အခန်း (၄၆) - အဆောင်ဟောင်းကြီးထဲ မတော်တဆ ခြေချမိခြင်း
"ငါ အဆောင်ဟောင်းကြီးကို ရောက်နေပြီပဲ။"
‘ကျွန်တော် ဒီအမှန်တရားကို တကယ်ကို မယုံကြည်ချင်ပါဘူး။’
စာသင်ခန်းထဲကနေ ထွက်ပြီး ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်တဲ့အခါ၊ တိတ်ဆိတ်ခြောက်ကပ်ပြီး သေခြင်းတရားလို ငြိမ်သက်နေတဲ့ ပတ်ဝန်းကျင်နဲ့အတူ ဖုန်မှုန့်တွေ ဆွေးမြည့်နေတဲ့ အနံ့အသက်တွေက အရာအားလုံးကို ရှင်းရှင်းလင်းလင်း သက်သေပြနေသည်။
ပြတင်းပေါက်တွေကနေ ဖြာကျနေတဲ့ မှိန်ပျပျ လရောင်သာမရှိရင် တစ်ကိုယ်လုံး မှောင်အတိ ကျနေမှာဖြစ်သည်။
‘ကျွန်တော် အဆောင်ဟောင်းကြီးရဲ့ ထူးဆန်းမှုကို အထင်သေးမိသွားသည်။ ခေတ္တမျှ စပ်ခနဲ ငိုက်မြည်းလိုက်တာတင် တည်းခိုခန်းကနေ ဒီထဲကို ဆွဲခေါ်သွားဖို့ လုံလောက်နေခဲ့တာကိုး။’
ကျွန်တော် လူသွားလမ်းတစ်လျှောက် သတိကြီးစွာနဲ့ လျှောက်လာခဲ့သည်။ လမ်းပေါ်မှာတော့ အမှိုက်သရိုက်တွေ၊ စာပွဲခုံတွေ၊ ကုလားထိုင်တွေအပြင် ကွာကျနေတဲ့ နံရံကပ်အင်္ဂတေတွေနဲ့ ကြွေပြားတွေ ပြန့်ကျဲလို့နေသည်။
ခြေလှမ်းကို နည်းနည်းလေး ပြင်းပြင်းနင်းမိရုံနဲ့တင် မျက်နှာကြက်ပေါ်က ကွဲအက်နေတဲ့ ထုံးအဖြူမှုန့်တွေက တဖြုတ်ဖြုတ် ကြွေကျလာသည်။
ကံကောင်းတာက ကျွန်တော့်လက်ထဲမှာ ဝိညာဉ်ရိုးတံကို အမြဲဆုပ်ကိုင်ထားခဲ့လို့ ၎င်းက ကျွန်တော်နဲ့အတူ ပါလာခဲ့သည်။
ကျောပေါ်က ကျောပိုးအိတ်ထဲမှာလည်း အနီရောင်သေတ္တာ ရှိနေတုန်းပဲ။
အဲဒီအချိန်မှာပဲ သေခြင်းတရားလို ငြိမ်သက်ခြင်းကို ဖြတ်တောက်ပြီး မချောမွေ့တဲ့ အသံတစ်ခု ထွက်ပေါ်လာသည်။
ဇောက်... ဇောက်... ဇောက်... ဇောက်... ဇောက်... ဇောက်...
အပေါ်ထပ်ကနေ ခပ်ဖွတ်ဖွတ် ခြေသံတွေ ထွက်ပေါ်လာပြီး အပေါ်ကို တဖြည်းဖြည်း တက်သွားသလို ခံစားရပါသည်။
ကျွန်တော် ဗီဇအရ ဝိညာဉ်ရိုးတံကို ပိုပြီး ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်မိသည်။ ‘သန်းခေါင်ယံအချိန်ကြီး ဒီလိုသရဲခြောက်တဲ့ အဆောင်ဟောင်းကြီးထဲ မတော်တဆ ရောက်နေတဲ့အချိန်မှာ အပေါ်ထပ်မှာ ဘာရှိနေနိုင်မှာလဲ။
ဘာပဲဖြစ်ဖြစ် ကျွန်တော်တော့ အသက်နဲ့ရင်းပြီး သွားမစုံစမ်းချင်ပါဘူး။’
ကျွန်တော် လှေကားကို လိုက်ရှာဖို့ ကြိုးစားကြည့်သည်။ ‘ဘာလို့လဲဆိုတော့ အဆောင်ဟောင်းကြီးထဲကို ကျွန်တော် ပထမဆုံးအကြိမ် ရောက်ဖူးတာဖြစ်သည်။ အရင်က ဝတုတ်ကြီးတို့ ပြောတာကို ခဏခဏ ကြားဖူးပေမဲ့ ကိုယ်တိုင်တော့ တစ်ခါမှ မရောက်ဖူးခဲ့ဘူး။’
အခု ရုတ်တရက် အထဲရောက်နေတော့ ထွက်ပေါက်ကိုတောင် ရှာမတွေ့တော့ဘူး။ ဒါကလည်း ပတ်ဝန်းကျင်က မှောင်လွန်းလှတာကြောင့်လည်း ပါသည်။
ကျွန်တော် ဖုန်းရဲ့ ဓာတ်မီးကိုဖွင့်ပြီး ခြေလှမ်းအောက်က လမ်းကို မနည်းကြည့်ရသည်။ ဒါပေမဲ့ ရှေ့ကိုတော့ လုံးဝလှမ်းမမြင်ရဘူး။ သန်းခေါင်ယံ လမရှိတဲ့ညမှာ တောအုပ်လေးတစ်ခုထဲ ပြေးဝင်မိသလို ဖုန်းကထွက်တဲ့ အလင်းရောင် အားနည်းနည်းလေးက အကန့်အသတ် ရှိလွန်းလှသည်။
အဆောက်အအုံရဲ့ ဖွဲ့စည်းပုံကို မကျွမ်းကျင်ပေမဲ့လည်း အကြမ်းဖျင်းတော့ ခန့်မှန်းလို့ရသည်။ ‘လှေကားက ဘေးနှစ်ဖက်မှာ မရှိရင် ဘယ်မှာ ရှိဦးမှာလဲ။’
ကျွန်တော် ဘယ်ဘက်က လှေကားဆီကို ဦးတည်လျှောက်ခဲ့လိုက်သည်။ လမ်းမှာ စာသင်ခန်း အများကြီးကို ဖြတ်ကျော်ခဲ့ရပြီး တချို့တံခါးတွေက ပိတ်ထားကာ တချို့ကတော့ ပွင့်နေသည်။
ပြတင်းပေါက်အပြင်က အရိပ်တွေကြောင့်လား၊ ဒါမှမဟုတ် လေထဲမှာ ယိမ်းထိုးနေတဲ့ ဇကာကွက်တံခါးတွေကြောင့်လားမသိ၊ စာသင်ခန်းတချို့ထဲမှာ လူတွေ ရှိနေသလိုမျိုး အမြဲတမ်း ခံစားနေရသည်။
‘တစ်ခါတလေကျရင် စာပွဲခုံနဲ့ ကုလားထိုင်တွေ တိုက်မိတဲ့ အသံမျိုးကိုတောင် ကြားရတတ်သည်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကြွက်တွေ နှောက်ယှက်နေတာပဲ ဖြစ်ပါစေလို့ ဆုတောင်းရုံကလွဲလို့ မရှိပါဘူး။’
ပတ်ဝန်းကျင်ကို သတိကြီးစွာနဲ့ ရင်တထိတ်ထိတ် စောင့်ကြည့်ရင်း နောက်ဆုံးတော့ ဘယ်ဘက် လှေကားထောင့်ကို ရောက်လာခဲ့သည်။
ကျွန်တော် ဖုန်းမီးနဲ့ နံရံပေါ်ကို အတော်ကြာ လှမ်းထိုးကြည့်ပြီးမှ အမှတ်အသားကို ရှာတွေ့ပါတော့သည်။ ‘လွင့်ပြယ်နေတဲ့ အနီရောင်မှင်နဲ့ ရေးထားတဲ့ "၅" ဆိုတဲ့ ဂဏန်းကြီးပေါ့။’
ကျွန်တော် ကံဆိုးစွာနဲ့ ပဉ္စမထပ် ကို ရောက်နေတာ ဖြစ်သည်။အဆောင်ဟောင်းကြီးတစ်ခုလုံးမှာ ခြောက်ထပ်ပဲ ရှိသည်။
ကျွန်တော် ဖုန်းမီးကို ပတ်ပတ်လည် ထိုးကြည့်လိုက်ရာ အောက်ကို ဆင်းသွားတဲ့ လှေကားကို အမြန်ပဲ ရှာတွေ့လိုက်သည်။
အောက်ကို ခြေတစ်လှမ်း ဆင်းလိုက်ရုံရှိသေး၊ ရုတ်တရက် "ရှပ်... ရှပ်..." ဆိုပြီး ကြမ်းပြင်နဲ့ တစ်ခုခု ပွတ်တိုက်မိတဲ့ အသံမျိုးကို ကြားလိုက်ရသည်။
ကျွန်တော် ဖုန်းမီးကို ရှေ့ကို ချက်ချင်း လှမ်းထိုးလိုက်ရာ၊ မျက်နှာတစ်ခုက ဘာသတိပေးချက်မှ မရှိဘဲ ကျွန်တော့်ရှေ့ တည့်တည့်မှာ ဝုန်းခနဲ ပေါ်လာရာ၊ ကပ်လျက် အကြီးကြီး မြင်လိုက်ရသဖြင့်
ဖုန်းမီးရဲ့ အလင်းရောင်က အဲဒီမျက်နှာပေါ်ကို ရောက်သွားတဲ့ အချိန်မှာတော့ ၎င်းက ကျွန်တော့်အနားကို တိုးကပ်လာပြီးသား ဖြစ်နေသည်။
မှောင်မည်းနေတဲ့ ပတ်ဝန်းကျင်ထဲကနေ ဝေဝါးတဲ့ ပုံရိပ်တစ်ခု ခွဲထွက်လာခဲ့သည်။ ၎င်းရဲ့ ဖြူဖျော့နေတဲ့ မျက်နှာက ဘယ်လိုခံစားချက် အရောင်အသွေးမှ ရှိမနေခဲ့ဘူး။
ကျွန်တော့်ရဲ့ ဗီဇအရ တုန့်ပြန်မှုကတော့ ဝိညာဉ်ရိုးတံကို မြှောက်ပြီး လှမ်းရိုက်ဖို့ပဲ၊ ဒါပေမဲ့ အဲဒီမျက်နှာက အနားရောက်လာပြီးတဲ့နောက် ကျွန်တော့်ရဲ့ လှုပ်ရှားမှုက ခြေတစ်လှမ်း နောက်ဆုတ်သွားခဲ့သည်။
"လင်းရင်လား"
လင်းရင်ရဲ့ မျက်လုံးတွေက အဓိပ္ပာယ်မဲ့ တွေဝေနေခဲ့သည်။သူမက ခြေလှမ်းတွေကို တစ်လှမ်းချင်း လှမ်းရင်း အသက်မဲ့တဲ့ အလောင်းကောင်တစ်ခုလို လှေကားပေါ် တက်လာနေသည်။ ကျွန်တော့်ကို မြင်ပုံတောင်မရဘဲ ဝိညာဉ်ရိုးတံဆီကို တည့်တည့်ကြီး တိုးဝင်လာခဲ့သည်။
ကျွန်တော် ဝိညာဉ်ရိုးတံကို အမြန်ပြန်သိမ်းလိုက်ပြီး သူမကို နှိုးဖို့ ကြိုးစားလိုက်သည် "လင်းရင်... လင်းရင်။"
ကျွန်တော့်ရဲ့ အော်ဟစ်သံတင်မကဘဲ သူမရဲ့ ဆံပင်ကို ဆွဲခါကြည့်တာတောင် ဘာတုန့်ပြန်မှုမှ မရှိတော့ဘူး။ သူမက လှေကားကိုပဲ တစိုက်မတ်မတ် တက်နေပြီး မျက်လုံးတွေက အပေါ်ထပ်ကိုပဲ စိုက်ကြည့်နေခဲ့သည်။
ဒါက ဝတုတ်ကြီးရဲ့ ဖြစ်ရပ်ကို သတိရစေသည်။လင်းရင်လည်း အခု ဝတုတ်ကြီးလို အခြေအနေမျိုး ရောက်နေတာ ဖြစ်ပြီး တစ်နည်းအားဖြင့် ပြောရရင် သူမက အပေါ်ဆုံးထပ်ကို သွားပြီး ခုန်ချတော့မှာဖြစ်သည်။
ဒါဟာ အဆောင်ဟောင်းကြီးရဲ့ ကျိန်စာပါပဲ။
ကျွန်တော် မျက်မှောင်ကုတ်လိုက်မိသည်။ သူမက ဝတုတ်ကြီးနဲ့ အတူတူပဲဆိုရင်တော့ ဒီနည်းလမ်းနဲ့ လုပ်ရင်ရနှိုင်သည်ကို ချက်ချင်းသတိရလိုက်သည်။
မှောင်အတိကျနေတဲ့ ပတ်ဝန်းကျင်ထဲမှာ စိမ်းဖန့်ဖန့် ဝိညာဉ်မီးလျှံတစ်ခု ရုတ်တရက် တောက်လောင်လာပြီး ကျွန်တော့်ရဲ့ လက်ညှိုးနဲ့ လက်ခလယ်ပေါ်မှာ ကပ်ညှိလို့နေသည်။
ကျွန်တော် လက်နှစ်ချောင်းကို သူမရဲ့ လည်ပင်းဆီ ဖိကပ်လိုက်သည်။ ဝတုတ်ကြီးတုန်းကလိုပဲ သူမရဲ့ လှုပ်ရှားမှုတွေ တုန့်ခနဲ ရပ်တန့်သွားပြီး တစ်ကိုယ်လုံး ဆတ်ခနဲ တုန်လှုပ်သွားပြီးတဲ့နောက် ကျွန်တော့်ကိုယ်ပေါ်ကို ပျော့ခွေပြီး လဲကျလာတော့သည်။
"လင်းရင်... လင်းရင်။" ကျွန်တော် သူမကို နှစ်ချက် သုံးချက်လောက် လှုပ်ခါလိုက်တော့မှ ဒီတစ်ခါတော့ သူမကို နှိုးလိုက်နိုင်သည်။
သူမရဲ့ မျက်ဝန်းထဲက အလင်းရောင်က တဖြည်းဖြည်း ပြန်ပွင့်လာပြီး မှိန်ပျပျ ပတ်ဝန်းကျင်မှာ ကျွန်တော့်မျက်နှာကို သေသေချာချာ မမြင်ရပေမဲ့ ကျွန်တော့်အသံကိုတော့ မှတ်မိရှာသည်။
"ကျန်းအာစီလား"
ကျွန်တော် သူမကို ထူပေးလိုက်ရင်း "ငါပါပဲ။ မင်းက ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ"
လင်းရင်က တကယ့်ကို ဇဝေဇဝါ ဖြစ်နေပုံရသည် "ဒါ ဘယ်နေရာကြီးလဲ"
ကျွန်တော်ကတော့ ရက်ရက်စက်စက်ပဲ ပြောလိုက်တယ် "အဆောင်ဟောင်းကြီးလေ။"
သူမ ခေတ္တမျှ ဆွံ့အသွားရှာသည်။ သူမရဲ့ မျက်နှာက အဲဒီအချိန်မှာ သေချာပေါက် သွေးဆုတ်ဖြူဖျော့သွားပြီး ကျွန်တော့်လက်ကို လှမ်းဆွဲထားတဲ့ သူမရဲ့လက်က ရေခဲတုံးလို အေးစက်နေသည်ကို ကြည့်ရုံနဲ့တင် သိနိုင်သည်။
လင်းရင်က တုန်ရီတဲ့ လေသံနဲ့ ပြောလာသည် "အဆောင်ဟောင်းကြီးဟုတ်လား။ ငါ မှတ်မိသလောက်တော့ စိတ်ကို အတင်းနိုးကြားနေအောင် ထိန်းလို့မရတော့လို့ ခဏလောက် မှေးလိုက်မယ်လို့ တွေးခဲ့တာ၊ ပြီးတော့ မင်း နှိုးလို့ နိုးလာတော့မှ ဒီကို ရောက်နေတာပဲ။"
"အားးး!!" ရုတ်တရက် အပေါ်ထပ်ကနေ ထွက်လာတဲ့ အော်ဟစ်သံကြီးတစ်ခုက နားစည်ကို ဖြတ်သန်းသွားသည်။
‘လင်းရင်နဲ့ ကျွန်တော် တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်လိုက်မိကြတယ်၊ အဲဒီအသံကို ကျွန်တော်တို့ နှစ်ယောက်လုံး ရင်းနှီးနေကြတာကိုး။’ "ချီချီပဲ။"
‘လင်းရင်တောင် ဒီကို ရောက်လာနိုင်ရင် ချီချီ ပေါ်လာတာကလည်း အံ့ဩစရာ မဟုတ်တော့ဘူး။
အဆောင်ဟောင်းကြီးရဲ့ ထူးဆန်းမှုက တကယ့်ကို ဉာဏ်မမှီနိုင်လောက်အောင်ပါပဲ၊ ခဏလောက် ငိုက်မိရုံနဲ့တင် ခေါင်မိုးပေါ်မှာ ရောက်နေနိုင်တာကိုး။’
ကျွန်တော် ဝိညာဉ်ရိုးတံကို ဆုပ်ကိုင်ရင်း အပေါ်ထပ်ကို အမြန်ပြေးတက်ခဲ့လိုက်သည်။
"ဟင်... ငါ့ကို စောင့်ဦးလေ။" လင်းရင်က ချက်ချင်းပဲ ပျာပျာသလဲ ဖြစ်သွားပြီး ကျွန်တော့်နောက်ကို အတင်းလိုက်ကာ ကျောပိုးအိတ်ရဲ့ ထောင့်စွန်းလေးကို လှမ်းဆွဲထားရှာသည်။
အဆောင်ဟောင်းကြီးရဲ့ ခြောက်ထပ်ကတော့ အပေါ်ဆုံးထပ် ဖြစ်ပြီး ဘာကာကွယ်တံခါးမှ မရှိတဲ့ ခေါင်မိုးပွင့်ကြီး ဖြစ်သည်။
ကံကောင်းတာက ခေါင်မိုးပေါ်မှာတော့ လရောင် မှိန်ပျပျ ရှိနေသေးတာမို့ ဝေဝါးတဲ့ ပုံရိပ်တွေကို လှမ်းမြင်နိုင်သည်။
ကျွန်တော်တို့ ရောက်သွားတဲ့ အချိန်မှာတော့ ခေါင်မိုးပေါ်မှာ လူတစ်ယောက်တည်း ရှိနေတာ မဟုတ်ဘဲ လေးယောက်တောင် ရှိနေတာကို တွေ့လိုက်ရသည်။
လူနှစ်ယောက်က ခေါင်မိုးရဲ့ အစွန်းဆီကို ဦးတည်လျှောက်သွားနေကြပြီး ချီချီနဲ့ အခြားလူတစ်ယောက်ကတော့ သူတို့ကို အတင်းလှမ်းတားဖို့ ကြိုးစားနေကြသည်။
‘ဒါကတော့ သေချာပေါက် ဝိညာဉ်ရေးရာပညာရှင်နဲ့ ရန်ချန်တို့ ဖြစ်ရပါလိမ့်မယ်။ သူတို့က သရဲတစ္ဆေတွေ၊ နတ်ဘုရားတွေကို မယုံကြည်တဲ့သူတွေမို့ ဘယ်လိုလုပ် ညဉ့်နက်တဲ့အထိ မအိပ်ဘဲ နေပါ့မလဲ။’
စောစောက အပေါ်ထပ်ကနေ ကြားလိုက်ရတဲ့ ခြေသံတွေကလည်း သူတို့ပဲ ဖြစ်ဖို့ များသည်။
ကံကောင်းလို့ သူတို့ ကျွန်တော်နဲ့ ဆုံခဲ့တာပေါ့။
ကျွန်တော် ချီချီကို ဖယ်ခိုင်းဖို့ လှမ်းအော်လိုက်ပြီး အနားကို အမြန်ပြေးသွားကာ လူတစ်ယောက်ရဲ့ လည်ပင်းကို လှမ်းဆွဲလိုက်တယ်၊ အရိုးတည်ဆောက်ပုံအရ ဆိုရင်တော့ ဒါဟာ ကောင်လေးတစ်ယောက် ဖြစ်ရသည်။
စက္ကန့်အနည်းငယ်အတွင်းမှာပဲ သူ ပျော့ခွေလဲကျသွားသည်။ အဲဒီနောက် ချက်ချင်းပဲ အခြားတစ်ယောက်ဆီကို ပြောင်းလဲ လှုပ်ရှားလိုက်သည်။ ဒါကတော့ မိန်းကလေးတစ်ယောက်ပါ၊ မျက်နှာပေါ်က သနပ်ခါး (သို့မဟုတ်) မိတ်ကပ်မှုန့်တွေရဲ့ ခံစားချက်အရ သိနိုင်သည်။
သူတို့ နှစ်ယောက်လုံးကို လဲကျသွားစေပြီးတဲ့နောက်မှ သူတို့ရဲ့ မျက်နှာတွေကို သေသေချာချာ မြင်ရတော့သည်။ ‘ဝိညာဉ်ရေးရာပညာရှင်နဲ့ ရန်ချန်... သူတို့က တကယ့်ကို ကွဲကွာလို့မရတဲ့ ရည်းစားမောင်နှံတွေပါပဲ၊ အဆောက်အအုံပေါ်ကနေ ခုန်ချတာတောင် အတူတူ ခုန်ချပြီး အတူသေဖို့ လုပ်နေကြတာကိုး။’
ကျွန်တော် မျက်လုံးထောင့်ကနေ ဘေးမှာ ရပ်နေတဲ့ အခြားလူတစ်ယောက်ကို လှမ်းကြည့်လိုက်မိသည်- ကျောက်ခန့်...
သူ့ရဲ့ ရန်လိုမှုတွေ ပြည့်နှက်နေတဲ့ အကြည့်တွေကြောင့် ချက်ချင်း သိသာသည်။ ‘နှမြောစရာကောင်းတာက ဒီကောင်က ခုန်ချမယ့် အဆင့်အထိ ရောက်မလာသေးတာပါပဲ။’
ချီချီကတော့ ဘေးကင်းရာကို ရောက်သွားသလိုမျိုး ကျွန်တော့်ကိုယ်ပေါ် မှီတွဲရင်း ခုနက ဖြစ်ပျက်ခဲ့တာတွေကို တုန်တုန်ရီရီနဲ့ ပြန်ပြောပြရှာသည်။
"အာစီ... နင် ငါ့ကို သေအောင် လန့်အောင် လုပ်လိုက်တာပဲ။ ငါ ဘယ်အချိန်မှာ ငိုက်သွားလဲ မသိဘူး၊ နိုးလာတော့ ခေါင်မိုးပေါ် ရောက်နေပြီး သူတို့နှစ်ယောက်က ခုန်ချဖို့ လုပ်နေကြတာ"
ကျွန်တော် ရုတ်တရက် လင်းရင်ကို လှမ်းကြည့်ပြီး တည်ငြိမ်လေးနက်စွာ ပြောလိုက်တယ် "မင်း သက်သေအဖြစ် မှတ်ထားပေးနော်၊ ငါ သူတို့နှစ်ယောက်လုံးကို ကယ်လိုက်တာ။ တစ်ယောက်ကို ငါးသောင်းစီ။"
လင်းရင် "သိပါပြီ။"
ဝိညာဉ်ရေးရာပညာရှင်နဲ့ ရန်ချန်တို့က ချမ်းသာတဲ့ မိသားစုက လာကြသူတွေ ဖြစ်သည်။ ‘ကျန်းအာစီက တော်တော်လေး ဉာဏ်ကောင်းပုံရသည်။ အကျိုးအမြတ်တစ်ခုခုအတွက် လှုပ်ရှားပြခြင်းက ဘာမှမလိုချင်ဘဲ ကူညီတာထက်စာရင် လူတွေကို ပိုပြီး ယုံကြည်စိတ်ချစေတာကိုး။’
‘ဒါက ဘား ထဲမှာလိုပေါ့၊ တစ်ယောက်ယောက်က အလကားတိုက်တဲ့ ဖျော်ရည်ကိုဆိုရင် မသောက်ရဲကြပေမဲ့ ကိုယ့်ဘာသာ ပိုက်ဆံပေးဝယ်ရရင်တော့ စိတ်အေးလက်အေး ရှိကြတာမျိုးပေါ့။
သူတို့ဆီက ပိုက်ဆံတောင်းလိုက်ခြင်းက ပြဿနာ အများကြီးကို သက်သာစေပါတယ်၊ ဘာမှမလိုချင်ဘဲ ရုတ်တရက် လာကယ်တယ်ဆိုရင် လူတွေက သံသယ ဝင်တတ်ကြတာကိုး။’
သူမက ကျန်းအာစီရဲ့ စရိုက်ကို အနည်းငယ် သိထားပေမဲ့လည်း ရင်ထဲမှာတော့ အနည်းငယ် ဝမ်းသာသွားမိသည်။ ‘သူ ငါ့ဆီကကျတော့ ပိုက်ဆံမတောင်းဘူးလား။ ဒါက... ထူးခြားတဲ့ ဆက်ဆံမှုမျိုးလား။’
‘သူ အခုလို ရုတ်တရက် လုပ်လိုက်တာ... ငါ တကယ်ကို အသားမကျသေးဘူး... ပိုက်ဆံကို ဒီလောက်မက်တဲ့လူက ငါ့ဆီကကျတော့ ပိုက်ဆံမတောင်းဘူး... သူ ငါ့အပေါ်...’
သူမ ကိုယ့်ဘာသာ အတွေးကမ္ဘာထဲမှာ နစ်မြောနေတဲ့ အချိန်မှာပဲ၊ ကျွန်တော်က တစ်ခုခုကို သတိရသွားပြီး ကိုယ့်ကိုယ်ကိုယ် ကြင်နာတတ်သူလို့ သတ်မှတ်ကာ ပြောလိုက်သည်။"မင်းအတွက်ကတော့ လင်းရင်ရယ်... တစ်သိန်းပဲ ပေးလိုက်ပါ။"
လင်းရင်ရဲ့ အမူအရာကတော့ ဆက်ပြီး ထိန်းမထားနိုင်တော့ဘူး။ ကံကောင်းလို့ ပတ်ဝန်းကျင်က မှောင်နေလို့ ဘယ်သူမှ မမြင်ရတာ၊ ဒါပေမဲ့ သူမရဲ့ လှပတဲ့ နှုတ်ခမ်းအစုံကတော့ မအောင့်နိုင်ဘဲ တင်းစေ့သွားရသည်။ "မင်း... မင်းကတော့..."
နောက်ဆုံးတော့ သူမ ရင်ထဲကအတိုင်း ဘောက်ခနဲ ထွက်လာပါတော့သည်။ "မင်းကတော့ လူတွေကို ခွဲခြားဆက်ဆံတာ တကယ်ကို ကျွမ်းကျင်တာပဲ။"