အခန်း ၄၈ : ကြည့်ရှုသူအဖြစ်နေထိုင်နေသည့် သူတော်စင်မ၊ အပြစ်ရှိသလို ခံစားနေရတဲ့ ချန်ချန်ရွှယ်
"ချန်ချန်ရွှယ် ပြန်သွားပြီ ထင်တယ်..."
ပိုင်ယီက မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ကနေတဆင့် ချန်ချန်ရွှယ် ရှိတဲ့ တည်နေရာကို အာရုံခံနိုင်ရာ ချန်ချန်ရွှယ်ဟာ ချင်းဟယ် ခရိုင်နဲ့ တော်တော် ဝေးဝေး ရောက်နေပြီ ဆိုတာ သူ တွေ့လိုက်ရ၏။
တကယ်တော့ သူမ ချင်းဟယ် ခရိုင်ကနေ ထွက်ခွာသွားတာက ပိုင်ယီအတွက် ကောင်းတဲ့ ကိစ္စပင်။
ဘာပဲဖြစ်ဖြစ် ပိုင်ယီရဲ့ ကျင့်စဉ်တွေ အများစုက ချန်ချန်ရွှယ်နဲ့ ရင်းနှီးပြီးသားဖြစ်ကာ ဒီကျင့်စဉ်တွေက မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ရဲ့ ဆုလာဘ်တွေကနေ ရထားခြင်း ဖြစ်လေသည်
ဒီလို အခြေအနေမျိုးမှာ အကယ်၍ သူ ကျင့်စဉ်တစ်ခုခု သုံးလိုက်လို့ ချန်ချန်ရွှယ်နဲ့ ပြန်တိုးမိရင်သူ ဘယ်လို ဖုံးကွယ်ရမည်နည်း။
[အသက် ၂၀ နှစ် - ချန်ချန်ရွှယ်သည် မွေးရာပါ ပါရမီ အသစ် တစ်ခု ရရှိခဲ့သည်။ ဒီတစ်ခါ သူမ အနေနဲ့ အချိန် နောက်ပြန်လှည့်ခြင်းပါရမီက အသုံးမဝင်ဘူးလို့ ခံစားလိုက်ရသည်။ ဘာကြောင့်လဲ ဆိုတော့ သူမ ဒီပါရမီကို အကြိမ်ကြိမ် အစားထိုး အသုံးပြုခဲ့ပေမယ့် သူ့ရဲ့ အာနိသင်က အလုပ်မလုပ်ခဲ့တာကြောင့်ပင်။ ထို့ကြောင့် သူမဟာ ပါရမီအသစ် ဖြစ်တဲ့ နဂါးဘုရင်ကို ရွေးချယ်လိုက်သည်။]
[ချန်ချန်ရွှယ် တွေ့ရှိလိုက်ရသည်မှာ သူမ စိတ်ဆိုးနေသရွေ့ သို့မဟုတ် နှုတ်ခမ်းမဲ့နေသရွေ့ တခြားသူတွေက သူမကို ပိုကောင်းကောင်း ဆက်ဆံကြတယ် ဆိုတာပင်။ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ရဲ့ ပါရမီအသစ်ကြောင့် သူမဟာ အံ့သြသွားခဲ့သည်။]
[အသက် ၃၀ နှစ် - ချန်ချန်ရွှယ်သည် ကြိုးကြိုးစားစား ကျင့်ကြံနေခဲ့သည်။]
[အသက် ၅၀ နှစ် - ချန်ချန်ရွှယ်သည် ကောင်းကင်ဂိုဏ်းသို့ ပြန်လာပြီး ကျင့်ကြံခြင်း အရင်းအမြစ် အမြောက်အမြား လက်ခံရရှိခဲ့သည်။ ထို့နောက် သူမ အတွေ့အကြုံ ရှာဖွေရန် ကောင်းကင်ဂိုဏ်းမှ ပြန်လည် ထွက်ခွာခဲ့သည်။]
[အသက် ၈၀ နှစ် - ချီစုစည်းမှု အဆင့် (၈) သို့ ရောက်ရှိနေပြီ ဖြစ်သော ချန်ချန်ရွှယ်သည် ကောင်းကင်ဂိုဏ်းသို့ ပြန်လာခဲ့သည်။ ဒီတစ်ခါ သူမဟာ မိစ္ဆာချုပ်နှောင် မျှော်စင် ကို အထူးတလည် သွားကြည့်ခဲ့သည်။ သူမဟာ မျှော်စင်စောင့် အကြီးအကဲကို တံဆိပ်ခတ်ထားမှု လျော့ရဲနိုင်ခြေ ရှိကြောင်း ကြင်နာစွာ အသိပေးခဲ့သည်။ အကြီးအကဲက ဂရုမစိုက်တာကို တွေ့လိုက်ရတဲ့အခါ သင့်မှာ ပြောရေးဆိုခွင့် မရှိကြောင်းနဲ့ သင့်သြဇာအာဏာက သေးငယ်လွန်းကြောင်း သင် သိလိုက်ရသည်။]
[အသက် ၁၀၀ နှစ် - ချန်ချန်ရွှယ်ဟာ အပြင်ထွက် လေ့ကျင့်နေစဉ်မှာ ဆေးဖော်စပ်ရာတွင် အထူးပြုသော ဂိုဏ်းတစ်ခုကို ဖြတ်သန်းသွားခဲ့သည်။ ထိုဂိုဏ်း ကပ်ဘေးတစ်ခု ကြုံတွေ့နေရသည်ကို တွေ့ရှိခဲ့သော်လည်း ချန်ချန်ရွှယ် မျက်ကွယ်ပြုထားရန် ရွေးချယ်လိုက်သည်။]
[အသက် ၁၂၀ နှစ် - ချန်ချန်ရွှယ်သည် သူမ၏ ဂျူနီယာ ညီမလေး ဟိုရင်းယွမ်ကို ရှာဖွေရ အလွန်ခက်ခဲသော ဝိညာဉ်ဆေးပင် တစ်မျိုး ရှာဖွေပေးရန် အကူအညီ တောင်းလိုက်သည်။ ဟိုရင်းယွမ် နားမလည် ဖြစ်သွားသော်လည်း သဘောတူလိုက်လေသည်။ (ရည်ရွယ်ချက်မှာ ဟိုရင်းယွမ်ကို ဂိုဏ်းနှင့် ဝေးရာသို့ ပို့ထားရန် ဖြစ်သည်)]
[အသက် ၁၂၁ နှစ် - မိစ္ဆာသည် မိစ္ဆာချုပ်လှောင် မျှော်စင်၏ တံဆိပ်ကို ဖောက်ထွက်လာခဲ့သည်။ ကောင်းကင်ဂိုဏ်းသည် အလွန် အန္တရာယ်ကြီးမားသော အခြေအနေနှင့် ရင်ဆိုင်နေရသော်လည်း ဂိုဏ်းသည် ချန်ချန်ရွှယ်ကို ဘယ်လိုမှ ဆက်သွယ်၍ မရပေ။]
[ဟိုရင်းယွမ် ဂိုဏ်းသို့ အမြန်ပြန်လာချင်သော်လည်း ခရီးက အလွန် ဝေးကွာနေခဲ့သည်။]
[အသက် ၁၂၂ နှစ် - ကောင်းကင်ဂိုဏ်း ပျက်စီးသွားသော သတင်း သူမနားထဲ ရောက်လာသောအခါ ချန်ချန်ရွှယ်၏ မျက်နှာက ဝမ်းနည်းခြင်းမရှိသလို ပျော်ရွှင်ခြင်းလည်းမရှိခဲ့ပေ။ သူမ ရင်ထဲက ခံစားချက် လှိုင်းဂယက်တွေကိုတော့ သူမ ကိုယ်တိုင်သာ သိပေသည်။]
[...]
ဒါကို မြင်လိုက်ရတော့ ချန်ချန်ရွှယ်က ပိုသတိကြီးလာရုံသာမက ဖြစ်ပျက်သမျှနဲ့ ကြုံတွေ့သမျှ အရာအားလုံးကို ဘေးလူတစ်ယောက်၏ ရှုထောင့်ကနေပဲ ကြည့်နေတော့မယ် ဆိုတာ ပိုင်ယီ သဘောပေါက်လိုက်၏။
ဒီတစ်ခါ ချန်ချန်ရွှယ်က ကြည့်ရှုဖို့ပဲ ရွေးချယ်ပြီး ဝင်မပါဖို့ ဆုံးဖြတ်လိုက်လေသည်။ ကြီးမားတဲ့ ကိစ္စရပ်တွေ ဖြစ်ပျက်နေရင်တောင် သူမဟာ ဝင်ပါမည် မဟုတ်ပေ။
သူမရဲ့ ကိုယ်ပိုင်ဂိုဏ်း ပျက်စီးသွားရင်တောင် သူမ လျစ်လျူရှုထားပေမည်။။
သူမက ဇာတ်ကွက် ထဲမှာ မပါဝင်တဲ့ ကြည့်ရှုသူ တစ်ယောက်နဲ့ ပိုတူနေခဲ့သည်။
ဖြစ်ပျက်သမျှ အရာအားလုံးကို လျစ်လျူရှုပြီး အရာအားလုံး ပြီးဆုံးသွားမယ့် အချိန်ကို စောင့်ဆိုင်းနေခဲ့လေသည်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး... ပိုင်ယီ လက်မထောင်ပေးလိုက်၏။
ဝိညာဉ်ဓားဂိုဏ်း သူတော်စင်မ ချန်ချန်ရွှယ် ဘယ်လို စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ ဖြစ်နေလဲ ဆိုတာ သူ တကယ် ဂရုမစိုက်ချေ။
သူ ဂရုစိုက်တာက ချန်ချန်ရွှယ် ပိုအသက်ရှည်ရှည် နေနိုင်ပြီး ပိုသန်မာလာမလား ဆိုတာပင်။
ကောင်းကင်ဂိုဏ်း သေတာ ရှင်တာက သူ့အတွက် ဘာအရေးပါမည်နည်း။
အဓိက အချက်က... ချန်ချန်ရွှယ် ကောင်းကင်ဂိုဏ်းကို ပြန်သွားရင်တောင် အသုံးမဝင်ဘူး ဆိုတာ ပိုင်ယီ ကောင်းကောင်း သိနေလေသည်။
ပြီးခဲ့တဲ့ အကြိမ်တုန်းက အဲဒီ မိစ္ဆာက ချန်ချန်ရွှယ်ကို စိုက်ကြည့်ရုံနဲ့ သတ်ပစ်လိုက်ခြင်းဖြစ်ရာ ဒီလို အခြေအနေမျိုးမှာ သူမ ဘာလုပ်နိုင်မည်နည်း။ သွားရင်လည်း အသတ်ခံရုံသာ ရှိပေသည်။
အကယ်၍ ပိုင်ယီသာ ချန်ချန်ရွှယ်ရဲ့ အတွေးတွေကို ဝင်ရောက်စွက်ဖက်နိုင်မယ် ဆိုရင် သူမရဲ့ ဂျူနီယာ ညီမလေးကိုတောင် မကာကွယ်ဖို့ တိုက်တွန်းမိလိမ့်မည်။ အကယ်၍ အဲဒီ ဂျူနီယာ ညီမလေး ဟိုရင်းယွမ်သာ မရှိရင်၊ချန်ချန်ရွှယ် အနေနဲ့ စွမ်းဆောင်ရည် ပြသဖို့ နေရာပိုရမယ်လို့ သူ ခံစားမိပေသည်။
...
မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲတွင်...
အသက် (၁၂၂) နှစ် ရှိနေပြီ ဖြစ်တဲ့ ချန်ချန်ရွှယ်ဟာ သူမ၏ အလှပဆုံး အရွယ်တုန်းကနှင့် တစ်ပုံစံတည်း ရှိနေဆဲပင်။ သို့သော် သူမ၏ လှပသော မျက်လုံးများတွင် မိန်းကလေး ငယ်တစ်ယောက်ရဲ့ ထူးခြားတဲ့ တက်ကြွမှုတွေ မရှိတော့ပဲ ထိုအစား ဆွဲဆောင်မှု တစ်မျိုး ပိုတိုးလာခဲ့သည်။
နှစ်တိုင်း သူမဟာ ကောင်းကင်ဂိုဏ်းဆီကနေ အရင်းအမြစ် အမြောက်အမြား ရရှိခဲ့ပြီး သူမ ဆရာသခင်ကလည်း အကူအညီတွေ အများကြီး ပေးခဲ့လေသည်။
အခုတော့ ကောင်းကင်ဂိုဏ်း ပျက်စီးသွားတာကို သူမ ရပ်ကြည့်နေရုံကလွဲပြီး ဘာမှ မတတ်နိုင်တော့ပေ။
ရိုးရိုးသားသား ပြောရရင် ချန်ချန်ရွှယ်ရဲ့ ပင်ကိုယ်စိတ်က ခံစားရခက်နေခဲ့လေသည်။
ဒါပေမဲ့ သူမက အရာအားလုံးကို ဘေးကနေ ကြည့်နေဖို့ ရွေးချယ်ပြီးသားဖြစ်သလို သူမ ဘာမှလည်း ပြောင်းလဲနိုင်မှာ မဟုတ်ပေ။
"ဒါက အဆင့်နိမ့် ကျင့်ကြံသူ တစ်ယောက်ရဲ့ ကူကယ်ရာမဲ့မှုလား"
ချန်ချန်ရွှယ် မရယ်ဘဲ မနေနိုင်တော့ပေ။
ဟိုရင်းယွမ်ရဲ့ အသက်ကို ကာကွယ်ပေးနိုင်တာက သူမ လုပ်နိုင်တဲ့ အကန့်အသတ် ဖြစ်ပုံပင်။
အဲဒီ မိစ္ဆာနဲ့ ရန်သူ ဖြစ်လာဖို့ ဆိုတာကတော့... ဆောရီး သူမ အရည်အချင်း မပြည့်မီပေ။
မိစ္ဆာက အလွန် စွမ်းအားကြီးမားလှပြီး ဖြစ်နိုင်တာက မူလဝိညာဉ် အဆင့်အထက် မှာ ရှိနေလောက်လေသည်။
သူမကတော့.... ချီစုစည်းမှု အဆင့် (၁၀) သာ ရှိနေပေသည်။
"ငါ ဘာလို့ ဂိုဏ်းရဲ့ ကံကြမ္မာဆိုး ဖြစ်လာသလို ခံစားနေရတာလဲ... ငါ မသေမျိုး တက်လှမ်းခြင်း ဂိုဏ်းမှာ နေတုန်းက မကြာခင်မှာပဲ ဂိုဏ်းက ပြည်တွင်းစစ် ဖြစ်ပြီး ပျက်စီးသွားတယ်.... ငါ ကောင်းကင်ဂိုဏ်းမှာ နေတော့ နှစ်ပေါင်း တစ်ရာကျော် ကြာပြီးတဲ့နောက် ကောင်းကင်ဂိုဏ်းက လုံးဝ ပျက်သုဉ်းသွားတယ်"
"ဒီလို ကံဆိုးမှုမျိုးက လက်တွေ့ဘဝက ဝိညာဉ်ဓားဂိုဏ်းကိုတော့ သက်ရောက်မှု မရှိလောက်ပါဘူးနော်"
ဒီစကား ပြောပြီးတာနဲ့ ချန်ချန်ရွှယ်ဟာ အလျင်အမြန် ပါးစပ်ပိတ်လိုက်လေသည်။
အကယ်၍ နိမိတ်စကားက မှန်သွားခဲ့ရင် သူမဟာ ခေါင်းကိုက်ရပေတော့မည်။
သူမ ခေါင်းထဲက အာရုံလွဲစေတဲ့ အတွေးတွေကို ဖယ်ရှားဖို့ ကြိုးစားရင်း ဒီလောက် အများကြီး တွေးနေလို့ အသုံးမဝင်ဘူး ဆိုတာ ချန်ချန်ရွှယ် သိလိုက်လေသည်။ အကယ်၍ သူမ ဒီအရာတွေ အားလုံးကနေ အမြန်ဆုံး လွတ်မြောက်ချင်ရင် တစ်ခုတည်းသော နည်းလမ်းက ပိုသန်မာလာဖို့ပင်။
[အသက် ၁၂၃ နှစ် - ကောင်းကင်ဂိုဏ်းကို ဖျက်ဆီးပစ်ခဲ့သော မိစ္ဆာ ပျောက်ကွယ်သွားပုံ ရကြောင်း ချန်ချန်ရွှယ် တွေ့ရှိလိုက်ရသည်။ တစ်ဖက်လူ မသေနိုင်မှန်း သူမ သိသည်။ ဖြစ်နိုင်ချေ အများဆုံးက သူ တစ်ခုခု ကြံစည်နေခြင်း ဖြစ်နိုင်လေသည်။ သို့သော် သူမလို ကျင့်ကြံသူ အသေးစားလေး တစ်ယောက် အနေနဲ့ ဒီကိစ္စတွေကို စိတ်ပူနေလို့ အသုံးမဝင်မှန်း သူမ သိပေသည်။ အကယ်၍ မိုးပြိုကျလာရင် အရပ်ရှည်တဲ့ လူတွေ အရင် ခံပေမည်။]
[အသက် ၁၂၅ နှစ် - ချန်ချန်ရွှယ်နှင့် ဟိုရင်းယွမ် ပြန်လည် ဆုံတွေ့ခဲ့ကြသည်။ သူတို့ နှစ်ယောက်ဟာ ကောင်းကင်ဂိုဏ်း ပျက်စီးသွားမှု အပေါ် သက်ပြင်းချလိုက်ကြသည်။ ဟိုရင်းယွမ်က သူတို့နှစ်ယောက် ဂိုဏ်းတစ်ခု တည်ထောင်ရန် အကြံပြုသော်လည်း ချန်ချန်ရွှယ်ဟာ ငြင်းပယ်လိုက်သည်။]
[အသက် ၁၂၆ နှစ် - ချန်ချန်ရွှယ်သည် အခြေတည်အဆင့်ကို ချိုးဖျက်ဝင်ရောက်ရန် ကြိုးစားလိုက်သည်။ ကံတရား နတ်သမီးရဲ့ အကူအညီကြောင့် ထင်ပေသည်။ သူမဟာ အခြေတည်အဆင့် (၁) ကို အောင်မြင်စွာ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သည်]
[အသက် ၁၃၀ နှစ် - ဂျူနီယာ ညီမလေး ဟိုရင်းယွမ်သည် သူမဘာသာ ဂိုဏ်းတစ်ခု တည်ထောင်လိုက်သည်။ သူမအတွက် သင် ရင်ထဲကနေ ဝမ်းမြောက်မိပေသည်။ အရင်တုန်းက သူမ ကာကွယ်ပေးဖို့ လိုအပ်တဲ့ ငှက်ပေါက်စလေးက အခုတော့ သိမ်းငှက်ကြီး ဖြစ်လာပြီ ဆိုပြီး လွမ်းဆွတ်သလိုခံစားလိုက်ရသည်။]
[မသိရသော အကြောင်းရင်းကြောင့် အာရုံလွဲစေတဲ့ အတွေးပေါင်းစုံ သင့်စိတ်ထဲ ပေါ်လာခဲ့သည်။ ဘာလုပ်လုပ် သင်ဟာ အဲဒီ အတွေးတွေကို ဖယ်ရှားလို့ မရပေ။]
[အသက် ၁၄၀ နှစ် - သူမ၏ ချီကြောများ ရောင်ရမ်းလာသည်ကို ခံစားလိုက်ရသည်။ ချန်ချန်ရွှယ် အဆင့်ချိုးဖျက်ဖို့ မရွေးချယ်ခဲ့ပေ။ ထိုအစား သူမ၏ ကျင့်ကြံမှုကို ဆက်လက် တည်ငြိမ်အောင် လုပ်ဆောင်လိုက်သည်။]
[အသက် ၁၅၀ နှစ် - ဟိုရင်းယွမ် ရောက်လာပြီး ချန်ချန်ရွှယ်ကို ဖိတ်ခေါ်လိုက်သည်။ ချန်ချန်ရွှယ်ကို သူမဂိုဏ်း၏ ပထမ အကြီးအကဲ ဖြစ်စေချင်ခဲ့သည်။ ဒီတစ်ခါတော့ ချန်ချန်ရွှယ် ရက်အနည်းငယ် စဉ်းစားလိုက်ပြီး မငြင်းပယ်တော့ဘဲ သဘောတူလိုက်သည်။]
[အသက် ၁၅၅ နှစ် - ဟိုရင်းယွမ် အခြေတည်အဆင့် (၁၀) ရောက်နေပြီ ဆိုတာ သိလိုက်ရတဲ့အခါ သူမရဲ့ အရိုးအခြေခံအုတ်မြစ် မဆိုးပါဘူးလို့ ချန်ချန်ရွှယ် ညည်းတွားလိုက်သည်။]
[အသက် ၁၆၀ နှစ် - အကြောင်းရင်း တစ်ခုခုကြောင့် ချန်ချန်ရွှယ် အထူးတလည် စိုးရိမ်ပူပန်နေခဲ့သည်။]
[...]
သူတော်စင်မ ဒီအဆင့် ရောက်လာတာ မြင်တော့ ပိုင်ယီ မကောင်းတဲ့ နိမိတ်ကို ခံစားလိုက်ရလေသည်။
ချန်ချန်ရွှယ်က သူမ စိတ်ထဲက အပြစ်ရှိစိတ်ကို စွန့်လွှတ်လိုက်ပြီ ဆိုပေမယ့် မေ့ပျောက်လို့ မရနိုင်သေးဘူး ဆိုတာကို သူ မြင်နေရပေသည်။
မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲက ကျင့်ကြံခြင်း ကမ္ဘာ...
ချန်ချန်ရွှယ်ရဲ့ မျက်လုံးထဲမှာတော့ ဒါက အလွန် လက်တွေ့ကျတဲ့ ကမ္ဘာတစ်ခု ဖြစ်နေပေပြီ။
ချန်ချန်ရွှယ်မှာ ကောင်းကင်ဂိုဏ်းအပေါ် သံယောဇဉ်တချို့ ရှိနေပေသည်။ သူမ တစ်နှစ်မှာ ဂိုဏ်းကို အကြိမ်ရေ အနည်းငယ်လောက်ပဲ ပြန်နိုင်ပေမယ့် သူမ ဆရာသခင်က သူမကို ကောင်းကောင်း သင်ကြားပေးခဲ့ပြီး ဂိုဏ်းရဲ့ အရင်းအမြစ် အများအပြားကိုလည်း သူမ ခံစားခဲ့ရလေသည်။
သူမဟာ ကပ်ဘေးတစ်ခု လာနေတာ ရှင်းရှင်းလင်းလင်း သိပြီး အနာဂတ် လမ်းကြောင်းကိုလည်း ရှင်းရှင်းလင်းလင်း သိပေသည်။
ဒါပေမဲ့ သူမ ဘာမှ မလုပ်နိုင်ခဲ့ချေ။
ဒါက သူမစိတ်ထဲ၌ အပြစ်ရှိသလို ဖြစ်နေစေခဲ့ပေသည်။
...