အခန်း ၉၀ : ချင်းကျောက်- ပစ်မှတ်... မဟာဝေမင်းဆက်၏ နေပြည်တော်
တစ်ချိန်တည်းမှာပင် အခြားတစ်ဖက်၌...
ဒုတိယမြောက် ရွေးချယ်ခံချင်းကျောက်ဟာလည်း ချန်ချန်ရွှယ်ထက် စက္ကန့်အနည်းငယ် နောက်ကျပြီးမှ သရုပ်ဖော် စနစ်ထဲသို့ ဝင်ရောက်လာခဲ့သည်။
[အသက် ၀ နှစ် - သင်သည် မသေမျိုးကျင့်ကြံခြင်း မိသားစု တစ်စုတွင် မွေးဖွားလာခဲ့သည်။]
[အသက် ၁၀ နှစ် - ဝိညာဉ်စွမ်းအင် နှစ်ပေါင်းများစွာ စုဆောင်းပြီးနောက် အဘွားအို နိုးထလာခဲ့သည်။]
[အသက် ၂၀ နှစ် - သင်သည် ကြေးဝါတံခါးကြီး အတွင်းရှိ ကမ္ဘာကို စတင် စူးစမ်းရှာဖွေပြီး အတွင်းရှိ ရတနာများကို လုယူနေပြီ ဖြစ်သည်။]
[အသက် ၂၅ နှစ် - မဟာဝေ မင်းဆက် ဆူပူသောင်းကျန်းနေကြောင်းနှင့် မဟာဝေ ဧကရာဇ်မင်းမြတ်သည် လွန်ခဲ့သော နှစ်အနည်းငယ်က ဝန်ကြီး အများအပြားကို ခေါင်းဖြတ်သတ်ခဲ့ကြောင်း သင် ကြားသိခဲ့ရသည်။ မဟာဝေ မင်းဆက် ဖရိုဖရဲ ဖြစ်နေသောကြောင့် ပြီးခဲ့သည့် သရုပ်ဖော် ဘဝတွင် သင် သေဆုံးခဲ့ရသည်ကို သင် ရုတ်တရက် ပြန်ပြောင်းသတိရလိုက်သည်။]
[အကယ်၍ မဟာဝေ မင်းဆက်သာ ဖရိုဖရဲ မဖြစ်လျှင် သင် ဒီနေရာမှာ ဆက်လက် လုယူနေနိုင်မည်ဟု တွေးမိခဲ့သည်။]
[သို့သော်...]
[၎င်းကို ဖရိုဖရဲ မဖြစ်သွားအောင် သင် ဘယ်လို တားဆီးနိုင်မည်နည်း]
"ဝိုက်တီ ငါ ဘာလုပ်သင့်လဲ.... နင် ဘယ်လိုထင်လဲ"
ချင်းကျောက်ဟာ မိစ္ဆာသားရဲ ဝိုက်တီ၏ ခေါင်းကို ပွတ်သပ်လိုက်၏။ ၎င်း၏ ခေါင်းပေါ်ရှိ ဖြူဖွေးပြီး ချောမွေ့သော အမွေးများက သူမကို အလွန် သက်တောင့်သက်သာ ရှိစေသော ခံစားချက်ကို ပေးစွမ်းသဖြင့် သူမဟာ နောက်ထပ် အကြိမ်အနည်းငယ် မပွတ်သပ်ဘဲ မနေနိုင်တော့ပေ။
သူမက ကြေးဝါတံခါးကြီး အတွင်း၌ နှစ်အနည်းငယ်ကြာအောင် လုယူနေပြီ ဖြစ်သဖြင့် သဘာဝကျကျပင် သူမဟာ ဝိုက်တီနှင့် နောက်တစ်ကြိမ် ပြန်လည် ဆုံတွေ့ခဲ့သည်။
......
ဒီတစ်ခါ ချင်းကျောက် ဝိုက်တီကို ရိုက်ပြီး သတိမေ့သွားအောင် လုပ်လိုက်ကာ တွန့်ဆုတ်မနေဘဲ ခေါ်ထုတ်သွားလိုက်သည်။
သူမ အရင်အတိုင်း ထပ်လုပ်လိုက်ပြီး ၎င်းကို အစာကျွေးရန် ဝိညာဉ်ဆေးပင် အချို့ အသုံးပြုလိုက်သည်။
ထို့နောက်...
သူမဟာ သဘာဝကျကျပင် ၎င်းနှင့် သခင်နှင့် အိမ်မွေးတိရစ္ဆာန် ဆက်ဆံရေးကို နောက်တစ်ကြိမ် တည်ဆောက်ခဲ့လေသည်။
သူမ၏ သားရဲထိန်းကျောင်းခြင်း အတွေ့အကြုံကို ဝိုက်တီနှင့် အတူ အပြည့်အဝ လေ့ကျင့်နိုင်သည်ဟု ချင်းကျောက် ခံစားခဲ့ရသည်။
နောက်တစ်ကြိမ် သူမ မသေမျိုးကျင့်ကြံခြင်းကို သရုပ်ဖော်သည့် အခါကျလျှင်...
သူမ ၎င်းကို အစာကျွေးရန် အခြားနည်းလမ်း ရှာတွေ့နိုင်ပေမည်။
ဝိုက်တီ အားနည်းစွာ ညည်းတွားလိုက်၏။ ၎င်းသည် လွန်ခဲ့သော နှစ်အနည်းငယ်ကမှ မွေးဖွားလာခဲ့သော မိစ္ဆာသားရဲ အကောင်ပေါက်လေး တစ်ကောင်မျှသာ ဖြစ်ပြီး လူစကားပင် မပြောတတ်သေးပေ။
ထို့ကြောင့် ဒီလိုမေးခွန်းမျိုးကို ဘယ်လို ဖြေနိုင်မည်နည်း။
ဒါ့အပြင်...
နှစ်အနည်းငယ်လောက်သာ ရှင်သန်ရသေးသည့် မိစ္ဆာသားရဲ တစ်ကောင် အတွက် ဘာလုပ်ရမလဲ စဉ်းစားဖို့ ဆိုတာ နည်းနည်း ခက်ခဲပေလိမ့်မည်။
ချင်းကျောက် ဝိုက်တီဆီမှ အပြုသဘောဆောင်သော အကြံပြုချက်တစ်စုံတစ်ရာ ရရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူမ ဘာလုပ်ရမှန်း မသိတော့သဖြင့် ပေါ့ပေါ့ပါးပါး မေးလိုက်ရုံသာ ဖြစ်၏။
မျက်မှောင်ကြုတ်ပြီး ခဏလောက် စဉ်းစားကာ ချင်းကျောက် ကိုယ့်ကိုယ်ကိုယ် ရေရွတ်လိုက်သည်။
"အကယ်၍ ချင်းမိသားစုက ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် လျှော့ချလိုက်ရင် ပြီးခဲ့တဲ့ အဖြစ်အပျက်ကို ရှောင်ရှားနိုင်မလား... မဟုတ်ဘူး... မဟုတ်ဘူး..."
"ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက လက်ကျန် စစ်တပ် ဒီကျွန်းပေါ် ရောက်လာတာက ချင်းမိသားစုက ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ရှိလို့ မဟုတ်ဘူး... တစ်ဖက်လူက တိုက်ဆိုင်စွာ ဒီနေရာကို ထွက်ပြေးလာလို့ပဲ"
"ချင်းမိသားစုက ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် လျှော့ချလိုက်ရင်တောင် တစ်ဖက်လူက ဒီလူသူကင်းမဲ့တဲ့ ကျွန်းကို ရှာတွေ့မှာပဲ"
"ချင်းမိသားစုနဲ့ တစ်ဖက်လူကြားမှာ သွေးထွက်သံယို ပဋိပက္ခ ဖြစ်ပွားဦးမှာပဲ"
ကြေးဝါတံခါးကြီး အတွင်းရှိ ကြီးမားသော အရင်းအမြစ် ပမာဏကို တစ်ဖက်လူနှင့် မျှဝေလိုက်မည် ဆိုသည့် အချက်အတွက်မူ....
နိုးပဲ မဖြစ်နိုင်ဘူး......
သူမဆိုသည့် ချင်းကျောက်က ဘယ်လိုလုပ် ဒီလောက် သဘောကောင်းတဲ့ လူဖြစ်နိုင်မည်နည်း။
သူမ အားလုံးကို တစ်ယောက်တည်း ပိုင်ဆိုင်ချင်ပေသည်။
ဒါ့အပြင်...
ရန်သူက သန်မာပြီး ကိုယ်က အားနည်းနေတဲ့ အခြေအနေမျိုးမှာ တစ်ဖက်လူမှာ မကောင်းတဲ့ စိတ်ကူးမရှိဘူးလို့ ဘယ်သူ အာမခံနိုင်မည်နည်း။
အကယ်၍ တစ်ဖက်လူက ချင်းမိသားစုအား နောက်ကျော်မှ ဓားဖြင့်ထိုးလိုက်ပါက အဆုံးသတ်က တူညီနေဦးပေမည်။
'အို...မဟုတ်သေးဘူး...
အဲဒီလို အဆုံးသတ်မျိုးက ပိုတောင် ဆိုးရွားပုံ ရသေးတယ်....သစ္စာဖောက်ခံရပြီး ကျောဘက်က ဓားနဲ့ အထိုးခံရတာက သိပ်ဒေါသထွက်စရာ ကောင်းလွန်းတယ်...'
ချင်းကျောက် စတင် စဉ်းစားလိုက်သည်။
'ပြီးခဲ့တဲ့ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် ဘဝတုန်းက သူမ သေဆုံးရတဲ့ အကြောင်းရင်းနဲ့ အဲဒါရဲ့ အရင်းအမြစ်က ဘာလဲ.....'
'မဟာဝေ စစ်တပ်ရဲ့ လက်ကျန် အကြွင်းအကျန်တွေကြောင့်လား....'
'မဟုတ်ဘူး.... သူတို့ကြောင့် မဟုတ်ဘူး..'
ချင်းကျောက် ရုတ်တရက် သဘောပေါက်သွားသည်။
'မဟာဝေ မင်းဆက်ကြောင့်ပဲ.....'
ဒါပေမဲ့ မဟာဝေ မင်းဆက်ကို ဖရိုဖရဲ မဖြစ်သွားအောင် တားဆီးမယ့် နည်းလမ်းကို ချင်းကျောက် စဉ်းစားလို့ မရပေ။ ဘာလို့လဲဆိုတော့ မဟာဝေ မင်းဆက်ဟာ ဘာလို့ ဖရိုဖရဲ ဖြစ်သွားရလဲ ဆိုတာ အစကတည်းက သူမ မသိလို့ပင်။ 'ဖြစ်နိုင်တာက နန်းတော်ထဲက အရပ်ဘက် စစ်ဘက် အရာရှိတွေ အားလုံးက အားနည်းသူတွေဖြစ်နေလို့လား..'
"ဘာလို့ ဒီလို မလုပ်ရမှာလဲ..."
"ငါ အပြင်ထွက်ပြီး လွန်ခဲ့တဲ့ နှစ်အနည်းငယ် အတွင်း မဟာဝေ မင်းဆက်မှာ ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာ သွားရောက် ကြည့်ရှု စုံစမ်းစစ်ဆေးလိုက်ရင်ရော"
"အကယ်၍ ငါ အပြင်မှာ မတော်တဆ သေသွားရင်တောင် နောက်တစ်ခေါက်ကျရင် အကြောင်းရင်းကို ငါ သိရပြီလေ... အဲဒီကျရင် ပြဿနာကို ဖြေရှင်းမယ့် နည်းလမ်း ငါ ရှာလိုက်မယ်..."
ပြဿနာကို စဉ်းစားရင်း သူမ ကိုယ့်ကိုယ်ကိုယ် ရေရွတ်လိုက်၏။
ဒီအတွေး သူမခေါင်းထဲ ဝင်လာတာနဲ့ မြေကြီးထဲက ပေါက်လာတဲ့ ပေါင်းပင်ရိုင်းတစ်ပင်လိုဖြစ်ကာ သူမ ဘယ်လောက်ပဲ ရှင်းထုတ်ပစ်ပါစေ ချက်ချင်း ပြန်ပေါ်လာပြီး သူမစိတ်ထဲကနေ ထုတ်ပစ်လို့ မရနိုင်တော့ပေ။
တကယ်တော့ ချင်းကျောက်ရဲ့ ဂဏှာမငြိမ်တဲ့ စရိုက်နဲ့ ဆိုရင် ဒီလောက် အချိန်အကြာကြီး လူသူကင်းမဲ့တဲ့ ကျွန်းပေါ်မှာ နေရတာက်ု သူမ သည်းမခံနိုင်တော့ပေ။
ဒီနေရာမှာ ဒီလောက် နှစ်ပေါင်းများစွာ သူမ နေခဲ့ရတဲ့ အကြောင်းရင်းက ကြေးဝါတံခါးကြီး အတွင်းက ရှေးဟောင်း ဂူသင်္ချိုင်းကြောင့်ပင်။
အကယ်၍ အဲဒီ ဂူသင်္ချိုင်းသာ မရှိခဲ့ရင် ချင်းကျောက်ဟာ ဒီနေရာမှာ တစ်နှစ်တောင် နေနိုင်မှာ မဟုတ်ချေ။
သူမ လုပ်နိုင်တာ ဘာမှ မရှိပေ။ သူမမျက်လုံးထဲမှာ ဒီနေရာက ကျင်းရှင်း နန်းတော်ထက်တောင် ပိုပျင်းစရာ ကောင်းနေခဲ့လေသည်။
အဲဒီ ရတနာတွေ အတွက်သာ မဟုတ်ရင် ဘယ်သူက နေချင်မည်နည်း။
"ဝိုက်တီ..."
ချင်းကျောက် ဝိုက်တီရဲ့ ခေါင်းကို ပုတ်လိုက်သည်။ ၎င်းရဲ့ ရှုပ်ထွေးနေတဲ့ အကြည့်အောက်မှာပဲ ချင်းကျောက် ပြုံးပြီး ပြောလိုက်၏။ "ပြင်ပကမ္ဘာကို သွားကြည့်ဖို့ စိတ်ဝင်စားလား"
ဝိုက်တီ သူ့ခေါင်းကြီးကို စောင်းလိုက်ပြီး ပြင်ပကမ္ဘာ ဆိုတာ ဘာကို ဆိုလိုလဲ နားမလည်ပဲဖြစ်နေခဲ့သည်။
၎င်းက ကြေးဝါတံခါးကြီး အတွင်းမှာ မွေးဖွားခဲ့ပြီး ချင်းကျောက်ရဲ့ ဘေးနားမှာပဲ ကြီးပြင်းလာခဲ့ခြင်းပင်။
ဒီနေရာကနေ တစ်ခါမှ မထွက်ခွာဖူးရာ ပြင်ပကမ္ဘာနဲ့ ပတ်သက်ပြီး ၎င်းမှာ ဘာအမှတ်တရမှ မရှိပေ။
"ထားလိုက်ပါတော့"
၎င်းရဲ့ တုံးအပြီး ချစ်စရာကောင်းတဲ့ ပုံစံလေးကို မြင်တော့ ချင်းကျောက် သူ့အစား ဆုံးဖြတ်ချက် ချပေးလိုက်သည်။ သူမ ဝိုက်တီကို ရိုက်ချလိုက်ရာ ရိုက်ချက်ကြောင့် ကျယ်လောင်တဲ့ အသံ ထွက်ပေါ်လာခဲ့သည်။
"ဆုံးဖြတ်လိုက်ပြီ... နောက်ရက်အနည်းငယ်နေရင် ငါ နင့်ကို အပြင်ခေါ်သွားပြီး ကစားကြမယ်.... ပြီးတော့ မဟာဝေ မင်းဆက်မှာ ဘာဖြစ်ခဲ့လဲ ဆိုတာ သွားကြည့်ကြမယ်... မဟာဝေ မင်းဆက်ရဲ့ နေပြည်တော်ကို သွားနိုင်ရင် အကောင်းဆုံးပဲ...အဲဒီမှာမှ သတင်းအချက်အလက် တချို့ ရနိုင်မှာ"
ဒီကိစ္စကို ချင်းမိသားစု ခေါင်းဆောင်အား သူမ ဖုံးကွယ်မထားခဲ့ပေ။ သူမ ကျွန်းပေါ်ကနေ အချိန်ကာလ တစ်ခုလောက် ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ကြောင်း သူ့ကို ပြောပြလိုက်သည်။
သူ ကြားလိုက်တဲ့အခါ ကြောင်အသွားသည်။ "သမီးက နေပြည်တော်ကို သွားမလို့လား"
သူ နားမလည်နိုင် ဖြစ်သွားခဲ့ရသည်။ "ဘာလို့ နေပြည်တော်ကို သွားမှာလဲ... အဲဒီနေရာက ငါးတွေနဲ့ နဂါးတွေ ရောနှောနေတဲ့ နေရာ ပြီးတော့ ပုန်းအောင်းနေတဲ့ နဂါးတွေနဲ့ ဝပ်နေတဲ့ ကျားတွေ ရှိတဲ့ နေရာလေ.... ဆွဲထုတ်လိုက်တဲ့ ဘယ်သူမဆို အခြေတည်အဆင့် ဖြစ်နေနိုင်တယ်.... သိပ်အန္တရာယ် များလွန်းတယ်"
ကံမကောင်းစွာနဲ့ မိသားစုထဲမှာ ချင်းကျောက်က လုပ်ပိုင်ခွင့် အာဏာရှိရာ ချင်းမိသားစု ခေါင်းဆောင်က သူမကို ဖျောင်းဖျဖို့ ကြိုးစားရုံသာ တတ်နိုင်ပြီး သူ့သမီးရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲလို့ မရနိုင်ခဲ့ပေ။
ချင်းကျောက်ကို သူ ဖျောင်းဖျနိုင်မတဲ့လား..... ရယ်စရာပင်......
မူလဝိညာဉ် အဆင့် ကျင့်ကြံသူ ဖြစ်တဲ့ ကျင်းရှင်း နန်းတော်သခင်မတောင် ချင်းကျောက်ကို မထိန်းချုပ်နိုင်ခဲ့တာ အခြေတည်အဆင့်မှာသာ ရှိသေးတဲ့ ချင်းမိသားစု ခေါင်းဆောင် အနေနဲ့ ဘယ်လိုလုပ် လုပ်နိုင်မည်နည်း။
ထို့ကြောင့် ရက်အနည်းငယ် ကြာပြီးနောက်...
[သင် သင့်ခရီးဆောင်အိတ်ကို စတင် ပြင်ဆင်ပြီး လာမယ့် နှစ်အနည်းငယ် အတွင်း မဟာဝေ မင်းဆက် ဘာကြောင့် စစ်ပွဲထဲ ကျရောက်သွားမလဲ ဆိုတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးဖို့ ပြင်ဆင်လိုက်သည်။ သင့်ဖခင်က သင့်ကို ဖျောင်းဖျဖို့ ကြိုးစားသော်လည်း သင်ဟာ သူ့ရဲ့အကြံပေးချက်ကို နားမထောင်ခဲ့ပေ။ သင့်အိမ်မွေးတိရစ္ဆာန် ဝိုက်တီကို ခေါ်ပြီး ကျွန်းပေါ်မှ အတူတကွ ထွက်ခွာလာခဲ့သည်။]
[အသက် ၂၆ နှစ် - သင် အခြေတည်အဆင့် (၃) သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သည်]
[သင် ကုန်သည်အဖွဲ့တစ်ခုထဲ စိမ့်ဝင်လိုက်သည်။ ဤကုန်သည်အဖွဲ့၏ ခရီးဆုံးပန်းတိုင်မှာ မဟာဝေ နေပြည်တော် ဖြစ်ပြီး ထူးခြားသည့် ခွန်အား ရှိသောကျင့်ကြံသူ အများအပြားလည်း အတူတကွ ခရီးသွားနေခဲ့ကြသည်။ ဤသည်က ကျင့်ကြံသူများ တည်ထောင်ထားသော ကုန်သည်အဖွဲ့ ဖြစ်ပုံရသည်။ ကျင့်ကြံသူများ အတွက် ဘယ်လောက် ခက်ခဲလိုက်သလဲ ဆိုသည်ကို သင် သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ ကျင့်ကြံခြင်းကို အာရုံစိုက်ရသည့် အပြင် ဝိညာဉ်ကျောက်တုံး အချို့ ရရှိရန် နည်းလမ်းများကိုလည်း သူတို့ စဉ်းစားရသေးပေသည်။]
[အသက် ၂၇ နှစ် - မဟာဝေ မင်းဆက်၏ နယ်မြေသည် အလွန် ကျယ်ပြန့်လှရာ ကျင့်ကြံသူ အုပ်စုဟာ မဟာဝေ မင်းဆက်၏ နေပြည်တော် အပြင်ဘက်သို့ နောက်ဆုံး ရောက်ရှိရန် တစ်နှစ်တိတိ အချိန်ယူခဲ့ရသည်။]
[မိုးထိအောင် မြင့်မားသော မြို့ရိုးကြီးကို မြင်လိုက်ရသောအခါ သင် အနည်းငယ် တုန်လှုပ်သွားခဲ့သည်]
"ဒီမြို့ရိုးက ကျင်းရှင်း နန်းတော်ရဲ့ ပင်မတောင်ထိပ်ထက်တောင် ပိုမြင့်နေပါလား..."
ချင်းကျောက် သူမရှေ့က မိုးထိအောင် မြင့်မားသည့် တံတိုင်းကြီးကို မော့ကြည့်ပြီး သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။
…