အလိုအလျောက်ရမှတ် ရှစ်သောင်းကျော်။
ထိုငရဲမီးမျိုးစေ့ နှစ်ခုကို သန့်စင်ရုံမျှဖြင့်တင် သူ့အား တစ်ခုလျှင် အလိုအလျောက်ရမှတ် လေးသောင်းကျော်စီ ပေးအပ်ခဲ့ခြင်း ဖြစ်ပေသည်။
ရွှီရှောင်ရှို့ တကယ့်ကို အံ့အားသင့်သွားခဲ့ရ၏။ တကယ်လို့ ထိုမီးမျိုးစေ့များကို ခန္ဓာကိုယ်ထဲတွင် ထားရှိခြင်းက သူ့အား ပြင်းထန်လှသော နာကျင်မှုများကို မပေးစွမ်းနိုင်ခဲ့ဘူးဆိုပါက... သူသည် နေ့ရောညပါ အမြဲတမ်း လောင်ကျွမ်းခံနေချင်မိမှာ သေချာလှပေသည်
‘ဒါပေမဲ့ ငါက... အင်း... ငါကိုငါ နာကျင်အောင် လုပ်ရတာကို သဘောကျတဲ့ အရူးတစ်ယောက်မှ မဟုတ်တာပဲ...’
သူ စိတ်ထဲကနေ တွေးတောလိုက်မိသည်။
သူ့အနေဖြင့် လူအယောက် လေးငါးဆယ်ခန့်၏ ဝိုင်းဝန်းရိုက်နှက်ခြင်းကို ခံယူနေရသည့်တိုင်အောင်ပင်... ခန္ဓာကိုယ်တစ်ခုလုံးကို အနှိပ်ခံနေရသလိုမျိုး တကယ့်ကို ပျော်ပျော်ရွှင်ရွှင်နှင့် ဟန်ဆောင်နိုင်စွမ်း ရှိပေသည်။ ထိုအရာကို ပြုလုပ်ရန် သူ့အတွက် ဘာပြဿနာမျှ ရှိမနေပါချေ။ သို့သော် ယခုအခြေအနေက မိမိ၏ ခန္ဓာကိုယ်အတွင်း၌ အချိန်မရွေး ပေါက်ကွဲသွားနိုင်သည့် အချိန်ကိုက်ဗုံးတစ်လုံးကို ထားရှိရသလိုမျိုး ဖြစ်နေသဖြင့် တကယ့်ကို ကွာခြားလှပေသည်
‘ဒီလောက်နဲ့တင် တော်လောက်ပါပြီ...’
‘ဘာပဲဖြစ်ဖြစ်... ယခုလိုမျိုး အရာကို လုပ်ဆောင်ဖို့က တကယ့်ကို ခက်ခဲလွန်းလှတယ်...’
သူသည် မိမိ၏ အသက်ကို တကယ့်ကို တန်ဖိုးထားမြတ်နိုးလှသူ ဖြစ်ပေသည်။ ထို့နောက် သူသည် ယခုရမှတ်များကို အလိုအလျောက်သော့ အခု ၅၀ နှင့် အလွယ်တကူပင် လဲလှယ်နိုင်ကြောင်း သတိပြုမိသွားခဲ့ရ၏။
မှန်ပေသည်... အလိုအလျောက်သော့ အခု ၅၀။
ယခင် ကံစမ်းမဲနှိုက်စဉ်တုန်းက ကျန်ရှိနေခဲ့သော သော့နှစ်ခုနှင့် ပေါင်းစပ်လိုက်မည်ဆိုပါက... ယခုအချိန်တွင် သူ့၌ စုစုပေါင်း အလိုအလျောက်သော့ ၅၂ ခုအထိ ရှိနေပြီ ဖြစ်သည်
သူသည် တကယ့်ကို အရူးတစ်ယောက်ကဲ့သို့ ပြုံးဖြဲဖြဲ လုပ်လိုက်မိရင်း... စိတ်ထဲတွင် တကယ့်ကို မာန်မာနများ မြင့်တက်လာခဲ့ရတော့၏။
ယခင်တုန်းကမူ... သူသည် ယခုကဲ့သို့သော သော့အနည်းငယ်မျှကို လဲလှယ်ရန်အတွက်ပင် တကယ့်ကို ဂရုတစိုက်ဖြင့် တွေးတောခဲ့ရဖူးသည် မဟုတ်လား။ သို့သော် ယခုအချိန်တွင်မူ သူသည် မျက်တောင်တစ်ချက်မျှ မခတ်ဘဲ သော့အခု ၅၀ ကို အလွယ်တကူပင် လဲလှယ်နိုင်စွမ်း ရှိနေခဲ့ပြီ ဖြစ်သည်
‘ငါ အားသွန်ခွန်စိုက် ကြိုးစားခဲ့သမျှတွေက... ယခုလိုမျိုး အချိန်အခိုက်အတန့်အတွက်ပဲ မဟုတ်လား...’
‘ဒါနဲ့... ငါ ဘာဖြစ်လို့ အလိုအလျောက်ရမှတ် သုံးသောင်းခန့်ကို ချန်ထားခဲ့ရတာလဲဆိုတော့...’
‘ဘာပဲဖြစ်ဖြစ်... လူသားတစ်ယောက်အနေနဲ့ အိပ်မက်တွေ ရှိဖို့ လိုအပ်တယ် မဟုတ်လား...’
‘ငါ မှတ်မိသလောက်ဆိုရင်... ပြီးခဲ့တဲ့ အခေါက်တုန်းက ငါ နှစ်ခါဆက်တိုက် စွမ်းရည်အသစ်တွေ ရရှိခဲ့ဖူးတယ်၊ တကယ်လို့ ဒီတစ်ကြိမ်မှာ သုံးခါဆက်တိုက် စွမ်းရည်အသစ်တွေ ရရှိခဲ့မယ်ဆိုရင်... ပြီးတော့ ထိုကျန်ရှိနေတဲ့ အလိုအလျောက်ရမှတ် သုံးသောင်းကို ကျွမ်းကျင်မှုမှတ်တွေအဖြစ် ပြောင်းလဲလိုက်မယ်ဆိုရင်... ဝါး... ဒါက တကယ့်ကို ကြောက်စရာကောင်းလွန်းလှတယ်...’
‘ခြောက် အပေါင်း သုံး ဆိုတော့... ကိုး... ငါ့အနေနဲ့ မွေးရာပါအဆင့် အလိုအလျောက်စွမ်းရည် ကိုးခုအထိ ပိုင်ဆိုင်နိုင်လိမ့်မယ်ဥစ္စာ...’
“ဟီးဟီး... ဟားဟားဟားဟား...”
သူသည် မိမိ၏ လှပလှသော အနာဂတ်ကို စိတ်ကူးယဉ်မျှော်လင့်လိုက်မိရင်း တကယ့်ကို ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားခဲ့ရတော့၏။ သူ အလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့ရသဖြင့် မိမိ၏ လက်ဝါးဖြင့် စားပွဲပေါ်သို့ အားပြင်းပြင်း တစ်ချက် ရိုက်ချလိုက်မိရာ... သူ၏ ခွန်အားများကို ကောင်းစွာ မထိန်းချုပ်နိုင်ခဲ့ပါက ထိုစားပွဲလေးမှာ ချက်ချင်းပင် ပျက်စီးသွားခဲ့ရမှာ ဖြစ်ပေသည်
“ကဲ... စတင်လိုက်ကြရအောင်...”
သူ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် တည်ငြိမ်သွားခဲ့ရပြီး သူ၏ စိတ်အာရုံကို ထိုရဲရဲနီနေသော မဲလက်မှတ်လှည့်ရာ နေရာထံသို့ ပို့ဆောင်လိုက်တော့၏။ ထို့နောက် သူ ဘာတစ်ခုမှ ဝေခွဲမနေတော့ဘဲ သော့ ၁၀ ခုကို ချက်ချင်းပင် ပုံအောထည့်လိုက်တော့သည်။
“ဟတ်...”
“ကံတရားနတ်ဘုရားက... ငါ့ကို သေချာပေါက် စောင့်ရှောက်ပါစေ...”
ကျဉ်းမြောင်းလှသော ထိုဧည့်သည်ဆောင် အခန်းလေးအတွင်း၌ ထိုရူးသွပ်လှသော လုလင်ပျိုလေး၏ အော်ဟစ်သံကြီးတစ်ခု ထွက်ပေါ်လာခဲ့ရပြီး... ရွှီရှောင်ရှို့ သူ၏ လက်နှစ်ဖက်ကို ပူးကပ်ကာ ဘုရားရှိခိုးသလိုမျိုး တကယ့်ကို ရိုသေကိုင်းညွတ်စွာဖြင့် အချက်အလက် ဘားတန်းကို လှမ်း၍ ကြည့်ရှုလိုက်တော့၏။
“လာရောက်အားပေးမှုကို ကျေးဇူးတင်ရှိပါသည်။”
“လာရောက်အားပေးမှုကို ကျေးဇူးတင်ရှိပါသည်။”
“လာရောက်အားပေးမှုကို ကျေးဇူးတင်ရှိပါသည်။”
“သင်သည် အလိုအလျောက်သော့ တစ်ခု ရရှိခဲ့ပါသည်။”
“လာရောက်အားပေးမှုကို ကျေးဇူးတင်ရှိပါသည်။”
“လာရောက်အားပေးမှုကို ကျေးဇူးတင်ရှိပါသည်။”
``“လာရောက်အားပေးမှုကို ကျေးဇူးတင်ရှိပါသည်။” “လာရောက်အားပေးမှုကို ကျေးဇူးတင်ရှိပါသည်။” “လာရောက်အားပေးမှုကို ကျေးဇူးတင်ရှိပါသည်။” “လာရောက်အားပေးမှုကို ကျေးဇူးတင်ရှိပါသည်။” “လာရောက်အားပေးမှုကို ကျေးဇူးတင်ရှိပါသည်။”`
“တောက်... သောက်ကျိုးနည်းလိုက်တာဗျာ...”
“၁၀ ကြိမ် လှည့်တာကို သော့တစ်ခုတည်းပဲ ရတယ် ဟုတ်လား... ဒီလောက်ပဲလား...”
“တောက်... သွားစမ်းပါ...”
သူ လက်သီးကို တင်းတင်းဆုပ်လိုက်မိရင်း အလွန်အမင်း စိတ်ပျက်သွားခဲ့ရသဖြင့် ဘေးနားရှိ အရာတစ်ခုခုကို ဖျက်ဆီးပစ်ချင်စိတ်ပင် ဖြစ်ပေါ်လာခဲ့ရတော့သည်။
“ကဲ... စိတ်အေးအေးထားစမ်း ရှောင်ရှို့...”
“အခုအချိန်က ဒေါသထွက်ရမယ့် အချိန်မဟုတ်သေးဘူး၊ ဘာပဲဖြစ်ဖြစ် ငါ့မှာ နောက်ထပ် ကံစမ်းမဲ ၄၀ တောင် ကျန်ရှိနေသေးတာပဲဥစ္စာ...”
သူသည် ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်ပျက်လာလိမ့်မည်ကို ကြိုတင်၍ တွက်ချက်ထားခဲ့သည့်အလား...
‘ဒီအစုတ်ပလုတ် စနစ်က... တကယ့်ကို အဓိပ္ပာယ်မရှိလွန်းလှဘူး၊ မဲပေါက်နိုင်ခြေနှုန်းကလည်း တကယ့်ကို အောက်ခြေအထိ ထိုးကျသွားခဲ့ပြီပဲ၊ ပိုပြီးတော့ ဆိုးတာက ထိုမဲချာတံကြီးတစ်ခုလုံးကို မီးခိုးရောင် မြူခိုးတွေက ဖုံးလွှမ်းထားဆဲပဲ ဖြစ်ပြီး... ဒီအရာက ဘယ်လိုမျိုး အလုပ်လုပ်လဲဆိုတာကို ငါ လုံးဝ နားမလည်နိုင်သေးဘူး...’
သူ မိမိကိုယ်မိမိ ပြန်လည်၍ စိတ်အေးချမ်းအောင် ပြုလုပ်လိုက်မိရင်း... မိမိကိုယ်မိမိ ပြင်းထန်လှသော မုန်တိုင်းကြီးများ၏ အလယ်တွင်ပင် တည်ငြိမ်စွာ ရပ်တန့်နေနိုင်သည့် ကြီးမြတ်လှသော နှလုံးသားပိုင်ရှင် တစ်ဦးအဖြစ် ပြန်လည်၍ သတိပေးလိုက်တော့၏။
ဒုန်း...
ရုတ်တရက်ဆိုသလို စားပွဲလေးမှာ ကျိုးပဲ့သွားခဲ့ရပြီး ရွှီရှောင်ရှို့ ကုလားထိုင်ပေါ်ကနေ ဝုန်းခနဲ ထရပ်လိုက်တော့သည်။
“ဟတ်...”
“ကံတရားနတ်ဘုရားက... ငါ့ကို သေချာပေါက် စောင့်ရှောက်ပါစေ...”
သူသည် စနစ်အား ကြိုတင်၍ သတိမပြုမိစေရန်အတွက် ဘာသတိပေးချက်မျှ မပြုလုပ်တော့ဘဲ... နောက်ထပ် ကံစမ်းမဲ ၁၀ ကြိမ်ကို ချက်ချင်းပင် ထပ်မံ၍ နှိုက်လိုက်ပြန်တော့၏။
“လာရောက်အားပေးမှုကို ကျေးဇူးတင်ရှိပါသည်။”
“သင်သည် အလိုအလျောက်သော့ တစ်ခု ရရှိခဲ့ပါသည်။”
“လာရောက်အားပေးမှုကို ကျေးဇူးတင်ရှိပါသည်။”
“လာရောက်အားပေးမှုကို ကျေးဇူးတင်ရှိပါသည်။”
“လာရောက်အားပေးမှုကို ကျေးဇူးတင်ရှိပါသည်။”
“သင်သည် အလိုအလျောက်သော့ တစ်ခု ရရှိခဲ့ပါသည်။”
“လာရောက်အားပေးမှုကို ကျေးဇူးတင်ရှိပါသည်။”
“လာရောက်အားပေးမှုကို ကျေးဇူးတင်ရှိပါသည်။”
“လာရောက်အားပေးမှုကို ကျေးဇူးတင်ရှိပါသည်။”
“သင်သည် အလိုအလျောက်သော့ တစ်ခု ရရှိခဲ့ပါသည်။”
“တောက်... တောက်... တောက်... သွားစမ်းပါ...”
သူ၏ မျက်နှာမှာ ချက်ချင်းပင် ဖြူလျော်သွားခဲ့ရပြီး တစ်ကိုယ်လုံးလည်း အေးစိမ့်သွားခဲ့ရတော့၏။ ကြည့်ရသည်မှာ သူသည် မတ်တတ်ပင် ဆက်လက်၍ မရပ်တည်နိုင်တော့မည့်အလား တကယ့်ကို အားအင်ကုန်ခမ်းသွားခဲ့ရသည်။
“အကြိမ် ၂၀ လှည့်တာကို သော့ လေးခုတည်းပဲ ရတယ် ဟုတ်လား...”
“မင်းက ငါ့ကို ယခုလိုမျိုး ကစားနေတာလား...”
“အနည်းဆုံးတော့... ငါ ထိုမီးမျိုးစေ့တွေကို သန့်စင်တုန်းက ခံစားခဲ့ရတဲ့ ပြင်းထန်လှတဲ့ နာကျင်မှုတွေကိုတော့ နည်းနည်းပါးပါး သနားညှာတာပေးသင့်တာ မဟုတ်ဘူးလား...”
“ကောင်းပါပြီ... ကြည့်ရတာ ဒီအခန်းရဲ့ ဖုန်းရွှေ က သိပ်ပြီးတော့ မကောင်းတာ ဖြစ်လိမ့်မယ်ဥစ္စာ...”
သူ လေကို ခပ်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်မိရင်း... အခန်းတံခါးများနှင့် ပြတင်းပေါက်များကို ချက်ချင်းပင် ဖွင့်လှစ်လိုက်တော့၏။ ထို့နောက် သူ အခန်းအတွင်းရှိ အခြားသော နေရာတစ်ခုသို့ ပြောင်းရွှေ့၍ ရပ်တန့်လိုက်သည့် အခါတွင်မူ စိတ်ထဲ၌ သိသိသာသာကို ပိုမို၍ ကြည်လင်လန်းဆန်းလာခဲ့ပြီ ဖြစ်ကြောင်း ခံစားလိုက်ရတော့သည်။
“ကောင်းပြီ... ငါ ယခုလိုမျိုး ပြုလုပ်ပြီးသွားပြီဆိုတော့ ကံကောင်းခြင်းတွေ ရောက်ရှိလာတော့မှာ သေချာတယ်...”
“နောက်ထပ် ကံစမ်းမဲ ၁၀ ကြိမ်... စတင်လိုက်စမ်း...”
သူသည် တကယ့်ကို တည်ငြိမ်လှသောအသွင်ဖြင့် ပြတင်းပေါက်ဘေးနားရှိ သစ်သားပျဉ်ပြားကို မှီလိုက်မိရင်း... အချက်အလက် ဘားတန်းကို စိုက်ကြည့်လိုက်တော့၏။
“လာရောက်အားပေးမှုကို ကျေးဇူးတင်ရှိပါသည်။”
“လာရောက်အားပေးမှုကို ကျေးဇူးတင်ရှိပါသည်။”
“လာရောက်အားပေးမှုကို ကျေးဇူးတင်ရှိပါသည်။”
“လာရောက်အားပေးမှုကို ကျေးဇူးတင်ရှိပါသည်။”
“လာရောက်အားပေးမှုကို ကျေးဇူးတင်ရှိပါသည်။”
“လာရောက်အားပေးမှုကို ကျေးဇူးတင်ရှိပါသည်။”
“လာရောက်အားပေးမှုကို ကျေးဇူးတင်ရှိပါသည်။”
“အခြေခံ အလိုအလျောက်စွမ်းရည် အသစ်အား ရရှိခဲ့ပါသည် - စိတ်ဓာတ်မြင့်မားခြင်း ”
“လာရောက်အားပေးမှုကို ကျေးဇူးတင်ရှိပါသည်။”
“လာရောက်အားပေးမှုကို ကျေးဇူးတင်ရှိပါသည်။”
ခရက်...
သူ ယခုစာတန်းများကို မြင်တွေ့လိုက်ရသည့် အခါတွင်မူ ခန္ဓာကိုယ် တစ်ချက် တုန်ရီသွားခဲ့ရပြီး... ပြတင်းပေါက်ဘေးနားက သစ်သားပျဉ်ပြားကို အရှိန်ပြင်းစွာဖြင့် ဆွဲဖြဲပစ်လိုက်မိရာ ၎င်းက သူ၏ ခါးနှင့် နံရံကြားတွင် ညပ်မိသွားခဲ့ရတော့၏။
“နောက်ဆုံးတော့... တစ်ခုခု ရရှိခဲ့ပြီ ဟုတ်လား...”
သူ မိမိ၏ မျက်လုံးများကို အားပြင်းပြင်း ပွတ်သပ်လိုက်မိရင်း... မိမိ၏ မျက်လုံးများက ဝေဝါးနေခြင်း မဟုတ်ကြောင်း သေချာအောင် ပြုလုပ်လိုက်တော့သည်။
သူ အမှန်တကယ်ပင် အရာတစ်ခုခုကို ရရှိခဲ့ခြင်း ဖြစ်ပေသည် ၎င်းက ရိုးရိုးရှင်းရှင်း အရာတစ်ခု မဟုတ်ပါချေ။ ၎င်းက အခြားသော စွမ်းရည်များထက် ပိုမို၍ ထူးခြားလှသည့် အခြေခံ အလိုအလျောက်စွမ်းရည် တစ်ခု ဖြစ်ပေသည်။
“ဒါက တကယ့်ကို အလန်းစားပဲဥစ္စာ...”
သူ အနောက်ဘက်က သစ်သားပျဉ်ပြားကို ဆွဲယူလိုက်မိရင်း စိတ်လှုပ်ရှားစွာဖြင့် ရိုက်ချပစ်လိုက်ရာ ၎င်းက ချက်ချင်းပင် အပိုင်းပိုင်းအစစ ပျက်စီးသွားခဲ့ရတော့၏။
ယခုလိုမျိုး ပြုလုပ်လိုက်သည့်တိုင်အောင်ပင် သူ၏ စိတ်ထဲက စိတ်လှုပ်ရှားမှုများကိုမူ လုံးဝ ထိန်းချုပ်နိုင်ခြင်း မရှိသေးပါချေ။
သူ ပြီးခဲ့သည့် အခေါက်တုန်းက ရရှိခဲ့ဖူးသည့် ထိုအခြေခံ အလိုအလျောက်စွမ်းရည် ဖြစ်သော "ထာဝရရှင်သန်ခြင်းစွမ်းရည်" က သူ့အတွက်တော့ နတ်ဘုရားတစ်ပါးကဲ့သို့ တကယ့်ကို တန်ဖိုးမဖြတ်နိုင်လှသော စွမ်းရည်တစ်ခု မဟုတ်လား။ ထိုစွမ်းရည်က သူ၏ အသက်ကို အကြိမ်ကြိမ် အဖန်ဖန် ကယ်တင်ပေးခဲ့ဖူးသည် ဖြစ်ရာ... သူ့အနေဖြင့် အကြိမ်ပေါင်း မည်မျှ ရှိနေပြီလဲဆိုတာကိုပင် ရေတွက်နိုင်ခြင်း မရှိတော့ပါချေ။
ထိုစွမ်းရည် တစ်ခုတည်းကတင် သူ့အား တိုက်ပွဲဝင်နိုင်စွမ်း အချိန်ကာလကို ပိုမို၍ ဆွဲဆန့်ပေးနိုင်ခဲ့ရုံမျှမက... ထိုမီးမျိုးစေ့များကို သန့်စင်ရာတွင်လည်း တကယ့်ကို အသုံးဝင်ခဲ့ဖူးသည် မဟုတ်လား။
ယခုအချိန်တွင်မူ သူသည် ရွှေနီဆေးလုံး များကိုပင် အသုံးပြုရန် မလိုအပ်တော့ပါချေ၊ သို့သော် ယခုအချိန်တွင်မူ သူသည် နောက်ထပ် အခြေခံ အလိုအလျောက်စွမ်းရည်တစ်ခုကို ထပ်မံ၍ ရရှိခဲ့ပြန်ပြီ ဖြစ်သည်
‘စိတ်ဓာတ်မြင့်မားခြင်း...’
‘ဒါက တကယ့်ကို ထူးဆန်းလှတဲ့ အမည်နာမတစ်ခုပဲ...’
သူ စိတ်ထဲကနေ တွေးတောလိုက်မိရင်း ယခုအမည်နာမက ဘာကို ဆိုလိုတာလဲဆိုတာကို တွေးတောလိုက်မိ၏။
ထို့နောက် သူ ရုတ်တရက်ဆိုသလို နားလည်သဘောပေါက်သွားခဲ့ရတော့သည်။
‘စိတ်ဓာတ်စွမ်းအား... ဟုတ်လား’
သူသည် မိမိ၏ စိတ်အာရုံကို အသုံးပြုကာ မိမိ၏ ခန္ဓာကိုယ်တစ်ခုလုံးကို အနုစိတ် စစ်ဆေးလိုက်မိရင်း... အထူးသဖြင့် သူ၏ ဝိညာဉ်စွမ်းအင် သိုလှောင်ရာနေရာကို ပိုမို၍ ဂရုတစိုက်ဖြင့် ကြည့်ရှုလိုက်တော့၏။
ပုံမှန်အားဖြင့်မူ... အခြေခံ အလိုအလျောက်စွမ်းရည်များက သူ၏ ခန္ဓာကိုယ်အတွင်းရှိ တစ်စုံတစ်ခုသော နေရာတွင် ထွက်ပေါ်လာတတ်စမြဲ ဖြစ်ပြီး ယခုစွမ်းရည်၏ အမည်နာမအရမူ ၎င်းက သူ၏ ဝိညာဉ်အရင်းအမြစ်စွမ်းအင်များကို ပြန်လည်၍ ဖြည့်တင်းပေးနိုင်စွမ်းရှိသည့် စွမ်းရည်တစ်ခု ဖြစ်မှာ သေချာလှပေသည်။
“ငါ ထင်ထားခဲ့တဲ့အတိုင်းပါပဲလား...”
သူ၏ မျက်နှာထက်တွင် အတိုင်းအထက်အလွန် ဝမ်းမြောက်လှသော အပြုံးများ ဖြစ်ပေါ်လာခဲ့တော့၏။
၎င်းက သူ ထင်မှတ်ထားခဲ့သည့်အတိုင်းပင်။ သူ၏ ဝိညာဉ်စွမ်းအင် သိုလှောင်ရာအတွင်းရှိ ဝိညာဉ်အရင်းအမြစ်စွမ်းအင်များ ပြန်လည်၍ ပြည့်နှက်လာမှုနှုန်းမှာ သိသိသာသာကို ပိုမို၍ မြန်ဆန်လာခဲ့ပြီ ဖြစ်သည်။
သူသည် ငရဲဘုံဝိညာဉ်အရင်းအမြစ်စွမ်းအင်ကို ရရှိခဲ့ပြီးနောက်တွင်မူ... သူ၏ ဝိညာဉ်စွမ်းအားများ၏ သဘာဝမှာ အခြေခံကျကျ ပြောင်းလဲသွားခဲ့ရပြီ ဖြစ်သဖြင့် ၎င်းတို့၏ ပြန်လည်ပြည့်နှက်လာမှုနှုန်းမှာ သိသိသာသာကို လျော့နည်းသွားခဲ့ရခြင်း ဖြစ်ပေသည်။
သူ အစောပိုင်းတုန်းက ထုတ်လွှတ်ခဲ့သည့် "ငရဲဘုံကောင်းကင်ယံကျင့်စဉ်" ၏ ပြင်းထန်လှသော စွမ်းအင်လှိုင်းလုံးများက သူ၏ အိမ်လေးကို လောင်ကျွမ်းပြာချပစ်ခဲ့ရုံမျှမက... သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်အရင်းအမြစ်စွမ်းအင် အမြောက်အမြားကိုပါ ကုန်ခမ်းသွားစေခဲ့ခြင်း ဖြစ်ပေသည်။
သို့သော် ယခုအချိန်တွင်မူ... ထိုပြင်းထန်လှသော ဝိညာဉ်အရင်းအမြစ်စွမ်းအင်များ၏ သဘာဝအလျောက် ပြန်လည်ပြည့်နှက်လာမှုနှုန်းမှာ သိသိသာသာကို မြင့်တက်လာခဲ့ရပြီး... ယခင်က သူ၏ သာမန်ဝိညာဉ်စွမ်းအားများ ရှိစဉ်တုန်းက အခြေအနေမျိုးနှင့် အလားတူ ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်၏
“သောက်ကျိုးနည်း... ဒါက ငါ့ကို တိုက်ပွဲတွေထဲမှာ အချိန်အကြာကြီး... တကယ့်ကို အကြာကြီးအထိ တိုက်ခိုက်နိုင်စွမ်း ရှိအောင် ပြုလုပ်ပေးမှာ သေချာတယ်ဥစ္စာ...”
သူသည် မိုမိုနှင့် တိုက်ခိုက်ခဲ့စဉ်တုန်းက အခြေအနေကို ပြန်လည်၍ အမှတ်ရမိသွားခဲ့ရ၏။
သူသည် ထိုတိုက်ပွဲ၏ အလယ်လောက်တွင်တင် သေချာပေါက် အနိုင်ရရှိတော့မည့်အလား ဖြစ်ပေါ်ခဲ့ဖူးသည် မဟုတ်လား။ သူ့အနေဖြင့် အနိုင်မရရှိခဲ့ရသည့် တစ်ခုတည်းသော အကြောင်းအရင်းကမူ... သူ၏ ခန္ဓာကိုယ်အတွင်း၌ ဝိညာဉ်စွမ်းအားများ နည်းပါးနေခဲ့သဖြင့် တတိယမြောက် ဓားဆွဲထုတ်ခြင်းကျင့်စဉ်ကို ထုတ်ဖော်နိုင်ခြင်း မရှိခဲ့သောကြောင့် ဖြစ်ပေသည်။
တကယ်လို့ သူ့တွင် ထိုအချိန်တုန်းက ယခုကဲ့သို့သော အလိုအလျောက်စွမ်းရည်သာ ရှိနေခဲ့မည်ဆိုပါက... သူသည် ထိုတိုက်ပွဲကို ထိုနေရာမှာတင် ချက်ချင်း အဆုံးသတ်နိုင်မှာ ဖြစ်ပြီး၊ နောင်လာမည့် အခြေအနေများဖြစ်သော ချော်ရည်ပူများ၏ လောင်ကျွမ်းခြင်းကို ခံရသည့် ဘေးဒုက္ခမျိုးနှင့်လည်း သေချာပေါက် ကြုံတွေ့ရမှာ မဟုတ်ပါချေ။
“ဒါက တကယ့်ကို နတ်ဘုရားတစ်ပါးလို ကြောက်စရာကောင်းတဲ့ စွမ်းရည်ပဲဥစ္စာ...”
သူ မိမိကိုယ်မိမိ တိုးတိုးလေး ရေရွတ်လိုက်မိ၏။
ယခုအချိန်တွင်မူ ၎င်း၏ ပြန်လည်ဖြည့်တင်းပေးနိုင်စွမ်းရှိသည့် အရှိန်အဟုန်မှာ သိသိသာသာကြီး ထင်ရှားပေါ်လွဉ်းခြင်း မရှိသေးသော်လည်း... ၎င်းက နောင်လာမည့် အနာဂတ်ကျရင် ပိုမို၍ တိုးတက်လာနိုင်စွမ်း ရှိသေးသည် မဟုတ်လား။
သူသည် မိမိ၏ လက်ထဲက သစ်သားပျဉ်ပြား အပိုင်းအစများကို ဆက်လက်၍ ဆော့ကစားလိုက်မိရင်း... သူ၏ အော်ဟစ်ရယ်မောသံများမှာ ပြတင်းပေါက်များနှင့် တံခါးများကနေတစ်ဆင့် အပြင်ဘက်သို့ ပျံ့လွင့်သွားခဲ့ရပြီး ညဉ့်ဦးယံ ကောင်းကင်ယံကြီးနှင့်အတူ ပေါင်းစပ်သွားခဲ့ရတော့၏
“အသက်ရှူကျင့်စဉ်... ထာဝရရှင်သန်ခြင်းစွမ်းရည်... စိတ်ဓာတ်မြင့်မားခြင်းစွမ်းရည်ဥစ္စာ...”
“အလိုအလျောက် ကျင့်ကြံခြင်းစွမ်းရည်... သွေးပြန်လည်ပြည့်နှက်ခြင်းစွမ်းရည်... စွမ်းအင်ပြန်လည်ပြည့်နှက်ခြင်းစွမ်းရည်ပေါ့...”
“အခုဆိုရင် ငါက အဲဒီလိုမျိုး နတ်ဘုရားတစ်ပါးလို ကြောက်စရာကောင်းတဲ့ စွမ်းရည် သုံးခုစလုံးကို ပိုင်ဆိုင်ထားခဲ့ပြီဆိုတော့... ဘယ်သူက ငါ့ကို တားဆီးနိုင်ဦးမှာလဲ ဟတ်...”
သူ တကယ့်ကို အရူးတစ်ယောက်ကဲ့သို့ ပြုံးဖြဲဖြဲ လုပ်လိုက်မိပြန်တော့၏။
သူသည် မိမိကိုယ်မိမိ ရန်သူ့တပ်မတော်ကြီးတစ်ခုလုံးကို တစ်ကိုယ်တော် ဝင်ရောက်တိုက်ခိုက်နေသည့်အလား... ရန်သူများအားလုံးက မိမိတို့၏ လူအင်အားအသာစီးဖြင့် သူ့အား ဝိုင်းဝန်းဖိနှိပ်ရန် ကြိုးစားနေကြသော်လည်း... တိုက်ပွဲဝင်ပြီး အကြိမ်ပေါင်းများစွာ ကြာမြင့်သွားခဲ့သည့်တိုင်အောင် သူ၏ သွေးအင်အားနှင့် စွမ်းအင်များမှာ အမြဲတမ်း အပြည့်အဝ ဖြစ်ပေါ်နေဆဲ ဖြစ်သည်ကို မြင်တွေ့လိုက်ရသဖြင့်... ဘေးပတ်ဝန်းကျင်ရှိ ရန်သူများအားလုံး တကယ့်ကို ဆွံ့အသွားခဲ့ရပြီး နောက်ဆုံးတွင်မူ လက်နက်ချအညံခံကာ သူ့ထံသို့ အလိုအလျောက်ရမှတ်များကိုသာ ပဏ္ဏာတော်အဖြစ် ဆက်သရမည့် အခြေအနေမျိုးကို စိတ်ကူးယဉ်လိုက်မိတော့သည်။
ဤမြင်ကွင်းက သူ၏ စိတ်ထဲတွင် တရိပ်ရိပ် ဖြစ်ပေါ်နေခဲ့၏။
“ဟီး... ဟီး... ဟီး...”
“ဟူး... ဟားဟား...”
“ဟားဟားဟားဟားဟားဟား...”
သူသည် တကယ့်ကို ထောင်လွှားလှသောအသွင်ဖြင့် အားရပါးရ အော်ဟစ်ရယ်မောလိုက်တော့၏ “ဘယ်သူမှ ငါ့ကို တားဆီးနိုင်မှာ မဟုတ်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ငါက အခုဆိုရင် နတ်ဘုရားတစ်ပါး ဖြစ်သွားခဲ့ပြီဥစ္စာ...”
“ကဲ... အချိန်ပြည့်သွားခဲ့ပြီ...”
သူသည် ဘာတစ်ခုမှ ဖြစ်ပျက်မထားခဲ့သည့်အလား မိမိ၏ ပုံမှန် တည်ငြိမ်လှသောအသွင်သို့ ချက်ချင်းပင် ပြန်လည်၍ ကူးပြောင်းလိုက်တော့၏။
သူ သူ၏ ဝိညာဉ်အရင်းအမြစ်စွမ်းအင်များကို လှုံ့ဆော်လိုက်မိရင်း... လက်ထဲက သစ်သားပျဉ်ပြားလေးအား မီးပွားများ ထွက်ပေါ်လာစေကာ အပြင်ဘက်က မိုးရေထဲသို့ လှမ်း၍ ပစ်ပေါက်လိုက်တော့သည်
ဟီးဟီး...
သူ ကောက်ကျစ်လှသောအပြုံးတစ်ခု ပြုံးလိုက်မိရင်း
“ငါ့မှာ နောက်ထပ် ကံစမ်းမဲ ၂၀ တောင် ကျန်ရှိနေသေးတယ်ဥစ္စာ...”