ချလွင်...
ရွှေရောင်လွှမ်းမိုးခြင်း ဓား ကြီးနှင့် 'နာကျင်မှုကို ဝှက်ဖဲ' ဓားတို့ ပထမဆုံးအကြိမ် ထိတွေ့မိချိန်တွင် ရွှီရှောင်ရှို့သည် အနောက်သို့ လွင့်ထွက်သွားလုနီးပါး ဖြစ်ခဲ့ရသည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များ တုန်ခါသွားခဲ့ပြီး သွေးအန်မတတ် ဖြစ်သွားခဲ့ရသည်။
"တကယ် ခံစားချက် ကောင်းတယ်!"
ကျိုးထျန်ရှန်း ကျယ်လောင်စွာ ရယ်မောလိုက်သည်
"ဆက်လုပ်ကြစို့!"
ရွှီရှောင်ရှို့ အူကြောင်ကြောင် ဖြစ်သွားခဲ့ရသည်။ ပထမဆုံးအကြိမ်အဖြစ် သူ၏ ပင်ကိုယ်သဘာဝအဆင့် ခန္ဓာကိုယ်ကြီး ရှိနေပါလျက်နှင့် ခွန်အားပိုင်းတွင် အသာစီးမရခဲ့ဘဲ ရှိနေသည့်အပြင် သူ၏ ပြိုင်ဘက်က သူ ပြောရမည့် စကားလုံးများကိုပါ လုပြောသွားခဲ့ခြင်း ဖြစ်သည်။
တကယ့်ကို မုန်းဖို့ကောင်းလှသည်။
“ငါ သူ့ရဲ့ တိုက်ခိုက်မှုတွေကို ထိပ်တိုက်ရင်ဆိုင်လို့ မရဘူး...”
ရွှီရှောင်ရှို့ သေချာ စဉ်းစားလိုက်သည်။ သူ၏ ပြိုင်ဘက်၏ ရရှိပြီး အဆင့် ဓားလိုလားချက် မှာ ရှေ့တန်းမှ တိုက်ရိုက် တိုက်ခိုက်သည့် နည်းလမ်းမျိုး ဖြစ်ရမည်၊ ထို့ကြောင့် သူ၏ အားနည်းချက်များနှင့်ဆိုလျှင် သူ၏ ပြိုင်ဘက်၏ အားသာချက်များကို သွားရောက် ရင်ဆိုင်ပါက သူ သေချာပေါက် ရှုံးနိမ့်သွားပေလိမ့်မည်။
သူသည် ကျိုးထျန်ရှန်းကို သူ၏ ပင်ကိုယ်သဘာဝအဆင့် 'ထက်မြက်ခြင်း' စွမ်းရည်ဖြင့် စမ်းသပ်တိုက်ခိုက်ချင်သော်လည်း တစ်ချက်တည်းနှင့်တင် နှစ်ပိုင်း ပြတ်သွားမည်ကို စိုးရိမ်သဖြင့် ထိုအတွေးကို လက်လွှတ်လိုက်ရသည်။
ထိုသို့ဆိုလျှင် သူသည် သူ၏ ရရှိပြီး အဆင့် ဓားလိုလားချက် ကို စမ်းသပ်ရန်အတွက် သူ၏ ပြိုင်ဘက်၏ ဓားသိုင်းကွက်များကိုသာ အသုံးပြုရပေလိမ့်မည်။
အခြားတစ်ဖက်မှ လူက သူ့ထံသို့ ပြင်းထန်သော ခွန်အားများဖြင့် ခုတ်ပိုင်းလာသည်ကို မြင်တွေ့ရချိန်တွင် ရွှီရှောင်ရှို့သည် 'နာကျင်မှုကို ဝှက်ဖဲ' ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီး တိမ်ဖြူများ၏ အိပ်မက်ကမ္ဘာအတွင်း ရှိနေစဉ်က သူ ရရှိခဲ့သော အတိုင်းအဆမရှိလှသည့် သိုင်းကွက်များကို ပြန်လည် စဉ်းစားလိုက်သည်။
၎င်းတို့မှာ သူ၏ အတွေးကမ္ဘာအတွင်း နက်ရှိုင်းစွာ ဝှက်ဖဲထားခဲ့သော သတ်ဖြတ်ခြင်း သိုင်းကွက်များ ဖြစ်ကြသည်!
ရွှေရောင်ဓားကြီးမှာ ရွှီရှောင်ရှို့၏ ဦးခေါင်းထက် တည့်တည့်သို့ ရောက်ရှိလာခဲ့သည်။ ရွှီရှောင်ရှို့သည် ထိုတိုက်ခိုက်မှုကို ကာကွယ်ရန်အတွက် သူ၏ ဓားကို စောင်း၍ ခုခံလိုက်သော်လည်း ရွှေရောင်လွှမ်းမိုးခြင်း ဓားကြီးက သူ၏ ဓားကိုယ်ထည်အတိုင်း အောက်သို့ လျှောတိုက်ကာ ခုတ်ပိုင်းလာသည်ကို မြင်တွေ့လိုက်ရသည်။ သူသည် သူ၏ ဓားကို အသာအယာ ခါယမ်းလိုက်ရာ လျင်မြန်သော်လည်း လေးလံလှသော ခွန်အားတစ်ခုက ရွှေရောင်လွှမ်းမိုးခြင်း ဓားကြီးကို ဘေးတစ်ဖက်သို့ ပြင်းထန်စွာ တွန်းပို့လိုက်တော့သည်။
ရှူး...
ရွှီရှောင်ရှို့၏ ဓားသည် ကျိုးထျန်ရှန်း၏ လည်ပင်းရှေ့ရှိ လေထုကို ဖြတ်သန်းကာ ခုတ်ပိုင်းသွားခဲ့သည်။ ကျိုးထျန်ရှန်းသည် အနောက်သို့ ရုတ်တရက် လှန်ချလိုက်သဖြင့် ဓားသွားက သူ၏ ဆံပင်အနည်းငယ်ကို ဖြတ်တောက်သွားခဲ့ရသည်။
ကျိုးထျန်ရှန်းသည် ထိုအရှိန်အတိုင်း မြေပြင်ပေါ်တွင် လိမ့်လိုက်သည်။ ထို့နောက် သူ၏ လွှမ်းမိုးခြင်း ဓားကြီးကို ဝှေ့ယမ်းလိုက်ရာ ထူထပ်လှသော ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်လာခဲ့ပြီး ရွှီရှောင်ရှို့၏ ဒူးဆစ်ထံသို့ အောက်ခြေမှနေ၍ ခုတ်ပိုင်းလိုက်တော့သည်။
ချလင်...
ရွှီရှောင်ရှို့သည် သူ၏ ပြိုင်ဘက်ကို လွဲချော်သွားချိန်တွင် 'နာကျင်မှုကို ဝှက်ဖဲ' ဓားကို မြေပြင်ပေါ်သို့ စိုက်ထူထားခဲ့ခြင်း ဖြစ်ပြီး ထိုဓားက ကျိုးထျန်ရှန်း၏ လွှမ်းမိုးခြင်း ဓားကြီးနှင့် ဓားအကာတို့ ဆုံသည့်နေရာသို့ တိကျစွာ ထိုးစိုက်မိသွားခဲ့ကာ ကျယ်လောင်သော မြည်ဟီးသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ပြိုင်ပွဲဝင် နှစ်ဦးလုံးမှာ တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြသည်။ သူတို့သည် တစ်ဦးချင်းစီ၏ မျက်လုံးများထဲတွင် ပြင်းထန်သော တိုက်ခိုက်လိုစိတ်များကို မြင်တွေ့လိုက်ရပြီး သူတို့ မည်မျှအထိ အပူတပြငိး ဖြစ်နေကြသည်ဆိုလျှင် လေထုထဲတွင် မီးခိုးများပင် ထွက်ပေါ်လာတော့မည့်အတိုင်း ဖြစ်နေခဲ့သည်။
ရွှီရှောင်ရှို့သည် သူ၏ လက်မောင်းများကို အားစိုက်လိုက်ပြီး သူတို့ နှစ်ဦးလုံးကို ချက်ချင်းပင် အဝေးသို့ တွန်းလွှတ်လိုက်တော့သည်။
ပရိသတ်များမှာ စိတ်လှုပ်ရှားစရာကောင်းလှသော ပထမဆုံးအချီအပြီးတွင် အော်ဟစ်အားပေးလိုက်ကြပြီး တိုက်ပွဲကို စောင့်ကြည့်ရင်း သူတို့၏ သွေးများမှာလည်း စိတ်လှုပ်ရှားမှုများကြောင့် ဆူပွက်လာခဲ့ရသည်။
"လာပြီဟေ့... ရရှိပြီး အဆင့် ဓားကြီးလိုလားချက် နဲ့ ရရှိပြီး အဆင့် ဓားရှည်လိုလားချက် တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုပဲ!"
"ဘုရားရေ... တကယ့်ကို ထိတ်လန့်စရာကောင်းလိုက်တာ။ သူတို့သာ နည်းနည်းလေး ဂရုမစိုက်မိရင် ကျိုးထျန်ရှန်းက လည်ပင်း ပြတ်သွားမှာဖြစ်ပြီး ရွှီရှောင်ရှို့ကတော့ ဒူးဆစ်တွေ ပြတ်ထွက်သွားမှာ။ ဒီတိုက်ပွဲကတော့ ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းလာတော့မယ်။"
"သေချာတာပေါ့။ ဒါတင်မကသေးဘူး၊ သူတို့ နှစ်ယောက်လုံးရဲ့ တုံ့ပြန်မှုနှုန်းက အလွန် မြန်ဆန်လွန်းတယ်။ နောက်တစ်ဆင့်တက်မယ့် ပြိုင်ပွဲတွေက ဒီလိုမျိုးပဲ ဖြစ်သင့်တာ။ ငါကတော့ တစ်ဖက်သတ် အနိုင်ရတဲ့ ပွဲတွေကို ကြည့်ရတာ အသားမကျဘူး။"
"ဟုတ်တယ်... ဟုတ်တယ်။ ဒီနှစ်ယောက်က စက္ကန့်ပိုင်းလောက်ပဲ တိုက်ခိုက်ရသေးတာ၊ ဒါပေမဲ့ သေလုနီးပါး အခြေအနေတွေကို အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရပြီးပြီ။"
ပရိသတ်များမှာ စိတ်လှုပ်ရှားစွာဖြင့် စကားပြောဆိုနေကြဆဲ ဖြစ်ပြီး ကျိုးထျန်ရှန်းက သူ၏ ဓားကို ပထမဆုံးအကြိမ်အဖြစ် တည်ငြိမ်အောင် ထိန်းချုပ်လိုက်သည်ကို မြင်တွေ့လိုက်ရသည်။ သို့သော်လည်း သူက ချက်ချင်း မတိုက်ခိုက်သေးချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး..
."ရွှီရှောင်ရှို့... ငါ့ရဲ့ 'ဒီရေကိုးလှိုင်း' သိုင်းကွက်ကို မြည်းစမ်းကြည့်စမ်း!"
ဟု အော်ဟစ်လိုက်သည်။
'ဒီရေကိုးလှိုင်း' သိုင်းကွက်ဆိုသည်မှာ အဆက်မပြတ် ခုတ်ပိုင်းနိုင်စွမ်းရှိသော ဓားသိုင်းကွက်တစ်ခု ဖြစ်ပြီး တိုက်ခိုက်မှုတိုင်းက အရင်တိုက်ခိုက်မှုထက် ပိုမို သန်မာလာမည် ဖြစ်သည်။ အကယ်၍ ကျိုးထျန်ရှန်းသာ ထိုအရှိန်အဟုန်ကို ရရှိသွားပါက သူ စိတ်တိုင်းကျ ထိန်းချုပ်နိုင်သော ရရှိပြီး အဆင့် ဓားအရှိန်အဝါ များနှင့် ပေါင်းစပ်လိုက်လျှင် ရွှီရှောင်ရှို့အနေဖြင့် ထိုတိုက်ခိုက်မှုကို ကာကွယ်နိုင်မည့် နည်းလမ်း လုံးဝ ရှိတော့မည် မဟုတ်ချေ။
သူသည် သူ၏ ဓားမကြီးကို အပေါ်သို့ ဖြည်းညှင်းစွာ မတ်မတ် မြှောက်တင်လိုက်ရာ သူ၏ ဓားကို မြှောက်လိုက်သည်နှင့်အမျှ သူ၏ အရှိန်အဝါများမှာလည်း တဖြည်းဖြည်းချင်း မြင့်တက်လာခဲ့သည်။
အခြားတစ်ဖက်တွင်မူ ဓားကို ကိုင်ဆောင်ထားသော လူငယ်လေးမှာ တိတ်ဆိတ်နေခဲ့သည်။ သူသည် သူ၏ မျက်လုံးများကို ချက်ချင်း ပိတ်လိုက်ရာ ဆန်းကြယ်သော အခြေအနေတစ်ခုက ပြိုင်ကွင်းတစ်ခုလုံးကို လွှမ်းမိုးသွားခဲ့သည့်အလား ခံစားလိုက်ရသည်။ လေထုထဲရှိ ဖုန်မှုန့်များပင်လျှင် နှေးကွေးသွားသကဲ့သို့ ရှိနေခဲ့သည်။
ဒါက လုံးဝ ခြားနားလှသော တိုက်ပွဲအမျိုးအစား ဖြစ်သည်။ ဓားမကြီးနှင့် ဓားရှည်တို့မှာ တစ်ခုကိုတစ်ခု ထိန်းချုပ်နေကြခြင်း ဖြစ်သည်။
ဂျွတ်... ဂျွတ်...
သူတို့၏ ခြေဖဝါးအောက်ရှိ ပြိုင်ကွင်းမှာ သူတို့၏ သိုင်းကွက်များ၏ ခွန်အားများကြောင့် ပျက်စီးလာခဲ့ရပြီး ကာကွယ်ရေး အကာအရံပင်လျှင် ပြင်းထန်စွာ တုန်ခါလာခဲ့ရသည်။
ပရိသတ်များမှာ မတ်မတ်ထိုင်လိုက်ကြပြီး သူတို့၏ လက်ချောင်းများကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားကြသည်။ ရှောင်ချီရှို့ပင်လျှင် သူ၏ မျက်လုံးများကို မှေးစင်းထားရင်း တိုက်ပွဲအပေါ်သို့ အပြည့်အဝ အာရုံစိုက်ထားခဲ့သည်။
မြင့်တက်လာသော တင်းမာမှုများမှာ အဆုံးစွန်သို့ ရောက်ရှိလာခဲ့ပြီး ကောင်းကင်ကြီးပင်လျှင် တုန်ခါနေတော့မည့်အတိုင်း ဖြစ်နေခဲ့သည်။
နောက်တစ်စက္ကန့်တွင် ကျိုးထျန်ရှန်းက သူ၏ ဓားမကြီးဖြင့် အောက်သို့ ခုတ်ပိုင်းလိုက်ရာ သူ၏ ဓားလိုလားချက်များမှာ လှိုင်းလုံးကြီးတစ်ခုအသွင် ပြောင်းလဲသွားခဲ့ပြီး မြင့်တက်လိုက် ကျဆင်းလိုက်ဖြင့် ရှေ့သို့ တိုးဝင်လာခဲ့သည်။ အခြားတစ်ဖက်တွင်မူ ရွှီရှောင်ရှို့က သူ၏ မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ပြီး လေထုထဲသို့ သူ၏ ဓားကို ဖြည်းညှင်းစွာ ဝှေ့ယမ်းလိုက်သည်။ သူ၏ တိုက်ခိုက်မှုမှာ ကောင်းကင်ထက်ရှိ တိမ်တိုက်တစ်ခုကဲ့သို့ ဖြစ်နေခဲ့ပြီး ကျိုးထျန်ရှန်း၏ လှိုင်းလုံးကြီးတစ်ခုလုံးကို လွှမ်းခြုံပစ်လိုက်တော့သည်။
ချလင်... ချလင်... ချလင်...
ပရိသတ်များမှာ အသက်ရှူရန်ပင် မေ့လျော့နေခဲ့ကြပြီး ပြိုင်ပွဲဝင် နှစ်ဦးကြားရှိ နေရာအတွင်းမှ တကယ့် အခြေအနေများကို မြင်တွေ့လိုက်ရသည်။
ဓားမကြီးနှင့် ဓားရှည်တို့၏ ပုံရိပ်များမှာ လှိုင်းလုံးများနှင့် တိမ်တိုက်များ ဆုံတွေ့သည့် နေရာတိုင်းတွင် ထိပ်တိုက်တွေ့ဆုံနေကြပြီး လက်နက်များ ချင်းတိုက်သံမှာလည်း အဆုံးမရှိ ထွက်ပေါ်နေခဲ့သည်။
"ဘုရားရေ... သူတို့က ဒီလောက်အထိ တောင် သန်မာတာလား"
တစ်စုံတစ်ဦးက မပြောဘဲ မနေနိုင်တော့ချေ။
ဘေးနားရှိ လူတစ်ယောက်က ချက်ချင်းပင်...
"စကားမပြောနဲ့။ ပါးစပ်ပိတ်ထားစမ်း!"
ဟု ကြိမ်းမောင်းလိုက်သည်။
ရွှီရှောင်ရှို့၏ ဝတ်ရုံများမှာ လေထဲတွင် တဖျတ်ဖျတ် လွင့်ပျံနေခဲ့ပြီး သူ၏ လက်များမှာလည်း နောက်ထပ် ပုံရိပ်များအသွင် ပြောင်းလဲသွားခဲ့သည်။ သူ၏ တိုက်ခိုက်မှုများသည် လွင့်ပျံနေသော တိမ်တိုက်များကဲ့သို့ နှေးကွေးနေပုံရသော်လည်း တကယ်တမ်းတွင်မူ သူ၏ ဓားမှာ အလွန် မြင့်မားသော နှုန်းဖြင့် ကခုန်နေခြင်း ဖြစ်သည်။
'နာကျင်မှုကို ဝှက်ဖဲ' ဓားကိုယ်ထည်အတွင်းမှ အတိုင်းအဆမရှိသော ဓားအလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။ ဒါက ရွှီရှောင်ရှို့အနေဖြင့် နဝမအဆင့် ဝိညာဉ်ဓားကို ပထမဆုံးအကြိမ်အဖြစ် အစွမ်းကုန် အသုံးပြုခြင်း ဖြစ်ပြီး သူ၏ ဓားမှာလည်း သူ၏ စွမ်းအားများကို ပြသခွင့်ရရှိသဖြင့် ပျော်ရွှင်စွာဖြင့် တုန်ခါမြည်ဟီးနေခဲ့သည်။
သို့သော်လည်း ရွှီရှောင်ရှို့သည် သူ၏ ခန္ဓာကိုယ်က မခံနိုင်သော ဓားမကြီး၏ အလင်းတန်းများကို ရှောင်ရှားရန်အတွက် တစ်ခါတရံတွင် မဖြစ်မနေ ရှောင်တိမ်းနေရဆဲ ဖြစ်သည်၊ သို့သော်လည်း ထိုသို့ ရှောင်တိမ်းနေသည့်ကြားမှပင် သူ၏ အကျီပေါ်တွင် သွေးစွန်းသော ဒဏ်ရာအစင်းကြောင်းများ ထွက်ပေါ်လာခဲ့ရသည်။
"တိုက်ခိုက်ခြင်း ခံရသည်။ အလိုအလျောက် ရမှတ် +၁။"
"တိုက်ခိုက်ခြင်း ခံရသည်။ အလိုအလျောက် ရမှတ် +၁။"
"..."
သူ၏ အကြောင်းကြားချက် မျက်နှာပြင်မှာ အဆက်မပြတ် အသစ်ပြင်ဆင်နေခဲ့သည်။ ကျိုးထျန်ရှန်း၏ ဓားလိုလားချက်မှာ အလွန် စွမ်းအားကြီးမားလှသည်။ ၎င်း၏ ပွတ်တိုက်မိရုံမျှသော ဒဏ်ရာကပင် ရွှီရှောင်ရှို့ကို ပြင်းထန်သော နာကျင်မှုများကို ပေးစွမ်းနိုင်ခဲ့ပြီး ဒဏ်ရာအတွင်း၌ လှည့်ပတ်နေသော စွမ်းအားများကို ချန်ရစ်ထားခဲ့သဖြင့် သာမန်လူတစ်ယောက်အတွက် ထိုဒဏ်ရာများမှ ပြန်လည် နာလန်ထူရန်မှာ အလွန် ခက်ခဲပေလိမ့်မည်။
သို့သော်လည်း ရွှီရှောင်ရှို့သည် 'ထာဝရ ရှင်သန်ခြင်း' စွမ်းရည်၏ ကြောက်စရာကောင်းသော ပြန်လည် ကုသနိုင်စွမ်းရှိသည့် စွမ်းရည်များကို အပြင်ပန်းတွင် မပြသခဲ့ချေ။
သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာတစ်ခု ဖြစ်ပေါ်လာသည့် အခါတိုင်း ထိုအလိုအလျောက် စွမ်းရည်က ချက်ချင်း အသက်ဝင်လာမည် ဖြစ်ပြီး သာမန်လူများ အလွယ်တကူ မဖယ်ရှားနိုင်သော ဓားလိုလားချက်များကို ထိုနေရာမှာတင် ချက်ချင်း ကုသပေးလိုက်သည်။
ရွှီရှောင်ရှို့ အလွန် ဝမ်းမြောက်သွားခဲ့ရသည်။ သူသည် ဤအခြေခံ အလိုအလျောက် စွမ်းရည်ကို အလွန် အံ့အားသင့်မိသွားခဲ့သည်။ ၎င်း၏ ပြန်လည် ကုသနိုင်စွမ်းရှိသော စွမ်းရည်များမှာ အဆင့်မြင့်မားလှသည်။
ကျိုးထျန်ရှန်းအတွက်မူ ဒါက တကယ့်ကို ကွဲပြားခြားနားလှသည်။ သူကတော့ လှုပ်ရှားမှုမရှိသော လက်နက်တစ်ခုကဲ့သို့ပင် ဖြစ်နေခဲ့သည်။ သူက တစ်လက်မမျှပင် မလှုပ်ရှားသော်လည်း ရွှီရှောင်ရှို့ကို အကွက်အနည်းငယ်ဖြင့်တင် အနောက်သို့ အတင်းအကျပ် ဆုတ်ခွာသွားအောင် ပြုလုပ်နိုင်ခဲ့သည်။
"ဟားဟားဟား... ရွှီရှောင်ရှို့... မင်းမှာ အကွက်တွေ ကုန်သွားပြီ မဟုတ်လား?!"
"ငါ့ရဲ့ 'ဒီရေကိုးလှိုင်း' သိုင်းကွက်က အရှိန်ရလာပြီဆိုရင် ငါ ကျိုးထျန်ရှန်းက ပင်ကိုယ်သဘာဝအဆင့် ကျင့်ကြံသူတစ်ယောက်ကိုတောင် အနိုင်ယူနိုင်တယ်၊ မင်းရဲ့ သာမန် ရရှိပြီး အဆင့် ဓားလိုလားချက်လောက်ကိုတော့ ပြောနေစရာတောင် မလိုဘူး!"
ဓားမကြီး၏ လိုလားချက်များမှာ ရွှီရှောင်ရှို့ကို လုံးဝ လွှမ်းမိုးသွားခဲ့ပြီ ဖြစ်ပြီး သူနှင့် သူ၏ ဓားအလင်းတန်းများမှာ ပြိုင်ကွင်းအပြင်ဘက်သို့ တွန်းထုတ်ခြင်း ခံရတော့မည့်အတိုင်း ဖြစ်နေခဲ့သည်။
"ရွှီရှောင်ရှို့... တောင့်ခံထားစမ်းပါ!"
"မင်းရဲ့ နေရာမှာတင် ခိုင်ခိုင်မတ်မတ် ရပ်တည်ထားစမ်း! ပြန်ပြီး တိုက်ခိုက်စမ်း! မင်း သူ့ကို ယခုလိုမျိုး ပြိုင်ကွင်းအပြင်ဘက်ကို တွန်းထုတ်သွားခွင့် ပေးလို့မရဘူး!"
"ဟင်း... ဟင်း... ဟင်း... သူက တစ်ကိုယ်လုံးမှာ သွေးတွေနဲ့ ပြည့်နေပြီပဲ။ ရွှီရှောင်ရှို့ရေ... အားးး! ငါ သူ့အတွက် တကယ် စိတ်မကောင်းဖြစ်မိတယ်!"
"ရှောင်ရှို့ရေ... ဆက်ပြီး တောင့်မခံနေပါနဲ့တော့။ ငါ့ရဲ့ ရင်ခွင်ထဲကိုသာ လာခဲ့ပါတော့။ ငါ ဆက်ပြီး ကြည့်မနေနိုင်တော့ဘူး။ ဘာလို့ သွေးတွေ အများကြီး ထွက်နေရတာလဲ"
ရွှီရှောင်ရှို့သည် အမှန်တကယ်ပင် တစ်ကိုယ်လုံးတွင် သွေးများဖြင့် ပြည့်နှက်နေခဲ့သော်လည်း ၎င်းမှာ အပြင်ပန်းကြည့်ရုံမျှသာ ဖြစ်သည်။
သူသည် ဓားအလင်းတန်းများ၏ တိုက်ခိုက်မှုများအောက်တွင် တတ်နိုင်သမျှ ဒဏ်ရာအနည်းဆုံး ဖြစ်အောင် အစွမ်းကုန် ကြိုးစားနေခြင်း ဖြစ်သည်။ ထို့ကြောင့် သူ၏ ခန္ဓာကိုယ်အနှံ့ရှိ ဒဏ်ရာများမှာ အသက်အန္တရာယ် မစိုးရိမ်ရသည့်အပြင် သူ၏ လှုပ်ရှားမှုများကိုလည်း အကျိုးသက်ရောက်မှု မရှိချေ။
ဒါတင်မကသေးဘဲ 'ထာဝရ ရှင်သန်ခြင်း' စွမ်းရည်က အဆက်မပြတ် အသက်ဝင်နေသောကြောင့် ရွှီရှောင်ရှို့သည် တကယ့်ကို အကောင်းဆုံး အခြေအနေတွင် ရှိနေခဲ့သည်။
သူသည် သူ၏ ဓားသိုင်းကွက်များကို အသုံးပြုနေရင်း ရွှီရှောင်ရှို့သည် ဆာလောင်မွတ်သိပ်နေသော ရေမြှုပ်တစ်ခုကဲ့သို့ ဖြစ်လာခဲ့သည်။ သူသည် ကျိုးထျန်ရှန်းက သူ့ထံသို့ စေလွှတ်နေသော တိုက်ခိုက်မှုများကို အသုံးချကာ သူ၏ အတွေးကမ္ဘာအတွင်းရှိ သိုင်းကွက်များကို လေ့ကျင့်နေခဲ့ခြင်း ဖြစ်ပြီး အတိတ်ကာလက သူတစ်ခါမှ အသုံးမပြုခဲ့ဖူးသော ဓားသိုင်းကွက်များကိုလည်း ခဏလေးအတွင်းမှာပင် နားလည်သဘောပေါက်သွားခဲ့ရသည်။
သူ ပြိုင်ကွင်းအပြင်ဘက်သို့ တွန်းထုတ်ခံရတော့မည်ကို မြင်တွေ့ရချိန်တွင် ရွှီရှောင်ရှို့ တုံ့ဆိုင်းမနေတော့ပေ။ သူသည် သူ၏ အလိုအလျောက် ရမှတ်များကို 'သိုင်းကွက်ကျွမ်းကျင်မှု' အတွက် သိုင်းကွက်အမှတ် နှစ်မှတ်နှင့် လဲလှယ်လိုက်ပြီး ၎င်းအပေါ်တွင် အသုံးပြုလိုက်တော့သည်။
"သိုင်းကွက်ကျွမ်းကျင်မှု (ရရှိပြီး အဆင့် ၂)"
"သိုင်းကွက်ကျွမ်းကျင်မှု (ရရှိပြီး အဆင့် ၃)"
ထိုအခိုက်အတန့်တွင် သူ၏ စိတ်ထဲ၌ အတိုင်းအဆမရှိသော အသိပညာများ ပြည့်နှက်သွားခဲ့ရသည်။ ရွှီရှောင်ရှို့ ဟိန်းဟောက်လိုက်ပြီး ဓားအလင်းတန်းများ၏ ကြားထဲတွင် လှုပ်ရှားလိုက်တော့သည်။ တိုက်ခိုက်မှု တစ်ချက်တည်းဖြင့်တင် သူသည် ဓားမကြီး၏ လိုလားချက်များ အားလုံးကို ဖယ်ရှားပစ်လိုက်ပြီးနောက် သူ၏ ဓားကို နောက်တစ်ကြိမ် ပြန်လည် မြှင့်တင်လိုက်ပြန်သည်။
ဘုန်း...
ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး ကာကွယ်ရေး အကာအရံမှာလည်း မြည်ဟီးသွားခဲ့ရသည်။ ကျိုးထျန်ရှန်းသည် တုန်လှုပ်သွားခဲ့ပြီး အနောက်သို့ ယိုင်တိယိုင်တိုင်ဖြင့် ဆုတ်ခွာသွားခဲ့ရကာ သူ၏ မျက်နှာပေါ်တွင်လည်း ထိတ်လန့်မှုများ ပြည့်နှက်နေခဲ့သည်။
ပရိသတ်များမှာ ဇဝေဇဝါ ဖြစ်သွားကြသည်။ ဘာတွေ ဖြစ်ပျက်သွားသည်ဆိုသည်ကို မည်သူကမျှ နားမလည်ကြချေ။
"ရွှီရှောင်ရှို့... သူက... အဆင့်တက်သွားတာလား"
"ငါ ထင်တာတော့ ဟုတ်တယ်။ သူက အားကောင်းတဲ့ ဓားကြီးလိုလားချက်တွေရဲ့ တွန်းထုတ်ခြင်းကို ခံနေရတဲ့ ကြားထဲကနေပြီးတော့ ပြန်လည် တိုက်ခိုက်နိုင်ခဲ့တာပဲ။ နောက်ဆုံးက ဓားလိုလားချက်က တိမ်ဖြူဓားသိုင်းကွက်ရဲ့ ဒုတိယမြောက် အကွက်ဖြစ်တဲ့ 'လိပ်ပြာတိမ်တိုက်' နဲ့ တူတယ်!"
"ဒါပေမဲ့ သူက သူ၏ ဓားကို အနောက်သို့ ပြန်ဆွဲလိုက်ပြီးမှ ပြန်လည် တိုက်ခိုက်လိုက်တာကို မင်း ဘယ်လို ရှင်းပြမလဲ။ ဒါက တိမ်ဖြူဓားသိုင်းကွက်ရဲ့ တတိယမြောက် အကွက် မဟုတ်ဘူးလေ။"
"ဒါက... မင်းက ငါ့ကို လာမေးနေမှတော့ ငါက ဘယ်သူ့ကို သွားမေးရမှာလဲ"
"..."
ရွှီရှောင်ရှို့သည် အဆင့်တက်သွားခဲ့ခြင်း ဖြစ်သည်။ တိရှင်းအာက သူ့ကို ဤတိုက်ခိုက်မှုအကွက်ကို သင်ကြားပေးခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း သူသည် တိမ်ဖြူဓားသိုင်းကွက်၏ ဒုတိယမြောက် အကွက်ကို အသုံးချရန် တစ်ခါမှ မအောင်မြင်ခဲ့ဖူးချေ။ ယခုလေးတင် တင်းမာလှသော အခြေအနေများ၏ ကြားထဲတွင် သူသည် ထိုသိုင်းကွက်ကို အတင်းအကျပ် ပြုပြင်ပြောင်းလဲနိုင်ခဲ့ပြီး တိမ်ဖြူဓားသိုင်းကွက်ကို အခြားသော လမ်းကြောင်းတစ်ခုဆီသို့ ဦးတည်သွားစေခဲ့ခြင်း ဖြစ်သည်။
သူသည် 'လွင့်ပျံနေသော တိမ်ဖြူများ' သိုင်းကွက်ဖြင့် ဓားသိုင်းလောကသို့ စတင် ခြေချခဲ့ခြင်း ဖြစ်သော်လည်း သူ၏ လက်ရှိ သိုင်းကွက်များမှာ တိမ်ဖြူဓားသိုင်းကွက် မဟုတ်တော့ချေ။
ရှောင်ချီရှို့ အံ့အားသင့်သွားခဲ့ရသည်။ ထိုရွှီရှောင်ရှို့က တိုက်ပွဲအတွင်းမှာတင် သူ၏ ဓားလိုလားချက်ကို အသုံးပြုပြီး ဓားသိုင်းကွက်တစ်ခုကို ပြုပြင်ပြောင်းလဲနိုင်ခဲ့တာ ဟုတ်လား။
ဒါက ဓားသိုင်းလောကမှ ဆရာသခင်ကြီးတစ်ယောက်ပင်လျှင် လွယ်လွယ်ကူကူ မစမ်းသပ်ရဲသော အရာမျိုး ဖြစ်သော်လည်း သူကမူ သူ၏ ဓားလိုလားချက်တစ်ခုတည်းဖြင့်တင် ယခုကဲ့သို့ တိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဒါက မကြုံစဖူးသော ပါရမီအရည်အချင်းမျိုး ဖြစ်ရမည်!
ရွှီရှောင်ရှို့သည် သွေးများဖြင့် ရေချိုးထားသည့်အလား ဖြစ်နေခဲ့သည်။ သူ၏ အဝတ်အစားများမှာ စုတ်ပြဲနေခဲ့ပြီး နီရဲနေသော သူ၏ ခန္ဓာကိုယ်ကြီး ထွက်ပေါ်နေခဲ့သည်။ သူ၏ ဆံပင်များပင်လျှင် သွေးများဖြင့် စွန်းထင်းနေခဲ့သည်။
ထိုသို့ ဖြစ်နေသည့်ကြားမှပင် သူက ပြုံးလိုက်ပြီး သူ၏ ဓားကို မြှောက်ကာ လှမ်း၍ ဖိတ်ခေါ်လိုက်သည်
"ညီလေးကျိုး... မင်း ဒီထက်ပိုပြီး မြန်မြန် လုပ်နိုင်မလား။ မရပ်လိုက်နဲ့ဦး!"
ကျိုးထျန်ရှန်းသည် သူ၏ 'ဒီရေကိုးလှိုင်း' သိုင်းကွက်ကို ပြန်လည် တိုက်ခိုက်ခြင်း ခံလိုက်ရသဖြင့် ဒေါသထွက်နေဆဲဖြစ်ပြီး ထိတ်လန့်နေခဲ့ကာ ရွှီရှောင်ရှို့၏ စကားများကို ကြားလိုက်ရချိန်တွင် သူ၏ မျက်နှာအမူအရာမှာ ခက်ထန်သွားခဲ့သည်။ သူသည် သူ၏ ဓားကြီးကို မြှောက်လိုက်ပြီး ရယ်မောလိုက်တော့သည်။
"ငါလည်း အဲဒီလိုပဲ တွေးနေတာ!"