပြည့်တန်ဆာ ဖြစ်နေလောက်ပေပြီ။
ကျန်းမင်ချန် ကြောက်ရွံ့စွာ ခေါင်းခါလိုက်လေသည်။
“ကျွန်တော် မသိခဲ့ဘူး။ သူမ ဒီလို မိန်းမမျိုးမှန်း သိခဲ့ရင်၊ ကျွန်တော် သေချာပေါက် တွဲခဲ့မှာ မဟုတ်ဘူး။”
အခု ပြန်စဉ်းစားလိုက်ရင်တောင် ကျောချမ်းသွားသလို ခံစားရတယ်။
မူလက သူ အဲ့ဒီ သခင်လေး ဝမ် ကို မနာလို ဖြစ်ခဲ့ပေမယ့်၊ အခုတော့ သူ့အတွက် သနားမိသလိုတောင် ခံစားနေရလေသည်။
ဖန်ယွမ်ယွမ် က ပိုက်ဆံရှာဖို့ ဒီလောက် အလျင်လိုနေမှတော့၊ သူမရဲ့အတိတ်ကို ဆေးကြော ချင်နေတာ ဖြစ်မယ်။
ချင်းလန် ကျေးဇူးကြောင့် ဒါတွေအားလုံးကို ရှာဖွေတွေ့ရှိခဲ့တာလို့ တွေးလိုက်ပြီး၊ ကျန်းမင်ချန် ကျေးဇူးတင်စွာ ပြောလိုက်လေသည်။
“သခင်လေး ချင်း၊ ဒီတစ်ခါ သခင်လေးကို ကျွန်တော် အရမ်း ကျေးဇူးတင်ပါတယ်။ ကျွန်တော် ကျန်းမင်ချန် တခြား အရာတွေ အာမမခံနိုင်ပေမယ့်၊ ဒီနေ့က စပြီး သခင်လေး အမိန့်ပေးသရွေ့၊ ကျွန်တော် သခင်လေးရဲ့ လက်အောက်ငယ်သား အနေနဲ့ ချက်ချင်း လုပ်ဆောင်ပေးပါ့မယ်”
“ဒင်! ရွေးချယ်ခံ ချန်ဖျင်အန်း ၏ ကံတရား အမှတ်များ ၅၀၀ လျော့နည်းသွားပါသည်။ ဂုဏ်ယူပါတယ် ဗီလိန်အမှတ် +10000 ရရှိသွားပါပြီ”
နားထဲက စနစ် အသိပေးသံကို ကြားရတော့၊ ချင်းလန် ကျေနပ်စွာနဲ့ ကျန်းမင်ချန် ရဲ့ ပခုံးကို ပုတ်ပေးလိုက်လေသည်။
စကားမပြောဘဲ အရာအားလုံး နားလည်သွားကြလေသည်။
ဒါက သူကြားချင်တဲ့ စကားအတိုင်းပင်
ကျန်းမင်ချန် မှာ တခြား ပေးစရာ သိပ်မရှိပေမယ့်၊ သစ္စာရှိမှု အပိုင်းမှာတော့ သူက လုံးဝ စိတ်ချရသူဖြစ်သည်။
“ဘာမှ မဟုတ်ပါဘူးကွာ။ မင်း လုပ်ရမှာက အတန်းထဲကို အသစ် ရောက်လာတဲ့ ကျောင်းပြောင်း ကျောင်းသား ချန်ဖျင်အန်း နဲ့ အဆင်ပြေအောင် ပေါင်းသင်းပြီး၊ သူ့ရဲ့ လှည့်ကွက် အသေးအမွှားလေးတွေ ရှိရင် ငါ့ကို သတင်းပို့ပေးရုံပါပဲ။ ဒါပါပဲ”
ချင်းလန် ရိုးရှင်းတဲ့ ညွှန်ကြားချက် အနည်းငယ် ပေးလိုက်ရာ ကျန်းမင်ချန် နောက်ထပ် မေးခွန်းတွေ မမေးရဲတော့ပေ။
ဒါပေမဲ့ သူ့ရင်ထဲမှာတော့ သခင်လေး ချင်း ရဲ့ ကျေးဇူးကို ထိုက်တန်အောင် ပြန်ဆပ်ဖို့ ဆုံးဖြတ်ချက် ချထားပြီးသား ဖြစ်လေသည်။
သခင်လေး ချင်း သာ မရှိရင်၊ အဲ့ဒီ မိန်းမယုတ် ဖန်ယွမ်ယွမ် အတွက် သူ ဘယ်လောက်တောင် အရှက်ကွဲစရာ ကောင်းပြီး ရှက်စရာ ကောင်းတဲ့ ကိစ္စတွေ ဆက်လုပ်မိဦးမလဲ ဘယ်သူ သိမှာလဲ။
သူသခင်လေး ဝမ် ရဲ့ ပစ်မှတ်ထားခြင်း ခံရပြီး သနားစရာ ကောင်းတဲ့ အခြေအနေနဲ့ အဆုံးသတ်သွားနိုင်တယ်လေ။
…
မျက်တောင် တစ်ခတ်အတွင်းမှာပဲ နေ့တစ်ဝက် ကုန်ဆုံးသွားခဲ့လေသည်။
သံသယ မဖြစ်စေဖို့ ချင်းလန် ခွင့်ယူလိုက်ပြီး အတန်းမတက်ခဲ့ပေ။
ဆန့်ကျင်ဘက် အနေနဲ့ ကျန်းမင်ချန်က အတန်းပြန်တက်ပြီး သူ အသည်းကွဲနေတာကြောင့်၊ ပြီးတော့ ချန်ဖျင်အန်း ကလည်းသူငယ်ချင်း ရှာနေချိန် ဖြစ်တာကြောင့် သူတို့နှစ်ယောက် လျင်မြန်စွာ ရင်းနှီးသွားကြပြီး၊ အဲ့ဒီည အိမ်တောင် အတူတူ ပြန်ခဲ့ကြလေသည်။
မမျှော်လင့်ဘဲ သူတို့ ကျောင်းက ထွက်လာပြီး လူသူကင်းမဲ့တဲ့ လမ်းတစ်ခုကို ရောက်တာနဲ့၊ လမ်းမခွဲရသေးခင်မှာပဲ ဆံပင်အရောင်စုံ ဆိုးထားတဲ့ လူမိုက်တစ်စုက သူတို့ကို တားဆီးလိုက်ကြလေသည်။
ခေါင်းဆောင် ဖြစ်ပုံရတဲ့ လူမိုက်တစ်ယောက်က လည်ပင်းကို မတ်ထားပြီး ချန်ဖျင်အန်း ဘက်ကို လက်ညှိုးထိုးကာ ရက်စက်စွာ ဟိန်းဟောက်လိုက်လေသည်။
“ဟေ့ကောင်လေး၊ နောက်တစ်ခါ သတိထားနေ၊ ပြီးတော့ ချူမုန်ယောင် နဲ့ ဝေးဝေးနေ။ ဒါ မင်းကို သင်ခန်းစာ ပေးတာပဲ”
ပြောပြီးတာနဲ့ သူက နောက်က လက်ပါးစေတွေကို လက်ဝှေ့ယမ်းပြလိုက်ပြီး အေးစက်စွာ ပြောလိုက်လေသည်။
“သူတို့ကို ရိုက်ကြ”
လူမိုက် အနည်းငယ် ရန်လိုစွာ ပြေးဝင်လာကြပေမယ့်၊ ဒီကောင်တွေက ရွေးချယ်ခံ ချန်ဖျင်အန်း ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။
သူတို့က တစ်ယောက်ယောက်ရဲ့ တံခါးဝကို လာပို့ပေးတဲ့၊ စွမ်းရည်ပြဖို့နဲ့ မျက်နှာဖြတ်ရိုက်ဖို့ အသုံးချခံ ခြေနင်းတုံးတွေ ထက် မပိုပေ။
ခဏအတွင်းမှာပဲ ချန်ဖျင်အန်း က လူမိုက် ၇ ယောက်၊ ၈ ယောက်လောက်ကို ကြမ်းပြင်ပေါ် မှောက်ရက်လဲအောင် လုပ်လိုက်လေသည်။
တချို့က အရိုးကျိုးကုန်ကာ တချို့က လက်မောင်းကျိုးကုန်ပြီး လူမိုက်တစ်စုလုံး ကြမ်းပြင်ပေါ်မှာ နာကျင်စွာ ညည်းညူအော်ဟစ်နေကြရလေသည်။
ရှူး...
ကျန်းမင်ချန် နောက်ကနေ ကြည့်နေရင်း၊ ရင်တွေ တဒိန်းဒိန်း ခုန်ပြီး ကြောက်ရွံ့နေမိလေသည်။ ဒီကောင်က ကြောက်စရာ ကောင်းလိုက်တာ။
သူတို့က နတ်ဆိုးတစ်ကောင်လို ရက်စက်ကြမ်းကြုတ်လေသည်။
သခင်လေး ချင်း က သူ့ကို စောင့်ကြည့်ခိုင်းတာ အံ့ဩစရာ မဟုတ်ပါဘူး။ အရင်က အနိုင်ကျင့်ခံခဲ့ရလို့ လက်စားချေချင်နေတာ ဖြစ်မယ်။
သခင်လေး ချင်း ရဲ့ ညွှန်ကြားချက်ကို သတိရပြီး၊ ချန်ဖျင်အန်း က တစ်ဖက် လူမိုက်တွေကို ဘယ်သူ ခိုင်းတာလဲ ဆိုပြီး စစ်ဆေးမေးမြန်းနေစဉ်၊ သူ မက်ဆေ့ခ်ျ တစ်စောင် အမြန် ရေးပြီး ချင်းလန် ဆီ ပို့လိုက်လေသည်။
“သခင်လေး ချင်း၊ ချန်ဖျင်အန်း နဲ့ ကျွန်တော် လူမိုက်တွေရဲ့ ခြုံခိုတိုက်ခိုက်တာ ခံခဲ့ရတယ်။ သူတို့ ဝင်လာပြီး ကျွန်တော်တို့ကို ရိုက်ဖို့ ကြိုးစားပေမယ့်၊ ချန်ဖျင်အန်း က ကြောက်စရာ ကောင်းလွန်းတယ်။ သူ တစ်ယောက်တည်းနဲ့ ၇ ယောက်၊ ၈ ယောက်လောက်ကို ဖြိုချလိုက်တယ်၊ သူတို့ထဲက တချို့ဆို အရိုးတွေတောင် ကျိုးကုန်ပြီ!”
ချင်းလန် ချက်ချင်း ပြန်ပို့လိုက်လေသည်။
“တည်နေရာ”
“ထျန်ဟိုင် တက္ကသိုလ် အရှေ့ဘက်၊ မင်ရှာ တိုက်ခန်း ကားပါကင် တောင်ဘက် ဂိတ်ပေါက်။”
မက်ဆေ့ခ်ျ ပို့ပြီးနောက်၊ ကျန်းမင်ချန် ခဏလောက် စောင့်ပေမယ့် ပြန်စာ မတွေ့တာကြောင့်၊ သူ့ဖုန်းကို လိမ္မာစွာ ပြန်သိမ်းထားလိုက်ရလေသည်။
ချန်ဖျင်အန်း က အေးစက်တဲ့ မျက်နှာထားနဲ့ သူ့ရှေ့မှာ မတ်တပ်ရပ်နေပြီး၊ ခေါင်းဆောင် လူမိုက်ရဲ့ မျက်နှာကို ခြေထောက်နဲ့ ဖိနင်းကာ ထပ်ခါထပ်ခါဖိအားပေးနေလေသည်။
“ပြောစမ်း၊ မင်းတို့ကို ဘယ်သူ လွှတ်လိုက်တာလဲ မင်း မပြောရင်၊ မင်းကို သေချင်စိတ် ပေါက်သွားအောင် လုပ်နိုင်တဲ့ နည်းလမ်း တစ်ရာလောက် ငါ့မှာ ရှိတယ်”
သူ့ဆေးပညာ စွမ်းရည်နဲ့ ဆိုရင်၊ သာမန် လူတစ်ယောက်ကို နှိပ်စက်ဖို့ ဆိုတာ သူ့အတွက် အလွန် လွယ်ကူတဲ့ ကိစ္စပင်။
အထူးသဖြင့် ချန်ဖျင်အန်း ရဲ့ အေးစက်ပြီး နတ်ဆိုးဆန်တဲ့ မျက်နှာထားနဲ့ ခုနက ကြမ်းတမ်းတဲ့ ခွန်အားကို မြင်လိုက်ရပြီးနောက်၊ ခေါင်းဆောင် လူမိုက် တံတွေး မျိုချလိုက်ပြီး ဘာမှ ဖုံးကွယ်မထားရဲတော့ဘဲ ထစ်ငေါ့စွာ ပြောလိုက်လေသည်။
“အဲ့ဒါ... အဲ့ဒါ သခင်လေး လီမင်ဟွေး ခိုင်းလိုက်တာပါ။”
လီမင်ဟွေး........
ချန်ဖျင်အန်း မျက်လုံးကျဉ်းလိုက်လေသည်။
လီမင်ဟွေး က ချူ လုပ်ငန်းစုရဲ့ အမွေဆက်ခံသူ ဖြစ်သည်။ သူ့ဖခင်က ချူ လုပ်ငန်းစုရဲ့ တကယ့် ဝါရင့် ပုဂ္ဂိုလ် တစ်ဦး ဖြစ်ပြီး၊ ရှယ်ယာ ရာခိုင်နှုန်း အလွန် မြင့်မားစွာ ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူက ချူမုန်ယောင် ရဲ့ ဖခင် ပြီးရင် အကြီးဆုံး ရှယ်ယာရှင် ဖြစ်လေသည်။
ချူမုန်ယောင် ရဲ့ ငယ်ချစ်ဦးအနေနဲ့ လီမင်ဟွေး က သူမကို သဘာဝကျကျ မြတ်နိုးလေသည်။
ချန်ဖျင်အန်း က ချူမုန်ယောင် ရဲ့ ဘေးနားမှာ အတားအဆီး တစ်ခုလို ရုတ်တရက် ဖြစ်လာတာ မြင်တော့၊ သူ သဘာဝကျကျ ဒေါသထွက်ပြီး သူ့ကို သင်ခန်းစာ ပေးဖို့ လူလွှတ်လိုက်တာ မဆန်းပါဘူး။
လီမင်ဟွေး မျက်လုံးထဲမှာ ချူမုန်ယောင် က သူ့ရဲ့ အနာဂတ် အမျိုးသမီးလေ၊ တခြား ဘယ်သူ့ကိုမှ ထိတွေ့ခွင့် သူ ဘယ်လို ပြုနိုင်မှာလဲ။
“ဟက်... မင်းတို့မှာ တခြား ဘာလှည့်ကွက်တွေ ရှိသေးလဲ ငါ ကြည့်ချင်သေးတယ်”
ချန်ဖျင်အန်း လုံးဝ ဂရုမစိုက်ပေ။ သူက သူဌေးသားလေး တစ်ယောက်ပဲလေ။ သူ ကိုယ်တိုင် လာတိုက်ခိုက်ရင်တောင် အလွယ်တကူ ချေမှုန်းပစ်နိုင်တာပဲ။
ချန်ဖျင်အန်း ဒေါသတကြီးနဲ့ ခေါင်းဆောင် လူမိုက်ရဲ့ မျက်နှာကို ကန်လိုက်ပြီး၊ ကျန်းမင်ချန် ဘေးနား ပြန်လျှောက်လာကာ ပြုံးပြီး ပြောလိုက်လေသည်။
“မင်းကို ဒုက္ခပေးမိလို့ တောင်းပန်ပါတယ်။ သူတို့က လူမိုက်လေးတွေပါ၊ မင်း လန့်သွားလား”
“မလန့်ပါဘူး၊ မလန့်ပါဘူး”
ကျန်းမင်ချန် အမြန် ခေါင်းခါလိုက်ပြီး၊ အလွယ်တကူ ဒေါသထွက်ပြီး သောင်းကျန်းနိုင်တဲ့ လူသားစက်ရုပ်ကြီး ချန်ဖျင်အန်း ကို အနည်းငယ် ကြောက်ရွံ့နေမိကာ၊ တချိန်တည်းမှာပဲ သူ့ရင်တွေ တဒိန်းဒိန်း ခုန်နေလေသည်။
ဘာလို့ သခင်လေး ချင်း က မက်ဆေ့ခ်ျ ပြန်မပို့သေးတာလဲ။
ငါ နောက်ထပ် ဘာလုပ်သင့်လဲ။
ဒါဆို ချန်ဖျင်အန်း ကို ဒီအတိုင်း ပြန်လွှတ်ပေးလိုက်တော့မှာလား။
ကျန်းမင်ချန် ဘာလုပ်ရမှန်း မသိ ဖြစ်နေချိန်မှာပဲ။
တီ တီ~ တီ တီ~
အဝေးကနေ ရဲကား ဥသြသံတွေ ထွက်ပေါ်လာပြီး၊ အပြာနဲ့ အဖြူ ရဲကားတစ်စီး သူတို့ဆီ အရှိန်ပြင်းပြင်း မောင်းနှင်လာလေသည်။
ချန်ဇီချီ က အေးစက်တဲ့ မျက်နှာထားနဲ့ ရဲအရာရှိ တစ်ဖွဲ့ကို ဦးဆောင်ကာ၊ ကြမ်းပြင်ပေါ် လဲလျောင်းနေတဲ့ လူမိုက်တွေကို ဝေ့ဝဲကြည့်လိုက်လေသည်။
ထို့နောက် သူမ ချန်ဖျင်အန်း နဲ့ တခြား အမျိုးသား ကျန်းမင်ချန်ကို ကြည့်လိုက်လေသည်။
“ဒီလူမိုက်တွေကို ရှင်တို့နှစ်ယောက် ရိုက်လိုက်တာလား”
သူ့မျက်နှာပေါ်မှာ ကျေနပ်တဲ့ အပြုံးတစ်ခုနဲ့ ချန်ဖျင်အန်း မာနကြီးစွာ ခေါင်းခါလိုက်လေသည်။
“ကျွန်တော်တို့ နှစ်ယောက် မဟုတ်ဘူး၊ ကျွန်တော် တစ်ယောက်တည်းပါ။”
မာနကြီးတယ်.....
လွှမ်းမိုးတယ်.....
ချန်ဇီချီ လို ရဲမေ ရှေ့မှာတောင်၊ သူက ဘာအားနည်းချက်မှ မပြချင်ပေ။
ဒီမာနထောင်လွှားမှုက ချန်ဇီချီ ကို ရွံရှာစေခဲ့လေသည်။
“စစ်ဆေးမေးမြန်းဖို့ ကျွန်မနဲ့ လိုက်ခဲ့”
“ကောင်းပြီလေ”
ချန်ဖျင်အန်း သွားဖြဲပြီး ရဲကားပေါ် တက်လိုက်လေသည်။
သခင်လေး ချင်း ရဲ့ အမိန့်ကို ဆောင်ရွက်ဖို့၊ ကျန်းမင်ချန် သတ္တိမွေးပြီး ပထမဆုံး အကြိမ် ရဲကားပေါ် လိုက်ပါသွားလေသည်။
ဒါပေမဲ့ သူ့စိတ်ထဲမှာ မကောင်းတဲ့ ခံစားချက် တစ်ခု ဖြစ်ပေါ်နေလေသည်။ သခင်လေး ချင်း က နည်းလမ်းပေါင်းစုံ သုံးလိမ့်မယ်လို့ သူ ထင်ထားခဲ့တာ၊ လုပ်ကြံသတ်ဖြတ်သူ အဖွဲ့တစ်ဖွဲ့ ရုတ်တရက် ပေါ်လာပြီး ချန်ဖျင်အန်း ကို သတ်ပစ်မယ်လို့တောင် စိတ်ကူးယဉ်ခဲ့မိတာ။
ဒါပေမဲ့ သခင်လေး ချင်း က ရဲခေါ်လိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။
ရုတ်တရက်...
သောက်ရမ်း လွန်လွန်းတယ်.....
သူ့ကို ချမ်းသာတဲ့ မိသားစုက ချမ်းသာတဲ့ သခင်လေး တစ်ယောက်ကလူတစ်ယောက်တည်းကို ဖြေရှင်းဖို့ ဘာကိစ္စ ရဲခေါ်ဖို့ လိုအပ်နေရတာလဲ။