အခန်း (၁၁၀) ညီအစ်မ နှစ်ယောက်
“အဓိပ္ပာယ်မရှိတာတွေ ပြောနေတာ တော်လိုက်တော့ ဒီည နင်မသေရင် ငါ သေမယ်”
သွေးနီရောင် မန်ဒါလာ အေးစက်စွာ နှာမှုတ်လိုက်ပြီး လက်ထဲမှာ ဓားမြှောင်ကို ကိုင်ကာ ချင်းလန် ရဲ့ လည်ပင်းကို ခုတ်ပိုင်းလိုက်လေသည်။
စိတ်ပျက်စရာပဲ....
ချင်းလန် မျက်လုံး လှန်ကြည့်လိုက်လေသည်။ သွေးနီရောင် မန်ဒါလာ ရဲ့ ရောဂါ ပြန်ထလာပြီ၊ ဒီအတိုင်း ဖျောင်းဖျနေလို့ အလုပ်မဖြစ်ဘူး၊ ခဏလောက် ဖိနှိပ်ထားမှ ရမယ် ဆိုတာ သူ သိလိုက်လေသည်။
သူ ခြေထောက်ကို ဝှေ့ယမ်းပြီး သွေးနီရောင် မန်ဒါလာ ကို ကြမ်းပြင်ပေါ် ဖိချလိုက်ရာ သူမမျက်နှာ ကြမ်းပြင်နဲ့ ကပ်သွားလေသည်။
ကြိုးကို ဆွဲလိုက်တာနဲ့ သွေးနီရောင် မန်ဒါလာ လေထဲ မြောက်တက်သွားလေသည်။
လေထဲမှာ တွဲလောင်းကျနေတဲ့အခြေအနေကို ခံစားလိုက်ရတာနဲ့၊ သွေးနီရောင် မန်ဒါလာ ရဲ့ လှပတဲ့ မျက်လုံးတွေထဲက သတ်ဖြတ်လိုစိတ်တွေ လျင်မြန်စွာ လျော့နည်းသွားလေသည်။
အစ်မအတွက် လက်စားချေမယ်၊သေတဲ့ထိ တိုက်ခိုက်မယ် ဟုတ်လား။
ဒီမိန်းမက တကယ့် ဟန်ဆောင်ကောင်းတဲ့သူပဲ
တွေ့လား၊ အနိုင်ကျင့်ခံလိုက်ရတာနဲ့ သူ ချက်ချင်း ငြိမ်ကျသွားတယ်လေ။
သူမ ကျိန်ဆဲတာ တစ်ခွန်းမှ မကြားရတော့ဘူး၊ သွားကြိတ်ပြီး တစ်ခုခုကို သည်းခံနေသလိုပဲ။
နာလို့လား....
မဟုတ်ဘူး၊ လုံးဝ မဟုတ်ဘူး။
အကုန်လုံး မြင်ဖူးပြီးသား ချင်းလန် က သူမ လုံးဝ မနာကျင်ဘူး ဆိုတာ ကောင်းကောင်း သိတာပေါ့။
တကယ်တော့ သူမ ကျေနပ်နေလောက်ပြီး တမင်တကာ တိတ်နေတာ ဖြစ်မယ်။
ဘယ်လို ပြောရမလဲ.....
ချင်းလန် ရဲ့ အကြည့်က ဗီရိုနဲ့ သွေးနီရောင် မန်ဒါလာ ကြား ခေါက်တုံ့ခေါက်ပြန် ရွေ့လျားနေလေသည်။
ညီအစ်မ နှစ်ယောက်၊ တစ်ယောက်က ဗီရိုထဲမှာ၊ နောက်တစ်ယောက်က လေထဲမှာ၊ ဒီလောက် နီးကပ်နေတာတောင် တစ်ယောက်နဲ့တစ်ယောက် အသိအမှတ်မပြုရဲကြဘူး။
ချင်းလန် က ဒီလို လူတွေကို ခွဲခြားတဲ့ ဇာတ်လမ်းမျိုး ဖန်တီးရတာ ပိုပိုပြီး ကျွမ်းကျင်လာသလို ခံစားနေရလေသည်။
အချိန်တွေ ကုန်ဆုံးလာတာနဲ့အမျှ၊ သွေးနီရောင် မန်ဒါလာ ရင်ထဲက နာကြည်းမှုတွေ တဖြည်းဖြည်း လျော့နည်းလာပြီး၊ မျက်လုံးထဲက သတ်ဖြတ်လိုစိတ်တွေလည်း ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေသည်။
ချင်းလန် တွေးတွေးဆဆနဲ့ ကုတင်ပေါ်က ဆင်းလာပြီး၊ ဗီရိုထဲ မွှေနှောက်ကာ အဝတ်စ တစ်ခု ထုတ်ယူလိုက်ပြီး အဲ့ဒါကို သူမ ပါးစပ်ထဲ ထိုးထည့်လိုက်ပြီး ညင်သာစွာ နှစ်သိမ့်ပေးလိုက်လေသည်။
“ဒီလောက် လွယ်လွယ်နဲ့ အရှုံးမပေးလိုက်ပါနဲ့။ ဒေါသထွက်သင့်တဲ့ အချိန်မှာ ဒေါသ ရှိရဦးမှာပေါ့။”
သူ သွေးနီရောင် မန်ဒါလာ ရဲ့ အာရုံကြောတွေကို ထပ်ခါထပ်ခါ လှုံ့ဆော်ပေးနေချိန်မှာပဲ၊ ဗီလာ အောက်ထပ်ကနေ စုရှောင်းရှောင်း ရဲ့ အသံ ထွက်ပေါ်လာလေသည်။
“သခင်လေး၊ ကျွန်မ ပြန်ရောက်ပြီ”
ချင်းလန် စိတ်လှုပ်ရှားသွားပြီး လက်ထဲက အဝတ်စကို သွေးနီရောင် မန်ဒါလာ ရဲ့ လည်ချောင်းထဲ တိုက်ရိုက် ထိုးထည့်လိုက်မိလေသည်။
ရှူး...
သွေးနီရောင် မန်ဒါလာ လန့်သွားပြီး အသက်ရှူမှားသွားကာ ကြောင်အသွားလေသည်။
“ဝါး မြန်မြန် ငါ့ကို အောက်ချပေး၊ ငါ လမ်းလျှောက်ပါရစေ”
သွေးနီရောင် မန်ဒါလာ အဝတ်စကို ထွေးထုတ်လိုက်ပြီး စိုးရိမ်တကြီး တိုက်တွန်းလိုက်လေသည်။
“သွားမယ် ဘယ်ကို သွားမှာလဲ”
ချင်းလန် က ပျော့ခွေနေတဲ့ သွေးနီရောင် မန်ဒါလာ ကို တစ်ချက် ကြည့်လိုက်ပြီး အလွန် စိတ်ပျက်သွားလေသည်။
နံရံတွေ တက်နိုင်သေးလို့လား ခေါင်မိုးတွေပေါ် ခုန်ကျော်နိုင်သေးလို့လား။
အပြင်ထွက်လိုက်တာနဲ့ လက်ပူးလက်ကြပ်သာ အဖမ်းမခံရစေနဲ့။
သူ စုရှောင်းရှောင်း ကိစ္စ လုံးဝ မေ့နေခဲ့တာပဲ။
ဖြစ်နိုင်တာက ကျွင်းဇီ က အပြင်ကနေ ခဏလောက် တားထားပေးခဲ့တာ ဖြစ်မယ်၊ မဟုတ်ရင် သူအခုလောက်ဆို အပေါ်ရောက်နေလောက်ပြီ။
ကျွင်းဇီ တောင် စုရှောင်းရှောင်း ကို ဘာမှ မလုပ်နိုင်ဘူးလေ။
လှေကားထစ်တွေဆီက ခြေသံတွေ ကြားလိုက်ရတော့ ချင်းလန် တခုခု မှားနေပြီလို့ ခံစားလိုက်ရသည်။
သူ သွေးနီရောင် မန်ဒါလာ ကို လေထဲကနေ အောက်ချပေးလိုက်ပြီး ပြတင်းပေါက်ဆီကို လျှောက်သွားလိုက်သည်။ထို့နောက် ပြတင်းပေါက်ကို ဖွင့်ပြီး သွေးနီရောင် မန်ဒါလာ ကို အပြင်ဘက် တဝက်လောက် တွန်းထုတ်လိုက်လေသည်။
“မလုပ်ပါနဲ့”
သွေးနီရောင် မန်ဒါလာ ကြောက်လန့်တကြား အသနားခံလိုက်လေသည်။
အဆောက်အဦးက အရမ်း မြင့်တယ်လေ၊ တကယ်လို့ ဒီအခြေအနေနဲ့ ပြုတ်ကျသွားရင် မသေရင်တောင် သေလုနီးပါး ဖြစ်သွားမှာ။
သူမ ချင်းလန် လက်ချက်နဲ့ သေရမယ်ဆိုတာကို စဉ်းစားဖူးပေမဲ့ ဒီအခြေအနေနဲ့တော့ လုံးဝ မဖြစ်နိုင်ပေ။
ဒီအခြေအနေနဲ့ သေသွားရင်၊ သေပြီးရင်တောင် သူမ ငြိမ်းချမ်းစွာ အနားယူနိုင်မှာ မဟုတ်ဘူး။
ချင်းလန် တစ်ချက် ကြည့်လိုက်ပြီး သွေးနီရောင် မန်ဒါလာ ကို ပြန်ဆွဲတင်ကာ၊ ကုတင်အောက်ကို ထိုးထည့်လိုက်ပြီး ခြေထောက်နဲ့ ကန်သွင်းလိုက်လေသည်။
အလကားပဲ......
ညီအစ်မ နှစ်ယောက် သွေးသား မတော်စပ်ကြပေမယ့်၊ သူတို့ မိခင်ဘက်က မျိုးရိုးဗီဇ ကောင်းတွေကို အတိုင်းအတာ တစ်ခုထိ အမွေဆက်ခံထားကြလို့၊ သူတို့မှာ ကောင်းမွန်တဲ့ ကိုယ်လုံးကိုယ်ပေါက်တွေ ရှိနေကြလေသည်။
သူမလည်း တစ်နေပြန်ပြီ။
စိတ်ပျက်စရာပဲ.....
ချင်းလန် ဆက်ပြီး မရုန်းကန်ချင်တော့တာကြောင့် ဗီရိုတံခါးကို ဖွင့်ပြီး သွေးနီရောင် မန်ဒါလာ ကို အထဲ ပစ်ထည့်လိုက်လေသည်။
ပြီးခဲ့တဲ့ တစ်ခေါက် ညီအစ်မ နှစ်ယောက် လမ်းခွဲတုန်းက တစ်ယောက်နဲ့တစ်ယောက် မျက်လုံး ပြူးကျယ်ကြီးတွေနဲ့ စိုက်ကြည့်ခဲ့ကြပေမယ့်၊ ဒီတစ်ခါတော့ သူတို့က မတူညီတဲ့ ဘက်တွေကို မျက်နှာမူထားကြလေသည်။
ဗီရိုထဲမှာ ဘာတွေ ဖြစ်ပျက်နေလဲ ဆိုတာ ဂရုမစိုက်တော့ဘဲ၊ သူ တံခါးဖွင့်လိုက်ရာ မလှမ်းမကမ်း ရောက်နေတဲ့ စုရှောင်းရှောင်း ခြေလှမ်းသွက်သွက်နဲ့ ပြေးလာပြီး ချင်းလန် ရဲ့ ရင်ခွင်ထဲ ဝင်ရောက်ကာ တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်လေသည်။
စုရှောင်းရှောင်း နှုတ်ခမ်းစူလိုက်ပြီး၊ လွမ်းဆွတ်မှုတွေ ပြည့်နှက်နေကာ သူ့ပါးကို ဖွဖွလေး နမ်းလိုက်ပြီး သူမက အားနာတဲ့ လေသံနဲ့ ပြောလိုက်လေသည်။
“သခင်လေး၊ တောင်းပန်ပါတယ်၊ မိဘမဲ့ ဂေဟာက တကယ် အရမ်း အလုပ်ရှုပ်နေလို့ပါ။ စာသင်ပေးရတယ်၊ ကလေးတွေကို လေ့လာရေး ခရီး လိုက်ပို့ပေးရတယ်၊ အချိန်တွေ အရမ်း ပုပ်တာပဲ။”
“အဲ့ဒါအပြင် ကျောင်းအုပ်ကြီးက မကြာသေးခင်က နေမကောင်းဘူးလေ၊ ဒါကြောင့် ကျွန်မက အိမ်သန့်ရှင်းရေး အကုန် လုပ်ပေးရတယ်၊ မဟုတ်ရင် ကလေးတွေ အိပ်မပျော်ဘဲ ဂျီကျနေမှာ စိုးလို့။”
ချင်းလန် က စကားတွေ တရစပ် ပြောနေတဲ့ စုရှောင်းရှောင်း ကို ငုံ့ကြည့်လိုက်ပေမယ့်၊ စိတ်ရှုပ်တာမျိုး လုံးဝ မခံစားရပေ။
ဖြစ်နိုင်တာက တစ်ခါတလေ သူ အတွေးလွန်နေတတ်ပြီး၊ ဒီလို အပြစ်ကင်းစင်တဲ့ ကောင်မလေးနဲ့ တွေ့တဲ့အခါ သူ့ဝိညာဉ်ကို သန့်စင်လိုက်သလို အမြဲ ခံစားရတတ်လေသည်။
ဒါက သူ့ကို ပိုကောင်းတဲ့ လူတစ်ယောက် ဖြစ်မလာစေပေမယ့် အနည်းဆုံးတော့ သူ့ကို စိတ်သက်သာရာ ရစေတယ်လေ။
စုရှောင်းရှောင်း ရဲ့ ခေါင်းကို ပုတ်ပေးရင်း ချင်းလန် ခါးသက်သက် ပြုံးကာ ပြောလိုက်လေသည်။
“တကယ်လို့ ငါ မင်းကို မိဘမဲ့ ဂေဟာ သွားခွင့် မပေးတော့ရင်ကော မင်း သဘောတူမလား”
“ကျွန်မ......”
စုရှောင်းရှောင်း ပါးစပ်ဟလိုက်လေသည်။ မိဘမဲ့ ဂေဟာနဲ့ ချင်းလန် နှစ်ခုစလုံးက သူမအတွက် အရမ်း အရေးကြီးတယ်လေ။
တစ်ခုက သူမကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ နေရာဖြစ်ပြီး နောက်တစ်ခုက သူမရဲ့ လက်ကျန် ဘဝတစ်ခုလုံးကို ပုံအပ်ထားတဲ့ ချစ်ရသူ။
မိဘမဲ့ ဂေဟာ မရှိရင် သူမ ဝမ်းနည်းပြီး စိတ်ဆင်းရဲရနိုင်တယ်။
ဒါပေမဲ့ သခင်လေးကို ဆုံးရှုံးလိုက်ရရင်၊ သူမ အသက်ရှင်နိုင်တော့မှာ မဟုတ်ဘူး။
“ကောင်းပြီ၊ ငါ မင်းကို စလိုက်တာပါ။ အလုပ်ရှုပ်တာလည်း ကောင်းတာပါပဲ။”
ချင်းလန် က စုရှောင်းရှောင်း ကို စိတ်မကောင်း ဖြစ်စေလိုတဲ့ ရည်ရွယ်ချက် မရှိပေ။
အပြစ်ကင်းပြီး ရိုးသားတဲ့ ကောင်မလေးကို ဒီအတိုင်းလေးပဲ ဆက်နေစေချင်တာပါ။
ဒါလည်း ကောင်းပါတယ်။
ဥပမာ ချင်းလန် ကယုန်လေးကို ကိုင်တွယ်ဖို့ ကြိုးစားတိုင်း၊ စုရှောင်းရှောင်း ရဲ့ ပါးပြင်ပေါ်မှာ ပန်းရောင်သမ်းလာပြီး၊ သူမခေါင်းကို ရင်ခွင်ထဲ အလိုလို ဝှက်ထားတတ်လေသည်။
သူမက ငုံးလေး တစ်ကောင်လိုပဲ ရှက်တတ်လေသည်။
“သခင်လေး၊ ကျွန်မ အရင် ရေသွားချိုးချင်တယ်။”
စုရှောင်းရှောင်း သူ့ရင်ခွင်ထဲမှာ အားနည်းစွာ ရေရွတ်လိုက်လေသည်။
ချင်းလန် လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး သဘောတူကြောင်းပြောလိုက်လေသည်။
“သွားလေ။”
စုရှောင်းရှောင်း ရဲ့ သွယ်လျတဲ့ ပုံရိပ်လေး ရှက်ရွံ့စွာ ထွက်ခွာသွားတာကို ကြည့်ပြီးနောက်၊ ချင်းလန် တံခါးကို ပြန်ပိတ်လိုက်လေသည်။
ဗီရိုတံခါး ဖွင့်လိုက်တော့ ချန်ဇီချီ က သွေးနီရောင် မန်ဒါလာ ကို ပြန်လည် တည့်မတ်ပေးထားပြီးပြီ ဖြစ်သည်။
ကြိုးကတော့ ပြေမသွားသေးပေ။
ဘာပဲဖြစ်ဖြစ်၊ ဒီကြိုးချည်နည်းကို သိတဲ့သူ သိပ်မရှိပေ။
ချင်းလန် ရှုပ်ထွေးနေတဲ့ ကြိုးတွေကို အမြန် ဖြေလျော့ပေးလိုက်ပြီး ညီအစ်မ နှစ်ယောက်ကို ထွက်ခွာခွင့် ပေးဖို့ ပြင်ဆင်လိုက်လေသည်။
သို့သော် အချုပ်အနှောင်တွေ လွတ်သွားတာနဲ့၊ ညီအစ်မ နှစ်ယောက် ဗီရိုထဲက ထွက်လာပြီး တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြလေသည်။
“နင် ဘယ်လိုလုပ် ဒီရောက်နေတာလဲ မနေ့ညက ငါ နင့်ကို ဒီကောင်နဲ့ ထပ်မပတ်သက်ရဘူးလို့ ပြောခဲ့တယ် မဟုတ်လား”
ချန်ဇီချီ မျက်နှာ အေးစက်သွားလေသည်။ သူမ ဗီရိုထဲမှာ ရှိနေပြီး အရာအားလုံးကို ရှင်းရှင်းလင်းလင်း ကြားခဲ့ရတယ်လေ။ သူမညီမကို ဗီရိုထဲ ထိုးထည့်လိုက်တာ မမြင်ခဲ့ရပေမယ့်၊ အပြင်မှာ ဘာဖြစ်နေလဲ ဆိုတာ သူမ ခန့်မှန်းလို့ ရတာပေါ့။
အစ်မကြီး တစ်ယောက် အနေနဲ့၊ သူမရဲ့ တစ်ဦးတည်းသော မိသားစုဝင် ဒီလို အရှက်ခွဲခံရတာကို သူမ ဘယ်လို သည်းခံကြည့်နေနိုင်မှာလဲ။
သွေးနီရောင် မန်ဒါလာ အပြစ်ရှိစိတ်ကြောင့် ခေါင်းငုံ့ပြီး တိတ်ဆိတ်နေလေသည်။
ချင်းလန် ဖုန်းကို ချက်ချင်း ကောက်ယူလိုက်ပြီး ချန်ဇီချီ ဆီ ဖိုင်တစ်ခု ပို့လိုက်လေသည်။
ချန်ဇီချီ ကဖိုင်ကို နှိပ်ကြည့်ပြီး ချင်းလန် ကို ထူးဆန်းစွာ ကြည့်လိုက်လေသည်။
“ဒါ ဘာကြီးလဲ”
ချင်းလန် ပခုံးတွန့်လိုက်လေသည်။
“မင်း လိုချင်နေတဲ့ သဲလွန်စတွေပေါ့။ အဲ့ဒီထဲမှာ မင်း မသိသေးတဲ့ သတင်းအချက်အလက် တချို့ ပါတယ်။ဒါက တစ်စိတ်တစ်ပိုင်းပဲ ရှိသေးတာ။ ကျန်တာကို လိုချင်ရင် မင်းတို့ ညီအစ်မ နှစ်ယောက် အတိုင်းအတာ တစ်ခုထိ ပေးဆပ်ရလိမ့်မယ်။”
“ကျွန်မ ဖွင့်မရဘူး”
ချန်ဇီချီ ဖုန်းကို အကြိမ်ကြိမ် နှိပ်ပြီး နည်းနည်း စိုးရိမ်နေပုံ ပေါက်လေသည်။
ချင်းလန် လက်ဝှေ့ယမ်းပြလိုက်လေသည်။
“ဖိုင်က အရမ်း ကြီးလို့ပါ၊ နည်းနည်းလောက် သည်းခံလိုက်”