အခန်း (၁၆) - မွေးရာပါ လက်နက်ကျွမ်းကျင်သူ
ထမင်းစားဆောင်မှ လူအုပ်စု ထွက်လာသောအခါ အပြင်ဘက်ကို ဖြတ်လျှောက်သွားသူများက မိမိတို့ အခန်းဆီ ပြန်ကြရသည်။ သူတို့တွေက ထမင်းစားဆောင်မှာ မစားဘဲ လက်ထောက်တွေရဲ့ အစားအသောက်ကို ပြန်စားကြတာဟာ အကဲဖြတ်စစ်ဆေးမှုကို အောင်မြင်ခဲ့တယ်ဆိုတာကို ပြသနေတာပဲဖြစ်မည်။ အကဲဖြတ်မှု အောင်မြင်တယ်ဆိုတာ သူတို့ဟာ ရှန်လုံရဲ့ အရံအဖွဲ့ဝင် ဖြစ်သွားပြီလို့ ဆိုလိုပြီး သူတို့ရဲ့ အမှတ်တွေသာ သတ်မှတ်ချက် ပြည့်မီရင်တော့ လူတိုင်း တောင့်တနေတဲ့ ရှန်လုံရဲ့ "ရွှေတံဆိပ်"ရ အစစ်အမှန် အဖွဲ့ဝင် ဖြစ်လာမည်ဖြစ်ပေ၏။
"ဟေး... သူငယ်ချင်း"
လင်ရှောင်စုက သူ့ဘေးမှာ ကြောက်ကြောက်ရွံ့ရွံ့ ထမင်းစားနေတဲ့ လူငယ်လေးရဲ့ ပုခုံးကို ပုတ်လိုက်၏။ ထိုလူငယ်လေးက မော့ကြည့်ပြီး အနည်းငယ် ပြုံးပြလိုက်သည်။
"မင်း နာမည် ဘယ်သူလဲ"
"ကျွန်တော် ကျိုးကျန်ပါ မင်းကော"
"ကျွန်တော် လင်ရှောင်စုပါ"
လင်ရှောင်စုက ထပ်မေးလိုက်သည်။
"မင်းရဲ့ အထူးကျွမ်းကျင်မှုက ဘာလဲ"
"ကျွန်တော် ဒီကို ရောက်လာတာ မတော်တဆ ဖြစ်နိုင်ပါတယ် ကျွန်တော်... ကျွန်တော် ကွန်ပျူတာ ဗိုင်းရပ်စ်တွေကိုပဲ ကလိရတာ ကြိုက်တယ်"
"ဟက်ကာလား"
"မဟုတ်ပါဘူး ကျွန်တော့်ကို ဒီခေါ်လာတဲ့ အစ်ကိုက နောက်ဆို ဟက်ကာလို့ မခေါ်ရတော့ဘူး အရမ်းရိုင်းတယ်တဲ့ "အနီရောင်ဟက်ကာ" လို့ ခေါ်ရမယ်တဲ့"
"မင်း ဒီကို ရောက်တာ ဘယ်လောက်ကြာပြီလဲ"
"အခုလေးတင်ပဲ မင်းကော ရှောင်ဆု"
"ကျွန်တော်လည်း အခုလေးတင်ပဲ... မင်း ထောက်လှမ်းရေး နည်းဗျူဟာ နယ်ပယ်ကို ရွေးလိုက်တယ် မဟုတ်လား"
"ဟုတ်တယ် ထောက်လှမ်းရေး နည်းဗျူဟာဇုန်ထဲက 'ကွန်ရက်ထိန်းချုပ်ရေး' ကဏ္ဍပေါ့ မင်းက ဘယ်ဇုန်ကို ရွေးလိုက်တာလဲ"
သာမန် မေးခွန်းတစ်ခုသာ ဖြစ်သော်လည်း လင်ရှောင်စုက အချိန်အတော်ကြာ တွန့်ဆုတ်ပြီးမှ
"လက်နက်တွေပေါ့ အဲ့လိုထင်တယ်"
ညစာစားပြီးနောက် လေ့ကျင့်ရေးအချိန် ရောက်လာ၏။
လေ့ကျင့်ရေးကွင်း အဝင်ဝမှာ လင်ရှောင်စုနဲ့ ကျိုးကျန်တို့ လမ်းခွဲလိုက်ကြလေသည်။ ကျိုးကျန်က ထောက်လှမ်းရေး နည်းဗျူဟာဇုန်ဆီ သွားပြီး လင်ရှောင်စုက လက်နက်နယ်ပယ်ဆီ ဝင်သွားလိုက် သည်။ တောင်ကုန်းနောက်ကွယ်ရှိ အိမ်ငယ်လေးတွင် အမျိုးသမီးတစ်ယောက် လွှစင်ပေါ်မှာ ထိုင်နေ၏။ သူမ၏ ခြေဖျားလေးတွေက မြေပြင်ကို အသာအယာ ထိလိုက် လွှစင်ထက်ကို ပျံဝဲသွားစေလိုက်ဖြင့် အလွန်ပင် စိတ်အေးလက်အေး ရှိနေလေသည်။ သူမကတော့ ချန်ယဲ့ပင် ဖြစ်၏။
သို့သော်လည်း ချန်ယဲ့သည် လင်ရှောင်စု မြင်ဖူးသည့် ချန်ယဲ့နှင့် လုံးဝ မတူတော့ပါ။ သူမ၏ မျက်နှာသွင်ပြင်က မပြောင်းလဲသော်လည်း သူမ၏ အရေပြားသည် အပြင်လောကထက် အဆသုံးဆ ပို၍ ဖြူဖွေးနေ၏။ အဘယ်ကြောင့်ဆိုသော် သူမသည် သူမ၏ အတုအယောင် ကာကွယ်မှု အရေပြားကို ဖယ်ရှားလိုက်သောကြောင့်ပင် ဖြစ်ပေသည်။
ဖယ်ရှားလိုက်သည့်အခါ သူမ၏ အသားအရေသည် နေရောင်ခြည်ကို တစ်ခါမှ မမြင်ဖူးသည့် မွေးကင်းစ ကလေးငယ်တစ်ယောက်လို ဖြစ်နေလေ၏။ သူမ၏ ဆံပင်တွေကလည်း ယခင်ကလို အပြစ်အနာ အဆာကင်းပြီး တည်ငြိမ်မနေတော့ဘဲ လေထဲတွင် ပေါ့ပါးစွာ လွင့်မျောနေသည်။ သူမသည် အချုပ်အနှောင်များမှ လွတ်မြောက်သွားသကဲ့သို့ နတ်သမီးတစ်ပါးကဲ့သို့ ပေါ့ပါးမှုနှင့် ကျက်သရေကို ဆောင်ကျဉ်းထား၏။
သူမ၏ တစ်ဖက်တွင်တော့ အလွန်သွက်လက်သော မျက်ဝန်းများရှိသည့် မိန်းကလေးငယ် တစ်ယောက်က စပျစ်သီးတွေကို စားနေလျှက်ရှိ၏။ စားပွဲပေါ်ရှိ စပျစ်သီးတွေက အံ့ဩစရာကောင်း လောက်အောင် မြန်မြန်ဆန်ဆန် ပျောက်ကွယ်သွားလေသည်။ သူမ၏ ပါးစပ်က အလုပ်များနေပြီး ခဏချင်းမှာပင် စပျစ်သီးတွေ တဖြည်းဖြည်း လျော့နည်းသွားကာ တစ်လုံးသာ ကျန်ရှိတော့သည်။ ထိုမိန်းကလေးငယ်က စကားစလိုက်၏။
"အစ်မချန်ယဲ့ အစ်မအတွက် အဆိပ်ဖြေဆေးကို အစ်မ တကယ်ပဲ မရှာနိုင်တော့တာလား"
"လမ်းစလေးတွေတော့ ရှိတယ် ဒါပေမဲ့ တကယ့်အောင်မြင်မှုတော့ မရသေးဘူး"
"အစ်မ ပိုကြိုးစားသင့်တယ် တကယ်ပါ အစ်မက အခု အတော်လေး ရင့်ကျက်နေပြီ အနာဂတ်မှာ အစ်မရဲ့ လူအတွက် တစ်ခုခု စီစဉ်သင့်တယ် မဟုတ်ရင် အဲ့ဒီအဆုံးမရှိတဲ့ ဆွဲဆောင်မှုတွေက အလကား ဖြစ်မသွားဘူးလား"
"ရှင်းယွဲ့ရယ် အို ရှင်းယွဲ့ရယ် အသက်ငယ်ငယ်နဲ့ ဘာလို့ ဒီလောက် ပုံမှန်မဟုတ်တာတွေ တွေးနေရတာလဲ"
ချန်ယဲ့ သက်ပြင်းချလိုက်လေသည်။
"ကျွန်မက ပုံမှန်အရာတွေကိုပဲ တွေးနေတာပါ ကျွန်မရဲ့ အရံအမှတ်တွေက ဘာလို့ ထောင်ဂဏန်း နားရောက်ရင် အမြဲ တစ်ခုခု ဖြစ်ပြီး ပျက်စီးသွားရတာလဲလို့ တွေးနေတာပါ"
"ဟွတ်..."
ချန်ယဲ့၏ မျက်နှာတွင် ရှုပ်ထွေးသည့် အရိပ်အယောင်တစ်ခု ပေါ်လာ၏။ ရုတ်တရက် သူမ၏ မျက်လုံးများက တစ်နေရာရာကို အာရုံစိုက်သွားလေသည်။ ရှင်းယွဲ့လည်း သူမ ကြည့်သည့်နေရာကို လိုက်ကြည့်မိ လိုက်သည်။ သူတို့ရှေ့ရှိ လေဟာနယ်တွင် ပုံရိပ်တစ်ခု ပေါ်လာ၏။ ထိုပုံရိပ်က ခန့်ညားသော လူငယ်တစ်ယောက်ဖြစ်ကာ သူသည် "Zone B" ဟု ရေးထားသော စမ်းသပ်ဇုန်ဆီသို့ ယုံကြည်ချက်ရှိရှိ လမ်းလျှောက်သွားလေသည်။
"Zone B လက်နက်နယ်ပယ်"
ရှင်းယွဲ့ အံ့ဩသွား၏။
"အစ်မခေါ်လာတဲ့ ဒီကောင်က စုံစမ်းစစ်ဆေးရေး ပါရမီရှင် မဟုတ်ဘူးလား ဘာလို့ ထောက်လှမ်းရေး နည်းဗျူဟာဇုန်ရဲ့ စတုတ္ထမြောက် ကဏ္ဍကို မဝင်တာလဲ ဘာလို့ လက်နက်နယ်ပယ်ကို သွားတာလဲ"
"ဒီကောင်... ဒီကောင်ကတော့ ထူးဆန်းတယ် တစ်ခါတစ်ရံ အလွန်တော်သလိုလို တစ်ခါတစ်ရံ တော့လည်း နည်းနည်း ရူးကြောင်ကြောင်ပဲ စိတ်မပူပါနဲ့ သူ အတွင်းထဲမှာ တစ်ပတ်လောက် ပတ်ကြည့်ပြီးရင် 'ကျွမ်းကျင်မှု လွဲမှားခြင်း' ဆိုတာ ဘာလဲဆိုတာ သိလာပါလိမ့်မယ် နံရံနဲ့ တိုက်မိပြီးရင် သူ ပြန်လှည့်လာမှာပါ ဟုတ်တယ်မလား"
လင်ရှောင်စု လက်နက်နယ်ပယ်ထဲ ဝင်သွားလိုက်သည်။ သူသည် တံခါးမှာ ကတ်ကို ပွတ်လိုက်ရာ သူ့ရှေ့ရှိ မျက်နှာပြင်ကြီးပေါ်တွင် သူ့ရဲ့ ကိုယ်ရေးအချက်အလက်များနှင့် လက်နက်နယ်ပယ်၏ အခြေခံစည်းမျဉ်းများ ပေါ်လာ၏။ လက်နက်နယ်ပယ်ဆိုသည်မှာ လက်နက်နှင့် ကိရိယာ အမျိုးအစား အားလုံးကို အကျုံးဝင်သည့် ကျယ်ပြန့်သော အမျိုးအစားပင် ဖြစ်လေသည်။ သေနတ်ပဲ ဖြစ်ဖြစ်၊ ကိရိယာပဲ ဖြစ်ဖြစ် အားလုံးကို အချိန်မရွေး အသုံးပြုနိုင်ရန် ထားရှိပြီး ဘေးတွင် အသုံးပြုနည်း လမ်းညွှန်စာအုပ်များကို ဖော်ပြထား၏။ လင်ရှောင်စု သူ့ရှေ့က စင်တွေကို ဖြတ်လျှောက်ရင်း အပြင်လောကမှာ မခံစားနိုင်တဲ့ မြင်ကွင်းတွေကို တွေ့လိုက်ရလေသည်။
‘နဂါးဓားမြှောင် ၇ လက်မ ၈ စင်တီမီတာ ရှည်လျားပြီး တန်စတင်ရွှေဖြင့် ပြုလုပ်ထားကာ ထိုး၊ ခုတ်၊ ပိုင်းနိုင်ပြီး ဓားသွားက ပေါင် ၂၀၀ အလေးချိန်ကို ခံနိုင်ရည်ရှိသည်...’
‘နဂါးကြိုး ၁၈ မီတာ ရှည်လျားပြီး ပေါင် ၅၀၀ အလေးချိန်ကို ထမ်းနိုင်သည်... အဝေးထိန်း ဆံထိုး၊ အကွာအဝေး မီတာ ၅၀၊ စစ်ထောက်လှမ်းရေး လက်နက်...’
‘နဂါးဓား၊ ၃ ပေ ရှည်လျားပြီး နည်းဗျူဟာမြောက် တိုက်ပွဲများအတွက် အထူးသုံးသည်...’
‘အမျိုးသမီးများအတွက် အထူးဒီဇိုင်းထုတ်ထားပြီး ဆံထိုးကို ဖုံးကွယ်ထားသော စစ်ထောက်လှမ်းရေး လက်နက်...’
လင်ရှောင်စု ကိရိယာ အမျိုးမျိုးကို ကြည့်နေရင်း သူ့အတွေးတွေ လမ်းကြောင်းလွဲသွား၏။
‘ငရဲပဲ ငါ ဘာတွေထဲကို ရောက်လာတာလဲ လက်ဖက်ရည်ခွက်တွေ၊ ပန်းကန်ပြားတွေ၊ လက်ဆွဲအိတ်တွေ၊ ထီးတွေကအစ အသက်သေစေနိုင်တဲ့ လက်နက်တွေ ဖြစ်နေတာ မလုံလောက် သေးဘူး ဘရာစီယာနဲ့ ဆံထိုးတွေကအစ လူသတ်ကိရိယာတွေ ဖြစ်နေသေးတယ် ငါတို့အားလုံး စိတ်ဒဏ်ရာ ရသွားမှာကို သူတို့ မကြောက်ဘူးလား အချစ်ရေးမှာတောင် အာရုံတွေ တင်းမာနေရမှာလား ဒီနေရာက ငါတို့ကို ပျော်ရွှင်စွာ အသက်ရှင်ခွင့် မပေးတော့ဘူးလား’
ထို့နောက် သာမန် လက်နက်မီးခိုးငွေ့ ထွက်သော လက်နက်များ ရှိနေသည်။ လက်နက် အမျိုးအစား အားလုံး ရနိုင်လေသည်။ သေနတ်များ၊ စက်သေနတ်များ၊ ဒုံးကျည်ပစ်လွှတ်စက်များ၊ အသေးစား ဒုံးကျည်များအထိ ပါဝင်၏။ အမှန်တကယ်တော့ အဲ့ဒီထဲမှာ ထည့်ထားတာတွေက လေ့ကျင့်ရေး ကျည်ဆန်တွေပဲ ဖြစ်လေသည်။
လင်ရှောင်စု လက်နက်ငယ်တစ်လက်ကို ကောက်ကိုင်လိုက်၏။ ၈ လက်မပဲ ရှည်ပြီး ဖုန်းတစ်လုံး လောက်ပဲ ရှိ၏။ သူ တကယ်ပဲ တာဝန်ထွက်ရမယ်ဆိုရင် ဒီအရွယ်အစားမျိုးကိုပဲ ရွေးမှာပဲလို့ တွေးလိုက် မိသည်။ ထို့နောက် သေနတ်ကို ကိုင်ပြီး ဘေးက တံခါးကို တွန်းဖွင့်လိုက်၏။ တံခါးတစ်ဖက်တွင် နံရံတွေ ဝိုင်းရံထားသော ဧရာမ ပလက်ဖောင်းတစ်ခု ရှိနေသည်။
သို့သော် လင်ရှောင်စု ဝင်သွားတဲ့အချိန်မှာပဲ မီးတွေလင်းလာပြီး ပလက်ဖောင်းနေရာက မှော်ဆန်သလို ကျယ်ပြောတဲ့ တောအုပ်ကြီး ဖြစ်သွား၏။ ဒါက မှော်ပညာ မဟုတ်မှန်း သူသိလိုက်သည်။ ဒါက ခေတ်မီ ဟိုလိုဂရမ် ရုပ်ပုံပြသသည့် နည်းပညာပင် ဖြစ်လေသည်။ သူ့လက်ထဲက သေနတ်ကလည်း အစစ် မဟုတ်ဘဲ ဂိမ်းထိန်းချုပ်စက်နဲ့ ဆင်တူနေသည်။ အခြေခံအားဖြင့် သူသည် ဂိမ်းတစ်ခု ဆော့နေခြင်း ဖြစ်သော်လည်း ဤဂိမ်းသည် အလွန် လက်တွေ့ဆန်လှ၏။ အကယ်၍ သူသည် ဂိမ်းထဲက ပစ်မှတ်ကို ထိမှန်ရင် အစစ်အမှန် သေနတ်ကို ကိုင်တဲ့အခါမှာလည်း ပစ်မှတ်ကို ထိမှန်နိုင်မည်ဖြစ်၏။ ဒါကြောင့် ဒါက လေ့ကျင့်ရေးသာ ဖြစ်ပေသည်။
ပစ်မှတ်များက သူ့ရှေ့ မီတာ ၁၀၀ လောက်မှာ ပေါ်လာ၏။
"သူက G2 ပစ္စတိုကို ရွေးလိုက်တယ် လက်နက်တိုတွေက ဖုံးကွယ်ရလွယ်ပေမဲ့ တိကျမှုကို ထိန်းချုပ်ဖို့ ခက်တယ် သူ ပစ်မှတ်ကို ထိဖို့ ဘယ်နှစ်ချက် လိုမယ် ထင်လဲ"
ချန်ယဲ့က ခြေဖျားလေးကို မြေကြီးပေါ် အသာခေါက်ရင်း မေးလိုက်သည်။ သူမရှေ့မှာ လင်ရှောင်စုရဲ့ မြင်ကွင်းတစ်ခုလုံးကို ပြသထားလေသည်။
ရှင်းယွဲ့က ရယ်မောလိုက်ပြီး
"စာတွေပဲ ကြည့်နေတဲ့ ဒီကောင်က ပစ်မှတ်ကို မြင်အောင် ကြည့်နိုင်ရင်တောင် တော်နေပြီ သူ ထိနိုင်မယ်လို့ မျှော်လင့်နေတာလား"
"မင်း မှားနေပြီ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်က အားနည်းတယ်လို့ ပြောလို့ရပေမဲ့ သူ့ရဲ့ အမြင်အာရုံ ညံ့တယ်လို့တော့ ဘယ်တော့မှ မပြောနဲ့ သူ ပစ်မှတ်ကို သုံးချက်အတွင်း ထိနိုင်မယ်လို့ ငါ လောင်းမယ်"
ဖျပ်
လင်ရှောင်စု ခလုတ်ကို ဆွဲလိုက်ရာ ပထမဆုံး ကျည်ဆန်က ပစ်မှတ်နဲ့ မီတာ ၁၀ လောက် လွဲသွား၏။ ဒါက လက်နက်တိုတွေရဲ့ အားနည်းချက်ပဲ ဖြစ်၏။ တိုတဲ့အတွက် တိကျမှုကို ထိန်းချုပ်ဖို့ အမှန်တကယ် ခက်ခဲလှလေသည်။ ခေတ်မီ လူ့အဖွဲ့အစည်းမှာ မီတာ ၅၀ အကွာက ရာဇဝတ်သားကို ထိမှန်တာကတင် "လက်ဖြောင့်သေနတ်သမား"တစ်ယောက်ရဲ့ အရည်အချင်းဖြစ်ပြီး မီတာ ၁၀၀ ဆိုရင်တော့ ကံစမ်းတာ မျိုးဖြစ်နိုင်ပေ၏။
"ငါ ပြောသားပဲ ဒါကိုပဲ ကျွမ်းကျင်မှု လွဲမှားခြင်းလို့ ခေါ်တာ"
ရှင်းယွဲ့က ပျော်ရွှင်စွာ အော်ပြောပြီး နေကြာစေ့အိတ်ကို ထုတ်ပြီး စခွံခွာနေသည်။
ဒုတိယအကြိမ် ပစ်လိုက်ပြန်သည်။
ရှင်းယွဲ့ ကြောင်အသွားလေသည်။
"ငလူးပဲ သူ ထိလိုက်တယ် မျက်စိကန်းတဲ့ ကြောင်က ကြွက်သေနဲ့ တိုးသလို ဖြစ်မှာပါ ဟုတ်တယ်မလား"
တတိယအကြိမ် အီလက်ထရောနစ် ဖန်သားပြင်ပေါ်မှာ - ၈ မှတ်
စတုတ္ထအကြိမ် - ၉ မှတ်
ပဉ္စမအကြိမ် - ၁၀ မှတ်
ဆဋ္ဌမအကြိမ် - ၁၀.၅ မှတ်
လင်ရှောင်စုက သေနတ်ကို လက်ညှိုးပေါ်မှာ လှည့်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် အခက်အခဲကို ထပ်မံတိုးလိုက်၏။ လက်ကို မြှောက်လိုက်ပြီး သတ္တမမြောက် အကြိမ်မှာ ၁၀.၅ မှတ် ရသွားသည်။
ချန်ယဲ့ ချက်ချင်း ထရပ်လိုက်ပြီး သူမမျက်လုံးတွေ တောက်ပလာ၏။
ရှင်းယွဲ့ အော်ဟစ်လိုက်သည်။
"သူ့ကံဆိုးလိုက်တာ ဘာလို့ ဒီလောက် ကြမ်းနေရတာလဲ သူ လေ့ကျင့်ထားတာ ဖြစ်ရမယ် ဟုတ်တယ် မလား"
"အချက်အလက်တွေအရ သူ အရင်က လေ့ကျင့်ထားတာ မရှိဘူး ပြီးတော့ သူ့ရဲ့ ၁၀.၅ မှတ်ရတဲ့ ရမှတ်က သူ ပစ်မှတ်ကို လွဲရာကနေ တဖြည်းဖြည်း တိုးတက်လာတာ သူက အစပိုင်းမှာ သေနတ်နဲ့ မရင်းနှီးဘူး ဒါပေမဲ့ ၇ ချက်တည်းနဲ့ သူ အလွန် ကျွမ်းကျင်သွားပြီ သူ့ရဲ့ လှုပ်ရှားမှုတွေကို သတိထားကြည့်"
လင်ရှောင်စုက အရှိန်ပြင်းပြင်းနဲ့ လှည့်လိုက်ပြီး ၃၆၀ ဒီဂရီ အဝိုင်းလှည့်ကာ လက်ကို မြှောက်ပြီး ပစ်လိုက်သည်။
လက်ကို မြှောက်လိုက်တာကနေ ကျည်ဆန် ထွက်သွားတဲ့အထိ တွေဝေမှု မရှိပေ။
သို့သော် ဖန်သားပြင်ပေါ်မှာ ၁၀.၆ မှတ် ပြသနေ၏။
ရှင်းယွဲ့က ပြောလိုက်သည်။
"ဒါ မယုံနိုင်စရာပဲ ကျွန်မက အကြိမ် ၁၀ ပစ်တိုင်း ၁၀၀ မှတ်ကျော်အောင် သုံးလ အချိန်ပေး လေ့ကျင့်ခဲ့ရတယ် အဲ့ဒါက 'ရှန်လုံ' မှာတောင် မကြုံစဖူး လုပ်ဆောင်ချက်ပဲ... တကယ်တော့ အလွန် ရှားပါတယ် ဒီကောင်ကတော့ တစ်ခါတည်းနဲ့ လုပ်ပြတာပဲ မင်းက သူ လေ့ကျင့်ထားတာ မရှိဘူးလို့ ပြောရဲသေးလား"
ချန်ယဲ့၏ အကြည့်တွေက လှုပ်ရှားသွား၏။
"ပစ်ခတ်ခြင်းက ပထမဆုံး မျက်စိအမြင်ပေါ်မှာ မူတည်တယ် ဒုတိယက လက်နဲ့မျက်လုံး ပေါင်းစပ်မှုနဲ့ တည်ငြိမ်မှုပေါ်မှာ မူတည်တယ် တတိယကတော့ ကန့်သတ်ချက်တွေကို ပြင်ဆင်နိုင်တဲ့ အလိုလို သိရှိမှုပေါ်မှာ မူတည်တယ် သူ့ရဲ့ အမြင်အာရုံကို ငါ မသံသယရှိဘူး သူ့ရဲ့ အလိုလို သိရှိမှုကလည်း ထူးခြားပုံရတယ် အခု သူ့ရဲ့ တည်ငြိမ်မှုကို ကြည့်ဖို့ပဲ ကျန်တော့တယ် အကယ်၍ သူက အခုကစပြီး တစ်ချက်ချင်းစီကို ၁၀ မှတ်အထက်မှာ ထိန်းထားနိုင်ရင် သူဟာ ၀၆၆ နောက်ပိုင်း ဒုတိယမြောက် သေနတ်ဘုရား ဖြစ်လာလိမ့်မယ်"
လင်ရှောင်စု ၁၀ ချက် ဆက်တိုက် ပစ်လိုက်ရာ တစ်ချက်ချင်းစီက ၁၀.၈ မှတ် ရလေသည်။
၁၀ ချက် ပစ်ပြီးနောက် နောက်ထပ် ၁၀ ချက် ထပ်ပစ်ရာ အားလုံး ၁၀.၉ မှတ် ရ၏။
အမြင့်ဆုံး စံနှုန်းပင် ဖြစ်ပေသည်။
နောက်ထပ် ပစ်တဲ့ အကြိမ် ၅၀ ကလည်း ၁၀.၉ မှတ်ပဲ ရသည်။
ချန်ယဲ့နှင့် ရှင်းယွဲ့တို့၏ ပါးစပ်များ အံ့ဩလွန်း၍ ဟသွားကြ၏။
သူ့ရဲ့ တည်ငြိမ်မှုက အံ့ဩစရာပါ။ နောက်တော့ လင်ရှောင်စု အမျိုးမျိုး ပုံစံပြောင်းပြီး စတင် ပြသလိုက်သည်။ သူ လှည့်လိုက်၊ မြေပြင်မှာ အနည်းငယ် ပြေးလိုက်၊ ပြေးရင်းနဲ့ ပစ်လိုက်၊ နောက်ဆုံးတော့ နောက်ကို လှဲချရင်း ပစ်လိုက်၏။ သူ့ရဲ့ လှုပ်ရှားမှုတွေက ပစ်ခတ်ရေးကွင်းရဲ့ စည်းမျဉ်းတွေကို လုံးဝ ဆန့်ကျင်နေလေသည်။ ပုံမှန်အားဖြင့် လူတွေက ရလဒ်ကောင်းတွေ ရဖို့အတွက် ငြိမ်သက်တဲ့ အနေအထားကိုပဲ ထိန်းထားချင်ကြပြီး အနေအထား နည်းနည်းလေး မှားသွားရင် အကောင်းဆုံး ပစ်ခတ်နိုင်တဲ့ ထောင့်ကို ဆုံးရှုံးသွားမှာ စိုးရိမ်ကြ၏။
ဒါပေမဲ့ လင်ရှောင်စုကတော့ မျောက်တစ်ကောင်လိုပဲ ခုန်ပေါက်နေပေမဲ့ သူ ပစ်တိုင်း ပစ်တိုင်း ၁၀.၉ မှတ်ကို မလွဲမသွေ ထိမှန်နေလေသည်။
မယှဉ်နိုင်တဲ့ တည်ငြိမ်မှု။
အကြိမ် ၁၀၀
အကြိမ် ၂၀၀
အကြိမ် ၃၀၀
အကြိမ် ၅၀၀!
ကျယ်လောင်တဲ့ အသံကြီးတစ်ခုနဲ့အတူ အီလက်ထရောနစ် ဖန်သားပြင်ပေါ်မှာ ပန်းပွင့်ကြီးတစ်ခု ပွင့်လာသလို ပြသလိုက်၏။ ကျည်ဆန်တစ်ခုက လျှပ်စီးကြောင်းလို ဖန်သားပြင်ကို ဖြတ်ကျော်သွားပြီး အလွန်တရာ တောက်ပကာ ထိတ်လန့်စရာ ကောင်းလှပေသည်။
ရှင်းယွဲ့နှင့် ချန်ယဲ့တို့ နှစ်ယောက်လုံး တပြိုင်တည်း အော်ဟစ်လိုက်ကြ၏။
"သူ 'သေနတ်ဘုရားမျဉ်း'ကို ဖွင့်လိုက်ပြီ..."
အကြိမ် ၅၀၀ ဆက်တိုက် ၁၀ မှတ်အထက် ထိမှန်ခြင်း
သေနတ်ဘုရားမျဉ်းကို ဖွင့်လိုက်ခြင်းက ပစ်မှတ် ပုံသေ စိန်ခေါ်မှုကို တိုက်ရိုက် အောင်မြင်သွားခြင်းကို ဆိုလိုပြီး လေ့ကျင့်ရေးကွင်းရဲ့ အကောင်းဆုံး စံချိန်သစ်ကို မွေးဖွားလိုက်ခြင်းပင် ဖြစ်လေသည်။