အခန်း ၄၉ : ချန်ချန်ရွှယ်၏ စိတ်နှလုံးမိစ္ဆာ၊ ချင်းကျောက်- သေသွားလည်း ကိစ္စမရှိတော့ ဖြစ်ချင်ရာဖြစ်
[အသက် ၁၆၂ နှစ် - ချန်ချန်ရွှယ် အနေနဲ့ အခြေတည်အဆင့် (၂) ကို ချိုးဖျက်ဝင်ရောက်ဖို့ ကြိုးစားနိုင်ပြီဟု ခံစားလိုက်ရသည်။ အကယ်၍ သူမ အသက် (၂၀၀) မတိုင်ခင် အခြေတည်အဆင့် (၂) ကို ရောက်နိုင်ခဲ့လျှင် ဒီမသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် ဘဝက အချိန်ဖြုန်းသလို ဖြစ်တော့မည် မဟုတ်ပေ။ သို့သော် စိတ်ချရစေရန် သူမဟာ နောက်တစ်ကြိမ် သူမ၏ ကျင့်ကြံမှုအဆင့်ကို ဖိနှိပ်ထားရန် ရွေးချယ်လိုက်သည်။]
[အသက် ၁၆၄ နှစ် - သူမရင်ထဲက စိတ်ပျက်အားငယ်မှုက ပိုပိုပြင်းထန်လာခဲ့ပြီး ချန်ချန်ရွှယ်ဟာ ကျင့်ကြံဖို့ စိတ်မပါတော့ပေ။ အကယ်၍ သူမ အခြေတည်အဆင့် (၂) ကို ချိုးဖျက်ဝင်ရောက်လိုက်လျှင် စိတ်ပိုင်းဆိုင်ရာ အတားအစီးကို ကျော်ဖြတ်နိုင်လိမ့်မည်ဟု ခံစားလိုက်ရသည်။]
[ထို့ကြောင့် ချန်ချန်ရွှယ်ညာ အခြေတည်အဆင့် (၂) ကို စတင် ချိုးဖျက်ဝင်ရောက်ခဲ့သည်။ သို့သော် ဝမ်းနည်းစရာ ကောင်းသည်မှာ သူမ ချိုးဖျက်ဝင်ရောက်ရာတွင် မအောင်မြင်ခဲ့ပေ။]
[ချိုးဖျက်ဝင်ရောက်ရန် ကြိုးစားနေစဉ် အတွင်းမှာ ချန်ချန်ရွှယ်သည် စိတ်နှလုံးမိစ္ဆာကို ဖြစ်ပေါ်စေခဲ့ပြီးချိုးဖျက်ဝင်ရောက်မှု မအောင်မြင်ခြင်းကြောင့် ပြင်းထန်သော တန်ပြန်မှုကို ခံစားလိုက်ရသည်။]
[ချန်ချန်ရွှယ် သေဆုံးသွားပါသည်]
[အသက် - ၁၆၄ နှစ်၊ ၀၅ လ၊ ၁၆ ရက်]
"ချိုးဖျက်ဝင်ရောက်မှု မအောင်မြင်ဘူးပဲ" ပိုင်ယီ သိပ်မအံ့သြပါပေ။ ချန်ချန်ရွှယ်ရဲ့ အခြေအနေ မမှန်တာ မြင်ကတည်းက အခြေအနေ သိပ်မကောင်းတော့ဘူး ဆိုတာ သူ သိလိုက်ပေသည်။
အခု ပြန်ကြည့်လိုက်တော့ မျှော်လင့်ထားတဲ့ အတိုင်းပင်။
ဒီလို အခြေအနေမျိုးမှာ အခြေတည်အဆင့် (၂) ကို ချိုးဖျက်ဝင်ရောက်ဖို့ ရွေးချယ်တာက လုံးဝ သေလမ်းပင်။
ချန်ချန်ရွှယ် ရင်ထဲက ဂနာမငြိမ် ဖြစ်နေတဲ့ အတွေးတွေက စိတ်နှလုံးမိစ္ဆာ အဖြစ်တောင် ပြောင်းလဲသွားခဲ့သည်။
စိတ်နှလုံးမိစ္ဆာက သူမရဲ့ ကျင့်ကြံမှု အဆင့်ချိုးဖျက်ခြင်းကို နှောင့်ယှက်ခဲ့တာကြောင့် သူမဟာ ပြင်းထန်တဲ့ တန်ပြန်မှုကို ခံစားလိုက်ရပြီး နေရာမှာတင် သေဆုံးသွားခဲ့ရခြင်းပင်။
[ဤ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် ဘဝတွင် ချန်ချန်ရွှယ်ဟာ ဘေးလူ အောင်မြင်မှုကို အသက်သွင်းနိုင်ခဲ့ပြီး ထပ်ဆောင်း ဆုလာဘ် တစ်ခု ရရှိခဲ့ပါသည်။]
[သင်သည် အောက်ပါ ဆုလာဘ်များကို ရရှိလိုက်သည် - ]
[ဆုလာဘ် ၁ - စိတ်နှလုံးမိစ္ဆာ (အကြောင်းရင်း တစ်စုံတစ်ရာကြောင့် ချန်ချန်ရွှယ် ဖွံ့ဖြိုးလာစေခဲ့သော စိတ်နှလုံးမိစ္ဆာ)]
[ဆုလာဘ် ၂ - ဓားလမ်းစဉ် နားလည်သဘောပေါက်မှု (ချန်ချန်ရွှယ်၏ ၁၆၄ နှစ်တာ ကြိုးပမ်းအားထုတ်ခဲ့သော ဓားလမ်းစဉ် ကျင့်ကြံမှု)]
[ဆုလာဘ် ၃ - သယ်ဆောင်ရလွယ်ကူသော ကျောက်စိမ်းဆွဲပြား (မွေးရာပါ ပါရမီ မရွေးချယ်ခင် ပါလာသော ကျောက်စိမ်းဆွဲပြားကို အစားထိုးထားသည်)]
[ထပ်ဆောင်း ဆုလာဘ် - ကပ်ရောဂါ ကာကွယ်ဆေး (သူတော်စင်မ မတော်တဆ ရရှိခဲ့သော ဆေးပုလင်း တစ်ပုလင်း)]
'သူတော်စင်မက အောင်မြင်မှု တစ်ခု အသက်သွင်းနိုင်ခဲ့တာလား...'
မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ရဲ့ စာသား သတိပေးချက်ကို မြင်လိုက်ရတော့ ပိုင်ယီ ခဏလောက် ကြောင်မသွားဘဲ မနေနိုင်တော့ပေ။
ချန်ချန်ရွှယ် အောင်မြင်မှုအား အသက်မသွင်းနိုင်ခဲ့တာ တော်တော် ကြာသွားခဲ့ပြီ ဖြစ်ပြီး သူမဆီကနေ ထပ်ဆောင်း ဆုလာဘ် မရခဲ့တာ ဘယ်လောက်တောင် ကြာပြီလဲ ဆိုတာ သူ မေ့လုနီးပါး ဖြစ်နေခဲ့ပေပြီ။
ဒါက သူ မျှော်လင့်ထားတာထက် နည်းနည်း ကျော်လွန်နေခဲ့လေသည်။
"ဆုလာဘ် ၂.."
ချန်ချန်ရွှယ်ရဲ့ (၁၆၄) နှစ်တာ ဓားလမ်းစဉ် နားလည်သဘောပေါက်မှုက ပိုင်ယီကို ဓားလမ်းစဉ် အကြောင်း ပိုမို နက်ရှိုင်းတဲ့ နားလည်မှု ရရှိစေခဲ့သည်။
သူ ဒီဆုလာဘ်ကို ရွေးချယ်လိုက်တဲ့အခါ သတင်းအချက်အလက် အမြောက်အမြား သူ့စိတ်ထဲ ဝင်ရောက်လာခဲ့ပေသည်။
အားလုံးက ဓားလမ်းစဉ်နဲ့ ပတ်သက်နေတာချည်းပင်။
သတင်းအချက်အလက် ပမာဏက သိပ်များပြားလွန်းလို့ ပါးစပ်အဟောင်းသား ဖြစ်သွားစေလောက်လေသည်။
"ဟူး"
မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ရဲ့ လုပ်ဆောင်ချက်ကြောင့်လား မသိပေမယ့် စက္ကန့်ပိုင်း အတွင်းမှာပဲ(၁၆၄) နှစ်တာ ဓားလမ်းစဉ် နားလည်သဘောပေါက်မှုအားလုံးကို သူဟာ အကုန် ချေဖျက် နိုင်ခဲ့သည်။ သူ့ရဲ့ စိတ်နေသဘောထားကလည်း အနည်းငယ် ပြောင်းလဲသွားသလိုပင်။
သူဟာ ယခုအချိန်၌ ဓားအိမ်ထဲက ဆွဲထုတ်လိုက်တဲ့ ထက်မြက်တဲ့ ဓားတစ်လက်လို အန္တရာယ်ရှိတဲ့ အရှိန်ဝါတွေ ပြည့်နှက်နေခဲ့ပေသည်။
ဒါပေမဲ့ ပိုင်ယီက ဒီလို စိတ်နေသဘောထားမျိုးကို ကောင်းကောင်း ထိန်းချုပ်နိုင်ရာ သူ့ရဲ့ ထက်မြက်တဲ့ စိတ်နေသဘောထားကို ပြန်လည် ထိန်းချုပ်လိုက်ပြီး သူ့ပုံစံ တစ်ခုလုံးက အရင်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။
သူဟာ သာမန် လေလွင့်ကျင့်ကြံသူ တစ်ယောက်လိုပါပင် ဘာထူးခြားမှုမှ ရှိမနေခဲ့ချေ။
"ဒါက ကပ်ရောဂါ ကာကွယ်ဆေးလား" ပိုင်ယီ လက်ထဲမှာ ကြွေပုလင်းငယ် တစ်လုံး ကိုင်ထားခဲ့သည်။ ကြွေပုလင်းရဲ့ အဆို့ကို ဖွဖွလေး ဆွဲဖွင့်လိုက်ပြီး ထူးဆန်းတဲ့ ဆေးနံ့ တစ်မျိုးကို ရှူရှိုက်လိုက်၏။
ဒီထပ်ဆောင်း ဆုလာဘ်ကို ရရှိတုန်းက ဒီဆေးလုံးက ဘာအတွက် သုံးလဲ ဆိုတာ သူ ချက်ချင်း သိလိုက်လေသည်။
၎င်းက ကပ်ရောဂါကို ကာကွယ်ဖို့နဲ့ ကုသဖို့ သုံးတာပင်......
ယေဘုယျအားဖြင့် ပြောရရင် သာမန် ကပ်ရောဂါက ကျင့်ကြံသူတွေကို သက်ရောက်မှု မရှိပေ။ သို့ပေမဲ့ကျင့်ကြံသူတွေကို သက်ရောက်မှု ရှိနိုင်တဲ့ ကပ်ရောဂါ ဆိုတာ သေချာပေါက် မကြုံဖူးလောက်အောင် ကြီးမားတဲ့ ကပ်ဘေးပင် ဖြစ်လေသည်။
ဒီဆေးလုံးရဲ့ အဆင့်အတန်းက သိပ်မမြင့်လို့ သာမန်လူတွေ သုံးဖို့ ထုတ်လုပ်ထားပုံ ရ၏။
"အသုံးမဝင်ဘူး" ပိုင်ယီ ခေါင်းခါလိုက်ပြီး သူ့သိုလှောင်အိတ်ထဲ ပေါ့ပေါ့ပါးပါး ပစ်ထည့်လိုက်သည်။ ဒီတစ်ခါ ချန်ချန်ရွှယ်ရဲ့ ဆုလာဘ်တွေကို သူ တွက်ချက်ကြည့်လိုက်ရာ ဓားလမ်းစဉ် နားလည်သဘောပေါက်မှု တစ်ခုပဲ ကောင်းတယ်လို့ ခံစားရလေသည်။
ဆေးလုံး အတွက်ကတော့... သုံးစားမရပေ။
...
တစ်ချိန်တည်းမှာပင်....
နောက်ကျနေတဲ့ တခြား ရွေးချယ်ခံတစ်ယောက်ကလည်း ဒီနေ့ရဲ့ သရုပ်ဖော် မသေမျိုးကျင့်ကြံခြင်း ဘဝကို စတင်လိုက်ပြီ ဆိုတာ ပိုင်ယီ သတိပြုမိလိုက်၏။ ဒါက သူ့ကို ချင်းကျောက်အပေါ် ပိုအာရုံစိုက်သွားစေခဲ့သည်။
[အသက် ၀ နှစ် - ချင်းကျောက်သည် မသေမျိုးကျင့်ကြံသော မိသားစုတွင် မွေးဖွားခဲ့သည်။ မွေးပြီးတာနဲ့ ချက်ချင်း ကျင့်ကြံခဲ့ပြီး စကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်သဖြင့် ချင်းမိသားစု တစ်ခုလုံး တုန်လှုပ်သွားခဲ့ရသည်။ ဒါက သူမကို ဘီလူး ပူးကပ်နေတယ်လို့ လူအများ ထင်မြင်သွားစေခဲ့သည်။ နောက်ဆုံးတော့ ချင်းမိသားစုရဲ့ အဓိက အင်အားစုက လူထုအမြင်ကို ပယ်ချလိုက်ပြီး သိပ်ထူးခြားလွန်းတဲ့ ချင်းကျောက်ကို ကယ်တင်လိုက်သည်။]
[အသက် ၈ နှစ် - ချင်းကျောက်သည် ထိုမိစ္ဆာကျင့်ကြံသူကို ကယ်တင်ခဲ့ပြီး သူပေးသော တံဆိပ်ပြားနှင့် ကျင့်ကြံခြင်း အရင်းအမြစ် အချို့ကို ရရှိခဲ့သည်။]
[အသက် ၁၅ နှစ် - အဘွားအို နိုးထလာခဲ့သည်။ ချင်းကျောက်၏ ခိုင်မာသော ဆေးဖော်စပ်ခြင်း သီအိုရီကြောင့် အဘွားအို တုန်လှုပ်သွားခဲ့ရသည်။]
[အသက် ၁၈ နှစ် - သူမမိခင်၏ အလောင်းက ထူးခြားပြီး တခြားသူများ၏ အာရုံစိုက်မှုကို သေချာပေါက် ဆွဲဆောင်လိမ့်မည်ဟု ချင်းကျောက် သူမဖခင်ကို တိုက်ရိုက် ပြောပြလိုက်သည်။ သူ့သမီးက ဒီအကြောင်းကို ဘယ်လို သိလဲ ဆိုတာ ချင်းမိသားစု ခေါင်းဆောင် မသိသော်လည်း ချင်းကျောက် ပြောတာကို သူ လျစ်လျူမရှုခဲ့ပေ။]
[ချင်းမိသားစု ခေါင်းဆောင်က ချင်းကျောက်၏ အမြင်ကို မေးမြန်းခဲ့သည်။ မိစ္ဆာလမ်းစဉ်သို့ ကူးပြောင်းပြီး သွေးမိစ္ဆာဂိုဏ်းသို့ ဝင်ရောက်မည်ဟု ချင်းကျောက် ပြောကြားလိုက်သည်]
[ချင်းကျောက် အချုပ်ခန်းထဲ ထည့်ခံလိုက်ရသည်......]
[အသက် ၂၀ နှစ် - အဘွားအို၏ ဂရုတစိုက် သင်ကြားမှုအောက်တွင် ချင်းကျောက်၏ ဆေးဖော်စပ်ခြင်း စွမ်းရည်သည် အောင်မြင်မှု အချို့ ရရှိနေပြီ ဖြစ်သည်။ မိသားစုတွင်း သူမ၏ သြဇာအာဏာကလည်း ကြီးသထက် ကြီးလာခဲ့သည်။ အလောင်းက အစွမ်းထက်သော ရန်သူများကို ဆွဲဆောင်လိမ့်မည် ဖြစ်ကြောင်း သူမမိခင်အလောင်းအကြောင်း နောက်တစ်ကြိမ် ထပ်မံ သတိပေးလိုက်သည်။]
[ချင်းမိသားစု ခေါင်းဆောင် ရက်အနည်းငယ် တုံ့ဆိုင်းနေခဲ့သည်။ မိစ္ဆာလမ်းစဉ်သို့ ကူးပြောင်းမည့် ချင်းကျောက်၏ အကြံပြုချက်ကို သူ လျစ်လျူရှုလိုက်ပြီး ချင်းမိသားစုကို နေရာရွှေ့ပြောင်းရန် ဦးဆောင်လိုက်သည်]
[လအနည်းငယ်ကြာ ခရီးရှည် နှင်ပြီးနောက် ချင်းမိသားစုသည် ပင်လယ်ရပ်ခြားရှိ လူသူကင်းမဲ့သော ကျွန်းတစ်ခုသို့ ပြောင်းရွှေ့သွားခဲ့ကြသည်။]
[တိုက်ဆိုင်စွာပင် သူတို့ဟာ ကြည်လင်သော နေမင်း ဂိုဏ်း၏ ယုတ်မာသော လုပ်ရပ်များကို ရှောင်ရှားနိုင်ခဲ့သည်!]
[...]
'ဒါက... ငါ ထင်ထားတာနဲ့ မတူဘူးပဲ... ပြီးခဲ့တဲ့ အကြိမ်တုန်းက အဖေနဲ့ ဘိုးဘေးခေါင်းဆောင်က မိစ္ဆာလမ်းစဉ် ဘက်ကို ကူးပြောင်းဖို့ သဘောတူခဲ့ကြတယ် မဟုတ်လား... ဘာလို့ ဒီတစ်ခါ ငါ့အကြံပြုချက်ကို လျစ်လျူရှုဖို့ ရွေးချယ်လိုက်တာလဲ'
လူသူကင်းမဲ့သော ကျွန်းပေါ်က ပင်လယ်ကမ်းစပ်မှာ ချင်းကျောက်ဟာ အဆုံးအစမဲ့ ပင်လယ်ကြီးကို ကြည့်ပြီး သူမစိတ်ထဲမှာ မေးခွန်းထုတ်နေခဲ့လေသည်။
'ဖြစ်နိုင်တာက... ပြီးခဲ့တဲ့ အကြိမ် သရုပ်ဖော်တုန်းက ချင်းမိသားစုက သေရေးရှင်ရေး အခြေအနေ ရောက်နေတာကြောင့် တခြား ထွက်ပေါက် မရှိတော့ဘူး.... ဒါကြောင့် သူတို့ အနေနဲ့ မိစ္ဆာလမ်းစဉ်ထဲ ဝင်ပြီး ကာကွယ်မှု ရယူဖို့ သွေးမိစ္ဆာဂိုဏ်းကို ဆက်သွယ်ရုံကလွဲပြီး ရွေးချယ်စရာ မရှိခဲ့တာလား'
'ပြီးတော့ ဒီတစ်ခါ... ငါက စောစောစီးစီး တောင်းဆိုလိုက်လို့ အဖေရဲ့ သတိထားမှုကို မြင့်တက်သွားစေခဲ့တာလား... ဒါ့အပြင် ချင်းမိသားစုက အခြေအနေဆိုးထဲ အတင်းအကျပ် တွန်းပို့မခံရသေးတော့ အဖေက ဒီရွေးချယ်မှုကို ပြုလုပ်လိုက်တာ ဖြစ်မယ် .... လူသူကင်းမဲ့သော ကျွန်းကို ပြောင်းရွှေ့ပြီး လောကကြီးနဲ့ အဆက်အသွယ် ဖြတ်တောက်လိုက်တာ...'
"ရှူး.."
ကြည့်ရတာ သူမ တကယ်ပဲ အသတ်ခံရတာကို ရှောင်ရှားနိုင်ခဲ့ပုံ ရပေသည်။
ဒါ့အပြင် ဖြောင့်မတ်သော လမ်းစဉ်ရဲ့ လိုက်လံ ဖမ်းဆီးတာကို ခံစရာ မလိုတော့ပေ။
ဝမ်းနည်းစရာ ကောင်းတာက စွမ်းအားကြီးတဲ့ မိစ္ဆာဂိုဏ်း ဖြစ်တဲ့ သွေးမိစ္ဆာဂိုဏ်းရဲ့ ကာကွယ်မှုကိုတော့ သူမ မရလိုက်ပေ။
"ကလေးမလေး... ဘာလို့ ဒီလောက် စိတ်ဓာတ်ကျနေတာလဲ" သူမနဲ့ အတူပါလာတဲ့ အဘွားအိုရဲ့ အသံ သူမခေါင်းထဲ ထွက်ပေါ်လာခဲ့သည်။ "ဒီလူသူကင်းမဲ့သော ကျွန်းပေါ်က ဝိညာဉ်စွမ်းအင်က ထူးခြားစွာ သိပ်သည်းနေတယ်.... ဒီနေရာကို ရှာတွေ့နိုင်တာ မင်းတို့ ချင်းမိသားစုရဲ့ ကံကောင်းမှုပဲ"
"သာမန် အသိဥာဏ်အရ ဆိုရင် ပင်လယ်ရပ်ခြားက ဒီလို ဝေးလံခေါင်သီတဲ့ ကျွန်းမျိုးမှာ ဒီလောက် သိပ်သည်းတဲ့ ဝိညာဉ်စွမ်းအင် မရှိသင့်ဘူး.... ဒီလူသူကင်းမဲ့တဲ့ ကျွန်းက နည်းနည်း ထူးခြားနေလောက်တယ်"
"အရုပ်မလေး... မင်း သတိထားမှ ဖြစ်မယ်"
အဘွားအိုရဲ့ သတိပေးမှုကို ကြားလိုက်ရတော့ ချင်းကျောက် အံ့သြစွာ မေးလိုက်၏။ "ပေါကြွယ်ဝတဲ့ ဝိညာဉ်စွမ်းအင်ကလည်း ထူးခြားမှု တစ်မျိုးပဲလား။ အန္တရာယ် တစ်ခုခု ခိုအောင်းနေနိုင်တယ်လို့ ဆိုလိုတာလား"
အဘွားအိုက ပြန်ဖြေသည်။ "ဘာနဲ့ပဲ ကြုံကြုံ ပေါ့ပေါ့ဆဆ မနေနဲ့... ငါ အရင်တုန်းက ပေါ့ဆခဲ့လို့ အခုလို အဖြစ်မျိုး ရောက်ခဲ့ရတာ"
"အန္တရာယ်လည်း ဖြစ်နိုင်သလို အခွင့်အရေးလည်း ဖြစ်နိုင်တယ်" သူမ ဆက်ပြောလိုက်သည်။ "ဘာလဲ ဆိုတာ ငါတို့ စူးစမ်းကြည့်မှ သိမှာပေါ့... ဘာပဲဖြစ်ဖြစ် ဒီလူသူကင်းမဲ့တဲ့ ကျွန်းက သိပ်မကြီးပါဘူး"
ဒါကို ကြားပြီးနောက် ချင်းကျောက်ဟာ နည်းနည်း ဂနာမငြိမ် ဖြစ်လာခဲ့သည်။
အန္တရာယ်.... အခွင့်အရေး....
သူမ အန္တရာယ်ဆိုတဲ့ စကားလုံးကို လျစ်လျူရှုဖို့ ရွေးချယ်လိုက်၏။ ဘာပဲဖြစ်ဖြစ် သူမ သေသွားရင်လည်း ကိစ္စမရှိရာ ဖြစ်ချင်ရာဖြစ်ပေါ့........
ထို့အပြင် အခွင့်အရေးက ပိုအရေးကြီးလေသည်။
...