အခန်း (၁၀၀) ကျွန်တော် ချင်းလန် လိုင်စင်မဲ့ ဆေးကုသမှု လုပ်နေတဲ့သူကို တိုင်ကြားပါတယ်
စကားတစ်ခွန်းတည်းက ရန်တွေ့တတ်တဲ့ အမျိုးသမီးကို လုံးဝ ကြောင်အသွားစေလေသည်။
ဘာကြောင့်မှန်း မသိ၊ အရင်က သူမ ကြုံတွေ့ခဲ့ဖူးတဲ့ အတွေ့အကြုံ တစ်ခုကို ပြန်သတိရမိလိုက်လေသည်။
လွန်ခဲ့တဲ့ လအနည်းငယ်က ကုမ္ပဏီက စေခိုင်းလို့ သူမ ခရီးသွားခဲ့ရသည်။ လေယာဉ်ပေါ်က ဆင်းပြီးနောက် ဟိုတယ်အသေးလေး တစ်ခုမှာ အဲ့ဒီအချိန်တုန်းက တစ်ယောက်ယောက်က သူမဆီ ဖုန်းဆက်ပြီး ချောမောတဲ့ ကောင်လေး လိုချင်လားလို့ မေးခဲ့သည်။
သူမ မလိုဘူးလို့ ပြောပေမယ့်၊ ဖုန်းတစ်ဖက်က လူက သူတို့ မိတ်ဆက်ပေးမယ့် ကောင်ချောလေးက တစ်နာရီလောက် ကြာရှည်ခံပြီး ယွမ် နှစ်ရာပဲ ကျမယ်လို့ ပြောလေသည်။
သူမ ဒေါသထွက်သွားလေသည်။ ဘယ်ယောကျ်ားမှ တစ်နာရီလောက် ကြာရှည်ခံတယ် ဆိုတာ သူမ လုံးဝ မယုံကြည်ပေ။
ထို့နောက် သူမ မှာယူပြီးနောက် ဆယ်မိနစ်တောင် မကြာဘူး ယွမ် နှစ်ရာ ယူပြီး ထွက်သွားလေသည်။
သေစမ်း......
သူမ ရှေ့က ချင်းလန် က အေးဂျင့် မိတ်ဆက်ပေးတဲ့ ကောင်လေးထက်တောင် စိတ်မချရဘူးလို့ ခံစားလိုက်ရလေသည်။
ပြီးတော့ သူက လူတွေကို လှည့်စားတဲ့ နေရာမှာ တော်တော် ကျွမ်းကျင်တာပဲ။
သူမ ယောကျ်ားက ဘယ်လို လူစားမျိုးလဲ ဆိုတာ သူမ မသိဘဲ နေမလား။
ဒါက သာမန် ဝက်ရူးပြန်ရောဂါ ပဲ။
ဒီနေ့ အပြင်ထွက်တုန်းက ဆေးသောက်ဖို့ မေ့သွားတာ၊ ခဏနေရင် သူ့ဘာသာသူ ပြန်သက်သာသွားမှာပင်။
မကုနိုင်တော့ဘူး အလောင်းကို မီးသင်္ဂြိုဟ်ဖို့ ယူသွားလိုက် ဆိုတဲ့ ဒီကောင် ပြောသလိုမျိုး ဘာမှ မဟုတ်ဘူး။
“အဓိပ္ပာယ်မရှိတာ”
ချန်ဖျင်အန်း နှာမှုတ်လိုက်ပြီး ရှေ့တိုးလာလေသည်။
ရန်တွေ့တတ်တဲ့ အမျိုးသမီးက ချင်းလန် ကို ကြောက်ပေမယ့် သူကတော့ လုံးဝ မကြောက်ပေ။
သူက အေးစက်တဲ့ မျက်နှာထားနဲ့ မတ်တပ်ရပ်လိုက်ပြီး ပြောလိုက်လေသည်။
“ဆေးပညာ နားမလည်ရင် ဒီမှာ လာပြီး ထင်ကြေးတွေ ပေးမနေနဲ့။ ဒီလူက သာမန် ဝက်ရူးပြန်ရောဂါ ခံစားနေရတာ ရှင်းနေတာပဲ။ အပ်စိုက်ကုထုံး နည်းနည်း သုံးလိုက်ရင် သူ သက်သာသွားပြီး နိုးလာလိမ့်မယ်။ ခင်ဗျား ပြောသလို ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
သူက ယုံကြည်မှု အပြည့်နဲ့ ပြောလိုက်တာကြောင့် လမ်းသွားလမ်းလာ အများစုက သဘောတူပြီး ခေါင်းညိတ်လိုက်ကြလေသည်။
“လူငယ်လေး၊ ဒီလူနာ အခြေအနေက ဆိုးရွားနေပုံရတယ်။ လူနာတင်ကား မရောက်ခင် သူ့အခြေအနေ တည်ငြိမ်အောင် မင်း ကြိုးစားကြည့်ပါလား”
“ဟုတ်တယ်၊ ဟုတ်တယ်၊ ကုသမှု မနှောင့်နှေးစေနဲ့။ ဒီလူငယ်လေး ပြောတာ အဓိပ္ပာယ် ရှိတယ်၊ ပေါက်ကရ ပြောနေတာ မဟုတ်ဘူး။”
“သူ့ကို လုပ်ခွင့်ပေးလိုက်ပါ”
“…”
လမ်းသွားလမ်းလာတွေ အားလုံး ဝင်ပြောလာကြလေသည်။
ရန်တွေ့တတ်တဲ့ အမျိုးသမီးက တစ်ချက် ကြည့်လိုက်ပြီး၊ သူမ ယောကျ်ား မျက်လုံး လှန်နေတာ တွေ့တော့ တကယ် တခုခု မှားနေပြီလို့ ကြောက်ရွံ့သွားကာ သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်လေသည်။
ချန်ဖျင်အန်း လူနာဆီ လျှောက်သွားပြီး ချင်းလန် ကို ဂရုမစိုက်သလို တစ်ချက် ကြည့်လိုက်ကာ ပြောလိုက်လေသည်။
“ကျေးဇူးပြုပြီး ဖယ်ပေးပါ၊ လူနာ လေကောင်းလေသန့် ပိုရှူရှိုက်နိုင်အောင် နေရာဖယ် ပေးလိုက်ပါ။”
“ဘာပြောချင်တာလဲ ငါတို့ ကုသမှုက မှားရင်တောင် ငါတို့က ရည်ရွယ်ချက်ကောင်းနဲ့ လုပ်တာပါ။ ဘာလို့ ဒီလောက် ရန်လိုနေရတာလဲ”
မူယွီယန် က ချင်းလန် ရဲ့ လက်မောင်းကို ဆွဲပြီး သူမ နောက်ကျောမှာ ကာကွယ်ပေးလိုက်ကာ၊ မိုးမခရွက်လို မျက်ခုံးလေးတွေ တွန့်ချိုးပြီး သတိပေးခြင်း မရှိဘဲ ပြန်ပြောလိုက်လေသည်။
“ဟွန်း ငါ မင်းကို ဂရုမစိုက်ဘူး”
ချန်ဖျင်အန်း စိတ်တိုသွားပြီး၊ မြို့ကြီးက မိန်းမတွေ အားလုံးက ရွှေတူးသမားတွေ အကောင်းအဆိုး မခွဲခြားတတ်ဘူးလို့ စိတ်ထဲကနေ တွေးလိုက်လေသည်။
သူက နတ်သမားတော်ကြီးရဲ့ စစ်မှန်တဲ့ ဆက်ခံသူ ဖြစ်ပြီး၊ ကြောက်မက်ဖွယ်ရာ သိုင်းပညာ စွမ်းရည်တွေကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
ချင်းလန် လို လူမျိုးက သူ့ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။
အမှန်တရားကို မမြင်နိုင်ကြဘူး။
သူ့ရဲ့ အတွင်းစိတ် မာနက သူ့ကို အမြန် ငြိမ်သက်သွားစေလေသည်။
မူယွီယန် လှပပေမယ့်၊ လောကကြီးမှာ ရုပ်ရည်ချောမောပြီး ကိုယ်လုံးကိုယ်ပေါက် လှပတဲ့ မိန်းမတွေ အများကြီး ရှိပါတယ်။
တစ်နေ့နေ့ကျရင် တစ်ယောက်ယောက်က သူ့ကို ချစ်လာမှာပါ။ မနာလို ဖြစ်နေစရာ မလိုပါဘူး။
သူ ဆောင့်ကြောင့်ထိုင်လိုက်ပြီး အိတ်ထဲက ငွေအပ်တွေကို ထုတ်ကာ လူနာရဲ့ ဦးခေါင်းထိပ်မှာ ထိုးစိုက်လိုက်လေသည်။ ခဏအတွင်းမှာပဲ လူနာရဲ့ နဖူးပြင်မှာ ငွေအပ်တွေ ပြည့်နှက်သွားလေသည်။
“အထင်ကြီးစရာပဲ ဒီလူငယ်လေးက ငယ်ပုံရပေမယ့် ငွေအပ် သုံးစွဲပုံ အမြန်နှုန်းက ရေစီးသလို ချောမွေ့နေတာပဲ။ ဒီလို လုပ်နိုင်ဖို့ ဆယ်စုနှစ်များစွာ လေ့ကျင့်ထားရမှာ”
“ဟုတ်တယ်၊ ငါ ထျန်ဟိုင် က အဲ့ဒီ သမားတော်အိုကြီးကို မြင်ဖူးတယ်၊ သူတောင် ဒီလူငယ်လေးရဲ့ အပ်စိုက်တဲ့ အမြန်နှုန်းကို မယှဉ်နိုင်ဘူး။”
“ဒီလူငယ်လေးက အပိုပြောနေတာ မဟုတ်ဘူး ထင်တယ်၊ သူ တကယ် စွမ်းရည် ရှိတာပဲ။”
“…”
ချန်ဖျင်အန်း က ရွေးချယ်ခံဆိုတဲ့ နာမည်နဲ့ တကယ် ထိုက်တန်တယ်လို့ ပြောရမယ်။ သူက လမ်းဘေးမှာ စိတ်ကြိုက် လူနာ ကုသနိုင်သလို၊ သူ့ကို ချီးကျူးမယ့် အကြောင်းသိတဲ့ လူတွေနဲ့လည်း ကြုံတွေ့နိုင်သေးတယ်။
ဒါက ဘေးနားက လူတချို့ကို ပိုပြီး ယုံကြည်သွားစေခဲ့လေသည်။
မကြာခင်မှာ ချန်ဖျင်အန်း က ငွေအပ်တွေကို တစ်ချောင်းချင်း ပြန်နုတ်လိုက်လေသည်။ ကြမ်းပြင်ပေါ် လဲလျောင်းနေတဲ့ လူက တက်တာ လျော့နည်းသွားပြီး၊ မျက်နှာက ဖြူဖျော့ရာကနေ တဖြည်းဖြည်း ပန်းရောင်သမ်းလာလေသည်။
တုန်ယင်နေတဲ့ နှုတ်ခမ်းတွေလည်း ငြိမ်သက်လာလေသည်။
အင်း......
လူနာ ဖြည်းဖြည်းချင်း နိုးလာပြီး ခဏလောက် တွန့်ဆုတ်နေကာ ပြောလိုက်လေသည်။
“ငါ... ငါ ဘာဖြစ်သွားတာလဲ”
ဒါကို မြင်တော့ ချန်ဖျင်အန်း တိတ်ဆိတ်နေပြီး အခင်းဖြစ်ပွားရာ နေရာကနေ ထွက်ခွာဖို့ လှည့်ထွက်လိုက်လေသည်။
နတ်သမားတော် တစ်ပါး အနေနဲ့ တောင်ပေါ်က ဆင်းလာပြီး ဆေးကုသခြင်း၊ အသက်ကယ်တင်ခြင်း ဆိုတာ သဘာဝကျတဲ့ ကိစ္စပါပဲ။ ပြီးတော့ သူက သူ့ရဲ့ စေ့စပ်ထားသူလို ဖြစ်နေတဲ့ ချူမုန်ယောင် ကို တွေ့ဖို့ ချူမိသားစု ကို သွားရဦးမယ်။ ဒီမှာ လူတွေနဲ့ ရှုပ်ပွေနေဖို့ ဘယ်မှာ အချိန်ရှိမှာလဲ။
ရန်တွေ့တတ်တဲ့ အမျိုးသမီးက လူနာကို တွဲထူပေးလိုက်ပြီး ပျာယာခတ်စွာ ပြောလိုက်လေသည်။
“ရှင် တကယ် နှလုံးသား မရှိတဲ့ ကောင်ပဲ၊ ကျွန်မကို သေမတတ် ကြောက်အောင် လုပ်တယ် ခုနက ရှင် ကြမ်းပြင်ပေါ်မှာ တက်နေတာ၊ အကြောင်းမသိတဲ့ သူဆိုရင် ရှင် သေတော့မယ်လို့ ထင်သွားမှာ။”
“ကံကောင်းစွာနဲ့ လူငယ်သမားတော်လေး တစ်ယောက်က ရှင့်ကို ခုနက ကယ်တင်လိုက်တယ်။”
“သူ ဘာမှ မပြောဘဲ လှည့်ထွက်သွားတယ်။ သူက တကယ့် လူကောင်းပဲ ကျွန်မ သူ့ကို စောစောက အထင်လွဲမိတယ်။”
အွတ်.....
မေးခွန်းတစ်ခွန်း မေးပြီးတာနဲ့ တွဲထူပေးထားတဲ့ လူနာက ရုတ်တရက် သီးသွားပြီး မျက်နှာ ဖြူဖျော့သွားလေသည်။
သူက ကိုယ့်သွေး ကိုယ်ပြန်သီးပြီး ရန်တွေ့တတ်တဲ့ အမျိုးသမီးရဲ့ မျက်နှာပေါ်ကို တောက်ပတဲ့ သွေးနီရောင်တွေ အများကြီး အန်ထုတ်လိုက်လေသည်။
သူ့အသက်ရှူသံ ချက်ချင်း အားနည်းသွားပြီး၊ ကြောင်အသွားတဲ့ အမျိုးသမီးရဲ့ အားနည်းတဲ့ ထောက်ပံ့မှုနဲ့အတူ သူ နောက်ပြန် လဲကျသွားလေသည်။
သေစမ်း ငါ့ကို သေမတတ် ကြောက်အောင် လုပ်လိုက်တာပဲ။
တစ်ယောက်ယောက်က အော်ဟစ်လိုက်ပြီး လူတိုင်း ကျောချမ်းသွားသလို ခံစားလိုက်ရလေသည်။
ရန်တွေ့တတ်တဲ့ အမျိုးသမီး ပြန်တုံ့ပြန်နိုင်ဖို့ အချိန်အနည်းငယ် ကြာသွားပေမယ့် သူမက တံခါးကနေ အပြင်မထွက်ရသေးတဲ့ ချန်ဖျင်အန်း ကို လက်ညှိုးထိုးပြီး သူမ အော်ဟစ်လိုက်လေသည်။
“အဲ့ဒီကောင့်ကို ထွက်ပြေးခွင့် မပေးနဲ့ သူက လူလိမ်ကြီး”
ကိုင်ယွမ် ဟိုတယ် ရဲ့ လုံခြုံရေး ဝန်ထမ်းတွေကလည်း အချောင်သမားတွေ မဟုတ်ကြပေ၊ သူတို့က ဘေးနှစ်ဖက်ကနေ ဝိုင်းရံ ပိတ်ဆို့လိုက်ကြလေသည်။
ဟုတ်ပါတယ်၊ အဓိက အကြောင်းရင်းက ချန်ဖျင်အန်း ဘာဖြစ်နေလဲ မသိဘဲ ကိုယ့်သဘောနဲ့ကိုယ် ပြန်လျှောက်လာလို့ပါ။
သူက ကြမ်းပြင်ပေါ်မှာ အားနည်းပြီး နွမ်းနယ်စွာ လဲလျောင်းနေတဲ့ လူနာကို စိုက်ကြည့်ရင်း ထိတ်လန့်သွားလေသည်။ ဒီလို အခြေအနေမျိုး ကြုံတွေ့ရလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့မိပေ။
ချင်းလန် က နောင်တရနေတဲ့ ပုံစံနဲ့ လျှောက်လာလေသည်။ သူက စီနီယာ လုပ်ဖော်ကိုင်ဖက် တစ်ယောက်လို လူငယ်လေးရဲ့ ပခုံးကို ပုတ်ပေးလိုက်လေသည်။
“လူငယ်လေး၊ ငါ မင်းကို သတိပေးပြီးသားပါ၊ သူ့ကို ခေါ်သွားပြီး မီးသင်္ဂြိုဟ်လိုက်ပါလို့၊ ဒါပေမဲ့ မင်းက ဆရာကြီး လုပ်ချင်နေတာကိုး...”
ဆေးကုသပြီး အသက်ကယ်တင်တဲ့ အလုပ်က အရမ်း ရှုပ်ထွေးပြီး ကြိုတင်ခန့်မှန်းလို့ မရနိုင်ဘူး၊ မင်း ထိန်းချုပ်လို့ မရဘူး...
တီ တီ~
ဝူး-လာ-လာ~
ကွဲပြားပြီး အရေးတကြီး အသံမြည်နေတဲ့ ဥသြသံ နှစ်သံ အဝေးကနေ နီးကပ်လာလေသည်။
ဆေးရုံလူနာတင်ကား တစ်စီးနဲ့ ရဲကား တစ်စီးပင်။
အမျိုးသမီးက အကျိုးအကြောင်း မသိဘဲ ရန်လုပ်နေတာကို မြင်ပြီး အရေးပေါ် ဖုန်းခေါ်ဆိုလိုက်တာ ကိုင်ယွမ် ဟိုတယ် ရဲ့ ဧည့်ခန်းမဆောင် မန်နေဂျာ ဖြစ်လေသည်။
ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေနဲ့ ချန်ဇီချီ ဦးဆောင်တဲ့ ရဲအရာရှိတွေက ဝင်ရောက်လာကြလေသည်။
လူနာရဲ့ မျက်ခွံကို စစ်ဆေးပြီးနောက် ဆရာဝန် တစ်ယောက်က စိတ်တိုသလို ပြောလိုက်လေသည်။
“ဘယ်သူက လူနာရဲ့ ခေါင်းကို ဒီလောက် အပ်အများကြီး ထိုးစိုက်လိုက်တာလဲ သူ့ကိုယ်သူ အပ်စိုက်ကုထုံး နားလည်တယ်လို့ ထင်နေတာလား ဒါ လုံးဝ မဆင်မခြင် လုပ်တာပဲ လူနာ အခြေအနေ အခု ဆိုးရွားနေပြီ၊ အသက်အန္တရာယ် ရှိနေပြီ”
ရန်တွေ့တတ်တဲ့ အမျိုးသမီးက ချန်ဖျင်အန်း နဲ့ ချင်းလန် တို့ဘက်ကို လက်ညှိုးထိုးပြလိုက်လေသည်။
“အကုန်လုံး အဲ့ဒီကောင်လေး လက်ချက်ပဲ ငါ့ယောကျ်ား နဖူးမှာ ငွေအပ်တွေ အများကြီး စိုက်ထားတာ ဖြူကောင် လိုပဲ”
ချန်ဇီချီ က အေးစက်တဲ့ မျက်နှာထားနဲ့ အလွန် ဆိုးရွားတဲ့ အမူအရာနဲ့ ချင်းလန် ဆီ လျှောက်လာလေသည်။
“ဒါ ရှင်နဲ့ ဘာဆိုင်လဲ”
ဘေးနားမှာ ရပ်နေတဲ့ ချန်ဖျင်အန်း က လျစ်လျူရှုခံလိုက်ရပြီး၊ မကောင်းမှု လုပ်တာ ချင်းလန် ပဲ ဖြစ်ရမယ်လို့ မသိစိတ်က ယူဆလိုက်မိလေသည်။
ချင်းလန် ပခုံးတွန့်လိုက်ပြီး ချန်ဇီချီ ရဲ့ ရန်စမှုကို လျစ်လျူရှုကာ၊ ချန်ဖျင်အန်း ကို လက်ညှိုးထိုးပြလိုက်လေသည်။
“အရာရှိ၊ ကျွန်တော် ဒီကောင့်ကို တိုင်ကြားချင်ပါတယ် ကျွန်တော် သူ့ကို လိုင်စင်မရှိဘဲ ဆေးကုသမှု လုပ်တယ် ဆိုပြီး တိုင်ကြားပါတယ်”