အခန်း(၁၁) - နည်းနည်းလောက် ထပ်ပြောပါဦး
“အစ်ကိုထန်ကိုယ်တိုင် ပြောလာမှတော့ ကျွန်တော် နားထောင်ပါ့မယ်” လို့ချင်းလန်က ပြုံးပြီးပြန်ဖြေလိုက်သည်။
ကျွင်းဇီကားကို မောင်းလာတော့သူက
စုရှောင်းရှောင်းကို ကားထဲဆွဲသွင်းပြီး ထွက်လာလေသည်။
ကျွင်းဇီက ကားကိုတည်တည်ငြိမ်ငြိမ်မောင်းနေရင်း စူးစမ်းချင်စိတ်နဲ့မေးလိုက်လေသည်။
“သခင်လေး ခုနကထန်မိသားစုရဲ့အကြီးဆုံးသားလား။သူ ဘာလို့ဒီလိုပုံစံဖြစ်
သွားတာလဲ”
လွန်ခဲ့တဲ့သုံးနှစ်လောက်တုန်းက
ထန်ထျန်ပေက ရုပ်ရည်အားဖြင့်ချင်းလန်ကိုမယှဉ်နိုင်ရင်တောင်ကျောက်စိမ်းရုပ်လို ချောမောတဲ့ လူငယ်တစ်ယောက်ဖြစ်ခဲ့လေသည်။
နှစ်အနည်းငယ်မတွေ့ရတာနဲ့ အဆီပြန်နေတဲ့ဦးလေးကြီးလိုဖြစ်သွားတာလား။
“သူလက်လျော့သွားတာလား”
ချင်းလန်ကတော့ အဲဒီလိုမထင်ပေ။
“ယန်ကျင်းမှာ ထန်မိသားစုက အရေးပါတဲ့ မိသားစုတစ်ခုပဲ။ထန်မိသားစုရဲ့ မြေးအကြီးဆုံးက ဒီလိုပုံစံဖြစ်သွားပြီး ငါ့ကိုတွေ့တော့ ဒီလောက်အောက်ကျို့နေတာ ဒါ ပုံမှန်လို့ မင်းထင်လား”
ကျွင်းဇီက မသိစိတ်ကနေ ခေါင်းညိတ်လိုက်ပြီး
“ပုံမှန်ပါပဲ၊ ထန်မိသားစုက ချင်းမိသားစုလောက်
မကြီးကျယ်ဘူးလေ။ ဒါ့အပြင် ထန်ထျန်ပေက မိသားစုအတွင်းမှာ ပြဿနာဖြစ်ပြီး ယန်ကျင်းကနေ
နှင်ထုတ်ခံခဲ့ရတာလေ။သခင်လေးကတော့ မိသားစုရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူဖြစ်နေတာနဲ့ယှဉ်ရင်သူက သခင်လေးရှေ့မှာ ဖားယားတာ ပုံမှန်မဟုတ်ဘူးလားဗျာ”
“အားရင် အိမ်ပြန်ပြီးစာများများဖတ်။
နေ့တိုင်း ချန်ကျစ်လျန်ကလပ်ကိုပဲ သွားမနေနဲ့။
ကိစ္စတွေကို ကြည့်တဲ့အခါ ဦးနှောက်ကိုသုံး မင်းရှေ့ကမြင်တဲ့အရာတွေရဲ့လှည့်စားတာကို မခံရစေနဲ့”
“လူတိုင်းမှာ မာနနဲ့ ဂုဏ်သိက္ခာရှိတယ်။ ငါနဲ့ အရင်က အတူတူတစ်ဝိုင်းထဲရှိခဲ့တဲ့ လူငယ်တစ်ယောက်က အခြေအနေဆိုးသွားရင်တောင် အခုလို အောက်ကျို့လွန်းတဲ့ပုံစံမျိုး ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး။ တကယ်လို့ သူ ဒီလောက်အထိ ပုံမှန်မဟုတ်တာ ဖြစ်နေပြီဆိုရင်ရှင်းပြချက်တစ်ခုပဲရှိတယ် သူ့စိတ်ကတစ်ခုခုကြံနေလို့ပဲ”
ဟုချင်းလန်ကပြောလိုက်လေသည်။
“သခင်လေး သူက ယန်ကျင်းကိုပြန်ချင်သေးတယ်လို့ ပြောချင်တာလား”
ကျွင်းဇီ အံ့အားသင့်သွားလေသည်။
ချင်းလန်က စကားကို ဆက်မပြောတော့ဘဲ လက်ဝှေ့ယမ်းပြလိုက်သည်။
“မင်းကားကိုသေချာမောင်းတော့”
သူက ကျွင်းဇီကို သူ့ရဲ့လူယုံအဖြစ်
လေ့ကျင့်ပေးဖို့လုပ်ထားတာမလို့
အခြေအနေကို အကျဥ်းချုပ်ရှင်းပြလိုက်လေသည်။
တိုက်ခိုက်ရေးစွမ်းရည်အရဆိုရင်
ကျွင်းဇီက သေချာပေါက်အရည်အချင်းပြည့်မီပြီး သစ္စာလည်းအပြည့်အဝရှိလေသည်။
ဒါပေမဲ့ သူ့ဦးနှောက်က တစ်ခါတလေ ခေါင်းမာပြီး အလိုက်အထိုက်မပြုတတ်ပေ။
ကျွင်းဇီသာ ပြောင်းလဲတတ်မယ်ဆိုရင်
သူကလူယုံအဖြစ်လေ့ကျင့်ပေးလိမ့်မယ်။ မဟုတ်ရင်တော့ သူ့မိသားစုရဲ့ ဆန္ဒအတိုင်း သေတဲ့အထိ တိုက်ခိုက်ရေးသမားပဲ ဖြစ်နေလိမ့်တော့မည်။
စုရှောင်းရှောင်းကို ဗီလာဆီပြန်ပို့ပြီးတဲ့အခါ မူယွီယန်နဲ့ချိန်းထားတဲ့အချိန်အတိုင်း နေ့လယ်ရောက်နေလေပြီ။
ကျွင်းဇီက ချင်းလန်ကိုမူယွီယန်ရဲ့
အိမ်ဆီကို ဦးတည်မောင်းခိုင်းလိုက်သည်။
ကားထဲမှာ ကျွင်းဇီကလက်တစ်ဖက်နဲ့
စတီယာရင်ကို ကိုင်ထားပြီးနောက်လက်တစ်ဖက်ကို ခေါင်းနောက်ပစ်ပြီး လက်မထောင်ကာ ရယ်မောလိုက်ပြီး
“သခင်လေး ခင်ဗျား တကယ်မိုက်တယ် အမြင်လည်း ထက်မြက်တယ်ဗျာ။မနေ့က စုရှောင်းရှောင်းကို ကြည့်လိုက်တာအရမ်းကို ခပ်ရိုးရိုးကျေးလက်တောသူမလေးလိုပဲ။ဘာလို့ ခေါ်ထားချင်တာလဲဆိုတာ နားမလည်ခဲ့ဘူး။”
“ဒီနေ့တော့ အဝတ်အစားအသစ်လဲထားတော့ ဝါး သခင်လေး မှော်ဆန်သလိုပဲသူမကချစ်စရာကောင်းပြီး တက်ကြွလန်းဆန်းတဲ့ ကောင်မလေးအဖြစ် ပြောင်းလဲသွားတယ်။ ဒီကောင်မလေးက အရင်က နည်းနည်း ရိုးပေမယ့်၊ စကားနားထောင်တယ် ဆူညံဆူညံလည်း မလုပ်ဘူး။”
ချင်းလန်က မျက်ခုံးပင့်လိုက်ပြီး
“မင်းက ဒီလိုပုံစံကို ကြိုက်တာလား”
ကျွင်းဇီက ညစ်ညမ်းတဲ့ပုံစံနဲ့နှုတ်ခမ်းကိုသပ်လိုက်ပြီး
“ကျွန်တော်ကတော့ အသက်ကြီးတဲ့သူတွေကို ကြိုက်တယ်။ချန်ကျစ်လျန်က မန်နေဂျာ ကျန်းလိုပေါ့။ သူမက ဉာဏ်ကောင်းတယ် ရင့်ကျက်တယ်
အရေးအကြီးဆုံးကတော့ ဂရုစိုက်တတ်တယ်”
ချင်းလန်ဟာ ချန်ကျစ်လျန်ကိုတစ်ကြိမ်ထက်မက သွားဖူးပြီး မန်နေဂျာ ကျန်းက ဧည့်ကြိုတစ်ယောက်ပင်။သူကျွင်းဇီနဲ့ မန်နေဂျာကျန်းတို့အနောက်ဘက်မှာ အတူလျှောက်နေတာကို မကြာခဏတွေ့ရလေသည်။
သူတို့ကဒီတိုင်းရင်းနှီးလို့စကားပြောနေတယ်လို့ ထင်ခဲ့တာ၊ဒါပေမဲ့ သူတို့နှစ်ယောက်ဖြစ်နေကြလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။
“မန်နေဂျာ ကျန်းက အသက် သုံးဆယ်ကျော် လေးဆယ်လောက်မလား။ မင်းထက် အသက်ကြီးလား”
ကျွင်းဇီက ဟမ့်ခနဲလုပ်လိုက်ပြီး
“သူမရဲ့ အသက်က လေးဆယ့်သုံးနှစ်လေ
ကျွန်တော့်ထက် ရှစ်နှစ်ကြီးတယ်။စကားပုံအရကိုယ့်ထက် သုံးနှစ်ကြီးတဲ့မိန်းမက အမေတစ်ယောက်လို ကံကောင်းခြင်းတွေ ယူဆောင်လာတယ်။ကိုယ့်ထက် ငါးနှစ်ကြီးတဲ့ မိန်းမကလဲအမေတစ်ယောက်လို ကံကောင်းခြင်းတွေ ယူဆောင်လာတယ်။ ကိုယ့်ထက် ရှစ်နှစ်ကြီးတဲ့ မိန်းမကလည်းပဲ အမေတစ်ယောက်လို ကံကောင်းခြင်းတွေ ယူဆောင်လာတယ်တဲ့”
……….
ကျန်းနန် နံပါတ် ၁ ဗီလာရပ်ကွက်
မူယွီယန် ကဧည့်ခန်းထဲမှာထိုင်နေပြီး
သူမရဲ့အမေကမီးဖိုချောင်ဝတ်စုံ ဝတ်ကာအလုပ်ရှုပ်နေတာကိုကြည့်ပြီး စိတ်မချမ်းမသာရေရွတ်လိုက်သည်။
“အမေ သမီးယန်ကျင်းကိုပြန်သွားရင် အမေ မီးဖိုချောင်ထဲမှာရှိနေတာကိုမြင်ရတော့မှာမဟုတ်ဘူး။ဒီလိုချင်းလန်အတွက် ချက်ပြုတ်ပေးတာ တန်လို့လား”
မူယွီယန်ကသူမကို မတရားလုပ်သည်ဟု ခံစားရကာချင်းလန်ကိုသဝန်တို နေလေသည်။
လင်းဝမ်ချင်း ကအိမ်ချက်ပဲသီးနှပ်နဲ့ ဝက်သားနောက်ဆုံးတစ်ပွဲကိုထမင်းစားပွဲပေါ် တင်လိုက်ပြီး သူမကကြင်နာစွာ ပြုံးလိုက်သည်။
“သမီးကလဲအမေ့ရဲ့အနာဂတ်သားမက်လေးက အိမ်လာလည်တာကိုသူ့ရဲ့ယောက္ခမ တစ်ယောက်အနေနဲ့ သေချာလေးချက်ကျွေးရမှာပေါ့”
“ဘာ အနာဂတ်သားမက်လဲ”
မူယွီယန်ကသူမအမေရဲ့ပျော်ရွှင်နေတဲ့ အမူအရာကိုကြည့်ပြီး စိတ်မသက်မသာ ဖြစ်နေလေသည်။
“ဘယ်သူ သိမှာလဲလို့။ချင်းလန် ရဲ့စရိုက်
ကဒီလိုပဲ သူကအမြဲ ဖောက်ပြန်နေတာ။ နောက်နှစ်အနည်းငယ်လောက်နေရင် သူကလေးတစ်ယောက်
ရလာပြီးသမီးကို မိထွေးလုပ်ခိုင်းနေရင်ရော”
“မင်း ဘာအဓိပ္ပါယ်မရှိတာတွေ ပြောနေတာလဲ”
လင်းဝမ်ချင်း ကခက်ထန်တဲ့ မျက်နှာဖြင့် ပြောလိုက်သည်။
“ဒီလို ကိစ္စမျိုးတွေကို စိတ်ထဲမှာပဲထား၊ အပြင်ကိုထုတ် မပြောနဲ့”
“ကမ္ဘာပေါ်မှာ ဒီလိုမဟုတ်တဲ့ယောက်ျား ရှိမယ်လို့ မင်းထင်လား။မင်း အဖေရဲ့ မကောင်းတဲ့ အရာအားလုံးကို မင်း မေ့သွားပြီလား”
မူယွီယန် ရဲ့ အဖေဆုံးပါး သွားစဉ်က မူမိသားစု တွင် ကြီးမားသော ပြဿနာများ ဖြစ်ခဲ့ပြီး၊ မူယွီယန် နဲ့ သူမရဲ့ အမေကို မူမိသားစု ကနေ နှင်ထုတ် လုနီးပါး ဖြစ်ခဲ့သည်။
အကြောင်းမှာ မူမိသားစုကို ချုပ်ကိုင်ချင်နေတဲဲ့သူတွေက သူမအဖေရဲ့ တရားမဝင် သားကိုရှာတွေ့ခဲ့သောကြောင့် ဖြစ်သည်။ ချင်းမိသားစု က နောက်ကွယ်ကနေကူညီဖြေရှင်းပေးပြီး ငွေအများကြီး ပေးခဲ့သောကြောင့်သာ ကိစ္စကပြေလည်ခဲ့ခြင်း ဖြစ်သည်။
“ယွီယန်၊ မင်းကအမေ့ရဲ့တစ်ဦးတည်းသော သမီးပဲ။ အမေက မင်းကိုဘယ်လိုလုပ် ထိခိုက်စေချင်မှာလဲ”
လင်းဝမ်ချင်း က သူမသမီးဘေးမှာ ထိုင်ပြီး နှစ်သိမ့်လိုက်သည်။
“ချင်းလန်က နည်းနည်း ဆိုးတယ် အနိုင်ယူတတ်တယ် ဒါပေမယ့် သူကမင်းကိုတကယ် သဘောကျတယ်ဆိုတာ လူတိုင်း မြင်နိုင်တယ်လေ”
“နည်းနည်းဆိုးတယ်? သူသမီးရဲ့ ရုံးခန်းထဲမှာခိုး နားထောင်တဲ့ ကိရိယာတွေတောင် တပ်ထားသေးတယ်။ပြီးတော့သူဒေါသထွက်အောင် တမင်တကာ ရှာထားတဲ့ သူတွေအားလုံး တစ်ယောက်ပြီးတစ်ယောက် ပျောက်ကုန်ကြတယ်။ သူတို့ သေလား ရှင်လားဆိုတာတောင် မသိဘူး။အဲဒါကို နည်းနည်းဆိုးတာလား။”
မူယွီယန် က အံကြိတ်လိုက်ပြီး
“ဒီကောင်က တကယ်ကို မောက်မာပြီး အနိုင်ကျင့်တတ်တဲ့ သူဌေးသားဘော်ကြော့ပဲ။”
“သူမှာသာ အာဏာ ရှိတဲ့အဖေမရှိရင် သူအခုဆို
ထောင်ထဲရောက်နေလောက်ပြီ”
အဲ့လို ပြောပြီးတာနဲ့ချက်ချင်း လူရိပ်တစ်ခုက ဧည့်ခန်းရဲ့ ထောင့်မှာ ပေါ်လာလေသည်။
သူက တခြားသူ မဟုတ်ဘဲ ချင်းလန် ဖြစ်လေသည်။
သူက အဲဒီမှာရပ်နေဆဲဖြစ်ပြီး လှပတဲ့ မျက်နှာမှာ ဒေါသတွေ ပြည့်နေဆဲဖြစ်တဲ့ မူယွီယန် ကို ကြည့်လိုက်လေ သည်။
“ချင်းလန် ကောင်လေး ဘာလို့ ဖုန်းကြိုမဆက်ဘဲ ရုတ်တရက် ရောက်လာတာလဲ”
လင်းဝမ်ချင်း လန့်သွားပြီး အလျင်အမြန် ရှင်းပြလိုက်သည်။
“ယွီယန်က ငယ်ပါသေးတယ်၊ သူ့စကားတွေက နားထောင်လို့ မကောင်းပေမယ့် စိတ်ထဲ မထားပါနဲ့။”
ချင်းလန်က ပြုံး လိုက်ပြီး မူယွီယန် ကို စိုက်ကြည့်လိုက်ကာ
“သတ္တိရှိရင် အဲ့ဒါကိုထပ်ပြောလိုက်။”
“ပြောမယ်”
မူယွီယန်က ဒေါသထွက်ပြီး အေးစက်စွာ နှာမှုတ်လိုက်သည်။
“ကျွန်မ ပြောတာ မမှန်ဘူးလား၊ ရှင့်မှာ အဖေကောင်း တစ်ယောက်သာ မရှိခဲ့ရင်အခုထိ ဒီလို လွတ်မြောက် နိုင်မှာလား”
ချင်းလန် ကကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး
“ဟုတ်တယ် တကယ် နားထောင်လို့ ကောင်းတယ်။ နောက်ထပ် နည်းနည်းလောက် ထပ်ပြောပါဦး။”