အခန်း (၉) ချင်းလုံဘုရားကျောင်းတော်သို့ ပထမဆုံးအကြိမ် ရောက်ရှိခြင်း
【 ချင်းလုံဘုရားကျောင်းတော် 】
ဒါ ချင်းလုံကျောင်းတော်ပဲ။ ငါ တကယ်ကြီး ရှာတွေ့သွားပြီ။
ဝတ်ရုံဖြူဆရာတော်နဲ့ အဘိုးတို့ ပြောခဲ့တဲ့ ချင်းလုံကျောင်းတော်က ဒါပဲပေါ့။
ငါလည်း ဝမ်းသာအားရနဲ့ တံခါးဝဆီကို အမြန်ပြေးသွားမိပေမဲ့ ယဉ်ယဉ်ကျေးကျေးဖြစ်အောင် စိတ်ကိုထိန်းပြီး တံခါးကို ဖွဖွလေး ခေါက်လိုက်တယ်။
ဒေါက်... ဒေါက်... ဒေါက်...
အကြိမ်ကြိမ် ခေါက်နေပေမဲ့လည်း အတွင်းထဲက ဘာတုံ့ပြန်သံမှ ထွက်မလာဘူး။
အဲဒီအချိန်မှာပဲ တောအုပ်ထဲမှာ ကျန်ရှိနေသေးတဲ့ နောက်ဆုံးဆည်းဆာအလင်းတန်းလေးတွေက မှောင်မိုက်ခြင်းရဲ့ ဝါးမြိုမှုကို ခံလိုက်ရပြီး ပျောက်ကွယ်သွားတော့တယ်။
နေဝင်သွားပြီ။
ချင်းလုံဘုရာားကျောင်းတော်ကို ရှာတွေ့ရင်ပဲ အသက်ရှင်ခွင့်ရပြီလို့ ရိုးရိုးသားသား တွေးထားခဲ့တာ။ ကျောင်းတော်တံခါးကြီးက ဒီလောက်အထိ တင်းတင်းကျပ်ကျပ် ပိတ်ထားလိမ့်မယ်လို့ မထင်ထားမိဘူး။
ဂွပ်... ဂြပ်... ဂွပ်... ဂြပ်...
တစ်စုံတစ်ယောက်ရဲ့ ခြေလှမ်းအောက်မှာ ကြွေကျနေတဲ့ သစ်ရွက်ခြောက်တွေဟာ ဝန်ပိမှုကို မခံနိုင်ဘဲ တကျွိကျွိနဲ့ ညည်းညူအော်ဟစ်နေကြသည်။
ရုတ်တရက်ဆိုသလို မှောင်မည်းနေတဲ့ တောအုပ်ကြီးထဲမှာ နောက်ထပ်လူတစ်ယောက် ရှိနေပြီး လမ်းလျှောက်နေသလိုမျိုး အသံတွေ ကြားလိုက်ရသည်။
နဖူးပေါ်မှာ ချွေးစေးတွေ ပျံတက်လာသည်။ ဒီလိုအချိန်မတော်ကြီးမှာ တကယ်ပဲ တခြားလူတစ်ယောက်ယောက် ရောက်လာနိုင်ပါ့မလား။
ကြောက်စိတ်တွေက ဦးနှောက်ကြောတွေကို လာပြီး ဖိစီးနှိပ်စက်နေတာကြောင့် ဖုန်းကို အမြန်ထုတ်ပြီး ကင်မရာကို တိတ်တဆိတ် ဖွင့်လိုက်မိသည်။
ဖုန်းမျက်နှာပြင်ပေါ်မှာ ဖြူဖျော့ပြီး ကြောက်လန့်တုန်လှုပ်နေတဲ့ ကို့မျက်နှာနဲ့အတူ နောက်ကျောဘက် မြင်ကွင်းက အထင်အရှား ပေါ်နေလေသည်။
နောက်မှာ ဘာမှမရှိပါဘူး။ မည်းမှောင်နေတဲ့ အမှောင်ထုရယ်၊ ဝေဝေဝါးဝါး မြင်နေရတဲ့ သစ်ပင်ပင်စည်အချို့ရယ်ပဲ ရှိသည်။
ဘယ်သူမှ မရှိဘူး။
ဒါပေမဲ့လည်း သစ်ရွက်ခြောက်တွေ နင်းခြေလာတဲ့ ထိုအသံက ပိုပြီးလေးလံလာကာ တစ်လှမ်းချင်း တစ်လှမ်းချင်း အနီးအနားသို့ တိုးကပ်လို့လာနေတုန်းပဲ။
လက်တစ်ဖက်က ဖုန်းကို ကိုင်ထားရင်း ကျန်တဲ့လက်တစ်ဖက်နဲ့ တံခါးကို အားကုန် ဆောင့်ထုလိုက်တော့သည်။
"လျောင်ယန့် ဆရာတော်... လျောင်ယန့် ဆရာတော်ကြီးဗျို့..."
လည်ချောင်းကွဲမတတ် အော်ဟစ်လိုက်မိသည်။
အော်သံဟာ ထူထပ်မှောင်မည်းနေတဲ့ တောအုပ်ကြီးထဲ ပဲ့တင်ထပ်သွားပြီး ပိုမိုခြောက်ခြားဖွယ်ကောင်းတဲ့ အသံအဖြစ် ပြန်လည်ရိုက်ခတ်လို့ လာတယ်။
ဂွပ်... ဂြပ်... ဂွပ်... ဂြပ်...
အဲဒီခြေသံက ရပ်မသွားဘဲ ဆက်ပြီး လျှောက်လာနေတုန်းပဲ။
ဖတ်...
စိတ်လှုပ်ရှားလွန်းလို့ လက်ထဲက ဖုန်းက လွတ်ကျသွားတာမို့ ကုန်းပြီး အမြန်ကောက်လိုက်ရသည်။
ဒါပေမဲ့ ဖုန်းကို ကောက်ကိုင်လိုက်တဲ့ အခိုက်အတန့်မှာတင် တစ်ကိုယ်လုံး ကျောက်ရုပ်လို တောင့်တင်းသွားရတော့သည်။
ဖုန်းကင်မရာက ပွင့်နေတုန်းဖြစ်ပြီး မျက်နှာပြင်ပေါ်မှာ ပေါ်နေတာက ကျွန်ုပ်ရဲ့ခြေထောက်နှစ်ဖက်နဲ့ ကပ်လျက်နောက်နားမှာ ရှိနေတဲ့ မီးခိုးရောင် ပိတ်စဖိနပ်တစ်စုံ။
ဖိနပ်တစ်စုံ။ ဟုတ်တယ်... တကယ်ပဲ ဖိနပ်တစ်စုံတည်း။
အဲဒီပိတ်စဖိနပ်က တစ်စုံတစ်ယောက် စီးထားသလိုမျိုး သစ်ရွက်ခြောက်တွေကို နင်းခြေနေပြီး ခြေလှမ်းတိုင်းမှာ သစ်ရွက်ခြောက်တွေ ကြေမွသွားတဲ့အသံက တကျွိကျွိနဲ့ ထွက်ပေါ်နေတာ။
ဒီလို ကတ္တရာစေးလို မှောင်မည်းနေတဲ့ တောနက်ကြီးထဲမှာ ဘယ်သူမှမရှိဘဲ ပိတ်စဖိနပ်တစ်စုံက တစ်လှမ်းချင်း လျှောက်လာနေသည် ကိုအထင်းသားမြင်နေရသည်။
ဒါ ဘာလဲဆိုတာကို ဦးနှောက်ရှိတဲ့သူတိုင်း စဉ်းစားစရာမလိုဘဲ သိနိုင်လေသည်။
ဖုန်းကို အမြန်ဆွဲယူပြီး တံခါးကို စောစောကထက် ပိုမိုပြင်းထန်စွာ ရူးသွပ်မတတ် ဆက်တိုက် ထုရိုက်လိုက်သည်။
ချင်းလုံဘုရားကျောင်းတော်ရဲ့ တံခါးတံတိုင်းကြီးက နိမ့်မနေဘူး။ မဟုတ်ရင် တံခါးကျော်တက်သွားတာ ကြာလှပြီ၊ ဒီမှာ ဘာလို့ အတင်း တံခါးခေါက်နေပါ့မလဲ။
"လျောင်ယန့် ဆရာတော်... လျောင်ယန့် ဆရာတော်ကြီး ရယ်... ကယ်ပါဦး..."
နောက်ကျောဆီကနေ အေးစက်စက် အအေးဓာတ်တစ်ခု ဖြတ်သန်းသွားသလို ခံစားလိုက်ရသည်။ အဲဒီခြေသံက တဖြည်းဖြည်း နီးကပ်လာလေသည်။
လှည့်ကြည့်လိုက်တော့ အဲဒီပိတ်စဖိနပ်က ဆယ်လှမ်းအကွာလောက်မှာပဲ ရှိတော့သည်။
ဂွပ်... နောက်တစ်လှမ်း တိုးလာပြန်ပြီ။
ဂွပ်... ဂြပ်...
ရှစ်လှမ်း... ခုနစ်လှမ်း... လေးလှမ်း...
မျက်လုံးအိမ်ထဲမှာ အဲဒီပိတ်စဖိနပ်ရဲ့ ပုံရိပ်က ပိုပြီးတော့ ထင်ရှားပြတ်သားလာပြီး တဖြည်းဖြည်း နီးကပ်၍ နီးကပ်၍လာလေပြီ။
ဂွပ်...
ဒီတစ်လှမ်းက ကျွန်ုပ်အရိပ်ပေါ်ကို တည့်တည့်ကြီး နင်းမိလုနီးပါး ဖြစ်သွားသည်။
ဂွပ်... ပိတ်စဖိနပ်က နောက်ထပ်တစ်လှမ်း ထပ်လှမ်းလိုက်ပြီး မျက်နှာချင်းဆိုင် တည့်တည့်ဆီကို ရောက်ရှိလာခဲ့ပြီ။
ရဲ့နှလုံးသားတစ်ခုလုံး တစ်ခါမှမဖြစ်ဖူးလောက်အောင် တုန်လှုပ်ချောက်ချားသွားပြီး တစ်ကိုယ်လုံးမှာလည်း ကြက်သီးမွေးညင်းတွေ ထောင်ထောင်ထလာသည်။
ရုတ်တရက်ဆိုသလို အဲဒီပိတ်စဖိနပ်က ရောက်ခါနီးလေးမှာတင် ရုတ်ချည်း ရပ်တန့်သွားသည်။
ခြေလှမ်းကို ကြွထားပြီး ဟိုဘက်ဒီဘက် ယိမ်းထိုးနေရင်း တုံ့ဆိုင်းနေသလိုမျိုး၊ တွေဝေနေသလိုမျိုး ဖြစ်နေသည်။
နောက်ဆုံးတော့ အဲဒီပိတ်စဖိနပ်က နောက်ကို တစ်လှမ်း ဆုတ်သွားခဲ့သည်။
အဲဒီအခါမှပဲ သက်ပြင်းကို ဖြည်းဖြည်းချင်း ချဝံ့တော့လေသည်။ တောအုပ်ထဲမှာ ဝေဝေဝါးဝါးနဲ့ အနီရောင်သန်းနေတဲ့ အရာတစ်ခု ရှိနေသလိုပဲ။
ချက်ချင်းဆိုသလို ရှေ့က တံခါးကြီးက ပွင့်ဟသွားသဖြင့် အရှိန်လွန်ကာ ရှေ့ကိုငိုက်ကျသွားတော့သည်။
အတွင်းထဲကို ရောက်သွားပြီးတဲ့နောက် တစ်စုံတစ်ယောက်က ဆွဲထိန်းပေးလိုက်လို့ လဲမကျသွားဘဲ လွတ်မြောက်သွားခဲ့သည်။
ဒိုင်း... နီရဲနေတဲ့ တံခါးကြီးက ပြန်ပိတ်သွားခဲ့လေသည်။
နောက်ထပ် အသံအကျယ်ကြီးတစ်ခုလည်း ထပ်ထွက်လာပြီး အပြင်ဘက်က တစ်ခုခုက တံခါးကို လာပြီး တိုက်မိလိုက်သလိုပဲ။
ကိုရင်လေးက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
"ဒကာက အသက်ရှင်ရတာ ငြီးငွေ့နေလို့ ဒီလိုညဉ့်နက်သန်းခေါင်ကြီး ပြေးလာတာလား"
"ချင်းလုံဘုရားကျောင်းတော်က ညဘက်ဆိုရင် ဘုရားဖူးဧည့်သည်တွေကို လက်မခံဘူးဆိုတာ မသိဘူးလား"
တစ်ခုခု ပြန်ပြောဖို့ ဟန်ပြင်လိုက်ပေမဲ့...
"ကိုရင်လေး ကျင့်ချူ... ရိုရိုသေသေ နေစမ်း"
ဒါက သက်ကြီးရွယ်အိုတစ်ဦးရဲ့ အသံပဲ။
ကိုရင်လေး ကျင့်ချူကလည်း ချက်ချင်းပဲ ရိုရိုသေသေ တောင်းပန်စကား ဆိုလိုက်တယ်။
"မှန်လှပါ၊ ဘုန်းဘုန်းဘုရား"
အသံလာရာဆီ လှမ်းကြည့်လိုက်တော့ အနီရောင် သင်္ကန်းကို ဝတ်ဆင်ထားတဲ့ သက်တော်ကြီး ဆရာတော်တစ်ပါး ဖြစ်နေတယ်။
"ဆရာတော်ကြီးကို ကန်တော့ပါတယ်ဘုရား"
"ဒီလို အချိန်မတော်ကြီးမှာ လာပြီး နှောင့်ယှက်မိတဲ့အတွက် တကယ်ပဲ တောင်းပန်ပါတယ်ဘုရား။ တပည့်တော် လျောင်ရင် ဆရာတော်ကြီးနဲ့ တကယ်ပဲ အရေးကြီးတဲ့ ကိစ္စတစ်ခု ဆွေးနွေးစရာရှိလို့ပါ"
အရေးကြီးတဲ့ ကိစ္စလား။ ဆရာတော်ကြီးက မျက်မှောင်ကြုတ်လိုက်တယ်။
ကိုရင်လေးကတော့ စိတ်ဝင်စားစရာ တစ်ခုခုကို တွေ့သွားသလိုမျိုး ခေါင်းလေးစောင်းပြီး ပြောလာတယ်။
"ငါ့ရဲ့ ဘုန်းဘုန်းဘုရားက လျောင်ယန့် ဆရာတော်ကြီးပဲလေ။ ဒကာ ဘာကိစ္စရှိလို့လဲ"
စိတ်ထဲမှာ ဝမ်းသာအားရ ဖြစ်သွားပြီး...
"ဆရာတော်ကြီးက လျောင်ယန့် ဆရာတော်ကြီးလားဘုရား"
ဒီဆရာတော်ကြီးက ကရုဏာမျက်နှာထားရှိပြီး မျက်ခုံးဖြူဖြူတွေနဲ့ မုတ်ဆိတ်မွှေး အမည်းရောင် ရှိတယ်။
ဆရာတော်ကြီးရဲ့ ကိုယ်ပေါ်ကနေလည်း စန္ဒကူးနံ့သာနံ့ သင်းပျံ့နေသည်။
သရဲတစ္ဆေတွေနဲ့ အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရလို့ပဲလားမသိ၊ ဒီဆရာတော်ကြီးအပေါ်မှာ ပြောမပြတတ်တဲ့ ခံစားချက်မျိုး ခံစားရသည်။
ဆရာတော်ကြီးက လောကီရေးရာတွေကနေ ကင်းလွတ်ပြီး သီးခြားတည်ရှိနေသလိုမျိုး ခံစားချက်ကို အမြဲပေးစွမ်းနေသည်။
လျောင်ရင် ဆရာတော်ကြီးကလည်း အဆုံးအဖြတ် မြန်ဆန်လှသည်။ ကိုရင်လေးကို အရင်ဆုံး ပြန်သွားဖို့ မိန့်ကြားလိုက်သည်။
ပြီးတော့ ဆရာတော်ကြီးက ဦးဆောင်ပြီး တရားထိုင်တဲ့ အခန်းလေးတစ်ခုဆီ ခေါ်သွားပေးသည်။
အခန်းထဲကို ရောက်ရောက်ချင်းပဲ ဆရာတော်ကြီးက မေးလာသည်။
"ဒကာလေး... မကြာသေးခင်က ထူးဆန်းတဲ့ အဖြစ်အပျက်တွေနဲ့ မကြုံခဲ့ရဘူးလား"
ဒီအကြောင်းကို ပြောရရင်တော့ စိတ်ပျက်လက်ပျက်နဲ့ပဲ ပြုံးလိုက်မိသည်။
"မကြုံခဲ့ရဘူးလား ဟုတ်လားဘုရား။ တပည့်တော် ဘယ်အချိန်မှာ မှထူးဆန်းတဲ့ အဖြစ်အပျက်တွေနဲ့ မကြုံခဲ့ရဖူးရှိလို့လဲဘုရား"
ဒီရက်ပိုင်းအတွင်းမှာတင် တပည့်တော်က ငရဲပြည်က ငရဲမင်းကြီးရဲ့ နန်းတော်ကို ဖျက်ဆီးခဲ့သလိုမျိုး ကားစီးရင်လည်း သရဲနဲ့တိုး၊ တောင်ပေါ်တက်ရင်လည်း သရဲနဲ့တွေ့နဲ့ နေရာတိုင်းမှာ သရဲတွေနဲ့ပဲ တွေ့နေရတာပါဘုရား။
ဒါက နေ့ဘက်တင် ရှိသေးတာ။ ညဘက်ဆိုရင်တော့...
ဘုရားရေ... တပည့်တော်ရဲ့ အသက်ပေါင်း ဘယ်လောက်တောင် စတေးလိုက်ရမလဲ မသိနိုင်တော့ဘူး။
လျောင်ယန့် ဆရာတော်ကြီးကရေနွေးကြမ်း တစ်ခွက် ငှဲ့ပေးရင်း ပြောသည်။
"ဒါက ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စပါပဲ"
"ဒီဘဝသက်တမ်းတစ်လျှောက်မှာ ဒီလောက်အထိ ပြင်းထန်တဲ့ မကောင်းသောစွမ်းအင်တွေ ရှိနေတဲ့သူကို ငါပထမဆုံးအကြိမ် တွေ့ဖူးတာပဲ။ ဒါက တစ်ခါမှမရှိဖူးသေးတဲ့ ကိစ္စပဲ"
"ဒကာလေးရဲ့ အခြေအနေက သာမန်လူတွေနဲ့ မတူဘူး"
ကျွန်တော်လည်း ဘာပြန်ပြောရမှန်း မသိတော့ဘူး။ သာမန်လူတွေနဲ့ မတူဘူး ဟုတ်လား။
တကယ်လို့သာ ဒါက အထူးစွမ်းအား တစ်ခု ဖြစ်နေရင် ကောင်းမှာပဲ။ ဒါပေမဲ့ နေ့တိုင်း သရဲတွေနဲ့ပဲ ထိပ်တိုက်တွေ့နေရတာ၊ ဒါ ဘယ်လိုစွမ်းအားထူးမျိုးလဲ။
ဒါကြောင့် ကွေ့၀ိုက်မနေတော့ဘဲ လိုရင်းကိုပဲ တိုက်ရိုက် လျှောက်တင်လိုက်သည်။
"လျောင်ယန့် ဆရာတော်ကြီးဘုရား... တပည့်တော်ရဲ့ အသက်ကို ကယ်တင်ပေးပါဦးဘုရား"
အဲဒီနောက်မှာတော့ အစကနေ အဆုံးအထိ ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာအားလုံးကို အသေးစိတ် လျှောက်တင်ပြလိုက်ရာ လျောင်ရင် ဆရာတော်ကြီးရဲ့ မျက်ဝန်းတွေက အကြိမ်ကြိမ် ပြောင်းလဲသွားတော့သည်။
အားလုံးကို နားထောင်ပြီးတဲ့နောက် ဆရာတော်ကြီးက သက်ပြင်းတစ်ချက် ချလိုက်ပြီး...
"ကျန်းမိသားစုရဲ့... ကျန်းမိသားစုမှာ ဒီလိုမျိုး မျိုးဆက် ကျန်ရှိနေသေးလိမ့်မယ်လို့ မထင်ထားမိဘူး..."
"အမှောင်ကမ္ဘာက ထိမ်းမြားခြင်း ကတိကဝတ်... မရှင်းလင်းတဲ့ အကြောင်းအကျိုး တရားတွေပဲ..."
"ဒကာလေးက ဒီလောက်အထိ ငယ်ရွယ်သေးတာတောင်မှ ဒီလောက်အထိ ပြင်းထန်တဲ့ မကောင်းသောစွမ်းအင်တွေရဲ့ နှောင့်ယှက်မှုကို ခံနေရတာ မဆန်းပါဘူးလေ"
"အဲဒီနေ့ကစပြီး တပည့်တော် သရဲတွေကို မမြင်ရတဲ့ အချိန်ရယ်လို့ မရှိသလောက်ပါပဲဘုရား"
"နေ့တိုင်း သရဲတွေကို မြင်နေရတယ်၊ နေရာတိုင်းမှာလည်း သရဲတွေပဲ ရှိနေတယ်"
"ဒါက ဆရာတော်ကြီး မိန့်ကြားတဲ့ မကောင်းသောစွမ်းအင်တွေကြောင့်လားဘုရား"
ဆရာတော်ကြီးက ခေါင်းညိတ်ပြီး ဆက်လက်၍ ရှင်းပြပေးသည်။
"အလင်းနဲ့ အမှောင်က သီးခြားစီ ဖြစ်သလို၊ လူနဲ့ သရဲကလည်း လမ်းကြောင်းမတူကြဘူး"
"လူနဲ့ သရဲဆိုတာ မူလက ကမ္ဘာနှစ်ခုမှာ ရှိနေကြပြီး အပြန်အလှန် ပတ်သက်မှု မရှိကြဘူး။ ဒါပေမဲ့ လူတစ်ယောက်ရဲ့ မကောင်းသောစွမ်းအင်တွေက ပြင်းထန်လွန်းလာရင်တော့ မကောင်းဆိုးဝါးတွေရဲ့ သတိပြုမိခြင်းကို ပိုပြီး ခံရတတ်တယ်"
"သရဲတွေရဲ့ မျက်လုံးထဲမှာတော့ ဒီလောကကြီးက ရှုပ်ထွေးလှသည်လို့ဘဲမြင်တယ်။ သူတို့က သာမန်လူတွေကို လိုက်ပြီး မနှောင့်ယှက်ကြဘူး။ ဒါပေမဲ့ ဒကာလေးရဲ့ အခြေအနေကတော့ ကတ္တရာစေးလို မှောင်မည်းနေတဲ့ ညဉ့်နက်ကြီးထဲမှာ မီးအိမ်တစ်လုံးကို ကိုင်ထားသလို ဖြစ်နေတာ"
"ဒါမှမဟုတ် ပြောရရင်တော့ မြစ်တစ်စင်းထဲမှာ ငါးတွေ အများကြီး ရှိနေပေမဲ့ ဒကာလေးတစ်ယောက်တည်းကိုပဲ တံငါသည်က အာရုံစိုက်နေတာနဲ့ တူတူပဲ။ ဒါ ဘာကြောင့်လဲ"
ကျွန်တော်လည်း ချက်ချင်းပဲ ဖြေလိုက်သည်။
"တခြားလူတွေနဲ့ မတူလို့ပေါ့ဘုရား..."
လျောင်ယန့် ဆရာတော်ကြီးက မိန့်ကြားတယ်။
"မှန်တယ်။ အမှောင်ကမ္ဘာက ထိမ်းမြားခြင်း ကတိကဝတ်က ဒကာလေးရဲ့ အသက်ကို ကယ်တင်ပေးခဲ့တယ် ဆိုပေမဲ့လည်း၊ ဒကာလေးနဲ့ အမှောင်ကမ္ဘာကြားမှာ ဆက်နွှယ်မှုတွေ အများကြီးကို ဖန်တီးပေးခဲ့တယ်။ ဒကာလေးရဲ့ အသက် တစ်ဆယ့်ရှစ်နှစ်ပြည့် မွေးနေ့ ရောက်ခါနီးလေလေ၊ အမှောင်ကမ္ဘာက ထိမ်းမြားခြင်း ကတိကဝတ်က ပိုပြီး ပြီးပြည့်စုံလာလေလေပဲ"
"ဒါကြောင့်ပဲ ဒကာလေးရဲ့ ကိုယ်ပေါ်မှာ မကောင်းသောစွမ်းအင်တွေ အမြောက်အမြား စုစည်းနေရတာပေါ့"
"ဒီ အမှောင်ကမ္ဘာက ထိမ်းမြားခြင်း ကတိကဝတ်နဲ့ ပတ်သက်ပြီးတော့ ငါ နည်းလမ်းတစ်ခု စဉ်းစားပေးပါ့မယ်။ ဒါပေမဲ့ ဒီညတော့ ဒကာလေး အပြင်ကို လုံးဝ မထွက်ပါနဲ့။ ဒီတရားထိုင်တဲ့ အခန်းထဲမှာပဲ သေချာ နေပါ"
"အခန်းလေးက နည်းနည်း ရိုးရှင်းလွန်းတော့ သည်းခံပြီး နေပေးပါဦး"
ဆရာတော် စကားကြားရတော့ စိတ်သက်သာရာရသွားသည်...
"ကျေးဇူးတင်ပါတယ် ဆရာတော်ကြီးဘုရား"
"ဒါက တပည့်တော် အိမ်က အခန်းထက် အများကြီး ပိုကောင်းပါတယ်ဘုရား။ ဒီလောက်ဆို တော်လှပါပြီ"
ဒီတရားထိုင်တဲ့ အခန်းလေးက တော်တော်လေး ဟောင်းနွမ်းနေပုံရသည်။
ပြတင်းပေါက်တွေကလည်း ရှေးဟောင်းပုံစံမျိုး ဖြစ်ပြီး နေရောင်ကာဖို့အတွက် သတင်းစာတွေကို ကပ်ထားရသည်။
စားပွဲတစ်လုံး၊ ကုလားထိုင် အနည်းငယ်နဲ့ သစ်သားကုတင်တစ်လုံးပဲ ရှိသည်။
လျောင်ယန့် ဆရာတော်ကြီးက ပြန်ဖို့ ထရပ်လိုက်ပေမဲ့ အခန်းဝကို ရောက်ခါနီးမှာပဲ တစ်ခုခုကို သတိရသွားပြီး...
"ချင်းလုံဘုရားကျောင်းတော်မှာ စည်းကမ်းအချို့ ရှိတယ်။ ညဘက်ဆိုရင် အသွားအလာ ပိတ်ပင်ထားတာမို့ အရေးကြီးတဲ့ ကိစ္စမရှိရင် အပြင်မထွက်ပါနဲ့"
"ကျောင်းတော်က သံဃာတွေက မနက်အစောကြီး နိုးတတ်ကြတာမို့ ဒကာလေး အနှောင့်အယှက် မဖြစ်ဖို့ မျှော်လင့်ပါတယ်"
"နားလည်ပါပြီဘုရား။ ဒုက္ခပေးမိတဲ့အတွက် အားနာပါတယ် ဆရာတော်ကြီးဘုရား"
"ဟဲဟဲ... ဒါက ကိစ္စအသေးအမွှားလေးပါပဲ။ ဒါကို အကြောင်းအကျိုး တရားတွေကို ဖြေရှင်းပေးတာလို့ပဲ သဘောထားလိုက်ပါ"
ဆရာတော်ကြီး ထွက်သွားပြီးတဲ့နောက် ကုတင်ပေါ်မှာ တစ်ယောက်တည်း လှဲလျောင်းရင်း မကြုံဖူးသေးတဲ့ အေးချမ်းမှုကို ခံစားလိုက်ရသည်။
တကယ်တော့ သရဲနဲ့ စတင်ကြုံတွေ့ခဲ့ရတဲ့ နေ့ကစပြီး ကောင်းကောင်း အိပ်ပျော်ခဲ့ရသည့်ရက်ရေလို့ မရှိခဲ့ဘူး။
အသက်ကို ဘယ်နေရာမှာ အလဟဿ ဆုံးရှုံးသွားရမလဲဆိုတဲ့ စိုးရိမ်စိတ်နဲ့ တစ်ချိန်လုံး ထိတ်လန့်တုန်လှုပ်နေခဲ့ရသည်။
အခုတော့ ချင်းလုံဘဘုရားကျောင်းတော်ကို ရောက်ရှိလာခဲ့ပြီမို့ နောက်ဆုံးတော့ စိတ်အေးလက်အေး နေနိုင်ခဲ့ပြီ။
လျောင်ရင် ဆရာတော်ကြီးရဲ့ ရင့်ကျက်တည်ငြိမ်တဲ့ ပုံစံကို ကြည့်ရတာ တွေ့ကြုံခဲ့ရ တာတွေကို ပြောပြခဲ့တဲ့ အကြောင်းအရာတွေကို ကြားရတဲ့အချိန်မှာတောင် အလွန်အမင်း အံ့ဩတုန်လှုပ်သွားခြင်း မရှိ တည်ငြိမ် လှပေသည်။
ဒါဟာ တကယ့် ပညာရှင်အစစ်၊ တကယ့် ဆရာတော်ကြီးအစစ်ပဲ။