အခန်း ၈၀ : လေဟာပြင် ဝိညာဥ်သွေးကြော၊ ချင်းကျောက်သေဆုံးခြင်း
"ရွေးချယ်ခံ (၂) ယောက်က တစ်ယောက်နဲ့ တစ်ယောက် ဆွဲဆောင်မှု ရှိနေကြတာများလား"
မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲက ချင်းကျောက်ရဲ့ အတွေ့အကြုံကို ကြည့်ပြီး သူဟာ ချန်ချန်ရွှယ်ရဲ့ သရုပ်ဖော် အတွေ့အကြုံနဲ့ ပေါင်းစပ်လိုက်၏။
ထို့နောက် သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက် ပိုပြီး နီးကပ်လာပုံရတယ် ဆိုတာ ပိုင်ယီသိလိုက်ရလေသည်။
အစပိုင်းမှာတော့ ဒီရွေးချယ်ခံနှစ်ယောက်ရဲ့ ပြန်လည်ဝင်စားတဲ့ ကိုယ်ပိုင်အမှတ်အသားတွေက တစ်ယောက်နဲ့ တစ်ယောက် ဘာမှ မသက်ဆိုင်ကြပေ။
ဒါပေမဲ့ အချိန်တွေ တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးသွားပြီး သူတို့ မသေမျိုးကျင့်ကြံခြင်းကို အကြိမ်ကြိမ် သရုပ်ဖော်လာတာနဲ့အမျှ သူတို့ဟာ တကယ်ပဲ ပိုပိုပြီး နီးကပ်လာကြသည်။
ချန်ချန်ရွှယ်ရဲ့ သရုပ်ဖော် မသေမျိုးကျင့်ကြံခြင်း ဘဝထဲက လက်ရှိ ကိုယ်ပိုင်အမှတ်အသားက မဟာဝေ မင်းဆက်ရဲ့ မင်းသမီးလေး တစ်ပါးပင်။
ထို့အပြင် ချင်းကျောက် အခု ရောက်ရှိနေတဲ့ နေရာကလည်း... မဟာဝေမင်းဆက်ပင်။
ဒါ့အပြင် ချန်ချန်ရွှယ် ဘဝကို သရုပ်ဖော်နေစဉ်တုန်းက မဟာဝေ မင်းဆက်ထဲမှာ ချင်းမိသားစု လို့ခေါ်တဲ့ ကျင့်ကြံခြင်း မိသားစု တစ်စု ရှိပြီး တစ်ညတည်းမှာပဲ မိသားစုဝင် အားလုံး ခြေရာလက်ရာ မကျန် ပျောက်ကွယ်သွားတယ် ဆိုတာ သူမ ကြားသိခဲ့ရသည်။
ချင်းကျောက်ကလည်း ပင်လယ်ရပ်ခြားမှ ဝေးလံခေါင်သီတဲ့ ကျွန်းပေါ်မှာ ရှိနေခဲ့တာတောင် မဟာဝေ မင်းဆက်ရဲ့ မင်းသားနဲ့ မင်းသမီး အများအပြား သေဆုံးသွားတယ် ဆိုတာကို ကြားသိခဲ့ရသည်။
အရေးကြီးဆုံး အချက်က ဒီတစ်ခါ ချင်းကျောက်က ချန်ချန်ရွှယ်ထက် သိသိသာသာ ပိုပြီး အသက်ရှည်နေခဲ့တာပင်။။
ချန်ချန်ရွှယ် သေဆုံးသွားပြီးနောက်မှာတောင် ချင်းကျောက် အသက်ရှင်နေတုန်းပင်။
ချင်းကျောက်ဆီမှ ရရှိခဲ့တဲ့ သတင်းအချက်အလက် အရ ချန်ချန်ရွှယ် သေဆုံးပြီး နှစ်အနည်းငယ် အကြာမှာ မဟာဝေ မင်းဆက်က ကြီးမားတဲ့ ပြည်တွင်း ပဋိပက္ခ ထဲ ကျရောက်သွားတယ် ဆိုတာ မြင်နိုင်ပြီး ကြီးမားတဲ့ မင်းဆက်ကြီး စတင် ပြိုလဲပျက်စီးလာခဲ့သည်။
တစ်နည်းအားဖြင့် ချန်ချန်ရွှယ်ရဲ့ သေဆုံးမှုက တော်တော်လေး ကြီးမားတဲ့ လိပ်ပြာတောင်ပံခတ်မှုတစ်ခု ဖြစ်စေခဲ့ပြီး မုန်တိုင်းကြီး တစ်ခု ဖြစ်ပေါ်စေခဲ့ခြင်းပင်။
ဒီမုန်တိုင်းက ပင်လယ်ရပ်ခြားက လူသူကင်းမဲ့တဲ့ ကျွန်းပေါ်မှာ ဝေးကွာစွာ ရောက်ရှိနေတဲ့ ချင်းမိသားစုကိုတောင် ရိုက်ခတ်ခဲ့လေသည်။
ဒါက ရွေးချယ်ခံအမှတ် (၂) ဖြစ်တဲ့ ချင်းကျောက်ကိုပါ သက်ရောက်စေခဲ့ပေမဲ့ ချင်းကျောက်ကတော့ ဒီအကြောင်း မသိချေ။
...
မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲတွင်...
ဒီအချိန်မှာ ချင်းကျောက်ဟာ ကြေးဝါတံခါး အတွင်းပိုင်းသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်နေပြီ ဖြစ်လေသည်။ သူမဟာ ဝိုက်တီကို ခေါ်ဆောင်လာတဲ့အကြောင်းရင်းက ဒီမိစ္ဆာသားရဲမှာ အထူး စွမ်းရည်တစ်ခု ရှိနေတာကြောင့်ပင်။ ၎င်းက အန္တရာယ်ကို ကြိုတင်ခန့်မှန်းနိုင်ခြင်းပင်။
ဝိုက်တီရဲ့ အထူး ပါရမီစွမ်းရည်ကနေတဆင့် ချင်းကျောက်ဟာ ဖြစ်လာနိုင်ချေရှိတဲ့ အန္တရာယ်အများအပြားကို ရှောင်ရှားနိုင်ခဲ့သည်။
နောက်ဆုံးတော့ သူမ အမြင်ချင်ဆုံး အရာကို သူမ မြင်တွေ့လိုက်ရပေပြီ။
"ရှူး..."
သူမမျက်စိရှေ့က မြင်ကွင်းကို မြင်လိုက်ရတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်ပေမယ့် သူမ လေအေးတစ်ချက် ရှူသွင်းလိုက်မိတုန်းပင်။ သူမမျက်နှာပေါ်မှာ မယုံကြည်နိုင်မှုတွေ ပြည့်နှက်နေခဲ့သည်။ "ဒါ... ဒါက ဝိညာဉ်သွေးကြော လား... လေဟာပြင် ဝိညာဉ်သွေးကြော"
သူမမျက်စိရှေ့မှာတော့ ဝိညာဉ်ကျောက်တုံး အမြောက်အမြားဟာ တောက်ပတဲ့ အလင်းရောင်တွေ ထုတ်လွှတ်နေခဲ့ပြီး သူမရဲ့ ချောမောလှပတဲ့ မျက်နှာလေးကို အရောင်အမျိုးမျိုးနဲ့ ထွန်းလင်းပေးနေခဲ့သည်။
ဒီအလင်းရောင်က မျက်စိကျိန်းစရာ မကောင်းပေမယ့် ချင်းကျောက်ရဲ့ မျက်လုံးတွေကို ဝိညာဉ်ကျောက်တုံး ပုံစံ ပြောင်းလဲသွားစေလုနီးပါး ဖြစ်စေခဲ့သည်။
'ဒါက လေဟာပြင် ဝိညာဉ်သွေးကြော တစ်ခုပဲ...'
ကြေးဝါတံခါးကြီး အတွင်းမှာ ဝိညာဉ်စွမ်းအင် ဒီလောက် များပြားနေရတဲ့ အကြောင်းရင်းက ဒီဝိညာဉ်သွေးကြောကြောင့်ပင်။
ဒီဝိညာဉ်သွေးကြောကနေ ထုတ်လွှတ်လိုက်တဲ့ ဝိညာဉ်စွမ်းအင် အမြောက်အမြားက ကြေးဝါတံခါးကြီး အပြင်ဘက်ကိုတောင် လျှံကျလာစေပြီး အနီးနားက လူသူကင်းမဲ့တဲ့ ကျွန်းကိုတောင် ဝိညာဉ်စွမ်းအင် ကြွယ်ဝသွားစေခဲ့ပေသည်။
တိုက်ဆိုင်စွာပင် လူသူကင်းမဲ့တဲ့ ကျွန်းကို ချင်းမိသားစုက မိသားစု နေအိမ် အဖြစ် ပြုပြင်ပြောင်းလဲခဲ့တာပေသည်။
ရိုးရိုးရှင်းရှင်း ယုံကြည်နိုင်စရာ မရှိပေ...
ဒီစကားလုံး (၂) လုံးကလွဲရင် ချင်းကျောက် သူမရဲ့ လက်ရှိ စိတ်ခံစားချက်ကို ဘယ်လို ဖော်ပြရမှန်း မသိတော့ပေ။
သူမဟာ စိတ်နဲ့လူနဲ့ မကပ်ဘဲ ရေစီးသံ ကြားလိုက်ရပြီး ကြည့်ရှုဖို့ အမြန် ပြေးသွားလိုက်ရာ သူမရဲ့ လှပတဲ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့သည်။
"ဒါက..."
အရည်အဖြစ် ပြောင်းလဲသွားတဲ့ ဝိညာဉ်စွမ်းအင်တွေဟာ စီးဆင်းနေတဲ့ စမ်းချောင်းလေး တစ်ခုလို ဖြစ်နေခဲ့တာကို ကြည့်နေမိခဲ့သည်။ ဝိညာဉ်စွမ်းအင် စမ်းချောင်း ဘေးနားက မြေဆီလွှာတွေဟာ နှစ်ပေါင်းများစွာ တိုက်စားခံရပြီးနောက် အလွန် ထူးခြားလာပြီး ထိပ်တန်း လက်နက် သန့်စင်ခြင်း ကုန်ကြမ်းပစ္စည်းတစ်ခု ဖြစ်လာခဲ့သည်။
အကယ်၍ မကျင့်ကြံဖူးတဲ့ သာမန်လူတစ်ယောက်ဟာ ဒီနေရာကို လာပြီး မြေဆီလွှာ တစ်ဆုပ်ကို စားလိုက်ရင် မြေဆီလွှာထဲမှာ ပါဝင်တဲ့ ဝိညာဉ်စွမ်းအင် ပမာဏ အမြောက်အမြားကြောင့် ဗိုက်ကွဲသေသွားလိမ့်မယ်လို့ ချင်းကျောက် ခံစားမိပေသည်။
အခုတော့ ဒီလေဟာပြင် ဝိညာဉ်သွေးကြောက သူမအပိုင် ဖြစ်လာခဲ့ပေပြီ။
သို့ပေမဲ့ ချင်းကျောက်ဟာ အနည်းငယ်လည်း စိတ်မသက်မသာ ဖြစ်လာမိခဲ့သည်။
စကားပုံ ရှိသလိုပင် - သာမန်လူ တစ်ယောက်က အပြစ်ကင်းပေမယ့် ချမ်းသာတဲ့ လူတစ်ယောက်က အပြစ်ရှိတယ်။ အကယ်၍ ထိုမျှ အဖ်ုးမဖြတ်နိုင်သည်ပ အရာတို့အား သူမ ပိုင်ဆိုင်မှန်း တစ်ခြားသူတွေသိသွားပါက သူမ ဒုက္ခရောက်နိုင်ပေသည်။
ထို့အပြင် ချင်းကျောက်ဟာ လက်တွေ့ဘဝမှာ ကျင်းရှင်း နန်းတော်သခင်မရဲ့ သမီးဖြစ်ရာ အရာရာကို မြင်ခဲ့ဖူးပေမဲ့ သူမမျက်စိရှေ့က ဒီလို မြင်ကွင်းမျိုး သူမ တစ်ခါမှ မမြင်ဖူးခဲ့ပေ။
ကျင်းရှင်း နန်းတော်က ကျင့်ကြံခြင်း လောကမှာ နာမည်ကြီးတဲ့ ဖြောင့်မတ်ဂိုဏ်းတစ်ခု ဖြစ်ပေမယ့် ဝိညာဉ်သွေးကြော တစ်ခုကို ထိန်းချုပ်ထားနိုင်တဲ့ အတိုင်းအတာအထိတော့ မဟုတ်ပေ။
ဒါ့အပြင် ဒါက လေဟာပြင် ဝိညာဉ်သွေးကြော တစ်ခုဖြစ်ပြီး လုံးဝ တူးဖော်နေစရာ မလိုပေ။
အကယ်၍ ဒီအတိုင်း တိုက်ရိုက် ထားရှိမယ် ဆိုရင် ကျင့်ကြံခြင်း မိသားစု တစ်စုကို အဆုံးမရှိ အကျိုးပြုနိုင်ပေမည်။
ချင်းကျောက် သူမရင်ထဲက အဆုံးမရှိတဲ့ စိတ်လှုပ်ရှားမှုတို့ကို နောက်ဆုံးတော့ ဖိနှိပ်ထားလိုက်နိုင်သည်။
အခုချိန်မှာ သူမခေါင်းထဲမှာ အတွေးတစ်ခုပဲ ရှိတော့လေသည်။
၎င်းက ဒီလောက်ကြီးမားတဲ့ ဝိညာဉ်သွေးကြောကို သူမရဲ့ သိုလှောင်အိတ်ထဲ ဘယ်လို ထည့်ရမလဲဆိုတာပင်။
အကယ်၍ သူမ သိုလှောင်အိတ်ထဲ ထည့်ထားနိုင်မယ် ဆိုရင် ဆုလာဘ် တွက်ချက်တဲ့ အချိန်ထိ သူမ စောင့်ဆိုင်းရုံပင်။
'ငါ ရယူနိုင်မယ့် အခွင့်အရေး ရှိမလားပဲ... ငါ ဆုလာဘ် အနေနဲ့ ဝိညာဉ်သွေးကြော တစ်ခုကို ကံကောင်းရင် ရနိုင်တယ်...'
"ဟူး..." သူမ သယ်ဆောင်လာတဲ့ သိုလှောင်အိတ်တွေရဲ့ နေရာလွတ်ကို ချိန်ဆကြည့်ရင်း ချင်းကျောက်ရဲ့ ခေါင်းထဲက မရေမတွက်နိုင်တဲ့ အတွေးတွေက သက်ပြင်းချသံ အဖြစ်သာ ပြောင်းလဲသွားခဲ့သည်။
အကယ်၍ ပေါင်းစပ်ထားတဲ့ သိုလှောင်အိတ် အလုံး (၁၀၀) ပေးရင်တောင် ဒီအရာကို သူမ ထည့်နိုင်မှာ မဟုတ်ပေ။
ဒါက တကယ် ကြီးမားလွန်းနေးပေသည်။
[သင် ဝိညာဉ်သွေးကြော တစ်ခုလုံးကို အပြင်သို့ ရွှေ့ထုတ်ချင်သော်လည်း မဖြစ်နိုင်ကြောင်း သိလိုက်သည်။ သို့သော် စမ်းချောင်း အဖြစ် ပြောင်းလဲသွားသည့် ဝိညာဉ်အရည်များကို သိမ်းဆည်းရန် သိုလှောင်အိတ် အနည်းငယ်ကို သင် အသုံးပြုလိုက်သည်။ သင် ကြေးဝါတံခါးကြီးကို စွန့်ခွာရမှာ တော်တော်လေး ဝန်လေးနေခဲ့သည်။]
[မဟာဝေ မင်းဆက် အတွင်း ပြည်တွင်း ပဋိပက္ခက ပိုပိုပြီး ပြင်းထန်လာခဲ့သည်။ စွမ်းအားကြီးသည့် အရပ်ဘက် စစ်ဘက် အရာရှိ တချို့ဟာ မဟာဝေ မင်းဆက်၏ နန်းတော် စနစ်မှ ခွဲထွက်သွားကြပြီး ကိုယ်ပိုင် ဘုရင်များ ဖြစ်လာခဲ့ကြသည်။]
[အသက် ၃၁ နှစ် - မတော်တဆမှု တစ်ခု ဖြစ်ပွားခဲ့သည်။ စစ်ရှုံးပြီး ထွက်ပြေးလာသော စစ်သား တစ်စုဟာ ထွက်ပြေးနေစဉ် ချင်းမိသားစု၏ စခန်းချရာ နေရာကို တွေ့ရှိသွားခဲ့ကြသည်။ ဤနေရာတွင် ဝိညာဉ်စွမ်းအင် အလွန် ကြွယ်ဝနေသည်ကို သူတို့ တွေ့ရှိလိုက်ရပြီး ဤကျွန်းကို သိမ်းပိုက်ထားသော ချင်းမိသားစု တပည့်များ အားနည်းသည်ကို တွေ့လိုက်ရသဖြင့် သူတို့ ချင်းမိသားစုနှင့် ပဋိပက္ခ ဖြစ်ပွားခဲ့သည်။]
[ချင်းမိသားစု တပည့် အမြောက်အမြား တိုက်ပွဲအတွင်း သေဆုံးသွားခဲ့ကြသည်။ ရန်သူ၏ ပင်မ စစ်ဗိုလ်ချုပ်သည် ရွှေအမြုတေ အဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်သည်။ သူတို့က ချင်းမိသားစု အတွက် ပြိုင်ဘက် လုံးဝ မဟုတ်ပေ။]
[ချင်းမိသားစု ခေါင်းဆောင်တိုက်ပွဲအတွင်း သေဆုံးသွားခဲ့သည်]
[ချင်းမိသားစု ဘိုးဘေးတိုက်ပွဲအတွင်း သေဆုံးသွားခဲ့သည်]
[သင်သည် သင့်အိမ်မွေးတိရစ္ဆာန် ဝိုက်တီ အတွက် သွေးထွက်သံယို လမ်းကြောင်း တစ်ခု ဖောက်ပေးရန် အစွမ်းကုန် တိုက်ခိုက်ခဲ့သည်။ ချင်းမိသားစု ဘဏ္ဍာတိုက်ထဲက ပစ္စည်းအားလုံး ယူဆောင်သွားရန်နှင့် ကြေးဝါတံခါးကြီးကို လုံးဝ ပိတ်ထားလိုက်ရန် ၎င်းကို သင် ညွှန်ကြားလိုက်သည်။ ပစ္စည်းကောင်းများကို ဒီကောင်တွေအတွက် သင် ချန်မထားခဲ့နိုင်ပေ။]
[သင် ရန်သူစစ်သား အမြောက်အမြားကို သတ်ဖြတ်ခဲ့သည်။ ရွှေအမြုတေ အဆင့် ကျင့်ကြံမှု ရှိသည့် စစ်ဗိုလ်ချုပ်၏ ဒေါသကို သင် ဆွပေးသလို ဖြစ်သွားပြီး ဒေါသတကြီး သင့်ဆီသို့ ပြေးဝင်လာခဲ့သည်။]
[ဝှက်ဖဲ အားလုံး ကုန်ဆုံးသွားပြီ ဖြစ်သည့် သင်ဟာ ရန်သူ့အတွက် ပြိုင်ဘက် မဟုတ်တော့ပေ။]
[သင်ဟာ တိုက်ပွဲအတွင်း အသတ်ခံလိုက်ရလေသည်]
[သင် အသက် (၃၁) နှစ်၊ (၁၀) လ၊ (၁) ရက် အရွယ်တွင် သေဆုံးသွားခဲ့သည်]
...
ချင်းကျောက်၏ သေဆုံးမှုက လျင်မြန်လွန်းပြီး သူမ အချိန်မီ မတုံ့ပြန်နိုင်ခဲ့ပေ။
မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲတွင် သူမဟာ စိတ်လှုပ်ရှားစရာ ကောင်းသည့် အသက်အန္တရာယ်ရှိသည့် တိုက်ပွဲ တစ်ခု ကြုံတွေ့ခဲ့ရနိုင်လေသည်။
သို့သော်...
သာရုပ်ဖော် စနစ်ပေါ်တွင် ပေါ်လာသော စာသား သတိပေးချက်ထဲတွင် စာကြောင်းရေ တစ်ဒါဇင်လောက်ဖြင့်သာ ဒီတိုက်ပွဲကို အေးစက်စွာ ဖော်ပြပြီး အဆုံးသတ်သွားခဲ့သည်။
ချင်းကျောက်တောင် သူမ ဒီလို ကံဆိုးတဲ့ ကိစ္စမျိုး ကြုံရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။
သူမ မျက်လုံး ပြန်ဖွင့်လိုက်သည့်အခါ သူမဟာ လက်တွေ့ဘဝသို့ ပြန်ရောက်နေပြီ ဖြစ်သည်။
ချင်းကျောက်၏ မျက်နှာက သဘာဝကျကျ သိပ်မကောင်းလှပေ။
'သောက်ကျိုးနည်း..'
သူမဟာ ကြေးဝါတံခါးကြီး ဂူသင်္ချိုင်း အတွင်းပိုင်းက အရင်းအမြစ်တွေကို စတင် ရှာဖွေနေခဲ့ပြီး သူမအားနောက်ထပ် (၁၀) နှစ် (၂၀) လောက် ပေးလိုက်ပါက သူမအား ပိုသန်မာလာစေမယ့် ပစ္စည်းကောင်းတွေ အများကြီး သူမ သေချာပေါက် ရိတ်သိမ်းနိုင်ပေမည်။
နောက်ဆုံးတော့ မဟာဝေစစ်တပ် တစ်ခု ဘယ်ကနေမှန်းမသိ ပေါ်ထွက်လာပြီး သူမကို မမျှော်လင့်ဘဲ ဖမ်းမိသွားသည်။
'မဟုတ်ဘူး... အဲဒါက မဟာဝေ မင်းဆက်ရဲ့ စစ်တပ် မဟုတ်တော့ဘူး..'
မသေခင် သူမ ကြားလိုက်ရတဲ့ အရာတွေ အရ အဲဒီ စစ်တပ်က မဟာဝေ မင်းဆက်ကို သစ္စာဖောက်ပြီး ကိုယ်ပိုင် ဘုရင် အဖြစ် ထူထောင်ချင်နေကြတာ ဆိုတာ ချင်းကျောက် သိလိုက်ရသည်။
ဒါပေမဲ့ တစ်ဖက်လူက သိသာထင်ရှားစွာပဲ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းခဲ့ပြီး အရှုံးကိုသာ ရင်ဆိုင်ခဲ့ရလေသည်။
စစ်ရှုံးပြီးနောက် သူတို့ အလျင်စလို ထွက်ပြေးခဲ့ကြပြီး တိုက်ဆိုင်စွာနှင့် ချင်းမိသားစုနယ်မြေအား တွေးသွားခြင်းပင်။
ပုံပြောသူတောင် ဒီလောက် ရယ်စရာကောင်းလောက်အောင် တိုက်ဆိုင်မှုမျိုး ထွင်ပြောဖို့ မရဲပေမယ့် သူမ တကယ် ဒီလို တိုက်ဆိုင်မှုမျိုး ကြုံခဲ့ရပေသည်။
"သောက်ကျိုးနည်း.."
ချင်းကျောက် အံကြိတ်လိုက်၏။
…