အခန်း (၄၇) - အဆောင်ဟောင်းကြီးထဲမှ ထွက်ပြေးခြင်း
ဝိညာဉ်ရေးရာပညာရှင်နဲ့ သူ့ရဲ့ရည်းစားဖြစ်သူကို လင်းရင်က လှမ်းနှိုးလိုက်သည်။
သူတို့နှစ်ယောက်လုံး နိုးလာတဲ့အချိန်မှာတော့ ခေတ္တမျှ ကြောင်အသွားကြပြီး ပတ်ဝန်းကျင်ကို မြင်လိုက်ရတဲ့အခါမျက်နှာတွေကစာရွက်ဖြူကြီးလိုဖြူဖျော့သွားကြသည်။ဝိညာဉ်ရေးရာပညာရှင်ဆိုရင် ခြေထောက်တွေပါ မခိုင်တော့ဘဲ ကိုယ်ကိုတောင် မနည်းထိန်းထားရရှာသည်။
"ငါ... ငါ ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ"
လင်းရင်က သဘာဝလွန်ရှုထောင့်ကနေ သူ့ကို ရှင်းပြလိုက်ပြီး သူတို့နှစ်ယောက်လုံး ကျွန်တော့်ကို ငွေတစ်သိန်း ပေးဖို့ရှိတယ်ဆိုတာကိုပါ ရှင်းရှင်းလင်းလင်း ပြောပြလိုက်သည်။
ဝိညာဉ်ရေးရာပညာရှင်ကတော့ ကြောက်ရွံ့စိတ်တွေ ပျောက်ဆုံးသွားသလိုမျိုး ချက်ချင်းပဲ ပြန်လည်ခြေပပါတော့သည်။
"ပေါက်ကရတွေ! နင်တို့ ငါ့ကို တမင်သက်သက် ဒီကို ခေါ်လာတာနေမှာ။ ငါ့ကိုပါ ဒီအပေါ်ကနေ တွန်းချဖို့ လုပ်နေတာမလား"
"အခု နင်တို့ ကြောက်နေလို့ ငါ့ကို နှိုးလိုက်တာပဲ ဖြစ်ရမယ်။ ဒီအဆောင်ဟောင်းကြီးထဲက သရဲခြောက်တယ်ဆိုတဲ့ ကိစ္စတွေအားလုံးကလည်း နင်တို့ ဖန်တီးထားတာ ဖြစ်နိုင်တယ်။"
"ပြီးတော့ ငွေတစ်သိန်း ဟုတ်လား။ နင်တို့ ပိုက်ဆံမက်လို့ ငါ့ကို လူသတ်ဖို့အထိ ကြံစည်နေတာပဲ!"
ဒါကို ကြားလိုက်ရတဲ့အခါ ကျွန်တော် မတတ်နိုင်သလို လက်နှစ်ဖက်ကို ဖြန့်ပြလိုက်မိသည်။ ‘သူတို့နှစ်ယောက်ကို ကယ်လိုက်တာက အဆောင်ဟောင်းကြီးထဲ မတော်တဆ ရောက်နေကြတဲ့ လူသားချင်းစာနာလို့ ကံတရားအရ လှမ်းကယ်လိုက်တဲ့ သဘောသက်သက်ပါပဲ။
သူတို့ ပိုက်ဆံပေးတာ၊ မပေးတာက ကျွန်တော့်အတွက် အရေးမကြီးဘူး၊ အဲဒီအချိန်တုန်းက ကိုယ့်ရဲ့လှုပ်ရှားမှုကို အကြောင်းပြချက်ရှိအောင်နဲ့ သံသယမဝင်အောင် လှမ်းလုပ်လိုက်တာသက်သက်မို့ တကယ်ရလိမ့်မယ်လို့လည်း မျှော်လင့်မထားခဲ့ဘူး။’
လင်းရင်ရဲ့ လေသံကလည်း မာကျန်သွားခဲ့တယ် "မင်းက အဲဒီလိုပဲ ဆက်ပြီး တွေးချင်တယ်ဆိုရင်လည်း ငါတို့မှာ ဘာမှ ကာကွယ်ပြောနေစရာ မလိုတော့ဘူး။"
သူမက ဝိညာဉ်ရေးရာပညာရှင်ရဲ့ တခြားစကားတွေကို ဂရုမစိုက်ပေမဲ့ ပိုက်ဆံမက်လို့ လူသတ်တယ်ဆိုတဲ့ စွပ်စွဲချက်ကတော့ သူမရဲ့ သိက္ခာကို အကြီးအကျယ် စော်ကားလိုက်တာပဲ မဟုတ်လား။
ရန်ချန်ဆိုတဲ့ မိန်းကလေးကတော့ ပိုပြီး ဉာဏ်ကောင်းရှာသည်။ အခြေအနေက တကယ့်ကို ထူးဆန်းဆန်းပြားပြား ဖြစ်နေတာကို မြင်တော့ သူမက ရည်းစားဖြစ်သူကို စကား ဆက်မပြောဖို့ အမြန်တားလိုက်ပြီး ပြုံးရွှင်တဲ့ မျက်နှာနဲ့ ပြဿနာကို ညှိနှိုင်းဖို့ လုပ်သည်။ -
"အားနာပါတယ်နော်၊ ဇီဟောင်က ဒီကို ရောက်နေတာကြောင့် လန့်ပြီး စိတ်ဆွဲနေလို့ပါ။"
"တကယ်ကို အားနာပါတယ်၊ ကျွန်မတို့ကို ခွင့်လွှတ်ပေးကြပါဦး။"
"ပြီးတော့ ဟို ငွေတစ်သိန်း ကိစ္စကိုလည်း အခုပဲ အွန်လိုင်းကနေ ချက်ချင်း လွှဲပေးလိုက်ပါ့မယ်။"
ဒီမိန်းကလေးကလည်း တော်တော်လေး ချမ်းသာပုံရသည်။ ပြောပြီးတာနဲ့ ငွေတစ်သိန်းကို နေရာမှာတင် ချက်ချင်း လွှဲပေးလာသည်။
‘သူမရဲ့ ရည်းစားကတော့ မျက်နှာကြီး ရှုံ့မဲ့လို့ပေါ့။ သူမက ကြားကနေ အဆင်ပြေအောင် လုပ်ပေးလိုက်တာကြောင့် လင်းရင်ရဲ့ သဘောထားကလည်း တော်တော်လေး ပျော့ပြောင်းသွားခဲ့သည်။’ "အခု ငါတို့ အရင်ဆုံး ဖြေရှင်းရမယ့် ပြဿနာက ဒီနေရာကနေ ဘယ်လို ထွက်မလဲဆိုတာပဲ။"
"ကျန်တာတွေကိုတော့ အပြင်ရောက်မှပဲ ဆက်ပြီး ဆွေးနွေးကြတာပေါ့။ အောက်ထပ်မှာ တော်တော်မှောင်နေတာမို့ အားလုံးပဲ ဖုန်းဓာတ်မီးတွေ ဖွင့်ထားကြပါ။"
"ပြီးတော့ ဘယ်သူမှ လူစုမကွဲသွားအောင် တစ်ယောက်ရဲ့ ခါးပတ်ကို တစ်ယောက် နောက်ကနေ လှမ်းကိုင်ပြီး ဆင်းကြရအောင်။ ဒါမှမဟုတ်ရင် တစ်ယောက်ယောက် ကျန်ခဲ့ရင် အားလုံးကို ဒုက္ခပေးလိမ့်မယ်။"
‘ဒီအကြံပြုချက်ကို ဘယ်သူမှ မကန့်ကွက်ကြပါဘူး။ တကယ်တော့ လင်းရင်ရဲ့ ခါးပတ်ချင်း ချိတ်ပြီး သွားမယ့် အစီအစဉ်က ကြောက်ရွံ့စိတ်ကို အပြန်အလှန် တွန်းလှန်ဖို့အတွက် တကယ့်ကို အထောက်အကူ ဖြစ်စေသည်။’
‘လူတစ်ယောက်တည်း ညဘက် လမ်းလျှောက်ရင် ကြောက်စရာကောင်းပေမဲ့ အုပ်စုလိုက်ဆိုရင်တော့ ကွာခြားတာပေါ့။’
ဘာကန့်ကွက်မှုမှ မရှိတာကြောင့် သူတို့ စတင်လှုပ်ရှားကြသည်။
ဝိညာဉ်ရေးရာပညာရှင်က အရှေ့ဆုံးက ဦးဆောင်ပြီး သူ့နောက်မှာ ရည်းစားဖြစ်သူ၊ ပြီးတော့ ချီချီ၊ လင်းရင်၊ ကျွန်တော်နဲ့ ကျောက်ခန့်တို့က အစဉ်လိုက် ဖြစ်သည်။
ကိုယ့်ရဲ့ ခါးပတ်ကို ယောကျာ်းတစ်ယောက်က လာကိုင်မယ်လို့ တွေးမိတာနဲ့တင် အဲဒီကောင်ကို ခေါင်မိုးပေါ်ကနေ ကန်ချပစ်ချင်တဲ့ စိတ်က ချက်ချင်း ပေါ်လာသည်။
ကံကောင်းတာက ကျွန်တော်က လင်းရင်ရဲ့ ခါးပတ်ကို လှမ်းကိုင်ခွင့်ရတာပါပဲ။ သူမရဲ့ ခါးပတ်က တော်တော်လေး ပါးလွှာပြီး သားရေတစ်မျိုးမျိုးနဲ့ လုပ်ထားပုံရသည်။ လက်ထဲမှာ သံကွင်းလေးအချို့ကိုပါ စမ်းမိနေသည်။
ဒီလိုပုံစံနဲ့ပဲ ကျွန်တော်တို့ ပဉ္စမထပ်ကို ဆင်းလာခဲ့ကြသည်။ အဆောက်အအုံထဲက မှောင်မည်းမှုက ကျွန်တော်တို့ ထင်ထားတာထက်ကို ပိုသည်။
ဖုန်းမီးနဲ့ မျက်နှာကို တည့်တည့်ကြီး လှမ်းမထိုးရင် ဘယ်သူဘယ်ဝါမှန်း လုံးဝ မသဲကွဲနိုင်ဘူး။
ဒါ့အပြင် ဘေးပတ်ဝန်းကျင်နဲ့ ခြေလှမ်းအောက်က လမ်းကိုပါ အမြဲလှမ်းထိုးနေရတာမို့ ဆင်းရတဲ့ နှင်နှုန်းက တော်တော်လေး နှေးကွေးလှသည်။
ကျွန်တော် ခန့်မှန်းရသလောက်တော့ တတိယထပ် ကို ရောက်ဖို့တင် ဆယ်မိနစ်မက အချိန်ယူခဲ့ရသည်။
အဲဒီအချိန်မှာပဲ လင်းရင်က ခေတ္တမျှ ရပ်နားဖို့ အကြံပြုလာသည်။
ဒီလို ဖိအားတွေများပြီး မှောင်အတိကျနေတဲ့ ပတ်ဝန်းကျင်မှာ နေရတာက စိတ်ပိုင်းဆိုင်ရာကို အကြီးအကျယ် စမ်းသပ်နေတာဖြစ်ပြီး သတိကြီးစွာနဲ့ တရွေ့ရွေ့ လှောက်နေရတဲ့ ခြေလှမ်းတွေကြောင့် ခန္ဓာကိုယ်တစ်ခုလုံး ညောင်းညာကိုက်ခဲလှပြီ ဖြစ်သည်။
ရက်ပေါင်းများစွာ မအိပ်ရသေးတဲ့ ဒဏ်ကလည်း ရှိနေသေးသည်။
ကျွန်တော်တို့ တတိယထပ်ရဲ့ လူသွားလမ်းမှာ ရပ်လိုက်ကြပြီး အားလုံး အနားယူခွင့် ရလိုက်ကြသည်။
သုံးမိနစ်ခန့် အနားယူပြီး စိတ်ကို ပြန်ပြင်ဆင်ပြီးတဲ့နောက် ခရီးကို ဆက်ခဲ့ကြသည်။
‘အနားယူနေစဉ်အတွင်း လူစုက ကွဲသွားခဲ့တာမို့ အစဉ်လိုက် ပြန်ပြီး တန်းစီဖို့ လိုအပ်လာသည်။
ဒီတတိယထပ်မှာကျတော့ ခေါင်မိုးပေါ်လို လရောင်မှိန်ပျပျလေးတောင် မရှိတော့ဘဲ ပြတင်းပေါက်တွေလည်း မရှိတာမို့ ဖုန်းမီးကလွဲရင် ကျွန်တော်တို့အားလုံး မျက်စိကန်းနေသလိုပါပဲ’။
ဘယ်သူက ဘယ်သူ့ကိုမှ ရှာမတွေ့တာကြောင့် အားလုံး ဖြစ်သလိုပဲ တန်းစီလိုက်ကြသည်။
ဝိညာဉ်ရေးရာပညာရှင်က ဖုန်းနှစ်လုံးကို မြှောက်ပြီး အလင်းပြရင်း လှမ်းအော်သည်"အဆင်သင့်ဖြစ်ရင် စလှုပ်ရှားမယ်။"
အဲဒီအချိန်မှာပဲ ရန်ချန်က ရုတ်တရက် လှမ်းအော်ပါတော့တယ် "ဘာလို့ ငါ့နောက်မှာ ဘယ်သူမှ မရှိတော့တာလဲ"
ကျွန်တော် အံ့ဩတကြားနဲ့ ပြန်ပြောလိုက်မိသည် "မင်းနောက်မှာ ပုံရိပ်တစ်ခု ရှိနေတာ မဟုတ်ဘူးလား"
"အား... အား... ဘယ်သူမှ မရှိဘူး၊ တကယ်ကို ဘယ်သူမှ မရှိတာပါ!" ရန်ချန်ရဲ့ အသံက စိတ်ပျက်အားငယ်မှုနဲ့ ရှိုက်ငိုသံတွေ ရောနှောနေပြီး အရှေ့မှာ ဘယ်သူရှိနေမှန်း မသိဘဲ အတင်းတိုးကပ်လာပါတော့သည်။
ချီချီကလည်း ကြောက်လန့်တကြားနဲ့ စကားတွေ ထစ်အကုန်ပါတယ် "ဘယ်သူလဲ... ငါ့နားကို မကပ်နဲ့!"
'ဘာလို့ လူတွေ ပိုများလာသလို ခံစားနေရတာလဲ။'
မူလက စနစ်တကျ ရှိနေတဲ့ အစဉ်လိုက်တန်းကြီးက ရုတ်တရက် အကြီးအကျယ် ကမောက်ကမ ဖြစ်သွားသည်။
လင်းရင်က ဖုန်းမီးနဲ့ ပတ်ဝန်းကျင်ကို အလင်းပြဖို့ ကြိုးစားပေမဲ့ ဘယ်သူ့မျက်နှာကိုမှ သေသေချာချာ မမြင်ရဘူးဖြစ်နေသည်။
"အားလုံးပဲ မလန့်ကြပါနဲ့ဦး။ အရင်ဆုံး လူဦးရေကို တစ်ယောက်ချင်းစီ ရေတွက်ကြည့်ရအောင်၊ ဘယ်သူကျန်ခဲ့လဲနဲ့ ဘယ်သူ့ဘေးမှာ ဘယ်သူရှိလဲဆိုတာ အတည်ပြုဖို့ပါ"
"ငါကနေ စမယ်... တစ်!"
"နှစ်!"
"သုံး!"
ကျွန်တော် "လေး!"
"ငါး!"
"ခြောက်!"
"ခုနစ်!"
ခုနစ်ဆိုတဲ့ အသံ ထွက်လာပြီးတဲ့နောက်မှာတော့ တစ်ပြင်လုံး သေခြင်းတရားလို ငြိမ်သက်ခြင်းကြီးက တတိယထပ်တစ်ခုလုံးကို လွှမ်းမိုးသွားပါတော့သည်။
‘ကျွန်တော်တို့ လက်ထဲက အားနည်းလှတဲ့ ဖုန်းမီးလေးတွေက တုန်ရီလို့နေသည်။ဘာလို့လဲဆိုတော့ ကျွန်တော်တို့အားလုံး ရင်ထဲမှာ ရှင်းရှင်းလင်းလင်း သိနေကြလို့ပါ... ‘
‘ဘယ်သူက ပိုတဲ့ဂဏန်းကို လှမ်းအော်လိုက်တာလဲ။ ဒါမှမဟုတ် ဒီထဲမှာ တကယ်ပဲ လူအပိုတစ်ယောက် ရောက်နေတာလား။’
"အားးး!! သရဲမကြီး!" မိန်းကလေးတစ်ယောက်က စိတ်လွတ်ကိုယ်လွတ် အော်ဟစ်လိုက်ပြီး ဖုန်းကိုပါ လွှင့်ပစ်လိုက်ပါတော့သည်။
ဒါက မီးရှူးမီးပန်းတွေကို ဆက်တိုက် ဖောက်လိုက်သလိုပါပဲ၊ တတိယထပ်တစ်ခုလုံးမှာ အော်ဟစ်သံတွေ ဝုန်းခနဲ ဆူညံသွားသည်။
ဝိညာဉ်ရေးရာပညာရှင်ကလည်း ကြောက်လွန်းလို့ စကားတောင် မပီတော့ပါဘူး "ဘယ်သူလဲ... ဘယ်သူက လာပြီး နောက်ပြောင်နေတာလဲ"
"လူအပိုတစ်ယောက် ရှိနေတယ်၊ ဒါ သရဲပဲ! သရဲရှိနေတာ သေချာတယ်!"
ဖုန်းမီးတွေက ပရမ်းပတာနဲ့ အရပ်မျက်နှာအနှံ့ကို ထိုးပြနေပြီး လူအချို့က လမ်းခွဲကာ ထွက်ပြေးကြပါတော့သည်။ လင်းရင်ကတော့ အတတ်နိုင်ဆုံး "တည်ငြိမ်ကြပါ၊ တည်ငြိမ်ကြပါ" လို့ လှမ်းအော်နေပေမဲ့ တကယ်တော့ သူမကိုယ်တိုင်လည်း ကြောက်လွန်းလို့ မျက်ရည်ပင် ကျလုနီးပါး ဖြစ်နေရှာသည်။
မှုံဝါးနေတဲ့ မှောင်မိုက်မှုထဲမှာ ကျွန်တော် ရုန်းရင်းဆန်ခတ် ဖြစ်နေတဲ့ လူအုပ်ကြီးကိုပဲ မြင်ရပြီး လူခြောက်ယောက်ပဲ ရှိနေသေးသလိုလို ခံစားရသည်။
ဒီလို ကမောက်ကမ ဖြစ်နေတဲ့ အခြေအနေမှာ ကျွန်တော် နံရံကို မှီလိုက်ပြီး ဝိညာဉ်ရိုးတံကို ဆုပ်ကိုင်ကာ သတိအပြည့် ထားလိုက်သည်။ ‘ဘယ်သူပဲ အနားကပ်ကပ်၊ ကျွန်တော်ကတော့ အသေသတ်ဖို့ အဆင်သင့်ပါပဲ။’
လူတွေ အသီးသီး ထွက်ပြေးသွားကြတဲ့အခါ တတိယထပ်က တဖြည်းဖြည်း ပြန်လည် တိတ်ဆိတ်သွားပြီး တခြားအထပ်တွေဆီကနေ ရုန်းရင်းဆန်ခတ် ဖြစ်နေတဲ့ ခြေသံတွေနဲ့ အသံတွေပဲ ပျံ့လွင့်လာပါတော့သည်။
ကျွန်တော့်လက်ချောင်းတွေပေါ်မှာ ဝိညာဉ်မီးလျှံကို တောက်လောင်စေရင်း ဖုန်းမီးနဲ့ ပတ်ဝန်းကျင်ကို လှမ်းစစ်ဆေးကြည့်လိုက်ရာ၊ အရှေ့မလှမ်းမကမ်းမှာ မည်းမှောင်နေတဲ့ အစုအဝေးတစ်ခုကို ရုတ်တရက် တွေ့လိုက်ရသည်။ အနားကို တိုးကပ်သွားတော့မှ ဒါဟာ လူတစ်ယောက်ဖြစ်မှန်း သိလိုက်ရသည်။
ပိုပြီး နီးကပ်သွားတဲ့အခါမှာတော့ ဆံပင်အရှည်ကြီးကို ပုခုံးပေါ် ချထားပြီး ခေါင်းကို ခြေထောက်ကြားထဲ အသည်းအသန် မြှုပ်ထားတဲ့ မိန်းကလေးတစ်ယောက်ဖြစ်မှန်း ခွဲခြားနိုင်လိုက်သည်။
ကျွန်တော် ဝိညာဉ်ရိုးတံနဲ့ သူမကို အသာအယာ တို့ကြည့်လိုက်ပြီး အခြားလက်တစ်ဖက်မှာတော့ ဝိညာဉ်မီးလျှံကို အဆင်သင့် ပြင်ထားလိုက်သည်။
ဝပ်တွားနေတဲ့ မိန်းကလေးက ခေါင်းကို ဖြည်းဖြည်းချင်း မော့လာရာ ဖုန်းမီးရဲ့ အလင်းအောက်မှာ မျက်ရည်တွေ စိုရွှဲနေတဲ့ လှပတဲ့ မျက်နှာလေးတစ်ခု ပေါ်လာသည်။
သူမရဲ့ ညို့မှောင်တဲ့ မျက်ဝန်းလေးတွေက နီမြန်းနေပြီး မျက်ရည်စတွေနဲ့အတူ ဖုန်းမီးအောက်မှာ တဖျတ်ဖျတ် တောက်ပနေရှာသည်။
"လင်းရင်လား"
သူမရဲ့ နီမြန်းနေတဲ့ နှာခေါင်းလေးက ရှုံ့ခနဲ ဖြစ်သွားပြီး တုန်ရီရှိုက်ငိုနေတဲ့ လေသံတိုးတိုးလေးနဲ့ လှမ်းခေါ်ရှာပါသည် "ကျန်းအာစီ..."
ကျွန်တော် ဝိညာဉ်ရိုးတံကို ကျောပိုးအိတ်ထဲ ပြန်ထည့်လိုက်ပြီး အခြားလက်တစ်ဖက်နဲ့ သူမကို ထူဖို့ လုပ်လိုက်သည်။မဟုတ်ရင် ဝိညာဉ်မီးလျှံ တောက်နေတဲ့ လက်နဲ့သာ သွားကိုင်မိရင် သူမ ပိုပြီးတော့တောင် ငိုသွားနိုင်သည်။
သူမကို ထူပေးပြီးတဲ့နောက် ကျွန်တော် လက်ကို ပြန်ရုတ်ဖို့ လုပ်ပေမဲ့ သူမက လုံးဝ လွှတ်မပေးမှန်း သိလိုက်ရသည်။
ကျွန်တော် နှစ်ချက် သုံးချက်လောက် ခါထုတ်ကြည့်ပေမဲ့ သူမက တကယ့်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။
ကျွန်တော် သူမကို လှည့်ကြည့်လိုက်ရင်း "လွှတ်တော့၊ မဟုတ်ရင် ငါ ရိုက်ရလိမ့်မယ်"
အဲဒီကျမှ သူမက လက်ကို ဖြည်းဖြည်းချင်း လွှတ်ပေးပေမဲ့ ကျွန်တော့်ရဲ့ အင်္ကျီထောင့်စွန်းလေးကိုတော့ လှမ်းဆွဲထားတုန်းပဲ။
ကျွန်တော် ကျောပိုးအိတ်ထဲက ဝိညာဉ်ရိုးတံကို ပြန်ထုတ်လိုက်ပြီး စိတ်ပျက်လက်ပျက်နဲ့ သက်ပြင်းချမိသည်။ ‘မိန်းကလေးတွေကတော့ တကယ့်ကို အနှောင့်အယှက်ပဲ၊ ငါ့မှာ မင်းလက်ကို ကိုင်ဖို့ ဘယ်လိုလုပ် လက်အားဦးမှာလဲ။’
ဝိညာဉ်မီးလျှံက ရုပ်ဝတ္ထုပစ္စည်းတွေကို မထိခိုက်စေတာမို့ မီးလျှံတောက်နေတဲ့ လက်က ဖုန်းကို ဆက်ကိုင်ထားပြီး အခြားလက်တစ်ဖက်ကတော့ ဝိညာဉ်ရိုးတံကို ဆုပ်ကိုင်ထားလိုက်သည်။
သတိကြီးစွာနဲ့ အောက်ထပ်ကို ဆင်းလာခဲ့ပြီး ခြေလှမ်းအနည်းငယ်အကြာမှာတင် ရုတ်တရက် ရပ်လိုက်မိသည်။
တစ်ကိုယ်လုံး စိမ့်ခနဲ ဖြစ်သွားပြီး - ဟာ... ငါ ဒါကို မေ့တော့မလို့ပဲ။ ကျွန်တော် သူမကို ချက်ချင်း သတိပေးလိုက်တယ် "ငွေတစ်သိန်းနော်... အော်... အခုဆိုရင် နှစ်သိန်း ဖြစ်သွားပြီ။"
လင်းရင်က ဘာမှ ပြန်မပြောပါဘူး၊ သူမ ရှိုက်ငိုနေတဲ့ အသံကို ကျွန်တော့်ကို မကြားစေချင်လို့ ထင်သည်။
ဒါပေမဲ့ သူမရဲ့ တုန်ရီနေတဲ့ ခန္ဓာကိုယ်ကို ကြည့်ခြင်းအားဖြင့် သူမ တကယ့်ကို စိတ်လှုပ်ရှားပြီး ဝမ်းနည်းကျေးဇူးတင်နေမှန်း သိသာလှသည်။
‘ဘာပဲဖြစ်ဖြစ် ကျွန်တော် သူမကို နှစ်ကြိမ်တိုင်တိုင် ကယ်ခဲ့တာပဲလေ။ သူမရဲ့ ရည်းစားဆိုသူတောင် ‘သူမအတွက် အခုလို အသက်နဲ့ရင်းပြီး ကြိုးစားပေးဖူးမှာ မဟုတ်ပါဘူး။’
ငါကတော့ အသက်နဲ့ရင်းပြီး လုပ်ပေးနေတာ။
ဒါနဲ့... သူမမှာ ရည်းစား မရှိသေးဘူး ထင်တာပဲ။’
ကျွန်တော်တို့ နှစ်ယောက်လုံး လှေကားအတိုင်း ပိုပြီး မြန်မြန်ဆင်းလာခဲ့ကြပေမဲ့ ပိုပြီးတော့လည်း သတိထားခဲ့ကြသည်။
လင်းရင်ကလည်း သူမရဲ့ ဖုန်းမီးနဲ့ လမ်းကို ကူပြီး ထိုးပေးနေပေမဲ့ ဖုန်းနှစ်လုံးရဲ့ အလင်းရောင်က အကန့်အသတ် ရှိနေတုန်းပါပဲ။
ခြေလှမ်းတိုင်းကို အမြဲဂရုစိုက်ရင်း တစ်လှမ်းချင်း ဆင်းလာခဲ့ကြသည်။
တော်တော်လေး အားစိုက်ထုတ်ပြီးတဲ့နောက် နောက်ဆုံးတော့ ဒုတိယထပ် ကို ရောက်လာခဲ့ပြီ၊ ဒီကနေဆိုရင် နောက်ထပ် တစ်ထပ်ပဲ ဆင်းရုံနဲ့ အပြင်ကို ရောက်တော့မှာဖြစ်သည်။
ဒါပေမဲ့ ကျွန်တော် လင်းရင်ကိုခေါ်ပြီး ပထမထပ် ဆင်းဖို့ လုပ်လိုက်တဲ့ အချိန်မှာတော့ ဆွံ့အလို့ သွားရပါတော့သည်။
ဒုတိယထပ်ကနေ ပထမထပ်ကို ဆင်းမယ့် လှေကားထောင့်ကြီးတစ်ခုလုံးကို အစိမ်းရောင် သုတ်ထားတဲ့ သံတံခါးကြီးတစ်ချပ်နဲ့ ပိတ်ဆို့ထားလို့နေသည်။