အခန်း ၇၅ : သူတော်စင်မ၏ဒုက္ခများ
ချင်းကျောက် ရင်ဆိုင်နေရသည့် ဒုက္ခမှာ သူမအမေ တစ်ယောက်တည်းသာ ရှိပေသည်။ သူမက ကိုယ့်သဘောထားကို လျှော့ချကာ စကားကို ချိုချိုသာသာ ပြောလိုက်ရုံဖြင့် သူမအမေကို အရူးလုပ် လှည့်စားနိုင်လေသည်။
သူမအမေ၏ စရိုက်ကို သူမ နားလည်သည် မဟုတ်ပါလော။
သူမ ကြည့်ရတာ အေးစက်သော်လည်း တကယ်တမ်းကျတော့ လျှာစွမ်းထက်ပြီး စိတ်ထားနုသည့်သူ ဖြစ်သည်။ သူမက သူမသမီးကိုလည်း အလွန် ချစ်မြတ်နိုးဆဲ ပင်။
သို့သော် ချန်ချန်ရွှယ် ဘက်တွင်မူ ကွာခြားမှု ရှိနေခဲ့သည်။ ချန်ချန်ရွှယ်လည်း မမျှော်လင့်ထားခဲ့ပေ...
မနေ့က သူမ နှင်ထုတ်လိုက်သည့် လူက ဒီနေ့ အရှက်မရှိဘဲ ထပ်ရောက်လာခဲ့ပြန်သည်။
ဒါက သူမ၏ စိတ်အခြေအနေကို တကယ် ဆိုးရွားသွားစေခဲ့သည်။
ဝိညာဉ်ဓားဂိုဏ်း၏ သူတော်စင်က မနေ့က ချန်ချန်ရွှယ်၏ ငြင်းပယ်ခံလိုက်ရသည်ကို မေ့သွားပုံ ရပြီး ဒီနေ့မှာ သူ ဟာချန်ချန်ရွှယ်၏ နေအိမ်ဆီ ထပ်ရောက်လာခဲ့ပြန်သည်။
ထို့အပြင်...
ဒီတစ်ခါ သူ တစ်ယောက်တည်း လာခြင်း မဟုတ်ဘဲ ဆံပင်ဖြူ အဘိုးအို တစ်ယောက်နှင့် အတူ လာခြင်း ဖြစ်လေသည်။
ချန်ချန်ရွှယ် အဲဒီ အဘိုးအိုကို မှတ်မိ၏။ တစ်ဖက်လူက ဝိညာဉ်ဓားဂိုဏ်း၏ အဓိပတိ အကြီးအကဲများထဲမှ တစ်ယောက် ဖြစ်ကာ ဝိညာဉ်ဓားဂိုဏ်းထဲတွင် အစစ်အမှန် အာဏာ မရှိသော်လည်း အဆင့်အတန်းက မနိမ့်ပေ။
တစ်ဖက်လူက ရှေးဟောင်း မျိုးဆက်မှ တည်ရှိမှု တစ်ခု ဖြစ်ပြီး လက်ရှိ ဝိညာဉ်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးနှင့် ကျင့်ကြံမှု အဆင့်တွေ တူညီနေသော်လည်း ဒီ အကြီးအကဲ ရှေ့တွင် ဂျူနီယာ တစ်ယောက်သာ ရှိသေးလေသည်။
အရေးကြီးဆုံး အချက်ကတော့...
......
ဤဝိညာဉ်ဓားဂိုဏ်း၏ အဓိပတိ အကြီးအကဲက ဝိညာဉ်ဓားဂိုဏ်း သူတော်စင်၏ ဘိုးဘေး ဖြစ်ပေသည်။
သူမ၏ စိတ်အခြေအနေ သိပ်မကောင်းသော်လည်း လိုအပ်သည့် ကျင့်ဝတ်အတွက် သူမ ကောင်းကောင်း ပြင်ဆင်ထားရပေဦးမည်။ ချန်ချန်ရွှယ် နှုတ်ဆက်လိုက်၏။
"ဂျူနီယာ ချန်ချန်ရွှယ်... အကြီးအကဲ ယု ကို ဂါရဝပြုပါတယ်"
အကြီးအကဲ ယုဟာ သူ့၏ မုတ်ဆိတ်ရှည်ကို သပ်လိုက်ပြီး သူ့အကြည့်က ချန်ချန်ရွှယ် အပေါ် ကျရောက်လာခဲ့သည်။ အထူးသဖြင့် သူမ၏ ကျင့်ကြံမှုကို သူ တွေ့ရှိလိုက်သည့်အခါ နှစ်ပေါင်း ၂၀၀၀ နီးပါး ရှင်သန်ခဲ့သော်လည်း သူ့နှလုံးသား တုန်လှုပ်နေဆဲ ပင်။
'အခြေတည်အဆင့် (၂)...
အသက် ၁၉ နှစ် အရွယ်နှင့် အခြေတည်အဆင့် (၂) တဲ့...'
'ဘယ်လောက် ကြောက်စရာ ကောင်းလိုက်သလဲ...'
အကြီးအကဲ ယု သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။
"သူတော်စင်မက ဝိညာဉ်ဓားဂိုဏ်းရဲ့ နှစ်ထောင်ချီသက်တမ်းတစ်လျောက် အံ့သြစရာ အကောင်းဆုံး တည်ရှိမှု လို့ ဂိုဏ်းချုပ်ကြီးရဲ့ ချီးကျူးတာ ခံရဖို့ တကယ် ထိုက်တန်ပါတယ်... ဝိညာဉ်ဓားဂိုဏ်း တည်ထောင်သူတောင် ကျင့်ကြံခြင်း ရှုထောင့်ကနေ ကြည့်ရင် မင်းနဲ့ မယှဉ်နိုင်ပါဘူး"
အကယ်၍ အဓိပတိ အကြီးအကဲ တစ်ယောက်က ဒီလို ချီးကျူးတာကို ကြားရသည့် အခြား ဝိညာဉ်ဓားဂိုဏ်း တပည့်သာ ဆိုလျှင် ဝမ်းသာလွန်းသဖြင့် သူ့အမြီးတောင် ကော့တက်သွားလောက်ပေသည်။
သို့သော် ချန်ချန်ရွှယ်တွင် ပျော်ရွှင်မှု အနည်းငယ်လေးမျှ မရှိပေ။ ထိုအစား သူမဟာ မကောင်းသည်အာရုံတစ်ခုကို ရနေခဲ့သည်။
သူမ နားလည်လိုက်၏။
သူမကို နှောင့်ယှက်ဖို့ သူတော်စင် ဒီကို ရောက်လာတာက ဒီအကြီးအကဲ ယု ရဲ့ ရည်ရွယ်ချက် ဖြစ်ဖို့ များပေသည်။
တစ်ဖက်လူ၏ ရည်ရွယ်ချက်ကလည်း ရိုးရှင်းသည် မဟုတ်ပေ။
ဖြစ်နိုင်ချေ အရှိဆုံးကတော့ သူတို့ဟာ ဝိညာဉ်ဓားဂိုဏ်းကို ထိန်းချုပ်ချင်နေကြခြင်းပင် ။
ထင်ထားသည့် အတိုင်းပင် ဒီအချိန်မှာ...
အကြီးအကဲ ယု ၏ ခေါင်းစဉ်က ရုတ်တရက် ပြောင်းသွားပြီး ပြုံး၍ ပြောလာခဲ့သည်။
"လောကရဲ့ လက်ထပ်ထိမ်းမြားခြင်း ဓလေ့ထုံးတမ်းတွေ အရ မိန်းကလေး တစ်ယောက် အသက် ၁၄ နှစ် ရောက်ရင် အိမ်ထောင်ပြုရတယ်... ငါတို့လို မသေမျိုးကျင့်ကြံသူတွေကသာ အိမ်ထောင်ပြုတာနဲ့ တာအိုလက်တွဲဖော် ဖြစ်လာတာ နည်းနည်း နောက်ကျတတ်ကြတာ"
"ဒါပေမဲ့ ယေဘုယျ ပြောရရင် နှစ်အနည်းငယ်လောက်ပဲ နောက်ကျတာပါ... ဝိညာဉ်ဓားဂိုဏ်းထဲက စီနီယာ အစ်ကိုတွေနဲ့ ဂျူနီယာ ညီမလေး ညီလေး အများအပြားက တာအိုလက်တွဲဖော်တွေ ဖြစ်ခဲ့ကြပြီးပြီ... သူတို့က တစ်ယောက်နဲ့ တစ်ယောက် ဖြည့်ဆည်းပေးဖို့ လျှို့ဝှက် ပညာရပ်တချို့ကို အတူတကွ ကျင့်ကြံနိုင်ရုံသာမကပဲ တစ်ယောက်ကို တစ်ယောက် ဂရုစိုက်ပေးနိုင်ကြတယ်လေ"
"ငါ့ရဲ့ ဒီဂျူနီယာမှာ သင့်တင့်လျောက်ပတ်တဲ့ ပါရမီ ရှိတယ်... သူက ဝိညာဉ်ဓားဂိုဏ်းရဲ့ လက်ရှိ သူတော်စင် ဖြစ်လာခဲ့ပြီး ဝိညာဉ်ဓားဂိုဏ်းရဲ့ အမျိုးသား တပည့်တွေရဲ့ ခေါင်းဆောင် ဖြစ်နေတယ်"
"ကျယ်ပြန့်လှတဲ့ ကျင့်ကြံခြင်း လောကမှာတောင် သူက လူသားတွေကြားက နဂါးတစ်ကောင်ပဲ"
အကြီးအကဲ ယု ခဏရပ်နားပြီး ဆက်ပြောလိုက်သည်။
"သူတော်စင်မ... ငါ့ရဲ့ ဒီဂျူနီယာနဲ့ ပတ်သက်ပြီး မင်း ဘယ်လို ထင်လဲ"
ချန်ချန်ရွှယ်၏ မျက်နှာက မပြောင်းလဲသွားပေ။
သူမတွင် သူတော်စင်ကို ငြင်းပယ်ရန် ယုံကြည်ချက် ရှိသော်လည်း အဓိပတိ အကြီးအကဲ တစ်ယောက်ကို ငြင်းပယ်ဖို့ယုံကြည်ချက် သူမတွင် မရှိပေ။
ဖြစ်နိုင်သည်မှာ နှစ်ဖက်စလုံးကြားတွင် ကြီးမားသည့် ခွန်အား ကွာခြားချက် ရှိနေလို့ ဖြစ်ပေမည်။ ထို့အပြင် အဆင့်အတန်း ကွာဟချက်လည်း ရှိနေသေးလေသည်။
ဤအကြီးအကဲယု ၏ လေသံက သိပ်တည်ငြိမ်နေသော်လည်း သူ့စကားလုံးတွေထဲက မောက်မာသည့် လေသံ၊ ဖုံးကွယ်မထားသည့် အနိုင်ကျင့် အတင်းအကြပ် စေခိုင်းမှုများက ချန်ချန်ရွှယ်ကို သူမရင်ထဲတွင် တကယ် ရွံရှာသွားစေခဲ့သည်။
ဝိညာဉ်ဓားဂိုဏ်းက မစည်းလုံးဘူး ဆိုတာ သူမ သိသလို ဂိုဏ်းအာဏာအား ကြံစည်နေသည့်လူတချို့ သေချာပေါက် ရှိနေမယ် ဆိုတာ သူမ သိပေသည်
ဒါကြောင့် သူမရင်ထဲက အတွေးတွေက ရှုပ်ထွေးနေခဲ့ရသည်။
သို့သော် ဤသို့သော လူမျိုးနှင့် ထိပ်တိုက်တွေ့ရမည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ ပြီးတော့ သူတို့က နှစ်ယောက်တောင် ရောက်လာခဲ့ကြသည်။
ချန်ချန်ရွှယ် လေတစ်ချက် အဝရှူသွင်းပြီး ပြန်ဖြေလိုက်သည်။
"လောလောဆယ် ဒီဂျူနီယာက ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ချင်ပါတယ်... တခြားအရာတွေက ကျင့်ကြံခြင်းကို အနှောင့်အယှက် ဖြစ်စေမှာ မလိုလားပါဘူး"
သူတော်စင် ကြောင်အသွားသလို အကြီးအကဲ ယု လည်း ကြောင်အသွားခဲ့သည်။
သူတို့ မမျှော်လင့်ထားခဲ့ကြပေ။
ဒီတစ်ခါလည်း ချန်ချန်ရွှယ်က တကယ် ငြင်းပယ်လိုက်သည်။ 'ဖြစ်နိုင်တာက သူမက အကြီးအကဲ ယု ၏ ဆိုလိုရင်းကို နားမလည်တာများလား..'
'သူမက အဓိပတိ အကြီးအကဲကို မလေးမစား လုပ်နေတာလား...'
"..."
အကြီးအကဲ ယု ချန်ချန်ရွှယ်ကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်၏။ သူ့ခွန်အားနှင့် ဆိုလျှင် အကြည့်တစ်ချက်တည်းက ချန်ချန်ရွှယ်ကို ရုတ်တရက် သေဆုံးသွားစေနိုင်လေသည်။ သို့သော် အကယ်၍ သူသာ တကယ် လုပ်လိုက်လျှင် အဓိပတိ အကြီးအကဲ အနေနှင့်တောင် ဝိညာဉ်ဓားဂိုဏ်းထဲတွင် ဆက်နေလို့ ရတော့မည် မဟုတ်ပဲ ဖြောင့်မတ်သော လမ်းစဉ်ပေါ်မှာလည်း ရပ်တည်လို့မရတော့ပေ။
အဓိပတိ အကြီးအကဲ အနေဖြင့် ဒီအချိန်မှာ သူ ဘာမှ လုပ်လို့ မရပေ။
သူတော်စင်မ တစ်ယောက်က သူ့၏ ရှင်းလင်းပြတ်သားသည့် ညွှန်ကြားချက်ကို တကယ် ငြင်းပယ်ရဲသဖြင့် အကြီးအကဲယုဟာ ရင်ထဲတွင် ဒေါသတို့ ပြည့်နက်နေခဲ့၏။
"မင်း ဘာကြည့်နေသေးတာလဲ.... လုံလောက်အောင် အရှက်မကွဲသေးဘူးလား..."
အကြီးအကဲယုဟာ သူ့ဒေါသကို ဘယ်မှာ ဖွင့်ထုတ်ရမှန်း မသိတာနဲ့ ဝိညာဉ်ဓားဂိုဏ်း သူတော်စင်ကို စိုက်ကြည့်လိုက်ကာ အေးစက်စွာ ပြောလိုက်သည်။
"သွားကြစို့..."
သူတို့နှစ်ယောက် ထွက်ခွာသွားသည်ကို ကြည့်ရင်း ချန်ချန်ရွှယ် သူမ၏ လှပသော မျက်ခုံးများကို တင်းတင်းကျပ်ကျပ် တွန့်ချိုးလိုက်မိသည်။
ကြည့်ရတာ အခြေအနေက ပိုဆိုးရွားလာနေပေပြီ။
သူမ၏ တည်ငြိမ်သည့် စရိုက်အရ သူမဟာ ဝိညာဉ်ဓားဂိုဏ်း၏ အဓိပတိ အကြီးအကဲ တစ်ယောက်ကို သေချာပေါက် ပြဿနာ မရှာချင်ပေ။ တစ်ဖက်လူက သာမန်အကြီးအကဲ တစ်ယောက် ဖြစ်လျှင်တောင် တစ်ခုခု ဖြစ်လာမှာ စိုး၍ ပြဿနာ မရှာချင်ပေ။
သို့သော် သူမဟာ သဘာဝကျကျပင် တစ်ဖက်လူ၏ တောင်းဆိုမှုကိုလည်း သဘောမတူနိုင်ပေ။
ဒီအချိန် ချန်ချန်ရွှယ် သံသယ ဝင်မိသည်မှာ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲကနေ သူမ ရွေးချယ်လိုက်သည့် ပါရမီက လက်တွေ့ဘဝမှာ အကျိုးသက်ရောက်မှု တစ်ခုခု ရှိနေသည်လားပင်။
သူမဟာ ဒီလို တုံးအတဲ့ ကိစ္စမျိုးတွေ အမြဲ ကြုံတွေ့နေခဲ့ရလေသည်
ပြဿနာတို့က သူမတံခါးကို အမြဲ လာခေါက်နေပြီး ဒါက သူမကို အလွန် စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။
ချန်ချန်ရွှယ် ရုတ်တရက် ပြန်ပြောင်းသတိရလိုက်မိသည်။ သူမဟာ ချင်းဟယ် ခရိုင်မှာ ပျင်းရိနေတုန်းကက ပုံပြောသူ တစ်ယောက် ပုံပြောသည်အား နားထောင်ခဲ့ဖူးပေသည်။ ဇာတ်လမ်းထဲက အဓိကဇာတ်ကောင်က သံလိုက်တုံး တစ်တုံး လိုပင်။
သူမဟာလည်း ထိုဇာတ်ကောင်ကဲ့သို့ ငြိမ်ငြိမ်လေး ရပ်နေရင်တောင် အဆုံးမရှိတဲ့ ပြဿနာတွေကို ဆွဲဆောင်နိုင်လေသည်။
သူမ ခါးသက်စွာ ပြုံးလိုက်၏။ ဒီလိုတွေးမိတော့ သူမ ကိုယ့်ကိုယ်ကိုယ် အဓိကဇာတ်ကောင်လို့တောင် ထင်မိလာပေသည်။
ချန်ချန်ရွှယ်၏ စိတ်အခြေအနေက အနည်းငယ် လေးလံနေခဲ့သည်။ ဝိညာဉ်ဓားဂိုဏ်းထဲတွင် ဖြစ်ပျက်ခဲ့သည့် ဤတုံးအသော ကိစ္စများက သူမ၏ စိတ်ကို တည်ငြိမ်စေဖို့ ခက်ခဲစေပေသည်။
"ဟူး..."
"နောက်ဆုံးတော့ ငါ့ရဲ့ ခွန်အားက သိပ်အားနည်းလွန်းနေလို့ပါပဲ... အကယ်၍ ငါသာ မူလဝိညာဉ်အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်ခဲ့ရင် သူတို့ ငါ့တံခါးကို လာခေါက်ရဲကြပါ့မလား"
ချန်ချန်ရွှယ် ပြဿနာ၏ အနှစ်သာရကို သိလိုက်၏။
ကျင့်ကြံခြင်းလောကဆိုသည်မှာ အားကြီးသူက အားနည်းသူကို ဝါးမျိုးသည့် ကမ္ဘာပင် ဖြစ်သည်။
ချန်ချန်ရွှယ် သူမရင်ထဲက ရှုပ်ထွေးမှုတို့အား ဖိနှိပ်၍ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်နှင့် ချိတ်ဆက်ဖို့ ကြိုးစားလိုက်၏။
သူမဟာ သရုပ်ဖော် စနစ်ထဲ နောက်တစ်ကြိမ် ချောမွေ့စွာ ဝင်ရောက်သွားခဲ့သည်။
ချန်ချန်ရွှယ်ဟာ သူမဘဝကို မပြောင်းလဲလိုက်ပေ။ ဒီတစ်ခါမှာလည်း သူမဟာ မဟာဝေ မင်းဆက်၏ မင်းသမီးလေး အဖြစ် ရှိနေတုန်းပင်။
ဒီတစ်ခါတော့ ငါတစ်ခုခုကို အောင်မြင်အောင် လုပ်ရမယ်....
[အသက် ၁၂ နှစ် - သင်သည် ဝိညာဉ် ကူးပြောင်းခြင်းမှတဆင့် မဟာဝေ မင်းဆက်၏ မင်းသမီး ချန်နင်၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်ခဲ့ပါသည်။ သင့်၏ ပြောင်မြောက်သော သရုပ်ဆောင်မှု စွမ်းရည်ဖြင့် လူတိုင်းကို အရူးလုပ် လှည့်စားနိုင်ခဲ့ပါသည်။ မင်းသမီး ချန်နင်ဟာ အခြားလူတစ်ယောက် အဖြစ် ပြောင်းလဲသွားကြောင်း ဘယ်သူမှ သတိမထားမိခဲ့ကြပေ။]
[...]
[...]
[...]