အခန်း (၁၀၉) ချန်ဇီချီ ရောက်လာခြင်း
ကျွင်းဇီ ရဲ့ တည်ငြိမ်စွာ မောင်းနှင်မှုအောက်မှာ၊ ချင်းလန် ဗီလာသို့ ပြန်ရောက်လာခဲ့လေသည်။
သူ ဒီနေ့ တစ်ရက်တည်းမှာပဲ အပ်စိုက်ကုထုံး နှစ်ကြိမ် ပြုလုပ်ခဲ့ရလို့၊ သူတောင် ပင်ပန်းနွမ်းနယ်နေခဲ့လေသည်။ သူ အပေါ်ထပ်ကို တန်းတက်သွားပြီး အနားယူဖို့ ကုတင်ပေါ် လှဲချလိုက်လေသည်။
သူ မျက်လုံး မမှိတ်ရသေးခင်မှာပဲ ကျွင်းဇီ အပေါ်ထပ် ပြေးတက်လာပြီး သတင်းပို့လေသည်။
“သခင်လေး၊ ဟို ချန်ဇီချီ ဆိုတဲ့ ရဲမေ ရောက်လာပြန်ပြီ၊ သခင်လေးကို မတွေ့ရမချင်း မပြန်ဘူးတဲ့။ ကျွန်တော်တို့ အခု သူ့ကို တားထားတယ်။ သူ့ကို ပြန်လွှတ်လိုက်ရမလား၊ ဒါမှမဟုတ်...”
ကျွင်းဇီ က အခုတော့ ချင်းလန် ရဲ့ အတွေးတွေကို ခန့်မှန်းတဲ့ နေရာမှာ ဆရာတစ်ဆူ ဖြစ်နေပြီလို့ ပြောရပေမည်။
သခင်လေး ဒီနေ့ အဲ့ဒီ ခေါက်ဆွဲဆိုင်မှာ အားအင်တွေ အများကြီး ကုန်ဆုံးခဲ့တယ် ဆိုတာ သူ ပြောနိုင်လေသည်။
တကယ်လို့ ယောကျ်ား တစ်ယောက်သာ သူ့ကို လာရှာရင်၊ သူ သတင်းတောင် ပို့မနေတော့ဘဲ မောင်းထုတ်လိုက်မှာပင်။
ဒါပေမဲ့ ရောက်လာတာက ချန်ဇီချီ ဖြစ်နေတာကိုး။ ထူးချွန်တဲ့ ကိုယ်လုံးကိုယ်ပေါက်နဲ့ ရုပ်ရည် ရှိတဲ့ အလှပဂေး၊ ပြီးတော့သူမရဲ့အသက်မွေးဝမ်းကျောင်း ရဲမေ ဆိုတဲ့ အားသာချက်ပါ ရှိသေးတယ်။
သူက ယုံကြည်ရတဲ့ လူယုံ တစ်ယောက် ဖြစ်ပေမယ့်၊ မျက်စိမှိတ်ပြီး ဆုံးဖြတ်ချက် မချရဲပေ။
“သူမကို ဝင်ခွင့်ပေးလိုက်ပါ။”
ချင်းလန် သိပ်အံ့ဩပုံ မပြဘဲ လက်ဝှေ့ယမ်းပြလိုက်လေသည်။
ကျွင်းဇီ ဦးညွှတ်ပြီး ထွက်ခွာသွားပြီး မကြာခင်မှာပဲ အပြာရင့်ရောင် ယူနီဖောင်း ဝတ်ဆင်ထားတဲ့ ချန်ဇီချီ အပေါ်ထပ် တက်လာပြီး ချင်းလန် ရဲ့ အိပ်ခန်းထဲ တန်းတန်းမတ်မတ် ဝင်ရောက်လာလေသည်။
သူမရဲ့ နူးညံ့ပြီး တက်ကြွတဲ့ မျက်ခုံးတွေ တွန့်ချိုးနေပြီး၊ ပုံမှန်အားဖြင့် စွမ်းဆောင်ရည် ရှိပြီး လေးနက်တဲ့ မျက်နှာပေါ်မှာ ဝမ်းနည်းမှုတွေ ထင်ရှားနေလေသည်။
အလောင်းကို တွေ့သွားပြီ။
ချင်းလန် ပြောခဲ့သလိုပါပဲ၊ သူမအဒေါ်ရဲ့ အလောင်းကို အဲ့ဒီ ခြောက်သွေ့နေတဲ့ ရေတွင်းထဲမှာ တကယ် မြှုပ်နှံထားတာ တွေ့ခဲ့ရတယ်။
ထို့ပြင် သူတို့ရဲ့အလောင်း ဟုတ်မဟုတ်ကိုလည်း အတည်ပြုပြီးပြီ။
“ဆယ်စုနှစ် တစ်ခုကျော် ကြာခဲ့ပြီ ဖြစ်တဲ့ ကျွန်မအဒေါ် အလောင်းရဲ့ တည်နေရာကို ရှင် ဘယ်လို သိတာလဲ ပြီးတော့ ကျွန်မညီမနဲ့ ကျွန်မရဲ့ ဆက်ဆံရေးကို ရှင် ဘယ်လို သိတာလဲ”
ချန်ဇီချီ ဝမ်းနည်းမှုကို ဖိနှိပ်ထားပြီး သံသယဖြစ်စွာ မေးလိုက်လေသည်။
သူမ နက်နက်ရှိုင်းရှိုင်း ရန်ငြိုး မထားသလို၊ အဲ့ဒီ အမုန်းတရားတွေကို ချင်းလန် ဆီ လွှဲပြောင်းပုံမဖော်မှာ မဟုတ်ပေ။
ကပ်ဘေးဆိုးကြီး ဖြစ်ပျက်ခဲ့တုန်းက ဒီကောင် ဘယ်နှစ်နှစ် ရှိဦးမှာမို့လို့လဲ။
ဒါ့အပြင် သူက ယန်ကျင်း ကလေ၊ ဘယ်လိုလုပ် ထျန်ဟိုင်မြို့ အမှုမှာ ပါဝင်ပတ်သက်နိုင်မှာလဲ။
ချင်းလန် သမ်းဝေလိုက်ပြီး လက်တွေကို ခေါင်းနောက်မှာ ထားကာ စိတ်မပါသလို ပြောလိုက်လေသည်။
“ငါက သတင်းအချက်အလက် ကုန်သည်လေ။ မင်း သင့်တော်တဲ့ ဈေးနှုန်း ပေးနိုင်သရွေ့၊ မင်း လိုချင်တဲ့ သတင်းအချက်အလက် အားလုံး ငါ ပေးနိုင်တယ်။”
သူ ပိုသက်တောင့်သက်သာ ဖြစ်အောင် နောက်က ခေါင်းအုံးတွေကို ချိန်ညှိလိုက်လေသည်။
“ရှင် ဘာလိုချင်တာလဲ”
ချန်ဇီချီ သွားကြိတ်လိုက်လေသည်။
နှစ်တွေအတော်ကြာသွားတော့ သဲလွန်စ တချို့ ပျောက်ဆုံးသွားခဲ့လေပြီ။
အဲ့ဒီ ရေတွင်းတွေကို ဘယ်သူ လှူဒါန်းခဲ့တယ် ဆိုတဲ့ အထောက်အထားတောင် အတည်ပြုလို့ မရတော့ပေ။
နောက်ကွယ်က လူက ခြေရာလက်ရာ အားလုံး ဖျောက်ဖျက်ပစ်လိုက်တယ် ဆိုတာ ထင်ရှားနေတာပဲ။
သူမသာ အကြံရှိသေးရင် ချန်ဇီချီ အနေနဲ့ ချင်းလန် အပေါ် မျှော်လင့်ချက် ထားမိမှာ မဟုတ်ပါဘူး။
ဘာပဲဖြစ်ဖြစ်၊ ဒီကောင်က သူမအဒေါ် အလောင်း ဘယ်မှာ ရှိတယ် ဆိုတာ သိရင်၊ နောက်ကွယ်က လျှို့ဝှက်ချက် တချို့ကိုလည်း သူ သိကောင်း သိနိုင်တယ်လေ။
“မင်း ဘယ်လို ထင်လဲ”
ချင်းလန် က ကစားချင်စိတ် ပါတဲ့ မျက်နှာထားနဲ့ မေးလိုက်လေသည်။
သေချာ စဉ်းစားကြည့်လိုက်တော့၊ ချင်းလန် ရဲ့ အဆင့်အတန်းနဲ့ ဆိုရင် သူမရဲ့ မပြောပလောက်တဲ့ လစာလေးကို မက်မောဖို့ မဖြစ်နိုင်မှန်း သူမ သဘောပေါက်လိုက်လေသည်။
ချန်ဇီချီ အဲ့ဒီအကြည့်ကြောင့် ရှက်ရွံ့ပြီး စိတ်တိုမိပေမယ့်၊ သူမရဲ့ စိတ်ခံစားချက်တွေကို ဖိနှိပ်ထားလိုက်ရလေသည်။
သူမအဒေါ်ရဲ့ မိသားစု အတွက် လက်စားချေဖို့ သူမ ဆုံးဖြတ်ထားပြီးပြီ။
ချင်းလန် လိုချင်တာကို သူမ မပေးချင်ပေမယ့်၊ ပေးဖို့ကလွဲပြီး တခြား ရွေးချယ်စရာ မရှိတော့ပေ။
ချန်ဇီချီ ကုတင်ဘေးသို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး၊ သူမ ထိုင်ချလိုက်ခါနီးမှာပဲ ချင်းလန် သူမရဲ့ လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်ပြီး မျက်မှောင်ကြုတ်ကာ ထူးဆန်းစွာ ပြောလိုက်လေသည်။
“မင်း ဒီကို ကိုယ်တိုင် ကားမောင်းလာတာ မဟုတ်ဘူးလား”
ချန်ဇီချီ နားမလည် ဖြစ်သွားပြီး၊ ဘာဆက်စပ်မှု ရှိလို့လဲ စဉ်းစားကာ ခေါင်းခါလိုက်လေသည်။
“မဟုတ်ဘူး၊ ကျွန်မ ဒီနား ဖြတ်သွားရင်း ကြုံလို့၊ လုပ်ဖော်ကိုင်ဖက်က ကျွန်မကို ချပေးခဲ့ပြီး လမ်းလျှောက်လာတာ။”
“ဒါဆို မင်း အခုလောလောဆယ် အခကြေးငွေပေးလို့ မရသေးဘူး၊ မင်းညီမ ရောက်နေပြီ။”
ချင်းလန် ပခုံးတွန့်လိုက်ပြီး လုံးဝ ဂရုမစိုက်သလို ပုံစံပေါက်နေလေသည်။
အဲ့ဒီ အေးစက်တဲ့ ခံစားချက် ပြန်ရောက်လာပြီ။ သွေးနီရောင် မန်ဒါလာ မဟုတ်ရင် ဘယ်သူ ဖြစ်နိုင်ဦးမှာလဲ။
တကယ်လို့ ချန်ဇီချီ ကားမောင်းလာခဲ့ရင်၊ ပုံမှန် မဟုတ်တဲ့ ညတစ်ည အတွက် သွေးနီရောင် မန်ဒါလာ ရောက်လာဖို့ အခွင့်အလမ်း နည်းပါးလေသည်။
ဒါပေမဲ့ ဘာလို့ ချန်ဇီချီ က ဒီကို လမ်းလျှောက်လာခဲ့ရတာလဲ။
ရောဂါကုသဖို့ စိတ်အားထက်သန်နေတဲ့ သွေးနီရောင် မန်ဒါလာ က ချန်ဇီချီ ကို သတိမထားမိဘဲ ဘယ်လိုလုပ် လျစ်လျူရှုထားနိုင်မှာလဲ။
“ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ချန်ဇီချီ ထိတ်လန့်သွားပြီး အပြစ်ရှိစိတ်ကြောင့် ကြောက်ရွံ့မှုတွေ ပြည့်နှက်သွားလေသည်။
တံခါးအပြင်ဘက်မှာ ခြေသံတွေ နီးကပ်လာလေသည်။ လုပ်ကြံသတ်ဖြတ်သူ စာရင်းမှာ တတိယ ချိတ်တဲ့ လုပ်ကြံသူ အနေနဲ့ သွေးနီရောင် မန်ဒါလာ က ဗီလာထဲ တိတ်တဆိတ် ခိုးဝင်လာချိန်ကလွဲရင်၊ အခု လုံးဝ လွတ်လွတ်လပ်လပ် သွားလာနေပြီ ဖြစ်သည်။
သူမ ချင်းလန် ရဲ့ အိပ်ခန်းကို သွားတဲ့ လမ်းကြောင်းကို ကျွမ်းကျင်နေပြီလေ။
“ကျွန်မ ခဏလောက် ပုန်းနေလိုက်မယ်၊ ဒါပေမဲ့ ရှင် ဘာပဲလုပ်လုပ် ကျွန်မ ဒီရောက်နေတယ် ဆိုတာ ဘယ်သူ့ကိုမှ မပြောနဲ့”
ချန်ဇီချီ အခု စကားမပြောနိုင်တော့ဘဲ ယာယီ ပုန်းအောင်းနေဖို့သာ တတ်နိုင်တော့သည်။ မဟုတ်ရင် သူမညီမနဲ့ တွေ့ရင် ဘာမှ ရှင်းပြနိုင်တော့မှာ မဟုတ်ဘူး။
သူမ အလိုလို ကုတင်အောက် ဝင်ပုန်းဖို့ ကြိုးစားပေမယ့်၊ သူမရဲ့ လှပတဲ့ ကိုယ်လုံးကိုယ်ပေါက်ကြောင့် ခန္ဓာကိုယ် တစ်ဝက် ဝင်သွားပေမယ့် ကျန်တစ်ဝက်က အပြင်မှာ ကျန်ရစ်နေလေသည်။
သူမရဲ့ ကိုယ်လုံးကိုယ်ပေါက်က အံ့ဩစရာပင် သွယ်လျတဲ့ ခါးအောက်ပိုင်းက ကားထွက်နေတဲ့ ကောက်ကြောင်း ကြောင့် ယုံနိုင်စရာ မရှိလောက်အောင်ပေ။
တောက်....
ချင်းလန် က ကုတင်အောက် ဝင်ဖို့ ကြိုးစားရင်း တလူးလူး တလွန့်လွန့် ဖြစ်နေတဲ့ ချန်ဇီချီ ကို တစ်ချက် ကြည့်လိုက်လေသည်။ သူ လက်လှမ်းပြီး သူမရဲ့ တင်ပါးကို ရိုက်လိုက်ကာ တိုက်တွန်းလိုက်လေသည်။
“ဒီနေရာ မဖြစ်ဘူး၊ မင်း တင်ပါးက ကြီးလွန်းတယ်။ ဟိုဘက်မှာ သွားပုန်း။”
သူ ဗီရို ရှိရာဘက်ကို လက်ညှိုးထိုးပြလိုက်လေသည်။
ချန်ဇီချီ ကပျာကယာ ပြန်ဆုတ်လိုက်ရာ သူမရဲ့ နောက်စေ့ ကုတင်စွန်းနဲ့ တိုက်မိသွားလေသည်။ သူမ နာကျင်မှုကြောင့် ခေါင်းကို ကိုင်လိုက်ပြီး မျက်လုံးထဲမှာ မျက်ရည်တွေ ဝေ့သီလာလေသည်။
ဒါပေမဲ့ အခု သူမ ဝမ်းနည်းပူဆွေးနေဖို့ အချိန်မရှိဘူး။ သူမ ဗီရို တံခါးကို အမြန်ဖွင့်ပြီး အထဲမှာ ဝင်ပုန်းလိုက်လေသည်။
ကျွီ....
ချန်ဇီချီ ဗီရိုထဲ ဝင်ပုန်းလိုက်ပြီး မကြာခင်မှာပဲ၊ အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားတဲ့ သွေးနီရောင် မန်ဒါလာ ရဲရဲတင်းတင်း လမ်းလျှောက်ဝင်လာလေသည်။
“ဟေး...ငါ မင်းကို ရက်စက်ချင်လို့ မဟုတ်ပါဘူး၊ ဒါပေမဲ့ မနေ့ညက မင်းအစ်မ မင်းကို ဒီမှာ မိသွားတယ်လေ။ ဒီည ဘာကိစ္စ ထပ်ရောက်လာပြန်တာလဲ”
“အသက်ကယ်တယ် ဆိုတာ တစ်ရက်၊ နှစ်ရက်ထက် ပိုမကြာသင့်ဘူးလေ။ ကုသမှု ဗျူဟာတွေ သုတေသန လုပ်ဖို့ ငါ့ကို အနားပေးပါဦး၊ ဟုတ်ပြီလား”
သွေးနီရောင် မန်ဒါလာ ရင်ထဲမှာ ထူးဆန်းတဲ့ ခံစားချက် တစ်ခု ဖြစ်ပေါ်လာပေမယ့်၊ သူမ ထုတ်မပြချင်ခဲ့ပေ။ အေးစက်တဲ့ မျက်နှာထားနဲ့ သူမ ပြောလိုက်လေသည်။
“နင် ငါ့အစ်မကို အနိုင်ကျင့်ခဲ့တယ်။ နင် ဘာတွေ လုပ်ခဲ့လဲ ငါ မသိဘူး မထင်နဲ့”
လုပ်ကြံသတ်ဖြတ်သူ တစ်ယောက် အနေနဲ့၊ သူမ ပစ်မှတ်တွေကို အိပ်ပျော်နေစဉ် သတ်ဖြတ်ခဲ့တာ မရေမတွက်နိုင်အောင်ပင်။
ဒီနည်းလမ်းတွေကနေတဆင့် သူမ အဲ့ဒီယောကျ်ားတွေရဲ့ ညစ်ညမ်းမှုတွေကို မျက်မြင်တွေ့ခဲ့ရတာလေ။
တချို့ ထူးခြားတဲ့ အနံ့တွေ အတွက်ဆိုရင်
သူမမှာ ရှင်းလင်းပြတ်သားတဲ့ နားလည်မှုနဲ့ အနံ့ခံအာရုံ ရှိပြီးသားပင်။
“အင်း...”
သူ့လုပ်ရပ်တွေ ပေါ်သွားတာ မြင်တော့ ချင်းလန် ဘာမှ ရှက်ရွံ့ပုံ မပြပေ။ သူက ဗီရိုဘက်ကို အဓိပ္ပာယ်ပါပါ တစ်ချက် ကြည့်လိုက်ပြီး လေးလေးနက်နက် ပြောလိုက်လေသည်။
“မင်း ဘာတွေးနေလဲ ငါ သိပါတယ်၊ မင်းအစ်မ အတွက် လက်စားချေချင်နေတယ် ဆိုတာ ငါ နားလည်ပါတယ်။ ဒါပေမဲ့ ဒီညက လက်စားချေဖို့ အချိန်ကောင်း မဟုတ်ဘူး။ နောက်တစ်ရက်ကျမှ လုပ်ရင်ကော”
“တစ်နေ့နေ့ ငါတို့ အားတဲ့အချိန်ကျရင်၊ သေချာ ယှဉ်ပြိုင်ကြတာပေါ့။”
ချင်းလန် က ချန်ဇီချီ ကို အပြစ်ကင်းအောင် တမင်တကာ လုပ်ပေးနေတာ မဟုတ်ပေ။
ဒါပေမဲ့ ချန်ဇီချီ နဲ့ သွေးနီရောင် မန်ဒါလာ ညီအစ်မ နှစ်ယောက်က ငါးစာ ကိုက်ပြီးသား ငါးနှစ်ကောင်နဲ့ တူနေပြီလေ။
ဒီနည်းလမ်းနဲ့ တွေ့ဆုံကြဖို့ အခုလောလောဆယ် အကြံမပြုလိုပေ။ မဟုတ်ရင် ငါးကန်ကို နှောင့်ယှက်သလို ဖြစ်ပြီး နောက်ဆက်တွဲ အကျိုးဆက်တွေကို ကြိုတင်ခန့်မှန်းလို့ မရနိုင်တော့ပေ။