အခန်း (၁၃) - လူသားတို့၏ လမ်းစဉ် သစ်ခွနှလုံးသား
လင်ရှောင်စုသည် ကျောက်ပြားပေါ်တွင် ထိုင်လျက် မျက်လုံးကိုမှိတ်ကာ ရင်ထဲတွင် စိတ်လှုပ်ရှားမှုတို့ တက်ကြွလာသည်ကို ခံစားလိုက်ရ၏။ နောက်တစ်နာရီအတွင်း မမျှော်လင့်ထားသည်များ မဖြစ်ပါက ကောင်းကင်ပြတင်းပေါက်ကို ပြန်ဖွင့်နိုင်တော့မည်ဖြစ်လေသည်။ ပြီးခဲ့သည့် နေမင်းလမ်းကြောင်း ပြောင်းလဲသည့်နေ့က သူသည် နတ်သမီးတစ်ပါး၏ အခွင့်အရေးကို မတော်တဆ "ခိုးယူ" မိရာမှ "ကောင်းကင်ဘုံပညာ ဉာဏ်ပညာမျက်လုံး" ကို ရရှိခဲ့ပြီး သူ၏ သာမန်ဘဝကို ပြောင်းလဲစေမည့် လမ်းကြောင်းသစ်ကို တွေ့ရှိခဲ့ရ၏။
ယနေ့တော့ သူ မတော်တဆ ဖြစ်ခဲ့ခြင်းမဟုတ်။ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းပင်ဖြစ်၏။ သူသည် နောက်ထပ် "ခိုးယူ" ရမည့် အခွင့်အရေးအသစ်များ ရှိမရှိ သိလိုနေလေသည်။ ကမ္ဘာလောကနှင့် မသက်ဆိုင်သော ကောင်းကင်ဘုံ၏ စွမ်းအားကို ခိုးယူရခြင်းသည် မည်မျှ စိတ်လှုပ်ရှားစရာ ကောင်းလေ သနည်း။
သန်းခေါင်ယံသို့ ရောက်ရှိလာလေပြီ
လင်ရှောင်စုသည် ကျောက်တုံးပေါ်ရှိ ပုံစံများကို အာရုံစိုက် ကြည့်ရှုနေရင်း ထိုအလင်းတန်းလေး ပေါ်လာမည့်အချိန်ကို ရင်ခုန်စွာ စောင့်မျှော်နေ၏။ သူ၏ နှလုံးခုန်သံများ မြန်ဆန်လာပြီးနောက် သူသည် ခုန်ထလိုက်ပြီး မြေကြီးပေါ်တွင် မှောက်လျက် ပုံစံများမှတစ်ဆင့် အောက်ရှိ ကျောက်တုံးကို ကြည့်လိုက်လေသည်။ သူ၏ အကြည့်အောက်တွင် ကောင်းကင်ပြတင်းပေါက်သည် ဖြည်းညှင်းစွာ ပွင့်လာလေတော့၏။
ထိုထူးဆန်းသော ကမ္ဘာကို နောက်တစ်ကြိမ် မြင်လိုက်ရပြန်သည်။ တစ်လ ကြာသွားသော်လည်း ဤကမ္ဘာသည် အနည်းငယ် ပြောင်းလဲသွားပုံရ၏။ ယခင်ကလို သဲကန္တာရဆန်ဆန် မဟုတ်တော့ဘဲ ယခုအခါတွင် သက်ဝင်လှုပ်ရှားမှုများ ရှိလာပြီ ဖြစ်ပေသည်။
ထူးဆန်းသော ငှက်ကြီးတစ်ကောင်သည် ကောင်းကင်သို့ ပျံတက်သွားပြီး အောက်ရှိ မြစ်ကြီးပေါ်တွင် ဝဲပျံနေပြီး ငှက်၏ ကိုယ်ခန္ဓာမှာ ဧရာမကြီး ဖြစ်ပြီး ကောင်းကင်နှင့် မြေကြီးကိုပင် ဖုံးလွှမ်းထား၏။ ခြေသည်းငါးချောင်းမှာ သိမ်းငှက် သို့မဟုတ် နဂါးကဲ့သို့ ဖြန့်ကားထားပြီး ဦးခေါင်းပေါ်ရှိ အနီရောင် အကြေးခွံ သုံးခုက သူမတူအောင် ထူးခြားစေလေသည်။ တောင်ပံခတ်လိုက်ပြီး ငှက်ကြီးသည် ရှေးဟောင်း ကျောက်တိုင်ဆီသို့ ဆင်းသက်လာ၏။ ၎င်း၏ ခြေသည်းများ ဦးတည်ရာမှာ အကိုင်းအခက် တစ်ခုနှင့် အရွက် ဆယ်ရွက်ကျော်သာ ရှိသော သစ်ပင်ငယ်လေးပင် ဖြစ်ချေသည်။
လင်ရှောင်စု၏ ရင်ထဲတွင် တုန်လှုပ်သွားလေ၏။
‘ဒီငှက်ကြီးကလည်း အခွင့်အရေးတစ်ခုကို လိုချင်နေတာလား’
ဤအတိုင်းဆိုလျှင် ငှက်ကြီး၏ ဆင်းသက်မှုကြောင့် ထိုသစ်ပင်ငယ်သာမက ကျောက်တိုင်ပါ အပိုင်းပိုင်း ကွဲသွားတော့မည်ဖြစ်၏။ သို့သော် ငှက်ကြီး ပိုနီးကပ်လာသည်နှင့်အမျှ ကမ္ဘာတစ်ခုလုံးမှာ လုံးဝ ပြောင်းလဲသွားလေသည်။ ငှက်ကြီးမှာ သေးငယ်သွားပြီး ကျောက်တိုင်မှာမူ ကြီးမားလာ၏။ ရှေးဦးစွာ ကျောက်တိုင်သာ ဖြစ်သော်လည်း ငှက်ကြီး နီးကပ်လာသည်နှင့်အမျှ ကျောက်တိုင်မှာ ကမ္ဘာကြီး တစ်ခုလုံးစာ ကြီးမားသွားလေတော့သည်။ သစ်ပင်ငယ်လေးပေါ်ရှိ အရွက်တစ်ရွက်သည်ပင် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကျယ်ပြန့်လာ၏။ အရွက်၏ အထိအတွေ့ တစ်ချက်ဖြင့် ငှက်ကြီးမှာ သွေးမြူအဖြစ်သို့ ပြောင်းလဲသွားပေသည်။
လင်ရှောင်စု ဆယ်စက္ကန့်ခန့် ငေးမောမိလိုက်လေသည်။
ထို့နောက် ကျောက်တိုင်နောက်ကွယ်ရှိ ကျောက်သလင်း ခေါင်းတလားကို ကြည့်လိုက်ရာ လွန်ခဲ့သော တစ်လကထက် အများကြီး ပြောင်းလဲသွားပုံရ၏။ ခေါင်းတလားအတွင်းရှိ မြူခိုးများ ကင်းစင်သွားကာ လှပသော အမျိုးသမီး၏ အပေါ်ပိုင်းကို မြင်လိုက်ရလေသည်။ သူမ၏ မျက်နှာမှာ ဂုဏ်ယူဝံ့ကြွားပြီး စင်ကြယ်လှပကာ သူမတူအောင် ပြည့်စုံနေသည်။
သို့သော် လင်ရှောင်စု၏ ရည်ရွယ်ချက်မှာ အကြည့်ဖြင့်ခိုးယူရန် မဟုတ်ပေ။ လင်ဖူကွေ့ က မုဆိုးမဖန်း ရေချိုးနေတာကို ခိုးကြည့်သလိုမျိုး သူကလည်း ခိုးယူနေခြင်းပင် ဖြစ်လေ၏။ သူက ရေချိုးနေတာကို ခိုးကြည့်ဖို့ ကြိုးစားသည်ဟု အထင်ခံရခြင်းသာ ဖြစ်ပေသည်။
လင်ရှောင်စု၏ ဉာဏ်ပညာမျက်လုံးသည် အပေါ်ရှိ အရွက်အချို့ကို အာရုံစိုက်လိုက်၏။
အရွက် တစ်ရွက်ပေါ်တွင် ရေစက်ကလေးတစ်စက် ကျတော့မလို ဖြစ်နေပြီး ထိုအရွက်နောက်တွင် နောက်ထပ် ရေစက် ကလေးတစ်စက် ဖြစ်တည်နေလေသည်။ ဤသည်မှာ အခွင့်အရေးပင်ဖြစ်၏။ ပြီးခဲ့သည့်အကြိမ်က ရေစက်ကလေးကို မသိလိုက်ဘဲ ဖမ်းမိရာမှ ကောင်းကင်ဘုံ ဉာဏ်ပညာမျက်လုံးကို ရရှိခဲ့သည်။ ယနေ့တွင် သူ အသင့်ပြင်လာခဲ့ပြီး ပစ်မှတ်မှာ ထိုရေစက်ကလေးပင် ဖြစ်ပေသည်။
ကြယ်တာရာ ကောင်းကင်သည် အနည်းငယ် တုန်ခါသွားပြီးနောက်တွင် ရေစက်ကလေး ကျလာတော့ သည်။
လင်ရှောင်စုသည် အောက်ရှိ လှပသော အမျိုးသမီးကို တစ်ချက်ကြည့်ကာ
"ခွင့်လွှတ်ပါ" ဟု ရေရွတ်လိုက်ပြီး ရေစက်ကလေးဆီသို့ သွားလိုက်လေသည်။
'ဘုန်း'
လင်ရှောင်စု၏ စိတ်စွမ်းအား ပင်လယ်ထဲသို့ ရေစက်ကလေး ကျရောက်သွားသလို ခံစားလိုက်သည်။ ရှေးဟောင်းနှင့် ကျယ်ပြန့်လှသော သတင်းစကားတစ်ခုသည် သူ၏ စိတ်ထဲသို့ ဝင်ရောက်လာလေ၏။
"လူသားတို့၏ လမ်းစဉ် သစ်ခွနှလုံးသား" လောက၏ အရှိန်အဟုန်ကို နားလည်ခြင်း၊ ကောင်းကင်နှင့် မြေကြီး၏ တရားကို သိမြင်ခြင်း၊ ပညာဉာဏ်၏ သိမ်မွေ့မှုနှင့် ပေါင်းစပ်ခြင်း၊ အခြေအမြစ်မရှိသော ဘေးဒုက္ခကို ဖြေရှင်းခြင်းတို့ပင် ဖြစ်လေ၏။
ချက်ချင်းပင် လင်ရှောင်စုသည် သူ၏ မှတ်ဉာဏ်အားလုံးကို ပြန်လည် နိုးကြားလာသည်ကို ခံစားလိုက်ရပြီး သူဖတ်ခဲ့ဖူးသည့် စာအုပ်များ၊ ဦးနှောက်ထဲရှိ ဆဲလ်များသည် အကန့်အသတ်မရှိ တက်ကြွလာ၏။ သူ၏ စိတ်စွမ်းအားသည် ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားပြီး ထိုမှော်ဆန်သော ကမ္ဘာထဲတွင် လွတ်လပ်စွာ တည်ရှိနေပေသည်။
'ဘုန်း'
မြစ်ကြီးမှာ အောက်တွင် တဟုန်းဟုန်း မြည်နေပြီး ကောင်းကင်တွင် ကြယ်များ လည်ပတ်နေ၏။ ခေါင်းတလားထဲတွင် မြူခိုးများ လှုပ်ရှားနေပြီး အမျိုးသမီး၏ အလျှို့ဝှက်ဆုံး နေရာကို မြင်လိုက်ရလေ တော့သည်။
လင်ရှောင်စုသည် အန္တရာယ်ကို ရိပ်မိလိုက်ကာ သူ၏ စိတ်ကို ချက်ချင်း ပြန်ရုပ်သိမ်းလိုက်ရလေသည်။
သူ၏ နောက်ကျောတွင် ချွေးများ စိုရွှဲနေ၏။
သူ ခိုးယူမိသည်ကို အသိခံလိုက်ရတာလား။
အကယ်၍ သူ့စိတ်က ထိုကမ္ဘာတွင် ပိတ်မိသွားလျှင် ပြန်မလာနိုင်တော့ဘူးလား။ ကံကောင်း ထောက်မစွာဖြင့် သူသည် အန္တရာယ်ကြားမှ အခွင့်အရေးကို ရရှိခဲ့ပေသည်။
"လူသားတို့၏ လမ်းစဉ်၊ သစ်ခွနှလုံးသား" ကို ရရှိခဲ့၏။
ယခင်ကဆိုလျှင် ဤစွမ်းအား၏ လျှို့ဝှက်ချက်များကို လေ့လာရန် အချိန်အကြာကြီး လိုအပ်လိမ့်မည် ဖြစ်သည်။ သို့သော် ယခုအခါတွင် သူသည် ချက်ချင်းပင် နားလည်သွားသည်။
"လူသားတို့၏ လမ်းစဉ်၊ သစ်ခွနှလုံးသား" သည် စူပါ ဉာဏ်ပညာကို ပေးလေ၏။
သူဖတ်ခဲ့ဖူးသည့် စာအုပ်များကို တစ်လုံးမကျန် ရွတ်ဆိုနိုင်လာပြီး စာမေးပွဲ မေးခွန်းများမှာ ကလေး ကစားစရာ ကဲ့သို့ လွယ်ကူသွားလေသည်။
အရပ်သားဝန်ထမ်း စာမေးပွဲမတိုင်ခင် ခြောက်ရက်အလိုမှာ ဒီလို မရှုံးနိမ့်တဲ့ စွမ်းအားမျိုး ရလာတာ ဘာကို ဆိုလိုတာလဲ။ နောက်ဆုံးတစ်ကြိမ်ကလို မြွေကြီးတစ်ကောင် ရုတ်တရက် ပေါ်လာ သလိုမျိုး ဒီနေ့ရော ဘာထပ်ပေါ်ဦးမလဲ။
လင်ရှောင်စုသည် အိပ်ပျော်နေသည့် ဟူယားကို ကြည့်လိုက်မိ၏။
သူမ အိပ်ပျော်နေပုံမှာ အလွန် ငြိမ်းချမ်းလှပေသည်။ ဟူယား၏ ရင်ဘတ်မှာ ခေါင်းတလားထဲက အမျိုးသမီးလောက် မမြင့်သော်လည်း သူမ၏ အိပ်စက်သည့် ပုံစံမှာ အလွန် ဆွဲဆောင်မှုရှိ၏။ သူမက ပက်လက်အိပ်နေပြီး လမင်းဆီ ပျံတက်သွားသည့် ပုံစံမျိုးပင် ဖြစ်နေလေသည်။
လင်ရှောင်စုသည် အခန်းတွင်းသို့ ဝင်လာပြီး ဒုတိယဦးလေး၏ စောင်ကို ယူ၍ သူမကို ခြုံပေး လိုက်သည်။ ခြုံပေးပြီးနောက် စောင်စကိုပါ သေချာ ပြင်ပေးလိုက်သော်လည်း ဟူယား မနိုးလာပေ။
လင်ရှောင်စု စိုးရိမ်သွား၏။
ဟူယား၏ သတိရှိမှုမှာ အလွန်မြင့်မားလှ၏။
ယနေ့ကဲ့သို့ ဆူညံသံများ ရှိနေသော်လည်း သူမ မနိုးလာခြင်းမှာ ထူးဆန်းနေသည်။
"ဟူယား"
သူ၏ အသံမှာ ကျောင်းတော်ထဲတွင် ပဲ့တင် ထပ်နေသော်လည်း သူမ မနိုးလာပေ။
အရက်သောက်ထား၍များလား။
အရက် ရှစ်လီလောက် သောက်ထားသည်မှာ မိန်းကလေးတစ်ယောက်အတွက် များသော်လည်း သူမ အတွက်မူ မဟုတ်ပေ။ လင်ရှောင်စုသည် အချိန်ကိုနောက်ကြောင်းပြန် ကြည့်လိုက်မိသည်။ မိနစ် အနည်းခန့်ငယ်က အလင်းတန်းလေး ဝင်ရောက်လာချိန်တွင် ဟူယားသည် အပေါ်သို့ ခုန်တက်သွားပြီး အလင်းတန်းနှင့် တိုက်မိသွားလေသည်။ ထို့နောက် ဟူယား လဲကျသွား၏။ ပြဿနာမှာ အရက်ကြောင့် မဟုတ်ပဲ ထိုအလင်းတန်းကြောင့်ပင် ဖြစ်၏။ ထိုအလင်းတန်းက ပြီးခဲ့သည့်အကြိမ်က မြွေကိုအကြီးကြီး ဖြစ်သွားစေခဲ့သည်။
ယခု ဟူယာ့နဖူးထဲ ဝင်သွားသည့်အခါ သူမ ဘာဖြစ်လာမလဲ။
လင်ရှောင်စုသည် အချိန်မဆိုင်းဘဲ ၁၂၀ သို့ ဖုန်းခေါ်လိုက်လေသည်။
ထို့နောက် ဟူယားကို ပွေ့ချီကာ တောင်အောက်သို့ ဆင်းခဲ့သည်။ တောင်လမ်းမှာ ကြမ်းတမ်းပြီး အမှောင်ထု ရှိသော်လည်း သူ၏ ဉာဏ်ပညာမျက်လုံးဖြင့် အေးဆေးပင် ဖြစ်နေလေသည်။ အရေးပေါ်ကား ရောက်လာချိန်တွင် ဆရာဝန်နှစ်ဦးက ကားဘေးမှာ ရပ်နေကြ၏။
"ဘာလက္ခဏာလဲ"
"သတိမေ့နေတာ"
"အရက်မူးတာပဲ" ဆရာဝန်က အနံ့ခံကြည့်လိုက်၏။
"သူမ ဘယ်လောက်သောက်လိုက်တာလဲ"
"အရက်ကြောင့် မဟုတ်ဘူး သူမ ဒီထက် ပိုသောက်ဖူးတယ် သူမရဲ့ ကိုယ်ခန္ဓာမှာ ပုံမှန် ဟုတ်မဟုတ် အမြန်စစ်ဆေးပေးပါ..."
အရေးပေါ်ကား စတင်ထွက်သွားပြီး စစ်ဆေးမှုများ ပြုလုပ်နေသည်။
"နှလုံးခုန်နှုန်း ပုံမှန်... သွေးပေါင်ချိန် ပုံမှန်... ECG ပုံမှန်... သွေးထဲက အရက်ပါဝင်နှုန်းကို စစ်ကြည့်"
သူနာပြုက ဟူယာ၏ လက်မောင်းသို့ အပ်ထိုးရန် ကြိုးစားရာ အပ်မှာ ကွေးသွားလေသည်။ သူနာပြု၏ မျက်လုံးများ ပြူးကျယ်သွား၏။
"ဆရာ ကျိုး အပ်က ထိုးလို့မရဘူး"
သူမ၏ အသံမှာ တုန်ယင်နေ၏။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ထပ်စမ်း"
နောက်တစ်ခါ ထပ်စမ်းပြန်လေသည်။ အားလုံး၏ ရှေ့မှောက်တွင် အပ်မှာ ချက်ချင်း ကွေးသွား တော့သည်။ အားလုံးမှာ စကားမပြောနိုင် ဖြစ်သွားပြီး ယာဉ်မောင်းမှာ ကားပင် မှောက်လုနီးပါး ဖြစ်သွားလေတော့၏။