အခန်း (၁၁၂) တိတ်ဆိတ်နေသော သွေးနီရောင် မန်ဒါလာ
“ဝင်ခဲ့ပါ။”
ချင်းလန် ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်လေသည်။
ကျွီ......
တံခါးပွင့်သွားပြီး၊ အနက်ရောင် အလုပ်ဝတ်စုံ ဝတ်ဆင်ထားကာ ငွေရောင်သေတ္တာအသေးလေး တစ်လုံး ကိုင်ထားတဲ့ ဖန်ယွမ်ယွမ် သူမရဲ့ သွယ်လျတဲ့ ခါးကို လှုပ်ယမ်းပြီး လမ်းလျှောက်ဝင်လာလေသည်။
သူမ လျှောက်လာရင်း ခေါင်းငုံ့ထားပြီး၊ နီးကပ်လာမှ ဖြည်းညှင်းစွာ မော့ကြည့်လိုက်လေသည်။
ဒါက ထူးခြားတဲ့ စွမ်းရည် တစ်ခုပင်။
ချက်ချင်း ခမ်းနားထည်ဝါစွာ ဝင်မလာဘဲ၊ သိမ်မွေ့ပြီး ကျက်သရေရှိတဲ့ ခံစားချက်မျိုးနဲ့ လှပတဲ့ အထင်အမြင် ကျန်ရစ်စေဖို့ ရည်ရွယ်တာပင်။
သာမန် သီးသန့်ခန်းဆိုရင် သူမ ဒီလောက် အသေးစိတ် ဂရုစိုက်နေမှာ မဟုတ်ပေ။
ဘယ်သူက ဒီနေ့ ၁၀ နာရီ အချိန်ကို ဧကရာဇ် သီးသန့်ခန်းမှာ ဘွတ်ကင်လုပ်လိုက်တာလဲ။
ဒါ့အပြင် မနက်စောစောစီးစီး ဘွတ်ကင် လုပ်တယ် ဆိုတာ အထူး အချိန်ကာလ ဖြစ်ပြီး၊ ညဘက်တန်ကြေးထက် အများကြီး ပိုပေးရတယ်လေ။
သူက ချမ်းသာတဲ့ သူဌေးကြီးတစ်ယောက် ဆိုတာ တစ်ချက်ကြည့်လိုက်တာနဲ့ ပြောနိုင်လေသည်။
ဖန်ယွမ်ယွမ် မော့ကြည့်လိုက်ပြီး ချင်းလန် ကို မြင်လိုက်ရချိန်မှာပဲ၊ သူ့ဘေးနားက ကျန်းမင်ချန် လည်း မြင်ကွင်းထဲ ဝင်လာလေသည်။
စုံတွဲ နှစ်ယောက်စလုံး ပြိုင်တူ မျက်လုံး ပြူးကျယ်သွားပြီး၊ တပြိုင်နက် အာမေဋိတ်သံ ပြုလိုက်ကြလေသည်။
“နင် ဘယ်လိုလုပ် ဒီရောက်နေတာလဲ”
သူတို့ လမ်းခွဲခဲ့ကြတာ မကြာသေးပေ။ ဖန်ယွမ်ယွမ် သေအောင် အရိုက်ခံရရင်တောင် ဒီမှာ ကျန်းမင်ချန် နဲ့ တွေ့လိမ့်မယ်လို့ လုံးဝ ယုံကြည်မှာ မဟုတ်ပေ။
ဒီနေရာက သူ့ဘဝတစ်လျှောက်လုံး ဝင်ခွင့်ရဖို့ မဖြစ်နိုင်တဲ့ အဆင့်မြင့် နေရာလေ။
“ယွမ်ယွမ်၊ နင် ဒီမှာ ဘာလုပ်နေတာလဲ”
ကျန်းမင်ချန် က အရူးတစ်ယောက်လို ကြောင်တောင်တောင် မေးလိုက်လေသည်။
သူ ဝန်မခံချင်ရင်တောင်၊ ဒီအချိန်မှာ ချင်းလန် ပြောခဲ့တာတွေကို ပြန်သတိရလိုက်ပြီး အမှန်တရားကို သဘောပေါက်သွားလေသည်။
သူ့ချစ်သူ ကောင်မလေးက တကယ်ပဲ မကောင်းတဲ့နေရာက က ဖြစ်နေတာလား။
“တောင်းပန်ပါတယ်၊ လေးစားရတဲ့ ဧည့်သည်တော်၊ ကျွန်မ လုပ်စရာ ကိစ္စလေးတွေ ရှိနေလို့၊ ဒီအော်ဒါကို ၁ နာရီအချိန်မှာ မပြီးပြတ်နိုင်လောက်ဘူး ထင်ပါတယ်။”
ဖန်ယွမ်ယွမ် ရဲ့ မျက်နှာ ကြွက်သားတွေ တင်းမာလာပြီး၊ သူမ အမြန် ခေါင်းငုံ့ကာ ခါးကိုင်းပြီး လှည့်ထွက်ဖို့ ပြင်လိုက်လေသည်။
ဒါပေမဲ့ ချင်းလန် က ဒီလောက် ကောင်းမွန်တဲ့ အခွင့်အရေးကို လက်လွှတ်မခံလိုပေ။
ပိုက်ဆံ ကိစ္စပဲ မဟုတ်ဘူးလား။
ပိုက်ဆံကြောင့်သာ မဟုတ်ရင်၊ ညနက်သန်းခေါင်မှ အလုပ်ဆင်းသင့်တဲ့ ဖန်ယွမ်ယွမ် က နေ့ခင်းကြောင်တောင်ကြီး ဒီမှာ ဘာကိစ္စ ရှိနေမှာလဲ။
ကျွင်းဇီ ဆီက အနက်ရောင် အိတ်ကို ယူပြီး၊ ချင်းလန် က ငွေစက္ကူနှစ်အုပ် ထုတ်လိုက်ပြီး ဖန်ယွမ်ယွမ် ဆီ ပစ်ပေးလိုက်လေသည်။
“ဒါဆို လုံလောက်ပြီလား”
ဂလု....
ဖန်ယွမ်ယွမ် ငုံ့ကြည့်လိုက်ပြီး မက်မောစွာ တံတွေး မျိုချလိုက်မိလေသည်။
ယွမ် နှစ်သောင်း....
ဒါက သူမအတွက် တစ်လစာ လစာနဲ့ ညီမျှနေပြီလေ။
ဒါ့အပြင် သူမကဒီမှာ အလုပ်လုပ်တာ မကြာသေးသလို စုဆောင်းငွေလည်း မရှိသေးပေ။ ဒီပိုက်ဆံ ပမာဏက သူမအတွက် အများကြီး ဖြစ်နေပြီ။
တကယ်လို့ ကျန်းမင်ချန် သာ မရှိရင်၊ သူမ လုံးဝ ငြင်းဆန်မှာ မဟုတ်ပဲ မြန်မြန်ဆန်ဆန် လက်ခံလိုက်မှာပါ။
သို့သော် လက်တွေ့ဘဝက သူမကို အဲ့ဒီလို လုပ်ခွင့် မပေးပေ။
သူမ ကျန်းမင်ချန် ကို လမ်းခွဲလိုက်ပြီး အခု သခင်လေး ဝမ် နဲ့ တွဲနေပြီလေ။ သာမန် ယွမ် ၂၀၀၀၀ လောက်နဲ့ ဒီလောက် ကောင်းတဲ့ ဖမ်းမိထားတဲ့ ငါးကြီးကို လက်လွှတ်လိုက်ရတာ မတန်ပါဘူး။
ဖန်ယွမ်ယွမ် မငြင်းဆန်နိုင်ခင်မှာပဲ၊ ချင်းလန် အိတ်ထဲက ပိုက်ဆံတွေ ထပ်ထုတ်ပြီးယွမ်၁၀၀ တန် အုပ်လိုက်တွေကို ဖန်ယွမ်ယွမ် ဆီ ပစ်ပေးလိုက်လေသည်။
သုံးသောင်း....
လေးသောင်း.....
ငါးသောင်း.....
…
တစ်သိန်း.....
“ဒါဆို လုံလောက်ပြီလား ငါ ပျော်ပါးခွင့် မရှိတော့ဘူးလား”
ချင်းလန် ပြုံးပြီး မေးလိုက်လေသည်။
သူတို့က ကိုယ့်ကိုယ်ကို ရောင်းစားနေကြတာပဲ၊ ဒီဈေးနှုန်းက ဖန်ယွမ်ယွမ် အပါအဝင် ဘယ်သူ့အတွက်မဆို၊ နာမည်မကြီးတဲ့ မော်ဒယ်လေး တစ်ယောက်၊ ဒါမှမဟုတ် အပြစ်ကင်းစင်တဲ့ ကောင်မလေး တစ်ယောက် အတွက်တောင် လုံလောက်တာထက် ပိုနေပါပြီ။
တကယ်လို့ ဖန်ယွမ်ယွမ် မကျေနပ်သေးရင်၊ ချင်းလန် သဘာဝကျကျ ဈေးနှုန်း ဆက်တိုးပေးဦးမှာပါ။
သတင်းပေးတစ်ယောက် ဖြစ်တဲ့ ကျန်းမင်ချန် အတွက် ဆိုရင်၊ ဒီဈေးနှုန်းက မပြောပလောက်ပါဘူး။
ဒါပေမဲ့ ဘယ်လို ပြောရမလဲ။
အချိန်ခရီးသွားတစ်ယောက် အနေနဲ့၊ ဒီလို မလိုလားအပ်ဘဲ ဈေးနှုန်း မြှင့်တင်ပေးရတဲ့ အလေ့အထကို သူ ပြင်းပြင်းထန်ထန် သဘောမတူပေ။
ဖန်ယွမ်ယွမ် ခေါင်းမော့လိုက်ပြီး၊ ကျန်းမင်ချန် ကို လေးနက်တဲ့ အမူအရာနဲ့ ကြည့်ကာ ပြောလိုက်လေသည်။
“နင် ဒီနေ့ ဒီမှာ ဖြစ်ပျက်ခဲ့တာတွေကို ဘယ်သူ့ကိုမှ မပြောရဘူး၊ နားလည်လား”
ဒီအဆင့် ရောက်နေတာတောင်၊ သူရဲ့ အထောက်အထားတွေ ပေါ်သွားတာတောင်မှ
ဖန်ယွမ်ယွမ် ရဲ့ ရင်ထဲမှာ ကျန်းမင်ချန် က သူမနဲ့ မတန်သေးဘူးလို့ ထင်နေတုန်းပင်။
ကျန်းမင်ချန် ကြောင်တောင်တောင်နဲ့ ခေါင်းညိတ်လိုက်လေသည်။
ဖန်ယွမ်ယွမ် ဆံထုံး ဖြေလိုက်ရာ သူမရဲ့ ရှည်လျားနက်မှောင်တဲ့ ဆံပင်တွေ ပြေကျလာလေသည်။ သူမ ကော်လာကို ဆွဲဟလိုက်ပြီး ချင်းလန် ကို ဆွဲဆောင်မှု ရှိတဲ့ အပြုံးနဲ့ ကြည့်လိုက်လေသည်။
“လေးစားရတဲ့ ဧည့်သည်တော်၊ ရှင် အရင် စမလား ဒါမှမဟုတ် ရှင်တို့နှစ်ယောက် အတူတူလား ဒါမှမဟုတ် သုံးယောက်လုံး အတူတူလား”
ချင်းလန်၊ ကျွင်းဇီ နဲ့ ကျန်းမင်ချန်၊ စုစုပေါင်း သုံးယောက်ပင်။
ဖန်ယွမ်ယွမ် လည်း မလုပ်ချင်ပါဘူး၊ ဒါပေမဲ့ ယွမ် တစ်သိန်းကို တစ်ယောက်တည်း ကိုင်တွယ်ရမှာ နည်းနည်း စိတ်မလုံခြုံလို့၊ သူမကိုယ်တိုင် မေးကြည့်ဖို့ ဆုံးဖြတ်လိုက်တာပင်။
ဒါက သူမ လပေါင်းများစွာ အလုပ်လုပ်ရင်တောင် မရှာနိုင်လောက်တဲ့ ပိုက်ဆံ ပမာဏလေ။
သခင်လေး ဝမ် နောက် လိုက်နေရင်တောင်၊ ဘယ်အချိန် အပစ်ပယ်ခံရမလဲ ဘယ်သူ သိမှာလဲ။
သခင်လေး ဝမ် ဆီကနေ ငွေသား ယွမ် တစ်သိန်း ရမယ်လို့ သူမ အာမမခံနိုင်ဘူးလေ။
ပစ္စည်း တချို့က လမ်းခွဲပြီးရင် ပြန်ပေးရနိုင်တယ်၊ လက်ထဲ ကိုင်ထားတဲ့ ငွေသားကမှ တကယ် ကိုယ်ပိုင်တာပင်။
ဒါ့အပြင် သူမ နောက်ထပ် လအနည်းငယ်လောက် ဆက်လုပ်ရင်၊ တွေ့ရမယ့် အခွင့်အလမ်း ပိုများလာလိမ့်ပေမည်။
“သူတစ်ယောက်တည်းပဲ။”
ချင်းလန် သူ့ဘေးနားက ကျန်းမင်ချန် ကို လက်ညှိုးထိုးပြလိုက်ပြီး၊ သူ မလှုပ်တာ တွေ့တော့ စိတ်ဝင်တစား မေးလိုက်လေသည်။
“မင်း မလိုချင်ဘူးလား”
ကျန်းမင်ချန် ခေါင်းခါလိုက်ပြီး၊ သူ့ကမ္ဘာကြီး ပြိုလဲပျက်စီးနေသလို ခံစားလိုက်ရလေသည်။ သူ မဖြေနိုင်ခင်မှာပဲ ဖန်ယွမ်ယွမ် သူ့ကို ဆွဲခေါ်သွားလေသည်။
“ငါနဲ့ လိုက်ခဲ့”
ဖန်ယွမ်ယွမ် က ကျန်းမင်ချန် မငြင်းဆန်နိုင်ခင် ဖမ်းဆွဲပြီး သီးသန့်ခန်းထဲ ဆွဲခေါ်သွားလေသည်။
ဒါက ဧကရာဇ် သီးသန့်ခန်း ဖြစ်ပြီးအလွန် ကျယ်ဝန်းကာ အပန်းဖြေ ဖျော်ဖြေရေး ဧရိယာ သာမက အနားယူတဲ့ ဧရိယာပါ ပါဝင်လေသည်။
ကျန်းမင်ချန် ဒီအခြေအနေထဲ အတင်းအကျပ် တွန်းပို့ခံရပြီး ခေါ်ဆောင်သွားခံလိုက်ရလေသည်။
မကြာခင်မှာပဲ အတွင်းဘက်ကနေ အသံတွေ ထွက်ပေါ်လာလေသည်။
အနီးအနားမှာ နားထောင်နေတဲ့ ကျွင်းဇီ နည်းနည်း နေရခက်သလို ခံစားလိုက်ရပြီး စိတ်ဝင်တစား မေးလိုက်လေသည်။
“သခင်လေး၊ ခုနက အဲ့ဒီမိန်းမ သခင်လေးကို ပါဝင်ဖို့ ဖိတ်ခေါ်တယ်လေ၊ ဘာလို့ လက်မခံလိုက်တာလဲ ဘာလို့ အရင် မကစားလိုက်တာလဲ”
ချင်းလန် မော့ကြည့်လိုက်လေသည်။ ကျွင်းဇီ ဘာဆိုလိုလဲ သူ ဘယ်လိုလုပ် နားမလည်ဘဲ နေမလဲ။
သူက ကစားချင်စိတ် ပါတဲ့ လေသံနဲ့ ပြောလိုက်လေသည်။
“မင်းက ငယ်တဲ့သူတွေကို မကြိုက်ဘူး မဟုတ်လား”
သူ့အကြံအစည်လေး ပေါ်သွားတာ မြင်တော့ ကျွင်းဇီ ရှက်ရွံ့စွာ နောက်စေ့ကို ကုတ်လိုက်လေသည်။
“ဟုတ်တယ်၊ ကျွန်တော်က အသက်ကြီးတဲ့ အမျိုးသမီးတွေကို ပိုသဘောကျတယ်၊ သူတို့က ပိုဆွဲဆောင်မှု ရှိတယ်၊ ဒါပေမဲ့ ဒီမိန်းမရဲ့ ဖိတ်ခေါ်မှုကို ကျွန်တော် မငြင်းဆန်နိုင်ဘူး”
“ငါ ကျန်းမင်ချန် ကို သုံးစရာ ရှိတယ်၊ ဒါကြောင့် လျှောက်မတွေးနဲ့။”
ချင်းလန် အကြံပေးစကား အနည်းငယ် ပြောလိုက်ပေမယ့်၊ ကိစ္စတချို့ကို သိပ်ရှင်းရှင်းလင်းလင်း မရှင်းပြခဲ့ပေ။
လူတစ်ယောက်နဲ့ တစ်ယောက် အကြိုက်ချင်း မတူကြဘူးလေ ကျွင်းဇီ ရဲ့ စိတ်ဝင်စားမှုတွေကြောင့် သူ စိတ်ဆိုးမှာ မဟုတ်ပါဘူး။
ဒါပေမဲ့ သူက ကျွင်းဇီ ရဲ့ စိတ်ဝင်စားမှုတွေကို ဖြည့်ဆည်းပေးမှာတော့ မဟုတ်ပေ။
ဖန်ယွမ်ယွမ်....
သူမက အများဆုံး ရုပ်ရည် ၈၀ ကိုယ်လုံးကိုယ်ပေါက် ၇၀ လောက်ပဲ ရှိတာ။ ဒီလို မိန်းမမျိုးကို လမ်းပေါ်မှာ တွေ့ရင် ချင်းလန် ဒုတိယ အကြိမ်တောင် လှည့်ကြည့်မှာ မဟုတ်ဘူး။
ဒါ့အပြင် ဒီမိန်းမက မကောင်းတဲ့နေရာက လာတာလေ။
ညစ်ပတ်လွန်းတာ မဟုတ်ဘူးလား။
သူက အပြစ်ကင်းစင်တဲ့ ကောင်မလေးတွေကိုပဲ သဘောကျတာ မဟုတ်ပေမယ့် ဖန်ယွမ်ယွမ် လို လူမျိုးကို ရွံရှာလို့ပင်။
အချိန်တွေ ဖြည်းဖြည်းချင်း ကုန်ဆုံးနေသလိုပင်။
ချင်းလန် မထွက်ခွာခင် ကျွင်းဇီ ကို မှာကြားလိုက်လေသည်။
“မင်း ဒီမှာ နေပြီး အခြေအနေ စောင့်ကြည့်နေ။ အဲ့ဒီမိန်းမ ထွက်သွားဖို့ ကြိုးစားရင် တားထားလိုက်၊ ပြီးတော့ ကျန်းမင်ချန် ကို အချိန်ထပ်တိုးချင်လား မေးကြည့်။ တကယ်လို့ ကျန်းမင်ချန် ကိုင်တွယ်နိုင်ရင်၊ အချိန်ကို တတ်နိုင်သမျှ တိုးထားလိုက်”
သူ သီးသန့်ခန်း တံခါး ဖွင့်လိုက်ပြီး၊ စင်္ကြံလမ်း အဆုံးမှာ ပျောက်ကွယ်သွားတဲ့ ပုံရိပ်တစ်ခုကို တစ်ချက် ကြည့်လိုက်ရာ၊ သူ့နှုတ်ခမ်းပေါ်မှာ ယုတ်မာတဲ့ အပြုံးတစ်ခု ပေါ်လာလေသည်။
ဒါက ညအချိန် မဟုတ်ဘဲ အပြင်ဘက်မှာ သွေးနီရောင် မန်ဒါလာ နဲ့ ပထမဆုံး အကြိမ် ကြုံတွေ့ရခြင်းပင်။
ကြည့်ရတာ မနေ့ညက ငါတို့ ချထားတဲ့ ငါးစာကို သွေးနီရောင် မန်ဒါလာ မိနေပုံရတယ်