အခန်း ၈၅ : ရွေးချယ်ခံ အမှတ် (၃) အား ရှာတွေ့ခြင်း
'လေလွှင့်ကျင့်ကြံသူ.....'
'ရွှေအမြုတေ အဆင့် လေလွှင့်ကျင့်ကြံသူ ဟုတ်လား...'
အခြားတစ်ဖက်တွင် နေပြည်တော်နှင့် ပြည်နယ်မြို့တော်မှ ကျင့်ကြံသူ အဖွဲ့ဟာ တစ်ယောက်ကို တစ်ယောက် တုန်လှုပ်စွာ ကြည့်မနေဘဲ မနေနိုင်တော့ပေ။ သူတို့အားလုံးဟာ တစ်ယောက်မျက်လုံးထဲက အံ့သြမှင်သက်မှုကို တစ်ယောက် မြင်နေခဲ့ရသည်။
လေလွှင့် ကျင့်ကြံသူများတွင် ပုံမှန်အားဖြင့် ဆရာသခင်များ မရှိကြသလို သူတို့ အသုံးပြုသော ကျင့်စဉ်များကလည်း အမျိုးမျိုး ကွဲပြားနေတတ်ကြလေသည်။
နှစ်ပေါင်းများစွာ ပင်ပင်ပန်းပန်း ကျင့်ကြံပြီးနောက် အခြေတည်အဆင့် (၁) ကို ရောက်ရှိနိုင်ခြင်းကပင် လေလွှင့်ကျင့်ကြံသူများကြား၌ ထူးခြားသော ပါရမီရှင် ဖြစ်နေပေပြီ။
သို့သော် ယခု၌ ရွှေအမြုတေ အဆင့် လေလွှင့်ကျင့်ကြံသူ တစ်ယောက် တကယ် ရှိနေခဲ့လေသည်။
ယုံနိုင်စရာ မရှိသလို တစ်ခါမှလည်း မကြားဖူးခဲ့ပေ။
သို့မဟုတ် တစ်ဖက်လူက သတိရှိပြီး သူတို့ဂိုဏ်းကို ထုတ်မပြောချင်တာလည်း ဖြစ်နိုင်ပေသည်။
မဟာယန် မင်းဆက်မှ မင်းသမီးက အနက်ရောင်ဝတ် အဘိုးအိုကို အကြည့်တစ်ချက် ပေးလိုက်၏။
အနက်ရောင်ဝတ် အဘိုးအိုက ချက်ချင်း နားလည်လိုက်ပြီး အသံလွှင့်ကာ ဆက်ပြောလိုက်သည်။
"ငါတို့က မဟာယန် မင်းဆက်က ကျင့်ကြံသူတွေပါ... မိစ္ဆာဂိုဏ်းက လူဆိုးလူမိုက်တွေ မဟုတ်ပါဘူး... ဒီလို လူသူကင်းမဲ့တဲ့ တောင်တန်းထဲမှာ တွေ့ဆုံရတာ ရေစက် ပါနေမှတော့ ကိုယ့်ကိုယ်ကိုယ် မဖော်ပြဘဲ ဘာလို့ နေနေမှာလဲ"
မသိသော ကျင့်ကြံသူ တစ်ဦး ရှိနေသည်ကို မသိချင်ယောင်ဆောင်ရန် ထင်ရှားစွာပင် မဖြစ်နိုင်ပေ။
အထူးသဖြင့် သူတို့ အန္တရာယ်ရှိသော အခြေအနေမှ ထွက်ပြေးလွတ်မြောက်လာတာ မကြာသေးသဖြင့် သူတို့၏ အာရုံကြောများက အနည်းငယ် တင်းမာနေသေးခဲ့သည်။
ထို့ကြောင့် လျှို့ဝှက်ဆန်းကြယ်သည့် ကျွမ်းကျင်သူ တစ်ဦးက အမှောင်ထဲတွင် ဆက်လက် ပုန်းအောင်းနေခြင်းကို လုံးဝ သည်းမခံနိုင်ပေ။
တစ်ဖက်လူက ဘာမှ မလုပ်လျှင်တောင် သူတို့ အကြောင်းပြချက် မရှိဘဲ တွေးတော ပူပန်နေရပေလိမ့်မည်။
အပြန်အလှန် သံသယ ဝင်နေခြင်းကို ရှောင်ရှားရန် တစ်ယောက်နှင့် တစ်ယောက် ရိုးသားပြီး ရှင်းရှင်းလင်းလင်း ပြောဆိုလိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။
သို့မဟုတ်လျှင်...
အရင်က သူတို့ကြားတွင် ရန်ငြိုး မရှိခဲ့လျှင်တောင် ရန်ငြိုးက တဖြည်းဖြည်း ကြီးထွားလာလိမ့်မည်။
မကြာမီပင် ဤလူအုပ်စု၏ အကြည့်အောက်၌ ပုံရိပ်တစ်ခု ည၏ အမှောင်ထုထဲမှ ထွက်ပေါ်လာခဲ့သည်။
ထိုပုံရိပ်အား ကြည့်ကာ လူတိုင်း ကြောင်အသွားခဲ့ကြသည်။
'ငယ်လိုက်တာ...'
'သိပ်ငယ်လွန်းတယ်...'
သူတို့စိတ်ထဲတွင် ရွှေအမြုတေ အဆင့် ကျင့်ကြံသူ တစ်ဦး ဆိုလျှင် သက်လတ်ပိုင်း အမျိုးသား တစ်ဦး၏ ပုံရိပ်မျိုး ရှိရမည် မဟုတ်လော။
အထူးသဖြင့် တစ်ဖက်လူက လေလွှင့်ကျင့်ကြံသူ ဖြစ်သည်ဟု ပြောဆိုထားရာ လေလွှင့်ကျင့်ကြံသူ တစ်ဦး ရွှေအမြုတေ အဆင့်သို့ ချိုးဖျက်ဝင်ရောက်ရန် ပို၍ပင် အချိန်ကြာမြင့်မည်ဖြစ်ရာ ဆံပင်ဖြူ အဘိုးအို တစ်ဦး၏ ပုံရိပ်မျိုး ဖြစ်သင့်ပေသည်။
'ဒါ...'
သူတို့ထဲမှ လူအနည်းငယ်ဟာ သူတို့၏ အကြည့်များအား မင်းသမီးဆီ ရွှေ့မကြည့်ဘဲ မနေနိုင်တော့ပေ။
အဘယ်ကြောင့်ဆိုသော် အပေါ်ယံ ကြည့်လျှင် ထိုလူ၏ အသက်က မင်းသမီးနှင့် နီးပါး တူညီပုံ ရနေသောကြောင့် ဖြစ်၏။
ထို့အပြင် တစ်ဖက်လူက ရွှေအမြုတေ အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး မင်းသမီးမှာမူ အခြေတည်အဆင့် (၂) တွင်သာ ရှိသေးလေသည်...
"အဟွတ် အဟွတ်"
လူတိုင်း ချက်ချင်း သူတို့အကြည့်များကို ပြန်ရုပ်သိမ်းလိုက်ပြီး သူတို့ရင်ထဲမှ အတွေးများကို ဖျောက်ဖျက်လိုက်သည်။
လေလွှင့်ကျင့်ကြံသူ တစ်ဦးက ပါရမီချင်း ယှဉ်ရာတွင် မင်းသမီးနှင့် ဘယ်လိုလုပ် ယှဉ်နိုင်မည်နည်း။ ဒါ သေချာပေါက် သူ့ရုပ်ရည်သွင်ပြင်ကို ထိန်းသိမ်းထားနိုင်စွမ်း ရှိသည့် ဘိုးတော်ကြီး တစ်ကောင်သာ ဖြစ်ရပေမည်။
"အရှင်.... အရှင် သတိထားနေတယ် ဆိုတာ ကျွန်မ သိပါတယ်... ဒါက မဟာယန် မင်းဆက်ရဲ့ တော်ဝင် စာရွက်စာတမ်းပါ... အဲဒီအပေါ်မှာ မဟာယန် မင်းဆက်ရဲ့ ရွှေတံဆိပ်တုံး ပါရှိပြီး တိုင်းပြည်ရဲ့ ကံတရားအငွေ့အသက် အနည်းငယ် ပါရှိတယ်... ဒီပစ္စည်းက ကျွန်မတို့ မိစ္ဆာဂိုဏ်းက လူဆိုးတွေ မဟုတ်ကြောင်း သက်သေပြနိုင်ပါတယ်"
နေပြည်တော်နှင့် ပြည်နယ်မြို့တော်မှ လူအုပ်စုထဲတွင် တစ်စုံတစ်ယောက်က စာရွက်စာတမ်း တစ်ခု ထုတ်ယူပြီး ဖြန့်ပြလိုက်သည်။
ခန့်ညားထည်ဝါပြီး ဖြောင့်မတ်သည့် အရှိန်ဝါတစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွားသော်လည်း အနက်ရောင်ဝတ် အဘိုးအိုက လျင်မြန်စွာ ဖိနှိပ်လိုက်၏။
အနက်ရောင်ဝတ် အဘိုးအို၏ မျက်နှာက အေးစက်သွားပြီး မျက်မှောင်ကြုတ်ကာ ကြိမ်းမောင်းလိုက်သည်။
"မင်း မိစ္ဆာကြီး တစ်ကောင်ကို မျှားခေါ်ချင်နေတာလား"
ထိုလူဟာ ရုတ်တရက် သဘောပေါက်သွားပြီး စာရွက်စာတမ်းကို အလျင်စလို ပြန်သိမ်းလိုက်သည်။ သူ့မျက်နှာတွင် အရှက်ရမှုများ ပြည့်နှက်နေခဲ့လေသည်။
ရုတ်တရက် နူးညံ့သောအသံ တစ်သံ ထွက်ပေါ်လာခဲ့သည်။
"အရှင်... အကယ်၍ အရှင် အဲဒီဘက်ကို သွားချင်တယ် ဆိုရင် လမ်းလွှဲကသွားတာ ပိုကောင်းပါလိမ့်မယ်.... ကျွန်မတို့ ရွှေအမြုတေ အဆင့် (၁၀) မိစ္ဆာကြီး တစ်ကောင်ရဲ့ လိုက်ဖမ်းတာ ခံခဲ့ရလို့ပါ.... အဲဒီ မိစ္ဆာကြီးက အနောက်ကနေ ထပ်ကြပ်မကွာ လိုက်လာသေးလား ဆိုတာ ကျွန်မတို့ မသိပါဘူး"
"တစ်လမ်းလုံး ထွက်ပြေးလာပြီးနောက်မှာ ကျွန်မတို့ စီးလာတဲ့ ပျံသန်းရေး လှေကလည်း ဆိုးဆိုးရွားရွား ပျက်စီးသွားပြီး အခုကျွန်မတို့ ဓားစီးပြီးပဲ သွားလို့ ရပါတော့တယ်"
"အကယ်၍ အရှင် အဲဒီဘက်ကို သွားမယ် ဆိုရင် အဲဒီ မိစ္ဆာကြီးနဲ့ တွေ့ဆုံဖို့ ဖြစ်နိုင်ခြေ သိပ်များပါတယ်"
"အဲဒါက အမွေးမပါတဲ့ ငှက်တစ်ကောင်နဲ့ တူတဲ့ မိစ္ဆာကြီးပါ... အဲဒါက စွမ်းအားကြီးပြီး အလွန် ကြမ်းတမ်းပါတယ်.... အရှင်သတိထားဖို့ လိုပါလိမ့်မယ်"
သူမ၏ ကြင်နာသော သတိပေးမှုက လူသားရုပ်သေး၏ အာရုံကို ဆွဲဆောင်သွားပြီး လှမ်းကြည့်လိုက်သည်။
အသက် နှစ်ဆယ်ကျော် အရွယ်ခန့် ရှိပုံရသော အမျိုးသမီး တစ်ဦးဖြစ်ကာ သူမက ပိုင်ယီထက် နှစ်အနည်းငယ်ခန့် ပိုကြီးလောက်ပေသည်။
သူမ၌ ထူးခြားသည့် အရှိန်ဝါတစ်ခု ရှိနေပြီး အကယ်၍ သာမန် ချီစုစည်းမှု အဆင့် ကျင့်ကြံသူ တစ်ယောက်သာ သူမနှင့် တွေ့ဆုံပါက ဤအရှိန်ဝါ၏ ဖိအားအောက်တွင် ခေါင်းမော့ပြီး သူမမျက်လုံးကို ကြည့်ရဲသည့် သတ္တိပင် ရှိလိမ့်မည် မဟုတ်ပေ။
ဤကဲ့သို့သော အရှိန်ဝါက လူများကို သူမ၏ ပြိုင်ဘက်ကင်းသော အလှတရားကို အလွယ်တကူ ကျော်ကြည့်သွားစေနိုင်ပေသည်။ ထိုအချက်မှ တဆင့် သူမ၏ ကိုယ်ပိုင်အမှတ်အသား ရိုးရှင်းမည် မဟုတ်ကြောင်း မြင်နိုင်လေသည်။
ဤလူအုပ်စု ချင်းဟယ် ခရိုင်သို့ မရောက်သေးသည့် အကြောင်းရင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။ တကယ်တော့ သူတို့ လမ်းတွင် ဤကဲ့သို့သော ကိစ္စမျိုး ကြုံတွေ့ခဲ့ရခြင်း ဖြစ်၏။
အကယ်၍ ဤလူများ ပျံသန်းရေး လှေကို ပုံမှန် မောင်းနှင်လာခဲ့ပါက သူတို့ဟာ ချင်းဟယ် ခရိုင်သို့ တစ်ရက်အတွင်း ရောက်ရှိနိုင်သည်။
ပျံသန်းရေး လှေ အချို့၏ အမြန်နှုန်းက မူလဝိညာဉ် အဆင့်နှင့် ယှဉ်နိုင်ပေသည်။ သို့သော် သူတို့၏ ပျံသန်းရေး လှေ ပျက်စီးသွားပြီ ဖြစ်သဖြင့် သူတို့၏ အမြန်နှုန်းကို ဆိုးရွားစွာ နှေးကွေးသွားစေခဲ့သည်။
အထူးသဖြင့် ဤလူအုပ်စု အတွင်း၌ ရွှေအမြုတေ အဆင့် ကျင့်ကြံသူ တစ်ဦးတည်းသာ ရှိပြီး ကျန်သူများမှာ အခြေတည်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။
အခြေတည်အဆင့် ကျင့်ကြံသူတစ်စုဖြင့် ဓားစီးပြီး ဘယ်လောက် မြန်မြန် ပျံသန်းနိုင်မည်နည်း။
ယခု လူသားရုပ်သေး၏ မြင်ကွင်းမှ တဆင့် နေပြည်တော်မှ ထိုပုဂ္ဂိုလ်ကြီးက လက်ရှိ မဟာယန် မင်းဆက် ဧကရာဇ်မင်းမြတ်၏ သမီးတော် သို့မဟုတ် မြေးတော် ဖြစ်ကြောင်း ပိုင်ယီ အတည်ပြုလိုက်သည်။
သူမ တကယ့်ကို ပုဂ္ဂိုလ်ကြီး တစ်ယောက် ဖြစ်ပေသည်။
ထို့အပြင် ဤကဲ့သို့ ငယ်ရွယ်သော အရွယ်တွင် အခြေတည်အဆင့် (၂) သို့ ရောက်ရှိနေပြီ ဖြစ်ရာ ကျင့်ကြံခြင်း အမြစ်ဟာလည်း ချန်ချန်ရွှယ် နှင့် ချင်းကျောက် တို့ထက် နိမ့်ကျမည် မဟုတ်ပေ။ ဆိုလိုသည်မှာ ဤသည်က ရွေးချယ်ခံအမှတ် (၃) အတွက် အကောင်းဆုံး ကိုယ်စားလှယ်လောင်းဖြစ်နေသည်ဆိုတာပင်။
ပိုင်ယီဟာ လူသားရုပ်သေးကို ထိန်းချုပ်ပြီး လျှောက်သွားနေရခြင်း၏ ရည်ရွယ်ချက်မှာ ရွေးချယ်ခံ အမှတ် (၃)အား ရှာဖွေရန် ဖြစ်လေသည်။
ယခု၌ သူဟာ ရှာတွေ့ခဲ့ပေပြီ။
သို့သော် သူမအား တိုက်ရိုက် ပြန်ပေးဆွဲရန် မဖြစ်နိုင်ပေ။ ဘေးတွင် စောင့်ကြည့်နေသော ရွှေအမြုတေ အဆင့် ကျင့်ကြံသူ တစ်ယောက် ရှိနေခဲ့သည်။
သို့သော် ကံကောင်းသည်က သူမအား ပြန်ပေးဆွဲရန် မလိုအပ်ပေ။ အဘယ်ကြောင့်ဆိုသော် သူမက ချင်းဟယ် ခရိုင်သို့ သွားနေသောကြောင့် ဖြစ်၏။
လစ်ဟင်းနေသော တစ်ခုတည်းသော အရာမှာ တစ်ဖက်လူနှင့် ပတ်သက်သည့် အခြေခံ သတင်းအချက်အလက်ပင် ဖြစ်သည်။
သူမကို ကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲ ဖိတ်ခေါ်နိုင်ရန် အတွက် ပိုင်ယီဟာ မင်းသမီးနှင့် ပတ်သက်သည့် အခြေခံ သတင်းအချက်အလက်ကို သိရှိထားရန် လိုအပ်ပေသည်။
သူမကို သူ့၏ ရွေးချယ်ခံလူသား ဖြစ်လာစေချင်သည်။
ပိုင်ယီ လူသားရုပ်သေးကို ထိန်းချုပ်ပြီး ပြန်ပြောလိုက်သည်။
"သတိပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်... ကျွန်တော် ဘယ်မှ မသွားပါဘူး.... အနီးအနားမှာ မြင့်မြတ်သောနှလုံးသား နန်းတော်က မိစ္ဆာကျင့်ကြံသူတွေ ရှိနေတယ်... ကျွန်တော် ဒီမှာ သဲလွန်စ တချို့ ရှာနေတာပါ"
ပိုင်ယီဟာ သူတို့ ချင်းဟယ် ခရိုင်ကို လာရသည့် ရည်ရွယ်ချက်ကို ကောင်းစွာ သိရှိထားသဖြင့် မြင့်မြတ်သောနှလုံးသား နန်းတော်ဆိုသည့် စကားလုံးကို ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်ခြင်း ဖြစ်၏။
ဒါက တစ်ဖက်လူနှင့် ပိုမို နက်ရှိုင်းသည့် စကားဝိုင်းတစ်ခု ပြောဆိုနိုင်ရန် အတွက် ဖြစ်လေသည်။
ထင်ထားသည့် အတိုင်းပင်။ လူသားရုပ်သေးက မြင့်မြတ်သောနှလုံးသား နန်းတော်ဟု ပြောလိုက်သောအခါ ဤလူများ၏ မျက်နှာများက ပြောင်းလဲသွားခဲ့ကြသည်။ ပြောင်းလဲမှုက သိပ်သေးငယ်သော်လည်း လူသားရုပ်သေးက ဖမ်းမိလိုက်တုန်းပင်။
မင်းသမီး ခဏလောက် စဉ်းစားလိုက်ပြီး မေးလိုက်သည်။
"အရှင်... အရှင်က မြင့်မြတ်သောနှလုံးသား နန်းတော်က မိစ္ဆာကျင့်ကြံသူတွေကို ရှာဖွေနေတာလား"
လူသားရုပ်သေးက ပြန်ဖြေလိုက်၏။
"ဒီမိစ္ဆာကျင့်ကြံသူတွေက အရပ်မျက်နှာ အားလုံးမှာ ဖျက်ဆီးမှုတွေ လုပ်နေကြတယ်ဆိုတော့ လူတိုင်းက သူတို့ကို သတ်ပစ်ရမယ်"
သူ့အသံက အေးစက်ပြီး အက်ကွဲနေခဲ့ကာ သတ်ဖြတ်လိုစိတ်တစ်ခု ပျံ့နှံ့ထွက်လာခဲ့သည်။ သို့ပေမဲ့ ဤသတ်ဖြတ်လိုစိတ်က သူတို့အား ကြောက်ရွံ့မသွားစေခဲ့ပဲ ထိုအစား သူတို့အား သက်ပြင်းချနိုင်သွားစေခဲ့သည်။
ဖြောင့်မတ် လမ်းစဉ်....
မိစ္ဆာ လမ်းစဉ်....
ကျင့်ကြံခြင်း လောကထဲ၌ ဒီအင်အားစုကြီး (၂) ခုက ရေနဲ့ မီး လိုပင်။
ကြည့်ရတာ ဒီအလွန် ငယ်ရွယ်သည့် ရွှေအမြုတေ အဆင့် လေလွှင့်ကျင့်ကြံသူက ဖြောင့်မတ်လမ်းစဉ်ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ပုံရပြီး ဆိုလိုတာက သူက ရန်သူ မဟုတ်ပေ။
'ဒါ ကောင်းတယ်..'
"ကျွန်မတို့ ဒီကို လာရတဲ့ ရည်ရွယ်ချက်ကလည်း မြင့်မြတ်သောနှလုံးသား နန်းတော်က မိစ္ဆာကျင့်ကြံသူတွေကို စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးဖို့ပါပဲ" မဟာယန် မင်းဆက်၏ မင်းသမီးက တိုးညှင်းစွာ ပြောလိုက်၏။ "လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက နန်းတော်က မြင့်မြတ်သောနှလုံးသား နန်းတော်ကို ဝိုင်းရံပြီး အမြစ်ဖြတ် ချေမှုန်းခဲ့တယ်"
"ဒါပေမဲ့ မိစ္ဆာတွေက ဉာဏ်များလွန်းတော့ ပိုက်ကွန်ထဲကနေ လွတ်မြောက်သွားတဲ့သူတွေ မနည်းမနော ရှိနေခဲ့တယ်.... ဒါ့အပြင်... မြင့်မြတ်သောနှလုံးသား နန်းတော်ရဲ့ နန်းတော်သခင်လည်း နန်းတော်က မသေမျိုးကျင့်ကြံသူတွေကို မယှဉ်နိုင်တဲ့နောက်မှာ လျှို့ဝှက် နည်းစနစ်တစ်ခု သုံးပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်"
"ဒီမှာ မြင့်မြတ်သောနှလုံးသား နန်းတော်က မိစ္ဆာကျင့်ကြံသူတွေ ရှိနေတယ်လို့ ကျွန်မတို့ သိလိုက်ရလို့ မိစ္ဆာတွေရဲ့ ခြေရာတွေကို စုံစမ်းစစ်ဆေးဖို့ ဒီကို လာခဲ့တာပါ"
"ကျွန်မတို့ ရှာတွေ့တာနဲ့..."
သူမ စကားမဆုံးခင်မှာပင် သူမ၏ မျက်နှာက သိသိသာသာ ပြောင်းလဲသွားသလို တခြားသူများလည်း ထိုနည်းတူပင်။
အဘယ်ကြောင့်ဆိုသော် ဤအချိန်တွင် ကြောက်မက်ဖွယ် ကောင်းသည့် အရှိန်ဝါတစ်ခု ဖိချလာသောကြောင့် ဖြစ်၏။
လူတိုင်း အလျင်စလို ခေါင်းမော့ပြီး မဲနက်နေသော မိုးကုပ်စက်ဝိုင်းကို ကြည့်လိုက်ကြပြီး သူတို့၏ မျက်နှာများက လေးနက်သွားခဲ့ကြသည်။
"သောက်ကျိုးနည်း"
ပြည်နယ် အစိုးရ အရာရှိ တစ်ဦး အံကြိတ်ပြီး ပြောလိုက်၏။
"အဲဒီ မိစ္ဆာကြီး လိုက်မီလာပြီ"
"ချီး.... ဘာလို့ သူက ငါတို့ကို ဒီလောက် သဲသဲမဲမဲ လိုက်နေရတာလဲ"
…