ရွှီရှောင်ရှို့တစ်ယောက် ကမ္ဘာကြီးကို အမြင်အသစ်ဖြင့် ကြည့်မြင်ခွင့် ရရှိသွားခဲ့ရပြီ ဖြစ်သည်။
ကျင့်ကြံသူ နတ်ဘုရားအဆင့်အတန်း ရှိသော လူသားများမှာ ယခုလိုမျိုး ပုံစံဖြင့် တိုက်ခိုက်ကြခြင်း ဖြစ်ပါလား
မျက်နှာဖုံးစွပ်လူသားသည် တကယ့်ကို လွယ်ကူသက်သာစွာဖြင့်တင် ရှောင်ချီရှို့ကို ဓားချက်တစ်ချက်တည်းဖြင့် ပြင်းထန်စွာ ဒဏ်ရာရရှိအောင် ပြုလုပ်နိုင်ခဲ့သလို... သူ၏ ဓားအသိစိတ်ဓာတ်တစ်ခုတည်းဖြင့်လည်း အကြီးအကဲ (၉) ဦးစလုံးကို ကောင်းကင်ယံထက်တွင် တွဲလောင်းဆွဲထားနိုင်ခဲ့ပေသည်။ ယခုလိုမျိုး ဓားစာခံ အခြေအနေများကြောင့်ပင် ယဲ့ရှောင်ထျန်းမှာလည်း အတင်းအကျပ် ဖိနှိပ်ချုပ်ချယ်ခြင်း ခံထားရတော့၏
ကောင်းကင်ယံထက်တွင် တွဲလောင်းကျနေခဲ့ကြသော အကြီးအကဲ (၉) ဦးကို ယဲ့ရှောင်ထျန်း လှမ်း၍ ကြည့်ရှုလိုက်မိရင်း သူ၏ ပါးစပ်ကနေ တိုးညှင်းစွာ ကျိန်ဆဲလိုက်မိတော့သည် “တကယ့်ကို... အသုံးမကျတဲ့ အကူအညီပေးသူတွေပဲဗျာ...”
အကြီးအကဲစန်းနှင့် ယဲ့ရှောင်ထျန်းတို့ ကနဦးတုန်းက စီစဉ်ထားခဲ့သော အစီအစဉ်များအတွင်း၌မူ... ယခုလိုမျိုး အဖိုးအိုကြီးများကို အသုံးပြုရန်အတွက် စိတ်ကူးမရှိခဲ့ပါချေ၊ သို့သော် ထိုလူများက မိမိတို့၏ တည်ရှိမှု တန်ဖိုးကို သက်သေပြသရန်အတွက် ဝင်ရောက်ကူညီပေးပါမည်ဟု ဇွတ်အတင်း ပြောဆိုခဲ့ကြခြင်း ဖြစ်ပေသည်။
သူတို့က... ‘သန့်ရှင်းသော အစေခံ’ ကို ဖမ်းဆီးဖို့ရာ တကယ့်ကို လွယ်ကူလှသော အရာတစ်ခုဟု ထင်မှတ်နေခဲ့ကြတာလား။
ဂျွတ်... ဂျွတ်...
ယဲ့ရှောင်ထျန်း ပို၍ပင် ဒေါသထွက်ပေါ်လာခဲ့ရ၏။ ထိုအကျိုးဆက်ကြောင့် ဟာလာဟင်းလင်း နေရာလွတ်အတွင်း၌ ကြီးမားလှသော အက်ကြောင်းကြီးတစ်ခု ထပ်မံ၍ ထွက်ပေါ်လာခဲ့ရတော့သည်။ မျက်နှာဖုံးစွပ်လူသားအနေဖြင့် မည်သို့မျှ မတုံ့ပြန်နိုင်သေးခင်မှာတင်... ရွှီရှောင်ရှို့ လောတကြီးဖြင့် အလျင်အမြန် ဝင်ရောက်ပြောဆိုလိုက်တော့၏
“စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပါဗျာ... စိတ်လိုက်မာန်ပါ လုပ်ဆောင်ခြင်းက... မာရ်နတ်ရဲ့ သွေးဆောင်မှုပဲ...”
ယဲ့ရှောင်ထျန်း - “...”
မျက်နှာဖုံးစွပ်လူသား - “...”
ကောင်းကင်ယံထက်တွင် တွဲလောင်းကျနေခဲ့ကြသော အကြီးအကဲ (၉) ဦးစလုံးမှာ တကယ့်ကို အရှက်ရရှိသွားခဲ့ကြရသော်လည်း... သူတို့ကိုယ်တိုင်က သဘာဝအရ တကယ့်ကို အားနည်းလှသော စိတ်ဓာတ်မျိုး ရှိကြသူများ ဖြစ်ကြသဖြင့် တကယ့်ကို လိမ္မာယဉ်ကျေးစွာ ငြိမ်သက်နေခဲ့ကြတော့၏။ လက်ရှိအချိန်၌ သူတို့သည် မျက်နှာဖုံးစွပ်လူသား၏ အဝေးထိန်းချုပ်မှုအောက်ကနေ မည်သို့မျှ ရုန်းထွက်နိုင်ခြင်း မရှိကြပါချေ
“ငါတို့အတွက် စိုးရိမ်ပူပန်မနေပါနဲ့... ‘သန့်ရှင်းသော အစေခံ’ ဆိုတာက... လူသားအားလုံးရဲ့ သတ်ဖြတ်ခြင်းကို ခံရမယ့် အဖွဲ့ပဲ၊ သူ့ကို အမြန်ဆုံး ဖမ်းဆီးပြီးတော့ ‘သန့်ရှင်းသော နတ်ဘုရားနန်းတော် ’ ဆီကို ခေါ်ဆောင်သွားလိုက်ပါ... ယခုလိုမျိုး လုပ်ဆောင်ခြင်းက လူသားမျိုးနွယ်စု တစ်ခုလုံးအတွက် အကျိုးရှိစေလိမ့်မယ်...” အကြီးအကဲများထဲက တစ်ဦးက အော်ဟစ်ပြောဆိုလိုက်တော့သည်
ထိုစကားလုံးများကို ကြားလိုက်ရသည့် အခါတွင်မူ မျက်နှာဖုံးစွပ်လူသား၏ မျက်လုံးအစုံ တကယ့်ကို အေးစိမ့်သွားခဲ့ရ၏
“လူသားအားလုံးရဲ့ သတ်ဖြတ်ခြင်းကို ခံရမယ် ဟုတ်လား... ငါက မင်းကို သိလို့လား... ငါက မင်းရဲ့ မိသားစုတစ်ခုလုံးကို သတ်ဖြတ်ခဲ့လို့လား...”
မျက်နှာဖုံးစွပ်လူသား သူ၏ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်နှင့်အမျှ... အဆုံးမဲ့လှသော မိုးစက်မိုးပေါက်များအတွင်းကနေ ပြင်းထန်လှသော ဓားစွမ်းအင်များ ချက်ချင်းပင် ထွက်ပေါ်လာခဲ့ရပြီး၊ စကားပြောဆိုခဲ့သော အကြီးအကဲ၏ ခန္ဓာကိုယ်ကို တိုက်ရိုက်ဆိုသလို ဖြတ်သန်းသွားခဲ့ရင်း ထိုလူအား သွေးချင်းချင်းနီမွှန်းနေသော လူသားတစ်ဦးအဖြစ် ချက်ချင်း ပြောင်းလဲပစ်လိုက်တော့၏
ယဲ့ရှောင်ထျန်း၏ မျက်ခွံများ ပြင်းထန်စွာ တုန်ခါသွားခဲ့ရတော့သည်။
“မင်း...” အခြားသော အကြီးအကဲတစ်ဦးလည်း တကယ့်ကို စိတ်မသက်မသာ ဖြစ်သွားခဲ့ရပြီး ဒေါသတကြီး ပြောဆိုလိုက်တော့၏
“မင်းက အဲဒီလောက်အထိ အစွမ်းထက်နေတယ်ဆိုရင်လည်း...”
“တကယ့်ကို... ဆူညံလွန်းတယ်...”
မျက်နှာဖုံးစွပ်လူသားသည် စကားပြောဆိုလိုက်သော အကြီးအကဲထံသို့ သူ၏ ဦးခေါင်းကို လှည့်လိုက်မိသည်။ ထိုအချိန်မှာတင် မိုးစက်မိုးပေါက်များအားလုံးမှာ ပြင်းထန်လှသော ဓားချက်များအဖြစ် ချက်ချင်း ပြောင်းလဲသွားခဲ့ရပြီး အကြီးအကဲ၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားခဲ့ရသဖြင့်... ဒုတိယမြောက် သွေးချင်းချင်းနီမွှန်းနေသော လူသားတစ်ဦး ထပ်မံ၍ ထွက်ပေါ်လာခဲ့ရပြန်တော့၏
ယခုအခါတွင်မူ မည်သူတစ်ဦးတစ်ယောက်မျှ စကားလုံးများကို ထုတ်ဖော်ပြောဆိုဝံ့ကြတော့ခြင်း မရှိပါချေ။ ကောင်းကင်ယံထက်တွင် ကျန်ရှိနေခဲ့ကြသော အကြီးအကဲ (၇) ဦးသာမကဘဲ မြေပြင်ထက်က ဥပဒေစိုးမိုးရေး အစောင့်အရှောက်များ အားလုံးမှာလည်း လုံးဝ တိတ်ဆိတ်သွားခဲ့ကြရတော့၏။
မျက်နှာဖုံးစွပ်လူသား၏ မှုန်ဝါးလှသော မျက်လုံးအစုံအတွင်း၌မူ လှောင်ပြောင်သရော်မှု အရိပ်အယောင်အချို့ ထွက်ပေါ်လာခဲ့ရပြီး ဖြည်းညှင်းစွာ ပြောဆိုလိုက်တော့သည် “ငါအနေနဲ့... အခြားသော လူသားတွေကိုလည်း မျက်နှာလိုက်လို့ မဖြစ်ဘူး မဟုတ်လား...”
သူ သူ၏ လက်တစ်ဖက်ကို နောက်ထပ်တစ်ကြိမ် ဝှေ့ယမ်းလိုက်ပြန်သည်။ မိုးစက်မိုးပေါက် ဓားချက်များမှာ ကောင်းကင်ယံထက်တွင် တဟူးဟူး မြည်ဟီးသွားခဲ့ကြရပြီး ကျန်ရှိနေခဲ့ကြသော အကြီးအကဲ (၇) ဦးစလုံးကိုလည်း သွေးချင်းချင်းနီမွှန်းနေသော လူသားများအဖြစ် ချက်ချင်း ပြောင်းလဲပစ်လိုက်တော့၏
ရွှီရှောင်ရှို့ ထိုနေရာမှာတင် လုံးဝ မှင်တက်သွားခဲ့ရတော့သည်။ ဤမျက်နှာဖုံးစွပ်လူသားက တကယ့်ကို... သတ္တိဗျတ္တိ ပြည့်စုံလွန်းလှပေသည်...
ဒါက တကယ့်ကို မဆင်မခြင် လုပ်ဆောင်ခြင်းပဲဗျာ။ သူ လုပ်ဆောင်နေခဲ့တဲ့ အရာအားလုံးက တကယ့်ကို မဆင်မခြင် ဖြစ်လွန်းလှတယ်ဥစ္စာ
“မင်း...” ယဲ့ရှောင်ထျန်း ဆက်လက်၍ အောင့်အီးသည်းခံနိုင်ခြင်း မရှိတော့ဘဲ တိုက်ခိုက်ရန်အတွက် ပြင်ဆင်လိုက်သော်လည်း... မျက်နှာဖုံးစွပ်လူသားကမူ သူ၏ ဦးခေါင်းကို အလျင်အမြန် လှည့်လိုက်မိရင်း နောက်သို့ ခြေလှမ်းတစ်လှမ်း ဆုတ်ခွာလိုက်တော့၏။
“စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပါဗျာ...” ထိုလူ ပြောဆိုလိုက်သည်
“စိတ်လိုက်မာန်ပါ လုပ်ဆောင်ခြင်းက... မာရ်နတ်ရဲ့ သွေးဆောင်မှုပဲ...”
ပြီးနောက် သူက ထပ်မံ၍ ဖြည့်စွက်ပြောဆိုလိုက်သေး၏ “ငါ့ရဲ့ လက်ထဲမှာ... ဓားစာခံ (၁၀) ယောက် ရှိနေတယ်ဆိုတာကို မမေ့ပါနဲ့...”
ယဲ့ရှောင်ထျန်း - “...”
သူသည် ရွှီရှောင်ရှို့ထံသို့ တကယ့်ကို တည်ကြည်လေးနက်လှသော မျက်လုံးအစုံဖြင့် စိုက်ကြည့်လိုက်တော့၏။
ရွှီရှောင်ရှို့ မှင်တက်သွားခဲ့ရသည်။ ထိုလူက ဘာဖြစ်လို့ မိမိကို လာပြီးတော့ စိုက်ကြည့်နေရတာလဲ။ သူက တိုက်ခိုက်သူမှ မဟုတ်ဘဲ
သေသေချာချာ တွေးတောရမည်ဆိုပါက... လက်ရှိအချိန်၌ မိမိအနေဖြင့် စိတ်လိုက်မာန်ပါ မလုပ်ဆောင်မိရန် တကယ့်ကို အရေးကြီးလှကြောင်း ရွှီရှောင်ရှို့ တွေးတောလိုက်မိသည်။ ထိုအဖိုးအိုကြီးများ သေဆုံးသွားခဲ့ရခြင်းက မည်သို့မျှ အရေးမကြီးလှသည့်တိုင်အောင်... မျက်နှာဖုံးစွပ်လူသားက မိမိကို ယခုအချိန်အထိ အသက်ရှင်ခွင့် ပေးထားခဲ့ခြင်း ဖြစ်သဖြင့် သူ သေဆုံးသွား၍ မဖြစ်ပါချေ။
ရွှီရှောင်ရှို့ တစ်ဖန်ပြန်လည်၍ စကားလုံးအချို့ကို ပြောဆိုချင်စိတ် ဖြစ်ပေါ်လာခဲ့သော်လည်း... မျက်နှာဖုံးစွပ်လူသား ကနဦးတုန်းက ပြောဆိုခဲ့သော “ဆူညံလွန်းတယ်” ဆိုသည့် စကားလုံးများကို ပြန်လည်၍ အမှတ်ရသွားခဲ့ရသဖြင့် သူ၏ ပါးစပ်ကို အလျင်အမြန် ပြန်ပိတ်လိုက်မိတော့၏။
မျက်နှာဖုံးစွပ်လူသား သူ့အား လှမ်း၍ ကြည့်ရှုလိုက်မိရင်း ပြုံးလိုက်တော့သည်
“မင်းက တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းတဲ့ ကောင်လေးပဲ... မင်း စကားဆက်ပြောလို့ ရပါတယ်...”
“...”
“ငါ စကားမပြောချင်တော့ပါဘူးဗျာ...” ရွှီရှောင်ရှို့ တကယ့်ကို စိတ်ပျက်လက်ပျက်ဖြင့် ပြန်လည်၍ ချေပပြောဆိုလိုက်တော့၏ “မင်းအနေနဲ့ ငါ့ကို... မင်း အောင့်အီးထားခဲ့ရတဲ့ လေလည်သံတစ်ခုလိုမျိုး သဘောထားပြီးတော့၊ အခုချက်ချင်းပဲ လွှတ်ပေးလိုက်တာက ပိုပြီးတော့ ကောင်းလိမ့်မယ်...”
“မင်းတို့ ဆရာသခင်ကြီးတွေ အချင်းချင်း တိုက်ခိုက်နေကြတာပဲဥစ္စာ... ငါက မင်းတို့အတွက် မည်သည့် တန်ဖိုးမှ ရှိနေခဲ့တဲ့ လူတစ်ယောက် မဟုတ်ပါဘူး...”
မျက်နှာဖုံးစွပ်လူသား သူ၏ ဦးခေါင်းကို ဖွဖွလေး ပုတ်လိုက်မိရင်း ပြောဆိုလိုက်တော့သည်
“မိမိကိုယ်မိမိ အထင်မသေးစမ်းပါနဲ့... တကယ်တမ်းကျတော့ မင်းက တကယ့်ကို တန်ဖိုးရှိလှတဲ့ လူတစ်ယောက်ပဲဥစ္စာ...”
“ချီးမွမ်းခြင်း ခံရသဖြင့်၊ ပက်ဆစ်အမှတ် +၁။”
ရွှီရှောင်ရှို့ တကယ့်ကို ရူးသွပ်လုနီးပါး ဖြစ်သွားခဲ့ရတော့သည်။ သူသည် ယခုလိုမျိုး ကိစ္စရပ်ကြီးများအတွင်းသို့ ဝင်ရောက်ပတ်သက်ရန် မည်သည့် စိတ်ကူးမျိုးမျှ မရှိခဲ့သလို... မိမိတွင် မည်သို့သော တန်ဖိုးမျိုး ရှိနေကြောင်းကိုလည်း မည်သို့မျှ နားမလည်နိုင် ဖြစ်နေခဲ့ရ၏။
သူသည် မိမိ၏ အိမ်ဂေဟာငယ်လေးဆီသို့ ပြန်လည်၍ အိပ်စက်ချင်စိတ်သာ ရှိတော့ပေသည်။
တကယ်လို့ သူသာ ပြန်လည်၍ အိပ်စက်ခွင့် မရရှိဘူးဆိုလျှင်လည်း... မိမိ၏ ပျက်စီးသွားခဲ့သော အိမ်ဂေဟာလေးကို ပြန်လည်၍ တည်ဆောက်ချင်စိတ်သာ ရှိတော့၏
ဒါပေမဲ့ ဤနေရာကမူ...
သူသည် အောက်ခြေ မြေပြင်ထက်က ငန်းကန်ကြီး ကို လှမ်း၍ ငုံ့ကြည့်လိုက်မိသည့် အခါတွင်မူ... ယခုလိုမျိုး မြင့်မားလှသော အရပ်ကနေ ကြည့်ရှုလိုက်ရသဖြင့် ၎င်းက အစက်အပြောက်ငယ်လေး တစ်ခုအလားသာ ထင်မှတ်ရပေသည်။
ဤနေရာက တကယ့်ကို မြင့်မားလွန်းလှသလို၊ အေးစိမ့်လွန်းလှပြီး တကယ့်ကို ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကောင်းလှပေသည်။
“မင်း... အဓိက ဘာကို လိုချင်နေတာလဲ...”
ယဲ့ရှောင်ထျန်း မျက်နှာဖုံးစွပ်လူသားကို စူးစိုက်စွာ စိုက်ကြည့်လိုက်ရင်း မိမိ၏ ရင်ထဲက ဒေါသတရားများကို အစွမ်းကုန် ထိန်းချုပ်လိုက်ရတော့သည်။ သူသည် မိမိ၏ စိတ်ခံစားချက်များ အထိန်းအကွပ်မဲ့သွားခဲ့ပါက... ကောင်းကင်ကြီးတစ်ခုလုံးကို အောက်သို့ ဆွဲချပစ်မိသွားမလားဟုပင် တကယ့်ကို စိုးရိမ်ပူပန်နေခဲ့ရ၏။
“ငါ အဓိက လိုချင်တာက... ပစ္စည်းတစ်ခုကို လာရောက်ယူဆောင်ဖို့ပဲ ဖြစ်တယ်၊ အဲဒီပစ္စည်းကို ရရှိသွားခဲ့ပြီ ဆိုရင်တော့ ငါ ချက်ချင်းပဲ ထွက်ခွာသွားမှာပါ...”
“ဝိညာဉ်နန်းတော် ထဲက ဘယ်အရာကမှ... မင်းနဲ့ မသက်ဆိုင်ဘူး...”
မျက်နှာဖုံးစွပ်လူသား ဖြည်းညှင်းစွာ ရယ်မောလိုက်တော့သည်
“ငါ အဓိက လိုချင်တဲ့ ပစ္စည်းက... သေချာပေါက် ငါ့ရဲ့ ပစ္စည်း ဖြစ်လာရမယ်...”
ယဲ့ရှောင်ထျန်း အသက်ကို ပြင်းထန်စွာ ရှူသွင်းလိုက်ရတော့၏။
မျက်နှာဖုံးစွပ်လူသား သူ၏ လက်ထဲက လူငယ်လေးကို အပေါ်သို့ မြှင့်တင်လိုက်ရင်း
ဒီလူငယ်လေးက တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းလွန်းလှတယ်... မင်းအနေနဲ့ သူ့ကို ငါ့ထံသို့ ပေးအပ်နိုင်မလား...”
ရွှီရှောင်ရှို့ တကယ့်ကို ရင်ဘတ်ထဲကနေ ပျို့အန်ချင်စိတ်ပင် ဖြစ်ပေါ်သွားခဲ့ရတော့သည်။
သူက ပစ္စည်းတစ်ခု မဟုတ်ဘဲ။ သူက စစ်မှန်လှသော လူသားတစ်ယောက် ဖြစ်ပေသည်။ သူက အခြားသော လူသားတစ်ဦးထံသို့ ပေးအပ်ခြင်း ခံရမည့် အရာတစ်ခု မဟုတ်ပါချေ။
ပြီးတော့ သူသည် ဝိညာဉ်နန်းတော်ကနေ ထွက်ခွာသွားရန် မည်သည့် စိတ်ကူးမျိုးမျှ မရှိပါချေ။ သူသည် အပြင်စည်းနယ်မြေ၏ ချန်ပီယံဆုကို ရရှိထားခဲ့ရုံသာ ရှိသေးပြီး... ဤနေရာတွင် မိမိ၏ ကိုယ်ပိုင် အမွေအနှစ်များကိုပင် ချန်ထားခဲ့ရခြင်း မရှိသေးသည် မဟုတ်ပါလား
ယဲ့ရှောင်ထျန်း လူငယ်လေးအား လှမ်း၍ ကြည့်ရှုလိုက်မိရင်း ပြောဆိုလိုက်တော့သည်
“ငါ ဤလူငယ်လေးကို မင်းထံသို့ ပေးအပ်နိုင်ပါတယ်၊ ဒါပေမဲ့လည်း မင်းအနေနဲ့ အခြားသော အကြီးအကဲ (၉) ဦးစလုံးကို ပြန်လည်ပြီးတော့ လွှတ်ပေးရလိမ့်မယ်... ပြီးတော့ နောက်တစ်ကြိမ် တျန်းစန်းဝိညာဉ်နန်းတော် ဆီကို လုံးဝ လာရောက်ခြင်း မရှိတော့ပါဘူးဆိုတဲ့ ကတိကဝတ်ကိုလည်း ပေးအပ်ရလိမ့်မယ်...”
ရွှီရှောင်ရှို့ - “???”
မျက်နှာဖုံးစွပ်လူသား၏ မျက်လုံးအစုံအတွင်း၌မူ... သူသည် ယခုလိုမျိုး အဆိုပြုချက်ကို ပြန်လည်၍ စဉ်းစားတွေးတောနေခဲ့သည့်အလား အရိပ်အယောင်အချို့ ထွက်ပေါ်လာခဲ့ရတော့၏။
သို့သော် မျက်နှာဖုံးစွပ်လူသားအနေဖြင့် မည်သို့မျှ မတုံ့ပြန်နိုင်သေးခင်မှာတင်... ဒေါသတကြီး ကျိန်ဆဲလိုက်သော အသံကျယ်ကြီးတစ်ခုမှာ ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးထက်တွင် တဟူးဟူး မြည်ဟီး၍ ထွက်ပေါ်လာခဲ့ရတော့သည်။
“ယဲ့ရှောင်ထျန်း... မင်းရဲ့ သေချင်းဆိုး ပါးစပ်ကို... အခုချက်ချင်း ပိတ်ထားစမ်း...”
ထိုစကားလုံးများ ထွက်ပေါ်လာခဲ့ပြီးနောက်၌... နေမင်းကြီးမှာ သာ၍ပင် ပူပြင်းတောက်လောင်လာခဲ့ရသည့်အလား ထင်မှတ်ရပေသည်၊ မိုးစက်မိုးပေါက်များ ရွာသွန်းနေခဲ့ခြင်းမှာလည်း ချက်ချင်းပင် ရပ်တန့်သွားခဲ့ရပြီး ဟာလာဟင်းလင်း နေရာလွတ်ကြီးတစ်ခုလုံးမှာ ပြင်းထန်စွာ ပုံပျက်ပန်းပျက် ဖြစ်ပေါ်သွားခဲ့ရတော့၏။
မြေပြင်ထက်တွင် စုဝေးနေခဲ့ကြသော ရေအိုင်များအားလုံးမှာလည်း မျက်စိတစ်မှိတ်အတွင်းမှာတင် ချက်ချင်း အငွေ့ပျံ ပျောက်ကွယ်သွားခဲ့ရပြီး... တောအုပ်ငယ်လေး၏ လမ်းကြောင်းမှာလည်း တကယ့်ကို ခြောက်သွေ့အက်ကွဲသွားခဲ့ရတော့သည်
ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကောင်းလှသော ပူပြင်းလှသည့် အရှိန်အဝါများမှာ အရပ်မျက်နှာ အနှံ့အပြားကို ချက်ချင်းပင် လွှမ်းမိုးသွားခဲ့ရသဖြင့်... ငန်းကန်ကြီး၏ ဘေးပတ်ပတ်လည်တွင် ရှိနေခဲ့ကြသော ဥပဒေစိုးမိုးရေး အစောင့်အရှောက်များ အားလုံးမှာ တကယ့်ကို ထိတ်လန့်တုန်လှုပ်သွားခဲ့ကြရပြီး သူတို့၏ နဖူးထက်ကနေ တကယ့်ကို စေးကပ်လှသော ချွေးစေးများ စီးကျလာခဲ့ရတော့၏
ခေါင်းဆောင်းဦးထုပ် တစ်ခုကို ကိုင်ဆောင်ထားသော အဖိုးအိုတစ်ဦးမှာ ကောင်းကင်ယံထက်ရှိ သူတို့ သုံးဦး၏ ရှေ့မှောက်သို့ ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့ရသည်။ ၎င်း၏ တကယ့်ကို ညိုမည်းလှသော မျက်ကွင်းညိုကြီးများ ရှိနေခဲ့သည့် မျက်လုံးအစုံမှာ ရွှီရှောင်ရှို့၏ ခန္ဓာကိုယ်ထံသို့သာ စူးစိုက်စွာဖြင့် ကျရောက်နေခဲ့တော့၏။
“အကြီးအကဲစန်း...”
ရွှီရှောင်ရှို့မှတစ်ပါး ကျန်ရှိနေခဲ့ကြသော လူသားနှစ်ဦးစလုံးမှာမူ... ယခုလိုမျိုး ရလဒ် ထွက်ပေါ်လာလိမ့်မည် ဖြစ်ကြောင်း ကြိုတင်၍ ခန့်မှန်းမိထားခဲ့ကြသည့်အလား ထင်မှတ်ရပေသည်
ယဲ့ရှောင်ထျန်း သူ၏ မျက်လုံးအစုံကို မသိမသာ ဝှေ့ယမ်းလိုက်မိတော့၏။ ဤအဖိုးအိုကြီးမှာ နောက်ဆုံးတွင်တော့ အပြင်သို့ ထွက်ပေါ်လာရန်အတွက် အတင်းအကျပ် ဖိအားပေးခြင်း ခံလိုက်ရပြီ ဖြစ်သည်။
“ငါ့ကို... အခြား ရူးသွပ်လှတဲ့ စကားလုံးတွေ လာပြီးတော့ မပြောနေနဲ့တော့...”
အကြီးအကဲစန်း မျက်နှာဖုံးစွပ်လူသား၏ လက်ဝယ်တွင် ရှိနေခဲ့သော လူငယ်လေးထံသို့ သူ၏ လက်ညှိုးကို ထိုးပြလိုက်ရင်း
“ဒီလူငယ်လေးကို... ဘေးကင်းကင်းနဲ့ ပြန်လည်ပြီးတော့ အပ်နှံရလိမ့်မယ်... တကယ်လို့ မင်းသာ အလိုရှိတယ်ဆိုရင်တော့ အခြားသော အကြီးအကဲ (၉) ယောက်စလုံးကို စိတ်ကြိုက် သတ်ဖြတ်ပစ်နိုင်စွမ်း ရှိတယ်... အဲဒီလိုမျိုး သတ်ဖြတ်ပြီးသွားခဲ့ပြီ ဆိုရင်တော့၊ ငါတို့တွေ နောက်ထပ် ခြေလှမ်းအတွက် ဆက်လက်ပြီးတော့ ဆွေးနွေးတိုင်ပင်ကြတာပေါ့...”
အကြီးအကဲ (၉) ယောက်လုံး ဟုတ်လား...
ရွှီရှောင်ရှို့ တကယ့်ကို ရင်ဘတ်ထဲကနေ လှိုက်လှိုက်လှဲလှဲ ခံစားလိုက်ရသဖြင့် သူ၏ မျက်လုံးအစုံအတွင်းကနေ မျက်ရည်များပင် စီးကျလုနီးပါး ဖြစ်ပေါ်သွားခဲ့ရတော့သည်။
သူသည် ကနဦးတုန်းက ဤအဖိုးအိုကြီးအား တကယ့်ကို ထူးဆန်းလှသော၊ မိမိကိုယ်ကိုယ်သာ ဗဟိုပြုတတ်သော တကယ့်ကို အေးစိမ့်လှသော ပင်ကိုယ်စရိုက်မျိုး ရှိသည့် လူတစ်ယောက်အဖြစ် ထင်မှတ်ထားခဲ့သော်လည်း... လက်ရှိအချိန်၌မူ ၎င်း၏ ညိုမည်းလှသော မျက်ကွင်းညိုကြီးများမှာ တကယ့်ကို ကြင်နာသနားတတ်သော အရှိန်အဝါမျိုး ထွက်ပေါ်နေခဲ့ပြီ ဖြစ်သည်။
သူ ပြောဆိုလိုက်သော စကားလုံးများကမူ... ယဲ့ရှောင်ထျန်း ပြောဆိုခဲ့သော စကားလုံးများထက် သာ၍ပင် သီလသမာဓိ ပြည့်စုံလွန်းလှပေသည်။
သူ၏ ရပ်တည်ချက်မှာ အတွင်းစည်းနယ်မြေ၏ ကျောင်းအုပ်ကြီးနှင့် လုံးဝ ကွဲပြားခြားနားလှပေသည်။ အတွင်းစည်းနယ်မြေ၏ ကျောင်းအုပ်ကြီးမှာ အပြင်စည်းနယ်မြေ၏ ချန်ပီယံဆုရှင်အား ရန်သူ့ထံသို့ ပေးအပ်ရန်အတွက် ပြင်ဆင်နေခဲ့ခြင်း မဟုတ်ပါလား
ရွှီရှောင်ရှို့ ထိုအကြောင်းအရာများကို တွေးတောနေခဲ့သည့် အချိန်အတွင်းမှာတင်... မျက်နှာဖုံးစွပ်လူသားသည် မိမိ၏ ခန္ဓာကိုယ်ကို သာ၍ပင် တင်းကျပ်စွာ ချုပ်ကိုင်ထားခဲ့ကြောင်း သတိပြုမိလိုက်ရပြီး ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကောင်းလှသော အသံတစ်သံကို ကြားလိုက်ရတော့၏
“ငါ ထင်မှတ်ထားခဲ့တဲ့အတိုင်းပဲ... မင်းက တကယ့်ကို တန်ဖိုးရှိလှတဲ့ လူတစ်ယောက် ဖြစ်နေခဲ့တာပဲ...”
ရွှီရှောင်ရှို့ သူ၏ နှလုံးသားတစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားခဲ့ရတော့သည်။ သူသည် အကြီးအကဲစန်းထံသို့ “ငါ့ကို ကူညီပါဦး” ဆိုသည့် တောင်းပန်တိုးလျှိုးလှသော မျက်လုံးအစုံဖြင့် လှမ်း၍ ကြည့်ရှုလိုက်မိတော့၏။
အကြီးအကဲစန်း ရွှီရှောင်ရှို့ကို လှမ်း၍ ကြည့်ရှုလိုက်မိရင်း တကယ့်ကို ရင်းနှီးလှသော အပြုံးကြီးတစ်ခုကို ပြုံးပြလိုက်တော့သည် “စိတ်အေးအေးထားစမ်းပါ... မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ အသက်ရှူသံ တစ်ချက်လေး ကျန်ရှိနေသေးသရွေ့တော့၊ ဤအဖိုးအိုက မင်းကို ဘေးကင်းအောင် သေချာပေါက် ကယ်တင်ပေးသွားမှာပါ...”
ထိုအပြုံးကြီးကို မြင်တွေ့လိုက်ရသည့် အခါတွင်မူ ရွှီရှောင်ရှို့၏ ပင်ကိုယ်အသိစိတ်ဓာတ်အရ တကယ့်ကို စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်သွားခဲ့ရတော့၏။ ဤအဖိုးအိုကြီး၏ စိတ်ထဲတွင် မည်သို့သော အကြံအစည်မျိုး ရှိနေခဲ့တာလဲ
တကယ့်ကို... မဆင်မခြင် မလုပ်ဆောင်ပါနဲ့ဦးဗျာ။
မျက်နှာဖုံးစွပ်လူသားသည် ထိုစကားလုံးများကို ကြားလိုက်ရသည့် အခါတွင်မူ နောက်သို့ ချက်ချင်းပင် ဆုတ်ခွာလိုက်တော့၏။
“ထွက်ပြေးချင်တယ် ဟုတ်လား...”
အကြီးအကဲစန်း၏ နှုတ်ခမ်းထောင့်စွန်းများ အပေါ်သို့ ကွေးညွှတ်သွားခဲ့ရပြီး သူ၏ လက်တစ်ဖက်ကို ရှေ့သို့ လှမ်း၍ ဆန့်ထုတ်လိုက်တော့သည်။ နောက်သို့ ဆုတ်ခွာနေခဲ့သော မျက်နှာဖုံးစွပ်လူသားမှာ ထိုနေရာမှာတင် ချက်ချင်းပင် တုံ့ဆိုင်းသွားခဲ့ရပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားခဲ့ရတော့၏
“ငရဲဘုံကောင်းကင် လား...”
ရွှီရှောင်ရှို့ သူ၏ မျက်လုံးအစုံ ပြင်းထန်စွာ ကျုံ့ဝင်သွားခဲ့ရတော့သည်၊ အဘယ်ကြောင့်ဆိုသော် ပူပြင်းလှသော စွမ်းအားပမာဏများမှာ မျက်နှာဖုံးစွပ်လူသား၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားခဲ့ရင်း မိမိ၏ ကိုယ်ပိုင်ခန္ဓာကိုယ်အတွင်းသို့ တိုက်ရိုက်ဆိုသလို စီးဆင်းဝင်ရောက်လာခဲ့သောကြောင့် ဖြစ်ပေ၏။
ဒုန်း...
ပူပြင်းလှသော အရှိန်အဝါများမှာ သူ၏ ခန္ဓာကိုယ်အတွင်း၌ ပြင်းထန်စွာ ပေါက်ကွဲသွားခဲ့ရပြီးနောက်... တကယ့်ကို အရှိန်အဟုန်ဖြင့် စတင်၍ တောက်လောင်သွားခဲ့ရတော့သည်။ ထိုပြင်းထန်လှသော နာကျင်မှု ဝေဒနာမှာ... သူ ကနဦးတုန်းက ငရဲမီးလျှံမျိုးစေ့ ကို ကျင့်ကြံခဲ့စဉ်တုန်းက ကြုံတွေ့ခဲ့ရသော နာကျင်မှုထက် အဆပေါင်း ရာချီ၍ သာ၍ပင် ပြင်းထန်လွန်းလှပေသည်။
ခဟွတ်... ခဟွတ်...
သူ၏ လည်ချောင်းတစ်ခုလုံး မီးတောက်မီးလျှံများ၏ လောင်ကျွမ်းခြင်းကို ခံနေရသည့်အလား ခံစားလိုက်ရတော့၏။ သူ၏ ပါးစပ်အတွင်းက သွေးများမှာ အပြင်သို့ပင် ထွေးထုတ်ခွင့် မရရှိသေးခင်မှာတင် ချက်ချင်းပင် အငွေ့ပျံ ပျောက်ကွယ်သွားခဲ့ရပြီ ဖြစ်သည်။
သူ၏ အရေပြားများအားလုံး တကယ့်ကို ခြောက်သွေ့အက်ကွဲသွားခဲ့ရပြီး ခန္ဓာကိုယ်အတွင်းက ရေဓာတ်များ အားလုံးမှာလည်း လုံးဝ ခန်းခြောက်သွားခဲ့ရတော့၏။ ရွှီရှောင်ရှို့သည် မိမိ၏ ခန္ဓာကိုယ်အတွင်းက သက်စောင့်စွမ်းအားများမှာ တကယ့်ကို အရှိန်အဟုန်ဖြင့် ဆုံးရှုံးပျောက်ကွယ်နေခဲ့ပြီ ဖြစ်ကြောင်း ခံစားလိုက်ရရင်း သူ၏ မျက်စိရှေ့မှောက်တစ်ခုလုံး ချက်ချင်းပင် မှောင်မိုက်သွားခဲ့ရတော့၏။
ဒါက... စစ်မှန်လှသော “ငရဲဘုံကောင်းကင်” ဆိုတဲ့ စွမ်းအားလား...
သူ အစောပိုင်းတုန်းက ထုတ်ဖော်အသုံးပြုခဲ့သော “လူသားများကို အရှင်လတ်လတ် မီးရှို့ဖျက်ဆီးခြင်း” ဆိုသည့် ကကွက်မှာ... ယခုလိုမျိုး စစ်မှန်လှသော စွမ်းအားနှင့် နှိုင်းယှဉ်လိုက်မည်ဆိုပါက ကလေးကစားစရာ အဆင့်မျှသာ ရှိနေခဲ့ကြောင်း ထင်ရှားလှပေသည်...
သူ၏ သတိစိတ်ဓာတ်မှာ သာ၍ပင် ဝေဝါးပျောက်ကွယ်သွားခဲ့ရတော့၏။ နောက်ဆုံးအချိန်မှာတင်... ရွှီရှောင်ရှို့သည် မျက်နှာဖုံးစွပ်လူသား၏ တကယ့်ကို ပြာပြာသလဲ ဖြစ်ပေါ်နေခဲ့သော လေသံကို မသဲမကွဲ ကြားလိုက်ရတော့သည်
“ငါ...ဒီကောင်လေးကို မင်းထံသို့ ပြန်လည်ပြီးတော့ အပ်နှံပါ့မယ်၊ ဒါပေမဲ့လည်း မင်းရဲ့ မီးလျှံတွေကို... အခုချက်ချင်း ပြန်လည်ပြီးတော့ ရုပ်သိမ်းပေးပါဦး...”