အခန်း ၉၉ : ဆုလာဘ်ကို ကျေနပ်နေကြသည့် ရွေးချယ်ခံများ
သူမဟာ သရုပ်ဖော် စနစ်ရဲ့ ပစ်မှတ်ထားခြင်းကို ခံလိုက်ရပြီဆိုတာကို မသိခဲ့ရှာချေ။
[သင် နေပြည်တော်မှ ထွက်ခွာလိုက်သည့် အချိန်၌ပင် သင့်နောက်ကွယ်တွင် လိုက်ပါလာသော လူအုပ်စု တစ်စု ရှိနေကြောင်း သင် သတိမထားမိခဲ့ပေ။ အဘွားအိုက သင့်ကို သတိပေးလိုက်ချိန်တွင် အလွန် နောက်ကျနေပြီ ဖြစ်သည်။ သင် နေပြည်တော် အပြင်ဘက်၌ သူတို့နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။]
[ဤလူများက တကယ်တော့ သင့် မိတ်ဟောင်းဆွေဟောင်းများ ဖြစ်ကြောင်း သင် သိလိုက်ရသည်။ သင် နေပြည်တော်သို့ ပထမဆုံး ရောက်ရှိလာစဉ်က လူအနည်းငယ်ကို သတ်ဖြတ်ခဲ့ပြီး ထိုလူများက သင့်စည်းစိမ်ဥစ္စာကို မက်မောခဲ့ကြသူများ ဖြစ်သည်။ ယခု ဤရန်သူများက သင် သတ်ဖြတ်ခဲ့သော လူများ၏ နောက်ကွယ်မှ လူများက စေလွှတ်လိုက်ခြင်း ဖြစ်သည်။]
[အခြေတည်အဆင့် ကျင့်ကြံသူ (၃) ဦးကို တိုက်ခိုက်ရသဖြင့် ဝိုက်တီ၏ အကူအညီ ပါဝင်လျှင်တောင် သူတို့ကို ကိုင်တွယ်ဖြေရှင်းရန် သင့်အတွက် အနည်းငယ် ခက်ခဲနေဆဲ ဖြစ်သည်။]
[ဤအခြေတည်အဆင့် ကျင့်ကြံသူ (၃) ဦး အနက် တစ်ဦးက အခြေတည်အဆင့် (၉) သို့ ရောက်ရှိနေပြီ ဖြစ်သည်]
[သုံးရက်နှင့် သုံးညတိုင်တိုင် တိုက်ခိုက်ပြီးနောက် သင့်အိမ်မွေးတိရစ္ဆာန် ဝိုက်တီ သေဆုံးသွားခဲ့သည်]
[နောက်တစ်နေ့တွင် သင်ဟာ တိုက်ပွဲ၌ သေဆုံးသွားခဲ့သည်]
[အသက် - ၃၀ နှစ်၊ ၀၆ လ၊ ၂၈ ရက်]
[...]
မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲမှ ရွေးချယ်ခံ(၂) ဦးလုံး တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားသောအခါ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲမှ အရာအားလုံး အေးခဲသွားပုံရပြီး အချိန်ကာလက ရပ်တန့်သွားခဲ့သည်။
"သေစမ်း..."
ကျင်းရှင်း နန်းတော်သို့ ပြန်ရောက်လာသည့် ချင်းကျောက်ဟာ အံကြိတ်လိုက်၏။ သူမ အခုထိ ပေါ့ဆနေမိဦးမယ်လို့ မျှော်လင့်မထားခဲ့ပေ။
သူမ နှစ်ပေါင်းများစွာ ပုန်းအောင်းနေပြီးနောက် အဲဒီလူတွေ သူမအကြောင်း မေ့သွားလောက်ပြီလို့ သူမ ထင်ခဲ့မိလေသည်။
......
နောက်ဆုံးတော့ သူတို့က အမှောင်ထဲမှာ ရှိနေပြီး သူမအား အနီးကပ် စောင့်ကြည့်နေလို့ မျှော်လင့်မထားခဲ့မိခဲ့ပေ။
တစ်ဖက်လူတွေက သူမ နေပြည်တော်ကနေ ထွက်ခွာပြီး လှုပ်ရှားမယ့် အချိန်ကို စောင့်နေခဲ့ကြခြင်းပင်။
နောက်ဆုံးတော့ သူမကို ဒုက္ခရောက်စေခဲ့တာက သူမရဲ့ ကြွယ်ဝချမ်းသာမှုကို ထုတ်ဖော်ပြသလိုက်ခြင်းသာ ဖြစ်၏။
အခြေတည်အဆင့်ကျင့်ကြံသူ တစ်ယောက်ရဲ့ လက်ထဲမှာ ရှိတဲ့ စည်းစိမ်ဥစ္စာ ပမာဏက သာမန် အခြေတည်အဆင့် ကျင့်ကြံသူ တစ်ယောက်ရဲ့ စည်းစိမ်ဥစ္စာ ပမာဏထက် အများကြီး ကျော်လွန်နေပြီး ရွှေအမြုတေအဆင့်ကျင့်ကြံသူ တချို့တောင် ဒီလို စည်းစိမ်ဥစ္စာမျိုး မရှိလောက်ရာ ဘယ်လိုလုပ် ကပ်ဘေး မကျရောက်လာဘဲ နေမည်နည်း။
…
အခြားတစ်ဖက်တွင်...
ချင်းဟယ် ခရိုင်......
[ဤမသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် ဘဝတွင် ချင်းကျောက်ဟာ မျက်မြင်သက်သေအောင်မြင်မှုကို အသက်သွင်းနိုင်ခဲ့ပြီး ထပ်ဆောင်း ဆုလာဘ် တစ်ခု ရရှိခဲ့ပါသည်။ သင်ဟာ အောက်ပါ ဆုလာဘ်ကို ရရှိလိုက်ပါသည် ]
[ဆုလာဘ် ၁ - အမှိုက် (ဆင်းရဲသားကို အနိုင်မကျင့်ပါနဲ့)]
[ဆုလာဘ် ၂ - မီးထိန်းချုပ်ခြင်း နည်းပညာ (အဘွားအိုထံမှ ချင်းကျောက် သင်ယူခဲ့သော အဂ္ဂိရတ် မီး နည်းပညာ)]
[ဆုလာဘ် ၃ - အန္တရာယ်ကို ကြိုတင်သိရှိခြင်း (ချင်းကျောက်၏ အိမ်မွေးတိရစ္ဆာန် ဝိုက်တီ၏ မွေးရာပါ စွမ်းရည်)]
[ထပ်ဆောင်း ဆုလာဘ် - အခြေတည်အဆင့် (၄) ၏ ဝိညာဉ်စွမ်းအင် အားလုံး (သန့်စင်သော ဝိညာဉ်စွမ်းအင်)]
ချင်းကျောက်ဟာ ဒီတစ်ခါမှာ အောင်မြင်မှု တစ်ခုကို တကယ် အသက်သွင်းနိုင်ခဲ့ပြီး ပိုင်ယီကို ထပ်ဆောင်း ဆုလာဘ် တစ်ခု ပေးစွမ်းခဲ့လေသည်။
'မျက်မြင်သက်သေ... ဖြစ်နိုင်တာက မင်းဆက် တစ်ခု ဘယ်လို ဖရိုဖရဲ ဖြစ်သွားပြီး ပဋိပက္ခ တွေ ဖြစ်လာလဲ ဆိုတာ သူမ မျက်မြင်သက်သေ ဖြစ်ခဲ့တာကြောင့်လား...'
မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ပေါ်တွင် ပေါ်လာသော ဆုလာဘ် (၃) ခုကို ကြည့်ပြီး ပိုင်ယီဟာ တတိယမြောက် ဆုလာဘ်ကို ရွေးချယ်ရန် မတွန့်ဆုတ်ခဲ့ပေ။
အန္တရာယ် ကြိုတင်သိရှိခြင်း....
ဒီဆုလာဘ်ကို ထုတ်ပေးလိုက်တာနဲ့ ပိုင်ယီဟာ ၎င်း၏ လုပ်ဆောင်ချက်ကို ချက်ချင်း နားလည်လိုက်သည်။
၎င်းက စပိုက်ဒါမန်း၏ ပင့်ကူအာရုံခံနှင့် ဆင်တူလေသည်။
အန္တရာယ် ကျရောက်ခါနီးတာနဲ့ ဒီအန္တရာယ် ကြိုတင်သိရှိခြင်း စွမ်းရည်က အစပျိုးလာပေလိမ့်မည်။ ၎င်းက သူ့ကို အကြောင်းပြချက် မရှိဘဲ တုန်လှုပ်သွားစေလိမ့်မည်ဖြစ်ပြီး ကြီးမားသည့် ကြောက်မက်ဖွယ်ရာ တစ်ခု ဝင်ရောက်လာတော့မည့် အတိုင်း သူ ခံစားရပေလိမ့်မည်။
ပိုင်ယီ အတွက်တောပ ဤဆုလာဘ်က မွေးရာပါ ကျွမ်းကျင်မှု တစ်ခုနှင့် ညီမျှကာ ၎င်းက သူ့အသက်ကို ကယ်တင်နိုင်စွမ်း ရှိ၏။
ဒါ့အပြင် ထပ်ဆောင်းဆုလာဘ်ဖြစ်သည့် ဝိညာဉ်စွမ်းအင်တွေက ပိုင်ယီ၏ ဒန်တျန်နှင့် သွေးကြောများကို ပြည့်ဝသွားစေသည်။
အခြေတည်အဆင့် (၄) တွင် ဝိညာဉ်စွမ်းအင်က များပြားသော်လည်း ပိုင်ယီက အခြေတည်အဆင့် (၄) တွင် ရှိနေသည်ဖြစ်ရာ သူအား အခြေတည်အဆင့် (၅) သို့ ချိုးဖျက်ဝင်ရောက်ရန် မလုံလောက်ခဲ့ပေ။
သို့သော် ၎င်းက မဆိုးချေ။
...
[သင်သည် အောက်ပါ ဆုလာဘ်ကို ရရှိခဲ့ပါသည် - ]
[ဆုလာဘ် ၁ - ကောင်းကင်ဝါးမျိုးခြင်း မိစ္ဆာ နည်းစနစ်၏ မပြည့်စုံသော ဗားရှင်း ၁/၁၀ (ကျန်ရှိသော အပိုင်းအစ ၉ ခုကို မြန်မြန် စုဆောင်းပါ)]
ချန်ချန်ရွှယ်လည်း သူမ၏ ဆုလာဘ်ကို ရရှိခဲ့ပြီး ကြောင်အသွားခဲ့သည်။
'မပြည့်စုံသော ကျင့်စဉ် နည်းစနစ် အပိုင်းအစလား....'
'၁/၁၀....'
'ဆိုလိုတာက ကောင်းကင်ဝါးမျိုးခြင်း မိစ္ဆာ နည်းစနစ်၏ ပြည့်စုံတဲ့ ဗားရှင်းကို ရရှိဖို့ သူမ စုစုပေါင်း အပိုင်းအစ (၉) ခု ထပ်စုဆောင်းရဦးမှာလား...'
'အပိုင်းအစတွေကို ဘယ်လို စုဆောင်းရမှာလဲ...'
'ဖြစ်နိုင်တာက သူမ ကောင်းကင်အကျဉ်းထောင်ထဲက မိစ္ဆာတွေကို ကိုင်တွယ်ဖြေရှင်းရဦးမှာလား...'
'ဟုတ်တယ်...စမ်းကြည့်ရမယ်'
ချန်ချန်ရွှယ် မျှော်လင့်ချက်တို့ ပြည့်နက်သွားခဲ့သည်။
သူမ တိုးညှင်းစွာ ရေရွတ်လိုက်သည်။ "ဒီလောကလွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ကျင့်စဉ် နည်းစနစ်က အကယ်၍ လက်တွေ့ဘဝမှာ အသုံးပြုလို့ ရမယ် ဆိုရင်..."
"..."
..
"ဒါ ဝိုက်တီရဲ့ စွမ်းရည် မဟုတ်ဘူးလား"
ကျင်းရှင်း နန်းတော် အတွင်း....
ချင်းကျောက် သူမရရှိခဲ့သည့် ပုံမှန် ဆုလာဘ်နှင့် ထပ်ဆောင်း ဆုလာဘ်ကို ကြည့်ပြီး အလွန် အံ့သြသွားခဲ့သည်။ "အန္တရာယ် ကြိုတင်သိရှိခြင်းရဲ့ အဆင့်နိမ့် ဗားရှင်းလား.... အန္တရာယ် ရောက်လာမှာကို ကြိုတင်ခန့်မှန်းနိုင်စွမ်း ၃၀ ရာခိုင်နှုန်း ရှိတယ်တဲ့လား"
သူမ ရေရွတ်လိုက်၏။"မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်က ဘယ်တုန်းက ဒီလောက် ရက်ရောသွားတာလဲ..."
သူမဟာ သရုပ်ဖော် စနစ်ကို လှောင်ပြောင်နေသော်လည်း အလွန် ပျော်ရွှင်နေဆဲ ဖြစ်ခေသည်။
ဒါက ပါရမီ တစ်မျိုးဖြစ်ကာ အန္တရာယ်ကို ကြိုတင်ခန့်မှန်းနိုင်တဲ့ ဒီစွမ်းရည်နဲ့ ဆိုရင် အနာဂတ်၌ ချန်ချန်ရွှယ်ကို ရိုက်နှက်ဖို့ သူမ ပိုပြီး ယုံကြည်မှု ရှိလာပေလိမ့်မည်။
"ထပ်ဆောင်း ဆုလာဘ်ကလည်း တော်တော်လေး ကောင်းပုံရတယ်... တကယ်တော့ အခြေတည်အဆင့် (၁) ရဲ့ ဝိညာဉ်စွမ်းအင် အားလုံးပဲ.... အကယ်၍ ငါသာ ဒီလို ဆုလာဘ်မျိုး နောက်ထပ် အကြိမ်အနည်းငယ်လောက် ရရင် ငါ အခြေတည်အဆင့် (၂) ကို ချိုးဖျက်ဝင်ရောက်နိုင်လိမ့်မယ်"
ရွေးချယ်ခံ အမှတ် (၁) ပဲ ဖြစ်ဖြစ်၊ (၂) ပဲ ဖြစ်ဖြစ် သူတို့နှစ်ဦးစလုံး ဒီတစ်ခါ ဆုလာဘ်တွေ အပေါ် အလွန် ကျေနပ်နေခဲ့ကြသည်။
အတိတ်က သူတို့ စုဆောင်းထားခဲ့တဲ့ ရန်ငြိုးအသေးအမွှားလေးတွေ ဒီအချိန်မှာ လေထဲ ပျောက်ကွယ်သွားသလိုပင်။
...
ညဘက်တွင်...
ရှည်လျားသော ခရီးစဉ် ပြီးနောက် လူသားရုပ်သေးဟာ မဟာယန် မင်းဆက်၏ မင်းသမီး ဖူရွှမ်နီနှင့် ပြည်နယ် (၄) ခုမှ ကျင့်ကြံသူများကို ခေါ်ဆောင်လာပြီး နောက်ဆုံးတွင် ချင်းဟယ် ခရိုင် အနီးသို့ ရောက်ရှိလာခဲ့သည်။
သူတို့ဟာ ရက်အတော်ကြာ အိပ်စက်ခြင်း မရှိခဲ့ကြဘဲ လမ်းတွင် ခဏတာမျှသာ အနားယူခဲ့ကြသည်။
နေ့ရောညပါ ဓားစီးပျံသန်းပြီး ဆေးလုံး အမြောက်အမြား သုံးစွဲပြီးနောက် သူတို့ဟာ နောက်ဆုံးတော့ သူတို့၏ ခရီးဆုံးပန်းတိုင်သို့ ရောက်ရှိတော့ပေမည်။
သူတို့ ကုန်ဆုံးခဲ့သည့် အချိန်က မျှော်လင့်ထားသည်ထက် အနည်းငယ် လျော့နည်းခဲ့သည်။ သူတို့ဟာ ချင်းဟယ် ခရိုင်သို့ ရောက်ရှိရန် အနည်းဆုံး သုံးရက်နှင့် သုံးည ကြာမြင့်မည်ဟု ထင်ထားခဲ့ကြ၏။
သို့သော်ယခုလောက်အစောကြီးရောက်ရှိလာမည်ဟုသူတို့မျှော်လင့်မထားခဲ့ပေ...