အခန်း ၉၅ : နက်နဲထူးဆန်းသည့် မျက်နှာဖုံး၏ ကောင်းကင်ဝါးမျိုခြင်း မိစ္ဆာနည်းစနစ်
မိစ္ဆာကျင့်ကြံသူ အများစုက ဖြောင့်မတ်လမ်းစဉ်မှ ကျင့်ကြံသူများ ဖြစ်ကြပြီး သူတို့ဟာ ချီသွေဖည်သွားပြီးနောက်မှ ပြောင်းလဲသွားကြခြင်း ဖြစ်လေသည်။
ထို့ကြောင့် ချီသွေဖည်ပြီးသား လူတစ်စုက ဘယ်လိုလုပ် ပုံမှန် ဖြစ်နိုင်မည်နည်း။
"စီနီယာ"
ချန်ချန်ရွှယ်ဟာ မိစ္ဆာ တစ်ကောင်ကို ရင်ဆိုင်နေရသော်လည်း သူ့ကို စီနီယာဟု ခေါ်နေဆဲ ဖြစ်၏။ သူမ၏ လေသံ ပြောင်းလဲခြင်း မရှိပေ။ "ကျွန်မ စမ်းသပ်မှုလေး တစ်ခု လုပ်ဖို့ အရှင့်ကို ငှားရမ်းချင်ရုံပါ"
မိစ္ဆာက အံ့သြသော မျက်နှာထား ပြသလိုက်သည့် အချိန်တွင် ချန်ချန်ရွှယ်ဟာ သူ့အနားသို့ အလွန် နီးကပ်စွာ ရောက်ရှိနေပြီ ဖြစ်၏။
စကားပြောခြင်းမှလွဲ၍ မလှုပ်ရှားနိုင်သည့် ဤမိစ္ဆာကို ကြည့်ပြီး ချန်ချန်ရွှယ်၏ အခြား လက်တစ်ဖက်က သူ့မျက်နှာပေါ် ရုတ်တရက် ဖိကပ်လိုက်သည်။
မျက်နှာဖုံး တစ်ခု မိစ္ဆာ၏ မျက်နှာပေါ် ကပ်သွားပြီး မျက်နှာဖုံး မကြပ်မှာ စိုးရိမ်သကဲ့သို့ ချန်ချန်ရွှယ်ဟာ ၎င်းကို ပြင်းပြင်းထန်ထန်ပင် ဖိချလိုက်သည်။
"ကောင်စုတ်မ" မိစ္ဆာဟာ ခဏတာ ကြောင်သွားပြီးနောက် ရုတ်တရက် တုန်လှုပ်ချောက်ချားကာ ဒေါသထွက်လာခဲ့သည်။ "မင်း ဘာလုပ်နေတာလဲ... အကယ်၍ မင်း သတ်ချင် ဖြတ်ချင်ရင် မင်းသဘောအတိုင်း လုပ်လေ ....ယီးမို့ ငါ့ကို အရှက်ခွဲနေတာလားကွ"
သို့သော်သူ စကားဆုံးသွားသည်နှင့် ကြောက်မက်ဖွယ် ကောင်းသော ဝါးမျိုးသည့် စွမ်းအားတစ်ခု နောက်ကလိုက်ပါလာပြီး ဒေါသထွက်နေသည့် မိစ္ဆာ၏ မျက်နှာကို သိသိသာသာ ပြောင်းလဲသွားစေခဲ့သည်။
"ဒါ ဘာလဲ"
"ဒါ ဘာလဲ"
"သေစမ်း"
......
"မင်း ငါ့ကို ဘာလုပ်လိုက်တာလဲ... မြန်မြန် ဒီအရာကို ဖယ်ပေး... ဖယ်ပေး"
"အားးးးး"
ဝမ်းနည်းပက်လက် အော်ဟစ် ညည်းတွားသံများက လူတစ်ယောက်၏ ဆံပင်များကို ထောင်မတ်သွားစေနိုင်လေသည်။ နက်နဲထူးဆန်းသည့် မျက်နှာဖုံး၏ စုပ်ယူအားအောက်တွင် မိစ္ဆာ၏ ခေါင်းက ရွှံ့ကဲ့သို့ စတင် တွန့်လိမ်ရှုံ့တွသွားသည်ကို ချန်ချန်ရွှယ်ဟာ မျှော်လင့်ချက်မဲ့စွာ ကြည့်နေမိခဲ့သည်။
၎င်းက ရွံရှာဖွယ်ရာ ပုပ်သိုးနေသည့် အသားတုံးအဖြစ် ပြောင်းလဲသွားပြီး ထို့နောက် နက်နဲထူးဆန်းသည့် မျက်နှာဖုံး၏ အတင်းအကြပ် မျိုချခြင်းကို ခံလိုက်ရသည်။
ဒါက အဆုံးသတ် မဟုတ်သေးပေ။
မိစ္ဆာ၏ လည်ပင်း၊ ရင်ဘတ်၊ ဝမ်းဗိုက်၊ လက်မောင်းများ၊ ခြေထောက်များ၊ အရိုးများနှင့် အင်္ဂါအစိတ်အပိုင်းများ...
၎င်းတို့ အားလုံး ပုပ်သိုးနေသည့် အသားတုံး အဖြစ် တွန့်လိမ်သွားပြီး နက်နဲထူးဆန်းသည့် မျက်နှာဖုံး၏ အတင်းအကြပ် မျိုချခြင်းကို ခံလိုက်ရသည်။
ထို့နောက် အော်ဟစ်သံ ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး ငြိမ်းချမ်းမှုက ပြန်လည် ရောက်ရှိလာခဲ့လေသည်။
ကြေးဝါ မျက်နှာဖုံးဟာလည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
၎င်း၏ ပုံပန်းသဏ္ဍာန် သိပ်မပြောင်းလဲသော်လည်း ၎င်းက လူများကို ပို၍ပင် မိစ္ဆာဆန်လာသည်ဟု ခံစားရစေသည်။
သူတို့ရှေ့က မြင်ကွင်းက တကယ့်ကို ကြောက်မက်ဖွယ် ကောင်းလှပြီး ချန်ချန်ရွှယ် ဘေးနားက အဘွားအိုတောင် မတုန်ရီဘဲ မနေနိုင်တော့ပေ။
အဲဒီ နက်နဲထူးဆန်းသည့် မျက်နှာဖုံးကို ကြည့်နေသည့် သူမ၏ အကြည့်က သာမန်လူ တစ်ယောက်က သရဲမြင်လိုက်ရသကဲ့သို့ပင်။
"ထင်ထားတဲ့ အတိုင်းပဲ..."
ချန်ချန်ရွှယ်ဟာ အလွန် တုန်လှုပ်သွားသော်လည်း သူမ၏ မျက်နှာကို တည်ငြိမ်အောင် ထိန်းထားပြီး ရေရွတ်လိုက်၏။ "၎င်းက မိစ္ဆာလမ်းစဉ်နဲ့ သက်ဆိုင်တဲ့ အရာတွေကို ပိုကြိုက်တယ်... စိတ်နှလုံးမိစ္ဆာက သူ့ရဲ့ အစာ ဖြစ်သလို ဒီမိစ္ဆာတွေကလည်း သူ့ရဲ့ အစာပဲ"
သူမဟာ နက်နဲထူးဆန်းသည့် မျက်နှာဖုံးကို ကောက်ယူလိုက်သည်။
ဘေးနားမှ အဘွားအိုဟာ ဒါကို မြင်သည့်အခါ တစ်ခုခု ပြောချင်သော်လည်း တွန့်ဆုတ်နေခဲ့သည်။ အရှင်မင်းသမီး အနေဖြင့် ဤမျှ အန္တရာယ်များသော ဝိညာဉ်ပစ္စည်း တစ်ခုကို ကိုင်ဆောင်ထားရန် မသင့်လျော်ဟု သူမ ခံစားရလေသည်။
သို့သော် ဘယ်လို ပြောရမလဲ ဆိုတာ သူမ မသိပေ။
အချိန်များ ကုန်ဆုံးသွားခဲ့သည်။
ချန်ချန်ရွှယ်ဟာ ကောင်းကင်အကျဉ်းထောင် အတွင်း နေ့ဝက်ကျော် ကြာအောင် နေခဲ့သည်။ သူမက နက်နဲထူးဆန်းသည့် မျက်နှာဖုံးကို အသုံးပြုပြီး မိစ္ဆာ ဆယ်ကောင်ကျော် မျိုချစေခဲ့သည်။ ထို့အပြင် ဤမိစ္ဆာ အချို့ဟာ အခြေတည်အဆင့် ဖြစ်ပြီး အချို့က ရွှေအမြုတေ အဆင့် ဖြစ်ကြလေသည်။
နက်နဲထူးဆန်းသည့်မျက်နှာဖုံးက မိစ္ဆာ အများအပြားကို မျိုချလိုက်ပါက သူမ ထိန်းချုပ်နိုင်တော့မည် မဟုတ်ကြောင်း စိုးရိမ်သောကြောင့်သာ မဟုတ်လျှင် ကောင်းကင်အကျဉ်းထောင် အတွင်းရှိ မိစ္ဆာ အားလုံးကို သူမ မျိုချစေခဲ့ပေလိမ့်မည်။
ထိုညတွင် နန်းတော်သို့ ပြန်ရောက်လာသော ချန်ချန်ရွှယ်ဟာ စောစောစီးစီး အိပ်ပျော်သွားခဲ့သည်။
သ်ု့သော် သူမ မအိပ်ပျော်မီ နက်နဲထူးဆန်းသည့် မျက်နှာဖုံးအား သူမမျက်နှာပေါ် တင်ထားဆဲ ဖြစ်လေသည်။
ဘာကြောင့်လဲ ဆိုတာ သူမ မသိပေ။
နက်နဲထူးဆန်းသည့် မျက်နှာဖုံးက ဒီလောက်များတဲ့ မိစ္ဆာတွေကို မျိုချခဲ့ပြီး ဒီလောက်များတဲ့ မိစ္ဆာတွေကို ပုပ်သိုးနေတဲ့ အသားတုံး အဖြစ် ပြောင်းလဲခဲ့သော်လည်း ၎င်းက အလွန် သန့်ရှင်းနေခဲ့သည်။
[သင် အိပ်မက် တစ်ခု မက်ခဲ့သည်။]
[သို့သော် ဒီတစ်ခါ ထာဝရကမ္ဘာ ကို ငုံ့ကြည့်နေသည့် အဖြူရောင် ဝတ်စုံနှင့် ပုံရိပ်ကို သင် အိပ်မက် မမက်ပေ။ သင်ညာ ကြယ်စင်တာရာ ကောင်းကင်ယံထဲရှိ နှစ်ပေါင်း မရေမတွက်နိုင်အောင် သက်တမ်းရှည်လာခဲ့ပြီး ထူးချွန်ပြောင်မြောက်သည့် လူများစွာ ပိုင်ဆိုင်ထားသော နတ်ဘုရားမင်းဆက်တစ်ခု အကြောင်း အိပ်မက် မက်ခဲ့သည်။ သို့သော် မျက်တောင်တစ်ခတ် အတွင်း ၎င်းက လက်ဖဝါး တစ်ဖက်၏ ဖျက်ဆီးခြင်းကို ခံလိုက်ရပြီး စကြဝဠာထဲမှ ထာဝရ ဖယ်ရှားခြင်း ခံလိုက်ရသည်။]
[သင် ထိုပုံရိပ်ကို နောက်တစ်ကြိမ် မြင်လိုက်ရသည်။ ၎င်း၌ သင့်စိတ်ဝိညာဉ်ကို တုန်လှုပ်သွားစေသည့် မိစ္ဆာ အရှိန်ဝါတစ်ခု ရှိနေခဲ့သည်။]
[သင် ၎င်း၏ ဖမ်းစားခြင်းကို ခံလိုက်ရသည်။]
[ပျက်စီးသွားသော နတ်ဘုရားမင်းဆက် အထက်တွင် ရပ်နေသည့် အထွတ်အထိပ် တည်ရှိမှုက တိုက်ဆိုင်စွာပင် သူ၏ အကြည့်ကို သင့်ဘက်သို့ ရွှေ့လိုက်ကြောင်း သင် တွေ့ရှိလိုက်သည်။ သင်နှင့် တစ်ဖက်လူ၏ အကြည့်များ ဆုံတွေ့သွားခဲ့သည်။]
[သင့်စိတ်အာရုံက မခံမရပ်နိုင်သော တုန်လှုပ်မှုတစ်ခုကို လက်ခံရရှိလိုက်သည်။ သင့်ဝိညာဉ်ပင်လယ်နောက်တစ်ကြိမ် ပြိုလဲပျက်စီးသွားခဲ့သည်]
[သင့်သွေးကြောများ ပြတ်တောက်နေခဲ့သည်]
[သင့် ဒန်တျန် ပျက်စီးသွားခဲ့သည်]
[အရာအားလုံးကို ဖျက်ဆီးပစ်နိုင်လောက်အောင် ပြင်းထန်သော တန်ပြန်မှုတစ်ခု ဖြစ်ပေသည်။ အခြေတည်အဆင့်သာ ရှိသေးသည့် သင်ညာ ၎င်းကို ခံနိုင်ရည် မရှိပေ။ သို့သော် အကြောင်းရင်း တစ်ခုခုကြောင့် သင်၌ တစ်ခါမှ မရှိဖူးသည့် မှတ်ဉာဏ်တစ်ခုက သင့်ခေါင်းထဲတွင် နောက်တစ်ကြိမ် ပေါ်လာခဲ့သည်။]
[သင် နာမည်တစ်ဝက်သာ သိထားသော ထိုကျင့်စဉ် နည်းစနစ်၏ နာမည်အပြည့်အစုံကို နောက်ဆုံးတော့ သိရှိလိုက်ရပြီး ၎င်းက ကောင်းကင်ဝါးမျိုးခြင်း မိစ္ဆာ နည်းစနစ်ပင်]
[ကြီးမားသော သတင်းအချက်အလက်ပမာဏများက သင့်မှတ်ဉာဏ်ထဲသို့ ရူးသွပ်စွာ တိုးဝင်လာခဲ့သည်။]
[သင် သေဆုံးသွားခဲ့သည်]
[...]
ချန်ချန်ရွှယ် ရုတ်တရက် မျက်လုံးဖွင့်လိုက်ရာ သူမ၏ ဖြူဖွေးသော နဖူးပြင်ပေါ်မှ ချွေးအေးစက်လေးများ စီးကျလာခဲ့သည်။
"ငါ သေသွားပြီ... အံ့သြစရာ မဟုတ်ပါဘူး"
နက်နဲထူးဆန်းသည့် မျက်နှာဖုံး၏ ပိုမို နက်ရှိုင်းသည့် လျှို့ဝှက်ချက်များကို ထပ်မံ ရှာဖွေလိုပါက သူမ သေချာပေါက် သေဆုံးရမည်ကို သိပေသည်။
ထို့ကြောင့် သူမ ရုတ်တရက် သေဆုံးသွားခြင်းက ပုံမှန်ပင်။
ဘာပဲဖြစ်ဖြစ်... နက်နဲထူးဆန်းသော မျက်နှာဖုံး၏ လျှို့ဝှက်ချက်ကို ပထမဆုံးအကြိမ် ရှာဖွေတုန်းကလည်း သူမ ရုတ်တရက် သေဆုံးခဲ့ရတာပင်။
ထို့ကြောင်ပ သူမ စိတ်ဓာတ်မကျပေ။
သူမ သိပ်အများကြီး မရရှိခဲ့သော ပထမအကြိမ်နှင့် ယှဉ်လျှင် ဒီတစ်ခါ သူမ အများကြီး ရရှိခဲ့လေသည်။
ကျင့်စဉ် နည်းစနစ်၏ နာမည်အပြည့်အစုံကို သိလိုက်ရသည် အပြင် အကြောင်းအရာ၏ တစ်စိတ်တစ်ပိုင်းကိုလည်း သူမ သိရှိလိုက်ရသည်။
ဒါက အကြောင်းအရာ၏ အစိတ်အပိုင်း အသေးစားလေး တစ်ခုသာ ဖြစ်ကြောင်း ချန်ချန်ရွှယ် သိ၏။ ထို့အပြင် အကယ်၍ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်မှ ပေးသော ဆုလာဘ် တွက်ချက်မှုသာ မရှိလျှင် သူမ ၎င်းကို လက်တွေ့ဘဝတွင် အသုံးပြုနိုင်မည် မဟုတ်ပေ။
သို့သော် သူမ ၎င်းကို သရုပ်ဖော် စနစ်ထဲတွင် အသုံးပြုနိုင်လေသည်။
"မဆိုးဘူး"
ချန်ချန်ရွှယ် ပြုံးလိုက်၏။ "နောက်တစ်ကြိမ် မသေမျိုးကျင့်ကြံခြင်းကို သရုပ်ဖော်တဲ့ အခါကျရင် ငါ စမ်းကြည့်လို့ ရတယ်"
...
[သင်ဖိတ်ခေါ်ထားသည့်ကိုယ်စားလှယ်လောင်းချန်ချန်ရွှယ်ဟာဤသရုပ်ဖော်မသေမျိုးကျင့်ကြံခြင်းဘဝတွင် (၂၇) နှစ်၊ (၀၃) လ၊နှင့် (၁၄) ရက်ရှင်သန်ခဲ့သည်။သင်သည်အောက်ပါဆုလာဘ်ကိုရရှိခဲ့ပါသည်]