အခန်း (၂၅) - ခေါင်းကိုးလုံးမြွေနှင့် ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ဆုံခြင်း
လင်ရှောင်စု တစ်ယောက်သာ နေရာတွင် ငြိမ်သက်စွာ ရပ်လျှက်ရှိနေ၏။
လက်ထဲရှိ သေနတ်နှင့် ကောင်းကင်ဘုံ ဉာဏ်ပညာမျက်လုံးကို အသုံးပြုကာ ပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော ခြိမ်းခြောက်မှုများကို ဖယ်ရှားရှင်းလင်းနေလေသည်။
၎င်းမှာ အသည်းအသန် အခြေအနေတစ်ခုပင် ဖြစ်လေသည်။
သူ၏ လှုပ်ရှားမှု မြန်ဆန်သွက်လက်မှုမရှိခြင်းက အားနည်းချက် ဖြစ်နေတော့သည်။
ငါးမီတာကျယ်သော ချိုင့်ဝှမ်းကိုပင် သူ ခုန်မကျော်နိုင်ပေ။
တစ်ခါတစ်ရံ သူ လှုပ်ရှားလိုက်သည်နှင့် သူ့အားနည်းချက်ကို ပြသလိုက်သလို ဖြစ်ပြီး ရန်သူအား အခွင့်အရေး ပေးလိုက်သလို ဖြစ်သွားလိမ့်မည်။
ထို့ကြောင့် သူ၏ အကောင်းဆုံး နည်းဗျူဟာမှာ တောင်စောင်းတွင်သာ နေပြီး တစ်ကွင်းလုံးကို စောင့်ကြည့်ကာ ပေါ်လာသမျှ ရန်သူကို ပစ်ခတ်ရန်သာ ဖြစ်ပေသည်။
ဆယ်မိနစ်
ဆယ်မိနစ် အပြည့်
အေးဂျင့် ၈၈ သည် အော်ဟစ်သံရှည်ကြီးကို အော်ဟစ်လိုက်ပြီး သူနှင့် အချိန်အတော်ကြာ ရုန်းကန် တိုက်ခိုက် နေရသော ပြိုင်ဘက်ကို ဖြတ်တောက်လိုက်ကာ တဲအိမ်ရှေ့သို့ ပြန်ရောက်ရှိလာ၏။
ချန်ယဲ့က သူမလက်ချောင်းကို ဝေ့ယမ်းလိုက်ပြီး လေဟာနယ်ကို ထိလိုက်ရာ ထိုနေရာတွင် ဘယ်သူမှ မရှိဟု ထင်ရသော်လည်း သူမလက်ချောင်း ရောက်သွားချိန်တွင် ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်ထွက်လာပြီး ချန်ယဲ့၏ လက်ချောင်းကို ဓားဖြင့် ခုတ်ဖြတ်လိုက်လေသည်။
ချန်ယဲ့၏ လက်ချောင်းသည် ပစ်မှတ်ကို ဖမ်းဆုပ်မိလိုက်သော်လည်း ထိခိုက်မှု မရှိပုံပေါက်လေ၏။
သို့သော်
သူမ လက်သည်းကို ဖျတ်ခနဲ လှုပ်ရှားလိုက်သောအခါ မီးခိုးငွေ့ အနည်းငယ် ထွက်လာလေသည်။
ထိုအခါ ပြိုင်ဘက်မှာ လဲကျသွား၏။
‘အဆိပ်’
ဒါက သူမရဲ့ အထူးကျွမ်းကျင်ရာ နယ်ပယ်ပင် ဖြစ်လေသည်။
လင်ရှောင်စုက အရာအားလုံးကို ရှင်းလင်းစွာ မြင်နေရပြီး စိတ်ထဲတွင် ခံစားချက်ပေါင်းစုံ ဖြစ်ပေါ်နေ၏။
ဝါးတောသည် ပြင်းထန်စွာ တုန်ခါသွားပြီး ရှင်းယွဲ့က မြေပြင်မှ ခုန်တက်ကာ တဲအိမ်ခေါင်မိုးကို ကျော်ဖြတ်ပြီး အိမ်ရှေ့တွင် ပြန်လည်ဆင်းသက်လာသည်။
သူမမျက်နှာတွင် ဂုဏ်ယူဝင့်ကြွားမှုများ ပြည့်နေလေတော့သည်။
“နည်းပြ ကျွန်မ ခုနစ်ယောက်ကို ချလိုက်တယ် တစ်ယောက်ကို အမှတ်တစ်ရာစီဆိုတော့ ဒါတင် ခုနစ်ရာရပြီ ကျွန်မရဲ့ စုစုပေါင်းအမှတ်က လုံလောက်သွားပြီ”
သူမ အကြည့်များ ရွှေ့လိုက်ရာ အဝေးက တောင်စောင်းတွင် လင်ရှောင်စုကို မြင်လိုက်ရပြီး ရယ်မောလိုက်မိသည်။
“လင်ရှောင်စု မင်းက ခုနကနေရာမှာပဲ ရှိသေးတာလား လိပ်တောင်မှ ချိုင့်ဝှမ်းအစွန်းအထိတော့ တွားသွားဦးလေ”
ရှူး
ချန်ယဲ့က လေထဲသို့ ခုန်တက်ပြီး လင်ရှောင်စုဆီသို့ ပျံသန်းသွားလိုက်၏။
အေးဂျင့် ၈၈ က လှည့်ပြီး သူ၏ နောက်က တဲအိမ်ထဲသို့ ဝင်သွားလေတော့သည်။
ချန်ယဲ့က လင်ရှောင်စုရှေ့ ရောက်ရှိလာပြီး
“လာခဲ့ ငါ မင်းကို တစ်ဖက်ကမ်း ပို့ပေးမယ်”
သူမ လက်ကို ဆန့်ထုတ်ကာ လင်ရှောင်စုလက်ကို ဆုပ်ကိုင်လိုက်ပြီး နောက်တစ်ခဏတွင် သူတို့သည် ရှေ့ရှိ ချိုင့်ဝှမ်းကို ကျော်ဖြတ်ပြီး တဲအိမ်ရှေ့သို့ ရောက်လာကြသည်။
လင်ရှောင်စုမှာ သူ၏ ခြေထောက်သည် မြေကြီးကို မထိလိုက်ရသလို ခံစားလိုက်ရ၏။
သူတို့ အတူတူ တဲအိမ်ထဲ ဝင်သွားလိုက်ကြသည်။
အပြင်က ကြည့်လျှင် ဤတဲအိမ်သည် ကျေးလက်အိမ်နှင့် ဘာမှ မခြားနားသော်လည်း တစ်ခုခုတော့ ထူးခြားရပေလိမ့်မည်။
အကြောင်းမှာ ရန်သူ၏ အစွမ်းအထက်ဆုံး လူဖြစ်သော အဘွားအိုက ဤနေရာကို အမြဲ စောင့်ကြပ်နေသောကြောင့်ပင် ဖြစ်ချေသည်။
နှစ်ဦးသား တဲအိမ်ထဲ ဝင်သွားပြီး ရှေ့၊ အလယ်၊ နောက် အခန်းများကို ဖြတ်ကျော်သွားကြရာ နောက်ဘက် တောင်နှင့် ဆက်စပ်နေသော နေရာတွင် ဗီရိုတစ်ခု လှန်ကျနေသည်ကို တွေ့ရပြီး တံခါးတစ်ခု ပေါ်လာ၏။
တံခါးမှာ ပွင့်နေနှင့်ပြီးအတွင်းထဲ ဝင်သွားသောအခါ သီးခြားကမ္ဘာတစ်ခုလိုပင် ဖြစ်နေလေသည်။
အတွင်းထဲတွင် ထိန်းချုပ်ခန်းတစ်ခုကဲ့သို့ စနစ်တကျနှင့် သန့်ရှင်းပြီး ခေတ်မီနေ၏။
အလယ်ဗဟိုတွင် ကွန်ပျူတာတစ်လုံး ဖွင့်လျက်သားရှိနေပြီး လူလတ်ပိုင်းအရွယ် လူတစ်ယောက်က ထိုနေရာတွင် လဲကျနေလေသည်။
ကွန်ပျူတာရှေ့တွင် ရှင်းယွဲ့က ချွေးများ ပြန်နေပြီး သူမလက်များမှာ ကီးဘုတ်ပေါ်တွင် လျင်မြန်စွာ လှုပ်ရှားနေ၏။
သူမရှေ့ရှိ ကွန်ပျူတာ စခရင်ပေါ်တွင် ကုဒ်များမှာ လျှပ်တစ်ပြက် မြန်နှုန်းဖြင့် ရွေ့လျားနေပြီး ကုဒ်များကြားတွင် အရိုးနှစ်ချောင်း ကန့်လန့်ဖြတ်ထားသော နတ်ဆိုးပုံတစ်ခု ပေါ်လာသည်။
ထိုနတ်ဆိုးပုံက အေးစက်စက် ရယ်မောနေလေ၏။
ရယ်သံနှင့်အတူ ကွန်ပျူတာ စခရင်ပေါ်တွင် ရာခိုင်နှုန်း ဖော်ပြချက် ပေါ်လာလေတော့သည်။
၉၃ ရာခိုင်နှုန်း
၉၄ ရာခိုင်နှုန်း
ငါးစက္ကန့်တိုင်း တစ်ခါ ခုန်တက်နေသည်။
‘ခေါင်းကိုးလုံးမြွေရဲ့ သင်္ကေတ’
ချန်ယဲ့၏ စိတ်ထဲ တုန်လှုပ်သွားမိလေသည်။
“သူတို့ ကွန်ပျူတာ အချက်အလက်တွေကို ဖျက်ဆီးနေတာ ရှင်းယွဲ့ အမြန်လုပ်”
ရှင်းယွဲ့၏ အရှိန်မှာ သိသိသာသာ မြန်ဆန်လာသော်လည်း
ဖျက်ဆီးမှု ရာခိုင်နှုန်းမှာ ၁၀၀ ရာခိုင်နှုန်းသို့ ရက်စက်စွာ နီးကပ်လာပေသည်။
အေးဂျင့် ၈၈ ၏ နဖူးပေါ်တွင်လည်း သွေးကြောများ ထောင်ထလာ၏။
အတွင်းရှိ သုတေသန အချက်အလက်များ ဘယ်လောက် အရေးကြီးကြောင်း သူ သိသော်လည်း သူတို့ ဤလျှို့ဝှက်ခန်းသို့ ရောက်လာချိန်တွင် ရန်သူက မိမိကိုယ်ကို ဖျက်ဆီးမည့် အစီအစဉ်ကို စတင် ထားနှင့်ပြီ ဖြစ်ပေသည်။
“၆ ရာခိုင်နှုန်းပဲ ကျန်တော့တယ် မိနစ်ဝက်ပဲ ရှိတော့တယ်”
“မိနစ်ဝက်အတွင်း ဒီပြဿနာကို တကယ် ဖြေရှင်းနိုင်ပါ့မလား”
“ခေါင်းကိုးလုံးပါ မြွေအဖွဲ့ကို လျှို့ဝှက်စခန်းတစ်ခုက သုတေသန အချက်အလက်တွေနဲ့ ထားခဲ့ရမလား”
အချိန်မှာ ၉၆ ရာခိုင်နှုန်းသို့ ရောက်သွားပြီး နောက်တစ်ခဏမှာပင် ၉၇ ရာခိုင်နှုန်း ဖြစ်သွား၏။
“နောက်ကျသွားပြီ ပြန်ဆုတ်ကြ”
အေးဂျင့် ၈၈ က တည်ကြည်စွာ အမိန့်ပေးလိုက်လေသည်။
ကွန်ပျူတာ၏ မိမိကိုယ်ကို ဖျက်ဆီးမည့် အစီအစဉ် စတင်သည်နှင့် ကွန်ပျူတာ သိုလှောင်မှုထက် ပိုမိုကြီးမားသော ပျက်စီးမှု ဖြစ်ပေါ်လိမ့်မည်။
ခေါင်းကိုးလုံးမြွေအဖွဲ့၏ ပုံမှန်အလေ့အထအရ စခန်းတစ်ခုလုံး ပြာဖြစ်သွားလိမ့်မည် ဖြစ်ပေ၏။
သူတို့တွင် ၁၅ စက္ကန့်သာ အချိန်ကျန်တော့လေသည်။
ချန်ယဲ့က ရုတ်တရက် လက်ဆန့်ကာ လင်ရှောင်စုကို ဆွဲလိုက်၏။
ဒါက သူမ၏ အလေ့အကျင့် တစ်ခု ဖြစ်ပေလိမ့်မည်။ အကျပ်အတည်း ကြုံလာချိန်တွင် သူမ၏ ဦးစားပေးမှာ သူ့ကို ကာကွယ်ရန် ဖြစ်သည်။
သို့သော် သူမ ဆွဲလိုက်ရာ လေကိုသာ ထိမိလိုက်သည်။
သူမ မသိလိုက်မီ လင်ရှောင်စုမှာ ဘယ်ဘက်နံရံဆီသို့ ရောက်နှင့်နေပြီ ဖြစ်ပေသည်။
နောက်ထပ် ဆယ်စက္ကန့်ကျော်လျှင် ဤနေရာ ပေါက်ကွဲလိမ့်မည်။
အချိန်မရှိတော့ပေ။
ချန်ယဲ့က ခြေဖျားထောက်ကာ ဆယ်မီတာခန့် နေရာကို ကျော်ဖြတ်လိုက်၏။တစ်ချိန်တည်းမှာပင် လင်ရှောင်စုက နံရံကို ဖြတ်ကျော်သွားသည်။
အေးဂျင့် ၈၈ ၏ မျက်လုံးများ ချက်ချင်း တောက်ပသွားပြီး
“လာခဲ့”
လင်ရှောင်စု အော်လိုက်ပြီး ခုန်ချသွားလေသည်။
ရှူး
ပုံရိပ်သုံးခုသည် တစ်ပြိုင်နက်နီးပါး ခုန်ချသွားကြ၏။ သူတို့အပေါ်မှ ကျောက်ပြားမှာ ပိတ်သွားသည်။
ကျယ်လောင်သော အသံကြီးနှင့်အတူ မြေကြီးမှာ တုန်ခါသွားပြီး အပေါ်ရှိ ထိန်းချုပ်ခန်းမှာ လုံးဝ ပျက်စီးသွားလေတော့သည်။
ကျောက်ခဲများ၊ ဖုန်မှုန့်များမှာ ကြောက်မက်ဖွယ် ပေါက်ကွဲမှုနှင့်အတူ အောက်သို့ ပြိုကျလာပြီး သူတို့လေးဦးလုံး၏ နောက်ဘက်ရှိ ကျောက်နံရံသို့ ရိုက်ခတ်သွား၏။
လင်ရှောင်စု ကျောက်နံရံဆီသို့ အားမရှိစွာ လွင့်စင်သွားသည့် အခိုက်အတန့်တွင်
ပုံရိပ်တစ်ခုက သူ့နောက်မှာ ရုတ်တရက် ပေါ်လာပြီး သူ့ကို အတင်းဆွဲကာ လှည့်လိုက်ပြီး ကျောက်နံရံတွင် ကပ်ထားလိုက်လေသည်။
လင်ရှောင်စုသည် သူ့ရင်ခွင်ထဲတွင် နူးညံ့ပြီး ကျောက်စိမ်းကဲ့သို့ နွေးထွေးမှုကိုသာ ခံစားလိုက်ရပေသည်။
‘ချန်ယဲ့’
ပေါက်ကွဲမှု၏ လှိုင်းလုံးများကြားတွင် သူမက သူ့ကို ကာကွယ်ရန် သူမကိုယ်သူမ ဒိုင်းအဖြစ် အသုံးပြု လိုက်သည်။
ဤရိုက်ခတ်မှုက ကြောက်မက်ဖွယ် ပြောင်းလဲမှုကို ဖြစ်ပေါ်စေပြီး လင်ရှောင်စု၏ နှုတ်ခမ်းသည် သူမ၏ ဆံနွယ်နုနုလေးများကို ပွတ်တိုက်သွားလေ၏။
သူ ခံစားလိုက်ရသည်နှင့် လင်ရှောင်စု၏ နှုတ်ခမ်းသည် သူ့ကိုယ်ပိုင် မဟုတ်တော့သလို ထူအမ်းအမ်း ဖြစ်သွားသည်။
သူ၏ တစ်ကိုယ်လုံးလည်း သူ၏ ကိုယ်ပိုင် မဟုတ်တော့သလိုပင် ခံစားမိလိုက်ရ၏။
ခဏလေးအလိုကမှ နူးညံ့သော ကျောက်စိမ်းကဲ့သို့ နွေးထွေးမှုကို ခံစားနေရရာမှ နောက်တစ်ခဏတွင် သူ၏ အာရုံများအားလုံး ပျောက်ကွယ်သွားပြီး သူ၏ ဦးနှောက်ထဲရှိ ငွေရောင်ငါးကလေးမှာလည်း ရွှံ့နွံထဲ နစ်မြုပ်သွားသလို လမ်းပျောက်သွားလေသည်။
‘အဆိပ်’
‘သူမက အဆိပ်လူသား ဖြစ်ပြီး သူမကြောင့် ငါ အဆိပ်သင့် သေရတော့မှာလား’
‘ဒါက ဒီလောက်တောင် သရော်စရာ ကောင်းရမလား’’
လင်ရှောင်စု၏ နောက်ဆုံး ကျန်ရှိနေသော သတိတရားပင် ဖြစ်နိုင်ပေ၏။
နောက်တစ်ခဏတွင် သူ၏ နှုတ်ခမ်းမှာ ထိတွေ့မှုကို ပြန်လည် ရရှိလာပြီး သူ၏ ပါးစပ်ထဲတွင် ဆေးလုံးတစ်လုံးကို ခံစားမိလိုက်သည်။
ထိုဆေးလုံးကို ဗဟိုပြု၍ အာရုံကြောများ ပြန်လည် အသက်ဝင်လာသည်။
နောက်ဆုံးတွင် သတိတရား ငွေရောင်ငါးကလေးသည် ရွှံ့နွံမှ လွတ်မြောက်လာပြီး ပြန်ရောက်လာသည်။
သူ တစ်ကိုယ်လုံးကို ပြန်လှုပ်ရှားနိုင်ပြီ
ပတ်ဝန်းကျင်မှ ဖုန်မှုန့်၊ သဲများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ချန်ယဲ့၏ တောက်ပသော မျက်လုံးများက အမှောင်ထဲတွင် သူ့ကို ကြည့်နေသည်။
“မင်း အဆင်ပြေရဲ့လား”
“ငါ ဒဏ်ရာ မရတဲ့ပုံပဲ”
ချန်ယဲ့က သက်ပြင်းရှည်ကြီး ချလိုက်မိ၏။
“ဘာမှ မဖြစ်ရင် နည်းနည်း လမ်းလျှောက်လိုက် ၈၈ နဲ့ ရှင်းယွဲ့တို့ တစ်ခုခု အသစ်တွေ့ကောင်း တွေ့လိမ့်မယ်”
သူတို့နှစ်ယောက် ဘေးချင်းယှဉ်၍ သဘာဝ ဂူတစ်ခုထဲကို လမ်းလျှောက်သွားကြရာ ရှေ့မှ အလင်းရောင် ထွက်ပေါ်လာသည်။
အေးဂျင့် ၈၈ ၏ ဝတ်စုံမှ ထွက်လာသော အလင်းရောင် ဖြစ်ပြီး မှိန်ဖျော့သော အလင်းရောင်အောက်တွင် လူတစ်ယောက် မြေပြင်ပေါ် လဲလျောင်းနေကာ ရေငုပ်ဝတ်စုံ ဝတ်ဆင်ထား၏။
“ရန်သူပဲလား”
ချန်ယဲ့က ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်လေသည်။
ဒီနေရာမှာ ပုန်းစရာ နေရာမရှိတဲ့ ဂူတစ်ခု ဖြစ်ပြီး သေတ္တာတွေအများကြီး ရှိသော်လည်း လူတစ်ယောက် ပုန်းနိုင်လောက်အောင် မကြီးမားပေ။
“ဒါက နောက်ဆုံးလူပဲ ဖြစ်လိမ့်မယ်”
အေးဂျင့် ၈၈ က မြေပြင်ပေါ်ရှိ လူကို ညွှန်ပြလိုက်၏။
“အပေါ်က ပေါက်ကွဲမှု စဖြစ်တုန်းက သူ ထွက်ပြေးချင်ပေမဲ့ ငါ တားလိုက်တာ”
“ငါတို့လေ အဲဒါကို ငါတို့ တားလိုက်တာ နည်းပြ”
ရှင်းယွဲ့က အော်ပြောလိုက်ပြီး သူမ၏ အောင်မြင်မှုကို ဖျောက်ဖျက်သွားမှာ စိုးရိမ်သဖြင့် ငါတို့ဆိုသည့် စကားလုံးကို အလေးပေး ပြောလိုက်လေသည်။
“ဒါက သူတို့ အမျိုးမျိုးသော နမူနာတွေကို သိမ်းဆည်းထားတဲ့ နေရာလား”
“ဟုတ်တယ်”
အေးဂျင့် ၈၈ က အတည်ပြုလိုက်သည်။
“သေတ္တာလေးလုံး စစ်ကြည့်တာ အားလုံး မျိုးနွယ်ဗီဇ နမူနာတွေပဲ ရဲဘော်လေး စုက အဓိက အကျိုးပြု လုပ်ဆောင်သွားတယ်ဆိုတာကို ဝန်ခံရလိမ့်မယ်”
ပေါက်ကွဲမှု မဖြစ်ခင် စက္ကန့်ပိုင်းအလိုကပင် သူတို့ လုပ်ထုံးလုပ်နည်းအတိုင်း ထိန်းချုပ်ခန်းမှ ထွက်ပြေး ကြရမည် ဖြစ်လေသည်။
“အဝေးဆုံးသို့ ပြေးကြ”
သာမန်ဆိုလျှင် ထိန်းချုပ်ခန်း ပေါက်ကွဲမှုက နမူနာ သိမ်းဆည်းခန်းကို အပျက်အစီးများအောက်မှာ မြှုပ်နှံသွားလိမ့်မည်ဖြစ်ပြီး သုတေသန အချက်အလက်များအတိုင်း တန်ဖိုးရှိသော နမူနာများ ရှိနေမည်ဟု မည်သူမျှ မထင်ကြပေ။
သို့သော် လင်ရှောင်စုက တွေးမိခဲ့ပေသည်။
အရေးပေါ် အခြေအနေတွင် သူက လျှို့ဝှက်တံခါးကို ဖွင့်ပေးခဲ့သဖြင့် သူတို့သည် မစ်ရှင်၏ အဖိုးတန်ဆုံး ပစ်မှတ်ကို ရရှိခဲ့ကြ၏။
ရှင်းယွဲ့က အမှောင်ထဲတွင် နှုတ်ခမ်းကို ရှုံ့လိုက်မိသည်။
သူမ အလွန် စိတ်မကျေမနပ် ဖြစ်နေ၏။
သူမက လင်ရှောင်စုကို ဝေဖန်ချင်ပြီး သူမကိုယ်သူမ ချီးမွမ်းချင်သော်လည်း မည်သို့ လုပ်နိုင်မည်နည်း။
သူမက ထိုလူကို အမှန်တကယ် လေးစားနေမိပြီး သူမ၏ စိတ်ဆန္ဒကို ဆန့်ကျင်သော စကားများကို မပြောနိုင်ပေ။
ချန်ယဲ့က မေးလိုက်သည်။
“ဒီလူက ထွက်ပြေးချင်နေတာဆိုတော့ အရေးကြီးဆုံး နမူနာတွေကို သယ်လာတာ ဖြစ်ရမယ် သူ့ကိုယ်ပိုင် ပစ္စည်းတွေကို စစ်ကြည့်ပြီးပြီလား”
“အခုပဲ စစ်ကြည့်တော့မယ်”
အေးဂျင့် ၈၈ ၏ လက်မှာ ရေငုပ်ဝတ်စုံဆီသို့ ရောက်သွား၏။
“ခနစောင့်”
လင်ရှောင်စုက ပြောလိုက်သည်။
လူတိုင်း၏ အကြည့်များ သူ့ဆီ ရောက်လာကြ၏။
“အရေးကြီးဆုံး နမူနာတွေက အလွန် ထူးခြားနိုင်တယ် သတိထားကြပါ တစ်စုံတစ်ရာ အသက်ရှိတဲ့ သတ္တဝါ ရှိနေရင် တုံ့ပြန်ဖို့ အသင့်ပြင်ထားပါ”
သူသာလျှင် ပတ်ဝန်းကျင်ရှိသူများထဲတွင် ဤနမူနာများထဲတွင် သာမန် စံနှုန်းဖြင့် တိုင်းတာ၍ မရသော အရာတစ်ခု ရှိနေကြောင်း သိနေလေသည်။
‘ဒါက မြွေဖြူ ဖြစ်သည်’
သူက ဤမြွေဖြူကို ခြေရာခံနေခဲ့၏။
အေးဂျင့် ၃၂၅ သတ်ဖြတ်ပြီးနောက်တွင် မြွေဖြူကို ဤသူများက လုယူသွားကြသည်။
ထို့နောက် ဤနမူနာ သိမ်းဆည်းခန်းသို့ ယူဆောင်လာပြီး ယခု သူတို့ရှေ့ရှိ လူဆီသို့ ရောက်နေပေသည်။
အကယ်၍ မြွေဖြူက ပြင်းထန်စွာ ရုန်းကန်လျှင် အေးဂျင့် ၈၈ ပင်လျှင် ခက်ခဲလိမ့်မည်။
အကယ်၍ ၈၈ ၏ အသက်ကို မဆုံးရှုံးစေနိုင်လျှင်တောင်မှ လွတ်မြောက်သွားပြီး အက်ကြောင်းထဲတွင် ပုန်းလျှင်ပင် ကြီးမားသော ဆုံးရှုံးမှု ဖြစ်လိမ့်မည်။
ဤမြွေဖြူမှာ အေးဂျင့် ၃၂၅ ၏ အသက်ကို စတေးပြီးမှ ရရှိခဲ့ခြင်း ဖြစ်သည်ကို နားလည်ရမည်ဖြစ်၏။
အေးဂျင့် ၈၈ က သူ့ကို စိုက်ကြည့်လိုက်သည်။
“နောက်ဆုတ်”
ချန်ယဲ့နှင့် လင်ရှောင်စုတို့ နောက်ဆုတ်သွားကြသည်။
ရှင်းယွဲ့က မကျေနပ်ချက်များဖြင့် ပြည့်နှက်နေ၏။
“နမူနာတွေပါပဲကို ဒီလောက်တောင် ကြောက်စရာ ကောင်းအောင် ပြောနေတယ် မင်းမှာ တကယ့် ပရော်ဖက်ရှင်နယ် ဗဟုသုတ ရှိလို့လား”
ပြောသော်လည်း သူမ နောက်ဆုတ်သွားသည်။
အကြောင်းမှာ အမိန့်ကို အေးဂျင့် ၈၈ က ပေးသောကြောင့်ပင် ဖြစ်လေသည်။
သူမသည် လင်ရှောင်စုရှေ့တွင် မိုက်ရူးရဲ ဆန်နိုင်သော်လည်း ၈၈ ၏ အမိန့်ကို မဖီဆန်ရဲပေ။
အကြောင်းမှာ သူမ၏ အသက်မှာ ၈၈ ၏ လက်ထဲတွင် တင်းကျပ်စွာ ရှိနေသောကြောင့် ဖြစ်၏။
ထိုလူ၏ ရေငုပ်ဝတ်စုံကို ၈၈ က သေချာစွာ ဇစ်ဖွင့်လိုက်ရာ ပစ္စည်းသိမ်းရန် အိတ်ထဲတွင် သတ္တု ဆလင်ဒါ တစ်ခုသာ ရှိနေလေသည်။
အေးဂျင့် ၈၈ က သတ္တုဆလင်ဒါကို ကိုင်ကာ ဗုံးတစ်လုံးကို ရှင်းလင်းသကဲ့သို့ သတိဖြင့် ဖွင့်လိုက်ရာ အဖြူရောင် အငွေ့များ ထွက်ပေါ်၏။
ထိုအငွေ့များ ထွက်လာသည်နှင့် ဂူထဲ၏ အပူချိန်မှာ အနည်းငယ် ကျဆင်းသွားသလို ဖြစ်သွားလေသည်။
အတွင်းတွင် အေးခဲနေသော မြွေဖြူတစ်ကောင်နှင့် စပျစ်သီးတစ်ခိုင် ရှိနေ၏။
မြွေဖြူက လုံးဝ မလှုပ်ရှားဘဲ သေဆုံးနေသလား သို့မဟုတ် ဆောင်းခိုနေသလား မသိနိုင်ပေ။
ချန်ယဲ့က မြွေဖြူကို ညင်သာစွာ ခေါက်ကြည့်လိုက်ရာ သူမ၏ မျက်ခုံးများ အနည်းငယ် တွန့်ကွေး သွား၏။
“သူ့ရဲ့အကြေးခွံက မယုံနိုင်လောက်အောင် မာကျောပြီး သူ့ဖွဲ့စည်းပုံက အရမ်း ထူးခြားတယ် အကယ်၍ သူ့အကြေးခွံတွေ အကုန်လုံးသာ ဆန့်ထုတ်လိုက်ရင် သူ့ရဲ့ တွားသွားနှုန်းက မယုံနိုင်စရာ ဖြစ်လိမ့်မယ်”
“ဒါကြောင့်ပဲ ငါတို့က G95 ပစ္စည်းနဲ့ လုပ်ထားတဲ့ ဒီအထူး နမူနာ ပုလင်းကို လိုအပ်တာပေါ့”
၈၈ က မြွေနှင့် စပျစ်သီးကို ပုလင်းထဲ ထည့်လိုက်ပြီး အဖုံးကို ပြန်ပိတ်ရန် ပြင်ဆင်လိုက်သည်။
“ခန စောင့်ပါဦး”
ချန်ယဲ့က ပြောလိုက်သည်။
“ဒီဟာကို မြွေနဲ့အတူ မထည့်ပါနဲ့”
၈၈ က ပုလင်းကို ပြန်ဖွင့်ကာ စပျစ်သီးတစ်ခိုင်ကို ထုတ်ပြီး ပုလင်းကို ပြန်ပိတ်လိုက်၏။
“ဒီစပျစ်သီးတွေက ဘာတွေလဲ”
“ဒါတွေက စပျစ်သီးတွေ မဟုတ်ဘူး ဒါတွေက ဗီဇပြောင်း သစ်ခွ ပန်းပွင့်ဖူးကနေ အေးဂျင့် ၃၂၅ ထုတ်ယူခဲ့တဲ့ အော်ခစ်မျိုးစေ့တွေ ဒါတွေက သူ့ရဲ့ စစ်ပွဲ ဆုလာဘ်တွေပဲ”
ချန်ယဲ့က လက်ဆန့်ကာ ယူထားလိုက်၏။
“သုတေသန လုပ်ဖို့ ငါ့ဆီ ပေးထားလိုက်”
သူမက အပင် သုတေသနတွင် ကျွမ်းကျင်သူ ဖြစ်သည်။
ရှန်လုံအဖွဲ့ တစ်ခုလုံးတွင်ပင် သူမက ထိပ်ဆုံး သုံးဦးတွင် ပါဝင်၏။
ထို့ကြောင့် အပင် သုတေသနမှာ သူမ၏ ကျွမ်းကျင်ရာ နယ်ပယ်ပင် ဖြစ်လေတော့သည်။
ချန်ယဲ့က ပထမ ပုလင်းနှင့် တူသော်လည်း ပိုသေးငယ်သော အခြား ပုလင်းတစ်ခုကို ထုတ်ယူကာ စပျစ်သီးတစ်ခိုင်ကို ထည့်လိုက်၏။