အခန်း ၆၉ : သုံးလအကြာ ချန်ချန်ရွှယ်၏ အခြေနေ
ရုတ်တရက် ဝင်ရောက်လာတဲ့ လူအုပ်ကြီးအား ဦးဆောင်လာခဲ့သူက လူလတ်ပိုင်း အရွယ် အမျိုးသား တစ်ယောက် ဖြစ်၏။
တစ်ဖက်လူက အနက်ရောင် နောက်ခံနဲ့ နဂါးနက်ဝတ်ရုံကို ဝတ်ဆင်ထားခဲ့သည်။ တစ်ချက်ကြည့်လိုက်တာနဲ့ သူ့ဆီမှ ကြီးမားသည့် အရှိန်အဝါတို့ ထွက်ပေါ်နေသည်အား မြင်နိုင်လေသည်။
ဒါက မြင့်မားတဲ့ ရာထူးမှာ အချိန်အကြာကြီး နေဖူးတဲ့ သူတွေမှသာ ပြုစုပျိုးထောင်လို့ ရနိုင်တဲ့ ထူးခြားတဲ့ ကိုယ်ရောင်ကိုယ်ဝါ တစ်ခုပင်။
သာမန်လူတွေ ဆိုရင် ဒီလိုလူမျိုးကို တစ်ခဏလေးတောင် မကြည့်ရဲကြချေ။
'ဒီလူက...'
'ဖြစ်နိုင်တာက ဒီဘဝမှာ သူမရဲ့ ဖခင်များလား... မဟာဝေ မင်းဆက်ရဲ့ ဧကရာဇ်မင်းမြတ်...'
မဟာဝေ မင်းဆက်ရဲ့ ဧကရာဇ်မင်းမြတ်အပြင် နန်းတွင်း အပျိုတော်တွေနဲ့ သမားတော်တွေလို ဝတ်ဆင်ထားတဲ့ လူတစ်စုလည်း ရှိနေခဲ့သည်။
သူမကို အံ့သြစေတာကတော့ဒီ လူအုပ်စု အားလုံးက မသေမျိုးကျင့်ကြံသူတွေ ဖြစ်နေကြတာပင်။
ကျင့်ကြံသူတွေရဲ့ ထူးခြားတဲ့ ကိုယ်ရောင်ကိုယ်ဝါက ဖုံးကွယ်ထားဖို့က ခက်ခဲပေသည်။
ဟုတ်တာပေသည်။ ဒါက မသေမျိုးကျင့်ကြံသူတွေရဲ့ ကမ္ဘာထဲက မင်းဆက်တစ်ခုဖြစ်ရာ သာမန်လူတွေက ဘယ်လိုလုပ် နန်းတော်ထဲ ဝင်ရောက်ခွင့် ရှိမည်နည်း။
နန်းတော်ထဲက လူအားလုံး ကျင့်ကြံသူတွေ ဖြစ်နေတာက ပုံမှန်ပင်။
ဒါပေမဲ့ ချန်ချန်ရွှယ်ဟာ ဘာလို့ သူမခန္ဓာကိုယ်ထဲမှာ ဝိညာဉ်စွမ်းအင်ကို မခံစားရသည်နည်း။
'ဒီလို မဖြစ်သင့်ဘူးလေ...ဟုတ်တယ်မလား...'
'ဖြစ်နိုင်တာက ဒီဘဝမှာ သူမက အခြေခံ အုတ်မြစ် အားနည်းတဲ့လူတစ်ယောက် ဖြစ်နေသေးတာလား..'
'ဆိုလိုတာက သူမရဲ့ သရုပ်ဖော် ဘဝသစ်က အလကား ဖြစ်သွားပြီလား....'
သူမ ကြောင်အသွားခဲ့သည်။
"ချန်နင်.. ချန်နင်..." အပြေးအလွှား ရောက်လာတဲ့ မဟာဝေ မင်းဆက်ရဲ့ ဧကရာဇ်မင်းမြတ်က ချန်ချန်ရွှယ် ဗလာဖြစ်နေတဲ့ မျက်ဝန်းတွေနဲ့ ရှိနေတာကို တွေ့လိုက်ရပြီး စိုးရိမ်တကြီး မမေးဘဲ မနေနိုင်တော့ပေ။ "ချန်နင်... မင်း ငါ့ကို မှတ်မိလား... နန်းတွင်း သမားတော်ရွှီ ဘာလို့ ငါ့သမီးတော်က ဒီလို ဖြစ်နေရတာလဲ... ဘာလို့ သူမမျက်လုံးထဲမှာ အလင်းရောင် မရှိရတာလဲ"
ဧကရာဇ်မင်းမြတ်ရဲ့ နောက်မှ အဘိုးအို တစ်ယောက်ဟာ ရှေ့ကို အမြန် တိုးလာရာ ပိုးချည်မျှင် တစ်မျှင် ချက်ချင်း ပျံသန်းထွက်ခွာသွားခဲ့သည်။
ထို့နောက် ပိုးချည်မျှင်ရဲ့ တစ်ဖက်စွန်းက ချန်ချန်ရွှယ်ရဲ့ ပိန်လှီတဲ့ လက်ကောက်ဝတ်ကို ရစ်ပတ်လိုက်၏။
နောက်တစ်ဖက်စွန်းကိုတောပ နန်းတွင်း သမားတော် ရွှီ က ကိုင်ထားခဲ့သည်။ သူဟာ မျက်လုံး မှိတ်လိုက်ပြီး ပြန်မဖွင့်ခင် အသက်ရှူချိန် အနည်းငယ်ကြာအောင် စဉ်းစားလိုက်သည်။ သူ အနည်းငယ် ဇဝေဇဝါ ဖြစ်စွာ ပြောလိုက်၏။ "မင်းသမီးလေး ချန်နင်ရဲ့ သွေးခုန်နှုန်းကို ကြည့်ရတာ သူမ ပြန်သက်သာလာပါပြီ..."
သူ့ရင်ထဲမှာ အနည်းငယ် စိုးရိမ်ပူပန်နေခဲ့လေသည်။
ရိုးရိုးသားသား ပြောရရင် နန်းတော်ထဲက နန်းတွင်း သမားတော်တွေက မင်းသမီးလေး ချန်နင်ရဲ့ ထူးဆန်းတဲ့ ရောဂါကို ကောင်းကောင်း မကုသနိုင်ခဲ့ကြပေ။
ဒီထူးဆန်းတဲ့ ရောဂါ စွဲကပ်နေတဲ့ မင်းသမီးလေး ချန်နင်က ကျင့်ကြံသူ တစ်ယောက် ဖြစ်လာဖို့လည်း နည်းလမ်း မရှိခဲ့ပဲ သူမရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံက သာမန်လူ တချို့ထက်တောင် ပိုဆိုးရွားနေခဲ့သည်။
ဒီလို အခြေအနေမျိုးမှာ နန်းတွင်း သမားတော်တွေက အတတ်နိုင်ဆုံး ကြိုးစားရုံကလွဲပြီး ဘာမှ မတတ်နိုင်ခဲ့ပေ။ ပြီးတော့ သူတို့ သူမအား တိုက်ကျွေးတဲ့ ဆေးဝါးတွေကလည်း အမျိုးစုံနေခဲ့လေသည်။
နောက်ဆုံးတော့... သူမ တကယ် ပြန်သက်သာလာပေသည်။
"ရှူး.."
ဒါပေါ့... နန်းတွင်း သမားတော် ရွှီ သေချာပေါက် ဒီလိုစကားမျိုး ထုတ်မပြောရဲချေ။ မင်းသမီး တစ်ပါးကို ပေါ့ပေါ့ပါးပါး ဆေးတိုက်ကျွေးတာက အပြစ်သေးသေးလေး မဟုတ်ပဲ မင်းသမီးလေး တစ်နည်းနည်းနဲ့ ပြန်သက်သာလာတယ် ဆိုရင်တောင်မှ အပြစ်မကင်းချေ။
သူ စဉ်းစားဟန်ဆောင်လိုက်ပြီး ပြောလိုက်သည်။ "မင်းသမီးလေး ချန်နင်... ကျွန်တော်မျိုးကို မှတ်မိပါသေးလား"
ချန်ချန်ရွှယ် မျက်ခွံကို ပင့်လိုက်၏။ သူမ ဘယ်လိုလုပ် မှတ်မိမည်နည်း။
ဒီအချိန်မှာတောပ သူမဟာ အရူးဟန်ဆောင်ရုံကလွဲပြီး ရွေးချယ်စရာ မရှိတော့ပေ။
သူမ ဇဝေဇဝါ ဖြစ်စွာ ခေါင်းခါပြလိုက်သည်။
"ဒါဆို... အရှင်မင်းမြတ်ကိုရော မှတ်မိပါသေးလား" နန်းတွင်း သမားတော် ရွှီ ထပ်မေးလိုက်သည်။
ချန်ချန်ရွှယ် ခေါင်းခါပြလိုက်၏။
ဒါကို မြင်တော့ နန်းတွင်း သမားတော် ရွှီ ချောင်းဟန့်လိုက်ပြီး ပိုးချည်မျှင်ကို ဖြေလျှော့ကာ ဧကရာဇ်မင်းမြတ်ကို ဦးညွှတ်လိုက်ပြီး ရှင်းပြလိုက်သည် - "အရှင်မင်းမြတ်... မင်းသမီးလေး ချန်နင် သောက်ခဲ့တဲ့ ဆေးဝါးတွေက ဖြစ်နိုင်တာက သိပ်ပြင်းထန်လွန်းတယ်.... ဒါက မင်းသမီးလေးရဲ့ ထူးဆန်းတဲ့ ရောဂါကို ပျောက်ကင်းစေပြီး သူမရဲ့ စိတ်ဓာတ်ကို အရင်ကထက် ပိုကောင်းစေခဲ့ပေမယ့်..."
"ဒါပေမဲ့... ဒါက မရှောင်လွှဲနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုကိုလည်း ဖြစ်စေခဲ့တယ်... မင်းသမီးလေး ချန်နင်ဟာ အတိတ်က ကိစ္စတချို့ကို မှတ်မိချင်မှ မှတ်မိတော့မယ် သို့မဟုတ် သူမ ကိုယ်ပိုင်နာမည်ကိုတောင် မမှတ်မိတော့တာမျိုး ဖြစ်နိုင်ပါတယ်"
"အတိတ်က အတွေ့အကြုံ အားလုံးကို မေ့သွားတဲ့ ဒီလိုရောဂါ ဖြစ်ရပ်မျိုးတွေကို ကျွန်တော်မျိုး အများကြီး မြင်ဖူးပါတယ်"
မဟာဝေ ဧကရာဇ်မင်းမြတ် မျက်မှောင်ကြုတ်လိုက်၏။ "ဒါကို ကုသဖို့ နည်းလမ်း ရှိလား"
နန်းတွင်း သမားတော် ရွှီ သူ့ရင်ထဲမှာ ခါးသက်သွားသလို ခံစားလိုက်ရသည်။ ချန်ချန်ရွှယ် ဘယ်လိုလုပ် သက်သာသွားလဲ ဆိုတာတောင် သူ မသိရာ ဒီအကြောင်းရင်း မရှိတဲ့ မှတ်ဉာဏ်ပျောက်ဆုံးခြင်းကို သူ ဘယ်လိုလုပ် ကုသနိုင်မည်နည်း.....
ဒါပေမဲ့ သူ စိတ်တင်းပြီး ခေါင်းငြိမ့်ပြရုံကလွဲပြီး မတတ်နိုင်ခဲ့ပေ။ "ကျွန်တော်မျိုး ကြိုးစားကြည့်ပါ့မယ်"
သူ့ရဲ့ ဒုက္ခရောက်နေတဲ့ မျက်နှာကို မြင်တော့ မဟာဝေ ဧကရာဇ်မင်းမြတ် ခဏလောက် တိတ်ဆိတ်သွားပြီး ရုတ်တရက် သူ ရယ်မောလိုက်၏။ "အဲဒီ ထူးဆန်းတဲ့ ရောဂါကို ပျောက်ကင်းအောင် ကုသနိုင်တာတင် ကောင်းလှပါပြီ... ချန်နင်က နှစ်တွေ အများကြီး ဒုက္ခခံစားခဲ့ရပြီးပြီ... အကယ်၍ သူ့မှတ်ဉာဏ် ပျောက်ဆုံးသွားရင်လည်း ထားလိုက်ပါတော့လေ.... ဒါက ကောင်းတဲ့ မှတ်ဉာဏ်မှ မဟုတ်တာ"
ဒီလူတွေရဲ့ စကားကို နားထောင်ရင်း ချန်ချန်ရွှယ် သူမမျက်လုံးတွေကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်မိသည်။
'သူမ... သူတို့ကို လှည့်စားနိုင်ခဲ့ပြီလား...'
[သင့်၏ ပြောင်မြောက်သော သရုပ်ဆောင်မှုတို့ကြောင့် မည်သည့် အားနည်းချက်မှ ပေါ်မသွားခဲ့ပေ။ မဟာဝေ မင်းဆက်၏ ဧကရာဇ်မင်းမြတ် ဖြစ်စေ၊ နန်းတွင်း သမားတော်များ ဖြစ်စေ၊ သင့်နေ့စဉ်ဘဝကို ဂရုစိုက်ပေးသော နန်းတွင်း အပျိုတော်များ ဖြစ်စေ၊ သင့်အပေါ် မူမမှန်တာ တစ်ခုမှ သတိမထားမိခဲ့ကြပေ။]
[သင် ပြန်လည် သက်သာလာသည့် သတင်းသည် မဟာဝေ နန်းတော် တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။ သင် လုံးဝ မသိသော မင်းသားများနှင့် မင်းသမီးများက လက်ဆောင်များဖြင့် သင့်ဆီသို့ လာရောက် လည်ပတ်ခဲ့ကြသည်။]
[ဒီဘဝတွင် သင့်မိခင်သည် စောစောစီးစီး ကွယ်လွန်သွားခဲ့သည် ဆိုသော အချက်ကို သင် မတော်တဆ သိရှိလိုက်ရသည်။ သင် သူမကို မမြင်ဖူးတာ အံ့သြစရာ မဟုတ်တော့ပေ။]
[မဟာဝေ ဧကရာဇ်မင်းမြတ်သည် သင့်အား မသေမျိုးကျင့်ကြံနည်း သင်ကြားပေးရန် ဆရာတစ်ယောက် စီစဉ်ပေးခဲ့သည်။]
[...]
"သုံးလတောင် ရှိသွားပြီ..."
ချန်ချန်ရွှယ် နန်းတော်ထဲမှာ သုံးလကြာ နေထိုင်ပြီးနောက် အတိတ်က သူမ မသိခဲ့တဲ့ အရာ အများအပြားကို လေ့လာသင်ယူခဲ့ရသည်။
ဥပမာအားဖြင့် ဒီဘဝက သူမရဲ့ ဖခင် မဟာဝေ မင်းဆက်ရဲ့ ဧကရာဇ်မင်းမြတ်က မျိုးရိုးနာမည် ချန် ဖြစ်ပြီး နာမည်က ဖုန်းယင် ဖြစ်ကြောင်း သူမ သိရှိခဲ့ရသည်။
ချန်နင် မင်းသမီးအနေနဲ့ သူမက မင်းသမီး အားလုံးထဲမှာ အငယ်ဆုံး ဖြစ်ပြီး အကြီးဆုံး မင်းသမီးက အသက် (၃၀၀) ကျော်နေပြီလို့ ပြောကြလေသည်။
ညီအစ်မတွေကြားထဲမှာ ဒီလောက် ကြီးမားတဲ့ အသက် ကွာခြားချက် ရှိနေတာက ချန်ချန်ရွှယ်ကို တကယ်ပဲ အံ့သြသွားစေခဲ့သည်။
မဟာဝေ မင်းဆက်ရဲ့ ဧကရာဇ်မင်းမြတ် ချန်ဖုန်းယင် က တကယ့်ကို စွမ်းဆောင်ရည် ကောင်းလွန်းတယ်လို့ ပြောရမည်ပင်....
သူ အသက် ရာဂဏန်းလောက် ရှိနေတာတောင် သမီးတစ်ယောက် ရနိုင်ပေသည်။
တစ်ချိန်တည်းမှာပဲ မူလ မင်းသမီး ချန်နင်ဆိုတာ ဘွဲ့နာမည်တစ်ခုပဲ ဆိုတာ သူမ သိလိုက်ရ၏။ သူမရဲ့ နာမည်ရင်းက လက်တွေ့ဘဝက သူမလိုပဲ ချန်ချန်ရွှယ်ဖြစ်သည်။
ဒါ့အပြင် သူမက ထူးဆန်းတဲ့ ရောဂါနဲ့ မွေးဖွားလာခဲ့ပြီး နန်းတော်ထဲက ကျင့်ကြံသူတွေတောင် ဒီထူးဆန်းတဲ့ ရောဂါရဲ့ အကြောင်းရင်းကို မသိခဲ့ကြချေ။
အဲဒီ ကျင့်ကြံသူတွေက ဆေးပညာမှာ မကျွမ်းကျင်တာလည်း ဖြစ်နိုင်ပါလေသည်။
ဖြစ်နိုင်ချေ ပိုများတယ်လို့ ချန်ချန်ရွှယ် ခံစားမိလိုက်သည်။
ဒီထူးဆန်းတဲ့ ရောဂါ ရှိနေတဲ့ ခန္ဓာကိုယ်ပိုင်ရှင်ဟောင်းအနေနဲ့ ကျင့်ကြံဖို့ နည်းလမ်း မရှိသလို ရုပ်ပိုင်းဆိုင်ရာ အလုပ်တောင် လုပ်လို့ မရခဲ့ပေ။
သူမက ဖျားနာနေတဲ့ အလှပဂေးလေးလို အလွန် နုနယ်လွန်းနေခဲ့သည်။
'ဒီထူးဆန်းတဲ့ ရောဂါက ထူးထူးခြားခြား ပျောက်ကင်းသွားတယ်... ဖြစ်နိုင်တာက သူမ သေသွားလို့ ထူးဆန်းတဲ့ ရောဂါ ပျောက်သွားတာလား... ငါက သူမ ခန္ဓာကိုယ်ကို ဝင်ပူးခဲ့ပေမယ့် သူမရဲ့ ထူးဆန်းတဲ့ ရောဂါကို ဆက်ခံမရရှိခဲ့တာကြောင့်များလား...'
အတွေးတွေ ချန်ချန်ရွှယ် ခေါင်းထဲ ဖြတ်သန်းသွားခဲ့သည်။ 'အကယ်၍ ဒါက တကယ် မှန်တယ် ဆိုရင် ထူးဆန်းတဲ့ ရောဂါရဲ့ အရင်းအမြစ်က ဝိညာဉ် သုံးပါးနှင့် စိတ်ဓာတ် ခုနစ်ပါးဆီက လာတာ ဖြစ်နိုင်မလား....'
'ထားလိုက်ပါတော့...'
ထူးဆန်းတဲ့ ရောဂါ ပျောက်သွားပြီ ဆိုမှတော့ သူမ ဒီလောက် အများကြီး စဉ်းစားနေစရာ မလိုတော့ချေ။
ထို့အပြင် သူမအတွက်တော့ ဒါက သတင်းကောင်းလို့ သတ်မှတ်လို့ ရပြီး ထူးဆန်းတဲ့ ရောဂါ ပျောက်သွားပြီးနောက် သူမဟာ မသေမျိုးကျင့်ကြံလို့ ရသွားပေပြီ။
ဒါ့အပြင် ချန်ဖုန်းယင်ရဲ့ သမီးတော် အနေနဲ့ ချန်ချန်ရွှယ်ရဲ့ ကျင့်ကြံခြင်း အမြစ်နဲ့ အရိုးက ကောင်းမွန်ပြီး သူမရဲ့ ဝိညာဉ်စွမ်းအင် ရှူရှိုက်မှုက ချောမွေ့နေခဲ့သည်။
ထို့အပြင် နန်းတော်က ကျင့်ကြံခြင်း အရင်းအမြစ်တွေ ပေါကြွယ်ဝပြီး သူမဟာ သဘာဝ ရတနာတွေကို စိတ်ကြိုက် အသုံးပြုလို့ရပေသည်။
သုံးလ အတွင်းမှာတင် သူမဟာ ချီစုစည်းမှု အဆင့် (၁) ကို ရောက်ရှိနိုင်ခဲ့၏။
သူမရဲ့ လက်တွေ့ဘဝက အခြေခံအမြစ်ထက် အနည်းငယ် နိမ့်ကျပေမယ့် သူမမှာ ကျင့်ကြံခြင်း အရင်းအမြစ်တွေ အများကြီး ရှိပြီး လက်တွေ့ဘဝက ကျင့်ကြံခြင်း အရင်းအမြစ်တွေထက်တောင် ပိုများနေခဲ့သည်။
လက္ခဏာ အားလုံးက ညွှန်ပြနေတာက ဒီတစ်ခါ ချန်ချန်ရွှယ်၏ ဒီအသစ်စက်စက် သရုပ်ဖော် ကျင့်ကြံခြင်း ဘဝက စိုပြေပေတော့မည်။
'လောလောဆယ် ပါရမီ (၂) ဖြစ်တဲ့ ထင်ရှားကျော်ကြားသော မိသားစု နောက်ခံက သိသာနေပြီ... ပါရမီ (၁) ဖြစ်တဲ့ မာကျောရက်စက်သော လူကြမ်းကြီးက ဘယ်လို အခြေအနေမျိုးနဲ့ ပြသလာမလဲ ဆိုတာ ငါ သိချင်နေပြီ'
'ပြီးတော့... ပါရမီ (၆) ဖြစ်တဲ့ နက်နဲထူးဆန်းသော မျက်နှာဖုံးများကရော ဘယ်လို ပုံစံမျိုးနဲ့ ပေါ်လာမလဲ'
ဒီသံသယတွေကို ချန်ချန်ရွှယ် သူမရင်ထဲမှာပဲ ထုတ်ပြောနိုင်ပေသည်။
ချီစုစည်းမှုအဆင့် ဆိုတာ နန်းတော်ထဲမှာ သာမန်သာဖြစ်ပြီး အခြေတည်အဆင့် ကျင့်ကြံသူတွေက နေရာတိုင်းမှာ ရှိနေကာ ရွှေအမြုတေ အဆင့်တွေကိုလည်း ရံဖန်ရံခါ တွေ့ရတတ်လေသည်။
အကယ်၍ သူမသာ ပါးစပ်ကနေ ထုတ်ပြောလိုက်ရင် သူမ ဘယ်လောက်ပဲ တိုးတိုးလေး ပြောပြော သံသယ ဝင်ခံရမည်ပင်။
ထို့ကြောင့် သတိထာရပေမည်။
'သူမ သတိထားရမယ်...'
...