အခန်း (၄၁) - ပြတ်သားသော ကျွမ်မန်းဒီ
မြောင်ရိုလန်၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်နေလေသည်။
ပို၍တိကျစွာ ပြောရလျှင် သူမ၏ ခြေထောက်များမှာ ခပ်ယိုင်ယိုင် ဖြစ်နေ၏။
"ကျွမ်မန်းဒီဆီ အခုချက်ချင်း ဖုန်းဆက်လိုက်"
အသံတစ်ခုက သူမ၏ နားထဲသို့ တိုးဝင်လာသည်။
"အခုချက်ချင်းလား"
"ဟုတ်တယ်"
မြောင်ရိုလန်၏ မိုဘိုင်းဖုန်းလေး အနည်းငယ် လင်းလာပြီး နံပါတ်တစ်ခုကို အဝေးသို့ ခေါ်ဆိုလိုက် လေသည်။
ဖုန်းဆက်သွယ်မိသွား၏။
မြောင်ရိုလန်က သူမ၏ အသံကို လျှော့ချကာ လိပ်စာတစ်ခုကို ပေးလိုက်ပြီး ဖုန်းချလိုက်လေသည်။
ဖုန်းမှ အလင်းရောင်မှာ မှေးမှိန်သွားပြီး ဆယ်မီတာအကွာရှိ ရေချိုးခန်းထဲတွင် အဆုံးမဲ့ စိတ်လှုပ်ရှားဖွယ် မြင်ကွင်းများ ဆက်လက် ဖြစ်ပေါ်နေသော်လည်း ပတ်ဝန်းကျင်မှာ တိတ်ဆိတ်နေ ပေသည်။
မြောင်ရိုလန်သည် အသံကိုလည်း မကြားနိုင်
အဝေးကြီးမှလည်း သေချာ မမြင်နိုင်သော်လည်း သူမ၏ စိတ်ကူးယဉ်မှုကမူ အလွန်ပင် ပြင်းထန် လွန်းနေမိ၏။
သူမသည် ထိုသို့သော မြင်ကွင်းမျိုးကို မကြည့်နိုင်တော့ပေ။
လင်ရှောင်စုကရော ဘယ်လိုနေမလဲ သူမသည် လင်ရှောင်စုကို ကြည့်ရန် ဖြည်းညှင်းစွာ ခေါင်းမော့လိုက်၏။
ဤထောင့်မှကြည့်လျှင် လင်ရှောင်စုမှာ အမှန်ပင် ချောမောခန့်ညားသော်လည်း သူကမူ မျက်မှောင်ကြုတ် နေပေသည်။
"ဘာဖြစ်လို့လဲ"
"ငါတို့ရဲ့ အစ်မကျွမ်က တော်တော်လေး ပြတ်သားတာပဲ ရဲတွေကို တိုက်ရိုက် ခေါ်လာလိမ့်မယ်လို့ မထင်ထားဘူး..."
"ရဲတွေလား သူတို့ ရောက်နေပြီလား ကျွန်မတော့ ရဲကားတွေကို မမြင်မိပါဘူး..."
"ဟိုဘက်ကို ကြည့်လိုက်"
မြောင်ရိုလန်၏ အကြည့်တို့သည် တာရှန်းရေကန်ဘက်သို့ ရောက်သွားပြီး လိုင်စင်နံပါတ် ၂၁၂၅၆၃ ရှိသော ကားအမည်းရောင်ကို မြင်လိုက်ရလေသည်။
"ကျိုးမေရဲ့ ကား"
"ဟုတ်တယ် ရဲမှူးကြီး ကျန်းလည်း ရောက်နေတယ် အမှုကို တိုင်ကြားတဲ့အခါ ဘာလို့ အကြောင်းပြချက် ပေးလိုက်တာလဲ အကယ်၍ မူးယစ်ဆေးဝါးအမှုလို့ တိုင်ကြားခဲ့တာဆိုရင်တော့ တော်တော်လေး ပြင်းထန်သွားပြီ"
သာမန် ပုံစံမျိုးဆိုလျှင် ရဲခေါ်ရသည့် အဆင့်ထိ မရောက်နိုင်ပေ။
ပုံမှန် မရှုပ်ပွေသော လိင်ဆက်ဆံမှုများအတွက်ဆိုလျှင် ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးအဖွဲ့မှ ရဲမှူးကြီး ကျန်း ကိုယ်တိုင် လှုပ်ရှားလေ့ မရှိပေ။
သို့သော် မူးယစ်ဆေးဝါးနှင့် ပတ်သက်နေပါကမူ အခြားအဆင့်တစ်ခုသို့ ရောက်သွားပြီဖြစ်၏။
‘အစ်မကျွမ်က သူမ၏ ခင်ပွန်းကို ဖမ်းမိဖို့အတွက် မူးယစ်ဆေးဝါးအမှုအဖြစ် ရဲကိုတိုင်ခြင်းဖြင့် ရဲရင့် လိုက်တာလား’
ကားသုံးစီးမှာ အဝေးတွင် ရပ်တန့်သွားပြီး အရပ်ဝတ်ရဲအရာရှိ ဆယ်ဦးကျော် ဆင်းလာကာ ဤဗီလာကို တိုက်ရိုက် ဦးတည်လာနေကြလေ၏။
ဗီလာ၏ အပြင်ဘက်တွင် သူတို့ အားလုံး တစ်ပြိုင်နက်တည်း ခုန်တက်လိုက်ကြသည်။
လက်ဖြင့် ကိုင်တွယ်ကာ ခြံစည်းရိုးကို ကျော်တက်ကြပြီး ငါးမီတာမြင့်သော နံရံပေါ်သို့ သူတို့၏ ခန္ဓာကိုယ်များမှာ တွယ်တက်သွားကြ၏။
ခေတ်သစ်လူ့အဖွဲ့အစည်းတွင် ရှေ့တန်းမှ ရဲအရာရှိများ၊ အထူးသဖြင့် စုံထောက်များမှာ ကျွမ်းကျင်သူ များပင် ဖြစ်ကြလေသည်။
ရဲမှူးကြီး ကျန်းမှာ ပို၍ပင် ထူးချွန်ပြီး အမဲလိုက်ခွေးတစ်ကောင်ကဲ့သို့ အသံမကြားရအောင် လှုပ်ရှားနေ၏။
သူသည် လက်ကိုဆန့်ကာ ခုန်တက်ပြီး ဒုတိယထပ်၏ အစွန်းကို ကိုင်တွယ်ကာ ကျွမ်းကျင်စွာ တက်သွားလိုက်သည်။
ရေချိုးခန်းထဲတွင် ခဏတာ ရပ်တန့်သွားပြီး နောက်တစ်ခဏတွင် ရေချိုးခန်းတံခါးမှာ ပွင့်သွား လေတော့သည်။
လင်ရှောင်စုမှာ မကြည့်ဘဲနှင့်ပင် အတွင်းထဲတွင် မည်မျှ ရှုပ်ပွနေမည်ကို စိတ်ကူးကြည့်နိုင်မိ၏။
"လက်တွေကို မြှောက်လိုက်"
ရဲမှူးကြီး ကျန်း၏ အသံမှာ အလွန်တည်ငြိမ် အေးဆေးလှပေသည်။
"ရဲအရာရှိကြီးများ ကျွန်တော်တို့..."
"စကားများမနေနဲ့ နံရံမှာ ကပ်ပြီး ရပ်လိုက်"
တံခါးပွင့်သွားပြီး ကျိုးမေနှင့်အတူ အခြားရဲအရာရှိ အနည်းငယ် ဗီလာထဲသို့ ဝင်လာကြရာ ကြည့်လို့မကောင်းသော မြင်ကွင်းတစ်ခုနှင့် ရင်ဆိုင်လိုက်ရ၏။
ယောက်ျား တစ်ယောက်မှာ နံရံတွင် ကပ်ရပ်နေပြီး အဝတ်အစားမရှိ အမျိုးသမီးတစ်ဦးမှာ ရေချိုးဝတ်ရုံဖြင့် ပတ်ထားကာ တဘက်စွန်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ကြမ်းပြင်ပေါ်တွင် ဝပ်တွားနေလေသည်။
ရဲမှူးကြီး ကျန်းက ထိုယောက်ျား၏ နောက်ကျောကို အနက်ရောင် ပစ္စတိုဖြင့် ချိန်ထားလိုက်သည်။
နှစ်ဦးစလုံးမှာ တုန်ယင်နေကြပြီး ဤအခြေအနေကို မည်သို့ ကိုင်တွယ်ရမည်ကို လုံးဝ မသိကြပေ။
"ရှာကြ"
ရဲမှူးကြီး ကျန်းက အမိန့်ပေးလိုက်ရာ ရဲခွေးများ ပေါ်လာပြီး ပထမထပ်၊ ဒုတိယထပ်၊ တတိယထပ်တို့ကို စစ်ဆေးလိုက်ကြသည်။
"အစီရင်ခံပါတယ် ပထမထပ်မှာ မူးယစ်ဆေးဝါး မတွေ့ရှိပါဘူး"
"အစီရင်ခံပါတယ် ဒုတိယထပ်မှာ မူးယစ်ဆေးဝါး မတွေ့ရှိပါဘူး"
"အစီရင်ခံပါတယ် တတိယထပ်မှာ မူးယစ်ဆေးဝါး မတွေ့ရှိရပါ"
ရဲမှူးကြီး ကျန်း၏ မျက်နှာမှာ မှောင်မည်းသွားလေတော့သည်။
‘ဘာမှ မတွေ့ဘူးလား တိုင်ကြားသူက ဘာဖြစ်နေတာလဲ အလိမ်အညာလား’
အခြေအနေမှာ မူးယစ်ဆေးဝါး အခြေစိုက်စခန်းနှင့် မတူဘဲ သာမန် မယားငယ်ထားသည့် ပုံစံမျိုးနှင့် ပိုတူနေပေသည်။
‘ဒီလိုကိစ္စမျိုးအတွက် ညဉ့်နက်သန်းခေါင်မှာ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးအဖွဲ့မှ ရဲမှူးကြီးဖြစ်တဲ့ ငါ့ကို ခေါ်လာရတာလား’
ရဲမှူးကြီးကျန်း လမ်းပျောက်နေသလို ခံစားနေရချိန်တွင် ကျိုးမေသည် ရုတ်တရက် သူမ၏ ဖုန်းကို ထုတ်လိုက်ရာ မက်ဆေ့ခ်ျတစ်ခု ရောက်ရှိလာ၏။
"ရေချိုးခန်း မှန်အောက် တတိယအကန့် သုံးကြိမ် ဖိလိုက်"
သတင်းရင်းမြစ် "တာဝန်မဲ့သော စုံထောက်လေးတစ်ယောက်"
ကျိုးမေသည် သူမ၏ ဖုန်းကို သိမ်းလိုက်ပြီး ရေချိုးခန်းထဲသို့ ဝင်သွားလိုက်သည်။
ရဲအရာရှိနှစ်ဦးမှာ ရေချိုးခန်းထဲတွင် ဆက်လက်ရှာဖွေနေဆဲဖြစ်ပြီး ၎င်းမှာ ရှာဖွေရ အလွယ်ကူဆုံးနေရာပင် ဖြစ်ပေသည်။
ပစ္စည်းများမှာ အလွန်နည်းပါးလှ၏။
သူတို့သည် အသုံးဝင်သော အရိပ်အယောင်များကို မတွေ့ရှိဘဲ ပြန်ထွက်ရန် ပြင်ဆင်နေကြစဉ် ကျိုးမေ ဝင်လာပြီး ရေချိုးဆပ်ပြာပုလင်းများ တင်ထားသည့် စင်ကို အသေးစိတ် စောင့်ကြည့်ကာ သူမ၏ လက်ချောင်းကို တတိယအကန့်သို့ ဆန့်တန်းပြီး သုံးကြိမ် ဖိလိုက်လေသည်။
တိတ်ဆိတ်စွာပင် လျှို့ဝှက်အကန့်တစ်ခု ပွင့်သွားပြီး သူမလက်ထဲတွင် သတ္တုပုလင်းတစ်ခု ရောက်ရှိ လာ၏။
သူမ ဖွင့်ကြည့်လိုက်ရာ အနီရောင် အရည်များကို တွေ့ရလေသည်။
ကျိုးမေသည် သတ္တုပုလင်းကို ကိုင်ကာ အပြင်သို့ ထွက်လာစဉ် သူမ၏ နှလုံးသားမှာ မြန်ဆန်စွာ ခုန်ပေါက်လာ၏။
နံရံမှာ ကပ်ဝပ်နေသော လှပသော အမျိုးသမီး၏ မျက်နှာအရောင်မှာ ချက်ချင်းပင် ပြောင်းလဲသွားသည်။
ဤပြောင်းလဲမှုမှာ ကျိုးမေ၏ မျက်လုံးထဲတွင် အကြီးမားဆုံး အံ့သြစရာ ဖြစ်နေခဲ့လေ၏။
"ဒါက ဘာလဲ"
ကျိုးမေက မေးလိုက်သည်။
"ဒါက... ဒါက လှုံ့ဆော်ပေးတဲ့ ဆေးရည်ပါ ချောဆီပါ..."
လှပသောအမျိုးသမီးက ထပ်အော်ပြောသည်။
"ကျွန်မမှာ ပြေစာ ရှိပါတယ် ကုတင်ဘေး အံဆွဲထဲမှာ... ကျွန်မ ယူပေးပါ့မယ်"
သူမသည် ရေချိုးဝတ်ရုံကို ပတ်ပြီး အိပ်ခန်းထဲသို့ ခြေလှမ်းငယ်များဖြင့် ပြေးဝင်သွားကာ ကုတင်ဘေး အံဆွဲထဲမှ ပြေစာတစ်ခုကို ထုတ်ယူလာ၏။ ၎င်းမှာ ပြည်ပမှ ဝယ်ယူထားသော ပစ္စည်းပင် ဖြစ်ပြီး သတ္တုပုလင်းနှင့် အတွင်းရှိ အရည်တို့မှာ ကိုက်ညီမှု ရှိနေလေသည်။
ရဲမှူးကြီး ကျန်းမှာ မျက်မှောင်ကို တင်းတင်း ကြုတ်လိုက်မိ၏။
‘ဤနေရာတွင် တကယ်ပဲ ပြဿနာ ရှိနေတာလား ဘာကြောင့် ရဲခွေးတွေက ဒီလောက်နီးကပ်နေ တာကို တုံ့ပြန်မှု မရှိတာလဲ’
"စစ်ဆေးဖို့ ပြန်ယူသွားလိုက်"
ကျိုးမေ၏ အကြည့်တို့သည် ရဲမှူးကြီး ကျန်းဘက်သို့ ရောက်သွား၏။
ရဲမှူးကြီး ကျန်းမှာ ခဏတာ တွန့်ဆုတ်သွားပြီးနောက် အသာအယာ ခေါင်းညိတ်လိုက်သည်။
"မင်းတို့နှစ်ယောက် အဝတ်အစားလဲပြီး ငါတို့နဲ့ လိုက်ခဲ့ကြ"
"ရဲမှူးကြီး ဒါ... ဒါ မလိုပါဘူး အများဆုံးဆိုရင် ဒါက အကျင့်ပျက်မှု ကိစ္စပါ ရာဇဝတ်မှု မဟုတ်ပါဘူး..."
ဝမ်ချန်းဖက ငြင်းခုံလိုက်လေသည်။
"ရာဇဝတ်မှု ဟုတ်မဟုတ် ဆိုတာ မင်း ဆုံးဖြတ်ရမယ့် ကိစ္စ မဟုတ်ဘူး သူတို့ကို ခေါ်သွားကြ"
ရဲမှူးကြီး ကျန်းက လက်ကို ဝှေ့ယမ်းကာ အဖွဲ့ကို ဖမ်းဆီးရန် အချက်ပြလိုက်သည်။
ဗီလာမှ ထွက်ခွာလာစဉ် ကျိုးမေသည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ သူမ၏ မျက်လုံးတို့သည် ဝါးပင်များဆီသို့ ရောက်သွားပြီး လင်ရှောင်စု ရှိနေခဲ့သည့် ဝါးပင်ပေါ်တွင် စိတ်ဝင်စားဖွယ် အကြည့်တစ်ချက် ကျန်ရစ်ခဲ့လေသည်။
သူမ ခန့်မှန်းမိသည်မှာ သေချာသည်။ ဤဝါးပင်ပေါ်တွင် လူရှိနေခဲ့၏။ သို့သော် မည်သည့် အကိုင်း အခက်နောက်တွင် ရှိနေသည်ကို သူမ မခွဲခြားနိုင်ပေ။
တကယ်တော့ သူမ မှားနေပေသည်။
ဤအချိန်တွင် ဝါးပင်ပေါ်တွင် မည်သူမျှ မရှိတော့ပေ။
လင်ရှောင်စုမှာ မြောင်ရိုလန်နှင့်အတူ ပြန်ဆုတ်ခွာသွားခဲ့ပြီဖြစ်ချေသည်။
ကျိုးမေမှလွဲ၍ မည်သူမျှ သူတို့ ထိုနေရာတွင် ရှိနေခဲ့သည်ကို မသိကြပေ။
ရဲမှူးကြီး ကျန်းပင် မသိခဲ့ပေ။
မြောင်ရိုလန်သည် လျှပ်စစ်ကားလေးကို မောင်းနှင်ကာ လင်ရှောင်စုကို စုံထောက်ရုံးသို့ ပြန်ခေါ် လာနေလေသည်။
မေလ၏ ညလေညင်းမှာ အေးမြသော်လည်း သူမ၏ မျက်နှာပေါ်ရှိ အပူဓာတ်ကို မဖျောက်ဖျက် နိုင်သကဲ့သို့ သူမ၏ အတွင်းခံထဲတွင် ကျန်ရစ်ခဲ့သော ရှုပ်ထွေးမှုများကိုလည်း မဖျောက်ဖျက်နိုင်ပေ။
စုံထောက်ရုံးသို့ ရောက်သောအခါ ပထမဆုံး လုပ်ရသည်မှာ ရေချိုးခြင်းပင် ဖြစ်လေပြီး ရေချိုးပြီးနောက် သူမ အိပ်ရာပေါ်တွင် လဲလျောင်းနေကာ သူမ၏ အတွေးများမှာ တည်ငြိမ်မှု မရှိပေ။
အနီးကပ် အခန်းမှ လှုပ်ရှားမှု အသံတိုင်းမှာ သူမကို ပို၍ အာရုံခံစားမှု မြန်ဆန်စေ၏။
ဖြစ်နိုင်သည်မှာ ရင့်ကျက်သော အရွယ်တွင် အလွန်အကျွံ လှုံ့ဆော်မှုများကို တကယ်ပင် မခံနိုင်ခြင်း ဖြစ်နိုင်လေသည်။
ညတစ်ညလုံးနီးပါး ခံစားပြီးနောက် နောက်ဆုံးတွင် သူမ အိပ်ပျော်သွားခဲ့၏။ နောက်တစ်နေ့မနက်တွင် မြောင်ရိုလန်သည် မျက်နှာကို ရေအေးဖြင့် သစ်လိုက်ရာ လန်းဆန်းသွားသကဲ့သို့ ခံစားရပြီး သူမ၏ အတွင်းခံကို လျှော်ဖွပ်လိုက်လေသည်။
ပြီးခဲ့သည့်ညက ထူးဆန်းသော ဖြစ်ရပ်များမှာ ရေနှင့်အတူ ယီရွှေမြစ်ထဲသို့ စီးမျောသွားပြီး သူမလည်း ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားသည်။
နောက်တစ်နေ့တွင် အရေးကြီးသည့် ကိစ္စ မရှိဘဲ နေဝင်ချိန် ရောက်ရှိလာပြန်သည်။
နေမင်းသည် အနောက်ဘက်ရှိ တန်းကျားတောင်နောက်သို့ နစ်မြုပ်သွားသောအခါ ဝေးလံသော တာရှန်းတောင်ပေါ်ရှိ ရှေးဟောင်းကျောက်မျှော်စင်မှာ နေဝင်ဆည်းဆာ အလင်းရောင်တွင် နစ်မြုပ်သွားလေ၏။
ကားအမည်းတစ်စီးမှာ အနောက်ဘက်မှ ရောက်ရှိလာပြီး စုံထောက်ရုံးရှေ့တွင် ရပ်လိုက်၏။
လင်ရှောင်စုနှင့် မြောင်ရိုလန်တို့ အချင်းချင်း ကြည့်လိုက်ကြပြီး မြောင်ရိုလန်သည် လက်ဖက်ရည် ပြင်ဆင်ရန် ထလိုက်လေသည်။
ကျိုးမေသည် သာမန်အဝတ်အစားဖြင့် ကျက်သရေရှိစွာ စုံထောက်ရုံးထဲသို့ ဝင်လာ၏။
မြောင်ရိုလန်မှာ လှည့်လိုက်သည်နှင့် သူမအတွက် လက်ဖက်ရည်ခွက်ကို ကိုင်ထားပြီး ဖြစ်သည်။
"ထိုင်ပါ"
လင်ရှောင်စုက သူ၏ဘေးရှိ ဆိုဖာကို ညွှန်ပြလိုက်ရာ ကျိုးမေ ထိုင်လိုက်သည်။
"မနေ့ညက ရှင်လည်း ဝါးပင်ပေါ်မှာ ရှိနေခဲ့တာပဲ"
"ဟုတ်ပါတယ် ဒါက ဖောက်သည်ရဲ့ တောင်းဆိုချက်ပါ"
လင်ရှောင်စုက ပြောလိုက်သည်။
"ဒါကြောင့်လည်း အဲဒီပုလင်းငယ်လေးနဲ့ သူ သိမ်းထားတဲ့နေရာကို မြင်ခဲ့တာပေါ့"
"ပြောရတာ နည်းနည်း ရှက်စရာ ကောင်းပေမယ့် အဲဒါ အမှန်တရားပါပဲ"
လင်ရှောင်စုက ဤစကားကို အမူအရာမရှိဘဲ ပြောလိုက်သော်လည်း မြောင်ရိုလန်၏ ပါးပြင်များမှာ နီရဲသွားလေတော့သည်။
သူမ ဖိနှိပ်ထားရန် ကြိုးစားခဲ့သော အမှတ်တရများမှာ သူမ၏ စိတ်ထဲတွင် အဆိပ်တစ်ခုအဖြစ် တစ်ဖန် ပြန်လည် ပေါ်ပေါက်လာသည်။
ကျိုးမေသည် လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ကာ ဖြည်းညှင်းစွာ သောက်လိုက်၏။
"ဘာကြောင့် အဲဒီပုလင်းမှာ တစ်ခုခုမှားနေတယ်လို့ ရှင် သေချာပေါက် ပြောနိုင်တာလဲ"
"အကယ်၍ ဒီပုလင်းထဲက အကြောင်းအရာက သာမန် လှုံ့ဆော်မှု ပစ္စည်းတွေပဲဆိုရင် သူမအနေနဲ့ ဒီလောက်တောင် လျှို့ဝှက်စွာ သိမ်းဆည်းဖို့ မလိုပါဘူး ပုလင်းကို ကုတင်ဘေး စင်ပေါ်မှာ ပွင့်ပွင့်လင်းလင်း တင်ထားတာက ပိုပြီး သဘာဝကျပါတယ်"
ဒါဟာ ခေတ်သစ်လူ့အဖွဲ့အစည်းဖြစ်ပြီး အရာများစွာမှာ ပွင့်လင်းမြင်သာသည်။ သာမန် ဟိုတယ်အခန်း များတွင် ကွန်ဒုံးများနှင့် Oilဗူးများ ဘေးရှိ ခေါက်ဆွဲခြောက်များမှာ အဖြစ်များပေသည်။
‘ဒီအမျိုးသမီးက ယောက်ျားတစ်ယောက်ရဲ့ ထောက်ပံ့မှုကို ခံယူထားသူဖြစ်ပြီး ဘာလို့ ဒီလို လှုံ့ဆော်မှု ပစ္စည်းတွေကို လျှို့ဝှက်စွာ သိမ်းထားရတာလဲ’
လင်ရှောင်စု ပြောသလိုပင်ဖြစ်ချေတော့သည်။
ကုတင်ဘေးမှာ ပွင့်ပွင့်လင်းလင်း တင်ထားတာက ထူးဆန်းစရာ မဟုတ်ပေ။
ထို့အစား ရေချိုးခန်းထဲရှိ လျှို့ဝှက်အကန့်ထဲတွင် သိမ်းထားပြီး ဝမ်ချန်းဖ ဝင်လာသည့်အခါတောင် သူမက ပုလင်းကို အမြန်သိမ်း လိုက်သဖြင့် ဝမ်ချန်းဖတောင် မသိလိုက်ရပေ။
သိသာထင်ရှားသည်မှာ ပြဿနာ ရှိနေခြင်းပင် ဖြစ်နိုင်လေ၏။
"စုံထောက်ရဲ့ ထိုးထွင်းသိမြင်မှုကို ကျွန်မ တကယ်ပဲ လေးစားပါတယ်"
ကျိုးမေသည် လက်ဖက်ရည်ခွက်ကို ဖြည်းညှင်းစွာ ချလိုက်၏။
"အဲဒီထဲမှာ မျိုးရိုးဗီဇအဆိပ်တစ်မျိုး ပါဝင်နေတယ် ဒါကို ရဲတပ်ဖွဲ့ရဲ့ အချက်အလက် စုစည်းမှုထဲမှာ အခုပဲ ထည့်သွင်းလိုက်တယ် ကုဒ်နံပါတ် P39 ဒီမျိုးရိုးဗီဇအဆိပ်မှာ ထူးခြားတဲ့ အချက်ရှိတယ် လိင်ဆက် ဆံမှုကနေတစ်ဆင့် ကူးစက်တယ် အံ့သြစရာ အကောင်းဆုံး အချက်ကတော့ အမျိုးသမီးတွေဆီကို ကူးစက်ပြီး အမျိုးသားတွေကို မကူးစက်ဘူး..."
သူမ၏ အသံမှာ ရုတ်တရက် ရပ်တန့်သွားလေသည်။
ရှေ့မှာ ရှိနေသူ နှစ်ယောက်ကို သတိထားမိလိုက်၏။
လင်ရှောင်စုမှာ ငြိမ်သက်စွာ လက်ဖက်ရည် သောက်နေပြီး မြောင်ရိုလန်မှာ စာအုပ်ကို ကိုင်ကာ ငြိမ်သက်စွာ ထိုင်နေလေသည်။
နှစ်ယောက်စလုံးမှာ အံ့သြသည့် အမူအရာ မပြကြပေ။
"ရှင်တို့ ဒီအဆိပ်အကြောင်း သိပြီးသားလား"
လင်ရှောင်စုက ပြုံးလိုက်သည်။
"ကျွန်တော့်ဖောက်သည်က သူမကို ဘာကြောင့် စုံစမ်းခိုင်းတာလဲဆိုတာကို ခင်ဗျား မေးဖို့ မေ့သွားပြီလား"
"ရှင့်ဖောက်သည်က အဆိပ်သင့်သွားတာလား"
"ဟုတ်တယ် သူမက ဝမ်ချန်းဖရဲ့ တရားဝင်ဇနီးပါ အဆိပ်သင့်ရုံတင်မကဘူး သူမမှာ မိသားစု ဆရာဝန်လည်း ရှိတယ် ဒီအဆိပ်အကြောင်း သူမရဲ့ ဗဟုသုတက ရဲတပ်ဖွဲ့ထက် မနည်းပါဘူး ခင်ဗျား ပြောပြတဲ့အရာတွေကို သူမ ပြောပြပြီးသားပါ ကျွန်တော်တို့ လိုချင်တာက အတည်ပြုချက်တစ်ခုပဲ"
"အခု အတည်ပြုလိုက်ပြီ သူမရဲ့ အပ်ထားတဲ့အမှုကို ရှင်တို့ ပြီးမြောက်သွားပြီ"
မြောင်ရိုလန်က အလွန်ကျေနပ်စွာ ပြုံးလိုက်မိသည်။
ယွမ်တစ်သိန်း တန်ဖိုးရှိသည့် တာဝန်တစ်ခုကို တစ်ညအတွင်း ပြီးမြောက်ခဲ့၏။ ဤအမှုတစ်ခုတည်းမှ ရရှိသော ဝင်ငွေမှာ လွန်ခဲ့သည့် လတစ်ဝက်လောက်က စုစုပေါင်း ဝင်ငွေထက် ပိုများပေသည်။
လင်ရှောင်စုလည်း ပြုံးလိုက်သည်။
"အဲဒီအမျိုးသမီးက ဝန်ခံသွားပြီလား"
"မဝန်ခံပါဘူး" ကျိုးမေက ပြောသည်။
မြောင်ရိုလန် အနည်းငယ် ထိတ်လန့်သွား၏။
"လက်ဝယ်တွေ့ရှိတဲ့တိုင်အောင် သူမ မဝန်ခံဘူးလား"
"ဝမ်ချန်းဖနဲ့ ရှုပ်ပွေနေတာကို ဖမ်းမိလိုက်ရင်တော့ သူမ ဝန်ခံမှာပါ ဒါပေမဲ့ ပြဿနာက ဒီအဆိပ် အသစ်မျိုးကို သူမ လက်မခံဘူး သူမက ဒီပုလင်းထဲမှာ ပြည်ပကနေ တင်သွင်းလာတဲ့ Oil တွေပဲ ပါတယ်လို့ အခိုင်အမာ ပြောနေတယ် ပြေစာလည်း ရှိတယ် ဝယ်ယူမှု ကွင်းဆက်လည်း ကိုက်ညီတယ် တင်သွင်းသူကိုလည်း တောင်ဘက်ပိုင်းမှာ ဖမ်းမိထားတယ် ဓာတ်ခွဲခန်းက သူ့လက်ကျန် ပစ္စည်းအားလုံးကို စမ်းသပ်ကြည့်တော့ အဆိပ်မပါတဲ့ သာမန် Oil တွေပဲ ဖြစ်နေတယ်"
"အတိအကျပဲ ဒီပြေစာက တော်တော် သံသယဖြစ်စရာပဲ"
မြောင်ရိုလန်က ပြောလိုက်သည်။
"အင်း"
ကျိုးမေသည် သူမကို စိုက်ကြည့်ပြီး မြောင်ရိုလန်က ထပ်ပြောလိုက်လေသည်။
"သာမန်အားဖြင့်ဆိုရင် ဘယ်သူကများ ဒီလို ရှက်စရာကောင်းတဲ့ ပစ္စည်းတွေအတွက် ပြေစာကို အမြဲတမ်း စစ်ဆေးဖို့ အဆင်သင့် ဖြစ်နေအောင် ကုတင်ဘေး အံဆွဲထဲမှာ သိမ်းထားမှာလဲ ပြေစာကို ပြဖို့ အဆင်သင့် လုပ်ထားတာ သံသယဖြစ်စရာ မဟုတ်ဘူးလား"
ကျိုးမေ ရယ်မောလိုက်သည်။
"အင်း သဘာဝကျတယ်၊ ဆက်ပြောပါဦး..."
"ဖြစ်နိုင်ခြေ တစ်ခုပဲ ရှိတယ်"
မြောင်ရိုလန်က ဆက်ပြောလိုက်လေသည်။
"သူမက ဒီဝယ်ယူမှုလမ်းကြောင်းကို ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားတာ လျှို့ဝှက်ချက် ပေါက်ကြားလာမယ့် နေ့အတွက် အဆိပ်တွေကို ရည်ရွယ်ချက်ရှိရှိ ပေါင်းထည့်ဖို့ အကာအကွယ်အနေနဲ့ သုံးထားတာ သူမ ကြိုတင် ပြင်ဆင်ထားပြီးသား"
ကျိုးမေ အသာအယာ ခေါင်းညိတ်လိုက်၏။
"မဆိုးဘူး စုံထောက်လင်ရဲ့ လမ်းညွှန်မှုအောက်မှာ စုံထောက်တစ်ယောက်အနေနဲ့ ရှင်လည်း တိုးတက် လာပြီပဲ"
မြောင်ရိုလန် အနည်းငယ် စိတ်လှုပ်ရှားသွား၏။
"ကျွန်မ မြင်အောင်ကြည့်နိုင်ခဲ့တယ် ရှင်တို့လည်း ပိုပြီး မြင်နိုင်တာပဲ ဒါကြောင့် သူမ ဘယ်လောက်ပဲ ငြင်းခုံပါစေ နောက်ဆုံးမှာတော့ ဥပဒေကနေ ဘယ်လိုမှ မလွတ်မြောက်နိုင်တော့ပါဘူး"