အခန်း (၃၀) - တာ၀န် ပြီးမြောက်ခြင်း [၁]
[ ကြယ်ပွင့် ၁ အဆင့်ရှိသော ဂိမ်းတစ်ခုကို ဖန်တီးပါ]
[တာဝန် ပြီးမြောက်သည်]
ရုတ်တရက်ဆိုသလို ကျွန်တော့်အမြင်အာရုံထဲတွင် အသိပေးချက်များ တန်းစီပေါ်လာသည်။ ကျွန်တော် ဘာမှမတတ်နိုင်ဘဲ ကြောင်ကြည့်နေမိ၏။
"ဒါက ဘာကြီးလဲ...?"
ကျွန်တော် တာဝန်ကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့တာလား။
...ဒါပေမဲ့ ဘာလို့ အခုမှလဲ။ ကျွန်တော် ဂိမ်းကို အပြီးသတ်ခဲ့တာ တစ်နာရီလောက် ရှိပြီပဲ။ ဘာလို့ အခုကျမှ ပေါ်လာရတာလဲ။
အသိပေးချက်များက ထိုမျှနှင့် မဆုံးသေးပေ။
[ဆုလာဘ်များကို တွက်ချက်နေသည်...]
နောက်ဆုံးအသိပေးချက်ကို မြင်လိုက်ရသောအခါ ကျွန်တော့်စိတ်က ချက်ချင်းပင် နိုးကြားသွားသည်။
ဖြစ်ပျက်နေသမျှအပေါ် ဇဝေဇဝါ ဖြစ်နေဆဲ ဖြစ်သော်လည်း ဆုလာဘ်များ၊ အထူးသဖြင့် 'ဆိုင်' (Shop) ဆိုသော အပိုင်းကို မြင်လိုက်ရသောအခါ စိတ်လှုပ်ရှားမိခြင်းကို မတားဆီးနိုင်ခဲ့ပေ။ ကျွန်တော် အလိုချင်ဆုံးအရာက ထိုနေရာတွင် ရှိနေလိမ့်မည်ဟု ခံစားနေရသည်။
[ဆုလာဘ်များ တွက်ချက်ပြီးစီးပြီ]
တင်း—!
ခေါင်းထဲတွင် ခေါင်းလောင်းသံလေး တစ်ချက်မြည်သွားပြီးနောက် ဖော်ပြချက်အသစ်တစ်ခု ရှေ့တွင် ပေါ်လာသည်။
[+ 1000 SP]
[ဆိုင်ကို ဖွင့်လှစ်လိုက်ပြီ!]
─────[ဆိုင်]─────
-> [ပထမအဆင့် အမှာစာ]
[သားသတ်သမားသုံး ဓားမကြီး] : ထူးဆန်းသော အရာဝတ္ထုများနှင့် ဖြစ်တည်မှုများကို ဖြတ်တောက်နိုင်စွမ်းရှိသည့် ဓား။ သတ်ဖြတ်မှု များလေလေ၊ ပိုမို အစွမ်းထက်လာလေလေ ဖြစ်သည်! (အမြဲတမ်းသုံး ပစ္စည်း) စျေးနှုန်း : 10,000 SP
[မစ္စတာ ဟတ်ဂ်စ်] : ၅ မီတာ ပတ်လည်အတွင်း ရန်လိုမှုများကို လျှော့ချပေးနိုင်သည့် ညစ်ပတ်ပေရေနေသော အရုပ်ဝက်ဝံလေး။ သို့သော်လည်း အနီးကပ် ကြာရှည်စွာ ထိတွေ့ပါက အလွန်အမင်း စွဲလမ်းမှုကို ဖြစ်စေပြီး ခွဲခွာရပါက စိတ်မတည်ငြိမ်မှုကို ခံစားရစေနိုင်သည်။ စျေးနှုန်း : 2,178 SP
[ဝိညာဉ်လှိုင်းနှုန်းစဉ် ရေဒီယို] : သေဆုံးသွားသူများ၏ အသံများကိုသာ ဖမ်းယူပေးနိုင်သော ရေဒီယို။ တစ်ခါတစ်ရံတွင် ၎င်းတို့က မေးခွန်းများကို ပြန်လည် ဖြေကြားတတ်သည်။ စျေးနှုန်း : 999 SP
[လက်ရှိပွိုင့် : 1,000 SP] [လဲလှယ်နှုန်း : ၁ ဒေါ်လာ = ၀.၁ SP]
─────[ဆိုင်]─────
ရှေ့တွင်ပေါ်လာသော မျက်နှာပြင်ကို မြင်ပြီး ကျွန်တော် ချက်ချင်း အံ့ဩသွားမိသည်။ ပစ္စည်းအမျိုးမျိုး ရှိနေပြီး တစ်ခုချင်းစီတွင် ဖော်ပြချက်များနှင့် စျေးနှုန်းများ အသီးသီး ရှိနေကြသည်။
"10,000 SP တောင်လား?"
ဒါက ဆိုင်မှာ သုံးရတဲ့ ငွေကြေးလား။
သက်ဆိုင်ရာ အချက်အလက်ကို မြန်မြန်ဆန်ဆန် ရှာတွေ့လိုက်သဖြင့် ကျွန်တော့်မေးခွန်းအတွက် အဖြေကို ချက်ချင်း ရလိုက်သည်။
"လဲလှယ်နှုန်း? တစ်ဒေါ်လာကိုမှ ၀.၁ SP ပဲ ရတာလား? ဒါက..."
ဒါက နေ့ခင်းကြောင်တောင် ဓားပြတိုက်နေတာပဲ မဟုတ်လား။ ကျွန်တော့်ရဲ့ စုဆောင်းငွေ အားလုံးပေါင်း ၇,၀၀၀ ဒေါ်လာလောက်ကို လဲလိုက်ရင်တောင် ၇၀၀ SP ပဲ ရမှာလေ။ အဲဒီလောက်နဲ့ ဘာဝယ်လို့ ရမှာလဲ။
"မဟုတ်သေးဘူး၊ ဝယ်လို့ရတာတွေ အများကြီး ရှိတာပဲ..."
ကွန်ပြူတာ၏ ညာဘက်အခြမ်းတွင် ရှာဖွေရန်နေရာ (Search bar) လေး တစ်ချက်တစ်ချက် လင်းလက်နေပြီး ၎င်း၏ ဘေးတွင် ရရှိနိုင်သော ပစ္စည်းအရေအတွက်ကို ပြသနေသည်။
[ရှာဖွေရန် █──────────] ပစ္စည်း စုစုပေါင်း: ၁၃၇
ထိုအရေအတွက်ကို ကြည့်ပြီး ကျွန်တော် ဝမ်းသာသွားမိသည်။ အတော်လေး များသားပဲ။ ဖော်ပြထားတာထက် ပိုများတဲ့ ပစ္စည်းတွေ ရှိနေတာကိုလည်း တွေ့ရသော်လည်း ထိုနေရာများကိုမူ ပိတ်ထားဆဲ ဖြစ်သည်။
ကျွန်တော် လက်လှမ်းမီနိုင်သည်မှာ [ပထမအဆင့် အမှာစာ] အောက်ရှိ ပစ္စည်းများသာ ဖြစ်သည်။
'...ဒါက ဘာကို ဆိုလိုတာလဲဆိုတာ သိချင်ပေမဲ့ အခုလောလောဆယ် ဒါက အရေးမကြီးသေးဘူး။'
အခုအချိန်မှာ ကျွန်တော့်စိတ်ထဲမှာ တစ်ခုပဲ ရှိသည်။ အဲဒါက...
"ဆေး။ ငါ ဆေးရှာဖို့ လိုတယ်။"
ကျွန်တော့်အခြေအနေက ပိုဆိုးလာနေပြီဆိုတာ သိသာသည်။ အထူးသဖြင့် စိတ်ဖိစီးမှုတွေ များလာပြီး အိပ်ရေးပျက်တာတွေကြောင့် ဖြစ်သည်။
ကျွန်တော့်မှာ ကိုယ်ပိုင်ဆေးတွေ ရှိသေးသော်လည်း ၎င်းတို့က ခေတ္တထိန်းပေးရုံမျှသာ ဖြစ်သည်။ အခြေအနေကို အမြစ်ပြတ် မကုသနိုင်သည့်အပြင် အာနိသင်ကလည်း တဖြည်းဖြည်း လျော့နည်းလာနေပြီ။
"ဘယ်မှာလဲ...?"
ရှာဖွေရန်နေရာကို နှိပ်လိုက်သောအခါ 'အသုံးပြုပြီး ကုန်ဆုံးသွားမည့် ပစ္စည်းများ' နှင့် 'အမြဲတမ်းသုံး ပစ္စည်းများ' ဟူ၍ ကဏ္ဍခွဲများ ပေါ်လာသည်။ ထို့နောက် စျေးနှုန်းသတ်မှတ်နိုင်သော ခလုတ်ပေါ်လာသဖြင့် ကျွန်တော့်တွင်ရှိသည့် စုစုပေါင်း ပွိုင့် ၁,၇၀၀ အတွင်းသာ ကန့်သတ်လိုက်သည်။
လက်ကျန်ပွိုင့်က ကျွန်တော် ထင်ထားသည်ထက် ပိုများနေ၍ အံ့ဩသွားသော်လည်း အရေးမကြီးပါ။ ဆေးရှာတွေ့ဖို့ကသာ ပဓာန။
ရရှိနိုင်သော ပစ္စည်း: ၁၂ မျိုး
ပစ္စည်းစာရင်းကို အမြန်ပင် အောက်သို့ ဆွဲချကြည့်နေစဉ်တွင် ပစ္စည်းတစ်ခုဆီ၌ ကျွန်တော့်မျက်လုံးများ ရပ်တန့်သွားသည်။
(အကြံပြုချက်) [လူမီနောလ် - Lumenol] : တစ်ပတ်တာအတွင်း ခန္ဓာကိုယ်တွင်း အက်ကြောင်းများ (Fractures) ပျံ့နှံ့မှုကို တားဆီးပေးပြီး ချက်ချင်း သက်သာစေကာ သိမြင်မှုအစအန (Cognate Shards) အသစ်များ ဖြစ်ပေါ်ခြင်းကို ကာကွယ်ပေးသည်။ (အသုံးပြုပြီး ကုန်ဆုံးသွားမည့် ပစ္စည်း) စျေးနှုန်း : 250 SP
"ဟင်?"
ဖော်ပြချက်ကို ဖတ်ပြီး ကျွန်တော် ဘာပြောရမှန်း မသိတော့။ အက်ကြောင်း? သိမြင်မှုအစအန? ဒီစကားလုံး နှစ်လုံးက ဘာကို ဆိုလိုတာလဲ။
ကျွန်တော် တစ်ခုမှ နားမလည်။
ဖော်ပြချက်တွေက ရှုပ်ထွေးနေသော်လည်း ၎င်းတို့၏ အဓိပ္ပာယ်ကို နားလည်အောင် ကူညီပေးမည့်အရာ ကျွန်တော့်မှာ မရှိပေ။
'နောက်မှ ကိုင်လီကို မေးကြည့်ရမယ်။ သူ တစ်ခုခု သိကောင်းသိလိမ့်မယ်။'
ဒီစကားလုံးတွေက ဒီကမ္ဘာကြီးရဲ့ စနစ်နဲ့ တစ်နည်းမဟုတ်တစ်နည်း ဆက်စပ်နေလိမ့်မည်ဟု ခံစားရသည်။
ဒါတွေက ထားပါဦး...
စျေးနှုန်းကို ကြည့်လိုက်တော့ ကျွန်တော် အသက်ရှူမှားသွားရသည်။
"250 SP တောင်လား? ဒါက တကယ့်ကို ဈေးကြီးလွန်းတယ်။"
တကယ်တမ်းဆိုလျှင် ပစ္စည်းအမည်ဘေးက 'အကြံပြုချက်' ဆိုသည့် စာသားလေးသာ မပါလျှင် ကျွန်တော် ကျော်သွားမိမှာ အသေအချာပင်။
ဒါက ကျွန်တော့်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စနစ်က ပေးထားတဲ့ အရိပ်အမြွက်တစ်ခုဆိုတာ တစ်ချက်ကြည့်ရုံနဲ့ သိနိုင်သည်။
သံသယရှိနေသေးသော်လည်း ဝယ်ယူရန် ခလုတ်ကို နှိပ်လိုက်သည်။ ခလုတ်ကို နှိပ်လိုက်သည်နှင့် ကျွန်တော့်လက်ကျန်ပွိုင့်မှာ ၇၅၀ သို့ ကျဆင်းသွားပြီး အသိပေးချက်တစ်ခု လျှပ်တပြတ်ပင် ပေါ်လာသည်။
[ဝယ်ယူမှု အောင်မြင်သည်!]
ဖူး!
ရင်းနှီးပြီးသား အသံလေး ထွက်ပေါ်လာပြီးနောက် အထက်မှ ပစ္စည်းတစ်ခု ပြုတ်ကျလာသည်။
"အိုး!"
ကျွန်တော် ထိုပစ္စည်းကို လှမ်းဖမ်းလိုက်ရာ လက်ထဲသို့ တည့်တည့်မတ်မတ် ကျလာသည်။
"...ဒါက ဆေးလား?"
ဖြူဖြူလုံးလုံးနှင့် ဆေးလုံးတစ်လုံး အရွယ်အစားပင်။ တကယ့်ဆေးလုံးတစ်လုံးနှင့် အသွင်အပြင်ရော အထိအတွေ့ပါ တူလှသည်။ ကျွန်တော် ၎င်းကို လက်ချောင်းများကြားတွင် ကိုင်ထားရင်း တစ်ခုခု ထူးခြားလာမလားဟု မျှော်လင့်နေမိသည်။
သို့သော် ဘာမှမဖြစ်ပါ။ ငြိမ်သက်နေပြီး ရိုးရိုးရှင်းရှင်းပင်။
'ရေနဲ့ သောက်ရမှာလား?'
ညွှန်ကြားချက် မပါသော်လည်း ဆေးလုံးပုံစံ ဖြစ်နေသဖြင့် ကျွန်တော် ရေတစ်ဖန်ခွက်ကို ယူကာ ဆေးကို မော့ချလိုက်သည်။
ဆေးလုံးက ဗိုက်ထဲသို့ ချောချောမွေ့မွေ့ ရောက်ရှိသွားပြီးနောက် ကျွန်တော် တစ်ခုခု ဖြစ်လာမလားဟု စောင့်ကြည့်နေမိသည်။
'မကြာခင် သိရမှာပါလေ။'
ကျွန်တော် စောင့်နေသည်။
တစ်ခုခု ဖြစ်လာမလားဟု စောင့်နေသည်။
စောင့်ရင်း စောင့်ရင်းနှင့်...
"...."
မျက်လုံးဖွင့်ကြည့်လိုက်သော်လည်း ကျွန်တော် မျက်မှောင်ကြုတ်မိသည်။
ဘာမှ မထူးခြားပါ။
'တစ်ခုခု မှားသွားတာလား? ဒါမှမဟုတ် ငါ သောက်တာ မှားလို့လား?'
ဆိုင်ကို ပြန်ဖွင့်ပြီး ဖော်ပြချက်ကို ထပ်ဖတ်သော်လည်း မည်သို့ သောက်ရမည်ဟူသော ညွှန်ကြားချက် လုံးဝ မပါရှိပေ။
"အာနိသင်က ချက်ချင်း မသိသာတာများလား...?"
ကျွန်တော် အချိန်နှင့် ရက်စွဲကို ကြည့်လိုက်သည်။
"...ပုံမှန်ဆိုရင် ၁၂ နာရီခြားတစ်ခါ ရောဂါလက္ခဏာ ပြတတ်တယ်။ အခု အချိန်မှတ်စက်ကို စဖွင့်ထားပြီး ဒီဆေးက အလုပ်လုပ်လား၊ မလုပ်လား စောင့်ကြည့်ရမယ်။"
ဆေးအစွမ်းကို စမ်းသပ်ရန် ဤနည်းလမ်းတစ်ခုသာ ရှိသည်။
အချိန်မှတ်စက်ကို ဖွင့်ပြီးနောက် ကျွန်တော့်မျက်လုံးများက ဆိုင်ဆီသို့ ပြန်ရောက်သွားသည်။ ပစ္စည်းအမျိုးမျိုးကို ကြည့်ရင်း လက်က ယားကျိကျိ ဖြစ်လာသည်။
အထူးသဖြင့် ရှေ့စာမျက်နှာက [သားသတ်သမားသုံး ဓားမကြီး] ကို ကြည့်ပြီး...
'ငါ့မှာသာ အဲဒါရှိရင် ရထားထိန်းကို တိုက်ခိုက်ရတာ ပိုလွယ်မှာ မဟုတ်လား?'
တကယ်လိုချင်သော်လည်း ဝယ်ရန် ငွေမလောက်ပေ။
ထိုပစ္စည်းတစ်ခုတည်း မဟုတ်ဘဲ အခြားအသုံးဝင်မည့် ပစ္စည်းများစွာကိုလည်း လိုချင်မိသည်။
သို့သော် ပြဿနာက ငွေမရှိခြင်းပင်။
ကျွန်တော် ဘယ်လိုနည်းနဲ့မဆို ငွေရှာရမည်။
ဒါကလည်း မလွယ်ကူလှ။ အလုပ်ကလည်း မရှိ၊ ကျွန်တော့်မှာ ရှိတာဆိုလို့...
"နေဦး!"
အတွေးတစ်ခု ရုတ်တရက် ခေါင်းထဲ ဝင်လာသည်။
ကျွန်တော် ကွန်ပျူတာကို အမြန်ဆွဲယူပြီး ဂိမ်းစနစ် Appကို ဖွင့်လိုက်ရာ ဂိမ်း၏ အဆင့်သတ်မှတ်ချက်ကို မြင်လိုက်ရသည်။
"ကြယ်တစ်ပွင့်..."
ကျွန်တော် ပါးစပ်ကို လက်ဖြင့် အုပ်လိုက်မိသည်။
'ဟုတ်သားပဲ၊ ငါက တာဝန်ပြီးမြောက်ဖို့ပဲ ဂိမ်းကို ဖန်တီးခဲ့တာ မဟုတ်ဘူး။ ဒါကို ပြန်ရောင်းပြီး ငွေရှာလို့လည်း ရတာပဲ။'
တစ်ခုတည်းသော ပြဿနာမှာ ငွေဝင်ပါ့မလား ဆိုသည်ပင်။
စနစ်က ကြယ်တစ်ပွင့်လို့ သတ်မှတ်ထားတာဆိုရင် အခြေအနေက သိပ်မဆိုးနိုင်ဘူး မဟုတ်လား။
"ဂိမ်းက ကောင်းတယ်ပဲ ထားဦး၊ ငါက အမှီအခိုကင်းတဲ့ ဂိမ်းရေးဆွဲသူ (Indie Developer) တစ်ယောက်ပဲလေ။ လူတွေအများကြီးဆီ ရောက်ဖို့ဆိုတာ မလွယ်ဘူး။ ဂိမ်းကို ကြော်ငြာပြီး ရောင်းအားကောင်းလာအောင် လုပ်ဖို့ နည်းလမ်းရှာရမယ်။"
ကျွန်တော် နဖူးကို နှိပ်နယ်ရင်း အခြေအနေကို အဖြေရှာနေစဉ် အသိပေးချက်တစ်ခု လျှပ်တပြတ် ပေါ်လာပြန်သည်။
တင်း!
ကျွန်တော် မော့ကြည့်လိုက်ရာ ရှေ့တွင် စာသားများ ပေါ်လာသည်။
[တာဝန်အသစ် သတ်မှတ်လိုက်သည်!]
[သင်သည် ဤကမ္ဘာရှိ လူသားများကို ခြောက်လှန့်ရန် သင့်လျော်သော ဂိမ်းတစ်ခုကို ဖန်တီးခဲ့သည်။ ဤကမ္ဘာကြီးက သင့်ဂိမ်းအကြောင်း မသိရှိပါက နှမြောစရာ ဖြစ်လိမ့်မည်။ သင့်ဂိမ်းကို အရောင်းမြှင့်တင်ရန် နည်းလမ်းရှာဖွေပြီး အနည်းဆုံး အစောင်ရေ ၁၀,၀၀၀ ရောင်းချရမည်!]
[ဆုလာဘ် : 3,000 SP] [ရှုံးနိမ့်မှု : ဆိုင်ကို ပြန်လည် ပိတ်သိမ်းမည်] [အချိန်ကန့်သတ်ချက် : တစ်ပတ်]
ကျွန်တော် ပါးစပ်အဟောင်းသား ဖြစ်သွားပြီးမှ ပြန်ပိတ်လိုက်သည်။
ထို့နောက်...
"ကောင်းပြီလေ။"
ကျွန်တော် ခေါင်းငြိမ့်ပြလိုက်ပြီး ကုတင်ပေါ်သို့ ပစ်လှဲကာ စောင်နှင့် ခေါင်းမြီးခြုံလိုက်တော့သည်။
"...သွားစမ်းပါကွာ၊ ဒီအလုပ်တွေလည်း တကယ်ပဲ။"