အခန်း (၁၀) သွေးနီရောင် ကျိန်စာသေတ္တာ
အခုတော့ ကျွန်တော်က ချင်းလုံဘုရားကျောင်းထဲမှာ အိပ်နေရပြီဖြစ်လို့ ဘယ်လိုတစ္ဆေမျိုးမှ ကျွန်တော့်ဆီကို လမ်းရှာပြီး ရောက်လာနိုင်စမရှိ တော့သဖြင့် စိတ်ချလက်ချအိပ်လိုက်သည်။
အဲဒီညက ကျွန်တော် တကယ်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။
မနက်နိုးလာတဲ့အချိန်မှာ ကောင်းကင်ကြီးက လုံးဝမလင်းသေး။တောင်ခိုးတောင်ငွေ့ တွေကြားထဲမှာ နေလုံးက မပွင့်တပွင့် အခြေအနေဖြစ်သည်။
တံခါးကို တွန်းဖွင့်လိုက်တာနဲ့ တောင်ပေါ်ရဲ့ ထူးခြားတဲ့ စိုစွတ်စွတ် လေပြည်အေးက မြေကြီးနံ့သင်းသင်းလေးနဲ့အတူ တိုးဝှေ့ဝင်ရောက်လာသည်။ ရှူရှိုက်မိတဲ့ တခဏလေး အတွင်းမှာတင် ကျွန်တော့်ရဲ့ အဆုတ်ထဲက မသန့်ရှင်းတဲ့ လေတွေအားလုံး လုံးဝစင်ကြယ်သွားသလို ချက်ချင်း ခံစားလိုက်ရသည်။
ပထမဆုံး ဆီးအိမ်အောင့်နေတာကို သွားပြီး ဖြေရှင်းလိုက်ရုံတင်မကဘဲ ဘုရားကျောင်းပတ်ပတ်လည်ကိုလည်း လျှောက်ကြည့်နေမိသည်။ ဘာပဲဖြစ်ဖြစ် နောက်ရက်အနည်းငယ်အတွင်း ကျွန်တော် ဒီမှာ ဆက်နေရနိုင်တယ်လေ။
ရုတ်တရက် ဖယောင်းတိုင်မီးရောင်တစ်ခုက ကျွန်တော့်ရဲ့ အာရုံကို ဆွဲဆောင်သွားသည်။ ရှေးဟောင်းသစ်ပင်ကြီးကို မှီပြီး ဆောက်ထားတဲ့ ဇရပ်တစ်ခုထဲမှာ တစ်ဝက်ကျော်လောက် လောင်ကျွမ်းနေပြီဖြစ်တဲ့ အနီရောင်ဖယောင်းတိုင်တစ်တိုင် ရှိနေသည်။ မိုးသောက်လုနီးအချိန်ရဲ့ မှုံပျပျအလင်းရောင်ထဲမှာ ဒီမှိန်ပျပျ အလင်းတန်းလေးက အထင်အရှား မြင်နေရသည်။
ကျွန်တော် အနီးကပ်ကြည့်ဖို့ တိုးသွားတဲ့အချိန်မှာ အဲဒီနေရာမှာ တခြားတစ်ယောက်ရှိနေတာကို တွေ့လိုက်ရသည်။ အဲဒါကတော့ ကိုရင်လေး ဂျင်ချူပဲ ဖြစ်နေသည်။ ကိုရင်လေး ဂျင်ချူက တိုင်တစ်လုံးကို မှီပြီး ဖယောင်းတိုင်မီးရောင်အောက်မှာ မီးခိုးရောင်မျက်နှာဖုံးနဲ့ စာအုပ်တစ်အုပ်ကို စိတ်ဝင်တစားနဲ့ စူးစိုက်ကြည့်နေသည်။
ကျွန်တော် ဘာအသံမှမပေးဘဲ တိတ်တဆိတ် အနား ကပ်သွားလိုက်သည်။ ပြီးတော့ ခေါင်းမော့ပြီး စာအုပ်ထဲက အကြောင်းအရာကို လှမ်းကြည့်လိုက်မိတဲ့အချိန်မှာတော့ ကျွန်တော့်ရဲ့ နှုတ်ခမ်းထောင့်တွေက ချက်ချင်း ကွေးတက်သွားပါတော့သည်။ ဒီကိုရင်လေးက ကြည့်ရတာ အပြစ်ကင်းပြီး တည်ငြိမ်ပုံထင်ရပေမဲ့ လူကွယ်ရာမှာတော့ စိတ်ကူးတွေ တော်တော်ယဉ်နေတာပဲ။
"ရိုးရှင်းပြီး အဆင်တန်ဆာမရှိတဲ့ တောင်ကြောနီကြီး၊ ကျွန်တော့်ကျောပြင်ပေါ်ကို ဖိထားတဲ့ ကြီးမားတဲ့ တောင်ကြီးနှစ်လုံး၊ နူးညံ့တဲ့ ရေပြင်လို ထိတွေ့မှုက ကျွန်တော့်ရဲ့ ဆင်ခြင်တုံတရားကို ပျက်ပြားသွားစေခဲ့တယ်။ မိန်းမလှလေးရဲ့ အသက်ရှူသံ နိမ့်တုံ့မြင့်တုံ့ဖြစ်လာတာနဲ့အမျှ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်အပူချိန်ကလည်း ပိုပြီး သိသာထင်ရှားလာခဲ့တယ်။"
"ကျွန်တော် မအောင့်နိုင်တော့တဲ့ အချိန်မှာပဲ မိန်းမလှလေးက စကားပြောလာတယ်။"
"သူမက ကျွန်တော့်ရဲ့ နားရွက်ဖျားလေးကို ညင်သာစွာ ကိုက်ခဲရင်း 'ခဲအို... အစ်မအတွက် စိတ်မပူပါနဲ့တော့၊ ညီမ ကိုယ့်ကိုယ်ကိုယ် ခဲအိုဆီ ပုံအပ်ဖို့ အဆင်သင့်ပါပဲ' လို့ ခပ်တိုးတိုးလေး ပြောလိုက်တယ်။"
"ကျွန်တော် ရုတ်တရက် ထရပ်ပြီး မိန်းမလှလေးအပေါ်ကို အုပ်မိုးလိုက်မိတော့တယ်..."
ကျွန်တော်က စာအုပ်ထဲက အကြောင်းအရာကို သဘောကျပြီး ဖတ်ပြလိုက်မိတာပါ။
ကိုရင်လေးက ပထမတော့ ကြောင်အမ်းအမ်းဖြစ်သွားပြီး၊ ပြီးမှတော့ သူ့ရဲ့ ဖြူစင်တဲ့ မျက်နှာလေးဟာ ထွက်ပြူစ နေမင်းကြီးလို ရဲခနဲ နီမြန်းသွားပါတော့သည်။ တကယ်လို့ အငွေ့ပျံလို့ရမယ်ဆိုရင် အခုလောက်ဆို ရေနွေးငွေ့အင်ဂျင်စက်တစ်ခုလို အငွေ့တွေ တထောင်းထောင်း ထွက်နေလောက်သည်။
ကျွန်တော် မြင်သွားတာ နောက်ကျသွားပြီဆိုပေမဲ့ သူကတော့ စာအုပ်ကို သူ့ရဲ့ သင်္ကန်းကြားထဲ အသည်းအသန် ဝှက်ဖို့ ကြိုးစားနေရှာသည်။
ကျွန်တော်က "ကိုရင်လေး... ကိုရင်လေးရဲ့ အာရုံခြောက်ပါးက မစင်ကြယ်သေးပါလား" လို့ စနောက်လိုက်သည်။
ကိုရင်လေးက ရှက်ကိုးရှက်ကန်းနဲ့ ထစ်ထစ်ငေါ့ငေါ့ ပြောရှာတယ် "ဒကာ... ဒကာက... ဘယ်လိုလုပ်ပြီး... ဘယ်လိုလုပ်ပြီး သူများတွေကို ချောင်းကြည့်ရတာလဲ"
ကျွန်တော်ကလည်း ပြန်ချေပလိုက်တယ် "ဒါက ချင်းလုံဘုရားကျောင်းရဲ့ ဇရပ်လေ၊ ကိုရင်လေးရဲ့ အိပ်ခန်းမှ မဟုတ်တာ။ ဒါကို ဘယ်လိုလုပ်ပြီး ချောင်းကြည့်တယ်လို့ ခေါ်လို့ရမှာလဲ"
"ဒါပေမဲ့ ကိုရင်လေး ဒီလိုအရာမျိုးတွေကို စိတ်ဝင်စားလိမ့်မယ်လို့ ကျွန်တော် မထင်ထားမိဘူးနော်"
ကိုရင်လေး ဂျင်ချူက "ဒီစာအုပ်က ဘုရားဖူးတစ်ယောက်ယောက် ထားခဲ့တာပါ၊ ငါက ရိုးရိုးသားသား သိချင်စိတ်ရှိလို့... သိချင်စိတ်ရှိလို့ ကြည့်မိတာပါ" လို့ ပြန်ပြောသည်။
"ငါ ဒီစာအုပ်ကို ပြန်အပ်လိုက်ပါ့မယ်..."
ကျွန်တော်က လက်လှမ်းပြီး သူ့ပခုံးကို ဖက်လိုက်တယ် "ဘာလို့ အဲဒီလောက် အလောတကြီး ဖြစ်နေရတာလဲ၊ ကျွန်တော် တိုင်တန်းမယ်လို့ မပြောမိပါဘူး"
"လူဆိုတာ မွေးရာပါ ကာမရာဂစိတ် ရှိတတ်ကြတာပဲလေ။ ကာမဂုဏ်ဆိုတာ လူသားတို့ရဲ့ သဘာဝပဲဥစ္စာ၊ အဲဒါ ရှက်စရာ ဘာရှိလို့လဲ"
ကိုရင်လေးရဲ့ မျက်နှာပေါ်က နီမြန်းမှုတွေက တော်တော်လေး လျော့ပါးသွားလာသည်။ သူက မီးခိုးရောင်မျက်နှာဖုံးနဲ့ စာအုပ်ကို သတိထားပြီး ပြန်ထုတ်လိုက်တယ် "ဒါဆို... ငါတို့ တူတူဖတ်ကြမလား"
"သိပ်ကောင်းတာပေါ့"
...
ကျွန်တော်တို့ နှစ်ယောက်သား တစ်ယောက်နဲ့တစ်ယောက် ပူးကပ်ပြီး မျက်နှာတွေ ရဲခနဲဖြစ်လာတဲ့အထိ ဖတ်နေမိကြသည်။ စာအုပ်ထဲက အကြောင်းအရာတွေက တော်တော်လေး ဟောင်းနေပြီဆိုပေမဲ့ ဇာတ်လမ်းကတော့ ရင်ခုန်စရာ ကောင်းနေတုန်းပါပဲ။
ဖော်ပြချက်တွေ အထူးအဆန်းဖြစ်တဲ့ အပိုင်းတွေကို ဖတ်ရတဲ့အခါ ဇာတ်လမ်းထဲမှာ စီးမျောပြီး စွဲလမ်းသွားစေတဲ့ ခံစားချက်မျိုး ရှိသည်။
ကျွန်တော်တို့နှစ်ယောက်စလုံးက စာအုပ်ထဲမှာ တော်တော်လေး အာရုံရောက်နေကြတာမို့ ဆရာတော် လျောင်ယင်း ဘယ်အချိန်က ရောက်လာလဲဆိုတာကိုတောင် သတိမထားမိလိုက်ကြဘူး။ ဆရာတော်ကြီးက ချောင်းဆိုးလိုက်တဲ့ အခါကျမှပဲ သတိဝင်လာကြတော့သည်။
ကျွန်တော်တို့ နှစ်ယောက်စလုံးက အမှားတစ်ခုခု လုပ်မိထားတဲ့အတိုင်း လန့်နိုးလာပြီး ကိုရင်လေးက စာအုပ်ကို သူ့ရဲ့ ကျောနောက်မှာ အမြန်ဝှက်လိုက်သည်။
ဒါပေမဲ့ ဆရာတော်ကြီးရဲ့ စူးရှတဲ့ မျက်လုံးတွေကိုတော့ မလိမ်ညာနိုင်ခဲ့ပါဘူး၊ ဆရာတော်က လက်တစ်ဖက် လှမ်းထုတ်လိုက်သည်။
ကိုရင်လေး ဂျင်ချူလည်း နာခံမှုရှိရှိနဲ့ပဲ လှမ်းပေးလိုက်ရပါတော့တယ် "အဘိုးဆရာတော်... တကယ်တော့ ဒီစာအုပ်ကို တပည့်တော် ဝယ်ထားမိတာပါ..."
ဆရာတော် လျောင်ယင်းက စာအုပ်ကို ကိုင်ထားပြီး တကယ်ကို စိတ်မကောင်းဖြစ်ရတဲ့ ပုံစံမျိုးနဲ့ "ကိုရင်လေး ဂျင်ချူ... မင်းရဲ့ လောကီအာရုံတွေက မပြတ်တောက်သေးပါလား။ ဒီလို ညစ်ညမ်းတဲ့ လောကီရမ္မက်တွေအပေါ်မှာ ဒီလောက်တောင် စွဲလမ်းနေပြီးတော့ ဘုရားကျောင်းတော်ကြီးမှာ ဘယ်လိုလုပ် သီတင်းသုံးနိုင်မှာလဲ" လို့ မိန့်ပါသည်။
"သိမ်တော်ကြီးထဲကို သွားပြီး တရားစာတွေ ရွတ်ဖတ်ပူဇော်ချေ"
"မှန်လှပါ ဘုရား" ကိုရင်လေးက သက်ပြင်းချရင်း ဝမ်းသာအားရဖြစ်သွားသည်။ အဘိုးဆရာတော်က သူ့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့ မရည်ရွယ်ထားဘူးဆိုတာ ရိပ်မိသွားလို့ ဖြစ်ပါလိမ့်မယ်။
တရားစာ ရွတ်ရုံပဲဟာကို...
ကိုရင်လေး ဂျင်ချူ ထွက်သွားပြီးတဲ့နောက်မှာတော့၊
ဆရာတော် က စာအုပ်ကို ဒီအတိုင်း လှန်ပြီး တစ်ချက်ကြည့်လိုက်မိရာကနေ တုန်လှုပ်သွားပြီး တည်ငြိမ်မှု ပျက်ပြားသွားပါသည်။
ခဲအိုနဲ့ ခဲမ... ပြီးတော့ သူတို့က အတူတူ... အဲဒီနေရာကို ဘယ်လိုဖြစ်ပြီး ဒီလိုကိစ္စတွေအတွက် သုံးရတာလဲ...
ဆရာတော်က စာအုပ်ဆီကနေ သူ့မျက်လုံးတွေကို အမြန်လွှဲဖယ်လိုက်ပြီး တတွတ်တွတ် နောင်တရနေမိတော့တယ်၊
"အမိတာဘုရား... အမိတာဘုရား... ဒီလိုစာအုပ်မျိုး ဘယ်လိုလုပ်ပြီး ရှိနေနိုင်ရတာလဲ... အကုသိုလ်ပဲ... အကုသိုလ်ပဲ"
ကျွန်တော်လည်း မတတ်နိုင်ဘဲ နောင်တရမိသွားတယ်၊ တကယ်လို့ သိခဲ့ရင် ကိုရင်လေးကို ဒီစာအုပ်ရဲ့ နာမည်က ဘာလဲဆိုတာ မေးထားခဲ့သင့်တာ။
ဆရာတော်က "ဒကာလေးရဲ့ သတ်သတ်လွတ် ဆွမ်းပွဲက အဆင်သင့်ဖြစ်နေပါပြီ၊ ဆွမ်းစားဆောင်ဘက်ကို ကြွပါဦး" လို့ မိန့်တော်မူလေသည်။
ကျွန်တော် ကောင်းကင်ကြီးကို လှမ်းကြည့်လိုက်တယ် "ဆရာတော်... ကောင်းကင်ကြီးက လုံးဝတောင် မလင်းသေးဘူးနော်။ မနက်စာက ဒီလောက်တောင် စောတာလား"
ဆရာတော်က ကြင်နာစွာ ပြုံးပြရင်း ရှင်းပြတယ် "ချင်းလုံဘုရားကျောင်းက တခြားနေရာတွေနဲ့ မတူဘူး၊ ဒီမှာက ပုံမှန်အားဖြင့် ဘုရားဖူး နည်းတယ်လေ"
"ဒါကြောင့် မနက်စာကို အစောကြီး စားရတယ်၊ ပြီးတော့မှ ဘုရားရှင်ရှေ့တော်မှောက်မှာ တရားစာတွေ ရွတ်ဖတ်ကြတာ။ ဒါကြောင့် စောစော၊ နောက်ကျကျ ငါတို့အတွက်တော့ ထူးခြားမှု မရှိပါဘူး"
"တကယ်လို့ ဒကာလေးက အသားမကျသေးဘူးဆိုရင် ကိုရင်လေး ဂျင်ချူကို နောက်မှ မနက်စာ ယူလာခိုင်းလိုက်လို့ ရပါတယ်"
ကျွန်တော်က "တပည့်တော် မနက်စာကို ဒီလောက်စောစော မစားဖူးလို့ပါ ဆရာတော်၊ တခြားဘာရည်ရွယ်ချက်မှ မရှိပါဘူး" လို့ ပြောလိုက်သည်။
"ချင်းလုံဘုရားကျောင်းက ကျွန်တော့်ကို လက်ခံပေးထားတာတင်ပဲ တကယ်ကို ကျေးဇူးတင်လှပါပြီ။ တခြားဘာမှ မတောင်းဆိုရဲပါဘူး၊ စောစောစားရတာလည်း တော်တော်ကောင်းပါတယ်"
"ကောင်းပါပြီ၊ ဒါဆို ငါ ဒကာလေးကို ဆွမ်းစားဆောင်ဆီ ခေါ်သွားပေးမယ်"
ချင်းလုံဘုရားကျောင်းရဲ့ သတ်သတ်လွတ် မနက်စာက အရမ်းကို ရိုးရှင်းပေမဲ့ တကယ်ကို ခံတွင်းတွေ့စရာ ကောင်းလှပါသည်။
မုန်လာဥနီ ချဉ်စပ်အမျှင်လေးတွေ၊ ဇွန်းနဲ့ ကပ်ပါလာလောက်အောင် ပျစ်နှစ်နေတဲ့ ဆန်ပြုတ်အဖြူရောင် ခပ်ပျစ်ပျစ်၊ ပြီးတော့ ကိုယ်တိုင်စိုက်ထားတဲ့ ကန်စွန်းဥချိုချိုလေးတွေ။
ကျွန်တော် ပန်းကန်လုံးအကြီးကြီးနဲ့ နှစ်လုံးဆက်တိုက် သောက်လိုက်မိသည်။
ဆရာတော် က ဒါကို ကြည့်ပြီး ကျေနပ်စွာ ပြုံးနေသည်။
အထိန်းအကွပ်မရှိဘဲ အားရပါးရ စားသောက်တာက ချင်းလုံဘုရားကျောင်းက လူတိုင်းအပေါ် ရိုသေလေးစားမှု ပြသရာရောက်ပါတယ်။ ဒါကို မြင်တော့ ဆွမ်းချက်တဲ့ ကိုရင်က ပိုပြီး ဝမ်းသာသွားပြီး ကျွန်တော့်အတွက် နောက်ထပ် ပန်းကန်လုံးတစ်လုံး ထပ်ဖြည့်ပေးပါသေးသည်။
ချင်းလုံဘုရားကျောင်းမှာ ဆရာတော် နဲ့ ကိုရင်လေး ဂျင်ချူအပြင် တခြား သက်တော်ကြီး ဆရာတော် ခြောက်ပါးနဲ့ တခြားသံဃာတော် အပါးပေါင်း ဒါဇင်ကျော် ရှိပါသေးသည်။
တခြား သက်တော်ကြီး ဆရာတော် ခြောက်ပါးက ဦးဆောင်နေရာတွေမှာ သီတင်းသုံးနေကြပြီး၊ တည်ငြိမ် လေးနက်လှကာ၊ သူတို့ရှေ့က ဆန်ပြုတ်အဖြူရောင်ကို တကယ့်ကို ဂရုတစိုက် ဘုဉ်းပေးနေကြသည်ကို ကြည့်ရတာ ကြည်ညိုလွန်းလှသည်။
ဆန်ပြုတ်ထဲက ဆန်စေ့တစ်စေ့တည်း စားပွဲပေါ်ကို ဖိတ်ကျသွားရင်တောင် လက်ညှိုးနဲ့ တို့ယူပြီး သူတို့ရဲ့ ခံတွင်းထဲကို ပြန်ထည့်ကြပါသည်။
သူတို့က ကျွန်တော် ရောက်လာတာကို အံ့သြပုံမပြကြသလို၊ ဆရာတော်ကိုလည်း ကျွန်တော့်အကြောင်း ဘာမှ မမေးကြပါဘူး။
ဆရာတော်က သူတို့ကို ကျွန်တော့်အခြေအနေအကြောင်း ပြောပြထားပြီးသားလည်း ဖြစ်နိုင်သည်။
ဆွမ်းဘုဉ်းပေးပြီးတဲ့နောက်မှာတော့ ဆရာတော် ခြောက်ပါးက ထပြီး ကြွသွားကြသည်။
သိပ်မကြာခင်မှာပဲ စိတ်နှလုံးကို ကြည်လင်သန့်စင်စေတဲ့ တရားစာ ရွတ်ဖတ်သံတွေနဲ့ အမွှေးတိုင်နံ့တွေက ဘုရားကျောင်းတစ်ခုလုံးကို တစ်ဖန် ပြန်လည်လွှမ်းမိုးသွားပါတော့သည်။
ကျွန်တော် ခဏလောက် တွေဝေနေမိပြန်ပေမဲ့ ဆရာတော်ကို သေတ္တာအကြောင်း ပြောပြဖို့ ဆုံးဖြတ်လိုက်သည်။
ကျွန်တော် အဲဒီသေတ္တာကို အထုပ်အပိုးတွေထဲမှာ အမြဲ ဝှက်ထားခဲ့တာက ဒီသေတ္တာဟာ ချင်းလုံဘုရားကျောင်းနဲ့ ဆက်စပ်နေနိုင်တယ်လို့ ခံစားမိလို့ ဖြစ်သည်။
အဲဒီအချိန်တုန်းက အဘိုးက ကျွန်တော့်ကို ကိစ္စသုံးခု လုပ်ဖို့ မှာကြားခဲ့တာပါ၊ တစ်ခုက ချင်းလုံဘုရားကျောင်းကို သွားဖို့ဖြစ်ပြီး၊ နောက်တစ်ခုကတော့ ဒီသေတ္တာ ဘဲဖြစ်သည်။
အဘိုးက ချင်းလုံဘုရားကျောင်းကို သွားတာက ကျွန်တော့်ရဲ့ အသက်ကို ကယ်တင်နိုင်လိမ့်မယ်လို့ ပြောခဲ့ပေမဲ့ ဒီသေတ္တာက ဘာအတွက် အသုံးဝင်လဲဆိုတာကို မပြောခဲ့သလို၊ အဘိုးကိုယ်တိုင်လည်း ဒါကို မဖွင့်နိုင်ခဲ့ပါဘူး။
ဒါကြောင့် ဆရာတော်က တစ်ခုခု သိနေနိုင်သည်။
"ဆရာတော်... တပည့်တော်ရဲ့ အဘိုး မကွယ်လွန်ခင်မှာ သွေးနီရောင် သေတ္တာတစ်လုံး ချန်ထားခဲ့ပါတယ်။ တပည့်တော် ဒါကို မဖွင့်နိုင်ဘူး၊ ဓားနဲ့ ပုဆိန်တွေနဲ့တောင် ဘာဒဏ်ရာမှ မထင်စေနိုင်ဘူး ဘုရား"
သေတ္တာအကြောင်း ကြားလိုက်ရတဲ့အခါမှာတော့ ဆရာတော်က သူ့ရဲ့ မျက်ခုံးတွေကို ပင့်တင်လိုက်ပြီး "သွေးနီရောင် သေတ္တာ ဟုတ်လား။ ဘယ်လိုပုံစံမျိုးလဲ။ ဘယ်လောက်ကြီးလဲ" လို့ မိန့်သည်။
ကျွန်တော် ဆရာတော်နဲ့ စတွေ့ကတည်းက သူ့ရဲ့ လေယူလေသိမ်းက ဒီလောက်အထိ အလောတကြီးနဲ့ အရေးတကြီး ဖြစ်နေတာ ဒါပထမဆုံးအကြိမ်ပါပဲ။
"လူကြီးတစ်ယောက်ရဲ့ လက်ဖဝါးထက် နည်းနည်း ပိုကြီးပါတယ်၊ တစ်ခုလုံး အနီရောင်ဖြစ်ပြီး သွေးညှီနံ့ နည်းနည်း ထွက်နေတယ်။ ဒါပေမဲ့ ဆရာကြီးတစ်ယောက်ကတော့ ဒီသေတ္တာမှာ ယင်စွမ်းအင်တွေ အရမ်းများနေပြီး မကောင်းဆိုးဝါး ပစ္စည်းတစ်ခု ဖြစ်တယ်လို့ ပြောပါတယ်"
ဆရာတော် လျောင်ယင်းရဲ့ လောကီအာရုံကနေ ကင်းလွတ်နေတဲ့ တည်ငြိမ်တဲ့ မျက်နှာအမူအရာက ကွယ်ပျောက်သွားပြီး၊ မှုန်တေတေ တည်ကြည်မှုတွေ အစားထိုး ဝင်ရောက်လာသည်။
"သွေးနီရောင် ရန်ရှန်း မကောင်းဆိုးဝါးသေတ္တာပဲ!"
ကျွန်တော့်ရဲ့ မျက်နှာအမူအရာလည်း လေးနက်သွားသည်။ ဆရာတော်က သေတ္တာရဲ့ နာမည်ကို သိနေတာလား။
သေချာပါတယ်၊ ဒီသေတ္တာက ဆရာတော်နဲ့ ခွဲခြားလို့မရအောင် ဆက်စပ်နေတာပဲ။
ကျွန်တော်က အခွင့်အရေးကို အမိအရဆုပ်ကိုင်ပြီး ထပ်မံမေးမြန်းလိုက်တယ် "ဆရာတော်... ဆရာတော်က ဒီသေတ္တာအကြောင်းကို သိနေတာလား"
ဆရာတော်က သက်ပြင်းချတဲ့ လေယူလေသိမ်းနဲ့ပဲ "ငါက သွေးနီရောင် ရန်ရှန်း မကောင်းဆိုးဝါးသေတ္တာအကြောင်းကို ဘယ်လိုလုပ်ပြီး မသိဘဲ နေမှာလဲ ဒကာလေးရယ်" လို့ မိန့်ကြားတော်မူလေတော့သည်။