“ဟတ်...”
“ကံတရားနတ်ဘုရားက... ငါ့ကို သေချာပေါက် စောင့်ရှောက်ပါစေ...”
ရွှီရှောင်ရှို့သည် မိမိကိုယ်မိမိ ဖုန်းရွှေအကောင်းဆုံးနေရာဟု သတ်မှတ်ထားသည့် ထိုနေရာမှာတင် ဆက်လက်၍ အော်ဟစ်နေခဲ့သည်။
“လာရောက်အားပေးမှုကို ကျေးဇူးတင်ရှိပါသည်။”
“လာရောက်အားပေးမှုကို ကျေးဇူးတင်ရှိပါသည်။”
``“လာရောက်အားပေးမှုကို ကျေးဇူးတင်ရှိပါသည်။” “လာရောက်အားပေးမှုကို ကျေးဇူးတင်ရှိပါသည်။” “သင်သည် အလိုအလျောက်သော့ တစ်ခု ရရှိခဲ့ပါသည်။” “လာရောက်အားပေးမှုကို ကျေးဇူးတင်ရှိပါသည်။” “လာရောက်အားပေးမှုကို ကျေးဇူးတင်ရှိပါသည်။” “လာရောက်အားပေးမှုကို ကျေးဇူးတင်ရှိပါသည်။” “လာရောက်အားပေးမှုကို ကျေးဇူးတင်ရှိပါသည်။”`
“ငါ ထင်သားပဲ...”
သူသည် အချက်အလက် ဘားတန်းကို တိတ်ဆိတ်စွာ ကြည့်ရှုလိုက်သော်လည်း ဝမ်းနည်းပူဆွေးခြင်း မရှိပါချေ။
အမှန်အတိုင်း ပြောရမည်ဆိုပါက... အကြိမ် ၅၀ ကံစမ်းမဲနှိုက်ရာတွင် ထူးခြားလှသည့် အခြေခံ အလိုအလျောက်စွမ်းရည် တစ်ခု ရရှိခဲ့ခြင်းကပင် တကယ့်ကို တန်ဖိုးရှိလှပေပြီ ဖြစ်သည်။ သို့သော် ဘာတစ်ခုမှ ထပ်မံ၍ မရရှိခဲ့သဖြင့် ရင်ထဲတွင်မူ အနည်းငယ် နှမြောတသ ဖြစ်နေရဆဲပင်။
ဘာပဲဖြစ်ဖြစ်... အရာတစ်ခုကို တစ်ကြိမ် ရရှိပြီးသွားခဲ့ပြီဆိုလျှင် နောက်ထပ် အရာများကိုပါ ထပ်မံ၍ မလိုချင်ဘဲ နေမည့်သူ မည်သူရှိမှာလဲ။
‘ငါ မတ်တတ်ရပ်နေတဲ့ ပုံစံကို ပြောင်းလဲလိုက်ရင် ပိုပြီးတော့ ကောင်းမလား...’
‘အင်း... မဟုတ်သေးပါဘူး...’
‘ကံကောင်းခြင်းဆိုတာက တစ်နေရာတည်းကို နှစ်ကြိမ်ဆက်တိုက် ရောက်ရှိလာတတ်တာမျိုးမှ မဟုတ်တာ...’
သူ ဘာဆက်လုပ်ရမလဲဆိုတာကို တွေးတောလိုက်မိရင်း ဘေးပတ်ဝန်းကျင်ရှိ နေရာများကို လှမ်း၍ ကြည့်ရှုလိုက်တော့၏
‘ဒီအခန်းထဲမှာ ပြောင်းရွှေ့ပြီး ရပ်စရာ နေရာလည်း မရှိတော့ဘူး...’
‘ဒီနေရာက တကယ့်ကို ပျက်စီးယိုယွင်းနေတာပဲဥစ္စာ...’
သူသည် ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်မိရင်း... မိုးရေထဲတွင် ကံစမ်းမဲနှိုက်ခြင်းက သူ့အား ပိုမိုကြီးမားလှသော ကံကောင်းခြင်းများကို ပေးစွမ်းနိုင်မလားဟု တွေးတောလိုက်မိသည်
သို့သော် ယခုလိုမျိုး ပြုလုပ်ခြင်းက အနည်းငယ်တော့ အရူးကျမနေဘူးလား။
“ဘာပဲဖြစ်ဖြစ်ကွာ...”
သူ တွေးတောလိုက်မိရင်း ပြတင်းပေါက်ကို ကျော်ဖြတ်ကာ ခြံဝင်းအတွင်းသို့ ဆင်းသက်လိုက်တော့၏။
တောက်... တောက်...
မိုးရေစက်များမှာ အဆက်မပြတ် ကျဆင်းနေဆဲပင်။
သူသည် ခြေလှမ်းတစ်ချက် ခပ်နိမ့်နိမ့် ကန်လိုက်မိရင်း... ကြမ်းပြင်ပေါ်တွင် စုဝေးနေခဲ့သော မိုးရေများကို လေထုထဲသို့ ဖွန်းခနဲ ပျံ့လွင့်သွားစေခဲ့သည်။
“ဟတ်...”
“ကံတရားနတ်ဘုရားက... ငါ့ကို သေချာပေါက် စောင့်ရှောက်ပါစေ...”
ယခုကဲ့သို့ လှပဆန်းကြယ်လှသော မြင်ကွင်း၏ အလယ်တွင်... သူ လက်နှစ်ဖက်ကို ပူးကပ်ကာ လိုက်မိရင်း မိုးရေစက်များက သယ်ဆောင်လာခဲ့သည့် ကံကောင်းခြင်းများအားလုံးကို စုပ်ယူရန် ပြုလုပ်လိုက်တော့၏။
“သင်သည် အလိုအလျောက်သော့ တစ်ခု ရရှိခဲ့ပါသည်။”
“သင်သည် အလိုအလျောက်သော့ တစ်ခု ရရှိခဲ့ပါသည်။”
“တိုးချဲ့ အလိုအလျောက်စွမ်းရည် အသစ်အား ရရှိခဲ့ပါသည် - တုန့်ပြန်အား”
“လာရောက်အားပေးမှုကို ကျေးဇူးတင်ရှိပါသည်။”
“လာရောက်အားပေးမှုကို ကျေးဇူးတင်ရှိပါသည်။”
“လာရောက်အားပေးမှုကို ကျေးဇူးတင်ရှိပါသည်။”
“လာရောက်အားပေးမှုကို ကျေးဇူးတင်ရှိပါသည်။”
“လာရောက်အားပေးမှုကို ကျေးဇူးတင်ရှိပါသည်။”
“လာရောက်အားပေးမှုကို ကျေးဇူးတင်ရှိပါသည်။”
“လာရောက်အားပေးမှုကို ကျေးဇူးတင်ရှိပါသည်။”
“သောက်ကျိုးနည်း...”
“ငါ တကယ်ပဲ အရာတစ်ခုခုကို ထပ်ပြီးတော့ ရရှိခဲ့တာလား...”
သူ အလွန်အမင်း အံ့အားသင့်သွားခဲ့ရသဖြင့် အချက်အလက် ဘားတန်းကို စိုက်ကြည့်လိုက်မိရင်း ခဏမျှ ဆွံ့အသွားခဲ့ရတော့၏။
‘ပထမဆုံး ကြိုးစားမှု သုံးကြိမ်စလုံးမှာတင် အရာတစ်ခုခု ရရှိခဲ့တာတင်မကဘဲ... အခုလည်း အလိုအလျောက်စွမ်းရည်တစ်ခု ထပ်ရပြန်ပြီ ဟုတ်လား’
‘ဘုရားရေ... ငါက ဒီလောက်အထိ တောင် ကံကောင်းနိုင်ရတာလား’
‘ကောင်းပါပြီ... ဒါက တကယ့်ကို ကြောက်စရာကောင်းလွန်းလှတယ်၊ လူတစ်ယောက်ရဲ့ အမူအရာ အနေအထားက တကယ်ပဲ ကံစမ်းမဲနှိုက်တာအပေါ်မှာ သက်ရောက်မှု ရှိနေတာလား’
သူ စိတ်ထဲတွင် တကယ့်ကို ရူးသွပ်စွာဖြင့် အော်ဟစ်ရယ်မောလိုက်ချင်မိပြန်သည်။ ယခုရရှိခဲ့သည့် အလိုအလျောက်စွမ်းရည်က ဒုတိယမြောက် စွမ်းရည် ဖြစ်ပေသည် ၎င်းက မိမိအနေဖြင့် နှစ်ကြိမ်ဆက်တိုက် စွမ်းရည်အသစ်များကို ရရှိခဲ့ခြင်းပင် မဟုတ်လား။
စနစ်ထံကနေ စွမ်းရည်အသစ်တစ်ခုကို ရရှိရန်အတွက် ပိုမို၍ ခက်ခဲလာတတ်သည်ဟူသော အချက်ကို ထည့်သွင်းစဉ်းစားလိုက်မည်ဆိုပါက... အကြိမ် ၅၀ မျှသော ကံစမ်းမဲများအတွင်း၌ အလိုအလျောက်စွမ်းရည် နှစ်ခုအထိ ရရှိခဲ့ခြင်းက အမြင့်မားဆုံးသော ကံကောင်းခြင်းတစ်ခု ဖြစ်မှာ သေချာလှပေသည်
‘တုန့်ပြန်အား...’
‘ဒါက အဆင့်မြှင့်တင်လိုက်မယ်ဆိုရင် တကယ့်ကို အသုံးဝင်လာမယ့် စွမ်းရည်တစ်ခုပဲ...’
သူသည် ယခုစွမ်းရည်၏ အမည်နာမကို ကြည့်ရုံမျှဖြင့်တင် ၎င်းက ဘာကို လုပ်ဆောင်နိုင်မလဲဆိုတာကို အနည်းငယ် ခန့်မှန်းမိနေခဲ့ပြီ ဖြစ်သည်
‘ဂိမ်းတစ်ခု ကစားတဲ့ အခါမျိုးမှာ... လူတစ်ယောက်က ရန်သူ့ရဲ့ ခုခံနိုင်စွမ်း မြင့်မားတဲ့ တင့်ကား အသွင် ကျင့်ကြံသူနဲ့ တွေ့ဆုံရမှာကို မကြောက်တတ်ကြဘူး၊ ဒါပေမဲ့ ထိုတင့်ကားကို သွားရောက်တိုက်ခိုက်မိတဲ့ အခါမှာ ပြန်လည်၍ ထိခိုက်စေနိုင်တဲ့ နာကျင်မှုတွေကိုသာ ပိုပြီးတော့ ကြောက်တတ်ကြတာပဲ...’
‘အခုဆိုရင် ငါ့မှာ "ခွန်အားမြှင့်တင်ခြင်း" စွမ်းရည်ရှိနေတဲ့အပြင်... "တုန့်ပြန်အား" စွမ်းရည်ပါ ရှိလာခဲ့ပြီဆိုတော့... ငါကိုယ်တိုင်က တကယ့်ကို ကြောက်စရာကောင်းတဲ့ တင့်ကားအသားတုံးကြီးတစ်ခု ဖြစ်သွားခဲ့ပြီ မဟုတ်လား’
‘၎င်းအပြင် "ထက်မြက်ခြင်း" စွမ်းရည်နဲ့ "ဓားကျင့်စဉ်ကျွမ်းကျင်မှု" စွမ်းရည်တွေပါ ပေါင်းစပ်လိုက်မယ်ဆိုရင်...’
‘ငါ့အတွက် တိုက်ခိုက်မှုနဲ့ ခုခံမှုအပိုင်းမှာ ဘာပြဿနာမျှ ရှိလာမှာ မဟုတ်တော့ဘူး၊ အခုဆိုရင် ငါ့ကို လာရောက်တိုက်ခိုက်တဲ့ လူမှန်သမျှကိုပါ ခေါင်းခဲသွားအောင် ပြုလုပ်နိုင်စွမ်း ရှိလာခဲ့ပြီဥစ္စာ...’
“ဒါက တကယ့်ကို အလန်းစားပဲ...”
သူ၏ မျက်နှာထက်တွင် အတိုင်းအထက်အလွန် ဝမ်းမြောက်လှသော အပြုံးကြီးတစ်ခု ဖြစ်ပေါ်လာခဲ့ရတော့သည်။
“ဘယ်သူက ငါ့ကို ယှဉ်ပြိုင်နိုင်ဦးမှာလဲ ဟတ်...”
သူ လက်သီးကို တင်းတင်းဆုပ်လိုက်မိရင်း... မိမိ၏ ခွန်အား ၃၀ ရာခိုင်နှုန်းခန့်ကို အသုံးပြုကာ လက်သီးနှစ်ဖက်ကို အချင်းချင်း တိုက်ခိုက်လိုက်တော့၏။
ဒုန်း...
အနည်းငယ် ပြင်းထန်လှသော မြည်ဟီးသံတစ်ခု ထွက်ပေါ်လာခဲ့ရပြီး... လက်သီးနှစ်ဖက်စလုံးမှာ မျက်မြင်မတွေ့ရသော စပရိန် တစ်ခုနှင့် ရိုက်ခတ်မိသွားသလိုမျိုး ဘေးဘက်သို့ ဝုန်းခနဲ ကွဲကွာသွားခဲ့ရတော့သည်။
“တစ်စုံတစ်ခု မှားယွင်းနေပြီ...”
သူ ခဏမျှ စဉ်းစားတွေးတောလိုက်မိပြီးနောက်တွင်မူ... ယခု တုန့်ပြန်အား စွမ်းရည်က သူ ကနဦးက ထင်မှတ်ထားခဲ့သလိုမျိုး မဟုတ်ကြောင်း သတိပြုမိလိုက်ရသည်ဟ
သူ့အနေဖြင့် ယခုစွမ်းရည်၏ အာနိသင်က ရန်သူ့ထံသို့ ဒဏ်ရာများကို ပြန်လည်၍ တုန့်ပြန်ပေးနိုင်စွမ်းရှိသည့် "အနာတုန့်ပြန်ခြင်း" မျိုး ဖြစ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်ပေသည်။ သို့သော် ယခု တုန့်ပြန်အား စွမ်းရည်ကမူ "ပြင်းထန်စွာ ရိုက်ခတ်လွင့်စင်သွားစေခြင်း" ကို ပိုမို၍ ဆိုလိုခြင်း ဖြစ်ပေသည်။
ထိုတုန့်ပြန်မှု အာနိသင်ကြောင့် သူသည် ခွန်အားအနည်းငယ်မျှသာ အသုံးပြုခဲ့သော်လည်း လက်သီးနှစ်ဖက်စလုံးမှာ အဝေးသို့ ရောက်ရှိသွားခဲ့ရခြင်း ဖြစ်ပေသည်
‘ဒါကို တကယ့်ကို ကောင်းမွန်တဲ့ နေရာတွေမှာ အသုံးချလို့ ရနိုင်တာပဲ...’
သူ စိတ်ပျက်သွားခဲ့ခြင်း မရှိဘဲ ပိုမို၍ပင် ဝမ်းမြောက်သွားခဲ့ရသေးသည်။ သူ ထင်မှတ်ထားခဲ့သည့် အခြေအနေနှင့် နှိုင်းယှဉ်လိုက်မည်ဆိုပါက... ယခု တုန့်ပြန်အား စွမ်းရည်ကို ကောင်းမွန်စွာ အသုံးချနိုင်မည်ဆိုလျှင် ရန်သူကို သေချာပေါက် အလစ်အငိုက် မိသွားစေနိုင်စွမ်း ရှိပေသည်
သူ စိတ်ကူးယဉ်လိုက်မိသည်။ တကယ်လို့ ရန်သူက သူ့ထံသို့ လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည့် အခါမျိုးတွင်... သူ့အနေဖြင့် မိမိ၏ ရင်ဘတ်ကို အနည်းငယ် ရှေ့သို့ တိုးပေးလိုက်ရုံမျှဖြင့်တင် ရန်သူသည် ထိန်းချုပ်နိုင်စွမ်းမရှိဘဲ အနောက်သို့ လွင့်စင်သွားရမှာ ဖြစ်ပေသည်။ ၎င်းက ရန်သူကို တကယ့်ကို အလစ်အငိုက် မိသွားစေမှာ သေချာလှပေသည်။
တကယ်လို့ ယခုလိုမျိုး အချိန်အခိုက်အတန့်တွင် သူသာ ဓားကွန်ရက်ပုံစံ ကို ထုတ်ဖော်လိုက်မည်ဆိုပါက...
“ဝါး...”
သူ စိတ်ထဲကနေ တွေးတောလိုက်မိရင်း ထိုအခြေအနေကြောင့် တကယ့်ကို ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည် ၎င်းက ဖြစ်ပျက်လာမည့် အခြေအနေများက တကယ့်ကို ကြောက်စရာကောင်းလှသောကြောင့် ဖြစ်ပေသည်။
ထို့နောက် သူသည် မိမိ၏ အလိုအလျောက်စွမ်းရည်များမှာ တကယ့်ကို သူရဲကောင်းဆန်လှသော အမည်နာမများ ရှိနေကြသော်လည်း... ဘာဖြစ်လို့ ယခုလိုမျိုး စက်ဆုပ်ရွံရှာဖွယ်ကောင်းပြီး စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းလှသော စွမ်းရည်မျိုးတွေ ဖြစ်နေရတာလဲဟု တွေးတောလိုက်မိပြန်သည်
၎င်းတို့က သူရဲကောင်းတစ်ယောက်၏ စွမ်းရည်များ ဖြစ်သင့်သည် မဟုတ်လား။
......
သူ ကံစမ်းမဲ အကြိမ် ၅၀ စလုံးကို ပြီးဆုံးအောင် နှိုက်ခဲ့ပြီ ဖြစ်သည်။ သုံးကြိမ်ဆက်တိုက် စွမ်းရည်အသစ်များကို ရရှိခဲ့ခြင်းမျိုး မဟုတ်သော်လည်း... စွမ်းရည်အသစ် နှစ်ခုအထိ ပိုင်ဆိုင်နိုင်ခဲ့သဖြင့် မိမိကိုယ်မိမိ တကယ့်ကို အားရကျေနပ်နေခဲ့မိပြီ ဖြစ်သည်။
ဟင်...
‘ဘာဖြစ်လို့ ဒီနေရာမှာ သော့ ၁၀ ခု ကျန်ရှိနေသေးတာလဲ...’
သူ ရဲရဲနီနေသော စနစ်မျက်နှာပြင် အောက်နားက စာတန်းများကို လှမ်း၍ ဖတ်ရှုလိုက်ရာ ထိုနေရာတွင် တကယ့်ကို ရှင်းလင်းပြတ်သားစွာ ရေးသားထားခဲ့သည်။
“အလိုအလျောက်သော့ - ၁၀ ခု”
သူ ဆွံ့အသွားခဲ့ရသော်လည်း... အစောပိုင်းတုန်းက ကံစမ်းမဲ အကြိမ် ၅၀ နှိုက်စဉ်တုန်းက "သင်သည် အလိုအလျောက်သော့ တစ်ခု ရရှိခဲ့ပါသည်" ဆိုသည့် စာတန်းများစွာ ထွက်ပေါ်ခဲ့သည်ကို ပြန်လည်၍ အမှတ်ရမိသွားခဲ့ရတော့၏။
‘ဒါက စုဆောင်းထားခဲ့တဲ့ သော့လေးတွေကနေတစ်ဆင့် အခုလိုမျိုး အမြောက်အမြား ဖြစ်ပေါ်လာခဲ့တာပေါ့... ဟုတ်လား’
‘ဟားဟား...... တကယ်ပဲလား...’
‘အကြိမ် ၅၀ လှည့်ပြီးတော့ နောက်ထပ် ကံစမ်းမဲ ၁၀ ကြိမ် အခမဲ့ ထပ်ရတယ်ပေါ့...’
သူ တကယ့်ကို ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားခဲ့ရ၏။ သူ မျက်နှာပေါ်က မိုးရေများကို သုတ်သင်လိုက်မိရင်း ဘေးပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်ကာ... ဘေးနားရှိ ကျောက်တုံးတောင်တုကြီး ပေါ်သို့ တက်ရောက်၍ ဆောင့်ကြောင့်ထိုင်လိုက်တော့သည်။
“ငါ့ရဲ့ အနောက်ဘက်မှာ တောင်တန်းကြီးရှိနေပြီး အရှေ့ဘက်မှာတော့ ရေကန်ကြီး ရှိနေတာပဲဥစ္စာ... ဒါက အမြင့်မားဆုံးသော ကံကောင်းခြင်းတွေ စီးဆင်းရာ နေရာ ဖြစ်ရမယ်...”
“ဟတ်...”
“ကံတရားနတ်ဘုရားက... ငါ့ကို သေချာပေါက် စောင့်ရှောက်ပါစေ...”
သူသည် ကြမ်းပြင်ပေါ်သို့ လက်နှစ်ဖက်ဖြင့် အားပြင်းပြင်း ရိုက်ချလိုက်မိရင်း... မိမိ၏ မဲပေါက်နိုင်ခြေနှုန်းကို မြင့်တက်စေရန်အတွက် တစ်စုံတစ်ခုသော အစီအရင်များ ထွက်ပေါ်မလာခဲ့ခြင်းကို တကယ့်ကို နှမြောတသ ဖြစ်နေမိသည်။
“လာရောက်အားပေးမှုကို ကျေးဇူးတင်ရှိပါသည်။”
“လာရောက်အားပေးမှုကို ကျေးဇူးတင်ရှိပါသည်။”
“သင်သည် အလိုအလျောက်သော့ တစ်ခု ရရှိခဲ့ပါသည်။”
“လာရောက်အားပေးမှုကို ကျေးဇူးတင်ရှိပါသည်။”
“လာရောက်အားပေးမှုကို ကျေးဇူးတင်ရှိပါသည်။”
“လာရောက်အားပေးမှုကို ကျေးဇူးတင်ရှိပါသည်။”
“လာရောက်အားပေးမှုကို ကျေးဇူးတင်ရှိပါသည်။”
“လာရောက်အားပေးမှုကို ကျေးဇူးတင်ရှိပါသည်။”
“လာရောက်အားပေးမှုကို ကျေးဇူးတင်ရှိပါသည်။”
“လာရောက်အားပေးမှုကို ကျေးဇူးတင်ရှိပါသည်။”
သူ ဇဝေဇဝါ ဖြစ်သွားခဲ့ရ၏။
“တောက်...”
သော့ ၁၀ ခုကနေ တစ်ခုတည်းအဖြစ်သို့ လျော့နည်းသွားခဲ့ရပြီ ဖြစ်သည်။ သူ အလွန်အမင်း မျှော်လင့်တောင့်တနေခဲ့သည့် တတိယမြောက် စွမ်းရည်အသစ်ကမူ ဖြစ်ပေါ်လာခြင်း မရှိပါချေ။
သူသည် ထိုကျောက်တုံးတောင်တုအောက်တွင် ဆောင့်ကြောင့်ထိုင်လိုက်မိရင်း အချက်အလက် ဘားတန်းအောက်က ရမှတ်များကို လှမ်းကြည့်လိုက်တော့သည်။
‘အလိုအလျောက်ရမှတ် သုံးသောင်း...’
‘စွမ်းရည်တွေကို အဆင့်မြှင့်တင်ဖို့အတွက် နှစ်သောင်းကိုတော့ သေချာပေါက် ချန်ထားရမယ်၊ ဒါက ငါ့ရဲ့ အရင်းအနှီးပဲ ဖြစ်ပြီး အလဟဿ အဖြစ်မခံနိုင်ဘူး...’
‘နောက်ထပ် တစ်သောင်း ကျန်ရှိနေသေးတာပဲ...’
‘ကဲ... ဘာပဲဖြစ်ဖြစ်ကွာ... စတင်လိုက်ကြရအောင်...’
ထို့နောက် သူသည် မိမိ၏ ရမှတ်များကို အသုံးပြုကာ နောက်ထပ် သော့ကိုးခုနှင့် လဲလှယ်လိုက်သဖြင့်... ကံစမ်းမဲ ၁၀ ကြိမ် ထပ်မံ၍ နှိုက်ရန်အတွက် သော့များ လုံလောက်သွားခဲ့ပြီ ဖြစ်သည်။
သူ့အနေဖြင့် နောက်ထပ် တစ်သောင်းကိုပါ ထပ်မံ၍ ချန်ထားရန် စဉ်းစားခဲ့သော်လည်း... သူ၏ စွမ်းရည်များနှင့် အဆင့်များမှာ အပြည့်အဝ ဖြစ်ပေါ်နေခဲ့ပြီ ဖြစ်သဖြင့် ထိုရမှတ် တစ်သောင်းကို ဒီအတိုင်း ချန်ထားရန် မလိုအပ်တော့ပါချေ။ ထို့ကြောင့် သူသည် မိမိ၏ ကံကောင်းခြင်း အရိပ်အယောင်များ ရှိနေဆဲ အချိန်တွင် ထိုရမှတ်များကိုပါ အသုံးပြုကာ ကံစမ်းမဲနှိုက်ရန်အတွက် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပေသည်
သူ ဆုံးဖြတ်ချက် ချလိုက်ပြီ ဖြစ်၏ “စတင်လိုက်ကြရအောင်...”
သူ အစောပိုင်းတုန်းက "တုန့်ပြန်အား" စွမ်းရည်ကို ရရှိပြီးနောက်ပိုင်း ကံစမ်းမဲ ၁၀ ကြိမ် နှိုက်ခဲ့စဉ်တုန်းက အခြေအနေများကြောင့်... ကံစမ်းမဲနှိုက်ခြင်း ဆိုသည့်အရာက လျှို့ဝှက်ဆန်းကြယ်လှသော အရာတစ်ခု ဖြစ်ပြီး မိမိ၏ ခန္ဓာကိုယ် အနေအထားနှင့် သေချာပေါက် သက်ဆိုင်နေလိမ့်မည်ဟု ကောက်ချက်ချလိုက်ခြင်း ဖြစ်ပေသည်။
‘ကောင်းပြီ... ဖုန်းရွှေအကောင်းဆုံးနေရာကို ရှာဖွေရမယ်...’
ထို့နောက် သူ ဘေးပတ်ဝန်းကျင်ကို လှမ်း၍ ကြည့်ရှုလိုက်သည်။ ဤနေရာက သူ၏ ကိုယ်ပိုင်ခြံဝင်း ဖြစ်သဖြင့် အခြားသော လူတစ်ဦးတစ်ယောက်မျှ ရှိမနေသည်က သဘာဝကျလှပေသည်။
သူသည် ကြမ်းပြင်ပေါ်သို့ ခြေဖဝါး လက်ဖဝါးလေးဖက်စလုံး ထိကပ်ကာ မှောက်လျက် အနေအထားဖြင့် ဝပ်စတွား လိုက်တော့၏။
‘ကောင်းပြီ... ယခုလိုမျိုး အနေအထားက အဆင်ပြေရမယ်...’
‘ဒါပေမဲ့... သောက်ကျိုးနည်း... ဒီပုံစံက တကယ့်ကို အရှက်ရစရာကောင်းလွန်းလှတယ်..’
‘ကံကောင်းတာက ဘေးပတ်ဝန်းကျင်မှာ ဘယ်သူမှ ရှိမနေလို့ပဲ...’
‘ဒီတစ်ကြိမ်ပဲ... ယခုလိုမျိုး ပြုလုပ်မှာ...’
‘နောက်တစ်ကြိမ် လုံးဝ မရှိစေရဘူး...’
သူ မျက်လုံးများကို မှိတ်လိုက်မိရင်း ဘေးပတ်ဝန်းကျင်ကို လှမ်း၍ ကြည့်ရှုခြင်း မပြုတော့ပါချေ၊ ယခုလိုမျိုး ပြုလုပ်ခြင်းက အခြားသော သူများအနေဖြင့် မိမိ ဘာလုပ်နေလဲဆိုတာကို သတိမပြုမိစေရန်အတွက် ဖြစ်ပေသည်။
၎င်းအပြင် သူသည် ထိုကျောက်တုံးတောင်တုကြီး၏ အရိပ်အောက်တွင် မိမိကိုယ်မိမိ တတ်နိုင်သမျှ ဖုံးကွယ်ထားရန်အတွက်လည်း အားစိုက်ထုတ်လိုက်သေး၏ ၎င်းက ထိုနေရာသည် အစွမ်းထက်လှသော စွမ်းရည်များ ထွက်ပေါ်လာနိုင်သည့် နေရာတစ်ခု ဖြစ်လိမ့်မည်ဟု ယူဆထားသောကြောင့် ဖြစ်ပေသည်။
သူသည် စနစ်ထံကနေ စွမ်းရည်အသစ်တစ်ခု ထွက်ပေါ်မလာခဲ့ခြင်းက သေချာပေါက် မိမိ၏ ခန္ဓာကိုယ် အနေအထားနှင့် သက်ဆိုင်နေလိမ့်မည်ဟု အခိုင်အမာ ယုံကြည်ထားခဲ့ခြင်း ဖြစ်သည်။
သူ တကယ့်ကို အလွန်အမင်း အရှက်ရနေခဲ့သဖြင့် “ကံတရားနတ်ဘုရားက... ငါ့ကို သေချာပေါက် စောင့်ရှောက်ပါစေ...” ဟူသော စကားကို အပြင်သို့ ထုတ်ဖော်၍ မအော်ဟစ်တော့ဘဲ စိတ်ထဲကနေသာ ရေရွတ်လိုက်မိရင်း... သော့ ၁၀ ခုစလုံးကို ထိုမဲချာတံကြီးအတွင်းသို့ ပုံအောထည့်လိုက်တော့၏။
ထို့နောက်တွင်မူ အချက်အလက် ဘားတန်း၌ ယခုကဲ့သို့သော စာတန်းများ ထွက်ပေါ်လာခဲ့ရတော့သည်။
“လာရောက်အားပေးမှုကို ကျေးဇူးတင်ရှိပါသည်။”
“လာရောက်အားပေးမှုကို ကျေးဇူးတင်ရှိပါသည်။”
“လာရောက်အားပေးမှုကို ကျေးဇူးတင်ရှိပါသည်။”
“လာရောက်အားပေးမှုကို ကျေးဇူးတင်ရှိပါသည်။”
“လာရောက်အားပေးမှုကို ကျေးဇူးတင်ရှိပါသည်။”
“လာရောက်အားပေးမှုကို ကျေးဇူးတင်ရှိပါသည်။”
“လာရောက်အားပေးမှုကို ကျေးဇူးတင်ရှိပါသည်။”
“လာရောက်အားပေးမှုကို ကျေးဇူးတင်ရှိပါသည်။”
“လာရောက်အားပေးမှုကို ကျေးဇူးတင်ရှိပါသည်။”
“လာရောက်အားပေးမှုကို ကျေးဇူးတင်ရှိပါသည်။”
ဖူး...
သူ ယခုစာတန်းများကို မြင်တွေ့လိုက်ရသည့် အခါတွင်မူ... ရင်ထဲတွင် တကယ့်ကို အောင့်တက်သွားခဲ့ရပြီး သွေးတစ်လုပ်ပင် အန်ထုတ်လိုက်မိကာ မေ့လဲလုနီးပါး ဖြစ်သွားခဲ့ရတော့၏။ သူသည် စနစ်က သူ့အား နောက်ဆုံးအချိန်တွင် ယခုကဲ့သို့သော ပြင်းထန်လှသည့် ရိုက်ခတ်မှုကို ပေးစွမ်းလိမ့်မည်ဟု မည်သည့်အခါမျှ ထင်မှတ်ထားခဲ့ခြင်း မရှိပါချေ။
ကံစမ်းမဲ ၁၀ ကြိမ်စလုံး ဘာတစ်ခုမှ မပေါက်ခဲ့ပါချေ
“သင်သည် အလိုအလျောက်သော့ တစ်ခု ရရှိခဲ့ပါသည်”
ဆိုသည့် စာတန်းလေးမျှပင် ထွက်ပေါ်လာခြင်း မရှိခဲ့ပါချေ။
‘ဒါဆိုရင်... ငါ့ရဲ့ ဇာတ်လမ်းက အမြဲတမ်း ယခုလိုမျိုး ဝမ်းနည်းစရာကောင်းတဲ့ အခြေအနေနဲ့ပဲ ပြီးဆုံးရမှာလား... ဟုတ်လား’
သူ မိမိ၏ မျက်နှာပေါ်က အရာများကို သုတ်သင်လိုက်မိရင်း... ၎င်းက မိုးရေစက်များလား သို့မဟုတ် မိမိ၏ မျက်ရည်များလားဆိုတာကိုပင် သေချာစွာ မခွဲခြားနိုင်တော့ဘဲ စိတ်ပျက်လက်ပျက်ဖြင့် ပြန်လည်၍ မတ်တတ်ထရပ်လိုက်တော့၏
“အလိုအလျောက်ရမှတ် - ၂၁၀၀၀ မှတ်။”
ရုတ်တရက်ဆိုသလို သူ၏ မျက်ဝန်းများအတွင်း၌ အရည်အချင်းသစ်များ တောက်ပလာခဲ့ရသည်။ ထိုနေရာတွင် နောက်ထပ် ရမှတ် ၁၀၀၀ ပိုလျှံနေသေးသည် မဟုတ်လား သူ့အနေဖြင့် ယခုတစ်ကြိမ်တည်းသော ကံစမ်းမဲနှိုက်ခြင်းကနေတစ်ဆင့် အံ့ဖွယ်အခြေအနေတစ်ခုကို ဖန်တီးနိုင်မလားဟု တွေးတောလိုက်မိပြန်၏။
သူ ထိုရမှတ် ၁၀၀၀ ကို အသုံးပြုကာ သော့တစ်ခုနှင့် လဲလှယ်လိုက်မိရင်း ဘာတစ်ခုမှ ဝေခွဲမနေတော့ဘဲ မဲချာတံကြီးအတွင်းသို့ ချက်ချင်းပင် ထည့်သွင်းလိုက်တော့သည်။
“လာရောက်အားပေးမှုကို ကျေးဇူးတင်ရှိပါသည်။”
......
ဒုန်း... ဒုန်း... ဒုန်း...
ချက်ချင်းဆိုသလိုပင် ထိုခြံဝင်းအတွင်း၌ ပြင်းထန်လှသော ပေါက်ကွဲသံများစွာ ထွက်ပေါ်လာခဲ့ရပြီး ကြမ်းပြင်ပေါ်တွင်လည်း နက်ရှိုင်းလှသော ကျင်းကြီးများစွာ ဖြစ်ပေါ်လာခဲ့ရတော့၏။
......
“အလိုအလျောက်ရမှတ် - ၂၀၀၀ မှတ်။”
“အလိုအလျောက်ရမှတ် - ..”
“စိတ်ဓာတ်မြင့်မားခြင်း (မွေးရာပါအဆင့် - ၁)”
“တုန့်ပြန်အား (မွေးရာပါအဆင့် - ၁)”
သူ မိမိ၏ လက်ဖဝါးများကို ခါယမ်းလိုက်မိရင်း အားရကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်တော့သည်။ မိမိအနေဖြင့် ယခုတစ်ညတာအတွင်းမှာတင် အရာအားလုံးကို ဆုံးရှုံးသွားခဲ့ရသလိုမျိုး ဖြစ်နေခဲ့သော်လည်း လက်တွေ့တွင်မူ ဆန့်ကျင်ဘက်ပင် ဖြစ်ပေသည်။
ကြီးမြတ်လှသော အလိုအလျောက်စွမ်းရည် ရှစ်ခု။ အားလုံးက မွေးရာပါအဆင့် များ ဖြစ်ကြပေသည်။
“ဒါက တကယ့်ကို ပြီးပြည့်စုံလွန်းလှတယ်...”
သူ ချက်ချင်းပင် မတ်တတ်ထရပ်လိုက်မိရင်း အခန်းအတွင်းသို့ လျှောက်လှမ်းသွားခဲ့တော့၏။ သူ့တစ်ကိုယ်လုံးမှာလည်း မိုးရေများကြောင့် ရွှဲနစ်နေခဲ့ပြီ ဖြစ်သည်။
“ရေချိုးဖို့ အချိန်တန်ပြီ...”
“ပြီးရင်တော့... သွားပြီးတော့ အိပ်စက်အနားယူရမယ်...”