အခန်း ၆၀ : ဧည့်သည်တော် အကြီးအကဲ ပီရွှီ
မိစ္ဆာကျင့်ကြံသူတွေဟာ ပိုင်ယီကို တိုက်ခိုက်တဲ့ ဆူညံသံက အတော်လေး ကြီးမားခဲ့သည်။ ကျင့်ကြံသူတွေရဲ့ အာရုံခံစားမှု (၅) မျိုးက စူးရှပြီး ဒါ့အပြင် ချင်းဟယ်ခရိုင်မှာ မိစ္ဆာကျင့်ကြံသူတွေ ပုန်းခိုနေနိုင်တယ် ဆိုပြီး နန်းတော်က ကျင့်ကြံသူ အများအပြားကို အသိပေးထားပြီးသားဖြစ်ပေသည်။
ထို့ကြောင့် ဒီလို အခြေအနေမျိုးမှာ ချင်းဟယ် ခရိုင်ထဲမှာ ဖြစ်ပျက်တဲ့ ဘယ်လှုပ်ရှားမှုမဆို ကျင့်ကြံသူ အများအပြားရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ပေသည်။
နောက်တစ်ဆင့်ကို အဆင့်ချိုးဖျက်တဲ့ လှုပ်ရှားမှုက ပြဿနာ မရှိပေမယ့် ကျင့်ကြံသူတွေကြား တိုက်ခိုက်တဲ့ လှုပ်ရှားမှုကတော့ လူတွေကို သတိထားမိစေခဲ့သည်။
ဒါပေမဲ့ ချင်းဟယ် ခရိုင်ထဲက ကျင့်ကြံသူ အများစုက သိပ်မသန်မာတဲ့ လေလွင့်ကျင့်ကြံသူတွေဖြစ်ရာ သူတို့ဟာ ဒီလိုကိစ္စမျိုးမှာ ဝင်မပါရဲကြချေ။
ဒါကြောင့် အနီးအနားမှာ တိုက်ပွဲဖြစ်တဲ့ လှုပ်ရှားမှုကို တွေ့ရှိပြီးနောက်မှာ သူတို့ဟာ ခရိုင်ရုံးကို တိုက်ရိုက် သတင်းပို့ဖို့သာ ရွေးချယ်လိုက်ကြ၏။
၎င်းကို နန်းတော်ကိုပဲ ကိုင်တွယ်ခိုင်းရပေမည်။
ခရိုင်ရုံးရဲ့ တုံ့ပြန်မှုကလည်း မြန်ဆန်လှကာ မကြာခင်မှာပဲ အမှုနှိမ်နင်းရေးမှူးဟယ် က ခရိုင်ရုံးက လူတစ်စုကို ခေါ်ပြီး ပိုင်ယီရဲ့ နေအိမ်ရှေ့ကို ရောက်လာခဲ့ကြသည်။
ဒီလူတွေထဲမှာ ကျင့်ကြံသူတွေ ဖြစ်ကြတဲ့ အမှုနှိမ်နင်းရေးမှူးဟယ် နဲ့ တခြား အမှုနှိမ်နင်းရေး အရာရှိတွေ ပါဝင်ခဲ့ကြသည်။ ထူးကဲတဲ့ အဆင့်အတန်းနဲ့ ခွန်အားရှိတဲ့ နန်းတော်က ကျင့်ကြံသူတွေလည်း ပါဝင်နေခဲ့သည်။
သူတို့ထဲက အများစုကတော့ သာမန် အမှုထမ်းတွေဖြစ်ပြီး သူတို့မှာ တိုက်ခိုက်နိုင်စွမ်း သိပ်မရှိပေမယ့် အခင်းဖြစ်ပွားရာ နေရာကို ရှင်းလင်းရေး လုပ်ဖို့တော့ အသုံးဝင်သေးပေသည်။
ပန်းတိုင်ကို ရောက်တဲ့အခါ အမှုနှိမ်နင်းရေးမှူး ဟယ် သိသာစွာ ကြောင်အသွားခဲ့၏။ ဒီနေရာက ဘယ်နေရာလည်းဆိုတာကို သူ တစ်ချက်ကြည့်လိုက်ရုံနဲ့ မှတ်မိလိုက်လေသည်။
'ဒါ ကျင့်ကြံသူပိုင် နေတဲ့နေရာ မဟုတ်လား.... ဘာလို့ ဒီနေရာမှာ ကျင့်ကြံသူတွေကြား တိုက်ပွဲ ဖြစ်ရတာလဲ...'
......
'ဖြစ်နိုင်တာက...
ကျင့်ကြံသူပိုင် တစ်ခုခု ဖြစ်သွားတာများလား...'
သူ့စိတ်ထဲ မေးခွန်းတချို့ ဖြတ်သန်းသွားတုန်းမှာပဲ သူ့လူတွေဆီက အံ့သြတကြီး အော်သံကို ကြားလိုက်၏။ "အရှင်.. အရှင်.... ဒီမှာ အလောင်းတွေ ရှိတယ်"
အသံဆုံးတာနဲ့ လူတိုင်း ဝိုင်းကြည့်လိုက်ကြ၏။
ညအမှောင်ထုနဲ့ ရောယှက်နေတဲ့ အဝတ်အစားတွေ ဝတ်ဆင်ထားတဲ့ အလောင်းတစ်လောင်း မြေပြင်ပေါ် လဲကျနေတာကို အမှုနှိမ်နင်းရေးမှူး ဟယ် မြင်လိုက်ရသည်။ အလောင်းရဲ့ မျက်နှာပေါ်မှာ တုန်လှုပ်မှုတွေ ပြည့်နှက်နေပြီး သူ မသေခင်တုန်းက စိတ်ကူးလို့ မရနိုင်တဲ့ အရာတစ်ခုခုကို တွေ့ခဲ့ရသလိုပင်။
ထို့အပြင် တစ်ဖက်လူကို သေဆုံးစေခဲ့တဲ့ ဒဏ်ရာကို အမှုနှိမ်နင်းရေးမှူး ဟယ် မြင်လိုက်ရပြီး ဒါက ခေါင်းကို ဖောက်ထွက်သွားတဲ့ ဒဏ်ရာဖြစ်ပေသည်။
"ကြည့်ရတာ... ဒါ ဓားဒဏ်ရာပဲ..."
"ဒီလူက အနည်းဆုံး ချီစုစည်းမှု အဆင့် (၇) ရှိတယ်"
ရုတ်တရက် နန်းတော်က ကျင့်ကြံသူ တစ်ယောက် မျက်မှောင်ကြုတ်ပြီး လေးနက်စွာ ပြောလိုက်၏။ "သူ သေနေပြီ ဆိုပေမယ့် သူ့ခန္ဓာကိုယ်ပေါ်မှာ ကျန်ရှိနေတဲ့ မသဲကွဲတဲ့ သတ်ဖြတ်လိုစိတ်က သူဟာ သာမန်ကျင့်ကြံသူ မဟုတ်ကြောင်း သက်သေပြနေတယ်"
နန်းတော်က မသေမျိုးကျင့်ကြံသူက သူ့ဓားကို ဝှေ့ယမ်းလိုက်ရာ အလင်းလုံး တစ်လုံးဟာ ပျံသန်းထွက်ခွာသွားပြီး အလောင်းထဲ ဝင်ရောက်သွားခဲ့သည်။
တစ်ခဏအတွင်းမှာပဲ အလင်းလုံးက ပူနေတဲ့ ဓားနဲ့ ထောပတ်ကို ထိလိုက်သလို ဖြစ်သွားပြီး ချက်ချင်း အရည်ပျော်ကျသွားခဲ့သည်။
နန်းတော်က ကျင့်ကြံသူရဲ့ မျက်လုံးထဲမှာ နားလည်သဘောပေါက်မှု အရိပ်အယောင် ဖြတ်သန်းသွားပြီး သူ့မျက်နှာက လေးနက်သွားခဲ့သည်။ "ဒီလူက မြင့်မြတ်သောနှလုံးသား နန်းတော်က မိစ္ဆာကျင့်ကြံသူပဲ"
"ရှူး.."
ဒီစကား ပြောလိုက်တာနဲ့ တစ်ဖွဲ့လုံး တုန်လှုပ်သွားခဲ့ကြရသည်။
မြေပြင်ပေါ်က အမည်မသိ ကျင့်ကြံသူရဲ့ အလောင်းက မြင့်မြတ်သောနှလုံးသား နန်းတော်က မိစ္ဆာကျင့်ကြံသူတစ်ယောက် ဖြစ်နေခဲ့၏။
"မိစ္ဆာကျင့်ကြံသူ..."
'ဒီနေရာမှာ ဖြစ်ပွားခဲ့တဲ့ ကျင့်ကြံသူ တိုက်ပွဲက မြင့်မြတ်သောနှလုံးသား နန်းတော်နဲ့ တကယ် သက်ဆိုင်နေတာလား...'
'ဆိုလိုတာက ချင်းဟယ် ခရိုင်ထဲမှာ မိစ္ဆာကျင့်ကြံသူတွေ ပုန်းခိုနေတယ် ဆိုတဲ့ အဓိပ္ပာယ်လား...'
သူတို့စိတ်ထဲ အတွေးပေါင်းစုံ ဖြတ်သန်းသွားခဲ့သည်။
လူတိုင်းရဲ့ မျက်နှာတွေက အရုပ်ဆိုး အကျည်းတန်နေကြပြီး နန်းတော်ရဲ့ အရာရှိတွေ အနေနဲ့ သူတို့ဟာ အရာရာကို သိထားကြပေသည်။ မြင့်မြတ်သောနှလုံးသား နန်းတော်က မိစ္ဆာကျင့်ကြံသူတွေ ဘယ်လောက် စွမ်းအားကြီးလဲ ဆိုတာ သူတို့ ကောင်းကောင်း သိလေသည်။
ထို့အပြင် သူတို့ သိထားတာ တစ်ခု ရှိသေးကာ ၎င်းက သူတို့ ပိုးဟပ်တစ်ကောင်ကို တွေ့လိုက်ရပြီ ဆိုရင် တကယ်တမ်းက ပိုးဟပ်အသိုက်လိုက်ကို တွေ့လိုက်ရတာနဲ့ အတူတူပဲဆိုတာပင်။
ထို့ကြောင့် ချင်းဟယ်ခရိုင်ထဲမှာ မိစ္ဆာကျင့်ကြံသူ တစ်ယောက်တည်း ရှိနေတာ မဖြစ်နိုင်တော့ပဲ နောက်ထပ် မိစ္ဆာကျင့်ကြံသူတွေ ရှိကို ရှိရပေမည်။
"အရှင်တို့... ဒီမှာလည်း မိစ္ဆာကျင့်ကြံသူ အလောင်း တစ်လောင်း ရှိသေးတယ်.... သူလည်း ဓားနဲ့ အသတ်ခံထားရတာ.... သူ့နှလုံးမှာ ဓားတစ်လက် စိုက်နေတယ်.... သူ နာကြည်းချက်တွေနဲ့ သေဆုံးသွားတာ"
"အရှင်တို့.... ဒီမှာလည်း မြင့်မြတ်သောနှလုံးသား နန်းတော်က မိစ္ဆာကျင့်ကြံသူ အလောင်း ရှိသေးတယ်"
"အရှင်တို့... ဒီမှာလည်း အလောင်းတစ်လောင်း ရှိသေးတယ်"
"..."
တစ်ယောက်ပြီး တစ်ယောက် သူတို့အသံတွေ တုန်ရီစွဖြင့် ကျယ်လောင်စွာ အော်ပြောလိုက်ကြသည်။ သူတို့အသံတွေက လူတိုင်းရဲ့ နှလုံးသားကို ထုနှက်လိုက်တဲ့ တူကြီးတွေလိုပင်။
ဒါက သူတို့ကို ချွေးအေးတွေ ပြန်သွားစေခဲ့ပြီး သူတို့ရဲ့ ဆံပင်တွေ ထောင်မတ်သွားစေခဲ့ကြသည်။
အမှုထမ်းတွေက အလောင်းတွေကို တစ်လောင်းပြီး တစ်လောင်း အမြန် သယ်ထုတ်ပြီး ပုံလိုက်ကြ၏။
အဲဒီအထဲမှာ ခရိုင် မှုခင်းဆေးဆရာဝန်အဖြစ် ရုပ်ဖျက်ထားတဲ့ မိစ္ဆာကျင့်ကြံသူရဲ့ အလောင်းကို သူတို့ တွေ့လိုက်ရသည်။
သေသပ်စွာ စီတန်းထားတဲ့ မြင့်မြတ်သောနှလုံးသား နန်းတော်က မိစ္ဆာကျင့်ကြံသူတွေရဲ့ အလောင်းတွေက လူတွေကို ကြီးမားတဲ့ သက်ရောက်မှုပေးစွမ်းနေခဲ့လေသည်။
"အားလုံးက ချီစုစည်းမှု အဆင့်တွေပဲ" နန်းတော်ကကျင့်ကြံသူက ပြောလိုက်၏။ သူ့မျက်နှာက ပုံမှန်မဟုတ်အောင် အရုပ်ဆိုးနေခဲ့သည်။ "သူတို့ထဲမှာ ချီစုစည်းမှု အဆင့် (၉) ကျင့်ကြံသူ တစ်ယောက်တောင် ပါတယ်... စုစုပေါင်း မိစ္ဆာကျင့်ကြံသူ (၆) ယောက် ချင်းဟယ် ခရိုင်ထဲမှာ ပုန်းခိုနေတာ... ငါတို့ အခုမှ သူတို့ရဲ့ ခြေရာကို တွေ့ရတာလား... အကယ်၍ သူတို့သာ ဆန္ဒအလျောက် မပေါ်လာရင် ဒီမိစ္ဆာကျင့်ကြံသူတွေ နေ့တိုင်း ငါတို့ နှာခေါင်းအောက်မှာ လျှောက်သွားနေတာကို ငါတို့ မြင်ရမှာ မဟုတ်တော့ဘူးလား"
အမှုနှိမ်နင်းရေးမှူးဟယ် လျှောက်သွားလိုက်သည်။ သူ့အကြည့်က မှုခင်းဆေးဆရာဝန်ရဲ့ မျက်နှာပေါ်မှာ စွဲမြဲနေခဲ့သည်။
သူ ပြောလိုက်၏ - "အရှင်ပိ... ဒီလူကို တစ်ချက် ကြည့်ပါဦး"
သူက မှုခင်းဆေးဆရာဝန်ရဲ့ အလောင်းကို ညွှန်ပြလိုက်၏။
အရှင်ပိလို့ ခေါ်တဲ့ ကျင့်ကြံသူက မျက်နှာကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်ပြီး ချက်ချင်း ကြောင်အသွားခဲ့သည်။ ဒီမျက်နှာက သိပ်ရင်းနှီးနေပြီး ဘယ်နေရာမှာ မြင်ဖူးသလိုလို ခံစားလိုက်ရလေသည်။
အမှုနှိမ်နင်းရေးမှူးဟယ် က ဦးဆောင်ပြီး ရှင်းပြလိုက်သည် - "ဒီလူက ချင်းဟယ် ခရိုင်ရဲ့ မှုခင်းဆေးဆရာဝန်ပါ"
"ဘာ..." အရှင်ပိ သူ့ရဲ့ တည်ငြိမ်မှုကို ဆုံးရှုံးလုနီးပါး ဖြစ်သွားခဲ့ရသည်။
သူဟာ ထိုင်ချလိုက်ပြီး မှုခင်းဆေးဆရာဝန်ရဲ့ မျက်နှာကို ဆွဲကိုင်ကာ အားကုန် ဆွဲခွာလိုက်လေသည်။
ထို့နောက် လက်ရာမြောက်တဲ့ လူရေခွံတစ်ခု ကွာကျလာခဲ့ပြီး မရင်းနှီးတဲ့ မျက်နှာတစ်ခု ပေါ်ထွက်လာခဲ့သည်။
အရှင်ပိရဲ့ မျက်နှာထားက မှိုင်းညို့သွားပြီး တစ်ခုခုကို တွေးလိုက်မိ၏။ "မြင့်မြတ်သောနှလုံးသား နန်းတော်ရဲ့ အသက်ရှူဖုံးကွယ်ခြင်းနှင့် ရုပ်ဖျက်ခြင်း နည်းစနစ်"
မြင့်မြတ်သောနှလုံးသား နန်းတော်က မိစ္ဆာကျင့်ကြံသူတွေဟာ ချင်းဟယ်ခရိုင်ရုံးထဲထိ ကျူးကျော်ဝင်ရောက်နေပြီ ဆိုတာ ဘယ်သူမှ မျှော်လင့်မထားခဲ့ကြပေ။
'နေပါဦး...ဆိုလိုတာက...'
လူတိုင်းရဲ့ ဆံပင်တွေ ထောင်မတ်သွားကြပြီး သူတို့ ဘေးပတ်ဝန်းကျင်က လူတွေနဲ့ အမြန် ခပ်ခွာခွာ နေလိုက်ကြ၏။
သူတို့မျက်လုံးထဲမှာ သတိထားမှုတွေနဲ့ ပြည့်နှက်နေခဲ့ကြပြီး တစ်ယောက်နဲ့ တစ်ယောက် သံသယ ဝင်နေခဲ့ကြသည်။
"မပူပါနဲ့... ခင်ဗျားတို့ထဲမှာ ဘယ်သူမှ မိစ္ဆာကျင့်ကြံသူ မပါပါဘူး" ရုတ်တရက် ထွက်ပေါ်လာတဲ့ အသံတစ်ခုက ခရိုင်ရုံးက လူအားလုံးရဲ့ နှလုံးခုန်သံကို ရပ်တန့်သွားစေပြီး ထိတ်လန့်သွားစေလုနီးပါး ဖြစ်သွားခဲ့သည်။
လူတိုင်း လှမ်းကြည့်လိုက်တော့ နေအိမ်တံခါးကို ဖွင့်ထားတဲ့ လူငယ်လေး တစ်ယောက်ကို တွေ့လိုက်ရသည်။
၎င်းက ပိုင်ယီပင်။
သူ့တံခါးရှေ့မှာ လူတစ်စု ဆူညံပွက်လောရိုက်နေတာကို သူ ဘယ်လိုလုပ် မကြားဘဲ နေမည်နည်း။
ဒါ့အပြင် ဒီမိစ္ဆာကျင့်ကြံသူတွေကို သတ်ခဲ့တာ သူဖြစ်ရာ နန်းတော်က လူတွေ သူနဲ့ ဆက်သွယ်ရပေမည်။
ထို့ကြောင့် သူ စောစော ထွက်လာခဲ့တာပင်။
"လုပ်ဖော်ကိုင်ဖက်တို့ ထိတ်လန့်စရာ မလိုပါဘူး" အမှုနှိမ်နင်းရေးမှူးဟယ် ရုတ်တရက် ပြောလိုက်၏။ "ဒီလူက ချင်းဟယ်ခရိုင်က လေလွင့်ကျင့်ကြံသူဖြစ်တဲ့ ကျင့်ကြံသူပိုင် ပါ... ဆေးဆိုင် လက်ထောက် အာ့ချိုင်ရဲ့ သေဆုံးမှု အကြောင်း ကျွန်တော်တို့ကို သတိပေးခဲ့တာ ကျင့်ကြံသူပိုင် ပါပဲ... ချင်းဟယ် ခရိုင်မှာ မြင့်မြတ်သောနှလုံးသား နန်းတော်က မိစ္ဆာကျင့်ကြံသူတွေ ရှိနေကြောင်း သတိပေးခဲ့တာလည်း ကျင့်ကြံသူပိုင် ပါပဲ"
ပြောပြီးတာနဲ့ အမှုနှိမ်နင်းရေးမှူးဟယ် က ဘာဒဏ်ရာမှ မရထားတဲ့ ပိုင်ယီကို ကြည့်လိုက်ပြီး မြေပြင်ပေါ်က အလောင်း (၆) လောင်းကို ကြည့်လိုက်၏။
ထို့နောက် သူတစ်ခုခုကို တွေးမိသွားပုံ ရကာ သူ့မျက်နှာပေါ်မှာ တုန်လှုပ်မှုတွေ ဖြစ်ပေါ်လာပြီး တိတ်တဆိတ် တံတွေး မျိုချလိုက်မိလေသည်။
"ကျင့်ကြံသူပိုင်... ဒီမိစ္ဆာကျင့်ကြံသူတွေ အားလုံးကို... ခင်ဗျား သတ်လိုက်တာလား" သူ မေးလိုက်၏။
"ဟုတ်ပါတယ်" ပိုင်ယီ ခေါင်းအနည်းငယ် ငြိမ့်ပြလိုက်သည်။ "သူတို့ ဘာလို့ ကျွန်တော့်ကို သတ်ချင်မှန်း ကျွန်တော် မသိဘူး... အဲဒါနဲ့ ကျွန်တော် သူတို့ကို သတ်လိုက်တာ"
ဒီရိုးရှင်းတဲ့ စကားလုံးတွေက လူတိုင်းကို လေအေးတစ်ချက် ရှူသွင်းမိစေခဲ့သည်။
"ဒါ ကျင့်ကြံသူပိုင်လား..." ခရိုင်ရုံးက အရှင်ပိဟာ အပြုံးရိပ် အနည်းငယ် ထုတ်ဖော်လိုက်သည်။ "ဒီနေ့ နေ့ခင်းတုန်းက အမှုနှိမ်နင်းရေးမှူးဟယ် ခင်ဗျားအကြောင်း ပြောတာ ကြားဖူးတယ်... အခု ကိုယ်တိုင် မြင်လိုက်ရတော့ ခင်ဗျားက တကယ် ထူးကဲတာပဲ... ခင်ဗျားက တကယ်ပဲ လူတွေကြားထဲက နဂါးတစ်ကောင်ပဲ"
ပိုင်ယီက ရန်သူ မဟုတ်မှန်း သိလိုက်တော့ အရှင်ပိ ချက်ချင်းပဲ နွေးထွေးတဲ့ အပြုံးတစ်ခု တပ်ဆင်လိုက်၏။
ကျင့်ကြံခြင်း ဆိုတာ ကျင့်ကြံအားထုတ်မှု သက်သက်သာ မဟုတ်ပဲ ကျင့်ကြံခြင်း ဆိုတာ လောကဝတ်ကို နားလည်ခြင်းလည်း ပါဝင်ပေသည်။
"ကျွန်တော်က ချင်းဟယ် ခရိုင်ရဲ့ ဧည့်သည်တော် အကြီးအကဲပါ... နာမည်ကတော့ ပိရွှီပါ" ပိရွှီ ပြောလိုက်၏။ "ချင်းဟယ် ခရိုင်ကို ကူညီပြီး ကမ္ဘာလောကက မိစ္ဆာတွေ မကောင်းဆိုးဝါးတွေကို ဖယ်ရှားပေးတဲ့ အတွက် ကျင့်ကြံသူပိုင်ကို ကျေးဇူးတင်ပါတယ်..."
ချီစုစည်းမှု အဆင့် (၉) ကျင့်ကြံသူ တစ်ယောက်နဲ့ ချီစုစည်းမှု အဆင့် (၇) ကျင့်ကြံသူ အများအပြားကို လုံးဝ ဒဏ်ရာမရဘဲ သတ်ဖြတ်နိုင်တယ် ဆိုတာက ထိုလူက အလွန်အစွမ်းထက်ပေမည်။
ထို့အပြင် မြင့်မြတ်သောနှလုံးသား နန်းတော်က မိစ္ဆာကျင့်ကြံသူတွေက သိပ်စွမ်းအားကြီးတာကြောင့် အဲဒီ မိစ္ဆာကျင့်ကြံသူတွေကို တိုက်ခိုက်ဖို့ စွမ်းအားကြီးတဲ့ ကျင့်ကြံသူတွေကို အတတ်နိုင်ဆုံး ဆွဲဆောင်စည်းရုံးထားမှ ရမယ် ဆိုတာ ပိရွှီ သိလေသည်။
တစ်ချိန်တည်းမှာပဲ ပြည်နယ်မြို့တော်ကို အမြန် ဆက်သွယ်ပြီး ပိုစွမ်းအားကြီးတဲ့ ကျင့်ကြံသူ စစ်ကူတွေ တောင်းခံရပေမည်။
ချင်းဟယ် ခရိုင်မှာ... အစွမ်းထက်သည့် ကျင့်ကြံသူတွေ ဆိုတာ အလွန် ရှားပါးလေသည်။
ထိုအပြင် သူတစ်ယောက်တည်းအားဖြင့် ထိုမိစ္ဆာပျင့်ကြသူတွေအား အနိုင်မယူနိုင်ပေ။
...