အခန်း (၁၀၄) အဲ့ဒီနှစ်ရဲ့ လျှို့ဝှက်ချက်များ
“မင်းတို့ အားလုံး အဲ့ဒီလို မဖြစ်ကြစမ်းပါနဲ့။ ငါ့ဆီမှာ ရတနာ တခုခု ရှိနေသလိုမျိုး လာလုပ်မနေကြနဲ့။”
ချင်းလန် က အာရုံစိုက်ခံရဖို့ အလုအယက် ဖြစ်နေကြတဲ့ ညီအစ်မ နှစ်ယောက်ကို မျက်လုံး လှန်ကြည့်လိုက်လေသည်။
“ငါ မင်းကို အခွင့်အရေး မပေးဘူးလို့ မပြောနဲ့။ မင်း ငါ့ကို ကောင်းကောင်း ပြုစုရင်၊ ဘယ်သူသိမလဲ၊ ငါ စိတ်အခြေအနေ ကောင်းပြီး သူ့ကို လွှတ်ပေးချင် ပေးလိုက်မှာ”
သူက ချန်ဇီချီ ကို ငုံ့ကြည့်လိုက်ပြီး မျက်နှာပေါ်မှာ ကစားချင်စိတ် ပါတဲ့ အပြုံးတစ်ခု ပေါ်နေလေသည်။
ပြုစုရမယ်...
ချန်ဇီချီ က ချင်းလန် ထက် နှစ်အနည်းငယ် ပိုကြီးပေမယ့်၊ သူမက ဘယ်တုန်းကမှ ရည်းစား မထားဖူးသလို၊ အဲ့ဒီ ကိစ္စနဲ့ ပတ်သက်ပြီး ဘာအတွေ့အကြုံမှ မရှိပေ။
“ရှင် ဘယ်လိုလုပ် ဒီလောက် အရှက်မဲ့ရတာလဲ”
ချန်ဇီချီ သွားကြိတ်လိုက်ပြီး၊ အလွန်အမင်း ရှက်ရွံ့ပြီး ဒေါသထွက်နေပေမယ့် ငြင်းဆန်ဖို့ မဝံ့ရဲတာကြောင့် ကျိန်ဆဲသံ တိုးတိုးလေးသာ ရေရွတ်နိုင်လေသည်။
ချင်းလန် သက်ပြင်းချပြီး ခေါင်းခါလိုက်လေသည်။
“မင်းခေါင်းထဲမှာ ဘာတွေ တွေးနေလဲ ငါ မသိဘူး။ ငါက မင်းကို မကြိုက်လို့ မင်းရဲ့ မာနကို ချိုးနှိမ်ချင်ရုံ သက်သက်ပါ။”
အတင်းအကျပ် စေခိုင်းတာလား။
ချင်းလန် က ဒီအရာကို သိပ်မကြိုက်ပေ။
“ကောင်းပြီ၊ ရှင် ကတိတည်သရွေ့၊ ကျွန်မ သဘောတူတယ်”
ချန်ဇီချီ လေးနက်တဲ့ ဆုံးဖြတ်ချက် တစ်ခု ချလိုက်ပုံရပြီး ချင်းလန် ကို စူးစိုက်ကြည့်နေလေသည်။
“မင်း စောစောက ဒီလို ပြောခဲ့ရင်၊ အခုလို ဒုက္ခခံနေစရာ မလိုတော့ဘူးပေါ့။”
သက်ပြင်းချရင်း ချင်းလန် က ချန်ဇီချီ ရဲ့ လက်ပေါ်က ခြေထောက်ကို ဖယ်လိုက်ပြီး နောက်လှည့်ကာ သွေးနီရောင် မန်ဒါလာ ကို နေရာပြန်ချဖို့ အပေါ်ထပ် ခေါ်သွားလိုက်လေသည်။
ချန်ဇီချီ က ညှဉ်းပန်းနှိပ်စက် ခံထားရသလို ချိတ်ဆွဲခံထားရတဲ့ သွေးနီရောင် မန်ဒါလာ ကို မျက်လုံး ပြူးကျယ်ကြီးနဲ့ ကြည့်နေပြီး၊ သူမမျက်နှာမှာ ထိတ်လန့်မှုတွေ ပြည့်နှက်နေလေသည်။
“ရှင် ဒီလို လုပ်လို့ မရဘူး ဒါက လူသတ်တာထက် ပိုဆိုးတဲ့ အရှက်ခွဲနေတာပဲ”
ချင်းလန် စကားမပြောနိုင်ခင် သွေးနီရောင် မန်ဒါလာ သွားကြိတ်ပြီး ပြောလိုက်လေသည်။
“အစ်မ၊ ဒီနတ်ဆိုးကို တောင်းပန်စရာ မလိုဘူး။ ငါ သူ့ကို မကြောက်ဘူး”
ဒါက အခု ဘာမှ မဟုတ်တော့ပေ။ သွေးနီရောင် မန်ဒါလာ ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုက ဒီအဆင့် နှိပ်စက်မှုကို ခံနိုင်ရည် ရှိနေလေပြီ။
သူမ ကျင့်သားတောင် ရနေပြီ။
ချင်းလန် အိပ်ခန်းထဲက ထွက်လာပြီး တံခါးပိတ်ကာ ဧည့်ခန်းထဲ ပြန်ရောက်လာလေသည်။
သူက ဆိုဖာပေါ် ခြေပစ်လက်ပစ် လဲလျောင်းလိုက်ပြီး ချန်ဇီချီ ကို အမိန့်ပေးလိုက်လေသည်။
“သွား၊ ငါ့ခြေထောက် စိမ်ဖို့ ရေတစ်ဇလုံ သွားယူချည်။”
ချန်ဇီချီ က ဘယ်သူလဲ။ သူမလို
မာနကြီးတဲ့ သူမက ဒီလို အမိန့်ပေးခံရတာမျိုး တစ်ခါမှ မကြုံဖူးပေ။
သူမ မသိစိတ်က ပြန်ငြင်းချင်ပေမယ့်၊ လက်ရှိ အခြေအနေကို ပြန်သတိရပြီး၊ တံခါးပိတ်ထားတာတောင် အခန်းထဲက ထူးဆန်းတဲ့ အသံတွေကို ခပ်သဲ့သဲ့ ကြားနေရသေးတာကြောင့်၊ ခေါင်းငုံ့ပြီး ရေသွားခပ်ဖို့ ရေချိုးခန်းဆီ လိမ္မာစွာ သွားလိုက်ရလေသည်။
သူမ အင်္ကျီလက်ကို ပင့်တင်လိုက်ပြီး၊ ခြေဆေးဖို့ ရေတစ်ဇလုံ ယူကာ ချင်းလန် ရှေ့မှာ ချပေးလိုက်သည်။
မသက်မသာ ခံစားချက်ကို မြိုသိပ်ပြီး ချင်းလန် ရဲ့ ခြေထောက်ကို ကိုင်ကာ ရေထဲ ထည့်ပေးလိုက်လေသည်။
ရှူး...
ချင်းလန် ရေအေးနဲ့ ထိလိုက်တာနဲ့ ခြေထောက်ကို ချက်ချင်း ပြန်ရုပ်လိုက်ပြီး၊ ရေဇလုံကို ကန်မှောက်ကာ ဒေါသတကြီး အော်ဟစ်လိုက်လေသည်။
“ဒါ ဘာသောက်တလွဲ လုပ်တာလဲ မင်းက ခြေထောက်ကို ရေအေးနဲ့ ဆေးသလား”
ရိုးရိုးသားသား ပြောရရင် ချင်းလန် သူမကို
တမင်တကာ ဒုက္ခပေးဖို့ မရည်ရွယ်ပေ။ ချန်ဇီချီ က စိတ်မြန်လွန်းပြီး လုံးဝ အလိုက်အထိုက် မနေတတ်လို့သာ။
“ကျွန်မ... ကျွန်မ နောက်တစ်ခု သွားလဲလိုက်ပါ့မယ်။”
ချန်ဇီချီ ဒေါသထွက်လွန်းလို့ မီးတောင်ပေါက်ကွဲတော့မလို ဖြစ်နေပေမယ့်၊ ချင်းလန် ကို ဘာမှ ပြန်မလုပ်နိုင်ခဲ့ပေ။
သူမရဲ့ ဒေါသတွေက ကိုယ့်ကိုယ်ကို အပြစ်တင်စိတ် အဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားလေသည်။
ဒီနတ်ဆိုးကို သွားရန်စမိတာ သူမ ကံဘယ်လောက် ဆိုးလိုက်သလဲ။
ပြီးတော့ သူမရဲ့ ညီမလေးကရော ဘာလို့ ဒီကောင်နဲ့ ပတ်သက်နေရတာလဲ။
အရာအားလုံးက တင်းတင်းကျပ်ကျပ် ရက်လုပ်ထားတဲ့ ပိုက်ကွန်တစ်ခုလို သူမကို လုံးဝ လွှမ်းခြုံထားလေသည်။ သူမမှာ အတောင်ပံ ပေါက်လာရင်တောင် ဒီလွတ်မြောက်လမ်းမရှိတဲ့ ထောင်ချောက်ကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။
မကြာခင်မှာပဲ ရေနွေးတစ်ဇလုံ ယူလာလေသည်။
ချန်ဇီချီ က အရမ်း ပူတယ် ဆိုပြီး ထပ်အဆူမခံရအောင် လက်နဲ့ ကိုယ်တိုင် အပူချိန် စမ်းသပ်ခဲ့လေသည်။
သူမက ရေမြှုပ်ကို လိမ္မာစွာ ယူပြီး ဆိုဖာရှေ့က ရေတွေကို သန့်ရှင်းအောင် သုတ်လိုက်သည်။ ပြီးတော့ ဆောင့်ကြောင့်ထိုင်ပြီး ချင်းလန် ရဲ့ ခြေထောက်ကို ရေထဲ နှစ်ကာ လက်နဲ့ ဆေးကြောပေးလိုက်လေသည်။
“ဟား......”
ချင်းလန် သမ်းဝေလိုက်ပြီး အိတ်ကပ်ထဲက စီးကရက် တစ်လိပ် ထုတ်ကာ မီးညှိလိုက်ကာ
ပြင်းပြင်းထန်ထန် တစ်ချက် ရှူသွင်းလိုက်ပြီး အောက်က ချန်ဇီချီ နဲ့ ပေါ့ပေါ့ပါးပါး စကားပြောလိုက်လေသည်။
“မင်းနဲ့သွေးနီရောင် မန်ဒါလာ တို့ ဘယ်တုန်းက ပြန်တွေ့ပြီး မှတ်မိသွားကြတာလဲ နောက်ဆုံး တွေ့ခဲ့တာ ဆယ်နှစ်ကျော်နေပြီလေ။ ဘယ်လို မှတ်မိကြတာလဲ”
“ရှင် တခြား ဘာတွေ သိသေးလဲ”
ချန်ဇီချီ ပြန်မဖြေဘဲ မေးခွန်းပြန်ထုတ်လိုက်လေသည်။
သူမ ထိတ်လန့်နေမိသည်၊ ချင်းလန် က သူမကို လုံးဝ ထိန်းချုပ်ထားသလို ခံစားနေရလေသည်။
သူမနဲ့ သူမညီမကြားက ဆက်ဆံရေးကို သူတို့နှစ်ယောက်ပဲ သိတာ ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ညီမလေးက ပျောက်ဆုံးသွားပြီး ပြန်ပေးဆွဲခံခဲ့ရတာ၊ နောက်ပိုင်းမှ ထျန်ဟိုင်မြို့ ကို ပြန်ရောက်လာတာလေ။
ဒီအချိန်ကာလအတွင်း သူမမှာ ညီမလေး တစ်ယောက် ရှိတယ် ဆိုတာ ဘယ်သူ့ကိုမှ မပြောပြခဲ့သလို၊ သူမညီမရဲ့ အေးစက်တဲ့ စရိုက်ကြောင့်လည်း ဘယ်သူ့ကိုမှ ပြောပြဖို့ ပိုပြီး မဖြစ်နိုင်ပေ။
“ဒီလောက် သံသယ မဝင်ပါနဲ့။ ငါ ကိစ္စတချို့ သိချင်တယ်၊ ဖိုင်တချို့ ကြည့်ချင်တယ် ဆိုတာ ကိတ်မုန့်စားသလို လွယ်ကူတဲ့ ကိစ္စ မဟုတ်ဘူးလား”
ချင်းလန် ရယ်ချင်စိတ်နဲ့ ပြောလိုက်လေသည်။
“မင်း သိတာကို ငါ သိတယ်၊ မင်း မသိတာကိုလည်း ငါ သိတယ်။”
“ဥပမာ အဲ့ဒီတုန်းကမင်းမိသားစု အသတ်ခံရတဲ့ အမှုမှာ၊ ရှာမတွေ့တော့တဲ့ အလောင်းတစ်လောင်း ကျန်နေသေးတယ် မဟုတ်လား”
“ရှင် အဲ့ဒါ ဘယ်မှာလဲ ဆိုတာ သိလား”
ချန်ဇီချီ ရဲ့ လက်တွေ ရေဇလုံထဲကနေ အမြန် ထွက်လာပြီး ချင်းလန် ရဲ့ ပခုံးကို စိတ်လှုပ်ရှားစွာ ဖိကိုင်လိုက်လေသည်။
“ပြောပါ၊ အလောင်း ဘယ်မှာလဲ”
ပျောက်ဆုံးနေတဲ့ အလောင်းက သူမညီမရဲ့ မိခင်ရင်း၊ သူမကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ အရင်းနှီးဆုံး ဆွေမျိုး၊ သူမရဲ့ အဒေါ်အရင်း ဖြစ်လေသည်။
သူမ ငယ်ငယ်ကတည်းက အရင်းနှီးဆုံး ဆွေမျိုးတွေကို ဆုံးရှုံးခဲ့ရပြီး အဒေါ်အိမ်မှာ ကြီးပြင်းခဲ့ရတာ။
အဒေါ်က သူမကို သမီးရင်းလို ဆက်ဆံပြီး အရမ်း ချစ်ခဲ့တာ။ ငယ်ငယ်တုန်းက ဘာမှ နားမလည်ဘဲ မုန့်စားဖို့ ညီမလေးနဲ့ ရန်ဖြစ်ရင်တောင် အဒေါ်က သူမဘက်က အမြဲ ပါပေးခဲ့တာပင်။
အဒေါ်ရဲ့ အလောင်းက တကယ်တမ်း ဘယ်ရောက်နေတာလဲ ဒါက သူမရဲ့ အသက်မွေးဝမ်းကျောင်း ကာလ တစ်လျှောက်လုံး ခြောက်လှန့်နေတဲ့ ကြီးမားတဲ့ ပဟေဠိ တစ်ခု ဖြစ်နေခဲ့တာ။
ဖိုင်တွေကို ပြန်ရှာပြီး အခင်းဖြစ်ပွားရာ နေရာကို မရေမတွက်နိုင်အောင် ပြန်လည် တည်ဆောက်ခဲ့ပေမယ့် သဲလွန်စ တစ်ခုမှ ရှာမတွေ့ခဲ့ပေ။
စိတ်လှုပ်ရှားလွန်းလို့ ချန်ဇီချီ တည်ငြိမ်မနေနိုင်တော့ပေ။
သူမ ချင်းလန် ကို စူးစိုက်ကြည့်နေပြီး လှပတဲ့ မျက်လုံးတွေ အနည်းငယ် နီရဲလာလေသည်။
“နှစ်တွေ ဒီလောက် ကြာသွားပြီ၊ သေသွားတဲ့သူက ပြန်ရှင်လာမှာမှ မဟုတ်တာ။ ရှာတွေ့ရင်တောင် ဘာထူးမှာမို့လို့လဲ”
ချင်းလန် ပခုံးတွန့်လိုက်ရာ ချန်ဇီချီ သဘောပေါက်သွားပြီး လက်တွေကို ချက်ချင်း ပြန်ရုပ်သိမ်းလိုက်လေသည်။
“မတူဘူးလေ။ အလောင်းကို ရှာတွေ့သရွေ့၊ တရားခံ အစစ်ကို ရှာတွေ့ဖို့ အခွင့်အလမ်း ရှိလာမှာ၊ ပြီးတော့ အဲ့ဒီ လူယုတ်မာက ဘယ်သူလဲ ဆိုတာ သိရမှာ”
ချန်ဇီချီ လက်သီးကို တင်းတင်းကျပ်ကျပ် ဆုပ်ထားလေသည်။
“ရှင် သဲလွန်စ တစ်ခု ပြောပြနိုင်သရွေ့၊ ကျွန်မ ဘာမဆို ပေးဆပ်ဖို့ ဝန်မလေးပါဘူး”
ဒီအချိန်မှာ သူမ ချင်းလန် ကို ဆန့်ကျင်ဖို့ ရည်ရွယ်ချက် လုံးဝ မရှိတော့ပေ။
အဲ့ဒါ သူမရဲ့အဒေါ်အရင်းလေ
သူမ လိုချင်တာက အဒေါ်ရဲ့ အလောင်းကို ရှာပြီး ကောင်းမွန်စွာ ပြန်လည် မြှုပ်နှံပေးဖို့နဲ့၊ တချိန်တည်းမှာပဲ အဒေါ်ရဲ့ မိသားစုကို သတ်ခဲ့တဲ့ လူယုတ်မာကို ရှာဖွေပြီး ဥပဒေဘောင်အတွင်း ခေါ်သွင်းဖို့ပင်။
ဒီအတွက် သူမ အသက်ပေးရမယ် ဆိုရင်တောင် တုံ့ဆိုင်းနေမှာ မဟုတ်ဘူး။
ချင်းလန် သက်ပြင်းချပြီး ခြေထောက်တစ်ဖက် ဆန့်ထုတ်လိုက်လေသည်။
“မင်းက ငါ့ကိုဆေးပေးဖို့ပဲ သိပြီး၊ ရေခြောက်အောင် သုတ်ပေးဖို့ကျ မသိတော့ဘူးလား”
သူမ ရွံရှာမိပေမယ့်၊ သူမရဲ့ စိတ်ကပြောတဲ့အတိုင်း လုပ်ဖို့ တွန်းအားပေးနေလေသည်။
သူမ လိမ္မာစွာ ဆောင့်ကြောင့်ထိုင်ပြီး နူးညံ့တဲ့ မျက်နှာသုတ်ပဝါနဲ့ သူ့ခြေမိုးကို တတ်နိုင်သမျှ ညင်သာစွာ တိတ်တဆိတ် သုတ်ပေးလိုက်ရလေသည်။