အခန်း (၁၀၈) ကျိုးဇယ်ချင်း
“ပြောဖို့ ခက်ပါတယ်၊ ဘာပဲဖြစ်ဖြစ် လူအမျိုးမျိုး စိတ်အထွေထွေ ရှိတာပဲလေ။”
ကျိုးဇယ်ချင်း ပြုံးလိုက်လေသည်။
“ဒါပေမဲ့ ကျွန်မတို့ အနေနဲ့ ကမ္ဘာကြီးကို အမြဲတမ်း ကြင်နာတဲ့ စိတ်နှလုံးသားနဲ့ ကြည့်သင့်တယ်၊ မဟုတ်ရင် ကျွန်မတို့ မြင်တာ အားလုံးက ညစ်ညမ်းမှုတွေပဲ ဆိုရင်၊ ကျွန်မတို့ စိတ်မသက်မသာ ဖြစ်ရမှာ မဟုတ်ဘူးလား”
ချင်းလန် စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်လေသည်။
“ဆရာမ ကျိုး ရဲ့ အကြံပေးစကားတွေ မှန်ပါတယ်။”
ထျန်ဟိုင် တက္ကသိုလ် စာပေဌာနက ပါမောက္ခ ဖြစ်နေတာ အံ့ဩစရာ မဟုတ်ဘူး။
သူမရဲ့ ကိုယ်လုံးကိုယ်ပေါက်နဲ့ ရုပ်ရည်က ထိပ်တန်း အဆင့် ဖြစ်ရုံသာမက၊ သူမရဲ့ စိတ်ဓာတ်နဲ့ စရိုက်လက္ခဏာကလည်း သာမန် လူတွေ ယှဉ်နိုင်တာထက် အများကြီး သာလွန်နေလေသည်။
“ရှင်နော်”
ကျိုးဇယ်ချင်း ရယ်မောလိုက်ပြီး၊ လှပတဲ့ နှင်းဆီတစ်ပွင့်လို ကျက်သရေ ရှိလှလေသည်။ သူမ လက်လှမ်းပြီး ချင်းလန် ရဲ့ နဖူးကို ထိချင်ပေမယ့်၊ သူမလက်ချောင်း လေထဲမှာ ရပ်တန့်သွားပြီး နည်းနည်း မသင့်တော်ဘူးလို့ ခံစားလိုက်ရကာ၊ ပြန်ရုပ်သိမ်းလိုက်ပြီး ခါးသက်သက် ပြုံးကာ ပြောလိုက်လေသည်။
“တကယ်လို့ ကျွန်မ ရှင့်လို ထူးချွန်တဲ့ ကျောင်းသား တစ်ယောက်ကို တကယ် သင်ပေးနိုင်ရင်၊ ကျွန်မ အရည်အချင်းပြည့်မီတဲ့ ဆရာမ တစ်ယောက် ဖြစ်ပြီလို့ ယူဆလို့ ရပြီ။”
သူတို့နှစ်ဦး မိတ်ဆွေဟောင်းတွေလို ယဉ်ကျေးစွာ စကားပြောဆိုနေကြလေသည်။
အမျိုးသမီးတွေက တစ်ယောက်နဲ့တစ်ယောက် မတူကြပေ။
ဒါက ရိုးနေပြီဖြစ်တဲ့ ဇာတ်လမ်းတစ်ပုဒ်ပင် တစ်ဦးချင်းစီအလိုက် ဆက်ဆံမှုပုံစံ ပြောင်းလဲပေးရလေသည်။
ချန်ဇီချီ က တမင်တကာ ပြဿနာရှာတတ်တဲ့ လူစားမျိုး။ သူမကို သင်ခန်းစာ မပေးရင်၊ သူမက သူ့ကို အခွင့်ကောင်းယူလိမ့်မယ်။ဒါကြောင့် သူမကို အပြစ်ပေးဖို့ လိုအပ်လေသည်။
ဒါပေမဲ့ ကျိုးဇယ်ချင်း က နူးညံ့သိမ်မွေ့ပြီး ပညာတတ်ဆန်တဲ့ ပါမောက္ခ တစ်ယောက်၊ မင်း အမှားလုပ်မိရင်တောင် သူမက အလင်းပြပေးပြီး၊ ကိုယ့်ကိုယ်ကို ကောင်းဖို့ တိုက်တွန်းပေးမယ့်သူမျိုးပင်။
ဘယ်လို အခြေအနေမျိုးမှာမဆို အတင်းအကျပ် မလုပ်သင့်ပေ။ အဲ့ဒါက ပြန်ကန်ထွက်လာပြီး အပြန်အလှန် ပျက်စီးမှုတွေတောင် ဖြစ်စေနိုင်လေသည်။
ချင်းလန် တမင်တကာ အကွာအဝေး တစ်ခု ထားပြီး၊ ရုတ်တရက် ဆန်လွန်းတဲ့ လှုပ်ရှားမှုတွေကို ရှောင်ရှားကာ၊ ရှေ့တိုးဖို့ ဟန်ပြင်ရုံ အဆင့်မှာပဲ ရပ်တန့်ထားခဲ့လေသည်။ ကျိုးဇယ်ချင်း နဲ့ သူ့ရဲ့ ဆက်ဆံရေးက တော်တော်လေး ရိုးရှင်းလေသည်။
သူတို့ အပေါ်ယံလေး ထိတွေ့ရုံ ထိတွေ့ခဲ့ပေမယ့် ဘယ်တော့မှ မရပ်တန့်ခဲ့ကာ တဖြည်းဖြည်းချင်း တိုးတက်လာပြီး ကောင်းမွန်တဲ့ လေထုကို ထိန်းသိမ်းထားခဲ့လေသည်။
ဆက်ဆံရေးထပ်ပြီး ဖွံ့ဖြိုးတိုးတက်ဖို့က အခွင့်အလမ်း တစ်ခု လိုအပ်ပြီး အဲ့ဒီ အခွင့်အလမ်းက ချန်ဖျင်အန်း ဆီမှာ ရှိနေလေသည်။
မြေမြှုပ်မိုင်းတွေ ထောင်ထားပြီးပြီ၊ ချန်ဖျင်အန်း တက်နင်းမိမယ့် အချိန်က အခွင့်ကောင်း အချိန်ပဲ။
ညနေ စောင်းလာတာနဲ့အမျှ အမဲသားပေါင်း ခေါက်ဆွဲ ပန်းကန်လုံးကြီး တစ်လုံးကိုစားပြီးတော့
ချင်းလန် က မိသားစု သုံးယောက်နဲ့ ကျိုးဇယ်ချင်း တို့ရဲ့ မျက်စိအောက်ကနေ ဗီလာသို့ ပြန်လာခဲ့လေသည်။
ကျွင်းဇီကကားကို ချောမွေ့စွာ မောင်းနှင်ရင်း နောက်ဘက်ကို လက်မထောင်ပြပြီး ပြောလိုက်လေသည်။
“သခင်လေး၊ သခင်လေးက တကယ် အံ့ဩစရာ ကောင်းတာပဲ”
“မင်း သင်ချင်လား ငါ သင်ပေးမယ်”
ချင်းလန် စိတ်ထဲကနေ တွေးလိုက်မိသည်မှာ သူ နောက်ထပ် အလှပဂေး နှစ်ယောက်နဲ့ ကြုံတွေ့ခဲ့ရလို့ ကျွင်းဇီ အထင်ကြီးသွားတာ ဖြစ်လောက်တယ်လို့ပင်။
မမျှော်လင့်ဘဲ ကျွင်းဇီ က အဲ့ဒီ အဓိပ္ပာယ် လုံးဝ မဟုတ်ခဲ့ပေ။ သူက တွေဝေငေးမောစွာ ပြောလိုက်လေသည်။
“သခင်လေးရဲ့ စကားတွေကို ကြားရတာ စာအုပ်တွေ ဆယ်နှစ် ဖတ်ရတာထက် ပိုကောင်းတယ် ကျွန်တော် သင်ယူပြီးပါပြီ”
“ပြီးခဲ့တဲ့ တစ်ခေါက် သခင်လေး ပြောခဲ့တဲ့ လူတစ်ယောက်ကို သူလိုအပ်တဲ့အတိုင်း ဆက်ဆံသင့်တယ်
ဆိုတာ တကယ်မှန်တာပဲ”
ချင်းလန် မျက်မှောင်ကြုတ်လိုက်လေသည်။
“မင်း အဲ့ဒီကိစ္စ ကျရှုံးသွားပြီလား”
သူမန်နေဂျာ ကျန်း ကို ဆေးခပ်လိုက်တာလား။
ဘုရားရေ၊ ကျွင်းဇီ သူ့နောက်လိုက်ကတည်းက သူ့ရဲ့ အမှောင်ဘက်ခြမ်းတွေ ထွက်ပေါ်လာပြီလား။
သူတို့ အဲ့ဒီလို ဆက်ဆံရေးမျိုး ရှိနေပြီးသားကို၊ သူက ဆေးခပ်သေးတာလား။
“မဟုတ်ပါဘူး၊ မဟုတ်ပါဘူး
ကျွင်းဇီ ခေါင်းခါလိုက်လေသည်။
“ကျွန်တော် မန်နေဂျာ ကျန်း နဲ့ အဆက်အသွယ် မရှိတော့ပါဘူး၊ မသင့်တော်တော့လို့ပါ။”
ချင်းလန် သံသယ ဝင်သွားလေသည်။
“တကယ်တမ်း ဘာဖြစ်ခဲ့တာလဲ”
ကျွင်းဇီ က မန်နေဂျာ ကျန်း ပုံစံမျိုးကိုပဲ သဘောကျတာ မဟုတ်ဘူးလား။
“ဟူး...”
ကျွင်းဇီ သက်ပြင်းချလိုက်လေသည်။
“မန်နေဂျာကျန်း အဲ့ဒီမိန်းမက လူကောင်း မဟုတ်ဘူး...”
“သူမမှာ ရည်းစား ရှိတယ်၊ အဲ့ဒါကို သူမက ကျွန်တော့်ကို ဖုံးကွယ်ထားတာ။ မူလက ကျွန်တော် ဒီကိစ္စကို ဆက်မလိုက်ဖို့ ဆုံးဖြတ်ပြီး အမှောင်ထဲမှာ ထားထားခံရသလိုပဲ ဟန်ဆောင်နေခဲ့တာ။ ဘာပဲဖြစ်ဖြစ် ကျွန်တော် နစ်နာတာမှ မဟုတ်တာ၊ နှစ်ဦးသဘောတူ ဖြစ်ခဲ့တာပဲလေ။”
“ဒါပေမဲ့ မကြာသေးမီက မန်နေဂျာ ကျန်း ပြဿနာ တက်လာတယ်။”
“သူမက ကျွန်တော့်ကို ဖွင့်ပြောလာတယ်၊ သူမရည်းစားနဲ့ လမ်းခွဲပြီး ကျွန်တော်နဲ့ တရားဝင် တွဲချင်တယ်တဲ့။”
ချင်းလန် သဘောတူကြောင်း ညည်းညူလိုက်လေသည်။
“အဲ့ဒါ ကောင်းတယ် မဟုတ်ဘူးလား”
ကျွင်းဇီ ခါးသက်သက် ပြုံးလိုက်လေသည်။
“ဘာကောင်းစရာ ရှိလို့လဲ သခင်လေး အရင်တုန်းက ကျွန်တော်က အပြင်လူ၊ အဲ့ဒီကောင်က ရည်းစား ဆိုတော့ ကျွန်တော် ဘာမှ မဆုံးရှုံးဘူး။ ဒါပေမဲ့ ကျွန်တော်သာ ရည်းစား ဖြစ်လာရင်၊ ပြီးတော့ မန်နေဂျာကျန်း ဆိုတဲ့ မိန်းမက တခြားကောင်တွေကို ဘေးမှာ မွေးထားရင်၊ ကျွန်တော် ဒေါသထွက်ရမှာ မဟုတ်ဘူးလား”
ဒါက ခေါင်းပေါ် အစိမ်းရောင် ဦးထုပ် ဆောင်းတာ ခံရတာပဲ။
ကျွင်းဇီ နားလည်မှုလွဲမှာ ကြောက်လို့ အမြန် ရှင်းပြလိုက်ပြီး၊ နည်းနည်း ရှက်ရွံ့စွာနဲ့ ခေါင်းကုတ်လိုက်လေသည်။
“အင်း၊ ဟီးဟီး၊ ရိုးရိုးသားသား ပြောရရင် သခင်လေး၊ ကျွန်တော် တကယ်တမ်း နောက်တစ်ယောက် ရနေတာ ကြာပါပြီ။”
“အို”
ချင်းလန် စိတ်ဝင်စားသွားပြီး စီးကရက် တစ်လိပ် ကမ်းပေးကာ မီးညှိပေးလိုက်လေသည်။
ကျွင်းဇီ တည်ငြိမ်စွာ ရှူသွင်းလိုက်ပြီး သူက လက်တစ်ဖက်တည်းနဲ့ စတီယာရင်ကို ကိုင်ထားလိုက်လေသည်။
“မကြာသေးခင်က ကျွန်တော် အွန်လိုင်းမှာ ကောင်မလေး တစ်ယောက်နဲ့ တွေ့တယ်။ ကျွန်တော်တို့ အားရင် စကားပြောဖြစ်ကြတယ်။”
ချင်းလန် စီးကရက် တစ်ချက် ရှူပြီး မီးခိုးငွေ့ မှုတ်ထုတ်လိုက်လေသည်။
“မင်းရဲ့ စရိုက်နဲ့၊ မင်းတို့ စကားပြောကြတာလား ဒါမှမဟုတ် ဘဝတွေ အကြောင်း ပြောကြတာလား”
ဟူး......
ကျွင်းဇီ ကားမှန်ချလိုက်ပြီး မီးခိုးငွေ့ မှုတ်ထုတ်ကာ၊ နောက်ပြန်လှည့်ပြီး ချင်းလန် ကို ပြုံးပြလိုက်လေသည်။
“နှစ်မျိုးစလုံး ပါတာပေါ့...”
“ကျွန်တော် အဓိက လုပ်တာက သူမကို လက်ဆောင် အသေးလေးတွေ ပို့ပေးတာပေါ့ လေယာဉ်ပျံတွေ၊ တင့်ကားတွေပေါ့၊ အပြန်အလှန် အနေနဲ့ သူမက ကျွန်တော့်ကို... လက်ဆောင် အသေးလေးတွေ နေ့တိုင်း ပို့ပေးတယ်။”
ချင်းလန် ပြုံးလိုက်လေသည်။
“လက်ဆောင်”
ကျွင်းဇီ စီးကရက် နောက်တစ်ချက်ရှိုက် လိုက်ပြီး အမြန် ဖြည့်စွက်ပြောလိုက်လေသည်။
“အမ်၊ ကျွန်တော် ပြောတာ မှားသွားတယ် သခင်လေး၊ အထင်မလွဲပါနဲ့၊ ဆက်ဆီကျတဲ့ လက်ဆောင် အသေးလေးတွေပါ။”
ဘုရားရေ.....
ကျွင်းဇီ က တကယ်ပဲ အမျိုးသမီး တိုက်ရိုက်ထုတ်လွှင့်သူတွေနဲ့တောင် ပတ်သက်နေတာလား။
ပြီးတော့ သူတို့ နေ့တိုင်း စကားပြောကြတယ်ပေါ့။
“ကျွန်တော် သူမနဲ့ စကားပြောနေတာ တော်တော် ကြာပြီ။ ပြီးခဲ့တဲ့ တစ်ခေါက် သူမ ထျန်ဟိုင်မြို့ ကို ကျွန်တော့်ကို တွေ့ဖို့ လာတုန်းက၊ ကျွန်တော် သွားတွေ့ခဲ့တယ်၊ ကျွန်တော်တို့ ချက်ချင်း အဆင်ပြေသွားကြတယ်။ သူမက မန်နေဂျာ ကျန်း နဲ့ တန်းတူပဲ”
ကျွင်းဇီ သက်ပြင်းချလိုက်လေသည်။
“ကျွန်တော်က သခင်လေးရဲ့ သင်ကြားမှုတွေကို လိုက်နာဖို့ စဉ်းစားပြီး၊ သူမအတွက် ဆေးခပ်ထားတဲ့ ရေတစ်ခွက် ယူသွားခဲ့တယ်။”
ချင်းလန် မျက်ခုံးပင့်လိုက်လေသည်။
“မင်း တကယ် ဆေးခပ်လိုက်တာလား ပြီးတော့ မင်း သူမနဲ့ အိပ်ခဲ့တာလား”
ဒါ အဓိပ္ပာယ် မရှိဘူးလေ....
ကျွင်းဇီ က တစ်ခါတလေ စိတ်မချရပေမယ့်၊ သူက ပညာတတ်လေ။
ဘယ်လိုလုပ် တစ်ယောက်ယောက်ကို ဒီလို အလုပ်မျိုး လုပ်နိုင်မှာလဲ။
သူ့သင်ကြားမှုက လူတွေကို လမ်းလွဲစေဖို့ အဲ့ဒီလောက် လွယ်ကူနေတာလား။
ကျွင်းဇီ လေးလေးနက်နက် ပြောလိုက်လေသည်။
“တကယ်တော့ ကျွန်တော် သူမကို ရှင်းပြခဲ့တယ်၊ ရေထဲမှာ တခုခု ပါတယ်လို့ ပြောပေမယ့်၊ သူမက သောက်လိုက်တာပါပဲ။”
အဲ့ဒါ ဘာကြီးလဲ.....
ချင်းလန် တောင် နည်းနည်း ရှုပ်ထွေးသွားလေသည်။
“နှစ်ဦးသဘောတူ ကိစ္စပဲဟာ၊ ဘာလို့ မင်းက လူတွေကို ဆေးခပ်ဖို့ လိုအပ်ရတာလဲ မင်းအဲ့လောက် ညံ့တာလား”
ကျွင်းဇီ ကောက်ကျစ်စွာ ရယ်မောလိုက်လေသည်။
“တကယ်တော့ ကျွန်တော် ရိုးရိုးရေကို လင်ပန်းနဲ့ ယူသွားတာပါ။ အဲ့ရေအပြင်၊ လင်ပန်းထဲမှာ ငွေသား ယွမ် ၂၀၀၀၀ လည်း ပါတယ်လေ...”
ဟူး.....
မနေနိုင်တော့ဘဲ ချင်းလန် အသက်ရှူမှားသွားပြီး လေပူတွေ မှုတ်ထုတ်မိလိုက်လေသည်။
ဒါက...
အင်း... ဘယ်လို ပြောရမလဲ။
ဘယ်လောက်တောင် အံ့ဩစရာ ကောင်းလိုက်သလဲ!
ငါ ဒါကို လုံးဝ မမျှော်လင့်ထားခဲ့မိဘူး။