အခန်း (၄၀) - ဗီလာစတိုင်
"ဒီအမှုကို တကယ်ပဲ လိုက်စုံစမ်းတော့မှာလား"
"ဟုတ်တယ်လေ"
"စောင့်ဦး ကျွန်မ ကွန်ပျူတာ ပိတ်လိုက်ဦးမယ်..."
မြောင်ရိုလန်လည်း ထလိုက်သည်။
"...ဒါက..."
"ဘာဒါကလဲ အခုလို အခြေအနေမျိုးမှာ ရှင်တစ်ယောက်တည်း သွားစုံစမ်းတာကို ကျွန်မ လုံးဝ ခွင့်မပြုနိုင်ဘူး"
မြောင်ရိုလန်က ပြောလိုက်သည်။
“ကောင်းပါပြီလေ...”
လင်ရှောင်စုမှာ အလျှော့ပေးလိုက်ရ၏။
တကယ်တော့ သူမကို ခေါ်သွားချင်စိတ် မရှိပေ။
ဘာကြောင့်လဲဆိုတော့ ဤအမှုမှာ ကလေးသူငယ်များနှင့် မသင့်တော်သည့် အရာများ ပါဝင်နိုင်သောကြောင့်ပင် ဖြစ်ချေသည်။ ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်တည်း ရှိနေခြင်းကပင် အနေရခက်လှပြီဖြစ်ပြီး အခုလို အခန်းထဲမှာ "အေ" (A-rated) ဇာတ်ကားမျိုး ကြည့်နေရသလို ဖြစ်နေတော့ ပို၍ အန္တရာယ်များလေသည်။
သို့သော် သူမပြောတာလည်း ဟုတ်ပေသည်။
အခြေအနေ မကောင်းသည့်အတွက် သူတစ်ယောက် တည်း မသွားခြင်းက ပို၍ လုံခြုံသည်။
ဟုန်ရှင်းဆေးဝါးကုမ္ပဏီအပြင်ဘက်ရှိ ရေကန်ဘေးတွင် လင်ရှောင်စုနှင့် မြောင်ရိုလန်တို့ နှစ်ယောက်သား နွေဦးပွဲတော် လာလည်သည့် စုံတွဲတစ်တွဲလို ထိုင်နေကြ၏။
သူတို့စောင့်နေကြခြင်းပင်ဖြစ်ချေ၏။
ပစ်မှတ်ပေါ်လာမည့် အချိန်ကို စောင့်နေခြင်းဖြစ်သည်။
နေဝင်ရီတရောအချိန်တွင် ပစ်မှတ်ဖြစ်သူ ပေါ်လာလေတော့သည်။
ဝမ်ချန်းဖ၊ အသက်လေးဆယ်ကျော်
ယောက်ျားတစ်ယောက်၏ အကောင်းဆုံးအရွယ်
ချမ်းသာပြီး အိုမင်းခြင်းမရှိသေးသူ
လူငယ်ဘဝ အိပ်မက်များ လက်တစ်ကမ်းမှာ ရှိနေသလိုပင်။
ပို၍ဆိုးရွားသည်မှာ သူ၏ဇနီးဖြစ်သူက သူ့ကို လိုက်လံစောင့်ကြည့်လေ့ မရှိခြင်းပင်။ ထိုသို့သော သူမျိုးအတွက် ပျော်ပါးဖို့ အကောင်းဆုံးအချိန်ပင် ဖြစ်နေသည်။
ကားအပြင်ဘက်တွင် ယာဉ်မောင်းက လေးစားစွာ ဦးညွှတ်ပြီး မေးလိုက်သည်။
"သူဌေး၊ အိမ်ပြန်မှာလား"
"မင်းပဲ ပြန်တော့၊ ငါ ကားမောင်းသွားလိုက်မယ်"
ထို့နောက် ဝမ်ချန်းဖသည် ကားထဲသို့ ဝင်လိုက်ပြီး မာဆာရာတီကားသည် မြို့၏ တောင်ဘက်သို့ အရှိန်ဖြင့် ထွက်ခွာသွားလေတော့သည်။
မာဆာရာတီကားနောက်သို့ မြောင်ရိုလန်က ကားမောင်း၍ နောက်ယောင်ခံလိုက်၏။
သူမ အရှိန်မြန်သော်လည်း ကားအင်ဂျင်မှာ မြင်းကောင်ရေ အားမလုံလောက်ပေ။ မာဆာရာတီကား ပျောက်သွားတော့မည့်အခြေအနေကို မြင်လိုက်ရသောအခါ သူမ အနည်းငယ် စိုးရိမ်လာသည်။
"ငါတို့ ကားတစ်စီး ဝယ်ဖို့လိုမယ် အခုလို စုံစမ်းရတာ အားနည်းချက် ဖြစ်နေပြီ"
"စိတ်မပူပါနဲ့ သူ လွတ်မသွားပါဘူး"
လင်ရှောင်စုက ပြောလိုက်လေသည်။
ခရီးစဉ်၏ ဒုတိယပိုင်းအတွက် သူက မြောင်ရိုလန်ကို လမ်းညွှန်ပေးခဲ့၏။ အကွေ့အကောက်များစွာကို ဖြတ်ကျော်ပြီးနောက် တာရှန်းရေကန်သို့ ရောက်ရှိလာလေသည်။
တာရှန်းရေကန်
တာရှန်းတောင်ဘက်အနီးတွင် ဗီလာအိမ်ရာတစ်ခု ရှိနေသည်။ ဖုန်းချန်းမြို့မှ ချမ်းသာ ကြွယ်ဝသူများ အားလုံးသည် ဤနေရာတွင် ကိုယ်ပိုင်ဗီလာများ တည်ဆောက်ရသည်ကို နှစ်သက်ကြ၏။ နောက်ဘက်တွင် တောင်ကိုမှီပြီး ရှေ့ဘက်တွင် ရေကိုခံထားသောကြောင့် အဆုံးမရှိသော ကျက်သရေ ရှိပေသည်။
သို့သော် ဤနေရာရှိ ဗီလာများသည် အလွန်ပင် လျှို့ဝှက်လှ၏။
အရေးပါသော လူကြီးမင်းများအားလုံးက ကိုယ်တိုင် ပါဝင်ပတ်သက်ခြင်း မရှိကြဘဲ များသောအားဖြင့် အခြား သူများဖြစ်သည့် မယားငယ်များ သို့မဟုတ် မိသားစုဝင်များက သူတို့နာမည်ဖြင့် မြေနေရာကို ရယူကာ အိမ်များ တည်ဆောက်ကြ၏။
တကယ်တမ်းတွင် သူတို့ကသာ ပိုင်ရှင်များ ဖြစ်ကြသည်။
"ဟိုမှာ"
လင်ရှောင်စုက တာရှန်းရေကန်ဘက်ခြမ်းရှိ ဗီလာတစ်ခုကို လက်ညှိုးထိုးပြသည်။
မြောင်ရိုလန်၏ အကြည့်များ စူးရှသွားပြီး သူမ မြင်လိုက်ရ၏။
မာဆာရာတီကားသည် ကားဂိုဒေါင်ထဲသို့ ဝင်သွားပြီး တံခါးမှာ ပိတ်သွားသည်။
အမှန်ပင် လျှို့ဝှက်လွန်းလှသည်...
သူသာ မပါလာလျှင် သူမ လမ်းပျောက်သွားလောက်ပြီ...
မြောင်ရိုလန်သည် သူမ၏ လျှပ်စစ်ကားငယ်ကိုလည်း ဝါးပင်အောက်တွင် ရပ်ထားလိုက်၏။
"နောက်တစ်ခု ဘာဆက်ဘာလုပ်ရမလဲ"
လင်ရှောင်စုက အပေါ်ကို မော့ကြည့်ကာ ပြောလိုက်သည်။
"သစ်ပင်တက်မယ်”
မြောင်ရိုလန်မှာ အနည်းငယ် စိတ်လှုပ်ရှားနေ၏။
"ဘယ်ပင်လဲ"
"ဟိုပင်"
လင်ရှောင်စုက သစ်ပင်တစ်ပင်ကို ညင်သာစွာ ညွှန်ပြလိုက်လေတော့သည်။
၎င်းမှာ ဗီလာဘေးရှိ ဝါးပင်ကြီးတစ်ပင် ဖြစ်၏။
ဤရာသီတွင် ဝါးနုကလေးများသည် ဝါဂွမ်းကဲ့သို့ ဖြစ်နေပြီး သန်မာသော ဝါးပင်အိုကြီး၏ အကိုင်း အခက်များသည် ရေစက်များဖြင့် စိုစွတ်နေ၏။ ကြည်လင်သော တာရှန်းရေကန်၊ ခန့်ညားသော တာရှန်းတောင်နှင့် ရေကန်ဘေးရှိ လှပစွာ အလှဆင်ထားသော ဗီလာတို့သည် တာရှန်း၏ အလှ တရားကို ပေါင်းစပ်ဖန်တီးပေးထားလေသည်။
ဤဝါးပင်အိုကြီး၏ အပေါ်မှနေ၍ ဒုတိယထပ်ကို မြင်နိုင်ပေသည်။
သစ်ပင်ပေါ်မှ ခုန်ချလိုက်ပါက တတိယထပ်၏ ခေါင်မိုးပေါ်သို့ပင် ရောက်ရှိနိုင်၏။
၎င်းမှာ ချောင်းကြည့်ရန်အတွက် အကောင်းဆုံးနေရာပင် ဖြစ်လေသည်။
မြောင်ရိုလန်က ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ရှုလိုက်သည်...
"သွားကြမယ်"
နှစ်ဦးသား ရေကန်ဘေးတစ်လျှောက် ဖြတ်သွားကြသည်။ ညနေဆည်းဆာတွင် မည်သူမျှ မမြင်နိုင်ဘဲ ဝါးပင်အိုကြီးနှင့် သုံးမီတာအကွာသို့ ရောက်ရှိသွားကြ၏။ မြောင်ရိုလန်သည် သူမ၏ခြေထောက်ကို အားပြုကာ ခုန်လိုက်ပြီး ထိုနေရာတွင် ပျောက်ကွယ်သွားသည်။
နောက်တစ်ခဏတွင် လင်ရှောင်စုလည်း ထိုနေရာ၌ ပျောက်ကွယ်သွား၏။
နှစ်ဦးစလုံးသည် ဝါးပင်ပေါ်သို့ ရောက်သွားပြီး အနောက်ဘက်တွင် သစ်ပင်အိုကြီးတစ်ပင်က ကာထားသဖြင့် အချင်းချင်း ခန္ဓာကိုယ်ချင်း ထိကပ်နေကာ အပူဓာတ်ကို ခံစားနေမိလေသည်။ အခြားသူများအတွက်ဆိုလျှင် အနီးကပ် စောင့်ကြည့်နေသူ ရှိပါစေဦး၊ သူတို့ရှိနေသည်ကို သတိထားမိမည် မဟုတ်ပေ။
လင်ရှောင်စု၏ ကောင်းကင်တာအို ဉာဏ်ပညာမျက်လုံးသည် အချိန်နှင့် အာကာသကို ဖြတ်ကျော်ကာ နောက်ကြောင်းပြန်ကြည့်လိုက်၏။
မြင်ကွင်းများမှာ နေ့နှင့်ညကြားတွင် လျင်မြန်စွာ ပြောင်းလဲသွားပြီး ရုတ်တရက် သူ၏ နှလုံးသားမှာ လှုပ်ရှားသွား၏။
မာဆာရာတီကားမှာ မနေ့ညက စတင် ရပ်ထားခဲ့လေသည်။
၎င်းက ဘာကို ကိုယ်စားပြုသလဲ ဝမ်ချန်းဖ မနေ့ညက ဒီနေရာမှာ ရှိနေသည်ဟု ဆိုလိုခြင်းဖြစ်ပေသည်။
‘ဒါဆို သူ ဗီလာထဲမှာ တစ်စုံတစ်ခု ကြုံတွေ့ခဲ့ရသလား’
နောက်ကြောင်းပြန်ကြည့်ခြင်းကို ဆက်လုပ်လိုက်ရာ စိတ်လှုပ်ရှားဆုံး မြင်ကွင်းမှာ ပေါ်လာတော့သည်။ ဗီလာ၏ ပိုင်ရှင်မယားငယ်မှာ ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦး ဖြစ်ပြီး ဒုတိယထပ်ရှိ အခန်းတစ်ခန်းထဲသို့ ဝင်သွား၏။
ဒုတိယထပ်ရှိ အခန်းတွင် ကုလားကာများ ရှိသော်လည်း မနေ့က လေတိုက်နေသဖြင့် လေတိုက် ခတ်ရာမှ လင်ရှောင်စုမှာ ကုတင်၏ တစ်ဝက်ကို မြင်လိုက်ရသေးသည်။
ကုတင်ပေါ်တွင် ဝမ်ချန်းဖမှာ ရေချိုးဝတ်ရုံဖြင့် ပတ်ထားသည်။
အမျိုးသမီးမှာ အခန်းထဲသို့ ဝင်လာပြီး ကျက်သရေရှိစွာ ပြုံးလိုက်ရာ အခန်းထဲတွင် နွေဦးလေထု ပြည့်နှက်သွားသည်။
သူမ၏ တဘက်မှာ လွင့်စင်သွားပြီးနောက်...
သူမသည် အဆိပ်ခတ်သူ ဟုတ်မဟုတ် သိရန်အတွက် အကောင်းဆုံးနည်းလမ်းမှာ သူမကိုယ်တိုင် အဆိပ်သင့် နေသလားဆိုသည်ကို ကြည့်ခြင်းပင်ဖြစ်သည်။
အကယ်၍ သူမ အဆိပ်သင့်နေလျှင် သူမလည်း "ထိခိုက်နစ်နာသူ" တစ်ဦး ဖြစ်နိုင်ပေသည်။
သို့သော် အဆိပ်မသင့်ပါက သူမသည် အဆိပ်ခတ်သူ ဖြစ်နိုင်ခြေ အလွန်မြင့်မားသည်။
အကြောင်းမှာ သူမသည် အဆိပ်ကို ကြိုတင်၍ ကုသထားခဲ့ခြင်း ဖြစ်ရပေမည်။
ဤအချိန် နောက်ကြောင်း ပြန်ကြည့်နေစဉ် သူသည် အပိုင်းအစများကိုသာ မြင်ရပြီး မနေ့က သူတို့၏ ပုံရိပ်များစွာကို ပြသထားသောကြောင့် ဖြစ်သည်။
သို့သော် လိုက်ကာများက ကာဆီးထားသဖြင့် သူ အမှန်တကယ် ရှင်းလင်းစွာ မမြင်နိုင်ပေ။
သူ ပို၍ သေချာအောင် ကြည့်ရန် လိုအပ်သည်။
လင်ရှောင်စုသည် အချိန်နောက်ကြောင်း ပြန်ကြည့်ခြင်းမှ ထွက်လိုက်ပြီး သူ၏ အကြည့်ကို လက်ရှိမြင်ကွင်းသို့ ပြောင်းလိုက်လေသည်။ ပစ်မှတ်မှာ တစ်စုံတစ်ယောက်၏ လက်ရှိ ရေချိုးနေသည့် မြင်ကွင်းပေါ်သို့ ရောက်ရှိသွား၏။
ရေချိုးခန်းထဲတွင် လိုက်ကာ မရှိပေ။ မှန်သာ ရှိပေသည်။
ပုံမှန်အားဖြင့် မှန်မှာ ရေငွေ့များဖြင့် ဖုံးလွှမ်းနေမည်ဖြစ်ပြီး လူအများစုမှာ ဘာကိုမျှ မြင်နိုင်မည် မဟုတ်ပေ။
သို့သော် လင်ရှောင်စု၏ မျက်လုံးမှာ မည်မျှ စွမ်းလေသနည်း။
ရေငွေ့မှာ မျက်လုံးအောက်တွင် အလိုအလျောက် ပျောက်ကွယ်သွားပြီး မှန်က အလင်းပြန်နေလျှင်ပင် သူ၏ အမြင်ကို မနှောင့်ယှက်နိုင်ပေ။ စီးဆင်းနေသော ရေများအကြားတွင် သူသည် အံ့သြဖွယ် အကောင်းဆုံး မြင်ကွင်းကို တွေ့လိုက်ရသည်။ မြင်သင့်သည်များကို မြင်ရပြီး မမြင်သင့်သည်များကိုပါ အကုန်မြင်ရသည်။
သူမသည် အဆိပ်မသင့်ထားပေ ရေချိုးပြီးနောက် မြင်ကွင်းအသစ်တစ်ခု ပေါ်လာပြီး လင်ရှောင်စု၏ နှလုံးသားမှာ မြန်ဆန်စွာ ခုန်ပေါက်လာ၏။
သူမ၏ လက်သည် ရေချိုးခန်းထဲရှိ ရေချိုးဆပ်ပြာတင်ထားသည့် စင်ဆီသို့ ရောက်သွားလေသည်။
သူမ၏ လက်ချောင်းသွယ်သွယ်လေးများက သုံးကြိမ် ဖိနှိပ်လိုက်ရာ လျှို့ဝှက်အကန့်တစ်ခု ပွင့်သွားပြီး သတ္တုဘူးတစ်ခုကို တွေ့လိုက်ရ၏။ သူမ ဘူးကိုဖွင့်လိုက်ပြီး အတွင်းရှိ အလင်းရောင်ရှိသော အနီရောင် အရည်ကို မြင်လိုက်ရသည်။
နေရာတစ်ခုတွင် လိမ်းကျံလိုက်ပြီး အစွန်းများကို သုတ်လိုက်ကာ ဂရုတစိုက် သိမ်းဆည်းလိုက်၏။
လင်ရှောင်စုမှာ ကြည့်ရန်ပင် ရှက်ရွံ့သွားပြီး သူ၏ အကြည့်ကို မြောင်ရိုလန်ဘက်သို့ ပြောင်းလိုက်၏။
မြောင်ရိုလန်မှာ သူ့ကို ကြည့်မနေဘဲ သူမ၏ မျက်လုံးများမှာ ထိုပြတင်းပေါက်ပေါ်တွင် စွဲမြဲနေ သော်လည်း သူမ၏ မေးစေ့နှင့်ပါးမှာ နီရဲနေပြီဖြစ်လေသည်။
ရေချိုးခန်းတံခါးကို ခေါက်လိုက်ပုံရ၏။
အသံတစ်စုံတစ်ရာ မထွက်ပေါ်လာသော်လည်း လင်ရှောင်စုမှာ မျက်လုံးဖြင့် တံခါးပေါ်တွင် လေစီးကြောင်း အတက်အကျ ဖြစ်ပေါ်နေသည်ကို မြင်နိုင်ပေသည်။
၎င်းမှာ ခေါက်လိုက်ခြင်းပင် ဖြစ်သည်။
အလှပဂေးမှာ မယုံနိုင်လောက်အောင် မြန်ဆန်သော အရှိန်ဖြင့် သူမ၏လက်ကို လှုပ်ရှားလိုက်ရာ သေးငယ်သော ဘူးလေးမှာ လျင်မြန်စွာ သိမ်းဆည်းခံလိုက်ရပြီး မူလအကန့်သို့ ပြန်ရောက်သွား၏။ သူမလက်ကို အသာအယာ ဝှေ့ယမ်းလိုက်သောအခါ အကန့်မှာ လေထဲတွင် ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်သွားလေသည်။
သူမ၏ မျက်နှာပေါ်တွင် ရှက်ရွံ့သော အပြုံးတစ်ခု ပေါ်လာပြီး ရေချိုးခန်းတံခါးကို ဖွင့်လိုက်၏။
အပြင်ဘက် တွင်တော့ ဝမ်ချန်းဖ ဖြစ်ပြီး သူ၏ လက်များကို ဖြန့်ကာ သူမကို ပွေ့ဖက်လိုက်သည်။
အမျိုးသမီးမှာ သူ၏ ရင်ခွင်ထဲသို့ တိုးဝင်သွား၏။
လင်ရှောင်စုမှာ သူမ၏ ပါးစပ်ကို အာရုံစိုက်ထားလိုက်သည်။ သူ အသံကို မကြားနိုင်သော်လည်း သူသည် လျှို့ဝှက်ကျွမ်းကျင်မှု တစ်ခုကို ပိုင်ဆိုင်ထား၏။
၎င်းမှာ "နှုတ်ခမ်းဖတ်ခြင်း"ဟူ၍ ဖြစ်ပေသည်။
နှုတ်ခမ်းဖတ်ခြင်း ဆိုသည်မှာ အသံကို မကြားရဘဲ နှုတ်ခမ်းနှင့် လျှာ၏ တုန်ခါမှုကို လေ့လာခြင်းဖြင့် အခြားသူ ပြောနေသည့်အရာကို နားလည်ခြင်း ဖြစ်ပေသည်။ ဤကျွမ်းကျင်မှုကို ကျွမ်းကျင်အောင် လုပ်ရသည်မှာ မလွယ်ကူသော်လည်း လင်ရှောင်စုမှာ မကြာသေးမီကပင် ကြိုးစားလေ့လာခဲ့ပြီး သဘောပေါက်စပြုလာခဲ့သည်။
ဘာကြောင့် သူ ဤကျွမ်းကျင်မှုကို ပိုင်ဆိုင်ရမည်နည်း။
ဘာကြောင့်ဆိုသော် ၎င်းမှာ "အချိန်နောက်ကြောင်း ပြန်ကြည့်ခြင်း"၏ အကြီးမားဆုံး အားနည်းချက် ဖြစ်သောကြောင့် ဖြစ်သည်။
အချိန်နောက်ကြောင်း ပြန်ကြည့်ခြင်းဖြင့် အသံမပါသည့် ပုံရိပ်များကိုသာ မြင်နိုင်သည်။ ထို့ကြောင့် သူသည် ဤကျွမ်းကျင်မှုကို ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ပြီး၊ ယခုအခါ အချိန်နောက်ကြောင်း ပြန်ကြည့်ခြင်း၏ အသံမဲ့ ရုပ်ရှင်ကားများကို ထိုအချိန်က ပြောဆိုနေသည့် စကားသံများအဖြစ် သူ၏ ဦးနှောက်ထဲသို့ ပေးပို့နိုင်တော့လေသည်။
အမျိုးသမီးက ပြောလိုက်သည်။
"မ... မလုပ်ပါနဲ့... အရင် ရေချိုးလိုက်ဦး..."
ထို့ကြောင့် အရင်ဆုံး ရေချိုးခြင်း ဖြစ်ပျက်သွားပြီး၊ သူတို့ ရေချိုးနေစဉ်တွင် ကိစ္စများမှာ လမ်းကြောင်း လွဲသွားကာ ရေချိုးခန်းထဲတွင် ကလေးသူငယ်များနှင့် မသင့်တော် မသက်ဆိုင်သည့် အရာများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။